Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
62
63
64
65
66

61

698 122 22
By callme__kitty

[Unicode]

ပုံမှန်မဟုတ်သည့်စွဲလမ်းမှု

ကျန့်ကျုံးယန်အား နှုတ်ဆက်စကားဆိုပြီးသည်နှင့် သူတို့အိမ်ပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်မှု ကြီးစိုးနေခဲ့တော့သည်။

ရှဲ့ဝမ်နှစ်ယောက် ဝမ်ကျင်းရှီယွမ်သို့ ပြန်ရောက်လို့ အထဲဝင် ဖိနပ်များလဲပြီးသည်နှင့် တံခါးအပေါက်ဝရှေ့မှာတင် ထိုးကြိတ်ခြင်းများ စတင်လာခဲ့သည်။ ဝမ်ချောင်ဘက်မှလည်း သူ night club သွားဖို့ စိတ်ကူးလုံးဝမရှိကြောင်း ရှင်းပြလာခြင်းမရှိ။ သူက ရှဲ့ကျူရှင်းကို ဒေါသတကြီးထွက်စေရုံမက စိတ်အားထက်သန်မှုအပြည့်နှင့်လည်း ပြန်ခံပြောလေသည်။

ထို့ကြောင့်လည်း မင်း ငါ့ကိုတစ်ချက်ရိုက်လို့ ငါ မင်းကိုတစ်ချက်ပြန်ထိုးတယ်ဆိုသည်နှင့် စတင်ရန်ဖြစ်ကြတော့သည်။

ထိုးရင်းကြိတ်ရင်း အဆုံး၌ ရှုံးသွားသူမှာ ဝမ်ချောင်သာ။ အံ့ဩဖွယ်မရှိ ဝမ်ချောင်တစ်ယောက် တစ်ဖန်ထပ်၍ သူ့တင်ပါးနှင့် လက်ဝါးတို့ မိတ်ဆက်ခံလိုက်ရပြန်သည်။ ဒီတစ်ခေါက်မှာတော့ သူက ပြန်ခံပြောမနေတော့ဘဲ ညည်းသံများ စတင်လာခဲ့၏။

သူက တကယ်တော့ တမင်သက်သက်ကို အရိုက်ခံချင်နေခြင်းဖြစ်သည်။

ရှဲ့ကျူရှင်းက စိတ်နေသဘောထားကောင်းသည့်အပြင် သည်းခံတတ်လွန်းသူဖြစ်တာမို့ တစ်ဖက်သူအတွက် သူ့ကို တကယ်ဒေါသထွက်သွားအောင် လုပ်နိုင်ဖို့က ခက်ခဲလွန်းလှသည်။ ရှဲ့ကျူရှင်းကို နေ့တိုင်းနီးပါး ဒေါသထွက်အောင် လုပ်နိုင်သည်ကလည်း ဝမ်ချောင်တစ်ယောက်တည်းသာ။

သူတို့နှစ်ယောက်က တွဲနေတာမို့ အထူးစပါရှယ်ဆက်ဆံမှုမျိုးကို ဘယ်သူက မလိုချင်လို့လဲ။

ထို့ကြောင့်လည်း ရှဲ့ကျူရှင်း ဒေါသထွက်လေလေ ဝမ်ချောင်အတွက် ပျော်ရွှင်ရလေလေ ဖြစ်လာခဲ့သည်။

ရှဲ့ကျူရှင်းက ကိစ္စတော်တော်များများကို စိတ်ထဲမြိုသိပ်ထားတတ်သည်ကလွဲလျှင် အပြစ်အနာအဆာရှိလှသူမဟုတ်။ သူ စိတ်တိုသွားသည့်အချိန်မှာတောင် ဝမ်ချောင်လို ပေါက်ကွဲ၍ တစ်ဖက်သူကို မှိုချိုးမျစ်ချိုးပြောတာမျိုး လုပ်လိမ့်မရှိနေ။ ထိုအစား သူက မြိုသိပ်ပြီးရင်း မြိုသိပ်ထားပြီးနောက်တွင်မှ တကယ့်ရန်ပွဲအကြီးစားတစ်ခု ထဖြစ်တတ်သူမျိုးဖြစ်သည်။ သူတို့ဆက်ဆံရေးက ချစ်ခြင်းအဖြစ်သို့ မပြောင်းလဲလာခင်ကတည်းက ဝမ်ချောင်အနေနှင့် သူ၏ထိုအကျင့်က မကောင်းလှကြောင်း ပြောဖူးသေးသည်။ သို့သော်လည်း လူတစ်ယောက်၏အကျင့်ဆိုသည်က ပြောင်းလဲဖို့ခက်လှသည်သာ။ ဥပမာအားဖြင့် ဝမ်ချောင်အား သူ့ပါးစပ်သရမ်းတတ်သည့်အကျင့်ကို ပြင်ဟုပြောလျှင် ဝမ်ချောင်လည်း ပြင်နိုင်မှာမဟုတ်လှ။ သူ့မှာ မဆဲရလျှင်ကို နေရခက်နေတော့သည်။

တကယ်ရန်ဖြစ်ကြချိန်မှာလည်း ဝမ်ချောင်က ရှဲ့ကျူရှင်းကို နိုင်အောင်တိုက်နိုင်သည်မဟုတ်လှ။ သူက အမြဲလိုလို ဖိချခံရပြီး တင်ပါးနှင့်လက်ဝါး မိတ်ဆက်ခံနေရသည်သာ။ သို့ပေမယ့် သူ့တင်ပါးကို ရိုက်နေချိန်မှာတောင် ရှဲ့ကျူရှင်းက အမြဲ သူ့အားကိုချုပ်တည်းထားတာမို့ သိပ်နာကျင်လှခြင်းမရှိ။ သို့သော် ငယ်ငယ်ကတည်းက အရိုက်ခံရသည့်အကျင့်ရှိနေတာမို့ ဝမ်ချောင်က ရှဲ့ကျူရှင်းလက် သူ့အသားကို မထိခင်အချိန်ကတည်းက အရမ်းနာကျင်နေရသလိုအော်ငိုသည့်အကျင့်ရှိနေတာဖြစ်ပြီး ရှဲ့ကျူရှင်း သူ့ကိုရိုက်နေသည်က သူ့ကိုသဘောကျလို့ဆိုသည့်အကြောင်းကို ပြန်တွေးမိချိန်တိုင်း သူ့မှာ အော်ငိုချင်ယောင်ဆောင်ရင်း ပြုံးရယ်ချင်စိတ်ကို အောင့်အီးထားရလေသည်။

နှုတ်ခမ်းကိုတင်းတင်းစေ့ထားနိုင်သည့်ဒီလူသားအား သူ တကယ်ကြီး သဘောကျလွန်းရပါတော့သည်။

ရှဲ့ကျူရှင်းလည်း သူနှင့်ပတ်သတ်ပြီး ဘယ်လိုလုပ်ရမလဲတောင် မသိနေတော့။ သူက ကျိုးကြောင်းဆီလျော်အောင် ရှင်းပြလျှင်လည်း နားမထောင်။ ဘယ်အရာကမှ သူ၏အဓိပ္ပါယ်မရှိလှသည့် ပြန်ခံပြောချက်များကိုရပ်တန့်သွားအောင် မလုပ်နိုင်လှ။ ရိုက်ခြင်းကလည်း ခဏမျှသာဖြစ်ပြီး အနာပျောက်သည်နှင့် မေ့ပျောက်သွားသည်သာ။

နှလုံးမဲ့၊ အရှက်မဲ့လွန်းလှသည့် ကလေးဆိုးလေးတစ်ယောက်လိုပင်။

... အိပ်ရာပေါ်ရှိနေသည့်အချိန်ကလွဲလျှင်ပေါ့။ ထိုအချိန်တွင်တော့ မထိဘဲနှင့်တောင် ပြီးသွားတတ်သေးသည်။

နေ့ပိုင်းအချိန်များတွင်တော့ သူတို့တွေ ထုတ်ပြန်ချက်များပြုလုပ်လို့ အပြင်းအထန်လေ့ကျင့်ကြပြီး ညဘက် အိမ်ပြန်ရောက်လျှင်တော့ ဟိုဟိုဒီဒီလုပ်ဖြစ်ကြသည်သာ။ အမြဲတမ်း ငြိမ်းချမ်းလှသည်တော့မဟုတ်ပေမဲ့ ပြဿနာကြီးကြီးမားမားမျိုးလည်း မရှိနေခဲ့။

များမကြာခင်မှာပဲ စက်တင်ဘာလဝက်ထဲသို့ရောက်လာခဲ့ပြီး icedream ၏ ပထမဆုံး concert က သူတို့အဖွဲ့ ပွဲဦးထွက်တစ်နှစ်ပြည့်သည့်နေ့၌ ကျင်းပဖြစ်ခဲ့သည်။

Concert ပွဲက မြို့ပတ်ဖျော်ဖြေပွဲမျိုး မဟုတ်တာမို့ ထိုင်ခုံနေရာ 18,000 မျှသာရှိပြီး အကုန်လုံးလည်းရောင်းထွက်သွားလေသည်။

Icedream official fandom နာမည်က "ရှောင်ပင်းခွိုက်" ဖြစ်ပြီး သူတို့၏ကိုယ်ပိုင်အရောင်လေးက "ဖွေးအုနေသည့်အဖြူ"မျိုးဖြစ်သည်။

(T/N : 小冰块 - ရေခဲတုံးလေးလို့ အဓိပ္ပါယ်ရပါတယ်။)

သို့သော်ငြား ပွဲထဲ၌ အဖြူရောင် LED များနှင့် ဆိုင်းဘုတ်များအပြင် တစ်ဦးတစ်ယောက်ချင်းဆီအတွက်လည်း LED များနှင့် အားပေးဆိုင်းဘုတ်များရှိနေသေး၏။ အကြီးမားဆုံးသောအားပေးမှုကတော့ Tomas ရှဲ့၏ fan များဖြစ်ပြီး နောက်ကျမခံလိုက်နေသည်ကတော့ Leo ဝမ်၏ fan များပင်။ ထိုအဖြစ်အပျက်ကတော့ concert များ စတင်တိုင်းဖြစ်လေ့ရှိနေသည်သာ။ အဖွဲ့လိုက်ဖျော်ဖြေလျှင်တောင် ရှဲ့ဝမ်တို့အပိုဒ်ရောက်လျှင် အားပေးသံများက ပိုကျယ်လို့သွားတတ်၏။ သူတို့နှစ်ယောက် solo ဖျော်ဖြေရချိန်ဆိုလျှင်တော့ fan များ၏တုံ့ပြန်မှုက အခြားအဖွဲ့သားများအတွက်ထက် ပိုစိတ်အားထက်သန်မှုရှိနေတော့သည်။

ကျော်ကြားမှုနှင့်ပတ်သတ်လျှင် လူတိုင်းက သတိထားမိပြီးကြပြီဆိုပေမယ့် အရင်ကဆိုလျှင်တော့ သူတို့ဖျော်ဖြေတိုင်း အခြားအဖွဲ့များ၏ fan များလည်းရှိနေတတ်တာမို့ အထူးတလည်ခံစားမှုမျိုး ပေးနိုင်ခဲ့ခြင်းမရှိ။

ဖျော်ဖြေပွဲပြီးတစ်ပတ်အကြာ၌ ရှဲ့ကျူရှင်းပါဝင်သရုပ်ဆောင်ထားသည့် တရုတ်ရှေးဟာသဒရမ်မာကားလေးက TV လိုင်းများပေါ်တွင် ထုတ်လွှင့်ပြသလာခဲ့သည်။ အပိုင်းနှစ် ထွက်လာသည့်အချိန်ကတည်းက ထိုဒရမ်မာကားလေးက rating အများဆုံးကို ရထားခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူ့ကျော်ကြားမှုကလည်း တည်တည်ငြိမ်ငြိမ်နှင့် ဝေဖန်သူများအကြားမှာတောင် ချီးကျူးခံရမှုများ မနားတမ်းရနေခဲ့လေသည်။

သေချာသလောက် ဒီလိုထောက်ပံ့အားပေးမှုများဆိုသည်က ဒရမ်မာထဲတွင် ပါဝင်ထားသည့်အခြားသရုပ်ဆောင်များ၏ ပြောင်မြောက်လှသည့်သရုပ်ဆောင်မှုများနှင့် ဇာတ်လမ်းရိုက်ကူးရေး၏ ထူးချွန်လှသည့်ထုတ်လုပ်မှုများကြောင့်က အဓိကကျလှသည်သာ။

သို့သော် ရှဲ့ကျူရှင်းသရုပ်ဆောင်မှုများကလည်း ချီးကျူးခံထိုက်သည်ပင်။ ဒီတစ်ခေါက်ဇာတ်လမ်းတွဲလေးက သူ တရုတ်နှစ်ကူးမတိုင်ခင် ယူခဲ့သည့်ဇာတ်လမ်းတွဲနှင့်မတူလှ။ ဒီတစ်ခေါက်မှာတော့ သူက အလွန်အရေးကြီးလှသည့်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ရတာဖြစ်ပြီး ထိုဇာတ်ကောင်နေရာက သရုပ်ဆောင်မှု ထူးထူးခြားခြားမလိုလှပေမယ့်လည်း သဘောကျဖွယ်ဇာတ်ကောင်မျိုးဖြစ်နေတာမို့ ရှဲ့ကျူရှင်းသရုပ်ဆောင်မှုလေးက သဘာဝဆန်ဆန်လေးဟု သတ်မှတ်ခံလိုက်ရပြီး ဖြတ်လျှောက်အချို့၏သဘောကျမှုများကို လက်ခံရရှိလိုက်တော့သည်။

အရင်ကဆိုလျှင် ရှဲ့ကျူရှင်း weibo အောက်ရှိ comment များက fan တွေ၏ဖွင့်ပြောချက်များ သို့မဟုတ်လျှင်လည်း Anti များ၏ပုတ်ခတ်မှုများသာရှိနေတတ်လေသည်။ Anti fans များ၏ လေးပုံသုံးပုံကတော့ ခေါင်းဆောင်အိမ်မှရောက်လာကြသည်သာ။

ဒရမ်မာထွက်လာပြီးနောက်မှာတော့ အပြင်လူတော်တော်များများက comment ၌ သူတို့၏သဘောကျမှုများကို လာဖော်ပြသွားကြပြီး သူတို့တတွေက icedream အကြောင်းလည်းမသိထားသလို ထွက်လာသမျှအိုင်ဒေါအဖွဲ့တိုင်း၌ အာရုံမရှိနေသည့် တကယ့်အပြင်လူများဖြစ်ကြ၏။

ကြာဖြူ fans များနှင့် အချိန်အတော်ကြာရန်ဖြစ်နေခဲ့သည့်ခေါင်းဆောင် fans များက ထိုအဖြစ်အပျက်ကို သေချာသလောက် တော်တော်လေးမကျေမနပ်ဖြစ်နေပေမယ့် ခေါင်ဆောင်ကိုယ်တိုင်ကတော့ ထိုသို့ဟုတ်မနေဘဲ ကြာပန်းဖြူလေး၏ weibo များကို ပျော်ပျော်ကြီး ကူ share ရင်း ဒရမ်မာအကြောင်းအား ကြော်ငြာပေးနေတော့သည်။

ရက်အနည်းငယ်အတွင်းမှာပဲ ကြာပန်းဖြူလေးရှဲ့နှင့် မြင်းလားဘုရင်ဝမ်နှစ်ယောက်အား CP လုပ်ပေးထားသည့် "ဟွားဝမ်" ဆိုသည့် website အသစ်တစ်ခုပေါ်ပေါက်လာခဲ့လေသည်။

Fans: ... ငါလူး ပုံမှန်မဟုတ်နေတဲ့ Cp ကြီးဟ

KittyKitling

_____///_____

[Zawgyi]

ပုံမွန္မဟုတ္သည့္စြဲလမ္းမွု

က်န႔္က်ဳံးယန္အား ႏွုတ္ဆက္စကားဆိုၿပီးသည္ႏွင့္ သူတို႔အိမ္ျပန္လမ္းတစ္ေလၽွာက္လုံး တိတ္ဆိတ္မွု ႀကီးစိုးေနခဲ့ေတာ့သည္။

ရွဲ႕ဝမ္ႏွစ္ေယာက္ ဝမ္က်င္းရွီယြမ္သို႔ ျပန္ေရာက္လို႔ အထဲဝင္ ဖိနပ္မ်ားလဲၿပီးသည္ႏွင့္ တံခါးအေပါက္ဝေရွ႕မွာတင္ ထိုးႀကိတ္ျခင္းမ်ား စတင္လာခဲ့သည္။ ဝမ္ေခ်ာင္ဘက္မွလည္း သူ night club သြားဖို႔ စိတ္ကူးလုံးဝမရွိေၾကာင္း ရွင္းျပလာျခင္းမရွိ။ သူက ရွဲ႕က်ဴရွင္းကို ေဒါသတႀကီးထြက္ေစ႐ုံမက စိတ္အားထက္သန္မွုအျပည့္ႏွင့္လည္း ျပန္ခံေျပာေလသည္။

ထို႔ေၾကာင့္လည္း မင္း ငါ့ကိုတစ္ခ်က္ရိုက္လို႔ ငါ မင္းကိုတစ္ခ်က္ျပန္ထိုးတယ္ဆိုသည္ႏွင့္ စတင္ရန္ျဖစ္ၾကေတာ့သည္။

ထိုးရင္းႀကိတ္ရင္း အဆုံး၌ ရွုံးသြားသူမွာ ဝမ္ေခ်ာင္သာ။ အံ့ဩဖြယ္မရွိ ဝမ္ေခ်ာင္တစ္ေယာက္ တစ္ဖန္ထပ္၍ သူ႔တင္ပါးႏွင့္ လက္ဝါးတို႔ မိတ္ဆက္ခံလိုက္ရျပန္သည္။ ဒီတစ္ေခါက္မွာေတာ့ သူက ျပန္ခံေျပာမေနေတာ့ဘဲ ညည္းသံမ်ား စတင္လာခဲ့၏။

သူက တကယ္ေတာ့ တမင္သက္သက္ကို အရိုက္ခံခ်င္ေနျခင္းျဖစ္သည္။

ရွဲ႕က်ဴရွင္းက စိတ္ေနသေဘာထားေကာင္းသည့္အျပင္ သည္းခံတတ္လြန္းသူျဖစ္တာမို႔ တစ္ဖက္သူအတြက္ သူ႔ကို တကယ္ေဒါသထြက္သြားေအာင္ လုပ္နိုင္ဖို႔က ခက္ခဲလြန္းလွသည္။ ရွဲ႕က်ဴရွင္းကို ေန႔တိုင္းနီးပါး ေဒါသထြက္ေအာင္ လုပ္နိုင္သည္ကလည္း ဝမ္ေခ်ာင္တစ္ေယာက္တည္းသာ။

သူတို႔ႏွစ္ေယာက္က တြဲေနတာမို႔ အထူးစပါရွယ္ဆက္ဆံမွုမ်ိဳးကို ဘယ္သူက မလိုခ်င္လို႔လဲ။

ထို႔ေၾကာင့္လည္း ရွဲ႕က်ဴရွင္း ေဒါသထြက္ေလေလ ဝမ္ေခ်ာင္အတြက္ ေပ်ာ္ရႊင္ရေလေလ ျဖစ္လာခဲ့သည္။

ရွဲ႕က်ဴရွင္းက ကိစၥေတာ္ေတာ္မ်ားမ်ားကို စိတ္ထဲၿမိဳသိပ္ထားတတ္သည္ကလြဲလၽွင္ အျပစ္အနာအဆာရွိလွသူမဟုတ္။ သူ စိတ္တိုသြားသည့္အခ်ိန္မွာေတာင္ ဝမ္ေခ်ာင္လို ေပါက္ကြဲ၍ တစ္ဖက္သူကို မွိုခ်ိဳးမ်စ္ခ်ိဳးေျပာတာမ်ိဳး လုပ္လိမ့္မရွိေန။ ထိုအစား သူက ၿမိဳသိပ္ၿပီးရင္း ၿမိဳသိပ္ထားၿပီးေနာက္တြင္မွ တကယ့္ရန္ပြဲအႀကီးစားတစ္ခု ထျဖစ္တတ္သူမ်ိဳးျဖစ္သည္။ သူတို႔ဆက္ဆံေရးက ခ်စ္ျခင္းအျဖစ္သို႔ မေျပာင္းလဲလာခင္ကတည္းက ဝမ္ေခ်ာင္အေနႏွင့္ သူ၏ထိုအက်င့္က မေကာင္းလွေၾကာင္း ေျပာဖူးေသးသည္။ သို႔ေသာ္လည္း လူတစ္ေယာက္၏အက်င့္ဆိုသည္က ေျပာင္းလဲဖို႔ခက္လွသည္သာ။ ဥပမာအားျဖင့္ ဝမ္ေခ်ာင္အား သူ႔ပါးစပ္သရမ္းတတ္သည့္အက်င့္ကို ျပင္ဟုေျပာလၽွင္ ဝမ္ေခ်ာင္လည္း ျပင္နိုင္မွာမဟုတ္လွ။ သူ႔မွာ မဆဲရလၽွင္ကို ေနရခက္ေနေတာ့သည္။

တကယ္ရန္ျဖစ္ၾကခ်ိန္မွာလည္း ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္းကို နိုင္ေအာင္တိုက္နိုင္သည္မဟုတ္လွ။ သူက အျမဲလိုလို ဖိခ်ခံရၿပီး တင္ပါးႏွင့္လက္ဝါး မိတ္ဆက္ခံေနရသည္သာ။ သို႔ေပမယ့္ သူ႔တင္ပါးကို ရိုက္ေနခ်ိန္မွာေတာင္ ရွဲ႕က်ဴရွင္းက အျမဲ သူ႔အားကိုခ်ဳပ္တည္းထားတာမို႔ သိပ္နာက်င္လွျခင္းမရွိ။ သို႔ေသာ္ ငယ္ငယ္ကတည္းက အရိုက္ခံရသည့္အက်င့္ရွိေနတာမို႔ ဝမ္ေခ်ာင္က ရွဲ႕က်ဴရွင္းလက္ သူ႔အသားကို မထိခင္အခ်ိန္ကတည္းက အရမ္းနာက်င္ေနရသလိုေအာ္ငိုသည့္အက်င့္ရွိေနတာျဖစ္ၿပီး ရွဲ႕က်ဴရွင္း သူ႔ကိုရိုက္ေနသည္က သူ႔ကိုသေဘာက်လို႔ဆိုသည့္အေၾကာင္းကို ျပန္ေတြးမိခ်ိန္တိုင္း သူ႔မွာ ေအာ္ငိုခ်င္ေယာင္ေဆာင္ရင္း ျပဳံးရယ္ခ်င္စိတ္ကို ေအာင့္အီးထားရေလသည္။

ႏွုတ္ခမ္းကိုတင္းတင္းေစ့ထားနိုင္သည့္ဒီလူသားအား သူ တကယ္ႀကီး သေဘာက်လြန္းရပါေတာ့သည္။

ရွဲ႕က်ဴရွင္းလည္း သူႏွင့္ပတ္သတ္ၿပီး ဘယ္လိုလုပ္ရမလဲေတာင္ မသိေနေတာ့။ သူက က်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ ရွင္းျပလၽွင္လည္း နားမေထာင္။ ဘယ္အရာကမွ သူ၏အဓိပၸါယ္မရွိလွသည့္ ျပန္ခံေျပာခ်က္မ်ားကိုရပ္တန႔္သြားေအာင္ မလုပ္နိုင္လွ။ ရိုက္ျခင္းကလည္း ခဏမၽွသာျဖစ္ၿပီး အနာေပ်ာက္သည္ႏွင့္ ေမ့ေပ်ာက္သြားသည္သာ။

ႏွလုံးမဲ့၊ အရွက္မဲ့လြန္းလွသည့္ ကေလးဆိုးေလးတစ္ေယာက္လိုပင္။

... အိပ္ရာေပၚရွိေနသည့္အခ်ိန္ကလြဲလၽွင္ေပါ့။ ထိုအခ်ိန္တြင္ေတာ့ မထိဘဲႏွင့္ေတာင္ ၿပီးသြားတတ္ေသးသည္။

ေန႔ပိုင္းအခ်ိန္မ်ားတြင္ေတာ့ သူတို႔ေတြ ထုတ္ျပန္ခ်က္မ်ားျပဳလုပ္လို႔ အျပင္းအထန္ေလ့က်င့္ၾကၿပီး ညဘက္ အိမ္ျပန္ေရာက္လၽွင္ေတာ့ ဟိုဟိုဒီဒီလုပ္ျဖစ္ၾကသည္သာ။ အျမဲတမ္း ၿငိမ္းခ်မ္းလွသည္ေတာ့မဟုတ္ေပမဲ့ ျပႆနာႀကီးႀကီးမားမားမ်ိဳးလည္း မရွိေနခဲ့။

မ်ားမၾကာခင္မွာပဲ စက္တင္ဘာလဝက္ထဲသို႔ေရာက္လာခဲ့ၿပီး icedream ၏ ပထမဆုံး concert က သူတို႔အဖြဲ႕ ပြဲဦးထြက္တစ္ႏွစ္ျပည့္သည့္ေန႔၌ က်င္းပျဖစ္ခဲ့သည္။

Concert ပြဲက ၿမိဳ႕ပတ္ေဖ်ာ္ေျဖပြဲမ်ိဳး မဟုတ္တာမို႔ ထိုင္ခုံေနရာ 18,000 မၽွသာရွိၿပီး အကုန္လုံးလည္းေရာင္းထြက္သြားေလသည္။

Icedream official fandom နာမည္က "ေရွာင္ပင္းခြိဳက္" ျဖစ္ၿပီး သူတို႔၏ကိုယ္ပိုင္အေရာင္ေလးက "ေဖြးအုေနသည့္အျဖဴ"မ်ိဳးျဖစ္သည္။

(T/N : 小冰块 - ေရခဲတုံးေလးလို႔ အဓိပၸါယ္ရပါတယ္။)

သို႔ေသာ္ျငား ပြဲထဲ၌ အျဖဴေရာင္ LED မ်ားႏွင့္ ဆိုင္းဘုတ္မ်ားအျပင္ တစ္ဦးတစ္ေယာက္ခ်င္းဆီအတြက္လည္း LED မ်ားႏွင့္ အားေပးဆိုင္းဘုတ္မ်ားရွိေနေသး၏။ အႀကီးမားဆုံးေသာအားေပးမွုကေတာ့ Tomas ရွဲ႕၏ fan မ်ားျဖစ္ၿပီး ေနာက္က်မခံလိုက္ေနသည္ကေတာ့ Leo ဝမ္၏ fan မ်ားပင္။ ထိုအျဖစ္အပ်က္ကေတာ့ concert မ်ား စတင္တိုင္းျဖစ္ေလ့ရွိေနသည္သာ။ အဖြဲ႕လိုက္ေဖ်ာ္ေျဖလၽွင္ေတာင္ ရွဲ႕ဝမ္တို႔အပိုဒ္ေရာက္လၽွင္ အားေပးသံမ်ားက ပိုက်ယ္လို႔သြားတတ္၏။ သူတို႔ႏွစ္ေယာက္ solo ေဖ်ာ္ေျဖရခ်ိန္ဆိုလၽွင္ေတာ့ fan မ်ား၏တုံ႔ျပန္မွုက အျခားအဖြဲ႕သားမ်ားအတြက္ထက္ ပိုစိတ္အားထက္သန္မွုရွိေနေတာ့သည္။

ေက်ာ္ၾကားမွုႏွင့္ပတ္သတ္လၽွင္ လူတိုင္းက သတိထားမိၿပီးၾကၿပီဆိုေပမယ့္ အရင္ကဆိုလၽွင္ေတာ့ သူတို႔ေဖ်ာ္ေျဖတိုင္း အျခားအဖြဲ႕မ်ား၏ fan မ်ားလည္းရွိေနတတ္တာမို႔ အထူးတလည္ခံစားမွုမ်ိဳး ေပးနိုင္ခဲ့ျခင္းမရွိ။

ေဖ်ာ္ေျဖပြဲၿပီးတစ္ပတ္အၾကာ၌ ရွဲ႕က်ဴရွင္းပါဝင္သ႐ုပ္ေဆာင္ထားသည့္ တ႐ုတ္ေရွးဟာသဒရမ္မာကားေလးက TV လိုင္းမ်ားေပၚတြင္ ထုတ္လႊင့္ျပသလာခဲ့သည္။ အပိုင္းႏွစ္ ထြက္လာသည့္အခ်ိန္ကတည္းက ထိုဒရမ္မာကားေလးက rating အမ်ားဆုံးကို ရထားခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ သူ႔ေက်ာ္ၾကားမွုကလည္း တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေဝဖန္သူမ်ားအၾကားမွာေတာင္ ခ်ီးက်ဴးခံရမွုမ်ား မနားတမ္းရေနခဲ့ေလသည္။

ေသခ်ာသေလာက္ ဒီလိုေထာက္ပံ့အားေပးမွုမ်ားဆိုသည္က ဒရမ္မာထဲတြင္ ပါဝင္ထားသည့္အျခားသ႐ုပ္ေဆာင္မ်ား၏ ေျပာင္ေျမာက္လွသည့္သ႐ုပ္ေဆာင္မွုမ်ားႏွင့္ ဇာတ္လမ္းရိုက္ကူးေရး၏ ထူးခၽြန္လွသည့္ထုတ္လုပ္မွုမ်ားေၾကာင့္က အဓိကက်လွသည္သာ။

သို႔ေသာ္ ရွဲ႕က်ဴရွင္းသ႐ုပ္ေဆာင္မွုမ်ားကလည္း ခ်ီးက်ဴးခံထိုက္သည္ပင္။ ဒီတစ္ေခါက္ဇာတ္လမ္းတြဲေလးက သူ တ႐ုတ္ႏွစ္ကူးမတိုင္ခင္ ယူခဲ့သည့္ဇာတ္လမ္းတြဲႏွင့္မတူလွ။ ဒီတစ္ေခါက္မွာေတာ့ သူက အလြန္အေရးႀကီးလွသည့္ဇာတ္ေကာင္ေနရာမွ သ႐ုပ္ေဆာင္ရတာျဖစ္ၿပီး ထိုဇာတ္ေကာင္ေနရာက သ႐ုပ္ေဆာင္မွု ထူးထူးျခားျခားမလိုလွေပမယ့္လည္း သေဘာက်ဖြယ္ဇာတ္ေကာင္မ်ိဳးျဖစ္ေနတာမို႔ ရွဲ႕က်ဴရွင္းသ႐ုပ္ေဆာင္မွုေလးက သဘာဝဆန္ဆန္ေလးဟု သတ္မွတ္ခံလိုက္ရၿပီး ျဖတ္ေလၽွာက္အခ်ိဳ႕၏သေဘာက်မွုမ်ားကို လက္ခံရရွိလိုက္ေတာ့သည္။

အရင္ကဆိုလၽွင္ ရွဲ႕က်ဴရွင္း weibo ေအာက္ရွိ comment မ်ားက fan ေတြ၏ဖြင့္ေျပာခ်က္မ်ား သို႔မဟုတ္လၽွင္လည္း Anti မ်ား၏ပုတ္ခတ္မွုမ်ားသာရွိေနတတ္ေလသည္။ Anti fans မ်ား၏ ေလးပုံသုံးပုံကေတာ့ ေခါင္းေဆာင္အိမ္မွေရာက္လာၾကသည္သာ။

ဒရမ္မာထြက္လာၿပီးေနာက္မွာေတာ့ အျပင္လူေတာ္ေတာ္မ်ားမ်ားက comment ၌ သူတို႔၏သေဘာက်မွုမ်ားကို လာေဖာ္ျပသြားၾကၿပီး သူတို႔တေတြက icedream အေၾကာင္းလည္းမသိထားသလို ထြက္လာသမၽွအိုင္ေဒါအဖြဲ႕တိုင္း၌ အာ႐ုံမရွိေနသည့္ တကယ့္အျပင္လူမ်ားျဖစ္ၾက၏။

ၾကာျဖဴ fans မ်ားႏွင့္ အခ်ိန္အေတာ္ၾကာရန္ျဖစ္ေနခဲ့သည့္ေခါင္းေဆာင္ fans မ်ားက ထိုအျဖစ္အပ်က္ကို ေသခ်ာသေလာက္ ေတာ္ေတာ္ေလးမေက်မနပ္ျဖစ္ေနေပမယ့္ ေခါင္ေဆာင္ကိုယ္တိုင္ကေတာ့ ထိုသို႔ဟုတ္မေနဘဲ ၾကာပန္းျဖဴေလး၏ weibo မ်ားကို ေပ်ာ္ေပ်ာ္ႀကီး ကူ share ရင္း ဒရမ္မာအေၾကာင္းအား ေၾကာ္ျငာေပးေနေတာ့သည္။

ရက္အနည္းငယ္အတြင္းမွာပဲ ၾကာပန္းျဖဴေလးရွဲ႕ႏွင့္ ျမင္းလားဘုရင္ဝမ္ႏွစ္ေယာက္အား CP လုပ္ေပးထားသည့္ "ဟြားဝမ္" ဆိုသည့္ website အသစ္တစ္ခုေပၚေပါက္လာခဲ့ေလသည္။

Fans: ... ငါလူး ပုံမွန္မဟုတ္ေနတဲ့ Cp ႀကီးဟ

KittyKitling

Continue Reading

You'll Also Like

273K 19.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။