Ch.18 - Blood Pact

473 120 6
                                    


Unicode

     ဝူရုန်ရုတ်တရက် သူ့ကိုယ်ပေါ်ဖိနိုပ်ထားသောယင်ချီများ ထွက်သွားသည်ကို သိလိုက်ရကာ ထိုနောက်တွင်တော့ဂူဝနားမှ နှပ်ချေးတွေမျက်ရည်တွေ ပြည့်နေသော လူသုံးဦးအိတ်ထုတ်များလို့လွှင့်ပစ်ခံလာရသည်။

     ဒါကနတ်ဆိုးမြောင်တွေလား?

    ဝူရုန်သူတို့အဝတ်ကိုသတိပြုမိကာ သေနပ်ကိုင်ထားသောလူသန်ကြီးအားစိုက်ကြည့်လိုက်သည်။

    ရေညှောင့်ကောင်နှင့် ခုံးကောင်ရန်ဖြး်နေစဉ်တွင် တံငါသည်က အနိုင်ရလိုက်သည်။ (T/N ရန်ပွဲတစ်ခုဖြစ်ပွားပြီး တတိယလူမှ အကျိုးမြတ်ရလိုက်သည်)။ ဒါကဘာလဲဆိုတာနားမလည်နိုင်ဘူးလား?

     "ငါ့ကိုမသတ်နဲ့ ၊မသတ်ပါနဲ့ မသတ်ပါနဲ့!"

     တရုတ်အသံရောယှက်နေသောမြောင်ဘာသာဖြင့်သနားကြင်နာမူအတွက်တောင်းပန်ငိုယိုနေသည်။ တစ္ဆေစိတ်ဝိဉာဉ်ပြန်လည်ဖြစ်တည်မူဖြစ်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ရှိနေသော်လည်း လူသားများ၏ တစ္ဆေ‌အပေါ် ထိတ်လန့်မူမှာ အမြစ်စွဲနေတုန်းဖြစ်သည်။ ကိုယ်တိုင်ကအမဲလိုက်သတ်ဖြတ်နေသောနတ်ဆိုးမြောင်များအနေဖြင့်တနေ့မှာ သူတို့ကသားကောင် ဖြစ်လာလိမ့်မည်လို့ မတွေးမိခဲ့ပေ။

     လူသတ်သမားကအမြဲသတ်ခံရမှာပဲ။

    တစ္ဆေကြီးသည် မည်သည့်ခံစားချက်မှမရှိပဲ ၎င်းသတ်ဖြတ်နေပုံက ပိုးကောင်များကိုခြေမွနေသလိုပင် ဝူရုန်မတုန့်ပြန်နိုင်မီမှာပင် တစ္ဆေကြီးသည် ထိုခေါင်းသုံးခေါင်းကို လိမ်ချိုးလိုက်လေသည်။ ဦးခေါင်းမရှိတောသော ကိုယ်ထည်ကြီးက ဝူရုန်ဒူးနားကျလာပြီး နံရံဆေးရေးထားသော ဂူနံရံဘက်လှည့်ကာ နတ်ဆိုးမြောင်များအစုလိုက်အပြုံလိုက်သတ်ခဲ့သောမြောင်များအပေါ်အပြစ်ဝန်ခံနေသလိုပင်။ ပန်းထွက်လာသောသွေးများက မြေပြင်ပေါ်က ကျောက်တုံးနံရံများကိုလွှင့်စင်သွားပြီး ရဲမီးလို တဖျတ်ဖျတ်လက်နေသော ကျုံးကူသည် မကျေမနပ်ဖြင့် အဝေးသို့ဆက်ခနဲ ခုန်ကူးသွားသည်။ သွေး‌စင်နေသောနေရာတွင်ရုတ်လျည်းအကွက်လိုက်ဖြစ်သွားသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now