[Unicode]
'ငါ့ကိုမလွမ်းဘူးလား'
ကီးဘုတ်တီးသူလည်း ဝမ်ချောင့်အကြည့်ကို သတိထားမိတာမို့ နောက်ပြန်လှည့်ကြည့်ပြီး သူ့မျက်နှာက ချက်ချင်းဆိုသလို မဲမှောင်သွားတော့သည်။
ဒီအချိန် နန်ကျင်းမှာပဲရှိနေသင့်သေးသည့်ရှဲ့ကျူရှင်းက အစောပြန်ရောက်လို့နေခဲ့သည်။
ဝမ်ချောင် ထိုင်ခုံပေါ်မှ အလျင်စလို ခုန်ဆင်းပြီး ကီးဘုတ်တီးသူကိုတောင် ခေါင်းထဲမထည့်နေဘဲ ဝင်ပေါက်ရှိရာကို အပြေးလှမ်းသွားပြီး တအံ့တဩပြောလိုက်သည်။ "မင်းပြောတော့ မနက်ဖြန်နေ့လည်အထိ ပြန်မလာဖြစ်ဘူးဆို? ဟမ်? မင်း ခရီးဆောင်အိတ်ကရော?"
ရှဲ့ကျူရှင်း မသိမသာလေးခေါင်းငုံ့လျက် သူ့မျက်ဝန်းများကို ဦးထုပ်ဖြင့် ဖုံးကွယ်ထားရင်း ပြန်ပြောလိုက်သည်။ "ငါ့အချိန်စာရင်းထဲ အပြောင်းအလဲနည်းနည်းရှိသွားလို့ အစောပြန်ရောက်လာတာ။ ငါ အိမ်ဝင်ပြီး အထုတ်တွေ ချထားခဲ့ပြီးပြီ။"
'အချိန်စာရင်းအပြောင်းအလဲရှိသွားလို့? အဓိပ္ပါယ်မရှိတာတွေ!' ဝမ်ချောင် ကျေနပ်မှုအပြည့်ဖြင့် ထပ်မေးတော့သည်။ "WeChat မှာ ငါတစ်ယောက်တည်း ညလယ်စာစားနေရတာကို မြင်လိုက်ရတော့ အထီးကျန်တာလေးတွေ ပျောက်သွားအောင် လာခဲ့ပေးတာလား။"
ရှဲ့ကျူရှင်း ဘာမှပြန်မဖြေဘဲ ခေါင်းမော့လျက် သူ့အနောက်ကိုလှမ်းကြည့်လိုက်သည်။
ကီးဘုတ်တီးသူကလည်း အနားသို့လျှောက်လာ၏။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြည့်မလွှဲဘဲ ကြည့်နေမိကြသည်။ ရှဲ့ကျူရှင်းကတော့ ဘာခံစားချက်မျိုးမှ ထုတ်မပြလာပေမယ့် ကီးဘုတ်တီးသူမျက်နှာကတော့ မှုန်သုန်နေတော့သည်။
သူတို့က အရင်နှစ်ကတည်းက ကွမ်ကျိုးမှာတွေ့ဖူးပြီးဖြစ်သည်။ နောက်ပိုင်းမှာတော့ ကီးဘုတ်တီးသူ ပေ့ကျင်းသို့ရောက်လာပြီး ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလာခဲ့သည်။ ထို့ကြောင့်လည်း သူတို့တတွေ ကုမ္ပဏီနှင့်ပတ်သတ်သည့်ပွဲမျိုး၌ အကြိမ်ပေါင်းများစွာတွေ့ဖြစ်ကြပေမယ့် တစ်ခါမှတော့ စကားပြောဖူးခြင်းမရှိခဲ့။
ဝမ်ချောင်ကတော့ ကီးဘုတ်တီးသူကို မမြင်သလို ရှဲ့ကျူရှင်းကို အရှေ့ခေါ်ထုတ်သွားတော့သည်။ "သွားမယ်၊ သွားမယ်။ အိမ်ပြန်ရအောင်။ ငါ မင်းကိုပြစရာလေးတစ်ခုရှိတယ်။"
ရှဲ့ကျူရှင်း : "... အင်း"
သူတို့နှစ်ယောက် ထွက်သွားဖို့လုပ်လိုက်သည်။
ကီးဘုတ်သမားမှ လှမ်းခေါ်လာ၏။ "ရှောင်ချောင်"
ဝမ်ချောင်က မကြားချင်ယောင်ဆောင်ချင်ပေမယ့် ရှဲ့ကျူရှင်းကတော့ ဆက်မသွားဘဲ နေရာမှာရပ်သွားခဲ့သည်။
ထို့ကြောင့်လည်း ဝမ်ချောင်တစ်ယောက် အနောက်လှည့်ကြည့်ပြီး ဆဲဆိုတော့သည်။ "ငါ မင်းကို အဲ့လိုရွံစရာကောင်းတာတွေ မခေါ်လာနဲ့လို့ပြောထားတယ်မလား။ ထပ်အရိုက်ခံချင်နေတာလား။"
ရှဲ့ကျူရှင်းလည်း ကီးဘုတ်တီးသူကို ပြန်လှည့်ကြည့်လိုက်သည်။
ကီးဘုတ်တီးသူကတော့ လူတိုင်း သူ့ကိုဝိုင်းအနိုင်ကျင့်ထားသလိုပုံစံဖြင့်ပြောလာသည်။ "အစကတော့ မင်းပဲ ငါ့ကို အဲ့လိုခေါ်ဖို့ပြောတာလေ။ အခုကျ မင်းက ရွံဖို့ကောင်းတယ်တဲ့လား။"
ဝမ်ချောင့်အတွက်ကတော့ ကြာလှပြီဖြစ်သည့်ကိစ္စတစ်ခုကို မမှတ်မိနေတော့။ သို့ပေမယ့် သူတို့နှစ်ယောက် ဘယ်လိုကွဲပြဲခဲ့သလဲဆိုတာကိုတော့ အခုထိမှတ်မိထားဆဲမို့ ချက်ချင်းတန်းပြန်ပြောလိုက်သည်။ "ချီးသွားစားလို့ ငါ မင်းကိုပြောခဲ့သေးတာပဲ။ ဘာလို့ အခုထိသွားမစားသေးလဲ။"
နောက်ဆုံးမှာတော့ ကီးဘုတ်သမား တိတ်သွားရတော့သည်။
ဝမ်ချောင်တစ်ယောက် ရှဲ့ကျူရှင်းပခုံးပေါ် သူ့လက်များတင်ထားလျက် အနောက်မှ ခပ်သာသာတွန်းရင်း သူတို့နှစ်ယောက်က ကလေးတွေ ရထားတွဲကစားနေကြသလို ဆိုင်ထဲမှထွက်သွားလိုက်သည်။
ကားသွားယူပြီးချိန်မှာတော့ ဝမ်ချောင်မေးလာခဲ့သည်။ "မင်း အခုနကမှ လေယာဉ်ပေါ်က ဆင်းတာလား။"
"နည်းနည်းတော့ကြာပြီ။"
ဝမ်ချောင် သူ့အိတ်ကပ်ထဲမှသော့ကို ဆွဲထုတ်လိုက်သည်။ "ဒါဆိုလည်း ငါပဲမောင်းလိုက်ပါ့မယ်။ မင်း နားလိုက်ဦး။ ငါ ဒီနေ့ ဘာအရက်မှမသောက်ရသေးဘူး။"
ရှဲ့ကျူရှင်း ငြင်းပယ်မလာခဲ့။
ဝမ်ချောင် ခပ်တိုးတိုးရယ်မိသွားသည်။ "ငါ မင်းကိုဘယ်လောက်ဂရုစိုက်လိုက်လဲ မြင်တယ်မလား။"
ရှဲ့ကျူရှင်းကတော့ အပြုံးအရယ်မရှိ ကားပေါ်တက်သွားတော့သည်။
ဝမ်ချောင်လည်း ကားပေါ် အမြန်လိုက်တက်ရင်း စိတ်ပူမှုအပြည့်ဖြင့်မေးလိုက်သည်။ "မင်း တကယ်ပင်ပန်းနေတာလား။ အရင်က ဆက်တိုက်နီးပါး ဟိုဟိုဒီဒီပျံနေရတာတောင် မင်းဆီက ပင်ပန်းတယ်လို့ပြောတာ မကြားဖူးပါဘူး။ ဒီတစ်ခေါက်ကျမှ ဘယ်လိုလုပ်ပြီးအခြေအနေဆိုးနေရတာလဲ။"
'ဂရုစိုက်တဲ့စကားတွေကိုတောင် ထရိုက်ချင်အောင်ပြောတတ်တယ်။ သူ့အစွမ်းကတော့ တကယ့်ကိုဩချစရာပါပဲ။'
ရှဲ့ကျူရှင်း စိတ်ရှုပ်သလိုပြန်ဖြေလိုက်သည်။ "မဟုတ်တာတွေပြောမနေဘဲ အိမ်ကိုမြန်မြန်မောင်း။ မင်းပဲ ငါ့ကိုပြစရာရှိတယ်ဆို?"
ဝမ်ချောင် သူ့ဘက်ကို အကြိမ်ရေအနည်းငယ်မျှလှမ်းကြည့်ပြီးကာမှ ကားစက်နှိုး၍ အရှိန်တင်ပြီး မောင်းထွက်သွားလိုက်တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ဝမ်ချောင်တစ်ယောက် ရုတ်ချည်းအလင်းဝင်သွားပြီး အလျင်စလိုဖြေရှင်းလာခဲ့သည်။ "ငါ မင်းကိုလိမ်နေတာမဟုတ်ဘူး။ ပုစွန်ကို ငါတစ်ယောက်တည်း သွားစားတာ။"
ရှဲ့ကျူရှင်းကတော့ ခေါင်းငုံ့ထားရင်း ဖုန်းသာသုံးနေဆဲ။
"ငါပြောတာနားထောင်ဦး! မင်းမကြားဘူးလား?"
ရှဲ့ကျူရှင်း ဖုန်းပိတ်ပြီး မျက်နှာသေဖြင့်ပြောလာသည်။ "ဘာတွေဆူနေတာလဲ။ ငါ နားမလေးဘူး၊ ကန်းလည်းကန်းမနေဘူး။ ကောင်းကောင်းကြားရပြီး မြင်လည်းမြင်ရတယ်။"
"မင်း ငါ့ကို ဝေ့ဝိုက်ပြီး ဒေါသထွက်ပြမနေနဲ့။"
ရှဲ့ကျူရှင်း တစ်ဖန်ပြန်တိတ်သွားတော့သည်။
ဝမ်ချောင် အနည်းငယ်မျှတော့ မတရားခံရသလိုခံစားနေရပေမယ့် စိတ်ထဲ နည်းနည်းတော့လည်း ပျော်နေမိသည်သာ။ "ငါ တကယ် တစ်ယောက်တည်းသွားတာ၊ ဘယ်သူနဲ့မှလည်း မချိန်းထားဘူး။ အဲ့အရူးကောင်က ဒီမှာ ညလယ်စာစားဖို့ဆိုပြီးရောက်နေတာနဲ့ ကြုံသွားတာ။ သူက ငါ့မြင်တာနဲ့ ငါထိုင်နေတဲ့ခုံမှာ လိုက်ထိုင်ဖို့လုပ်တော့တာပဲ။ ဒါတောင် ငါ သူ့ကို လုံးဝလျစ်လျူရှုထားတာ။"
"အဲ့လောက်တိုက်ဆိုင်တယ်?"
ဝမ်ချောင် အမှန်အတိုင်းပြောပြလိုက်သည်။ "အဲ့တာက .. သူ ဒီအထိ တကူးတကလိုက်လာတာလည်းဖြစ်နိုင်တယ်။"
ထို့နောက် ကုမ္ပဏီ၌ သူတို့တွေ့ခဲ့ပုံအား အကျဉ်းချုပ်ပြန်ပြောလိုက်တော့သည်။
ရှဲ့ကျူရှင်း သိချင်စိတ်အပြည့်ဖြစ်သွားရသည်။ "မင်း အဲ့လောက်နောက်ကျတဲ့အထိ ကုမ္ပဏီမှာ ဘာလုပ်နေတာလဲ။ မကြောက်ဘူးလား။"
ဝမ်ချောင် သူပြောစရာရှိနေသည့်ကိစ္စကို ပြန်အမှတ်ရသွားပြီး ဝမ်းသာအားရပြောလာခဲ့သည်။ "ငါ မင်းကို ခုနတုန်းက ပြစရာရှိတယ်လို့ပြောတယ်မလား။ အဲ့ဒါပဲလေ။"
ထိုအချိန်မှာပဲ သူတို့တွေ လမ်းဆုံတစ်ခု၌ မီးနီစောင့်နေရသည်နှင့်ကြုံတာမို့ သူလည်း ကားရပ်ထားရင်း ဖုန်းထဲ save ထားသည့်အသံဖိုင်လေးကို ဖွင့်ပြလိုက်တော့သည်။
သံစဉ်က demo အဆင့်သာရှိပြီး ပီယာနိုဖြင့်တီးထားတာလေးဖြစ်ကာ စက္ကန့်နှစ်ဆယ်မျှသာ ကြာမြင့်လေသည်။
ထိုသံစဉ်လေးက မီးနီအရောင်မပြောင်းခင်မှာပဲ ပြီးဆုံးသွားတော့သည်။
ဝမ်ချောင် ရှက်နေသလိုမေးလာခဲ့သည်။ "ဟေး၊ ဘယ်လိုနေလဲ။"
ရှဲ့ကျူရှင်း : "... မင်းရေးထားတာလား။"
ဝမ်ချောင် သူ့မျက်နှာသူအုပ်ထားရင်း ပိုရှက်သွားသလိုခံစားလိုက်ရတော့သည်။ "ဘယ်လိုနေလဲလို့"
မီးစိမ်းသွားချိန်မှာတော့ သူ အလျင်စလို အရှိန်တင်ရင်း အရှေ့ဆက်မောင်းသွားပေမယ့် တစ်ချိန်တည်းမှာပဲ ရှဲ့ကျူရှင်းကို သူ့မျက်ဝန်းထောင့်မှတစ်ဆင့် ထိတ်လန့်မျှော်လင့်ထားမှုများဖြင့်ကြည့်နေမိ၏။
ရှဲ့ကျူရှင်းက သူ့ဖုန်းကိုလှမ်းယူပြီး နားအနားကပ်ထားရင်း အကြိမ်များစွာနားထောင်ပြီးကာမှ ပြန်ပြောလိုက်သည်။ "နားထောင်လို့ကောင်းတယ်။"
ဝမ်ချောင် ပြုံးဖြီးသွားတော့သည်။
ရှဲ့ကျူရှင်း ထပ်ပြောလာသည်။ "ဒီနေ့ရေးထားတာလား။ မင်း ငါတို့အိမ်အသစ်ကို သွားလည်တယ်မဟုတ်ဘူးလား။"
ဝမ်ချောင် ပိုပျော်ရွှင်သွားရသလိုပြုံးသွား၏။ "ငါ မနက်က ငါတို့အိမ်သစ်ကို သွားကြည့်တာ။ ပြန်လာပြီးတော့ တစ်နေ့လယ်ခင်းလုံး အိပ်ပြီးတာနဲ့ နိုးလာတော့ အကြံပေါ်လာတယ်လေ။"
သူ စကားပြောနေသည်ကို တမင်နှေးလိုက်ပြီးမှ ဆက်ပြောသည်။ "မင်းကိုလွမ်းနေရင်းနဲ့ တွေးမိလာတာ"
ရှဲ့ကျူရှင်းမျက်နှာလေး နွေးသွားရသည်။
ဝမ်ချောင် မေးလာသည်။ "မင်း ငါ့ကိုလွမ်းနေလား။"
"မလွမ်းဘူး"
ဝမ်ချောင်ကတော့ အယုံအကြည်မရှိနေ။ "လျှောက်ပြော! မလွမ်းဘူးဆို ဘာလို့ အလောတကြီးတွေပြန်လာလဲ။"
ရှဲ့ကျူရှင်း ဘာမှပြန်မပြောလာ။
ဝမ်ချောင် ထပ်မေးပြန်သည်။ "အဲ့တော့မလွမ်းဘူးလား?"
ရှဲ့ကျူရှင်း : "... လွမ်းတယ်"
ဝမ်ချောင်တစ်ယောက် အပျော်လွန်သွားရသည်။ သူ ဘယ်လက်နှင့် စတီယာတိုင်ကို ကိုင်ထားရင်း ညာလက်ဖြင့် ရှဲ့ကျူရှင်းပေါင်ကို ပွတ်သီးပွတ်သပ်လုပ်လိုက်တော့သည်။ ထိုသို့ ပွတ်သပ်ဖိညှစ်ရင်း တဖြည်းဖြည်းနှင့် သူ့လက်က အပေါ်ပိုင်းသို့ ခရီးဆက်သွား၏။
Author Note : ရှဲ့ကျူရှင်း သူ့လက်ကိုဖမ်းဆုပ်လိုက်သည်။ "မင်း ကောင်းကောင်းမောင်းလို့မရဘူးလား။"
ဝမ်ချောင် : "အာသာ့သွားပြော!"
KittyKitling
T/N : Happy Valentine!!!
_____///_____
[Zawgyi]
'ငါ့ကိုမလြမ္းဘူးလား'
ကီးဘုတ္တီးသူလည္း ဝမ္ေခ်ာင့္အၾကည့္ကို သတိထားမိတာမို႔ ေနာက္ျပန္လွည့္ၾကည့္ၿပီး သူ႔မ်က္ႏွာက ခ်က္ခ်င္းဆိုသလို မဲေမွာင္သြားေတာ့သည္။
ဒီအခ်ိန္ နန္က်င္းမွာပဲရွိေနသင့္ေသးသည့္ရွဲ႕က်ဴရွင္းက အေစာျပန္ေရာက္လို႔ေနခဲ့သည္။
ဝမ္ေခ်ာင္ ထိုင္ခုံေပၚမွ အလ်င္စလို ခုန္ဆင္းၿပီး ကီးဘုတ္တီးသူကိုေတာင္ ေခါင္းထဲမထည့္ေနဘဲ ဝင္ေပါက္ရွိရာကို အေျပးလွမ္းသြားၿပီး တအံ့တဩေျပာလိုက္သည္။ "မင္းေျပာေတာ့ မနက္ျဖန္ေန႔လည္အထိ ျပန္မလာျဖစ္ဘူးဆို? ဟမ္? မင္း ခရီးေဆာင္အိတ္ကေရာ?"
ရွဲ႕က်ဴရွင္း မသိမသာေလးေခါင္းငုံ႔လ်က္ သူ႔မ်က္ဝန္းမ်ားကို ဦးထုပ္ျဖင့္ ဖုံးကြယ္ထားရင္း ျပန္ေျပာလိုက္သည္။ "ငါ့အခ်ိန္စာရင္းထဲ အေျပာင္းအလဲနည္းနည္းရွိသြားလို႔ အေစာျပန္ေရာက္လာတာ။ ငါ အိမ္ဝင္ၿပီး အထုတ္ေတြ ခ်ထားခဲ့ၿပီးၿပီ။"
'အခ်ိန္စာရင္းအေျပာင္းအလဲရွိသြားလို႔? အဓိပၸါယ္မရွိတာေတြ!' ဝမ္ေခ်ာင္ ေက်နပ္မွုအျပည့္ျဖင့္ ထပ္ေမးေတာ့သည္။ "WeChat မွာ ငါတစ္ေယာက္တည္း ညလယ္စာစားေနရတာကို ျမင္လိုက္ရေတာ့ အထီးက်န္တာေလးေတြ ေပ်ာက္သြားေအာင္ လာခဲ့ေပးတာလား။"
ရွဲ႕က်ဴရွင္း ဘာမွျပန္မေျဖဘဲ ေခါင္းေမာ့လ်က္ သူ႔အေနာက္ကိုလွမ္းၾကည့္လိုက္သည္။
ကီးဘုတ္တီးသူကလည္း အနားသို႔ေလၽွာက္လာ၏။
သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အၾကည့္မလႊဲဘဲ ၾကည့္ေနမိၾကသည္။ ရွဲ႕က်ဴရွင္းကေတာ့ ဘာခံစားခ်က္မ်ိဳးမွ ထုတ္မျပလာေပမယ့္ ကီးဘုတ္တီးသူမ်က္ႏွာကေတာ့ မွုန္သုန္ေနေတာ့သည္။
သူတို႔က အရင္ႏွစ္ကတည္းက ကြမ္က်ိဳးမွာေတြ႕ဖူးၿပီးျဖစ္သည္။ ေနာက္ပိုင္းမွာေတာ့ ကီးဘုတ္တီးသူ ေပ့က်င္းသို႔ေရာက္လာၿပီး ကုမၸဏီႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုလာခဲ့သည္။ ထို႔ေၾကာင့္လည္း သူတို႔တေတြ ကုမၸဏီႏွင့္ပတ္သတ္သည့္ပြဲမ်ိဳး၌ အႀကိမ္ေပါင္းမ်ားစြာေတြ႕ျဖစ္ၾကေပမယ့္ တစ္ခါမွေတာ့ စကားေျပာဖူးျခင္းမရွိခဲ့။
ဝမ္ေခ်ာင္ကေတာ့ ကီးဘုတ္တီးသူကို မျမင္သလို ရွဲ႕က်ဴရွင္းကို အေရွ႕ေခၚထုတ္သြားေတာ့သည္။ "သြားမယ္၊ သြားမယ္။ အိမ္ျပန္ရေအာင္။ ငါ မင္းကိုျပစရာေလးတစ္ခုရွိတယ္။"
ရွဲ႕က်ဴရွင္း : "... အင္း"
သူတို႔ႏွစ္ေယာက္ ထြက္သြားဖို႔လုပ္လိုက္သည္။
ကီးဘုတ္သမားမွ လွမ္းေခၚလာ၏။ "ေရွာင္ေခ်ာင္"
ဝမ္ေခ်ာင္က မၾကားခ်င္ေယာင္ေဆာင္ခ်င္ေပမယ့္ ရွဲ႕က်ဴရွင္းကေတာ့ ဆက္မသြားဘဲ ေနရာမွာရပ္သြားခဲ့သည္။
ထို႔ေၾကာင့္လည္း ဝမ္ေခ်ာင္တစ္ေယာက္ အေနာက္လွည့္ၾကည့္ၿပီး ဆဲဆိုေတာ့သည္။ "ငါ မင္းကို အဲ့လိုရြံစရာေကာင္းတာေတြ မေခၚလာနဲ႔လို႔ေျပာထားတယ္မလား။ ထပ္အရိုက္ခံခ်င္ေနတာလား။"
ရွဲ႕က်ဴရွင္းလည္း ကီးဘုတ္တီးသူကို ျပန္လွည့္ၾကည့္လိုက္သည္။
ကီးဘုတ္တီးသူကေတာ့ လူတိုင္း သူ႔ကိုဝိုင္းအနိုင္က်င့္ထားသလိုပုံစံျဖင့္ေျပာလာသည္။ "အစကေတာ့ မင္းပဲ ငါ့ကို အဲ့လိုေခၚဖို႔ေျပာတာေလ။ အခုက် မင္းက ရြံဖို႔ေကာင္းတယ္တဲ့လား။"
ဝမ္ေခ်ာင့္အတြက္ကေတာ့ ၾကာလွၿပီျဖစ္သည့္ကိစၥတစ္ခုကို မမွတ္မိေနေတာ့။ သို႔ေပမယ့္ သူတို႔ႏွစ္ေယာက္ ဘယ္လိုကြဲျပဲခဲ့သလဲဆိုတာကိုေတာ့ အခုထိမွတ္မိထားဆဲမို႔ ခ်က္ခ်င္းတန္းျပန္ေျပာလိုက္သည္။ "ခ်ီးသြားစားလို႔ ငါ မင္းကိုေျပာခဲ့ေသးတာပဲ။ ဘာလို႔ အခုထိသြားမစားေသးလဲ။"
ေနာက္ဆုံးမွာေတာ့ ကီးဘုတ္သမား တိတ္သြားရေတာ့သည္။
ဝမ္ေခ်ာင္တစ္ေယာက္ ရွဲ႕က်ဴရွင္းပခုံးေပၚ သူ႔လက္မ်ားတင္ထားလ်က္ အေနာက္မွ ခပ္သာသာတြန္းရင္း သူတို႔ႏွစ္ေယာက္က ကေလးေတြ ရထားတြဲကစားေနၾကသလို ဆိုင္ထဲမွထြက္သြားလိုက္သည္။
ကားသြားယူၿပီးခ်ိန္မွာေတာ့ ဝမ္ေခ်ာင္ေမးလာခဲ့သည္။ "မင္း အခုနကမွ ေလယာဥ္ေပၚက ဆင္းတာလား။"
"နည္းနည္းေတာ့ၾကာၿပီ။"
ဝမ္ေခ်ာင္ သူ႔အိတ္ကပ္ထဲမွေသာ့ကို ဆြဲထုတ္လိုက္သည္။ "ဒါဆိုလည္း ငါပဲေမာင္းလိုက္ပါ့မယ္။ မင္း နားလိုက္ဦး။ ငါ ဒီေန႔ ဘာအရက္မွမေသာက္ရေသးဘူး။"
ရွဲ႕က်ဴရွင္း ျငင္းပယ္မလာခဲ့။
ဝမ္ေခ်ာင္ ခပ္တိုးတိုးရယ္မိသြားသည္။ "ငါ မင္းကိုဘယ္ေလာက္ဂ႐ုစိုက္လိုက္လဲ ျမင္တယ္မလား။"
ရွဲ႕က်ဴရွင္းကေတာ့ အျပဳံးအရယ္မရွိ ကားေပၚတက္သြားေတာ့သည္။
ဝမ္ေခ်ာင္လည္း ကားေပၚ အျမန္လိုက္တက္ရင္း စိတ္ပူမွုအျပည့္ျဖင့္ေမးလိုက္သည္။ "မင္း တကယ္ပင္ပန္းေနတာလား။ အရင္က ဆက္တိုက္နီးပါး ဟိုဟိုဒီဒီပ်ံေနရတာေတာင္ မင္းဆီက ပင္ပန္းတယ္လို႔ေျပာတာ မၾကားဖူးပါဘူး။ ဒီတစ္ေခါက္က်မွ ဘယ္လိုလုပ္ၿပီးအေျခအေနဆိုးေနရတာလဲ။"
'ဂ႐ုစိုက္တဲ့စကားေတြကိုေတာင္ ထရိုက္ခ်င္ေအာင္ေျပာတတ္တယ္။ သူ႔အစြမ္းကေတာ့ တကယ့္ကိုဩခ်စရာပါပဲ။'
ရွဲ႕က်ဴရွင္း စိတ္ရွုပ္သလိုျပန္ေျဖလိုက္သည္။ "မဟုတ္တာေတြေျပာမေနဘဲ အိမ္ကိုျမန္ျမန္ေမာင္း။ မင္းပဲ ငါ့ကိုျပစရာရွိတယ္ဆို?"
ဝမ္ေခ်ာင္ သူ႔ဘက္ကို အႀကိမ္ေရအနည္းငယ္မၽွလွမ္းၾကည့္ၿပီးကာမွ ကားစက္ႏွိုး၍ အရွိန္တင္ၿပီး ေမာင္းထြက္သြားလိုက္ေတာ့သည္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ ဝမ္ေခ်ာင္တစ္ေယာက္ ႐ုတ္ခ်ည္းအလင္းဝင္သြားၿပီး အလ်င္စလိုေျဖရွင္းလာခဲ့သည္။ "ငါ မင္းကိုလိမ္ေနတာမဟုတ္ဘူး။ ပုစြန္ကို ငါတစ္ေယာက္တည္း သြားစားတာ။"
ရွဲ႕က်ဴရွင္းကေတာ့ ေခါင္းငုံ႔ထားရင္း ဖုန္းသာသုံးေနဆဲ။
"ငါေျပာတာနားေထာင္ဦး! မင္းမၾကားဘူးလား?"
ရွဲ႕က်ဴရွင္း ဖုန္းပိတ္ၿပီး မ်က္ႏွာေသျဖင့္ေျပာလာသည္။ "ဘာေတြဆူေနတာလဲ။ ငါ နားမေလးဘူး၊ ကန္းလည္းကန္းမေနဘူး။ ေကာင္းေကာင္းၾကားရၿပီး ျမင္လည္းျမင္ရတယ္။"
"မင္း ငါ့ကို ေဝ့ဝိုက္ၿပီး ေဒါသထြက္ျပမေနနဲ႔။"
ရွဲ႕က်ဴရွင္း တစ္ဖန္ျပန္တိတ္သြားေတာ့သည္။
ဝမ္ေခ်ာင္ အနည္းငယ္မၽွေတာ့ မတရားခံရသလိုခံစားေနရေပမယ့္ စိတ္ထဲ နည္းနည္းေတာ့လည္း ေပ်ာ္ေနမိသည္သာ။ "ငါ တကယ္ တစ္ေယာက္တည္းသြားတာ၊ ဘယ္သူနဲ႔မွလည္း မခ်ိန္းထားဘူး။ အဲ့အ႐ူးေကာင္က ဒီမွာ ညလယ္စာစားဖို႔ဆိုၿပီးေရာက္ေနတာနဲ႔ ၾကဳံသြားတာ။ သူက ငါ့ျမင္တာနဲ႔ ငါထိုင္ေနတဲ့ခုံမွာ လိုက္ထိုင္ဖို႔လုပ္ေတာ့တာပဲ။ ဒါေတာင္ ငါ သူ႔ကို လုံးဝလ်စ္လ်ဴရွုထားတာ။"
"အဲ့ေလာက္တိုက္ဆိုင္တယ္?"
ဝမ္ေခ်ာင္ အမွန္အတိုင္းေျပာျပလိုက္သည္။ "အဲ့တာက .. သူ ဒီအထိ တကူးတကလိုက္လာတာလည္းျဖစ္နိုင္တယ္။"
ထို႔ေနာက္ ကုမၸဏီ၌ သူတို႔ေတြ႕ခဲ့ပုံအား အက်ဥ္းခ်ဳပ္ျပန္ေျပာလိုက္ေတာ့သည္။
ရွဲ႕က်ဴရွင္း သိခ်င္စိတ္အျပည့္ျဖစ္သြားရသည္။ "မင္း အဲ့ေလာက္ေနာက္က်တဲ့အထိ ကုမၸဏီမွာ ဘာလုပ္ေနတာလဲ။ မေၾကာက္ဘူးလား။"
ဝမ္ေခ်ာင္ သူေျပာစရာရွိေနသည့္ကိစၥကို ျပန္အမွတ္ရသြားၿပီး ဝမ္းသာအားရေျပာလာခဲ့သည္။ "ငါ မင္းကို ခုနတုန္းက ျပစရာရွိတယ္လို႔ေျပာတယ္မလား။ အဲ့ဒါပဲေလ။"
ထိုအခ်ိန္မွာပဲ သူတို႔ေတြ လမ္းဆုံတစ္ခု၌ မီးနီေစာင့္ေနရသည္ႏွင့္ၾကဳံတာမို႔ သူလည္း ကားရပ္ထားရင္း ဖုန္းထဲ save ထားသည့္အသံဖိုင္ေလးကို ဖြင့္ျပလိုက္ေတာ့သည္။
သံစဥ္က demo အဆင့္သာရွိၿပီး ပီယာနိုျဖင့္တီးထားတာေလးျဖစ္ကာ စကၠန႔္ႏွစ္ဆယ္မၽွသာ ၾကာျမင့္ေလသည္။
ထိုသံစဥ္ေလးက မီးနီအေရာင္မေျပာင္းခင္မွာပဲ ၿပီးဆုံးသြားေတာ့သည္။
ဝမ္ေခ်ာင္ ရွက္ေနသလိုေမးလာခဲ့သည္။ "ေဟး၊ ဘယ္လိုေနလဲ။"
ရွဲ႕က်ဴရွင္း : "... မင္းေရးထားတာလား။"
ဝမ္ေခ်ာင္ သူ႔မ်က္ႏွာသူအုပ္ထားရင္း ပိုရွက္သြားသလိုခံစားလိုက္ရေတာ့သည္။ "ဘယ္လိုေနလဲလို႔"
မီးစိမ္းသြားခ်ိန္မွာေတာ့ သူ အလ်င္စလို အရွိန္တင္ရင္း အေရွ႕ဆက္ေမာင္းသြားေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ရွဲ႕က်ဴရွင္းကို သူ႔မ်က္ဝန္းေထာင့္မွတစ္ဆင့္ ထိတ္လန႔္ေမၽွာ္လင့္ထားမွုမ်ားျဖင့္ၾကည့္ေနမိ၏။
ရွဲ႕က်ဴရွင္းက သူ႔ဖုန္းကိုလွမ္းယူၿပီး နားအနားကပ္ထားရင္း အႀကိမ္မ်ားစြာနားေထာင္ၿပီးကာမွ ျပန္ေျပာလိုက္သည္။ "နားေထာင္လို႔ေကာင္းတယ္။"
ဝမ္ေခ်ာင္ ျပဳံးၿဖီးသြားေတာ့သည္။
ရွဲ႕က်ဴရွင္း ထပ္ေျပာလာသည္။ "ဒီေန႔ေရးထားတာလား။ မင္း ငါတို႔အိမ္အသစ္ကို သြားလည္တယ္မဟုတ္ဘူးလား။"
ဝမ္ေခ်ာင္ ပိုေပ်ာ္ရႊင္သြားရသလိုျပဳံးသြား၏။ "ငါ မနက္က ငါတို႔အိမ္သစ္ကို သြားၾကည့္တာ။ ျပန္လာၿပီးေတာ့ တစ္ေန႔လယ္ခင္းလုံး အိပ္ၿပီးတာနဲ႔ နိုးလာေတာ့ အႀကံေပၚလာတယ္ေလ။"
သူ စကားေျပာေနသည္ကို တမင္ေႏွးလိုက္ၿပီးမွ ဆက္ေျပာသည္။ "မင္းကိုလြမ္းေနရင္းနဲ႔ ေတြးမိလာတာ"
ရွဲ႕က်ဴရွင္းမ်က္ႏွာေလး ေႏြးသြားရသည္။
ဝမ္ေခ်ာင္ ေမးလာသည္။ "မင္း ငါ့ကိုလြမ္းေနလား။"
"မလြမ္းဘူး"
ဝမ္ေခ်ာင္ကေတာ့ အယုံအၾကည္မရွိေန။ "ေလၽွာက္ေျပာ! မလြမ္းဘူးဆို ဘာလို႔ အေလာတႀကီးေတြျပန္လာလဲ။"
ရွဲ႕က်ဴရွင္း ဘာမွျပန္မေျပာလာ။
ဝမ္ေခ်ာင္ ထပ္ေမးျပန္သည္။ "အဲ့ေတာ့မလြမ္းဘူးလား?"
ရွဲ႕က်ဴရွင္း : "... လြမ္းတယ္"
ဝမ္ေခ်ာင္တစ္ေယာက္ အေပ်ာ္လြန္သြားရသည္။ သူ ဘယ္လက္ႏွင့္ စတီယာတိုင္ကို ကိုင္ထားရင္း ညာလက္ျဖင့္ ရွဲ႕က်ဴရွင္းေပါင္ကို ပြတ္သီးပြတ္သပ္လုပ္လိုက္ေတာ့သည္။ ထိုသို႔ ပြတ္သပ္ဖိညႇစ္ရင္း တျဖည္းျဖည္းႏွင့္ သူ႔လက္က အေပၚပိုင္းသို႔ ခရီးဆက္သြား၏။
Author Note : ရွဲ႕က်ဴရွင္း သူ႔လက္ကိုဖမ္းဆုပ္လိုက္သည္။ "မင္း ေကာင္းေကာင္းေမာင္းလို႔မရဘူးလား။"
ဝမ္ေခ်ာင္ : "အာသာ့သြားေျပာ!"
KittyKitling
T/N : Happy Valentine!!