Ch 64-Tweeeeeet,tweet

231 33 0
                                    

|| Unicode ||

    ဤညသည်တော့ အိပ်ပျက်ညဖြစ်ရန်ကြမ္မာဖန်လေကာ ကောင်းကင်အားထိုးထွင်မတက်သိပ်သည်းလှသောယင်ချီဝဲဂယက်နှင့် ကောင်းကင်တခွင်လုံးတောက်လောင်နေသောကျန့်ယန်မီးတောက်များပါယှဉ်တွဲလိုက်သောအခါ ကျားယန်တမြို့လုံးအားအိပ်စက်ရာမှနိုးထလာစေရန်လုံလောက်လေသည်။ မြို့အားအစောင့်များကပိတ်ဆို့ထား၍ တစ္ဆေပိုင်နက်သို့ညနက်တွင်ထွက်ခွာမရတော့ပေ။ သူတို့သည်  ထစ်ချုန်းပေါက်ကွဲသံများမှတဆင့် ပြင်းထန်လှသောတိုက်ပွဲအားအပေါ်ယံသုံးသပ်ကာမည်သူလုပ်သည်ကိုသာခန့်မှန်းနိုင်သည်။

    " ကျန့်ယန့်မီးဆိုတော့ ဆရာသခင်လင်းယွင်ဖြစ်နိုင်မလား?"

    လုန်ဟူတောင်တန်း၌ငယ်စဉ်ဘဝတည်းက ထုန်ကျိနည်းအားကျင့်ကြံ၍  ပါရမီမရှိဆုံးကောင်းကင်သခင်သာလျှင် ကျန့်ယန်မီးအားနိုးထစေနိုင်မည်ဖြစ်သည်။ ကောင်းကင်တခွင်လုံးနီးပါးအုပ်စိုးနိုင်သည်ကျင့်ယန့်မီမှာ သာမန်လေ့ကျင့်ထားသူကောင်းကင်သခင်တစ်ယောက်ပြုလုပ်နိုင်သည့်အရာမဟုတ်။ ဤတကြိမ် ကျိုးမိသားစုမှ စုံညီကျောက်လောင်းပွဲအတွက်ဖိတ်ကြားခံရသည့် စွမ်းရည်ရှိသူများမှာ အရည်ချင်းရှိကြပြီး တစ်ဦးချင်းစီတွင်သူတို့ကိုယ်ပိုင် ခန့်မှန်းချက်များရှိသည်။ ညလယ်အချိန် ကျိုးမိသားစုမှ လူတချို့အား ဆရာသခင်လင်းယွင်နေထိုင်ရာနေရာဆီသို့စေလွှတ်ကာ လေးစားစွာ ဆုံတွေ့စေပြီးဆရာသခင်ကိုတွေ့သည့်အခါ အကြောင်းပြန်စေသည်။

    "မင်းပြောတာက ဆရာသခင်လင်းယွင်ကသူအခန်းထဲမှပဲရှိနေသေးတာ?"

    ကျိုးရှင်းဟုန်သည် ကျိုးမိသားစုစံအိမ်ရှိစာကြည့်ခန်းထဲ၌ မဟော်ဂနီကုလားထိုင်ပေါ်ထိုင်နေပြီး လက်ထဲမှသစ်ကြားသီးကို‌ဖြည်းညှင်းစွာလှည့်နေသည်။ သူသည် ဝိတ်မတက်သေးသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ် လေးထောင့်ဆန်ဆန်မျက်နှာနှင့် ပို၍ ခန့်ညားထည်ဝါနေသည်။

    " မင်းဖုတောက်ကျန့်ဆီသွားခဲ့သေးလား?"

    "ဖုတောက်ကျန့်ရဲ့အခန်းထဲမှာ ဘယ်သူမှမရှိဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now