Ch.31.1-Gah! Caw,caw! Caw caw caw! Caw~

375 79 1
                                    

|| Unicode ||

သူသည် မြေပေါ်မှတုတ်တချောင်းကို ကောက်ယူလိုက်ကာ ကျီးကန်ကိုခြောက်ထုတ်ရန်လုပ်လိုက်သည်။ ဒါပေမယ့် ကျီးနက်ကြီးမှာအံ့ဩဖို့ကောင်းလောက်အောင် တုန့်ပြန်နိုင်စွမ်းမြင့်လှကာ တုတ်ကိုရှောင်လိုက်ရင်း သူအား ၎င်း၏သွေးလို နီရဲသောမျက်လုံးများနှင့်အေးစက်စွာ စူးစိုက်ကြည့်လာသည်။

"ဒါကအရမ်းမသက်မသာဖြစ်စေတာပဲ"

ဟွမ်းမောင်သူ့လက်မောင်းကိုပွတ်သပ်လျက် ဖုန်းပေါ်မှတိုက်ရိုက်ထုတ်လွှင့်မူကိုကြည့်လိုက်ရင်း တီတိုးဆိုလေသည် : " ဘာလို့ အကိုရုန်ကို မိတ်မဆက်ပေးတာလဲ ...ဖုချင်း? ဖုချင်းကဘယ်သူလဲ? သူကအကိုရုန်ရဲ့ တွဲဖက်? စစ်ဆေးရေးမှာ မင်းရဲ့တွဲဖက်ကို ရွေးချယ်လို့ရတယ်ပေါ့---fck! ထွက်သွားစမ်း ထွက်သွားစမ် ဒီကောင်ဘာဖြစ်နေတာလဲ!"

ငှက်ကြီးမှာ သူမျက်နှာပေါ်သို့ အရူးလို ပစ်ဝင်လာသဖြင့် ဟွမ်းမောင်ကြောင်အသွားသည်။ သူ့မျက်လုံးများ ငှက်နူတ်ဆီးဖြင့် ထိုးဆိတ်ခံရမှာကြောက်သဖြင့်သူတခဏမျှမတုန့်ပြန်နိုင်ဖြစ်သွားကာ သူအလိုလျောက်သူ့လက်ကိုမြှောက်၍ မျက်နှာကိုကာလိုက်သည်။ သူဖုန်းကိုမဆုတ်ကိုင်ထားနိုင်သဖြင့် ပြုတ်ကျသွားသည်။ ဖုန်းမျာလမ်းတဝက်တွင်ကျီးခြေသည်းများဖြင့်အဖမ်းခံလိုက်ရပြီး အဝေးသို့‌ထွက်ပြေးသွားသည်။

"Gah___!"

"Fck, ဒီငှက်ရူးနေတာလား ? သေစမ်း!"

တုန်လူပ်နေသော ဟွမ်းမောင်သည် တံခါးနောက်ပုန်းနေကာ အကြိမ်များစွာ သရော်ပြီးနောက် သူကိုယ်ပေါ်မှ ငှက်မွေးများနှင့် ဖန်အစအနများကို လျင်လျင်မြန်မြန်ခါချနေလိုက်ကာ သူအိတ်ကပ်ကိုထိလိုက်ပြီးနောက် ထိတ်ပြာသွားကာ မျက်နှာဖြူရော်သွားပြီ : "ငါ့ရဲ့ဆဲလ်ဖုန်း!"

သူစိတ်ဆိုးစွာဖြင့် ခြေပြင်းပြင်းနင်းလိုက်ပြီး လိုက်ဖမ်းရန် ထွက်လာသောအခါ ကျီးနက်တောင်ပံများမှာကောင်းကင်ကိုဖြတ်ကျော်ပြီး ဝူရုန်ဗိလာဒုတိယထပ်တွင် နား‌ နေလေသည်။

"သူခိုးငှက် ငါဖုန်းပြန်ပေး!"

ကျီးအိုးကြီးကသူ့အရင်ဘဝကပြစ်မူကျူးလွန်နေကြဖြစ်ပြီး မိုးဖွဲလေးလို ဖုန်းတစ်လုံး ကိုယူပြီး သုတ်ပြေးသွားသည်။ ၎င်းသာဖုချင်း၏အမည်ကိုမကြားခဲ့လျှင် ဒီလို ဈေးပေါတဲ့အရာမျိုးကို လုပ်မှာမဟုတ်ပေ။ အခုသူသည် ဝူရုန်၏လူသူကင်းမဲ့ကာ လျစ်လျူရူခံထားရသော လခြမ်းဥယျာဉ်ထဲမှ မြက်ခင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် သူ့ခေါင်းကိုစောင်းလျက် ဖုန်းမျက်နှာ‌ပြင်ပေါ်လေ့လာနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now