မိုးမြေခစား

Od SummerMaung

571K 21.5K 828

"ငါတို့အားလုံးက ကိုယ့်အမှန်တရားနဲ့ကိုယ်၊ ကိုယ်မှန်တယ်ထင်တဲ့လမ်းပေါ်မှာ ကိုယ် ရှိနေကြတာ အဲဲ့ဒါက တခြားသူတွေရဲ့... Viac

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
ဇာတ်သိမ်းပိုင်း
My Apology

49

5.8K 328 20
Od SummerMaung

💌 Part - 49 💌
---------------

"ကိုကို"

အချုပ်ခန်းရှေ့မှာရပ်နေသော ကိုကို့ပုံစံက အနည်းငယ်ညှိုးငယ်နေကာ သံတိုင်တွေနောက်ရောက်နေသော သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတာလား၊ ဒေါသဖြစ်နေသလားတော့မသိ။
ကိုကို သူ့ကိုလာထုတ်တာလား၊ အာမခံရလားဟုလည်း စိတ်မဝင်စားနိုင်ဘဲ သူသိချင်သည့်အရာဟာ တစ်ခုတည်း…

"Candy သတိရပြီလား"

ကိုကိုမျက်နှာပျက်သွားခဲ့သည်။
ထို့နောက် ခေါင်းကိုအသာအယာခါရမ်းပြသည့်အခါ မျှော်လင့်ချက်ကင်းမဲ့သွားပြန်ကာ သံတိုင်တွေကိုလွှတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်မိသည်။
ထိုအချိန် အချုပ်ခန်းတံခါးပွင့်လာကာ ကိုကိုက သူ့ကိုထွက်လာခဲ့ဖို့ အချက်ပြတော့ သူမဆီသို့ပြန်ချင်စိတ်ဖြင့် ပျော်သွားမိပြီး ချက်ချင်းထပြေးလာခဲ့သည်။

"ဆေးရုံခဏသွားရအောင်"

"ခစား"

"သူ ဘယ်လိုနေသေးလဲ ကျွန်တော်သိချင်တယ်"

"မင်းကောင်မလေး ဘာမှမဖြစ်တာ မင်းသိတယ်မလား ICUထဲမှာနေရဦးမယ် တွေ့လို့မရသေးဘူး အခုငါတို့မာမီ့ဆီအရင်သွားရမယ်"

"ကိုကို"

"မင်းအမေ မင်းသတင်းကြောင့်မို့ အိပ်ရာထဲလဲနေပြီ ဒီအချိန်မှာတောင်မှ ဟိုမိန်းမဆီပြေးသွားချင်ရင်တော့ မင်းကို ငါကိုယ်တိုင်ရိုဂာ်ချိုးပစ်မယ်"

ကိုကိုက တကယ်လုပ်တော့မည့်ပုံစံဖြင့် တင်းမာနေသောကြောင့် နောက်ထပ်ကလန်ကဆန်မလုပ်သင့်မှန်း သူ သတိကပ်လိုက်ရသည်။
ဟိုမှာ နေသွေးတို့ရှိနေတာပဲဆိုသည့် ဖြေသိမ့်အတွေးဖြင့် ကိုကို့အနောက်ကလိုက်လာခဲ့ကာ ဆေးရုံကိုသွားချင်ပါလျက် အိမ်ကိုသာပြန်ရောက်လာခဲ့သည်။
မာမီကတော့ ထုံးစံအတိုင်း သူ့ကိုတွေ့လိုက်သည်နှင့် မျက်ရည်လည်ရွဲဖြင့် ထပြေးလာသောကြောင့် မိုးမြေကို တခဏတော့မေ့ပျောက်သွားခဲ့သည်။

"သားရယ် ဘာမှမဖြစ်လို့တော်ပါသေးတယ် ဘာလို့ကားပြိုင်ရတာလဲ"

"မာမီကလည်း"

"တော်ပါတော့ ငါ့သားရယ် မာမီ့ကိုစိတ်ပူအောင်လုပ်တာတွေ တော်ပါတော့ မနက်ဖြန်ပဲUKကိုသွားရမယ် မာမီလည်းလိုက်ခဲ့မယ်"

"၄ရက်လောက်လိုသေးတယ်လေ မာမီရာ"

"မရဘူး မင်း ဒီမှာရှိနေသေးရင် နောက်ထပ်အဖမ်းခံရမလား စိတ်မချရဘူး ငါလည်းစိတ်အေးမှာမဟုတ်ဘူး မင်းကို ငါကိုယ်တိုင်လိုက်ပို့မှာ"

"မသွားသေးဘူး မာမီ"

သူ စိတ်တိုလာသည်နှင့်အမျှ ငြင်းပစ်လိုက်သည့်လေသံကလည်း ခပ်တင်းတင်းမို့ ကိုကိုကဒေါသဖြစ်သွားပုံရသည်။
ထိုင်နေရာမှထရပ်ရင်း အင်္ကျီကော်လံစကိုဆွဲပြီး မျက်နှာတည့်တည့်ကို လက်သီးတစ်ချက်ပြေးဝင်လာပြီး အားပါလွန်းသောထိုလက်သီးချက်ကြောင့် ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။

"မင်းဘာလုပ်လုပ် ငါလွှတ်ထားပေးခဲ့တယ် မင်းခစား.. နောက်ထပ် အဲ့ဒီမိန်းမအတွက်နဲ့ ငါ့အမေကိုဒုက္ခရောက်မခံနိုင်ဘူး"

"ကျွန်တော် သူ့ကိုချစ်တယ် ကျွန်တော့်ကြောင့် သူICUထဲရောက်သွားတာ အဲ့ဒါသူ့အပြစ်လား"

"ဒါဆိုမင်းပြောစမ်း အဲ့ဒီမိန်းမက မင်းဆီကငွေရနေလို့ကပ်နေတာ ဟုတ်သလား မဟုတ်ဘူးလား"

"မဟုတ်ဘူး ကျွန်တော့်ကိုချစ်လို့"

ဟုတ်တော့ဟုတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ မဟုတ်တော့ပြီမို့ ခေါင်းခါပြရင်း သူထရပ်လိုက်သည့်အခါ နောက်ထပ်လက်သီးတစ်ချက် ပြေးဝင်လာခဲ့၏။
ဒီတစ်ခါတော့ သူ့မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားပြီဟု ထင်ရလောက်သည်အထိ ထိုလက်သီးချက်က ပြင်းထန်ကာ ပါးစပ်ထဲမှာလည်း ငံကျိကျိဖြစ်လာခဲ့သည်။

"မင်း တစ်ချိန်လုံး စောက်တလွဲတွေလုပ်နေခဲ့တာ ဒက်ဒီ့ကိုရော၊ မာမီ့ကိုပါစိတ်ဆင်းရဲအောင် မင်းလုပ်နေခဲ့တာ.. ငါနောက်ထပ်ခွင့်မပြုနိုင်ဘူး"

"ကိုကို"

"ပါးစပ်ပိတ်ထား မနက်ဖြန်လေဆိပ်ဆင်းရမယ် မင်းတစ်ခါတည်းUKကိုထွက်ရမယ် မာမီနဲ့ငါကိုယ်တိုင် မင်းကိုလိုက်ပို့မှာ"

"တောက်!"

ဒေါသဖြစ်ဖြစ်နှင့် တက်ခေါက်မိသည့်အခါ ကိုကိုက ဘောင်းဘီအိတ်ကပ်ထဲက သူ့ဖုန်းကိုနှိုက်ယူပြီး သိမ်းဆည်းပစ်ကာ ခြံစောင့်တွေကိုလှမ်းခေါ်နေ၏။
ဒါဟာ ဘယ်လိုဘဝမျိုးလဲ..
ကိုယ့်ဘဝရဲ့အသည်းအသက်လေး ICUထဲရောက်နေချိန်မှာ သူဟာအကျယ်ချုပ်ကျနေခဲ့သူအဖြစ်…

"ဒီကောင့်ကိုသေချာစောင့်ကြည့်ကြ ဘယ်မှမသွားစေနဲ့ သူ့ဆီဘယ်သူမှလည်းမလာစေနဲ့ မဟုတ်ရင် မင်းတို့အသေပဲ"

"ကိုကို ကျွန်တော့်ကို အဲ့လိုချုပ်ထားလို့မရပါဘူး ကျွန်တော် ဒီက ရအောင်ထွက်သွားမှာ"

"အဲ့လိုထင်ရင်လုပ်ကြည့်လိုက်လေ စကားတွေအများကြီးပြောပြီးစိန်ခေါ်မနေနဲ့ မင်းလည်းမင်းခစား.. ငါလည်းမင်းရာဇပဲ"

တင်းမာပြတ်တောက်စွာ စိန်ခေါ်လာသော စကားအဆုံးမှာ ကိုကို့ရဲ့ဒေါသကို ပထမဆုံးမြင်လိုက်ရခြင်းမို့ စိုးရွံ့သွားမိတာတော့ အမှန်ဖြစ်သည်။
ထိုအချိန်မှာ ငိုချလိုက်သည့်မာမီ့ကြောင့် အာရုံတွေထွေပြားသွားကာ စေ့ပိတ်ထားသောခြံတံခါးဆီတစ်ချက်လှမ်းကြည့်ရင်း အံကြိတ်ပစ်လိုက်မိသည်။
Sorry Baby
ဒီညတော့ ငါ မင်းအနားရှိမပေးနိုင်တော့ဘူး…

💌💌💌💌💌💌

အမှောင်ထုကြီးစိုးနေသော အခန်းထဲမှာ မိုးမြေသည် ခုတင်တစ်ခုအထက်တွင် ပက်လက်အနေအထားဖြင့် ရှိနေကာ လက်တွေမှာလည်း ကြိုးတွေဖြင့်ချည်နှောင်ထား၏။
တစ်ကိုယ်လုံးလှုပ်မရ၍ စိတ်ထဲမှာ အလိုလိုကြောက်လန့်လာသည့်အချိန်တွင် လူကြီးတစ်ယောက်က ဓားးတစ်ချောင်းဖြင့် သူမအနားတိုးကပ်လာသည်။
ထိုလူကြီးကို သူမ မသိခဲ့ပေမယ့် မိုးမြေအပေါ် ရက်စက်တော့မည်ပုံက အထင်းသား…

"မနာပါဘူး တစ်ချက်တည်းပဲ"

"ဟင့်အင်း"

ခေါင်းခါပစ်လိုက်ပေမယ့် ဘယ်ဘက်ရင်အုံတည့်တည့်သို့ စိုက်ဝင်လာသောဓားချက်ကြောင့် စူးနင့်သွားရပြီး သူမ တအားအော်ပစ်လိုက်မိသည်။
ထိုလူကြီးက မိုးမြေရင်ဘတ်ကိုဓားနှင့်ခွဲကာ ဘယ်ဘက်ရင်အုံထဲရှိ နှလုံးသားကို လက်နှင့်နှိုက်ယူသွားပြီး ထိုလူကြီး၏လက်ထဲမှာ နှလုံးက တဆတ်ဆတ်ခုန်နေသေး၏။
ကိုယ့်မျက်လုံးကို မယုံနိုင်ပေမယ့် ထိုနှလုံးဆီမှသွေးတွေ တစက်ချင်းစီးကျနေသည်မှာ စိတ္တဇမြင်ကွင်းတစ်ခုလို…

"မင်းမှာဘာမှမရှိတော့ဘူး"

မိုးမြေ ကိုယ့်ရင်ဘတ်ကို အလန့်တကြားငုံ့ကြည့်မိတော့ ရင်ဘတ်မှာ ဟင်းလင်းပွင့်နေခဲ့ပြီး ကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေခဲ့သောသွေးတွေ…

"မလုပ်နဲ့"

သူမ ဆတ်ခနဲဖြစ်သွားမိကာ ဒါဟာအိမ်မက်ဟုအသိစိတ်ကလက်ခံလာမှ မျက်လုံးကို ဖွင့်ကြည့်မိတော့ ဆေးရုံတစ်ခုကိုရောက်နေမှန်း သိလိုက်ရသည်။
သတိတရဖြင့် ကိုယ့်ရင်ဘတ်ကိုငုံ့ကြည့်မိတော့ ရင်ဘတ်မှာ ဟင်းလင်းပွင့်နေတာလည်းမရှိ၊ သွေးလည်းစိုမနေခဲ့…
သို့သော် လက်ဖျံမှာ ပတ်တီးစည်းထားရပြီး ခါးတစ်ခုလုံးလည်း တင်းကျပ်နာကျင်နေမိသည်။

"လူနာသတိရလာပြီ"

ဆရာဝန်တချို့က မိုးမြေဆီလျှောက်လာကြပြီး နှလုံးခုန်နှုန်းတိုင်းကြ၊ ဆေးစစ်ကြဖြင့် အလုပ်ရှုပ်နေကြ၍ သူမ ငြိမ်နေလိုက်ပြီး ဘာဖြစ်သွားခဲ့သလဲ ပြန်တွေးနေမိသည်။
ကားပြိုင်ကွင်းကနေ ပြန်ပြေးအလာမှာ မိုးမြေ နောက်ဆုံးမြင်လိုက်ရတာက မိုးမြေဆီပြေးဝင်လာနေသော ကားတစ်စီးသာ…
ခစား.. သူရော…

"ကျွန်မ ဘာဖြစ်သွားတာလဲ"

"လက်ဖျံရိုးကျိုးသွားတာပါ တင်ပဆုံရိုးလည်း လွဲသွားတယ် ပြီးတော့ Abortionလည်းဖြစ်ထားတယ်"

Abortionဆိုပါလား…
မိုးမြေအံ့ဩသွားမိသလို မယုံနိုင်စိတ်ဖြင့်တုန်လှုပ်သွားပြီး ကောင်းနေသေးသောလက်တစ်ဖက်ဖြင့် အင်္ကျီကိုလှန်ကြည့်လိုက်သည်။
ဘာချုပ်ကြောင်းမှမရှိသလို ပတ်တီးစည်းထားသောဒဏ်ရာတွေကလွဲပြီး ဘယ်လိုနာကျင်မှုကိုမှ သူမ မခံစားရ၍ ဆရာဝန်ကိုပြန်မော့ကြည့်လိုက်မိသည်။

"ကိုယ်ဝန်က ၇ပတ်လောက်ပဲရှိသေးတယ် ၇ပတ်ဆိုတဲ့အရွယ်အစားက ခွဲထုတ်စရာမလိုဘူး ငါ့တူမရဲ့ 10mmလောက်ပဲ မြင်သာအောင်ပြောရရင်တော့ Blueberryသီးလောက်လေးပဲရှိတာဆိုတော့ ရာသီသွေးဆင်းရုံလောက်ပဲဖြစ်သွားတာပါ"

"မဟုတ်တာ ကျွန်မ.. ကျွန်မဆေးသောက်တယ်လေ ဒါနဲ့တောင် ကျွန်မမှာဘာလို့.."

"ဆေးတွေကို အပြည့်အဝယုံကြည်လို့မရဘူး အချိန်မှန်မှန်လေးသောက်ရင်တောင် ဒီလိုAccidentလေးတွေက ဖြစ်တတ်ပါတယ်"

"ဘာကိုဖြစ်တတ်တာလဲ ရှင်တို့ အဲ့လိုလက်လွတ်စပယ်မပြောနဲ့"

"ဘာမှမတတ်နိုင်လို့ စိတ်မကောင်းပါဘူး တူမရယ် ဒါပေမယ့် ဒီလိုကိစ္စမျိုးက.."

"မပြောနဲ့ ဒီလိုကိစ္စမဟုတ်ဘူး အဲ့ဒါကျွန်မရဲ့သွေး.. အဲ့ဒီBlueberryလောက်ဟာလေးက ကျွန်မရဲ့.."

မိုးမြေရင်ထဲဆို့နင့်လာရသလို မျက်ရည်တွေရစ်ဝဲလာမိရင်း စောစောက အိမ်မက်ကိုပြန်သတိရလိုက်ကာ မိုးမြေဆီက ဆွဲထုတ်ခံလိုက်ရသောအရာဟာ နှလုံးသားမဟုတ်ဘဲ သက်ရှိလေးတစ်ခုတဲ့လား…
မဟုတ်ပါဘူးဟုငြင်းဆန်ဖို့ အင်အားလည်းမရှိသလို ဒါဟာအမှန်ဆိုတာ သူမ စိတ်ထဲအလိုလိုသိနေခဲ့သည်။
Blueberryသီးလောက်လေးရှိလည်း ထိုအလုံးလေးဟာ မိုးမြေနဲ့ခစားရဲ့သွေးသားလေးပဲမဟုတ်လား…

ရင်ဘတ်တစ်ခုလုံး တင်းမာဆို့ကြပ်လာ၍ သူမ ငိုချလိုက်မိပေမယ့် မျက်ရည်မထွက်သောကြောင့် ကိုယ့်ခေါင်းကို လက်ဖနောင့်နှင့်အခါခါထုနှက်​နေမိသည်။
ဤဆုံးရှူံးခြင်းကို သူမ ဘယ်လိုဖြေသိမ့်ရမလဲမသိသလို မိုးမြေသာ သူ့နောက်ကိုလိုက်မသွားခဲ့ရင် ဒီလိုတွေလည်းဖြစ်လာမှာမဟုတ်…

"စိတ်ထိန်းပါငါ့တူမရယ် အရွယ်လည်းငယ်ပါသေးတယ် နောက်ထပ်ကလေးယူမယ်ဆိုလည်း.."

"ရှင့်ပါးစပ်ပိတ်ထား.. ကျွန်မအခုဘယ်လောက်နာကျင်ရလဲ ရှင်မသိဘူး ဘယ်သူမှလည်းမသိဘူး"

"ကလေးမ"

"မင်းခစားဘယ်မှာလဲ အဲ့ဒါသူ့ကြောင့်မို့.. ကတိတွေခဏခဏချိုးဖောက်ခဲ့လို့ သူ့နောက်ကိုလိုက်ခဲ့မိတာ အလကားလူ.. လူယုတ်မာ.. လူလိမ်"

ဒေါသတကြီးဖြင့် ထိုင်ရာမှထဖို့ပြင်မိပေမယ့် ခါးတစ်ခုလုံးနာကျင်နေ၍ တစ်ကိုယ်လုံးတဆစ်ဆစ်ကိုက်ခဲလာရင်း လူကမလှုပ်နိုင်သေး။
ထိုအချိန် အခန်းထဲသို့ အပြေးတစ်ပိုင်းဝင်လာကြသော ဖေဖေနှင့်မိုးသားကို လှမ်းမြင်လိုက်ရသည့်အခါ မိုးမြေ ခဏတော့ငြိမ်သက်သွားမိသည်။
ထို့နောက် မိုးသားကအရင် သူမဆီပြေးလာကာ ဆံပင်တွေကိုသပ်ပေးရင်း လက်တစ်ဖက်ကိုဖိဆုပ်ကာနှစ်သိမ့်လာတော့ မိုးမြေ ယူကျုံးမရစွာငိုချလိုက်မိတော့သည်။

"သမီးရယ်"

ဖေဖေကလည်း မျက်ရည်တွေရစ်ဝဲနေရင်း မိုးမြေကိုကြည့်ပြီး မျက်ရည်တွေသုတ်ပေးဖို့ ကြိုးစားသည့်အခါ မိုးမြေသည် ဖေဖေ့ရင်ခွင်ထဲတိုးဝင်ရင်း အော်ငိုချလိုက်မိ၏။
ထို့နောက်မှာတော့ ကိုနေသွေးက အခန်းထဲဝင်လာကာ ကိုနေသွေးနောက်မှာတော့ ကိုကောင်းထက်နှင့် ရတနာ…

"မိုးမြေ မငိုပါနဲ့ဟယ် ဦးလေးစိတ်မကောင်းဖြစ်နေမှာပေါ့"

အားလုံးဟာ မိုးမြေကို သနားကြင်နာစွာနှစ်သိမ့်လာကြပေမယ့် ထိုလူတွေထဲမှာ မင်းခစားဆိုသည့်လူမပါခဲ့ချေ။
မကျေနပ်ပေမယ့်၊ စိတ်ဆိုးမိပေမယ့် ဒီအချိန်မှာ မိုးမြေအလိုအပ်ဆုံးက သူ့ကိုသာဖြစ်ပြီး သူ့ဆီကနွေးထွေးခြင်းနှင့် နှစ်သိမ့်စကားတွေကြားချင်မိသည်။
သူ့ရဲ့ပွေ့ဖက်နမ်းရှိုက်မှုဖြင့် မိုးမြေစိတ်ကိုဖြေသိမ့်ချင်သည်။
ဖြစ်ခဲ့သမျှဟာ သူ့ကြောင့်ဟု အပြစ်ဆိုပြီး သူ့ကိုရန်ရှာဂျီကျချင်သည်။
သူ့ရင်ခွင်ထဲတိုးဝင်ကာ ငိုချပစ်ချင်သည်။

"ခစားရော"

"သူ အိမ်ခဏပြန်သွားတယ်"

"မနေ့ကတည်းကလေ အခုထိပြန်မလာသေးဘူးမလား"

ရတနာက အားလုံးကိုမျက်စောင်းချီရင်း မကျေမနပ်ဆူအောင့်စွာပြောလာတော့ မိုးမြေ, ရတနာ့ကိုမော့ကြည့်လိုက်မိသည်။
သူ့သူငယ်ချင်းတွေသည်လည်း ရတနာ့စကားကို တစ်ယောက်မှမဖြေရှင်းကြ၍ သူ ဆေးရုံကိုတစ်ခါမှမလာဘူးလားဆိုသည့် မေးခွန်းကဆက်တိုက်…

"ခစားက UKသွားဖို့လုပ်နေတယ်"

"ဘယ်လို!"

"မိုးမြေ ဒီလိုဖြစ်သွားတာတောင်မှ သူကသွားနိုင်သေးတယ်လား"

"သူ့အမေက ကိုယ်တိုင်လိုက်ပို့မယ်လို့ပြောတယ်တဲ့ ဖုန်းလည်းဆက်လို့မရဘူး အဲ့ကောင်ကိုလည်း အပြင်ထွက်ခွင့်မပေးဘူးထင်တယ်"

"နေစမ်းပါဦး နင်တို့ဘာကိုကွယ်ဝှက်နေတာလဲ ဒီပြဿနာတွေအားလုံးက ခစားကြောင့်မို့ ဖြစ်တာချည်းပဲ မိုးမြေAbortionဖြစ်တာလည်း သူကလုပ်ခိုင်းတာဆို.. ဆရာဝန်ကိုယ်တိုင်က ပြောသွားတာမဟုတ်ဘူးလား"

မိုးမြေ ဟင်ခနဲဖြစ်သွားမိကာ ခေါင်းလေးထောင်ပြီး ကိုနေသွေးတို့ကိုလှမ်းကြည့်လိုက်မိတော့ အားလုံးက ဘာပြောရမှန်းမသိသလို နှုတ်ဆိတ်နေကြ၏။
ဘယ်သူမှမငြင်းဆိုပေမယ့် ထိုစကားကိုတော့ သူမ လက်မခံနိုင်ပါ..
ခစားဟာ မိုးမြေ၏ဆံပင်လေး၊ လက်သည်းလေးကအစ ယုယုယယချစ်တတ်သူမို့ မိုးမြေရဲ့သွေးသားကို ဒီလိုရက်စက်နိုင်မှာမဟုတ်…

"ဟုတ်လို့ငြိမ်နေကြတာလား"

"ရတနာ နင်မဆိုင်တာတွေထည့်မပြောနဲ့ အဲ့ဒီကိစ္စက အဲ့ဒီကိစ္စသပ်သပ်ပဲ မိုးမြေကို ခစားဘယ်လောက်ချစ်သလဲ ငါတို့အားလုံးအသိပဲ"

"ဟုတ်တယ် အဲ့ဒီတော့သေချာတယ် ခစားက လုပ်ခိုင်းမှာမဟုတ်ဘူး ကိုယ်ဝန်ကိစ္စကိုသာ သူသိခဲ့ရင်လည်း ဒီလိုနေမှာမဟုတ်ဘူး သူ့အဖေနဲ့အစ်ကိုက ဒီကိုလိုက်လာတာပဲ ခစားကိုတမင်မပြောကြလို့ ဒီကောင်ပိတ်မိနေတာပေါ့"

"အဟွန်း.."

မိုးမြေ မျက်ရည်တွေကြားမှ နာနာကျင်ကျင်တစ်ချက်ပြုံးလိုက်မိကာ မျက်ရည်တွေသုတ်ပစ်လိုက်သည့်အခါ အားလုံးက မိုးမြေကိုပြန်ကြည့်လာကြသည်။
သူဟာ သူ့မိသားစု၏လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ပုံမရသေးသလို မိုးမြေကိုကာကွယ်ပေးမည်ဆိုသော ကတိစကားဟာလည်း ဆောင်းအိမ်မက်တစ်ခုလိုပဲလား…
သူဟာ ကတိတွေပေးပြီး အမြဲချိုးဖောက်တတ်သူသာဖြစ်၏။

"မိုးမြေ"

"UKသွားမှာဖြင့်သွားပါစေ သူ့အိမ်ကတောင် သူ့ကိုဖုံးကွယ်ထားမှတော့ ဒီအကြောင်းတွေ သူ့ကိုပြန်မပြောနဲ့တော့"

"မဟုတ်သေးဘူးလေ မိုးမြေရယ် အဲ့ကောင်ဘာမှမသိတဲ့အခြေအနေမှာ မင်းအဲ့လို.."

"ဘာမှမသိတာအကောင်းဆုံးပါ သူ မိုးမြေကိုမကာကွယ်နိုင်ဘူး မကာကွယ်နိုင်ခဲ့လို့ပဲ ဒီလိုမျိုးလက်လွှတ်ခဲ့ရတာ နောက်ထပ် သူ့ရဲ့ကာကွယ်မှုကို မလိုချင်တော့ဘူး"

"မိုးမြေ"

"ကျွန်မပြောပြီးပြီ မင်းခစားနဲ့ နောက်ထပ်မပတ်သက်ချင်ဘူး"

ပြောပြီးသည်နှင့် မိုးမြေသည် အိပ်ရာပေါ်ပြန်လှဲချကာ အားလုံးကိုစကားမပြောချင်တော့၍ ဇဂာ်ကျ်ုးကျမတတ် မျက်နှာလွှဲပစ်လိုက်သည်။
ထိုအခါအားလုံးက နှုတ်ဆိတ်သွားကြပြီး အခန်းထဲကတိတ်တဆိတ်ပြန်ထွက်သွားကြ၍ သူမ မျက်ရည်တွေစီးကျလာခဲ့ရင်း ဗိုက်ကလေးပေါ်သို့ လက်က အလိုလိုရောက်သွားမိ၏။

ရင်နာရမယ်မှန်း ငါသိပါတယ် ခစားရယ်…
ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် ဘဝနဲ့ချီပြီးချစ်တဲ့သူတွေဆိုတာ တစ်ယောက်ရဲ့အောင်မြင်မှုလမ်းစကို တစ်ယောက်က မပိတ်ပင်ရဘူးမလား…
ငါ့အခြေအနေကို နင်ပြန်သိသွားတဲ့အခါ နင် အဲ့ဒီမိသားစုထဲက မရမကပြန်ထွက်ပြေးလာမှာလေ..

နာကျင်စရာတွေကို နောက်ထပ်ခံစားရဖို့ ငါလက်မခံနိုင်သေးတဲ့အခြေအနေမို့ ဒီအတိုင်းဝေးလိုက်ကြရအောင်ပါ…
ငါနင့်ကိုမုန်းချင်တယ်…

💌💌💌💌💌💌

Part 50 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

  
💌 Part - 49 💌
---------------

"ကိုကို"

အခ်ဳပ္ခန္းေရ႔ွမွာရပ္ေနေသာ ကိုကို႔ပံုစံက အနည္းငယ္ၫွိုးငယ္ေနကာ သံတိုင္ေတြေနာက္ေရာက္ေနေသာ သူ႔ကိုၾကၫ့္ၿပီး စိတ္မေကာင္းျဖစ္ေနတာလား၊ ေဒါသျဖစ္ေနသလားေတာ့မသိ။
ကိုကို သူ႔ကိုလာထုတ္တာလား၊ အာမခံရလားဟုလည္း စိတ္မဝင္စားႏိုင္ဘဲ သူသိခ်င္သၫ့္အရာဟာ တစ္ခုတည္း…

"Candy သတိရၿပီလား"

ကိုကိုမ်က္ႏွာပ်က္သြားခဲ့သည္။
ထို႔ေနာက္ ေခါင္းကိုအသာအယာခါရမ္းျပသည့္အခါ ေမ်ွာ္လင့္ခ်က္ကင္းမဲ့သြားျပန္ကာ သံတိုင္ေတြကိုလႊတ္ၿပီး စိတ္ပ်က္လက္ပ်က္ျဖင့္ ထိုင္ခ်လိုက္မိသည္။
ထိုအခ်ိန္ အခ်ဳပ္ခန္းတံခါးပြင့္လာကာ ကိုကိုက သူ႔ကိုထြက္လာခဲ့ဖို႔ အခ်က္ျပေတာ့ သူမဆီသို႔ျပန္ခ်င္စိတ္ျဖင့္ ေပ်ာ္သြားမိၿပီး ခ်က္ခ်င္းထေျပးလာခဲ့သည္။

"ေဆးရံုခဏသြားရေအာင္"

"ခစား"

"သူ ဘယ္လိုေနေသးလဲ ကၽြန္ေတာ္သိခ်င္တယ္"

"မင္းေကာင္မေလး ဘာမွမျဖစ္တာ မင္းသိတယ္မလား ICUထဲမွာေနရဦးမယ္ ေတြ့လို႔မရေသးဘူး အခုငါတို႔မာမီ့ဆီအရင္သြားရမယ္"

"ကိုကို"

"မင္းအေမ မင္းသတင္းေၾကာင့္မို႔ အိပ္ရာထဲလဲေနၿပီ ဒီအခ်ိန္မွာေတာင္မွ ဟိုမိန္းမဆီေျပးသြားခ်င္ရင္ေတာ့ မင္းကို ငါကိုယ္တိုင္ရိုဂာ္ခ်ိဳးပစ္မယ္"

ကိုကိုက တကယ္လုပ္ေတာ့မၫ့္ပံုစံျဖင့္ တင္းမာေနေသာေၾကာင့္ ေနာက္ထပ္ကလန္ကဆန္မလုပ္သင့္မွန္း သူ သတိကပ္လိုက္ရသည္။
ဟိုမွာ ေနေသြးတို႔ရိွေနတာပဲဆိုသၫ့္ ေျဖသိမ့္အေတြးျဖင့္ ကိုကို႔အေနာက္ကလိုက္လာခဲ့ကာ ေဆးရံုကိုသြားခ်င္ပါလ်က္ အိမ္ကိုသာျပန္ေရာက္လာခဲ့သည္။
မာမီကေတာ့ ထံုးစံအတိုင္း သူ႔ကိုေတြ့လိုက္သည္ႏွင့္ မ်က္ရည္လည္ရဲြျဖင့္ ထေျပးလာေသာေၾကာင့္ မိုးေျမကို တခဏေတာ့ေမ့ေပ်ာက္သြားခဲ့သည္။

"သားရယ္ ဘာမွမျဖစ္လို႔ေတာ္ပါေသးတယ္ ဘာလို႔ကားၿပိဳင္ရတာလဲ"

"မာမီကလည္း"

"ေတာ္ပါေတာ့ ငါ့သားရယ္ မာမီ့ကိုစိတ္ပူေအာင္လုပ္တာေတြ ေတာ္ပါေတာ့ မနက္ျဖန္ပဲUKကိုသြားရမယ္ မာမီလည္းလိုက္ခဲ့မယ္"

"၄ရက္ေလာက္လိုေသးတယ္ေလ မာမီရာ"

"မရဘူး မင္း ဒီမွာရိွေနေသးရင္ ေနာက္ထပ္အဖမ္းခံရမလား စိတ္မခ်ရဘူး ငါလည္းစိတ္ေအးမွာမဟုတ္ဘူး မင္းကို ငါကိုယ္တိုင္လိုက္ပို႔မွာ"

"မသြားေသးဘူး မာမီ"

သူ စိတ္တိုလာသည္ႏွင့္အမ်ွ ျငင္းပစ္လိုက္သၫ့္ေလသံကလည္း ခပ္တင္းတင္းမို႔ ကိုကိုကေဒါသျဖစ္သြားပံုရသည္။
ထိုင္ေနရာမွထရပ္ရင္း အက်ႌေကာ္လံစကိုဆဲြၿပီး မ်က္ႏွာတည့္တၫ့္ကို လက္သီးတစ္ခ်က္ေျပးဝင္လာၿပီး အားပါလြန္းေသာထိုလက္သီးခ်က္ေၾကာင့္ ၾကမ္းျပင္ေပၚလဲက်သြားခဲ့သည္။

"မင္းဘာလုပ္လုပ္ ငါလႊတ္ထားေပးခဲ့တယ္ မင္းခစား.. ေနာက္ထပ္ အဲ့ဒီမိန္းမအတြက္နဲ႔ ငါ့အေမကိုဒုကၡေရာက္မခံႏိုင္ဘူး"

"ကၽြန္ေတာ္ သူ႔ကိုခ်စ္တယ္ ကၽြန္ေတာ့္ေၾကာင့္ သူICUထဲေရာက္သြားတာ အဲ့ဒါသူ႔အျပစ္လား"

"ဒါဆိုမင္းေျပာစမ္း အဲ့ဒီမိန္းမက မင္းဆီကေငြရေနလို႔ကပ္ေနတာ ဟုတ္သလား မဟုတ္ဘူးလား"

"မဟုတ္ဘူး ကၽြန္ေတာ့္ကိုခ်စ္လို႔"

ဟုတ္ေတာ့ဟုတ္ခဲ့ေပမယ့္ လက္ရိွအခ်ိန္မွာ မဟုတ္ေတာ့ၿပီမို႔ ေခါင္းခါျပရင္း သူထရပ္လိုက္သၫ့္အခါ ေနာက္ထပ္လက္သီးတစ္ခ်က္ ေျပးဝင္လာခဲ့၏။
ဒီတစ္ခါေတာ့ သူ႔မ်က္ႏွာတစ္ခုလံုး စုတ္ျပတ္သြားၿပီဟု ထင္ရေလာက္သည္အထိ ထိုလက္သီးခ်က္က ျပင္းထန္ကာ ပါးစပ္ထဲမွာလည္း ငံက်ိက်ိျဖစ္လာခဲ့သည္။

"မင္း တစ္ခ်ိန္လံုး ေစာက္တလဲြေတြလုပ္ေနခဲ့တာ ဒက္ဒီ့ကိုေရာ၊ မာမီ့ကိုပါစိတ္ဆင္းရဲေအာင္ မင္းလုပ္ေနခဲ့တာ.. ငါေနာက္ထပ္ခြင့္မျပဳႏိုင္ဘူး"

"ကိုကို"

"ပါးစပ္ပိတ္ထား မနက္ျဖန္ေလဆိပ္ဆင္းရမယ္ မင္းတစ္ခါတည္းUKကိုထြက္ရမယ္ မာမီနဲ႔ငါကိုယ္တိုင္ မင္းကိုလိုက္ပို႔မွာ"

"ေတာက္!"

ေဒါသျဖစ္ျဖစ္ႏွင့္ တက္ေခါက္မိသၫ့္အခါ ကိုကိုက ေဘာင္းဘီအိတ္ကပ္ထဲက သူ႔ဖုန္းကိုႏိႈက္ယူၿပီး သိမ္းဆည္းပစ္ကာ ၿခံေစာင့္ေတြကိုလွမ္းေခၚေန၏။
ဒါဟာ ဘယ္လိုဘဝမ်ိဳးလဲ..
ကိုယ့္ဘဝရဲ့အသည္းအသက္ေလး ICUထဲေရာက္ေနခ်ိန္မွာ သူဟာအက်ယ္ခ်ဳပ္က်ေနခဲ့သူအျဖစ္…

"ဒီေကာင့္ကိုေသခ်ာေစာင့္ၾကၫ့္ၾက ဘယ္မွမသြားေစနဲ႔ သူ႔ဆီဘယ္သူမွလည္းမလာေစနဲ႔ မဟုတ္ရင္ မင္းတို႔အေသပဲ"

"ကိုကို ကၽြန္ေတာ့္ကို အဲ့လိုခ်ဳပ္ထားလို႔မရပါဘူး ကၽြန္ေတာ္ ဒီက ရေအာင္ထြက္သြားမွာ"

"အဲ့လိုထင္ရင္လုပ္ၾကၫ့္လိုက္ေလ စကားေတြအမ်ားႀကီးေျပာၿပီးစိန္ေခၚမေနနဲ႔ မင္းလည္းမင္းခစား.. ငါလည္းမင္းရာဇပဲ"

တင္းမာျပတ္ေတာက္စြာ စိန္ေခၚလာေသာ စကားအဆံုးမွာ ကိုကို႔ရဲ့ေဒါသကို ပထမဆံုးျမင္လိုက္ရျခင္းမို႔ စိုးရြံ႔သြားမိတာေတာ့ အမွန္ျဖစ္သည္။
ထိုအခ်ိန္မွာ ငိုခ်လိုက္သၫ့္မာမီ့ေၾကာင့္ အာရံုေတြေထျြပားသြားကာ ေစ့ပိတ္ထားေသာၿခံတံခါးဆီတစ္ခ်က္လွမ္းၾကၫ့္ရင္း အံႀကိတ္ပစ္လိုက္မိသည္။
Sorry Baby
ဒီညေတာ့ ငါ မင္းအနားရိွမေပးႏိုင္ေတာ့ဘူး…

💌💌💌💌💌💌

အေမွာင္ထုႀကီးစိုးေနေသာ အခန္းထဲမွာ မိုးေျမသည္ ခုတင္တစ္ခုအထက္တြင္ ပက္လက္အေနအထားျဖင့္ ရိွေနကာ လက္ေတြမွာလည္း ႀကိဳးေတျြဖင့္ခ်ည္ေနွာင္ထား၏။
တစ္ကိုယ္လံုးလႈပ္မရ၍ စိတ္ထဲမွာ အလိုလိုေၾကာက္လန႔္လာသၫ့္အခ်ိန္တြင္ လူႀကီးတစ္ေယာက္က ဓားးတစ္ေခ်ာင္းျဖင့္ သူမအနားတိုးကပ္လာသည္။
ထိုလူႀကီးကို သူမ မသိခဲ့ေပမယ့္ မိုးေျမအေပၚ ရက္စက္ေတာ့မည္ပံုက အထင္းသား…

"မနာပါဘူး တစ္ခ်က္တည္းပဲ"

"ဟင့္အင္း"

ေခါင္းခါပစ္လိုက္ေပမယ့္ ဘယ္ဘက္ရင္အံုတၫ့္တၫ့္သို႔ စိုက္ဝင္လာေသာဓားခ်က္ေၾကာင့္ စူးနင့္သြားရၿပီး သူမ တအားေအာ္ပစ္လိုက္မိသည္။
ထိုလူႀကီးက မိုးေျမရင္ဘတ္ကိုဓားႏွင့္ခဲြကာ ဘယ္ဘက္ရင္အံုထဲရိွ ႏွလံုးသားကို လက္ႏွင့္ႏိႈက္ယူသြားၿပီး ထိုလူႀကီး၏လက္ထဲမွာ ႏွလံုးက တဆတ္ဆတ္ခုန္ေနေသး၏။
ကိုယ့္မ်က္လံုးကို မယံုႏိုင္ေပမယ့္ ထိုႏွလံုးဆီမွေသြးေတြ တစက္ခ်င္းစီးက်ေနသည္မွာ စိတၲဇျမင္ကြင္းတစ္ခုလို…

"မင္းမွာဘာမွမရိွေတာ့ဘူး"

မိုးေျမ ကိုယ့္ရင္ဘတ္ကို အလန႔္တၾကားငံု႔ၾကၫ့္မိေတာ့ ရင္ဘတ္မွာ ဟင္းလင္းပြင့္ေနခဲ့ၿပီး ၾကမ္းျပင္ေပၚမွာ အိုင္ထြန္းေနခဲ့ေသာေသြးေတြ…

"မလုပ္နဲ႔"

သူမ ဆတ္ခနဲျဖစ္သြားမိကာ ဒါဟာအိမ္မက္ဟုအသိစိတ္ကလက္ခံလာမွ မ်က္လံုးကို ဖြင့္ၾကၫ့္မိေတာ့ ေဆးရံုတစ္ခုကိုေရာက္ေနမွန္း သိလိုက္ရသည္။
သတိတရျဖင့္ ကိုယ့္ရင္ဘတ္ကိုငံု႔ၾကၫ့္မိေတာ့ ရင္ဘတ္မွာ ဟင္းလင္းပြင့္ေနတာလည္းမရိွ၊ ေသြးလည္းစိုမေနခဲ့…
သို႔ေသာ္ လက္ဖ်ံမွာ ပတ္တီးစည္းထားရၿပီး ခါးတစ္ခုလံုးလည္း တင္းက်ပ္နာက်င္ေနမိသည္။

"လူနာသတိရလာၿပီ"

ဆရာဝန္တခ်ိဳ႕က မိုးေျမဆီေလ်ွာက္လာၾကၿပီး ႏွလံုးခုန္ႏႈန္းတိုင္းၾက၊ ေဆးစစ္ၾကျဖင့္ အလုပ္ရႈပ္ေနၾက၍ သူမ ၿငိမ္ေနလိုက္ၿပီး ဘာျဖစ္သြားခဲ့သလဲ ျပန္ေတြးေနမိသည္။
ကားၿပိဳင္ကြင္းကေန ျပန္ေျပးအလာမွာ မိုးေျမ ေနာက္ဆံုးျမင္လိုက္ရတာက မိုးေျမဆီေျပးဝင္လာေနေသာ ကားတစ္စီးသာ…
ခစား.. သူေရာ…

"ကၽြန္မ ဘာျဖစ္သြားတာလဲ"

"လက္ဖ်ံရိုးက်ိဳးသြားတာပါ တင္ပဆံုရိုးလည္း လဲြသြားတယ္ ၿပီးေတာ့ Abortionလည္းျဖစ္ထားတယ္"

Abortionဆိုပါလား…
မိုးေျမအံ့ဩသြားမိသလို မယံုႏိုင္စိတ္ျဖင့္တုန္လႈပ္သြားၿပီး ေကာင္းေနေသးေသာလက္တစ္ဖက္ျဖင့္ အက်ႌကိုလွန္ၾကၫ့္လိုက္သည္။
ဘာခ်ဳပ္ေၾကာင္းမွမရိွသလို ပတ္တီးစည္းထားေသာဒဏ္ရာေတြကလဲြၿပီး ဘယ္လိုနာက်င္မႈကိုမွ သူမ မခံစားရ၍ ဆရာဝန္ကိုျပန္ေမာ့ၾကည့္လိုက္မိသည္။

"ကိုယ္ဝန္က ၇ပတ္ေလာက္ပဲရိွေသးတယ္ ၇ပတ္ဆိုတဲ့အရြယ္အစားက ခဲြထုတ္စရာမလိုဘူး ငါ့တူမရဲ့ 10mmေလာက္ပဲ ျမင္သာေအာင္ေျပာရရင္ေတာ့ Blueberryသီးေလာက္ေလးပဲရိွတာဆိုေတာ့ ရာသီေသြးဆင္းရံုေလာက္ပဲျဖစ္သြားတာပါ"

"မဟုတ္တာ ကၽြန္မ.. ကၽြန္မေဆးေသာက္တယ္ေလ ဒါနဲ႔ေတာင္ ကၽြန္မမွာဘာလို႔.."

"ေဆးေတြကို အျပၫ့္အဝယံုၾကည္လို႔မရဘူး အခ်ိန္မွန္မွန္ေလးေသာက္ရင္ေတာင္ ဒီလိုAccidentေလးေတြက ျဖစ္တတ္ပါတယ္"

"ဘာကိုျဖစ္တတ္တာလဲ ရွင္တို႔ အဲ့လိုလက္လြတ္စပယ္မေျပာနဲ႔"

"ဘာမွမတတ္ႏိုင္လို႔ စိတ္မေကာင္းပါဘူး တူမရယ္ ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးက.."

"မေျပာနဲ႔ ဒီလိုကိစၥမဟုတ္ဘူး အဲ့ဒါကၽြန္မရဲ့ေသြး.. အဲ့ဒီBlueberryေလာက္ဟာေလးက ကၽြန္မရဲ့.."

မိုးေျမရင္ထဲဆို႔နင့္လာရသလို မ်က္ရည္ေတြရစ္ဝဲလာမိရင္း ေစာေစာက အိမ္မက္ကိုျပန္သတိရလိုက္ကာ မိုးေျမဆီက ဆဲြထုတ္ခံလိုက္ရေသာအရာဟာ ႏွလံုးသားမဟုတ္ဘဲ သက္ရိွေလးတစ္ခုတဲ့လား…
မဟုတ္ပါဘူးဟုျငင္းဆန္ဖို႔ အင္အားလည္းမရိွသလို ဒါဟာအမွန္ဆိုတာ သူမ စိတ္ထဲအလိုလိုသိေနခဲ့သည္။
Blueberryသီးေလာက္ေလးရိွလည္း ထိုအလံုးေလးဟာ မိုးေျမနဲ႔ခစားရဲ့ေသြးသားေလးပဲမဟုတ္လား…

ရင္ဘတ္တစ္ခုလံုး တင္းမာဆို႔ၾကပ္လာ၍ သူမ ငိုခ်လိုက္မိေပမယ့္ မ်က္ရည္မထြက္ေသာေၾကာင့္ ကိုယ့္ေခါင္းကို လက္ဖေနာင့္ႏွင့္အခါခါထုႏွက္​ေနမိသည္။
ဤဆံုးရႉံးျခင္းကို သူမ ဘယ္လိုေျဖသိမ့္ရမလဲမသိသလို မိုးေျမသာ သူ႔ေနာက္ကိုလိုက္မသြားခဲ့ရင္ ဒီလိုေတြလည္းျဖစ္လာမွာမဟုတ္…

"စိတ္ထိန္းပါငါ့တူမရယ္ အရြယ္လည္းငယ္ပါေသးတယ္ ေနာက္ထပ္ကေလးယူမယ္ဆိုလည္း.."

"ရွင့္ပါးစပ္ပိတ္ထား.. ကၽြန္မအခုဘယ္ေလာက္နာက်င္ရလဲ ရွင္မသိဘူး ဘယ္သူမွလည္းမသိဘူး"

"ကေလးမ"

"မင္းခစားဘယ္မွာလဲ အဲ့ဒါသူ႔ေၾကာင့္မို႔.. ကတိေတြခဏခဏခ်ိဳးေဖာက္ခဲ့လို႔ သူ႔ေနာက္ကိုလိုက္ခဲ့မိတာ အလကားလူ.. လူယုတ္မာ.. လူလိမ္"

ေဒါသတႀကီးျဖင့္ ထိုင္ရာမွထဖို႔ျပင္မိေပမယ့္ ခါးတစ္ခုလံုးနာက်င္ေန၍ တစ္ကိုယ္လံုးတဆစ္ဆစ္ကိုက္ခဲလာရင္း လူကမလႈပ္ႏိုင္ေသး။
ထိုအခ်ိန္ အခန္းထဲသို႔ အေျပးတစ္ပိုင္းဝင္လာၾကေသာ ေဖေဖႏွင့္မိုးသားကို လွမ္းျမင္လိုက္ရသၫ့္အခါ မိုးေျမ ခဏေတာ့ၿငိမ္သက္သြားမိသည္။
ထို႔ေနာက္ မိုးသားကအရင္ သူမဆီေျပးလာကာ ဆံပင္ေတြကိုသပ္ေပးရင္း လက္တစ္ဖက္ကိုဖိဆုပ္ကာႏွစ္သိမ့္လာေတာ့ မိုးေျမ ယူက်ဳံးမရစြာငိုခ်လိုက္မိေတာ့သည္။

"သမီးရယ္"

ေဖေဖကလည္း မ်က္ရည္ေတြရစ္ဝဲေနရင္း မိုးေျမကိုၾကၫ့္ၿပီး မ်က္ရည္ေတြသုတ္ေပးဖို႔ ႀကိဳးစားသၫ့္အခါ မိုးေျမသည္ ေဖေဖ့ရင္ခြင္ထဲတိုးဝင္ရင္း ေအာ္ငိုခ်လိုက္မိ၏။
ထို႔ေနာက္မွာေတာ့ ကိုေနေသြးက အခန္းထဲဝင္လာကာ ကိုေနေသြးေနာက္မွာေတာ့ ကိုေကာင္းထက္ႏွင့္ ရတနာ…

"မိုးေျမ မငိုပါနဲ႔ဟယ္ ဦးေလးစိတ္မေကာင္းျဖစ္ေနမွာေပါ့"

အားလံုးဟာ မိုးေျမကို သနားၾကင္နာစြာႏွစ္သိမ့္လာၾကေပမယ့္ ထိုလူေတြထဲမွာ မင္းခစားဆိုသၫ့္လူမပါခဲ့ေခ်။
မေက်နပ္ေပမယ့္၊ စိတ္ဆိုးမိေပမယ့္ ဒီအခ်ိန္မွာ မိုးေျမအလိုအပ္ဆံုးက သူ႔ကိုသာျဖစ္ၿပီး သူ႔ဆီကေနြးေထြးျခင္းႏွင့္ ႏွစ္သိမ့္စကားေတြၾကားခ်င္မိသည္။
သူ႔ရဲ့ေပြ့ဖက္နမ္းရိႈက္မႈျဖင့္ မိုးေျမစိတ္ကိုေျဖသိမ့္ခ်င္သည္။
ျဖစ္ခဲ့သမ်ွဟာ သူ႔ေၾကာင့္ဟု အျပစ္ဆိုၿပီး သူ႔ကိုရန္ရွာဂ်ီက်ခ်င္သည္။
သူ႔ရင္ခြင္ထဲတိုးဝင္ကာ ငိုခ်ပစ္ခ်င္သည္။

"ခစားေရာ"

"သူ အိမ္ခဏျပန္သြားတယ္"

"မေန့ကတည္းကေလ အခုထိျပန္မလာေသးဘူးမလား"

ရတနာက အားလံုးကိုမ်က္ေစာင္းခ်ီရင္း မေက်မနပ္ဆူေအာင့္စြာေျပာလာေတာ့ မိုးေျမ, ရတနာ့ကိုေမာ့ၾကၫ့္လိုက္မိသည္။
သူ႔သူငယ္ခ်င္းေတြသည္လည္း ရတနာ့စကားကို တစ္ေယာက္မွမေျဖရွင္းၾက၍ သူ ေဆးရံုကိုတစ္ခါမွမလာဘူးလားဆိုသၫ့္ ေမးခြန္းကဆက္တိုက္…

"ခစားက UKသြားဖို႔လုပ္ေနတယ္"

"ဘယ္လို!"

"မိုးေျမ ဒီလိုျဖစ္သြားတာေတာင္မွ သူကသြားႏိုင္ေသးတယ္လား"

"သူ႔အေမက ကိုယ္တိုင္လိုက္ပို႔မယ္လို႔ေျပာတယ္တဲ့ ဖုန္းလည္းဆက္လို႔မရဘူး အဲ့ေကာင္ကိုလည္း အျပင္ထြက္ခြင့္မေပးဘူးထင္တယ္"

"ေနစမ္းပါဦး နင္တို႔ဘာကိုကြယ္ဝွက္ေနတာလဲ ဒီျပႆနာေတြအားလံုးက ခစားေၾကာင့္မို႔ ျဖစ္တာခ်ည္းပဲ မိုးေျမAbortionျဖစ္တာလည္း သူကလုပ္ခိုင္းတာဆို.. ဆရာဝန္ကိုယ္တိုင္က ေျပာသြားတာမဟုတ္ဘူးလား"

မိုးေျမ ဟင္ခနဲျဖစ္သြားမိကာ ေခါင္းေလးေထာင္ၿပီး ကိုေနေသြးတို႔ကိုလွမ္းၾကၫ့္လိုက္မိေတာ့ အားလံုးက ဘာေျပာရမွန္းမသိသလို ႏႈတ္ဆိတ္ေနၾက၏။
ဘယ္သူမွမျငင္းဆိုေပမယ့္ ထိုစကားကိုေတာ့ သူမ လက္မခံႏိုင္ပါ..
ခစားဟာ မိုးေျမ၏ဆံပင္ေလး၊ လက္သည္းေလးကအစ ယုယုယယခ်စ္တတ္သူမို႔ မိုးေျမရဲ့ေသြးသားကို ဒီလိုရက္စက္ႏိုင္မွာမဟုတ္…

"ဟုတ္လို႔ၿငိမ္ေနၾကတာလား"

"ရတနာ နင္မဆိုင္တာေတြထၫ့္မေျပာနဲ႔ အဲ့ဒီကိစၥက အဲ့ဒီကိစၥသပ္သပ္ပဲ မိုးေျမကို ခစားဘယ္ေလာက္ခ်စ္သလဲ ငါတို႔အားလံုးအသိပဲ"

"ဟုတ္တယ္ အဲ့ဒီေတာ့ေသခ်ာတယ္ ခစားက လုပ္ခိုင္းမွာမဟုတ္ဘူး ကိုယ္ဝန္ကိစၥကိုသာ သူသိခဲ့ရင္လည္း ဒီလိုေနမွာမဟုတ္ဘူး သူ႔အေဖနဲ႔အစ္ကိုက ဒီကိုလိုက္လာတာပဲ ခစားကိုတမင္မေျပာၾကလို႔ ဒီေကာင္ပိတ္မိေနတာေပါ့"

"အဟြန္း.."

မိုးေျမ မ်က္ရည္ေတြၾကားမွ နာနာက်င္က်င္တစ္ခ်က္ႃပံုးလိုက္မိကာ မ်က္ရည္ေတြသုတ္ပစ္လိုက္သၫ့္အခါ အားလံုးက မိုးေျမကိုျပန္ၾကၫ့္လာၾကသည္။
သူဟာ သူ႔မိသားစု၏ေလာင္းရိပ္ေအာက္မွ ရုန္းထြက္ႏိုင္ပံုမရေသးသလို မိုးေျမကိုကာကြယ္ေပးမည္ဆိုေသာ ကတိစကားဟာလည္း ေဆာင္းအိမ္မက္တစ္ခုလိုပဲလား…
သူဟာ ကတိေတြေပးၿပီး အၿမဲခ်ိဳးေဖာက္တတ္သူသာျဖစ္၏။

"မိုးေျမ"

"UKသြားမွာျဖင့္သြားပါေစ သူ႔အိမ္ကေတာင္ သူ႔ကိုဖံုးကြယ္ထားမွေတာ့ ဒီအေၾကာင္းေတြ သူ႔ကိုျပန္မေျပာနဲ႔ေတာ့"

"မဟုတ္ေသးဘူးေလ မိုးေျမရယ္ အဲ့ေကာင္ဘာမွမသိတဲ့အေျခအေနမွာ မင္းအဲ့လို.."

"ဘာမွမသိတာအေကာင္းဆံုးပါ သူ မိုးေျမကိုမကာကြယ္ႏိုင္ဘူး မကာကြယ္ႏိုင္ခဲ့လို႔ပဲ ဒီလိုမ်ိဳးလက္လႊတ္ခဲ့ရတာ ေနာက္ထပ္ သူ႔ရဲ့ကာကြယ္မႈကို မလိုခ်င္ေတာ့ဘူး"

"မိုးေျမ"

"ကၽြန္မေျပာၿပီးၿပီ မင္းခစားနဲ႔ ေနာက္ထပ္မပတ္သက္ခ်င္ဘူး"

ေျပာၿပီးသည္ႏွင့္ မိုးေျမသည္ အိပ္ရာေပၚျပန္လွဲခ်ကာ အားလံုးကိုစကားမေျပာခ်င္ေတာ့၍ ဇဂာ္က်ိဳးက်မတတ္ မ်က္ႏွာလႊဲပစ္လိုက္သည္။
ထိုအခါအားလံုးက ႏႈတ္ဆိတ္သြားၾကၿပီး အခန္းထဲကတိတ္တဆိတ္ျပန္ထြက္သြားၾက၍ သူမ မ်က္ရည္ေတြစီးက်လာခဲ့ရင္း ဗိုက္ကေလးေပၚသို႔ လက္က အလိုလိုေရာက္သြားမိ၏။

ရင္နာရမယ္မွန္း ငါသိပါတယ္ ခစားရယ္…
ဒါေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ဘဝနဲ႔ခ်ီၿပီးခ်စ္တဲ့သူေတြဆိုတာ တစ္ေယာက္ရဲ့ေအာင္ျမင္မႈလမ္းစကို တစ္ေယာက္က မပိတ္ပင္ရဘူးမလား…
ငါ့အေျခအေနကို နင္ျပန္သိသြားတဲ့အခါ နင္ အဲ့ဒီမိသားစုထဲက မရမကျပန္ထြက္ေျပးလာမွာေလ..

နာက်င္စရာေတြကို ေနာက္ထပ္ခံစားရဖို႔ ငါလက္မခံႏိုင္ေသးတဲ့အေျခအေနမို႔ ဒီအတိုင္းေဝးလိုက္ၾကရေအာင္ပါ…
ငါနင့္ကိုမုန္းခ်င္တယ္…

💌💌💌💌💌💌

Part 50 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Pokračovať v čítaní

You'll Also Like

457K 10.3K 51
Crazy one day her crush from the other side of world appeared right in front of her. She can't even possibly think how the hell is this possible. Rea...
365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
426K 10.2K 44
ပန်းကြွေနက္ခတ်နဲ့ဖွားပြီးပန်းတို့ရဲ့ အရှင်သခင် လို့တင်စားခေါ်ကြတဲ့ နေမျက်နှာဆိုသောထိုယောကျာ်း.......... "ရှင်နဲ့တို့ထိမိတဲ့အပိုင်းတွေဆို ရွံလို့ကိုယ်...
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...