Ch.51- Cui Cui cui

262 51 6
                                    

|| Unicode ||

ဝူရုန်ပြန်လာတာကိုတွေ့သွားသဖြင့် ဟွမ်မောင်းပထမဆုံး စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် သွက်ချာပါဒလိုက်သလိုသူ့အားအချက်ပြနေတော့သည်။ သို့သော် သူစကားမပြောနိုင်သေးမီ အမေဝူမှအေးစက်စွာနှာမှုတ်လိုက်သဖြင့် ဟွမ်းမောင်ချက်ချင်းပင်ကြောက်ရွံစွာတုန်ယင်သွားသည်။

"အိုး? တကယ်ကြီးလား? ငါ့မှာကလေးမရှိတော့ဘူးထင်နေတာ"

အမေဝူသည် မလူပ်ရှားပဲဆက်လက်၍ ရွှေတုံးစက္ကူများခေါက်နေ‌ကာ သူ့အသံအနေထားမှာ သာမန်လိုဖြစ်နေသော်လည်း နက်ရိူင်းသောဒေါသသံများပါနေသည် " အာ့လိုမှမဟုတ်ရင် သူဘယ်တွေသွားပြီး ဘာတွေလုပ်နေတယ်ဆိုတာ မသိပဲနေပါ့မလဲ? သူဘယ်မှာနေ‌တယ်ဆိုတာ တောင် မသိလို့ သူ့ညီငယ်လေးကိုမေးရတယ်မလား ?"

"အန်တီ အကိုရုန်က အန်တီ စိုးရိမ်နေမှာကြောက်လို့ပါ"

ဟွမ်းမောင်မှာထိတ်လန့်လွန်းသဖြင့် သူသတိဝိရိယရှိရှိ အားထုတ်‌ နေ၍ အဆင်ပြေပြေကျော်သွားနိုင်အောင် ကြိုးစားရင်းအလုပ်များနေကာ သူဘာပြောနေသည်ကိုသူ့မတွေးမိတော့ ဒါကအမေဝူကိုပိုဒေါသထွက်စေကာ သူ့လက်ထဲမှခေါက်လို့မပြီးသေးသည့်ရွှေတုံးကို ဖြဲဆုတ်လိုက်ပြီး " ငါမသိရရင်ငါ မစိုးရိမ်တော့ဘူးပေါ့? ငါမသိရရင်ငါပိုပြီးတာ့တောင်မစိုးရိမ်ရဘူးလား! မင်းကြီးလာတော့ မင်းစိတ်နဲ့မင်းနေတယ် အရာအားလုံးကိုငါ့ဆီကထိန်ချန်ထားတယ်!" သူမသူ၏အသံကိုမြှင့်လိုက်ပြီး ဝူရုန်ကိုစိုက်ကြည့်လိုက်ကာ အပြစ်တင်တော့သည် " မင်းငါ့ကိုစိတ်တိုစေချင်ရင် ငါပြောလိုက်မယ် မင်း လူဆိုးလေး___"

အမေဝူခေါင်းလှည့်လိုက်သောအခါ ဝူရုန်ဘေးရပ်နေသောဖုချင်းကိုတွေ့လိုက်သည်။ သူ အပြင်လူရှိနေမည်ဟုမမျှော်လင့်ထားသဖြင့် ပြောမည့်စကားများလည်ချောင်းထဲနင်သွားသည် " မင်းလူဆိုးကောင်လေး br__လူဆိုးကလေးလေး မင်းသူငယ်ချင်းကိုခေါ်လာတာလား?"

"မား သူကဖုချင်းပါ"

ဝူရုန် ဆက်ပြောသည် " ကျွန်တော့်ကိုအဆောင်ပေးတဲ့သူက သူပါ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now