Ch.50.1-Drop drop,drop drop

280 57 0
                                    

|| Unicode ||

    "ငါတို့အားလုံးထင်ထားတာ ဒိီပညာရှိကလေးက ထင်းထန်ထဲမှာသေသွားခဲ့တယ်ပေါ့ ဒါပေမယ့်မထင်ထားမိဘူး..."

    ဆရာသခင်ကူချန်သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် အော်မတောဖောဟုဆိုကာ "အခုကြည့်ရတာ နောက်နှစ်များစွာကြာပြီးရင် ယိုဖောထန် ထင်းကန်ထဲမှာ တခုခုဖြစ်မယ်လို့ ခန့်မှန်းထားမိ‌ပုံပေါ်တယ် ဒါကြောင့် မို့သူက ဟူရှန်း ကို ချိတ်ပိတ်ထားခဲ့တဲ့ နံပါတ် 444ထင်းကန်နဲ့ ယိုဖောထန် ထင်းကန်အလယ်ကြားမှာ ထင်းကန်အက်ကြောင်းတစ်ခုတည်ဆောက်ထားခဲ့ပုံပေါ်တယ်။ ပညာရှိကလေးငယ်မှာ ဒီမှာကျန်ခဲ့ပြီး အမျိုးမျိုး တည်ဆောက်မှုတွေကိုပြုလုပ်ခဲ့ပုံပေါ်တယ် "

   ဆရာသခင်ကူချန်သည် ပစ္စည်းအမျိုးစားသုံးခုက‌ဘယ်မှညာ စီချလိုက်ပြီး သူတို့သည် အနီရောင်သိုးသားရေနဲ့ပတ်ထားသည့် ပျားရည်ရောင် အရိုးခြောက်၊ သန့်စင်ခြင်းပုလဲရှိသည့် ဦးခေါင်းခွံ၊ ကျောက်တုံးသေတ္တာထဲမှ လူအရိုးဟွန်း နှင့် ဝူရုန်ချိတ်ပိတ်ထားသည့် ရွှေသေတ္တာဖြစ်သည်။ သူဘာနည်းလမ်းများသုံးထားသည်မသိ တစ္ဆေမျက်လုံးဖြင့်သာ အရာအားလုံး၏မူလပုံစံကိုမြင်နိုင်သည်။

    ဝူရုန်သည်အခုချိန်မှာ 'ခွဲတမ်းချရမယ့်'အချိန်မဟုတ်ကြောင်းသိသည် အာ့အချိန်ဖြစ်လျှင်တောင် လေ့ကျင့်ရေးသမားများကို အားပေးအား‌ မြှောက်ပြုရန်အလို့ငှာ ထင်းကန်ထဲမှရလာသည့် ပစ္စည်းအများစုမှာ လေ့ကျင့်ရေးဆင်းသူများကသာတရားဝင်ပိုင်ဆိုင်လေသည်။ ဤတစ်ခုတွင် Dalai Lama Sima Gyatso၏ စတေးမှုပါဝင်နေသည်။ ဆရာသခင်ကူချန်၏စကားအရ ထိုအရာများမှာ ယေရူ၏ရွက်သင်္ဘောနှင့်ပင်နိူင်းယှဉ်လို့ရနိုင်တောင် မြင့်မြတ်သောပစ္စည်းအဖြစ်ထည့်သွင်းစဉ်းစားနိုင်လေသည်။ သူ၏နောက်စကားလုံးများက ထင်းကန်းအက်ကြောင်းမှာ ထင်းကန်းနံပါတ်444နှင့်သတ်ဆိုင်မှုမရှိကြောင်းရှင်းလင်းနေသည်။

    ဝူရုန်အရင်အတိုင်းတည်ငြိမ်နေပြီးစကားမပြောလာ။ ဖုချင်းမှာအမြဲလိုလိုတိတ်ဆိတ်နေပြီး သူမျက်လုံးများကဝူရုန်ပေါ်တွင်သာရှိသည်။ ကျိုးရွှမ်သည် ဆရာသခင်အားရှက်ရွံစွာကြည့်ပြီးနောက် ဝူရုန်ကိုကြည့်လိုက်ကာ နောက်ဆုံးတွင်တော့ ကျဉ်ဆန်ကိုကိုက်ထားကာစကားပြောလိုက်သည် " ဆရာသခင် ဒီပစ္စည်းတွေက အာရုန်ထင်းကန်‌ထဲနေ အသက်စွန့်ပြီး သယ်ထုတ်လာခဲ့တာလေ ။ဒါက ..."

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now