Ch.29-Meow,meow meow, meow meow meow?!

377 79 2
                                    

✓✓Unicode✓✓

"မင်းပြောတဲ့မစ္စတာဖုက ဖုချင်းလား?"

လမ်းညွှန်မှာ သူ့ခေါင်းကိုသိစွာငြိမ့်ပြလာသောအခါ ဝူရုန် ထိုသူ အဓိပ္ပါယ်မရှိတာတွေပြောနေမှန်း သဘောပေါက်သွားသည်။

ဖုချင်းကိုကြည့်ရတာအသက်၂၀ဝန်းကျင်သာသာကို သူ့မှာဘယ်လိုလုပ်ဒီလောက်ကြီးတဲ့ သားရှိနေရမှာလဲ?

သူလမ်းညွှန်လက်ထဲမှအနီရောင်လက်မှတ်နှစ်ခုကိုပြန်ယူလိုက်ပြီးနောက်ကြေကွဲနေသောလေသံဖြင့် 'Ahhh'ဟုဆိုကာဝူရုန်ထူးမခြား‌နားသောလေသံဖြင့်ဆက်ပြောသည် : " ငါလူပြိန်းကြိုက်သတင်းတွေမလိုဘူး"

"ငါသိချင်တာ တစ္ဆေဈေးထဲမှာ ဒုက္ခိတတစ္ဆေထိန်းသိမ်းစောင့်ရှောက်နည်းရောင်းတဲ့ဆိုင်တွေရှိသေးလားဆိုတာပဲ"

     သူလမ်းညွှန်လက်ထဲ အနီရောင်လက်မှတ်ပြန်‌ထည့်ပေးလိုက်သည်။ ပိန်ခြောက်ခြောက်နဲ့လူမှာ သူ့ပိုက်ဆံကိုအလျင်မြန်ဖွက်လိုက်ပြီးနောက် ကို့ရို့ကားရားနိုင်သောအပြုံးဖညင့်ချဲ့ကားပြောဆိုနေမူကိုရပ်လိုက်ကာ ခတ္တမျှတွေးပြီးနောက်: " တစ္ဆေဈေးထဲမှာ ဒီလိုအရာတွေကိုရောင်းတဲ့ဆိုင်ကမရေမတွက်နိုင်အောင်ရှိတာမို့ အစစ်လားအတုလားဆိုတာမင်းအမြင်ပေါ်ပဲမူတည်တယ်။ ငွေပြတ်လပ်မနေဘူးဆိုရင်တော့ ဆိုင်ရှင်နံပါတ်192ကိုထည့်သွင်းစဉ်းစားသင့်တယ်"

    " အဆုံးမှာတော့သူ့လိုကောင်းကင်သခင်မှာ တချို့သိမြင်နိုင်စွမ်းတွေရှိပြီး အနည်းငယ်ကအလိမ်ညာဖြစ်နေရင်တောင် အမှန်ပြောနိုင်ချေကမြင့်မားတယ်လေ"

    ဒါကတကယ်ကိုဈေးကြီးပေသည်။

    ဝူရုန်ဈေးနူန်းကို သွားမမေးသေးပဲသေူနားကနေတိတ်တဆိတ် ရပ်ကြည့်နေလိုက်သည်။ လူအများစုမှာ သတင်းအချက်လတ်ရောင်းဝယ်ရန်လာကြပြီး တချို့မှာ ဤနေရာတွင်လူများရူတိယှက်ခက်နေပြီး စားပွဲပေါ်ရှိ အလွန်ထင်ရှားစွာရေးထားသော ဒုက္ခိတတစ္ဆေပျိုးထောင်နည်းမှတ်စု၏ ဆွဲဆောင်ထားမူကြောင့်ရောက်ကြလာခြင်းဖြစ်သည်။

    ဝူရုန်ခတ္တစောင့်ကြည့်နေပြီးနောက်ဈေးနူန်းကိုမေးသူ ၃ယောက်၅ယောက်ရှိလာသည်။ လမ်းညွှန်ပြောခဲ့သလိုပင် ကောင်းကင်သခင်များမှာ တောင်နဲ့ဝေးကွာနေလျှင်တောင်လိမ်ညာစကားမဆိုဝံ့ သို့မဟုတ်ပါက နည်းစနစ်နှင့်စွမ်းအားများ ကျဆင်းလာမည်ဖြစ်သည်။ ဒါကလည်းလူသိများသောဆိုရိုးတစ်ခုဖြစ်သည်။ တစ္ဆေဈေးမှာတစ်လတွင်တစ်ရက်သာဖွင့်သည်။ ထိုတိုတောင်းသောကာလအတွင်းအစစ်အမှန်မသိရပဲ ယာယီမဏ္ဍပ်များကိုဦးတည်ရာမဲ့လှည့်လည်နေခြင်းထက် ပိုစိတ်ချရသောတစ်ခုခုကိုဝယ်ယူရန်ငွေများစွာမနှောမြောပဲသုံးလိုက်ခြင်းကပိုကောင်းသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now