Ch.47-Lala-Lalaa

279 56 5
                                    

|| Unicode||

ဝူရုန်သည် ခွေးတစ္ဆေလေး လျှို့ဟူဝိဉာဉ်ထဲမှထွက်လာမည်ဟုမမျှော်လင့်ထားပေ။ အကယ်၍၎င်းဆီမှ ခွေးတစ္ဆေကြီးနှင့်တူညီသောအရှိန်အဝါမျိုးကိုသာမခံစားရလျှင် လျှို့သူဆီမှ ဟူရှင်းရုပ်ထု အပြင် တခြားတစ္ဆေတစ်ကောင်ဖြစ် နေမည်စိုး၍ သတိထားနေဦးမည်ဖြစ်သည်။မြွေပါရုပ်ထုမျိုး၊ အဖြူရောင်အဖွားရုပ်ထုမျိုးပစ္စည်းမျိုးဖြစ်သည်။

"ဝုတ်!"

ခွေးတစ္ဆေလေးသည်ဝူရုန်ရှေ့တွင်ခုန်ပေါက်နေပြီး ခြေချင်းဝတ်နားတွင်ချစ်ခင်စွာ ဝိုင်းပတ်နေ၍ ကြည့်ရသည်မှာလွန်စွာသေးငယ်ပြီး ယိုင်နဲနဲ့ဖြစ်နေသေးသည်။ ဝူရုန်မှာ ၎င်းနှင့် အပြင်ဘက်ရှိခွေးကြီးကြားတွင်ဘာတွေဖြစ်နေသည်ကိုရှာဖွေလိုသဖြင့် ခွေး‌တစ္ဆေလေးအားဖတ်ထားလိုက်သည်။ သို့သော် ဝူရုန်ခွေးတစ္ဆေလေးအားကောက်ချီလိုက်သောအခါ သူနောက်မှ ဖြူဖျော့၍ဖောက်ထွင်းမြင်နေရသော လက်တစ်ဖက်ရုတ်ခြည်းထွက်လာပြီး ခွေးပေါက်လေးအားဆွဲယူလွှတ်ပစ်လိုက်သည်။

"ဟေး!"

ဝူရုန်ချက်ချင်းအထိတ်အလန့်ဖြင့် ဖမ်းယူရန် သူလက်ကိုဆန့်ထုတ်လိုက်သည်။ ခွေးတစ္ဆေလေးသည် ကြယ်ပျံနက်တစ်လုံးကဲ့သို့မျည်းတ‌ဖြောင့်တိုင်းလွှင့်သွားပြီး သို့သော် မျက်စိတမှိတ်အတွင်းမှာပင် မြူနက်တစ်ခုအဖြစ်ပြောင်းသွားပြီး ပြန့်ကျဲပေါင်းစည်းသွားသည်။ ဤတစ်ကြိမ်တွင် ခွေးပေါက်လေးပုံစဲမဟုတ်တော့။ ပုခုံးအမြင့်နှစ်မီတာနီးပါးရှိသည့်ခွေးကြီးတစ်ကောင်သည် မူန်မိူင်းမိူင်းတိမ်တိုက်များအောက်ရပ်တန့်နေပြီးနောက် ဝူရုန်၏နောက်သို့အပြေးအလွှားသွားကာ ငြီးငြူနေတော့သည်။သူ့၏အစွယ်များကိုထုတ်ပြထားကာ သူကိုယ်ထည်ကိုရန်စောင်တိုက်ခိုက်မည်ဟန်နိမ့်ချထား၍ ဒေါသထွက်နေသကဲ့သို့ တိုက်ခိုက်မည့်ပုံစံလုပ်ထားသည်။

တားဆီးမရနိုင်သည့်အားတစ်ခုကဝူရုန်အနောက်သို့ဆွဲခေါ်သွားပြီး သူနှာခေါင်းတွင်အေးစက်သွားကာ သူမျက်လုံးများတွင်အနီရောင်များထပ်မံဖုံးသွားပြန်သည်။ တစ္ဆေကြီး၏အရှိန်အဝါမှာ ဟူရှင်းနှင့်တိုက်ခိုက်စဉ်ကလိုတဖြည်းဖြည်းနှင့်မြင့်တက်လာနေပြန်သည်။ ဝူရုန်တိုက်ပွဲအခြေနေကိုမမြင်ရပဲ တစ္ဆေကြီး၏ဂရုမစိုက်ဟန် သတ်ဖြတ်လိုစိတ်ကိုသာခံစားရလေသည်။ သူစိတ်ပူစွာဖြင့် " အာ့တာရန်သူမဟုတ်ဘူး ၊အာ့တာငါရဲ့ခွေး"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Où les histoires vivent. Découvrez maintenant