Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
59
61
62
63
64
65
66

60

1.3K 197 14
By callme__kitty

[Unicode]

'ကစားတတ်ကြတယ်'

ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်သီဆိုသည့်အနုပညာရှင်မှာ ဝမ်ချောင်ရဲ့အတန်းဖော်ဟောင်း keyboard တီးသူဖြစ်နေသည်။

သူ့သီချင်းများက folk ပုံစံကိုအသားပေးသည့်အချစ်သီချင်းများဖြစ်တာမို့ စထွက်လာကတည်းက လူတော်တော်များများ၏အာရုံစိုက်ခြင်းကို ရရှိသွားတော့သည်။

သို့သော်ငြား ရုတ်တရက်နာမည်ထကြီးသွားတာမျိုးအထိတော့ မဖြစ်ခဲ့။

Icedream အဖွဲ့ဝင်တွေလည်း ထိုသူက သူတို့ခေါင်းဆောင်ဖြစ်သူ၏အတန်းဖော်ဟု သိထားပေမယ့် သူတို့ခေါင်းဆောင်က ထိုသူ့အကြောင်း များများစားစားပြောချင်ပုံမပေါ်တာကြောင့် သူတို့လည်း အလိုက်တသိနှင့် ဝမ်ချောင့်အရှေ့တွင် ဘာမှထုတ်မပြောလာ။

သို့သော် သူတို့ခေါင်းဆောင်နောက်ကွယ်မှာတော့ ကောင်းစီယွမ်က ရှဲ့ကျူရှင်းအား တိုးတိုးတိတ်တိတ်မေးလာတော့သည်။ "ခေါင်းဆောင်က အဲ့အဆိုတော်နဲ့ ဆက်ဆံရေးမကောင်းဘူးမလား"

ရှဲ့ကျူရှင်း ပြန်ဖြေလိုက်သည်။ "သာမန်အတန်းဖော်ဆက်ဆံရေးပါပဲ"

ကောင်းစီယွမ်လေသံထဲတွင် သိချင်မှုနှင့် အတင်းတုတ်ချင်မှုများအပြည့်ပါဝင်နေသည်။ "ဒါဆို ဘယ်လိုဖြစ်လို့ အဲ့လူ ဒီလို Album ထုတ်နိုင်တာ ကျွန်တော်တို့ခေါင်းဆောင်ကူပေးလိုက်လို့ဆိုပြီး ကြားနေရတာလဲ။"

ရှဲ့ကျူရှင်း ဘာမှပြန်မဖြေခဲ့။

သူ့စိတ်ထဲ ဝမ်ချောင် သူ့ကိုတစ်ခုခုမပြောဘဲ ဖုံးကွယ်ထားသည်ဟု ခံစားနေမိတော့သည်။

သို့ပေမယ့် အစမှအဆုံးအထိ ဝမ်ချောင့်ဘက်မှစပြီး ထိုအဆိုတော်အကြောင်း တစ်ခွန်းပြောလာခြင်းမရှိခဲ့။

ကိုယ်ပိုင်စတူဒီယိုထောင်လိုက်သည့်သွမ့်ယိခွန်းကတော့ ကုမ္ပဏီမှထွက်သွားပြီးနောက် အနည်းနှင့်အများ ထူထူထောင်ထောင်ရှိလာပြီဖြစ်ပြီး IceDream အဖွဲ့နှင့်လည်း အဆက်အသွယ်ပြန်ရှိလာခဲ့သည်။ သို့သော်ငြား ထိုအချိန်တွင် သူတို့ကြားဆက်ဆံရေးက အတော်လေးနေရခက်သည့်အခြေအနေမျိုးတွင်ရှိနေခဲ့ပြီး ပို့ဖြစ်သောစာအများစုကလည်း အချင်းချင်းဂုဏ်ပြုပေးနေခြင်းများသာဖြစ်နေတော့သည်။

ဟွမ့်ရှင်းမှ အနုပညာရှင်အသစ်တစ်ဦး ပွဲဦးထုတ်ပေးခြင်းနှင့် ဟွမ့်ရှင်းမှမန်နေဂျာဟောင်း ကိုယ်ပိုင်အေဂျင်စီထောင်လိုက်ခြင်းများမှာ သတင်းအသေးစားများဖြစ်ပြီး IceDream ၏ လာမည့် concert ကတောင် fan များအကြားသာ ဆွေးနွေးပြောကြသည့်သတင်းမျိုးဖြစ်သည်။ ဩဂုတ်လအတွက် အနုပညာရှင်လောကအတွင်း အကျော်ကြားဆုံးသတင်းကတော့ reality show ဖြစ်ပြီး ထိုသတင်းက ကြည့်ရှုသူတိုင်း၏အာရုံကိုဆွဲဆောင်သွားလေသည်။

နွေရာသီအတွင်းထွက်ရှိထားသည့် variety show များအကြား ထို show က အပိုင်းတစ်ပိုင်းပြီးတစ်ပိုင်း rating ထိုးတက်လို့လာပြီး အင်တာနက်ကျော်ကြားမှုနှုန်း၌ လျန်ရှီပါဝင်ထားသည့် show အောက်နားတွင် ကပ်၍ရှိနေသည်။

ထို show ၏ လူပြောအများဆုံးခေါင်းစဉ်ကတော့ သူ့အနုပညာလမ်းကြောင်းကို ရုတ်တရက် သရုပ်ဆောင်ဘက်သို့ပြောင်းလိုက်သည့် မော်ဒယ်ကောင်လေးတစ်ယောက်အကြောင်းဖြစ်၏။ သူက ဇာတ်ကားတော်တော်များများတွင် အရန်နေရာမှပါဝင်သရုပ်ဆောင်ဖူးပေမယ့် တစ်ခါမှ နာမည်ကျော်ကြားလာခဲ့ခြင်းမရှိ။ ကြည့်ရူသူတိုင်းကလည်း သူ့ကိုမြင်ဖူးနေသလိုရှိကြပေမယ့် ဘယ်သူကမှ သူ့နာမည်ကို မမှတ်မိနေခဲ့။ ဒီတစ်ခေါက်မှာတော့ ထိုကောင်လေးက ထွက်လာသမျှအပိုင်းသစ်တိုင်းနှင့်အတူ သူ့အောင်မြင်မှုကလည်း အပေါ်သို့ထိုးတက်လာခဲ့ပြီး လူမသိသူမသိသရုပ်ဆောင်ဘဝမှ လတ်တလောနာမည်ကျော်သူများစာရင်းသို့ရောက်ရှိသွားတော့သည်။

ဝမ်ချောင်က Variety show များ ကြည့်တတ်သူမဟုတ်။ အရင်ကတော့ သူ့ဝါသနာက nightclub သွားခြင်းနှင့် ဂိမ်းဆော့ခြင်းဆိုပေမယ့် အခုတော့ ဂိမ်းကစားခြင်းသာရှိတော့သည်။

ထို့ကြောင့်လည်း ရုတ်တရက် နာမည်ကျော်ကြားလာသည့်မော်ဒယ်ဖြစ်ခဲ့သူကောင်လေးအကြောင်း သူ သိပ်အာရုံမထားမိခဲ့။

ဒါက သူ့သူငယ်ချင်းဖြစ်သူကျန့်ကျုံးယန် ဖုန်းခေါ်၍ ဂုဏ်ယူမှုအပြည့်ဖြင့်မကြွားလာခင်အထိသာ။ "ငါ့ကောင်လေးက နာမည်ကျော်လာမယ့်သူလို့ မင်းကိုပြောလိုက်တယ်မလား။ ဘယ်လိုထင်လဲ။"

ထိုအခါမှသာ ခြေတံရှည်ရှည်နှင့်မော်ဒယ်လေးက သူ့သူငယ်ချင်းရဲ့ရည်းစားမှန်း သူသိလိုက်ရတော့သည်။

မော်ဒယ်ဖြစ်သူလေးက show အပိုင်းသစ်ရိုက်ကူးရန် အခြားနေရာသို့ ခရီးထွက်သွားရတာမို့ အိမ်တွင်ရှိမနေခဲ့။ ဖုန်းခေါ်လို့ ကြွားဝါပြီးတာတောင်မှ စိတ်အားတက်ကြွမှုအပြည့်ဖြစ်နေသေးသည့် ကျန့်ကျုံးယန်က ညကျလည်း အတူသောက်ကြဖို့ ဝမ်ချောင့်ကိုဖိတ်လာသည်။

သူတို့နှစ်ယောက်အတူစုံခဲ့သည်က ရှဲ့ကျူရှင်း သာ့လီဘက်တွင် ရိုက်ကူးရေးရှိတုန်းကဖြစ်တာမို့ ဝမ်ချောင်ကိုယ်တိုင်လည်း အရက်အရသာကို အနည်းငယ်မျှလွမ်းဆွတ်သလိုဖြစ်နေပြီး သူကိုယ်တိုင်လည်း ညဘက် အချိန်အားနေတာမို့ သဘောတူလိုက်တော့သည်။

အခုလောလောဆယ် သူနှင့် ကျန်သည့် ID အဖွဲ့ဝင်များက ကုမ္ပဏီတွင်ရှိနေကြတာဖြစ်ပြီး သူတို့တတွေက နောက်လ concert အတွက် ပြင်ဆင်နေကြတာဖြစ်သည်။ ထွက်ထားပြီးဖြစ်သည့် album နှစ်ခုမှ သီချင်းများ ဆယ်ပုဒ်ကျော် ဆိုပြခြင်းအပြင် သူတို့က Special track များလည်း ပြင်ဆင်လို့ သူတို့ခြောက်ယောက်သား တစ်ကိုယ်တော်ဖျော်ဖြေဖို့လည်း ပြင်ထားကြလေသည်။

ဝမ်ချောင်က classic အချစ်သီချင်းတစ်ပုဒ်ကို cover ပြန်ဆိုမှာဖြစ်ပြီး သီချင်းအလယ်လောက်တွင် violin ဖျော်ဖြေမှုကိုပါ ထည့်ဖို့ပြင်ဆင်ထားသည်။

ရှဲ့ကျူရှင်းကတော့ အက ကရင်း သီချင်းဆိုမှာဖြစ်သည်။ ရွေးထားသည့်သီချင်းက sexy ဆန်ဆန်ရှိလှပြီး ရလဒ်ကောင်းကောင်းရနိုင်ရန် သူနှင့်အတူတွဲဖက်ကပေးမည့် ကောင်မလေး dancer ကိုပါ ထည့်သွင်းထားလေသည်။

ဝမ်ချောင် အကလေ့ကျင့်ခန်းတံခါးကို တွန်းဖွင့်၍ အထဲသို့ဝင်သွားလိုက်ရာ ရှဲ့ကျူရှင်းနှင့် ထိုကောင်မလေးက သီချင်းအကကို လေ့ကျင့်လို့နေပြီး ဆယ်စက္ကန့်ကျော်အောင် လိုအပ်တာထက်ပိုနီးကပ်လို့ရှိနေကြလေ၏။

ခေါင်းဆောင်ဖြစ်သူလည်း ဘေးတွင်မတ်တပ်ရပ်ရင်း သဝန်တိုမှုများစွာဖြင့် စူးစိုက်ကြည့်နေတော့သည်။ သူတို့ အက ကပြီးချိန်မှ သူ ရှဲ့ကျူရှင်းကို လှမ်းခေါ်လိုက်သည်။ "လာဦး၊ ငါ မင်းကိုတစ်ခုပြောစရာရှိလို့"

ရှဲ့ကျူရှင်းလည်း ထိုကောင်မလေးဖြစ်သူကို 'ပင်ပန်းသွားပါပြီ' ဟု ကျေးဇူးတင်လိုက်ပြီးမှ အနားသို့ရောက်လာပြီး ပြောလေသည်။ "မြန်မြန်သွားလေ့ကျင့်တော့။ ဘယ်နားသွားပြီး အလေလိုက်နေတာလဲ။"

ဝမ်ချောင် ဝံ့ကြွားမှုအပြည့်ဖြင့်ပြောလိုက်သည်။ "ဒါက လေ့ကျင့်ဖို့တောင်လိုလို့လား။ ငါ မျက်စိမှိတ်ပြီးတောင် ဖျော်ဖြေလို့ရတယ်။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "အိုးး မိုက်လွန်းလိုက်တာ။ မင်း ငါ့ကိုဘာပြောမလို့လဲ။"

ဝမ်ချောင် သူ့ကို ကားသော့လှမ်းပေးပြီး ပြောလာသည်။ "မင်း ကျိကျဲတို့နဲ့ ညနေကျ ညစာလိုက်စားပြီး ကားမောင်းပြန်လိုက်။ ငါ့ကို သူငယ်ချင်းတစ်ယောက် ဖိတ်ထားလို့ အရက်လည်းသောက်ရမှာဆိုတော့ ငါ ကားမမောင်းတော့ဘူး။"

ရှဲ့ကျူရှင်း သော့ကိုလှမ်းယူပြီး မေးလိုက်သည်။ "ဘယ်သူငယ်ချင်းလဲ။"

ဝမ်ချောင် အမှန်အတိုင်းပြန်ဖြေလိုက်သည်။ "ကျန့်မျိုးရိုးနဲ့တစ်ယောက်လေ။"

ရှဲ့ကျူရှင်း ထပ်မေးတော့သည်။ "ညစာစားရုံပဲလား။ ကျန်တာတစ်ခုခုလုပ်ဦးမှာလား။"

ဝမ်ချောင် ပြောလိုက်သည်။ "ဘာမှမလုပ်ဘူး! မင်း မယုံရင် ငါ live လွှင့်ထားပေးရမလား။"

ရှဲ့ကျူရှင်းက live ကြည့်ချင်သူမဟုတ်၊ သူက အတူလိုက်သွားချင်နေတာဆိုပေမယ့် ဝမ်ချောင့်ဘက်မှ အစပြု၍ အတူလိုက်ဖို့မခေါ်လာတာမို့ လိုက်ခဲ့မည်ဟု အတင်းပြောရန်ရှက်နေတော့သည်။

ဝမ်ချောင်ဆိုတာ အရိပ်အခြေသိလှသူမဟုတ်တာမို့ သေချာသလောက် ရှဲ့ကျူရှင်းတွေးနေသည်များကို မသိနိုင်နေ။ ထို့အပြင် သူကိုယ်တိုင်ကလည်း ရှဲ့ကျူရှင်းကို ခေါ်သွားချင်တာမဟုတ်နေခဲ့။

ဘယ်သူ့ကို လာနောက်နေတာလဲ။ သူက ကျန့်ကျုံးယန်အရှေ့မှာ 1 တစ်ယောက်လို ဟန်ဆောင်နေဆဲပင်။ သူတို့နှစ်ယောက်ကိုသာ မျက်နှာချင်းဆိုင်တွေ့ခိုင်းလိုက်ပါက တစ်မိနစ်အတွင်း သူဟန်ဆောင်ထားသမျှ ပေါ်သွားမည်ဖြစ်၏။

ညနေပိုင်း သူတို့စားသောက်ဆိုင်တွင် တွေ့ကြသည်နှင့် ကျန့်ကျုံးယန်ဘက်မှ မေးလာတော့သည်။ "မင်းချစ်သူရော? မင်း သူ့ကိုရော မခေါ်လာဘူးလား။"

ဝမ်ချောင် အလိမ်တစ်ဝက် အမှန်တစ်ဝက်ရောပြောလိုက်သည်။ "အိမ်ပြန်သွားပြီ။ သူက ဒီလိုပျော်ပါးရတာ မကြိုက်ဘူး၊ တိတ်တိတ်ဆိတ်ဆိတ်နေရတာ သဘောကျတာ"

ကျန့်ကျုံးယန် ပြုံးပြီးပြောလာသည်။ "ငါက မင်းအိမ်သူလေးကိုပါ ခေါ်လာမယ်ထင်လို့ ဒီလိုနေရာမျိုးကို ရွေးလိုက်တာကွာ။ ဒါဆိုလည်း ဒီမှာမနေဘဲ ပျော်ဖို့ကောင်းတဲ့နေရာတစ်ခုခုပြောင်းရအောင်။"

ဝမ်ချောင် အလျင်အမြန်ထိုင်ချပြီး ပြန်ပြောလိုက်သည်။ "ထားတော့။ ငါ ညစာလေးသွားစားမယ်လို့ ပြောသွားတာတောင် ငါ့အိမ်ကလူက မှုခင်းစစ်သလို တစ်ခုချင်းဆီ လိုက်မေးနေတာ"

ကျန့်ကျုံးယန်ကလည်း စနောက်လိုက်တာမို့ သူလည်း ပြန်ထိုင်ချလိုက်လေသည်။

စားသောက်စရာများမှာပြီးသည်နှင့် နှစ်ယောက်သား ကျန့်ကျုံးယန်ကောင်လေးပါဝင်ထားသည့် show အကြောင်း ပြောလာကြတော့သည်။

ဝမ်ချောင်လည်း မလာခင်က တစ်ပိုင်းလောက်တော့ ရအောင်ကြည့်လာခဲ့တာမို့ ဒီစကားဝိုင်းအတွက် အသင့်အနေအထားဖြင့် ချီးကျူးပေးလိုက်သည်။ "ခင်ဗျားချစ်သူက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့ show ရဲ့ ဟာသတော်တော်များများက သူ့ကြောင့်ဖြစ်လာတာချည်းပဲ။"

ကျန့်ကျုံးယန် ဝံ့ကြွားမှုအပြည့်ဖြင့်ပြန်ပြောလာသည်။ "သေချာပေါက်ပေါ့၊ သူက အရမ်းဉာဏ်ကောင်းတယ်လေ"

ဝမ်ချောင်ကတော့ ထိုကောင်လေးကို ဉာဏ်ကောင်းသည်ဟု မထင်လှ။ "ခင်ဗျားတို့နှစ်ယောက် စကားများလိမ့်ရှိလား" သူမေးလိုက်သည်။

ကျန့်ကျုံးယန် ပြန်ပြောလာသည်။ "မရှိပါဘူး။ သူက အရမ်းစိတ်ရှည်တတ်တယ်။ ပြီးတော့ စကားများစရာကိစ္စမျိုးလည်း ဘာမှမရှိတော့ စကားမများကြဘူးလေ။"

ဝမ်ချောင် လှောင်ပြောလိုက်သည်။ "လုပ်စမ်းပါ။ စကားများစရာမရှိဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ။ ကျွန်တော်တို့က ဒီပုပ်ထဲကဒီပဲတွေချည်းပဲ။ ကျွန်တော့်ချစ်သူဆို ကျွန်တော့်ကို သူခိုးလိုပဲ၊ အမြဲအရိပ်တကြည့်ကြည့်နဲ့ .. တစ်နေ့တစ်နေ့ အပြင်မှာပဲ သွားပွေရှုပ်နေတဲ့လူလို။ နေ့တိုင်းလိုလို စကားများရတယ်၊ တစ်ခါတစ်ရံဆို ရန်ပါဖြစ်တယ်။ ခင်ဗျားချစ်သူ အဆင်ပြေရဲ့လား။ အရင်က ခင်ဗျား ဘာတွေလုပ်ခဲ့ဖူးလဲဆိုတာ သူမသိထားတာမျိုးလား။"

ကျန့်ကျုုံးယန် လေးလေးနက်နက်ပြန်ဖြေလာသည်။ "သူ ဘာလို့မသိရမှာလဲ။ ငါ အရင်ကတည်းက သူ့ကို အကုန်ပြောပြထားပြီးသား။ သူကလည်း အရင်ကိစ္စတွေကို စိတ်ထဲထားတတ်တဲ့သူမျိုးမဟုတ်ဘူး။"

ဝမ်ချောင် ထိုအဖြေကိုသဘောမတွေ့သေး။ "ကျွန်တော့်ချစ်သူကလည်း အရင်ကိစ္စတွေကို စိတ်ထဲထားတတ်တဲ့သူမျိုး မဟုတ်ပါဘူး။"

ကျန့်ကျုံးယန် ထူးဆန်းသွားသလိုပြန်မေးလိုက်သည်။ "ဒါဆို မင်းတို့နှစ်ယောက်က ဘာလို့စကားများကြတာလဲ။ မင်း အခုလည်း လိမ်မာနေပြီမဟုတ်ဘူးလား။"

ဝမ်ချောင်လည်း သေချာမသိနေ။ "ဒီတိုင်း ကိစ္စသေးသေးလေးတွေပါပဲ။ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စကားများကြတာမျိုး"

ကျန့်ကျုံးယန်ကတော့ သူတို့နှစ်ယောက် ငယ်လွန်းသေးတာမို့ မရင့်ကျက်သေးတာဟု တွေးမိလိုက်ပြီးပြောလိုက်သည်။ "မင်းတို့အချင်းချင်း ပြောပြပြီးဖြေရှင်းလို့မရဘူးလား။"

ဝမ်ချောင် ခဏမျှတွေးကြည့်ပြီး ပြန်ပြောလိုက်သည်။ "ပြောလည်းအသုံးမဝင်ဘူးဗျ။ ကျွန်တော်က နားထောင်မှာမှ မဟုတ်တာ"

ကျန့်ကျုံးယန် : "..."

ဝမ်ချောင် ထိုအကြောင်းပြောနေရင်း ဝမ်းသာတကြီးဖြစ်သွားတော့သည်။ "အဲ့တာကြောင့် ဒီရက်ပိုင်း တိတ်ဆိတ်နေတာနဲ့ တစ်ခုခုလိုနေသလိုခံစားနေရတာကိုး"

ကျန့်ကျုံးယန် : "... စကားများရတာ ပျော်ဖို့ကောင်းလို့လား"

ဝမ်ချောင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်ဖြေလာသည်။ "စကားများရုံတင် မဟုတ်ဘူး။ ရန်လည်းဖြစ်တယ်ဗျ။ သူက ကိုယ်ခံပညာတတ်ထားတာဆိုတော့ ကျွန်တော် သူ့ကိုနိုင်အောင်မချနိုင်ဘူးလေ။ သူက ပုံမှန်ဆို စိတ်တော်တော်ရှည်ပေမယ့် ဒေါသထွက်လာပြီး ရန်ဖြစ်တဲ့အချိန်ဆို အခြားသူတစ်ယောက်အဖြစ်ပြောင်းသွားသလိုပဲ။ အရမ်းမိုက်တာဗျ!! ဟဲဟဲ ကျွန်တော် သူနဲ့ရန်ဖြစ်ရတာကို အရမ်းသဘောကျတာပဲ။"

ကျန့်ကျုံးယန် : "..."

ဝမ်ချောင် သူနှင့်ရှဲ့ကျူရှင်း ရန်ဖြစ်တုန်းကအချိန်ကို ပြန်တွေးမိပြီး ဝံ့ကြွားမှုအပြည့်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။ "တကယ်တော့ သူက ကျွန်တော့်ကို ရိုက်တဲ့အချိန်ဆို အားသိပ်မသုံးဘူးလေ။ အဲ့တော့ သိပ်အနာကြီးမဟုတ်ဘူး။"

ကျန့်ကျုံးယန် : "..." 'ငယ်ရွယ်ရတာ တကယ်ကောင်းတာပဲ၊ ကစားနည်းပေါင်းမျိုးစုံနဲ့'

ညစာစားပြီးနောက် သူတို့အိမ်သူတို့ မပြန်ကြခင် နောက်ထပ်တစ်ချိန်ထပ်တွေ့ကြဖို့ အချိန်းအချက်ယူထားလိုက်ကြသည်။

ကျန့်ကျုံးယန်မှ ပြောလာသည်။ "နောက်တစ်ခေါက် သူတို့နှစ်ယောက်လုံး အချိန်အားရင် ငါတို့လေးယောက်သား စုံစုံလင်လင်တွေ့ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တစ်လောကသားတွေပဲဆိုတော့ တစ်ခုခုကြုံလာရင် ကူညီလို့ရအောင် အချင်းချင်းသိထားရင် ပိုကောင်းတာပေါ့။"

ဝမ်ချောင်လည်း သဘောတူလိုက်ပြီး သူတို့နှစ်ယောက်သား စားသောက်ဆိုင်ထဲမှ ပခုံးချင်းဖက်လျက် လျှောက်ထွက်လာကြလေသည်။

ကျန့်ကျုံးယန်က ကားမောင်းလာသူမို့ ကားအငှားမောင်းသူကိုလှမ်းခေါ်၍ ဝမ်ချောင်ကို အရင်လိုက်ပို့ရန် ပြင်လိုက်တော့သည်။

သူတို့ စားသောက်ဆိုင်ဝင်ပေါက်အနားသို့ရောက်သည်နှင့် လှေကားဘေးရှိ ကားပါကင်ဘက်မှ ကားဟွန်းသံထွက်လာခဲ့သည်။

အသံရှိရာဘက်သို့ သူတို့နှစ်ယောက်လုံး လှည့်ကြည့်မိလိုက်ကြသည်။

ဝမ်ချောင် : "... ဘာလို့ ဒီကားက ကျွန်တော့်ကားနဲ့ အရမ်းတူနေရတာလဲ"

မောင်းသူနေရာတွင်ထိုင်နေသူကလည်း သူ့ချစ်သူနှင့်တူလွန်းလှသည်။

ရှဲ့ကျူရှင်းအနေနှင့် သူတို့ချိန်းထားသည်က ဒီစားသောက်ဆိုင်မှာမှန်း သိထားပြီးဖြစ်သည်။ သူ ကုမ္ပဏီ၌ ၈ ခွဲအထိ အကလေ့ကျင့်ပြီးနောက် သူတို့ပြန်လောက်မည့်အချိန်ရောက်ပြီဟု ခံစားလိုက်ရတာမို့ ဒီနေရာသို့တန်းလာခဲ့ပြီး ဆိုင်အရှေ့တွင် ဆယ်မိနစ်မျှစောင့်နေခဲ့တာဖြစ်သည်။

သူက ဝမ်ချောင် အရက်သောက်ထားပြီးနောက် ကားငှားပြန်လို့ အဆင်မပြေဖြစ်မှာစိုးရိမ်မိတာပင်။

ကျန့်မျိုးရိုးအမည်ရှိသူငယ်ချင်းဖြစ်သူကို တွေးဖူးချင်မိတာလည်းပါလှသည်။

သူငယ်ချင်းဖွဲ့တာနှင့်ပတ်သတ်လျှင် ဝမ်ချောင့်အမြင်က သိပ်ကောင်းတာမဟုတ်လှ။ keyboard တီးသူက အကောင်းဆုံးဥပမာပြသူအဖြစ် ရှိနေပြီးဖြစ်သည်။

ကျန့်မျိုးရိုးနှင့်သူငယ်ချင်းဖြစ်သူက လာကြိုသူက ဝမ်ချောင့်ချစ်သူလေးမှန်းသိလိုက်သည်နှင့် ကားမှန်အပြင်ဘက်မှ အားကြိုးမာန်တက်လက်လှမ်းပြလာသည်။

ရှဲ့ကျူရှင်းလည်း ကားထဲမှထွက်ကာ ကျန့်ကျုံးယန်ကိုနှုတ်ဆက်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်လုံး တိတ်တဆိတ်နှင့် တစ်ဖက်သူကို အကဲခတ်နေကြတော့သည်။

ဝမ်ချောင် ခပ်မိုက်မိုက်ပြုံးလိုက်တာတောင်မှ သူ့ပါးစပ်က နားရွက်အထိ တက်ချိတ်တော့မလိုဖြစ်နေသည်။ သူက အပျော်လွန်သလို အနည်းငယ်မျှလည်း ရှက်နေမိသည်။ "မင်း ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။" သူ မေးလိုက်သည်။

ရှဲ့ကျူရှင်း အကြောင်းပြချက်တစ်ခုရှာ၍ပြောလိုက်သည်။ "ငါလည်း ဒီနားလေးမှာပဲ ညစာစားနေတာ။ စားပြီးတော့ မင်းတို့လည်း ပြီးလောက်ပြီထင်တာနဲ့ ဒီမှာ လာစောင့်နေလိုက်တာ"

ဝမ်ချောင် ကျန့်ကျုံးယန်ကို တန်းစွန့်ခွာလိုက်ပြီး ခုန်၍ ရှဲ့ကျူရှင်းပခုံးကို လှမ်းချိတ်ရင်း ပျော်ရွှင်တကြီးပြောလိုက်တော့သည်။ "သွားမယ်။ အိမ်ပြန်ရအောင်"

အိမ်၌ စောင့်နေမည့်သူတစ်ယောက်မှမရှိသည့်ကျန့်ကျုံးယန်က တမင်လှမ်းနောက်လာသည်။ "ဝေ့ .. သွားတော့မလို့လား။ မင်းပြောတော့ ငါတို့အတူ ဘားသွားဦးမယ်ဆို?"

ဝမ်ချောင်က ငြင်းဆန်ခြင်းမပြုသည့်အပြင် ပြုံးရယ်လျက် သူ့အားထောက်ခံလျက်ပြန်ပြောလာခဲ့သည်။ "ခင်ဗျားဘာသာပဲ သွားလိုက်တော့။ ကျွန်တော် ဒီနေ့တော့မသွားတော့ဘူး။"

ရှဲ့ကျူရှင်း ဘာမှဝင်မပြောလာပေမယ့် သူ့မျက်နှာကတော့ တင်းမာသွားတော့သည်။

ကျန့်ကျုံးယန် : "..." 'ဒီကောင်လေးက အရိုက်တောင်းတဲ့နေရာမှာ တကယ်တော်တာပဲ'

KittyKitling

___/////___

[Zawgyi]

'ကစားတတ္ၾကတယ္'

ကိုယ္တိုင္သီခ်င္းေရးၿပီး ကိုယ္တိုင္သီဆိုသည့္အႏုပညာရွင္မွာ ဝမ္ေခ်ာင္ရဲ့အတန္းေဖာ္ေဟာင္း keyboard တီးသူျဖစ္ေနသည္။

သူ႔သီခ်င္းမ်ားက folk ပုံစံကိုအသားေပးသည့္အခ်စ္သီခ်င္းမ်ားျဖစ္တာမို႔ စထြက္လာကတည္းက လူေတာ္ေတာ္မ်ားမ်ား၏အာ႐ုံစိုက္ျခင္းကို ရရွိသြားေတာ့သည္။

သို႔ေသာ္ျငား ႐ုတ္တရက္နာမည္ထႀကီးသြားတာမ်ိဳးအထိေတာ့ မျဖစ္ခဲ့။

Icedream အဖြဲ႕ဝင္ေတြလည္း ထိုသူက သူတို႔ေခါင္းေဆာင္ျဖစ္သူ၏အတန္းေဖာ္ဟု သိထားေပမယ့္ သူတို႔ေခါင္းေဆာင္က ထိုသူ႔အေၾကာင္း မ်ားမ်ားစားစားေျပာခ်င္ပုံမေပၚတာေၾကာင့္ သူတို႔လည္း အလိုက္တသိႏွင့္ ဝမ္ေခ်ာင့္အေရွ႕တြင္ ဘာမွထုတ္မေျပာလာ။

သို႔ေသာ္ သူတို႔ေခါင္းေဆာင္ေနာက္ကြယ္မွာေတာ့ ေကာင္းစီယြမ္က ရွဲ႕က်ဴရွင္းအား တိုးတိုးတိတ္တိတ္ေမးလာေတာ့သည္။ "ေခါင္းေဆာင္က အဲ့အဆိုေတာ္နဲ႔ ဆက္ဆံေရးမေကာင္းဘူးမလား"

ရွဲ႕က်ဴရွင္း ျပန္ေျဖလိုက္သည္။ "သာမန္အတန္းေဖာ္ဆက္ဆံေရးပါပဲ"

ေကာင္းစီယြမ္ေလသံထဲတြင္ သိခ်င္မွုႏွင့္ အတင္းတုတ္ခ်င္မွုမ်ားအျပည့္ပါဝင္ေနသည္။ "ဒါဆို ဘယ္လိုျဖစ္လို႔ အဲ့လူ ဒီလို Album ထုတ္နိုင္တာ ကၽြန္ေတာ္တို႔ေခါင္းေဆာင္ကူေပးလိုက္လို႔ဆိုၿပီး ၾကားေနရတာလဲ။"

ရွဲ႕က်ဴရွင္း ဘာမွျပန္မေျဖခဲ့။

သူ႔စိတ္ထဲ ဝမ္ေခ်ာင္ သူ႔ကိုတစ္ခုခုမေျပာဘဲ ဖုံးကြယ္ထားသည္ဟု ခံစားေနမိေတာ့သည္။

သို႔ေပမယ့္ အစမွအဆုံးအထိ ဝမ္ေခ်ာင့္ဘက္မွစၿပီး ထိုအဆိုေတာ္အေၾကာင္း တစ္ခြန္းေျပာလာျခင္းမရွိခဲ့။

ကိုယ္ပိုင္စတူဒီယိုေထာင္လိုက္သည့္သြမ့္ယိခြန္းကေတာ့ ကုမၸဏီမွထြက္သြားၿပီးေနာက္ အနည္းႏွင့္အမ်ား ထူထူေထာင္ေထာင္ရွိလာၿပီျဖစ္ၿပီး IceDream အဖြဲ႕ႏွင့္လည္း အဆက္အသြယ္ျပန္ရွိလာခဲ့သည္။ သို႔ေသာ္ျငား ထိုအခ်ိန္တြင္ သူတို႔ၾကားဆက္ဆံေရးက အေတာ္ေလးေနရခက္သည့္အေျခအေနမ်ိဳးတြင္ရွိေနခဲ့ၿပီး ပို႔ျဖစ္ေသာစာအမ်ားစုကလည္း အခ်င္းခ်င္းဂုဏ္ျပဳေပးေနျခင္းမ်ားသာျဖစ္ေနေတာ့သည္။

ဟြမ့္ရွင္းမွ အႏုပညာရွင္အသစ္တစ္ဦး ပြဲဦးထုတ္ေပးျခင္းႏွင့္ ဟြမ့္ရွင္းမွမန္ေနဂ်ာေဟာင္း ကိုယ္ပိုင္ေအဂ်င္စီေထာင္လိုက္ျခင္းမ်ားမွာ သတင္းအေသးစားမ်ားျဖစ္ၿပီး IceDream ၏ လာမည့္ concert ကေတာင္ fan မ်ားအၾကားသာ ေဆြးေႏြးေျပာၾကသည့္သတင္းမ်ိဳးျဖစ္သည္။ ဩဂုတ္လအတြက္ အႏုပညာရွင္ေလာကအတြင္း အေက်ာ္ၾကားဆုံးသတင္းကေတာ့ reality show ျဖစ္ၿပီး ထိုသတင္းက ၾကည့္ရွုသူတိုင္း၏အာ႐ုံကိုဆြဲေဆာင္သြားေလသည္။

ေႏြရာသီအတြင္းထြက္ရွိထားသည့္ variety show မ်ားအၾကား ထို show က အပိုင္းတစ္ပိုင္းၿပီးတစ္ပိုင္း rating ထိုးတက္လို႔လာၿပီး အင္တာနက္ေက်ာ္ၾကားမွုႏွုန္း၌ လ်န္ရွီပါဝင္ထားသည့္ show ေအာက္နားတြင္ ကပ္၍ရွိေနသည္။

ထို show ၏ လူေျပာအမ်ားဆုံးေခါင္းစဥ္ကေတာ့ သူ႔အႏုပညာလမ္းေၾကာင္းကို ႐ုတ္တရက္ သ႐ုပ္ေဆာင္ဘက္သို႔ေျပာင္းလိုက္သည့္ ေမာ္ဒယ္ေကာင္ေလးတစ္ေယာက္အေၾကာင္းျဖစ္၏။ သူက ဇာတ္ကားေတာ္ေတာ္မ်ားမ်ားတြင္ အရန္ေနရာမွပါဝင္သ႐ုပ္ေဆာင္ဖူးေပမယ့္ တစ္ခါမွ နာမည္ေက်ာ္ၾကားလာခဲ့ျခင္းမရွိ။ ၾကည့္႐ူသူတိုင္းကလည္း သူ႔ကိုျမင္ဖူးေနသလိုရွိၾကေပမယ့္ ဘယ္သူကမွ သူ႔နာမည္ကို မမွတ္မိေနခဲ့။ ဒီတစ္ေခါက္မွာေတာ့ ထိုေကာင္ေလးက ထြက္လာသမၽွအပိုင္းသစ္တိုင္းႏွင့္အတူ သူ႔ေအာင္ျမင္မွုကလည္း အေပၚသို႔ထိုးတက္လာခဲ့ၿပီး လူမသိသူမသိသ႐ုပ္ေဆာင္ဘဝမွ လတ္တေလာနာမည္ေက်ာ္သူမ်ားစာရင္းသို႔ေရာက္ရွိသြားေတာ့သည္။

ဝမ္ေခ်ာင္က Variety show မ်ား ၾကည့္တတ္သူမဟုတ္။ အရင္ကေတာ့ သူ႔ဝါသနာက nightclub သြားျခင္းႏွင့္ ဂိမ္းေဆာ့ျခင္းဆိုေပမယ့္ အခုေတာ့ ဂိမ္းကစားျခင္းသာရွိေတာ့သည္။

ထို႔ေၾကာင့္လည္း ႐ုတ္တရက္ နာမည္ေက်ာ္ၾကားလာသည့္ေမာ္ဒယ္ျဖစ္ခဲ့သူေကာင္ေလးအေၾကာင္း သူ သိပ္အာ႐ုံမထားမိခဲ့။

ဒါက သူ႔သူငယ္ခ်င္းျဖစ္သူက်န့္က်ဳံးယန္ ဖုန္းေခၚ၍ ဂုဏ္ယူမွုအျပည့္ျဖင့္မႂကြားလာခင္အထိသာ။ "ငါ့ေကာင္ေလးက နာမည္ေက်ာ္လာမယ့္သူလို႔ မင္းကိုေျပာလိုက္တယ္မလား။ ဘယ္လိုထင္လဲ။"

ထိုအခါမွသာ ေျခတံရွည္ရွည္ႏွင့္ေမာ္ဒယ္ေလးက သူ႔သူငယ္ခ်င္းရဲ့ရည္းစားမွန္း သူသိလိုက္ရေတာ့သည္။

ေမာ္ဒယ္ျဖစ္သူေလးက show အပိုင္းသစ္ရိုက္ကူးရန္ အျခားေနရာသို႔ ခရီးထြက္သြားရတာမို႔ အိမ္တြင္ရွိမေနခဲ့။ ဖုန္းေခၚလို႔ ႂကြားဝါၿပီးတာေတာင္မွ စိတ္အားတက္ႂကြမွုအျပည့္ျဖစ္ေနေသးသည့္ က်န႔္က်ဳံးယန္က ညက်လည္း အတူေသာက္ၾကဖို႔ ဝမ္ေခ်ာင့္ကိုဖိတ္လာသည္။

သူတို႔ႏွစ္ေယာက္အတူစုံခဲ့သည္က ရွဲ႕က်ဴရွင္း သာ့လီဘက္တြင္ ရိုက္ကူးေရးရွိတုန္းကျဖစ္တာမို႔ ဝမ္ေခ်ာင္ကိုယ္တိုင္လည္း အရက္အရသာကို အနည္းငယ္မၽွလြမ္းဆြတ္သလိုျဖစ္ေနၿပီး သူကိုယ္တိုင္လည္း ညဘက္ အခ်ိန္အားေနတာမို႔ သေဘာတူလိုက္ေတာ့သည္။

အခုေလာေလာဆယ္ သူႏွင့္ က်န္သည့္ ID အဖြဲ႕ဝင္မ်ားက ကုမၸဏီတြင္ရွိေနၾကတာျဖစ္ၿပီး သူတို႔တေတြက ေနာက္လ concert အတြက္ ျပင္ဆင္ေနၾကတာျဖစ္သည္။ ထြက္ထားၿပီးျဖစ္သည့္ album ႏွစ္ခုမွ သီခ်င္းမ်ား ဆယ္ပုဒ္ေက်ာ္ ဆိုျပျခင္းအျပင္ သူတို႔က Special track မ်ားလည္း ျပင္ဆင္လို႔ သူတို႔ေျခာက္ေယာက္သား တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖဖို႔လည္း ျပင္ထားၾကေလသည္။

ဝမ္ေခ်ာင္က classic အခ်စ္သီခ်င္းတစ္ပုဒ္ကို cover ျပန္ဆိုမွာျဖစ္ၿပီး သီခ်င္းအလယ္ေလာက္တြင္ violin ေဖ်ာ္ေျဖမွုကိုပါ ထည့္ဖို႔ျပင္ဆင္ထားသည္။

ရွဲ႕က်ဴရွင္းကေတာ့ အက ကရင္း သီခ်င္းဆိုမွာျဖစ္သည္။ ေရြးထားသည့္သီခ်င္းက sexy ဆန္ဆန္ရွိလွၿပီး ရလဒ္ေကာင္းေကာင္းရနိုင္ရန္ သူႏွင့္အတူတြဲဖက္ကေပးမည့္ ေကာင္မေလး dancer ကိုပါ ထည့္သြင္းထားေလသည္။

ဝမ္ေခ်ာင္ အကေလ့က်င့္ခန္းတံခါးကို တြန္းဖြင့္၍ အထဲသို႔ဝင္သြားလိုက္ရာ ရွဲ႕က်ဴရွင္းႏွင့္ ထိုေကာင္မေလးက သီခ်င္းအကကို ေလ့က်င့္လို႔ေနၿပီး ဆယ္စကၠန႔္ေက်ာ္ေအာင္ လိုအပ္တာထက္ပိုနီးကပ္လို႔ရွိေနၾကေလ၏။

ေခါင္းေဆာင္ျဖစ္သူလည္း ေဘးတြင္မတ္တပ္ရပ္ရင္း သဝန္တိုမွုမ်ားစြာျဖင့္ စူးစိုက္ၾကည့္ေနေတာ့သည္။ သူတို႔ အက ကၿပီးခ်ိန္မွ သူ ရွဲ႕က်ဴရွင္းကို လွမ္းေခၚလိုက္သည္။ "လာဦး၊ ငါ မင္းကိုတစ္ခုေျပာစရာရွိလို႔"

ရွဲ႕က်ဴရွင္းလည္း ထိုေကာင္မေလးျဖစ္သူကို 'ပင္ပန္းသြားပါၿပီ' ဟု ေက်းဇူးတင္လိုက္ၿပီးမွ အနားသို႔ေရာက္လာၿပီး ေျပာေလသည္။ "ျမန္ျမန္သြားေလ့က်င့္ေတာ့။ ဘယ္နားသြားၿပီး အေလလိုက္ေနတာလဲ။"

ဝမ္ေခ်ာင္ ဝံ့ႂကြားမွုအျပည့္ျဖင့္ေျပာလိုက္သည္။ "ဒါက ေလ့က်င့္ဖို႔ေတာင္လိုလို႔လား။ ငါ မ်က္စိမွိတ္ၿပီးေတာင္ ေဖ်ာ္ေျဖလို႔ရတယ္။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "အိုးး မိုက္လြန္းလိုက္တာ။ မင္း ငါ့ကိုဘာေျပာမလို႔လဲ။"

ဝမ္ေခ်ာင္ သူ႔ကို ကားေသာ့လွမ္းေပးၿပီး ေျပာလာသည္။ "မင္း က်ိက်ဲတို႔နဲ႔ ညေနက် ညစာလိုက္စားၿပီး ကားေမာင္းျပန္လိုက္။ ငါ့ကို သူငယ္ခ်င္းတစ္ေယာက္ ဖိတ္ထားလို႔ အရက္လည္းေသာက္ရမွာဆိုေတာ့ ငါ ကားမေမာင္းေတာ့ဘူး။"

ရွဲ႕က်ဴရွင္း ေသာ့ကိုလွမ္းယူၿပီး ေမးလိုက္သည္။ "ဘယ္သူငယ္ခ်င္းလဲ။"

ဝမ္ေခ်ာင္ အမွန္အတိုင္းျပန္ေျဖလိုက္သည္။ "က်န့္မ်ိဳးရိုးနဲ႔တစ္ေယာက္ေလ။"

ရွဲ႕က်ဴရွင္း ထပ္ေမးေတာ့သည္။ "ညစာစား႐ုံပဲလား။ က်န္တာတစ္ခုခုလုပ္ဦးမွာလား။"

ဝမ္ေခ်ာင္ ေျပာလိုက္သည္။ "ဘာမွမလုပ္ဘူး! မင္း မယုံရင္ ငါ live လႊင့္ထားေပးရမလား။"

ရွဲ႕က်ဴရွင္းက live ၾကည့္ခ်င္သူမဟုတ္၊ သူက အတူလိုက္သြားခ်င္ေနတာဆိုေပမယ့္ ဝမ္ေခ်ာင့္ဘက္မွ အစျပဳ၍ အတူလိုက္ဖို႔မေခၚလာတာမို႔ လိုက္ခဲ့မည္ဟု အတင္းေျပာရန္ရွက္ေနေတာ့သည္။

ဝမ္ေခ်ာင္ဆိုတာ အရိပ္အေျခသိလွသူမဟုတ္တာမို႔ ေသခ်ာသေလာက္ ရွဲ႕က်ဴရွင္းေတြးေနသည္မ်ားကို မသိနိုင္ေန။ ထို႔အျပင္ သူကိုယ္တိုင္ကလည္း ရွဲ႕က်ဴရွင္းကို ေခၚသြားခ်င္တာမဟုတ္ေနခဲ့။

ဘယ္သူ႔ကို လာေနာက္ေနတာလဲ။ သူက က်န႔္က်ဳံးယန္အေရွ႕မွာ 1 တစ္ေယာက္လို ဟန္ေဆာင္ေနဆဲပင္။ သူတို႔ႏွစ္ေယာက္ကိုသာ မ်က္ႏွာခ်င္းဆိုင္ေတြ႕ခိုင္းလိုက္ပါက တစ္မိနစ္အတြင္း သူဟန္ေဆာင္ထားသမၽွ ေပၚသြားမည္ျဖစ္၏။

ညေနပိုင္း သူတို႔စားေသာက္ဆိုင္တြင္ ေတြ႕ၾကသည္ႏွင့္ က်န႔္က်ဳံးယန္ဘက္မွ ေမးလာေတာ့သည္။ "မင္းခ်စ္သူေရာ? မင္း သူ႔ကိုေရာ မေခၚလာဘူးလား။"

ဝမ္ေခ်ာင္ အလိမ္တစ္ဝက္ အမွန္တစ္ဝက္ေရာေျပာလိုက္သည္။ "အိမ္ျပန္သြားၿပီ။ သူက ဒီလိုေပ်ာ္ပါးရတာ မႀကိဳက္ဘူး၊ တိတ္တိတ္ဆိတ္ဆိတ္ေနရတာ သေဘာက်တာ"

က်န႔္က်ဳံးယန္ ျပဳံးၿပီးေျပာလာသည္။ "ငါက မင္းအိမ္သူေလးကိုပါ ေခၚလာမယ္ထင္လို႔ ဒီလိုေနရာမ်ိဳးကို ေရြးလိုက္တာကြာ။ ဒါဆိုလည္း ဒီမွာမေနဘဲ ေပ်ာ္ဖို႔ေကာင္းတဲ့ေနရာတစ္ခုခုေျပာင္းရေအာင္။"

ဝမ္ေခ်ာင္ အလ်င္အျမန္ထိုင္ခ်ၿပီး ျပန္ေျပာလိုက္သည္။ "ထားေတာ့။ ငါ ညစာေလးသြားစားမယ္လို႔ ေျပာသြားတာေတာင္ ငါ့အိမ္ကလူက မွုခင္းစစ္သလို တစ္ခုခ်င္းဆီ လိုက္ေမးေနတာ"

က်န႔္က်ဳံးယန္ကလည္း စေနာက္လိုက္တာမို႔ သူလည္း ျပန္ထိုင္ခ်လိုက္ေလသည္။

စားေသာက္စရာမ်ားမွာၿပီးသည္ႏွင့္ ႏွစ္ေယာက္သား က်န႔္က်ဳံးယန္ေကာင္ေလးပါဝင္ထားသည့္ show အေၾကာင္း ေျပာလာၾကေတာ့သည္။

ဝမ္ေခ်ာင္လည္း မလာခင္က တစ္ပိုင္းေလာက္ေတာ့ ရေအာင္ၾကည့္လာခဲ့တာမို႔ ဒီစကားဝိုင္းအတြက္ အသင့္အေနအထားျဖင့္ ခ်ီးက်ဴးေပးလိုက္သည္။ "ခင္ဗ်ားခ်စ္သူက ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းတယ္။ အဲ့ show ရဲ့ ဟာသေတာ္ေတာ္မ်ားမ်ားက သူ႔ေၾကာင့္ျဖစ္လာတာခ်ည္းပဲ။"

က်န႔္က်ဳံးယန္ ဝံ့ႂကြားမွုအျပည့္ျဖင့္ျပန္ေျပာလာသည္။ "ေသခ်ာေပါက္ေပါ့၊ သူက အရမ္းဉာဏ္ေကာင္းတယ္ေလ"

ဝမ္ေခ်ာင္ကေတာ့ ထိုေကာင္ေလးကို ဉာဏ္ေကာင္းသည္ဟု မထင္လွ။ "ခင္ဗ်ားတို႔ႏွစ္ေယာက္ စကားမ်ားလိမ့္ရွိလား" သူေမးလိုက္သည္။

က်န႔္က်ဳံးယန္ ျပန္ေျပာလာသည္။ "မရွိပါဘူး။ သူက အရမ္းစိတ္ရွည္တတ္တယ္။ ၿပီးေတာ့ စကားမ်ားစရာကိစၥမ်ိဳးလည္း ဘာမွမရွိေတာ့ စကားမမ်ားၾကဘူးေလ။"

ဝမ္ေခ်ာင္ ေလွာင္ေျပာလိုက္သည္။ "လုပ္စမ္းပါ။ စကားမ်ားစရာမရွိဘူးဆိုတာ ဘာအဓိပၸါယ္လဲ။ ကၽြန္ေတာ္တို႔က ဒီပုပ္ထဲကဒီပဲေတြခ်ည္းပဲ။ ကၽြန္ေတာ့္ခ်စ္သူဆို ကၽြန္ေတာ့္ကို သူခိုးလိုပဲ၊ အျမဲအရိပ္တၾကည့္ၾကည့္နဲ႔ .. တစ္ေန႔တစ္ေန႔ အျပင္မွာပဲ သြားေပြရွုပ္ေနတဲ့လူလို။ ေန႔တိုင္းလိုလို စကားမ်ားရတယ္၊ တစ္ခါတစ္ရံဆို ရန္ပါျဖစ္တယ္။ ခင္ဗ်ားခ်စ္သူ အဆင္ေျပရဲ့လား။ အရင္က ခင္ဗ်ား ဘာေတြလုပ္ခဲ့ဖူးလဲဆိုတာ သူမသိထားတာမ်ိဳးလား။"

က်န႔္က်ဳုံးယန္ ေလးေလးနက္နက္ျပန္ေျဖလာသည္။ "သူ ဘာလို႔မသိရမွာလဲ။ ငါ အရင္ကတည္းက သူ႔ကို အကုန္ေျပာျပထားၿပီးသား။ သူကလည္း အရင္ကိစၥေတြကို စိတ္ထဲထားတတ္တဲ့သူမ်ိဳးမဟုတ္ဘူး။"

ဝမ္ေခ်ာင္ ထိုအေျဖကိုသေဘာမေတြ႕ေသး။ "ကၽြန္ေတာ့္ခ်စ္သူကလည္း အရင္ကိစၥေတြကို စိတ္ထဲထားတတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။"

က်န႔္က်ဳံးယန္ ထူးဆန္းသြားသလိုျပန္ေမးလိုက္သည္။ "ဒါဆို မင္းတို႔ႏွစ္ေယာက္က ဘာလို႔စကားမ်ားၾကတာလဲ။ မင္း အခုလည္း လိမ္မာေနၿပီမဟုတ္ဘူးလား။"

ဝမ္ေခ်ာင္လည္း ေသခ်ာမသိေန။ "ဒီတိုင္း ကိစၥေသးေသးေလးေတြပါပဲ။ ဘာမွမဟုတ္တဲ့ကိစၥေလးေတြနဲ႔ စကားမ်ားၾကတာမ်ိဳး"

က်န႔္က်ဳံးယန္ကေတာ့ သူတို႔ႏွစ္ေယာက္ ငယ္လြန္းေသးတာမို႔ မရင့္က်က္ေသးတာဟု ေတြးမိလိုက္ၿပီးေျပာလိုက္သည္။ "မင္းတို႔အခ်င္းခ်င္း ေျပာျပၿပီးေျဖရွင္းလို႔မရဘူးလား။"

ဝမ္ေခ်ာင္ ခဏမၽွေတြးၾကည့္ၿပီး ျပန္ေျပာလိုက္သည္။ "ေျပာလည္းအသုံးမဝင္ဘူးဗ်။ ကၽြန္ေတာ္က နားေထာင္မွာမွ မဟုတ္တာ"

က်န႔္က်ဳံးယန္ : "..."

ဝမ္ေခ်ာင္ ထိုအေၾကာင္းေျပာေနရင္း ဝမ္းသာတႀကီးျဖစ္သြားေတာ့သည္။ "အဲ့တာေၾကာင့္ ဒီရက္ပိုင္း တိတ္ဆိတ္ေနတာနဲ႔ တစ္ခုခုလိုေနသလိုခံစားေနရတာကိုး"

က်န႔္က်ဳံးယန္ : "... စကားမ်ားရတာ ေပ်ာ္ဖို႔ေကာင္းလို႔လား"

ဝမ္ေခ်ာင္ စိတ္လွုပ္ရွားမွုအျပည့္ျဖင့္ ျပန္ေျဖလာသည္။ "စကားမ်ား႐ုံတင္ မဟုတ္ဘူး။ ရန္လည္းျဖစ္တယ္ဗ်။ သူက ကိုယ္ခံပညာတတ္ထားတာဆိုေတာ့ ကၽြန္ေတာ္ သူ႔ကိုနိုင္ေအာင္မခ်နိုင္ဘူးေလ။ သူက ပုံမွန္ဆို စိတ္ေတာ္ေတာ္ရွည္ေပမယ့္ ေဒါသထြက္လာၿပီး ရန္ျဖစ္တဲ့အခ်ိန္ဆို အျခားသူတစ္ေယာက္အျဖစ္ေျပာင္းသြားသလိုပဲ။ အရမ္းမိုက္တာဗ်!! ဟဲဟဲ ကၽြန္ေတာ္ သူနဲ႔ရန္ျဖစ္ရတာကို အရမ္းသေဘာက်တာပဲ။"

က်န႔္က်ဳံးယန္ : "..."

ဝမ္ေခ်ာင္ သူႏွင့္ရွဲ႕က်ဴရွင္း ရန္ျဖစ္တုန္းကအခ်ိန္ကို ျပန္ေတြးမိၿပီး ဝံ့ႂကြားမွုအျပည့္ျဖင့္ ထပ္ျဖည့္ေျပာလိုက္သည္။ "တကယ္ေတာ့ သူက ကၽြန္ေတာ့္ကို ရိုက္တဲ့အခ်ိန္ဆို အားသိပ္မသုံးဘူးေလ။ အဲ့ေတာ့ သိပ္အနာႀကီးမဟုတ္ဘူး။"

က်န႔္က်ဳံးယန္ : "..." 'ငယ္ရြယ္ရတာ တကယ္ေကာင္းတာပဲ၊ ကစားနည္းေပါင္းမ်ိဳးစုံနဲ႔'

ညစာစားၿပီးေနာက္ သူတို႔အိမ္သူတို႔ မျပန္ၾကခင္ ေနာက္ထပ္တစ္ခ်ိန္ထပ္ေတြ႕ၾကဖို႔ အခ်ိန္းအခ်က္ယူထားလိုက္ၾကသည္။

က်န႔္က်ဳံးယန္မွ ေျပာလာသည္။ "ေနာက္တစ္ေခါက္ သူတို႔ႏွစ္ေယာက္လုံး အခ်ိန္အားရင္ ငါတို႔ေလးေယာက္သား စုံစုံလင္လင္ေတြ႕ၾကတာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ေလာကသားေတြပဲဆိုေတာ့ တစ္ခုခုၾကဳံလာရင္ ကူညီလို႔ရေအာင္ အခ်င္းခ်င္းသိထားရင္ ပိုေကာင္းတာေပါ့။"

ဝမ္ေခ်ာင္လည္း သေဘာတူလိုက္ၿပီး သူတို႔ႏွစ္ေယာက္သား စားေသာက္ဆိုင္ထဲမွ ပခုံးခ်င္းဖက္လ်က္ ေလၽွာက္ထြက္လာၾကေလသည္။

က်န႔္က်ဳံးယန္က ကားေမာင္းလာသူမို႔ ကားအငွားေမာင္းသူကိုလွမ္းေခၚ၍ ဝမ္ေခ်ာင္ကို အရင္လိုက္ပို႔ရန္ ျပင္လိုက္ေတာ့သည္။

သူတို႔ စားေသာက္ဆိုင္ဝင္ေပါက္အနားသို႔ေရာက္သည္ႏွင့္ ေလွကားေဘးရွိ ကားပါကင္ဘက္မွ ကားဟြန္းသံထြက္လာခဲ့သည္။

အသံရွိရာဘက္သို႔ သူတို႔ႏွစ္ေယာက္လုံး လွည့္ၾကည့္မိလိုက္ၾကသည္။

ဝမ္ေခ်ာင္ : "... ဘာလို႔ ဒီကားက ကၽြန္ေတာ့္ကားနဲ႔ အရမ္းတူေနရတာလဲ"

ေမာင္းသူေနရာတြင္ထိုင္ေနသူကလည္း သူ႔ခ်စ္သူႏွင့္တူလြန္းလွသည္။

ရွဲ႕က်ဴရွင္းအေနႏွင့္ သူတို႔ခ်ိန္းထားသည္က ဒီစားေသာက္ဆိုင္မွာမွန္း သိထားၿပီးျဖစ္သည္။ သူ ကုမၸဏီ၌ ၈ ခြဲအထိ အကေလ့က်င့္ၿပီးေနာက္ သူတို႔ျပန္ေလာက္မည့္အခ်ိန္ေရာက္ၿပီဟု ခံစားလိုက္ရတာမို႔ ဒီေနရာသို႔တန္းလာခဲ့ၿပီး ဆိုင္အေရွ႕တြင္ ဆယ္မိနစ္မၽွေစာင့္ေနခဲ့တာျဖစ္သည္။

သူက ဝမ္ေခ်ာင္ အရက္ေသာက္ထားၿပီးေနာက္ ကားငွားျပန္လို႔ အဆင္မေျပျဖစ္မွာစိုးရိမ္မိတာပင္။

က်န႔္မ်ိဳးရိုးအမည္ရွိသူငယ္ခ်င္းျဖစ္သူကို ေတြးဖူးခ်င္မိတာလည္းပါလွသည္။

သူငယ္ခ်င္းဖြဲ႕တာႏွင့္ပတ္သတ္လၽွင္ ဝမ္ေခ်ာင့္အျမင္က သိပ္ေကာင္းတာမဟုတ္လွ။ keyboard တီးသူက အေကာင္းဆုံးဥပမာျပသူအျဖစ္ ရွိေနၿပီးျဖစ္သည္။

က်န႔္မ်ိဳးရိုးႏွင့္သူငယ္ခ်င္းျဖစ္သူက လာႀကိဳသူက ဝမ္ေခ်ာင့္ခ်စ္သူေလးမွန္းသိလိုက္သည္ႏွင့္ ကားမွန္အျပင္ဘက္မွ အားႀကိဳးမာန္တက္လက္လွမ္းျပလာသည္။

ရွဲ႕က်ဴရွင္းလည္း ကားထဲမွထြက္ကာ က်န႔္က်ဳံးယန္ကိုႏွုတ္ဆက္လိုက္သည္။

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္လုံး တိတ္တဆိတ္ႏွင့္ တစ္ဖက္သူကို အကဲခတ္ေနၾကေတာ့သည္။

ဝမ္ေခ်ာင္ ခပ္မိုက္မိုက္ျပဳံးလိုက္တာေတာင္မွ သူ႔ပါးစပ္က နားရြက္အထိ တက္ခ်ိတ္ေတာ့မလိုျဖစ္ေနသည္။ သူက အေပ်ာ္လြန္သလို အနည္းငယ္မၽွလည္း ရွက္ေနမိသည္။ "မင္း ဘယ္လိုလုပ္ၿပီး ဒီေရာက္လာတာလဲ။" သူ ေမးလိုက္သည္။

ရွဲ႕က်ဴရွင္း အေၾကာင္းျပခ်က္တစ္ခုရွာ၍ေျပာလိုက္သည္။ "ငါလည္း ဒီနားေလးမွာပဲ ညစာစားေနတာ။ စားၿပီးေတာ့ မင္းတို႔လည္း ၿပီးေလာက္ၿပီထင္တာနဲ႔ ဒီမွာ လာေစာင့္ေနလိုက္တာ"

ဝမ္ေခ်ာင္ က်န႔္က်ဳံးယန္ကို တန္းစြန႔္ခြာလိုက္ၿပီး ခုန္၍ ရွဲ႕က်ဴရွင္းပခုံးကို လွမ္းခ်ိတ္ရင္း ေပ်ာ္ရႊင္တႀကီးေျပာလိုက္ေတာ့သည္။ "သြားမယ္။ အိမ္ျပန္ရေအာင္"

အိမ္၌ ေစာင့္ေနမည့္သူတစ္ေယာက္မွမရွိသည့္က်န႔္က်ဳံးယန္က တမင္လွမ္းေနာက္လာသည္။ "ေဝ့ .. သြားေတာ့မလို႔လား။ မင္းေျပာေတာ့ ငါတို႔အတူ ဘားသြားဦးမယ္ဆို?"

ဝမ္ေခ်ာင္က ျငင္းဆန္ျခင္းမျပဳသည့္အျပင္ ျပဳံးရယ္လ်က္ သူ႔အားေထာက္ခံလ်က္ျပန္ေျပာလာခဲ့သည္။ "ခင္ဗ်ားဘာသာပဲ သြားလိုက္ေတာ့။ ကၽြန္ေတာ္ ဒီေန႔ေတာ့မသြားေတာ့ဘူး။"

ရွဲ႕က်ဴရွင္း ဘာမွဝင္မေျပာလာေပမယ့္ သူ႔မ်က္ႏွာကေတာ့ တင္းမာသြားေတာ့သည္။

က်န႔္က်ဳံးယန္ : "..." 'ဒီေကာင္ေလးက အရိုက္ေတာင္းတဲ့ေနရာမွာ တကယ္ေတာ္တာပဲ'

KittyKitling

___/////___

Continue Reading

You'll Also Like

169K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
729K 32.1K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
210K 19.2K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
3M 232K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023