Ch.37.1-Buzz,buzz

317 63 1
                                    

|| Unicode||

    [ဒါက မင်းတို့ပြော‌ နေတဲ့ လူလိမ်ခေါင်းဆိုတာလား ?]

    တိုက်ရိုက်ခန်းထဲဖြတ်ပြေးနေသော barrage [ ဘာလို့များ ငါဒီကောင်ကို ဖိနပ်ပြေးလျက်နေတဲ့ ခွေးနဲ့တူတယ်လို့ခံစားမိနေပါလိမ့် ]

    ဝူရုန်သည်လည်း နောက်သို့ပြန်ဆုတ်လိုက်ကာ ဖုချင်းနှင့်အကြည့်ချင်းဖလှယ်လိုက်သည်။ သူတခဏတွင်အများကြီးတွေးထားသည် နောက်ဆုံးမှာတော့ဝူရုန်ခဏမျှငေးကြောင်နေပြီးနောက် မေးလိုက်သည် " ဒီကမ္ဘာမှာလူဘယ်လောက်များများငါ့ကိုသိနေတာလဲ ]

    ဝူရုန် ကျောက်တုံးခေါင်းကို ‌စိုက်ကြည့်နေရင်း သူနှင့် ဖုချင်းသာလျှင် ဤ‌ မေးခွန်း၏ဆိုလိုရင်းကိုသိလိမ့်မည်ဟု ခန့်မှန်းမိပြီး ဝူရုန်သည် ကျောက်တုံးခေါင်းက လူလိမ်လား အနာဂါတ်ကို တကယ်ခန့်မှန်းနိုင်တာလားဆိုသည်ကို အတည်ပြုချင်မိသည်။

    သို့သော် ကျန်သော တိုက်ရိုက်ခန်းထဲမှသူများနှင့် တိုက်ရိုက်ခန်းကိုကြည့်နေသော ဘော့စ်မှာတော့ အလွန်ရူပ်ထွေးသွားလေသည်။

    [ ဟဟဟဟ ဒီမေးခွန်းက အရမ်း တုံးအတာပဲ ]

    [ ဘာလို့များနောက်ထွက်မယ့် ထီလတ်မှတ်နံပါတ်ကိုမမေးရတာလဲ ]

    [ အရူး ဒါကတိုက်ရိုက်ထုတ်လွှင့်နေတာ ထုတ်လွှင့်သူသာ နောက်ထွက်မယ့်ထီလက်မှတ်ကိုသိရင် ဆယ်သန်းကျော်တဲ့ကြည့်ရူသူတွေကရော မသိသွားဘူးလား ]

    [ ဘာလို့များ ထုတ်လွှင့်သူကဒါကိုမေးတာပါလိမ့်? ကျောက်တုံးခေါင်းလှည့်စားများစိုးလို့လား ? ]

    [ အဆက်အသွယ်အရေတွက်ကထင်သလို ရေတွက်ရမလွယ်ဘူး ထုတ်လွှင့်သူလည်းအရေတွက်မှန်လားမှားလား မသိဘူး ။ အာ့တာက ပြဿနာလား ? ]

     [ ကြည့် ကျောက်တုံးခေါင်းက ကောင်းတဲ့အရာအဟုတ်ဘူး သူကအနာဂါတ်ကိုခန့်မှန်းပြောနိုင်ပေမယ့် အကုန်လုံးတော့မလိုအပ်ပါဘူး။ သူကမလိမ်ဘူးဆိုရင်တော့ သူပြောတဲ့အခါ စာလုံးတစ်လုံးနှစ်လုံးကျန်နေသရွေ့ အဓိပ္ပါယ်မပြောင်းသွားဘူးဆိုတာ မင်းယုံကြည်လို့ရလို့လား? ထုတ်လွှင့်သူကအရမ်းငယ်သေးပြီးတော့ ပြင်ပအတွေ့ကြုံနည်းသေးတယ်။ ကြည့်နေလိုက် သူမခဏလေးအတွင်း ကျိန်းသေကို ခံစားရတော့မယ် ]

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now