Ch.22-Woof Woof Woof Woof!

454 85 2
                                    

Unicode

    ဝူရုန်အကြည့်ကိုခံစားမိသောမြွေစိမ်းလေးမှာ သူပါးစပ်အားပိတ်လိုက်ကာ မျက်နှာလိုမျက်နှာရ အမြှီးလေးဝေ့ယမ်းပြလာသည်။

    ဒီလိုအရသာရှိတဲ့အရာမျိုးကို ဘော့စ်ကအရင်မြည်းကြည့်ရမှာပေါ့။

   ဝူရုန်စမ်းသပ်ကြည့်ချင်သည်။ တစ္ဆေအမှတ်သားရှိသောသူ့ဘယ်လက်ကိုမြှောက်လိုက်ကာ တွဲလျားကျနေသောလျှာအား ဆွဲယူကာ ဆွဲကြိုးချတစ္ဆကို ဆွဲချလိုက်သည်။ သူသည်ထိုလျှာအား ဆွဲကိုင်လိုက်ပြီး မုန့်ညှက်လို ထုထောင်းလိုက်သည်။

    ဆွဲကြိုးချတစ္ဆေ: ???

    ဝူရုန် ထိုအရာအားမြေပေါ်ပစ်ချလိုက်ချိန်တွင် လျှာမှာနှစ်ပိုင်းပြတ်သွားပြီး ဆွဲကြိုးချတစ္ဆေတကိုယ်လုံးမှောင်မိုက်သွားကာ မတည်မငြိမ်ဖြစ်သွားပြီး ပျောက်ကွယ်တော့မယောင်ဖြစ်သွားသည်။ ဝူရုန်မှတစ္ဆေတစ်ကောင်အား အရှိန်ဖြင့်ရိုက်နှက်နေသည်ကို ကြည့်ပြီး မြွေစိမ်းလေးကြောင်ရွံကာငိုချလုနီးပါးပင်။ ဝူရုန်ရပ်သွားမှသာ မြွေစိမ်းလေးသည် ရှေ့သို့နှစ်လှမ်းခန့် မဝံ့မရဲတိုးလာကာ အမြှီးကိုပန်းလိုဝေ့ယမ်းလျက် သကြားလုံးခိုးထားသောကလေးလေးလို လျှာထုပ် ပြနေသည်။

    တကယ်ကို့မွှေးနေတာပဲ။

    ဝူရုန်စမ်းသပ်နေဆဲဖြစ်သည်။ သူ့ညာလက်ဖြင့် တစ္ဆေကိုစမ်း‌ကြည့်သောအခါ တာ်ရှိမူကိုမခံစားရပဲအေးစက်သောမြူထုကို‌သာ ခံစားမိသည်။ သို့သော်လည်း တစ္ဆေအမှတ်သားနှင့် ဘယ်လက်သည်တော့တစ္ဆေကို ဖမ်းဆုပ်နိုင်သည်။ ဆွဲကြိုးချတစ္ဆေမှာ တုန်ယင်နေပြီး ကိုယ်ထည်မှာအနက်ရောင်မြူများထဲသွေးများဖြင့် ပြိုလဲနေသည်။

    တစ္ဆေတွေကိုနာကျင်စေနိုင်တယ်လား။

    သို့သော်လက်ချည်းသပ်သပ်တစ္ဆေအားဆုတ်ဖြဲရသည်မှာ မသင့်တော်လှပေ။ ထိုကြောင့် ဝူရုန်ရှေးမြောင်ဓားအား ထုတ်ယူလိုက်သည်။ မြောင်ဓားမှာ သွေးဆာမူနှင့် မွန်းကြပ်မူဖြင့် ထူးကဲသာလွန်နေသည်။ ဓားကိုထုတ်လျှင်ထုတ်ခြင်း ဆွဲကြိုးချတစ္ဆေဆီမှ မီးခိုးရောင်အငွေ့များ ထွက်လာကာ အနက်ရောင်ပင်လယ်ရေညှိလောင်ကျွမ်းသလိုအဝိုင်းလိုက် ရှုံတွသွားပြီး ဓားအောက်တွင်တုန်ယင်နေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now