Ch74-Jaaade

176 29 6
                                    

|| Unicode ||

" လူအိုကြီး ငါ့ကိုရိုးရိုးသားသားပြော ဘာလိုများဒီလိုအသေးအမွှားလေး‌တွေဖြစ်တဲ့လျှို့ဝှက်ကြာပန်းအသင်းတော်လိုအရာပေါ်အရမ်းတွေစိတ်ဝင်စားနေတာလဲ"

ဓာတ်လှေလားသည် အောက်သို့ဆက်လက်ရွေ့လျားနေလျက် ဆရာသခင်လင်းယွင်တစ်‌ယောက်သူ့အင်္ကျီလက်များအားခေါက်တင်လိုက်ရင်း တစုံတယောက်၏ပြန်စာကိုစောင့်နေသကဲ့သို့ ဖုန်းဆီသို့အချိန်တိုင်းလှမ်းကြည့်နေလေသည်။ ပတ်တီးစအသေးလေးတစ်ခုအားသူ့နားတွင် ရစ်ပတ်ထားပြီး ဆံပင်များဖြင့်ဖုံးထားသည့် သိသာထင်ရှားမှုမရှိပေ။ အခေါင်းတစ္ဆေအိုကြီး၏စကားပြောသံသည်ထိုပတ်တီးစဆီမှလာသည်ဖြစ်၍ တစုံတရာနှင့်ပွတ်တိုက်မိသည့်အသံများပါပေါင်းစပ်လိုက်လျှင် အခေါင်းတစ္ဆေအိုကြီးတစ်ယောက်အလွန်တက်ကြွနေကြောင်းဖော်ပြနေသည်။

"မင်းဖမ်းခိုင်းလိုက်တဲ့လူက သူရဲ့ရတနာအိမ်ထဲမှာ ပစ္စည်းကောင်းတချို့အမှန်တကယ်ရှိနေတယ်လို့တော့မပြောနဲ့နော်"

"သွားလုပ်လိုက်စမ်းပါ။ အလုပ်ပြီးတာနဲ့‌စောစောပြန်လာဖို့သာသတိရ"

ဆရာသခင်လင်းယွင်အနေဖြင့်ထိုသို့ကြင်နာမှုမှာရှားပါးလှသည် ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် ဧည့်လျှောက်လှမ်းရာဘက်သို့လျှောက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင်လည်းဆရာသခင်လင်းယွင်သူ့အသွင်ပြင်အားပြောင်းထားကာ သူ့၏ပုံစံပင်ပြောင်းထားပြီး သာမန်မျက်နှာနှင့်အမျိုးသားတစ်ဦး အရပ် မပုမရှည်အရွယ်စားဖြစ်ကာ လူအုပ်‌ထဲရောနှောလိုက်သည်နှင့် ပင်လယ်ထဲကျသွားသောရေတစ်စက်လို ထင်ရှားကွဲပြားနေမှုမရှိ‌တော့။

"Alas, တစ္ဆေမြိုတော်မှာရှိစဉ်တုန်းကဆိုရင် ငါတို့မတွေ့ဖူးတဲ့ပစ္စည်းကောင်းဆိုတာ ဘယ်မှာရှိလို့လဲ? အခုတော့ငါတို့က လမ်းသန့်ရှင်းရေးသမားတွေ ဖြစ်နေပြီ"

အခေါင်းတစ္ဆေအိုကြီး၏မကျေမနပ်လေသံမှာ လျှို့ဝှက်ကြာပန်းအဖွဲ့စည်း၏အပြာရောင်ကြာပန်းအဖွဲ့ခွဲ၏ရတနာအိမ်အားမွေနှောက်ရမည့်အစား အမှိုက်တောင်တန်းထဲမှအမိူက်များတူးထုတ်နေရသည့်လေသံမျိုးဖြစ်နေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now