Ch 60.1- Gooold,gold

229 37 0
                                    

|| Unicode ||

     ရက်ပေါင်းများစွာထိတ်လန့်နေခဲ့သောဆရာသခင်လင်းယွင်တစ်ယောက်တုန်ယင်နေသောလက်ဖြင့်ဖုန်းခေါ်မှုကိုလွတ်သွားပြီးနောက် ဖုန်းအောက်ကျကာ ဖုန်းကျသွားသည်။ ဖုန်းကျသွားခြင်းမှာမတော်တဆဖြစ်ကာ blacklist ထဲထည့်ခြင်း ဘ‌လော့လိုက်ခြင်း စကား‌ပြောခန်းထဲမှထုတ်ပယ်ခြင်းတို့မှာ ဆရာသခင်လင်းယွင်စိတ်ထဲသူ၏စုန်းပညာရှင်ဟူသောဇာတ်ရုပ်မှာ အသုံးမဝင်ကြောင်းသတိပြုမိသွား၍ ပိုမြင့်သောအကောင့်နှင့်ထွက်ပေါ်ရမည့်အချိန်ဟုသတိပြုမိလိုက်ခြင်းကြောင့်ဖြစ်သည်။ ဆရာသခင်လင်းယွင်နောက်ကျောဘက်တွင်ချွေးအေးများစိုရွဲနေပြီး တစ္ဆေဘုရင်ဝူရုန်သည်လည်း ပြန်လည်မွေးဖွားလာသည့်ဖြစ်နိုင်ချေအားမတွေးပဲမနေနိုင်တော့။

    သူသည်ခုချိန်၌ သူလျှိုအနေထားကိုမရောက်သေး အကယ်၍ သူဘက်မှစ၍ဝူရုန်ဘက်သို့အရင်သွားလိုက်လျှင် ထိုအရာထဲသို့သူကျန်ရှိနေသောဘဝတစ်ခုလုံးပါဝင်ပတ်သတ်မိမည်ဖြစ်သည်။

   ဘာအရာကဆရာသခင်လင်းယွင်ကိုမွန်းကြပ်စေလဲဆိုလျှင်သူ့တွင်တစ္ဆေဘုရင်၏အသိုင်းဝိုင်းထဲဝင်ရောက်ရန်ကန့်ကွက်မှုတစုံတရာဖြစ်ပေါ်မလာခြင်းဖြစ်ပြီး ချွမ်ယန်ကျီဖုချင်း၏ လက်ထပ်ထိမ်မြားခြင်းနက္ခက်ကိုဖြစ်ပေါ်စေသည့် အမျိုးသမီးအထက်တန်းကျောင်းသူအကြောင်းကဲ့သို့သောသတင်းအချက်လက်တချို့ကိုပင် မည်သို့ရယူနိုင်ကာ သူ၏ပင်မအသိုင်းဝိုင်းတွင်း ခိုင်မြဲစွာရပ်တည်နိုင်ရန်ပင်စဉ်းစားနေခဲ့သည်။ သစ္စာရှိလှသည့်ဆရာသခင်လင်းယွင်၏နှလုံးသားထဲ၌ ဗီလိန်ရောင်ဝါများတောက်ပနေတော့သည်။

ကောင်းပြီ။

    ပိုစိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာမှာ 'ဖုချင်းဆီမှအချက်အလက်မည်သိုရအောင်လုပ်မည်နည်း'မှ ' ဟုတ်တယ် ဝူရုန်အခုသေဖို့မလိုသေး'ဟု‌တွေးသည့်အထိ ဆရာသခင်လင်းယွင်၏အတွေးများ မစောင့်နိုင်သည့်အချက်ပင်။ သူအသက်ရှင်နေသင့်တယ်။ ဒါကိုလူသားတွေရဲ့ဘုရင်အဖြစ်ကူပြောင်းခြင်းလို့ခေါ်သင့်တယ် တစ္ဆေတွေရဲ့ဘုရင်မဖြစ်ရဘူး! 'ထိုအစားကျိုးမိသားစုမှတာအိုရေးရာတွင်‌ဖိတ်ခေါ်ခံထားရသည့်ဆရာသခင်လင်းယွင် ထိုကိစ္စအားဖြေရှင်းပြီးနောက် ပြန်လာသည့်အခါတွင် အားပေါင်ပျောက်နေသည်ကိုတွေ့လိုက်သည်။ ခွေးပြန်ပေးဆွဲသူမှာကြောက်ရွံမနေသည့်အပြင် အားပေါင်အကြိုက်ဆုံးကူရှင်ကိုပင် ထောင်လွှားကာ ရူပ်ပွ၍အနံ့သက်ထွက်အောင်လုပ်ခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Tahanan ng mga kuwento. Tumuklas ngayon