Unicode
"မြောင်..."
ကြောက်စရာကောင်းသေယကြောင်အော်သံရပ်သွားသည်။ ကြောင်ပေါက်ကိုသယ်လာသော ကြောင်တစ္ဆေကို ကြောင်ပေါက်ကို သေချာမသယ်လာသည့် အတွက် အပြစ်ပေးသည့်အနေဖြင့် ကိုက်ဖြတ်သတ်လိုက်သည်။ ကြောင်အိုနှင့်တစ္ဆေတို့မှာ ထိုလုပ်ရပ်ကြောင့် ကြောက်လန့်သွားကြသည်။ ကြောင်အိုအပါအဝင်ကြောင်နှင့်တစ္ဆေအားလုံးသည် ကြောင်ပေါက်ကို လေးစားကာကြောက်ရွံကြသည်။ အမျိုးစားတူသော်လည်း တူတယ်ဟုမခံစားရဘဲ နိမ့်ချတက်သော အစေခံနှင်ပိုတူသည်။
ကြောင်အိုသည်လည်ချောင်းထဲမှ ခြောက်သွေ့သောအသံခပ်အုပ်အုပ်တခုလုပ်လိုက်သည်။ ကြောင်ပေါက်လေးသည် သူ့ရှေ့ခြေကိုလျက်လျှက် မီးပုံနှင့်ဝါးခြင်းတောင်အလယ်ရပ်နေခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သူတိုင်း ကြောင်တစ္ဆေများ၏နောက်ထပ်လူပ်ရှားမူသည် ကြောင်ပေါက်၏ဆုံးဖြတ်မူပေါ် မူတည်မည်ဆိုတာ သိနိုင်သည်။
အကယ်၍ကြွက်များကိုရွေးလျှင်အားလုံးဝမ်းသာရမည်။ မီးပုံကိုရွေးမည်ဆို ပြင်းထန်သောတိုက်ပွဲကို ဆင်နွဲရမည်။
သို့သော်နိမိတ်ဆိုး တိုင်းက အမြဲမှန်တက်သည်။
ကြောင်ပေါက်သည်ဝါးခြင်းကိုလိုချင်ပြီး မီးပုံကိလည်းလောဘကြီးစွာကြည့်နေသည်။ ထို့နောက်သူ့အလယ်တွင်ထိုင်ချလိုက်သည်။
"မြောင်"
သူကအားလုံးကိုလိုချင်တာ။
လေထုကချက်ချင်းတင်းမာသွားသည်။ ကြောင်တစ္ဆေအားလုံးအမွေးများထောင်ကာ သူတို့နားများနောင်ဖက်ပို့လျက် သူတို့အသံများကိုခြိမ်းခြောက်မူအပြည့်ဖြင့် အော်လာသည်။ အဖွားဝူဦးဆောင်ကာ ရွာအကြီးအကဲများ မက်တပ်ရပ်လာသည်။ ချင်းလင်းကူကို ဝူရုန်ကိုပေးလိုက်ပြီဖြစ်သည်။ သူတို့တွင်တစ္ဆေကိုထိန်းချုပ်နိုင်သည့်အရာသိပ်မရှိ။ မီးပုံကိုအသေခံကာကွယ်ရန်သာရှိသည်။ မားလုံး၏မျက်နှာတွင်စိတ်ဆုံးဖြတ်ထားသည်များရှိနေပြီး ပိုင်ကုတွင်သာတခုခုရှိနေသည်။
ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်
TerrorTitle: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO Complete (283 chapters+9 extra) Completely translated No Original Publisher jjwxc This is not my own work just as fan translation.Do not have...