Ch.53-Bad mouth ,bad mouth

260 43 0
                                    

|| Unicode ||

     [ jie jie jie jie, ဘယ်သူကလောင်ဇီရဲ့ပစ္စည်းကိုလုယူရဲတာလဲ၊ အာ့လူဆိုးကောင်လေး တွေ ကတော့အကုန်လုံးမလုပ်နိုင်လောက်ဘူး။ ဒါပေမယ့် ငါဒီမှာ ခဏလောက်တော့လြပ်စရာရှိသေးလို့နေရလိမ့်မယ် ထားခဲ့လို့မရဘူး ဒါကြောင့်မို့အာ့ကို ကိုယ်တိုင်သွားယူဖို့ မင်းဒုက္ခပေးရဦးမယ်]

    စုန်းပညာရှင် ၏အသံမှာတမ်းတွင် ကျက်သီးထဖွယ်ရယ်သံအတွဲလိုက်ကြီးပါလာပြီးထို့နောက် ချောင်းတချက်ဟမ့်လိုက်ကာ အသံတုံးမှာ အလွန်ချောမွေ့သောအနေထားသို့ပြောင်းသွားပြီး သူသည် ဝူရုန်နှင့် ကောင်းမွန်သည့် အသံအနေထားနှင့်ဆက်၍ပြောဆိုနေတော့သည် " ငါကအခုကျားယန်မှာရှိတယ် ချောင်ကျိုးမှာ အမြစ်မဲ့ရေသွားယူပြီးရင် ဒီကိုဝင်လာပြီးကြည့်လို့ရတယ်။ ဒီကာလအတွင်းဆိုကျားယန်ကအရမ်းစည်ကားတယ်"

    ကျားယန်ဖြစ်ပြန်ပြီလား၊ အခုဝူရုန်သည်ထို  နေရာအမည်နှင့်ပတ်သတ်ပြီး အလွန်ကိုမှ သတိထားမိနေသည် " ကျိုးရှင်းဟုန်?"

    " တကယ်ကို မင်းမှတ်မိနေတာပဲ"

    စုန်းပညာရှင် သည် ရွှင်မြူးစွာစကားပြောနေပြီး နောက်သက်ပြင်းချလိုက်ကာ " ဒါပေမယ့် ငါတို့က အပျော်သဘော‌ လောက်ပဲ အခု..."

    စုန်းပညာရှင်၏မက်ဆေ့မှာ ရုတ်တရက် ပြတ်တောက်သွားကာ ဝူရုန်ခဏမျှစောင့်နေသော်လည်း သူ၏ပြန်စာရောက်မလာခဲ့။ သူ သူ့ဖုန်းကိုချလိုက်ကာ ဖုချင်းကိုကြည့်လိုက်သည် " ငါချောင်ကျိုးကိုအရင်သွားမယ် ပြီးမှကျားယန်ကိုလိုက်လာမယ် "

    စုံညီကျောက်လောင်းပွဲစရန်ဆယ်ရက်လိုသေးသည်။ ချောင်ကျိုးနဗာ ကျားယန်မှ။ာကပ်လျက်ဖြစ်သော်လည်း သူချောင်ကျိုးကိုအရင်သွားရမည်ဖြစ်ပြီး အချိန်မှာအလွန်ကပ်နေသည်ဖြစ်ရာ သူနှစ်ရက်အတွင်း သွားရမည်ဖြစ်သည်။

    " ငါမင်းနဲ့အတူသွားမယ်"

    "ဟမ်"

    ဝူရုန် သူထိုသို့ပြောသည့်အခါ အံ့ဩသွားခြင်းမရှိ ဖုချင်းသူနှင့်အတူသွားမည်ကိုသူမျှော်လင့် ထားပြီးသားဖြစ်သည်။ သူသည် တစ်ယောက်‌တည်းနေရသည်ကိုအသားကျနေခဲ့သော်လည်း အခု ဖုချင်းနှင့်အတူရှိနေမှုကိုအသားကျသွားပြီဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now