Ch.55.1-Chiiirp,chirp chirp

249 47 2
                                    

|| Unicode ||

    ဝူရုန်၏သွေးအားသောက်သုံးခြင်းသည် သွေးစာချုပ်ချုပ်ဆိုခြင်း နှင့်ညီမျှနေလျှင်တောင် သူ၏သေခြင်းရှင်ခြင်းအား ထိန်းချုပ်နိုင်သည့် ဝူရုန်အား သစ္စာဖောက်တော့မည်မဟုတ်။ ပိုင်ကုသည် ဟွမ်မောင်မှအကျိုးအမြတ်ပိုရသွားသည်ကိုတွေးမိ‌ နေပြီး တချိန်တည်းမှာပင် သူနှလုံးသားထဲ၌ ပိုပို၍နိုးကြားသတိထားလာမိသည်။

    ဖြစ်နိုင်တာ ဝူရုန်ကသူတို့ကိုစမ်းသပ်နေတာများလား။ အာ့လိုမှမဟုတ်ရင် ဝူရုန်လို အဖြူအမည်းလမ်းနှစ်သွယ်လုံးကစားတက်တဲ့ဗိလိန်ကြီးက ဘာကြောင့်များ ကလေးဝိဉာဉ်မသတ်ပဲ သိမ်းထားပြီး ပြဿနာလာရှာခံပါ့မလဲ။ ဟွမ်မောင်မှာစွမ်းရည်ကို ခုလေးတင်မှရသည်ဖြစ်၍ သူ့၏အတွေးခေါ်မှာမပြောင်းလံသေး ထိုကြောင့် သူလေ့ကျင်ရန်လိုသည်။ ပိုင်ကုမှမြောင်ရွာမှလာရောက်ခဲ့ပြီး သူစွမ်းရည်ထုတ်ပြရာတွင် ရူံးနိမ့်ခဲ့သည်။

    ဝူရုန်ကသူတို့ကိုစမ်းသပ်နေတာပဲ!

    တခြားသူ၏ဖိနပ်ဝတ်ကြည့်ပြီး ပိုင်ကု ဝူရုန်နေရာဝင်ပြီးတွေးကြည့်သည့်အခါ ချက်ချင်းပင် ဝူရုန်၏ရည်ရွယ်ချက်အစစ်ကိုသတိပြုမိသွားသည်။ ကျားယန်ကျောက်လောင်းပွဲတွင် လူဆိုးလူကောင်းများနှင့်ပြည့်နေပြီး သန်မာပြီးပါရမီရှိသောလူမျိုးစုံလာရောက်မည်ဖြစ်သည်။ အကယ်၍သူတို့သာသူတို့စွမ်းရည်ကိုမပြသနိုင်ရင် ဝူရုန်အနားမည်သို့နေနိုင်ပါမည်နည်း။

    ငါကျိန်းသေပေါက် ဒီစမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်ရမည်။

    ပိုင်ကုတွင် ယှဉ်ပြိုင်လိုစိတ်များပြည့်နေပြီး ထိုအရာအားခုထိသတိမပြုမိသေးပဲ ခြင်များနှင့် အရူးလိုဆော့ကစားနေသေးသည့် ဟွမ်မောင်ကိုကြည့်ကာ အရင်ဆုံးအခွင့်ရေးကိုသိမ်းယူသင့်သလား အသင်းဖော်အားတိုးတက်အောင်ပြုလုပ်ပေးသင့်လားဆိုသည့်အတွေးများ သူစိတ်ထဲ ကူးခတ်နေတော့သည်။ နောက်ဆုံးတွင် ပိုင်ကုသည် ဟွမ်မောင်နှင့်အရင်ဆုံးအတူလက်တွဲလုပ်ကိုင်ပြီးနောက် ဝူရုန်ဘေးကနေရာအားခိုင်မာစွာဆုပ်ကိုင်ထားမည်ဟုဆုံးဖြတ်လိုက်သည်။ အကြောင်းပြချက်ရှာလိုက်ပြီး ဟွမ်မောင်အားဘေးသို့ဆွဲခေါ်ကာ အလေးနက်ခေါင်းငြိမ်ပြလျက် ထိုအကြောင်းကိုပြောပြလိုက်သည်။ သူခဏမျှငြိမ်သတ်သွားပြီနောက်   သူမျက်နှာပေါ်တွင် "ဘယ်လို?" "ဘာကြီး?" "တကယ်ကြီးလား?"ဟူသော စကားလုံးများနှင့် ပြည့်နေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now