Ch.51.1- Cui Cui cui

265 52 0
                                    

|| Unicode ||

တခါတလေ ဝူရုန် ဖုချင်း၏ဦးနှောက်မည်သို့မည်ပုံ အလုပ်လုပ်နေသည်ကို နားမလည်နိုင်။ သူဘဏ်ကဒ်ကို ဖုချင်းလက်ထဲပြန်ထည့်ပေးလိုက်သည် "ဟုတ်ပါပြီ"

"ငါ ရုတ်တရက် ထင်းကန်တိုက်ရိုက်လွှင့်ရာကနေ ပိုက်ဆံရစရာရှိသေးတာကို သတိရသွားပြီ "

ဝူရုန် အမှန်ပင် ထိုအကြောင်းအားခုနကမတွေးမိခဲ့ ဤတစ်ကြိမ်ထင်းကန် တိုက်ရိုက်လွှင့်ရာမှသူ ငွေအများကြီးရှာနိုင်ခဲ့ကာ ဆုကြေးသက်သက်ကို တစ်သိန်းနီးပါးရှိပြီး သူအား ကိန်းဂဏန်းအလွန်ကြီးမားသောပုံရိပ်ကို ဖြစ်စေသည်။ အကယ်၍သူသာ ခွဲတမ်ပမာဏများစွာရမည့် ပလက်ဖောင်းတစ်ခုနှင့်သာ စာချုပ်ချုပ်ဆိုခဲ့ လျှင် အမျိုးမျိုးသော ပစ္စည်း ကရိယာများကို ဝယ်ယူနိုင်မည် ဖြစါသည်။

အနောက်ဘက်တွင်နေဝင်သွားသည်ကိုကြည့်ရင်း ဝူရုန်သည် ပြည့်သူလုံခြုံရေဗျူရို၏အလုပ်အချိန်ပြီးသွားသောအခါ ဟွမ်းမောင်ဆီမှကားကိုငှား၍ ဖုချင်းနှင့်အတူ တဟေးအတွက် ခွေးတ‌စ္ဆေ ပျိုးထောင်ခွင့်လိုင်စင်သွားလုပ်သည်။ ပေးသွင်းငွေတစ်သောင်းသွင်းပြီးနောက် အပြာဖျော့ရောင်စာအုပ်လေး၏လုပ်ငန်းစဉ်အောင်မြင်သွား ခဲ့သည်။ ထိုနောက် ဝူရုန်မှာ ဘက်စုံဈေးဝယ်စင်တာဆီသို့သွား၍ ဆန်၊ခေါက်ဆွဲ၊အသားနှင့် ဟင်းရွက်ဆီများဝယ်ပြီးနောက် အချိန်တချို့ယူကာ ဖုချင်းအတွက် အပိုညအိတ်ဝတ်စုံနှင့် ရေချိုးခန်းသုံး ပစ္စည်းများဝယ်လာခဲ့သည်။

ထင်းကန်ထဲမှလွဲ၍ ဝူရုန် တခြားအချိန်များတွင် ဖုချင်းတစ်ယောက် တာအိုဝတ်ရုံမှလွဲ၍ တခြားဝတ်သည်ကိုမတွေ့ဖူး။ သူတို့နှစ်ဦးမှာ အရပ်အမြင့်တူသလိုရှိသော်လည်း ဖုချင်းမှာ သူထက်ပိုမြင့်၍ ပုခုံးသည်လည်းပိုကျယ်ကာ ဝူရုန်တွေးဆပြီးနောက် အတွင်းခံအစုံတချို့ သူအတွက်ဝယ်လိုက်သည်။ တကယ်တမ်းကျ ဝူရုန်မှာ ပစ္စည်းများငွေချေသည့်နေရာရောက်သည့်အခါ ဖုချင်းတစ်ယောက်အလွန်ကျွမ်းကျင်လှစွာ ခရမ်းချဉ်သီးများ ဟင်းသီးဟင်းရွယ်ငယ်‌များကို ပလက်စတစ်အိတ်ထဲထည့်သည့်ကိုမြင်ရသောအခါ အမြဲလိုလို အနည်းငယ်ဇဝေဇဝါဖြစ်‌နေ သည်ဟု ခံစားမိသည်။ အမြဲလိုလို အဆောင်လက်ဖွဲတွေရေးဆွဲ၍ ဓားသိုင်းကျင့်နေသည့်လက်သွယ်သွယ်မှာ တကယ်ကြီး ဝက်သားအိတ်ကို သယ်နေတော့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now