Ch.48.1-Tweet, Tweet

316 55 2
                                    

|| Unicode||

     သွေးအနှစ်သည် ထင်းကန်နံပါတ် 444၏ အသိတရားဖြစ်ကာ သူသည်လုံးဝထိန်းချုပ်ထားနိုင်သည်။ ဤနေရာသည် ထင်းကန်444နှင့် ဆက်နေသောအက်ကြောင်းဖြစ်သဖြင့် သူသည် သူပိုင်နက်အား ခက်ခဲမှုမရှိထိန်းချုပ်နိုင်သ ည်။ သန္ဓေပြောင်း ကျက်တီးတောင်ကုန်း သည် ကြောက်စရာမကောင်းဆိုးဝါးကြီးနှင့်တူကာ ကျောက်တုံးနှင့်ခြောက်သွေ့နေသောသစ်ပင်များသည် သွေးအနှစ်၏ရုပ်သေးရုပ်များအဖြစ်ပြောင်းသွားသည်။ ဟူရှန်းမျက်စိတမှိတ်အတွင်း နောက်သို့ပြန်တွန်းပို့ ခံရသည်။ ကျက်တီးတောင်ကုန်း၏ပြောင်းလဲမှုကိုကြည့်၍ သူဆွံအသွားကာ ကတုံးဗြောင်နေသောသူမျက်နှာမှာ နီရဲနေပြီး စကားပြောဖို့ပင်အလွန်ဒေါသထွက်နေသည်။

     "မင်းဘာလုပ်နေတာလဲဆိုတာကိုရောသိရဲ့လား မင်းကအရာအားလုံးကိုဖျတ်ဆီးဖို့ကြိုးစားနေတာပဲ"

     ဒါပေါ့ သွေးအနှစ်သည် သူပြောသည့်အကြောင်းကိုနားမလည်ပေ။ ချီဖန်းဖန်း၏ကိုယ်မှဖောက်ထွက်လာပြီးနောက်အခုသူသည်သတ်ဖြတ်လိုစိတ်နှင့် အငမ်းမရဝါးမြိုလိုစိတ်သာရှိသည်။ နီရဲသောကွင်းပြင်မှာ ပြင်းထန်စွာစတင်တုန်ခါလာသည်။ ထင်းကန်အက်ကြောင်းဆိုသည်မှာ ထင်းကန်များကြား မတည်ငြိမ်သည့်ပျက်ယွင်းနေသောနေရာလပ်ဖြစ်သည်။ တောင်တန်းသည် သွေးအနှစ်၏လူးလွန့်မှုကြောင့်ချက်ချင်းတုန်ခါလာကာ ကောင်းကင်တွင် နီရဲထူထပ်သောတိမ်စိုင်များပြည့်နေပြီး မရေမတွက်နိုင်သည့်တွန်လိမ်သေးငယ်သောအနက်ရောင်အက်ကြောင်းများ နေရာတိုင်းတွင် ထွက်ပေါ်လာသည်။

    ထင်းကန်အက်ကြောင်းမှာ အလွန်တရာမတည်မငြိမ်ဖြစ်ပြီးနေကာ ကြားအက်ကြောင်းများပါထွက်ပေါ်လာသည်! သူတို့ထဲတွင် မြောက်များစွာသော ကြားအက်ကြောင်းနှင့်အတူနာကျည်းချက်တစ္ဆေအုပ်လိုက်ကြီးပါ ပါလာ၍ နာကျည်းချက်တစ္ဆေအားလုံးမှာသူတို့နှင့် ချိတ်ဆက်ရန်လာကြပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံနှင့်အကြောက်တရားတို့၏ အင်အားကြောင့် စွမ်းအားအဖြစ်‌ဖိသိပ်ခံလိုက်ရသည်။ ထိုမြင်ကွင်းအားမြင်ရပြီးနောက် ဟူရှန်းမျက်နှာ မှောင်မိုက်သွားပြီး သူသွားများကြိတ်လိုက်သည်။ သူပိုင်နက်အတွင်းများလျံကျလာသောစွမ်းအားအရှိန်အဝါများသည် ပတ်ပတ်လည်ရှိနေရာများကို ပို၍ကြိုကျေကြေမွလာစေ၍ အသစ်ပေါ်လာသောကြားအက်ကြောင်းများကျယ်သထက်ကျယ်လာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now