Ch.56-Chirp, chirp chirp

270 44 0
                                    

|| Unicode ||

    ချောင်ကျိုးရဲ့ဘေကွန်တောင်တန်းမှာဘာလို့ ဒူးရိုးခေါင်းလောင်း ရှိနေတာလဲ? ဒါက တိဘက်လျှို့ဝှက်ပညာပစ္စည်းမဟုတ်ဘူလား?

    "ဘယ်ကဒါကိုရလာတာလဲ?"

    " Ao!"

    မြွေပါအိုကြီးသည် ‌မြည်တမ်းခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းခါလိုက်ကာ ဝူရုန်ကသူ့‌‌ ပြောသည်ကိုနားမလည်သဖြင့် အမြှီးကိုစိတ်လူပ်ရှားစွာကိုက်နေသည်။ ကံကောင်းစွာဖြင့် မြောင်ရွာ၏ အကြီးဆုံးနတ်ဆရာဖြစ်သည့်ပိုင်ကုသည် စိတ်ဝိဉာဉ်ရှိသောအရာအားလုံးနှင့် ဆက်သွယ်ရာ၌အတော်ဆုံးဖြစ်သည်။ သူ၏ဆက်သွယ်ပေးမှုနှင့် သူသည် မြွေပါအိုကြီး၏ဆိုလိုရင်းကို အလျင်မြန်နားလည်သွားသည်။

    " သူပြောတာက အာ့တာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က တောင်အောက်မှာရှိတဲ့နေထိုင်သူတွေရဲ့ကြက်ခြံထဲကခိုးလာတာတဲ့"

    ပိုင်ကုသည်ဝူရုန်ကိုပြောသည် " ဒါပေမယ့် ဘေကွန်တောင်တန်းမှာနေထိုင်သူတွေက ပြောင်းသွားတာကြာပြီ။ သူတို့နဲ့တွေ့ရင်တော့ သူမှတ်မိမယ်လို့ပြောတယ်"

    " သူတို့တွေကတောင်အောက်ကိုလိုက်မဆင်းသွားနိုင်ဘူးလား?"

    တိဘက်လျှို့ဝှက်ပညာဆိုင်ရာပစ္စည်းအားလုံးမှာ ယိုဖိုတန် ထင်းကန်တွင် ပါဝင်နေသည်။ ဝူရုန် ထင်းကန်နံပါတ်444မှထွက်လာပြီးနောက် သူ၏ပထမဆုံး တုန့်ပြန်မှုမှာ ချောင်ကျိုးတွင် Lama Sima Gyatso ချိတ်ပိတ်ထားသည့်တစုံတခုဖြစ်နိုင်မလား သို့မဟုတ် ယိုဖိုတန်ထင်းကန်ကို ဦးတည်နေသည့် အက်ကြောင်းဖြစ်နိုင်မလား?ဖြစ်သည်။

    ပိုင်ကု မြွေပါနဲ့ဆက်သွယ်ပြီးသော် လည်း မြွေပါအိုကြီးမှနောက်ကျန်ရှိသူအားလုံးသည်လည်း တူညီစွာခေါင်းခါယမ်းလိုက်ကြသည်။ မြွေပါအိုကြီးသည် ပိုင်ကုနှင့်ထပ်မံဆက်သွယ်ပြန်သည်။ သို့သော်လည်း သူသည် သားရဲတစ်ကောင်ဖြစ်နေသေးသည့်အတွက် ဆိုလိုရင်းများမှုရောထွေးနေသည်။ ပိုင်ကုမျက်မှောင်ကြုတ်လိုက်ရင် အချက်လက်များစီစစ်ပြီးနောက် ဝူရုန်ကိုပြန်ပြောလေသည် :

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now