Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
58
60
61
62
63
64
65
66

59

1.4K 206 8
By callme__kitty

[Unicode]

'မှန်'

အခန်းထဲမှထွက်လာပြီးနောက် သူတို့နှစ်ယောက်လုံး ကုမ္ပဏီသို့ပြန်သွားလိုက်ကြသည်။

ရှဲ့ကျူရှင်းကတော့ စိတ်ထဲ သိပ်မပျော်မရွှင်ဖြစ်နေတာမို့ ဝမ်ချောင်ကို အဖက်မလုပ်ချင်နေ။

မျက်နှာရိပ်မျက်နှာကဲမကြည့်တတ်သည့်ဝမ်ချောင်ကတော့ သူပြောလိုက်သည့်စကားများက တစ်ဖက်လူကို ခံရခက်စေလိမ့်မည်ဆိုတာမျိုး မတွေးမိဘဲ ပျော်ပျော်ကြီးပြောလာသည်။ "ပိုက်ဆံပဲဖြုန်းပြီးနေပြီကို ဘာလို့ရှုံ့မဲ့နေတာလဲ။ မင်း အဲ့တိုက်ခန်းဝယ်ဖို့ ပိုက်ဆံဘယ်လောက်သုံးလိုက်ရလဲ။ ငါ တစ်ဝက်စိုက်မယ်။"

ရှဲ့ကျူရှင်း သူ့ကို ပြန်ချေပပြောလိုက်သည်။ "မလိုဘူး။ တိုက်ခန်းပိုင်ဆိုင်မှုစာချုပ်မှာလည်း မင်းနာမည်ထည့်ထားတာမဟုတ်ဘူး။"

ဝမ်ချောင်ကတော့ ဘာမှမခံစားလိုက်ရ၊ သူက သူ့နာမည် ပါခြင်း၊ မပါခြင်းအား ဂရုထားလှတာမဟုတ်။ "တကယ်မလိုဘူးလား။ နောင်တမရနဲ့နော်။"

ရှဲ့ကျူရှင်း သူ့ဘာသာတွေးမိသွားသည်။ 'နောင်တအရဆုံးကတော့ မျက်စိကန်းပြီး မင်းကိုကြိုက်မိသွားတာပဲ။'

ဝမ်ချောင် သီချင်းစာသားအချို့ညည်းနေရင်း ဂရုမထားသလိုထပ်မေးလိုက်သည်။ "ဒါဆို မင်း ဘယ်အချိန်ကျမှ အခန်းအတွင်းပိုင်းတွေ ပြင်ဖို့လုပ်မှာလဲ။"

ရှဲ့ကျူရှင်း ဘာသိဘာသာပြန်ဖြေလာသည်။ "နောက်မှပြောတာပေါ့။"

နောက်မှပြောမယ်? ဝမ်ချောင် အရမ်းစိုးရိမ်ကြောင့်ကြဖြစ်သွားပြီးပြောလိုက်သည်။ "ငါ့သဘောပြောရရင် အခုကတည်းက ပြင်ထားတာပိုကောင်းမယ်။ အကုန်အပြီးအစီးဖြစ်ဖို့ဆိုရင်လည်း လကျော်ကြာမှာ။ အခုကတည်းကလုပ်ထားမှ ငါတို့နှစ်ကုန်တာနဲ့ တန်းပြောင်းနေလို့ရမှာ။"

ရှဲ့ကျူရှင်းမျက်နှာမှ တင်းမာမှုများအနည်းငယ်ပြေလျော့သွားတော့သည်။ သူကိုယ်တိုင်လည်း အစက ထိုကဲ့သို့တွေးခဲ့တာမို့ ပြန်ပြောလိုက်တော့သည်။ "ယုံကြည်လို့ရမယ့် အခန်းတွင်းပြင်ဆင်၊ အလှဆင်တဲ့ကုမ္ပဏီမျိုး ရှာဖို့လိုတယ်။ အခုတလော schedule တွေပြည့်နေတာနဲ့ ငါ အဲ့တာတွေလိုက်ရှာဖို့ အချိန်မရှိဘူးဖြစ်နေတယ်။"

ဝမ်ချောင် ပြန်ပြောလာသည်။ "ဒါဆိုရင်တော့ မင်းအာရုံများစရာမလိုဘူး။ ငါ ငါ့အစ်ကိုကို မေးကြည့်လိုက်မယ်။ သူသိတဲ့လူတွေက အများကြီးဆိုတော့ သူ့ကိုပဲ အယုံကြည်ရဆုံးတစ်ခုရှာခိုင်းလိုက်တာပေါ့။"

အဲဒါက တကယ့်ကိုအကောင်းဆုံးနည်းလမ်းဖြစ်နေတာမို့ ရှဲ့ကျူရှင်းလည်း သဘောတူလိုက်တော့သည်။ "ဟုတ်ပြီ။"

ဝမ်ချောင် ချက်ချင်းပင် ဝမ်ချီ့ထံ ဖုန်းခေါ်လိုက်ပြီး ခေါ်နေသည့်တစ်လျှောက်မှာလည်း ပြုံးရယ်လျက် အခန်းပြင်ဆင်ရေးက ဒီနေ့စတင်လို့ ဒီညမှာတင် အပြီးသတ်သွား၍ နောက်တစ်နေ့ သူတို့အတူသွားနေလို့ရရင်ကောင်းမည်ဆိုတာအထိ တွေးတောနေမိလေသည်။

ရှဲ့ကျူရှင်း သူ့ကို မျက်လုံးထောင့်မှကြည့်ရင်း သူ့ခံစားချက်များက တက်လိုက်၊ ကျလိုက်ဖြစ်နေတော့သည်။

အခုတလောအတွင်း သူ့လုပ်ဆောင်ချက်များက အရမ်းကိုကောင်းလွန်းနေသည်။ မနက်ခင်းဆိုလျှင် နှစ်ခါမျှခေါ်ရုံနှင့် အိပ်ရာမှထလာပြီး schedule မရှိသည့်နေ့မျိုးမှာတောင် ဂိမ်းဆော့ဖို့ချည်းတွေးမနေတော့ဘဲ ရှဲ့ကျူရှင်းနှင့်အတူ အကလေ့ကျင့်၍ သူ့ဘက်မှစတင်ပြီးလည်း သီချင်းရေးဆရာထံမှ အသစ်အသစ်များကို စတင်သင်ယူလာတော့သည်။ သူက အံ့ဩဖို့ကောင်းလောက်အောင် အလုပ်ကြိုးစားလာပြီး ပို၍လည်းလိမ်လိမ်မာမာဖြစ်လာသည်။

ရှဲ့ကျူရှင်းကတော့ သူ ဒီလိုဖြစ်နေခြင်းကို အရမ်းသဘောကျလှသည်။ အရင်ကနှင့်ယှဉ်လိုက်ပါက အခုအခြေအနေက ပိုပြီးတစ်အိုးတစ်အိမ်ထူထောင်ချင်သူနှင့်တူလှသောကြောင့်ပင်။

သူ့တိုက်ခန်းကလည်း လတ်တလောဝယ်ထားတာဖြစ်ပြီး မနေ့ကမှ သော့ရရှိလာတာမို့ ဒီနေ့ သူ့ကိုခေါ်ပြလိုက်ခြင်းဖြစ်သည်။

သူက သူနှင့်အတူနေသွားချင်သလို တစ်ဘဝလုံးစာအတွက် လုံခြုံမှုအပြည့်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်းလေး အတူနေသွားချင်တာမျိုးပင်။

ဝမ်ချီတစ်ယောက် သူ့ညီလေးထံမှ အိမ်တစ်လုံး အသစ်ဖြစ်အောင်ပြန်ပြုပြင်ချင်တယ်ဟု ကြားလိုက်ရချိန် ပြန်မေးလိုက်သည်။ "ဘယ်သူက အိမ်ပြင်ချင်တာလဲ။"

ဝမ်ချောင်ဘက်မှ ပြန်ပြောလာသည်။ "ကျွန်တော်ပြင်ချင်တာ"

ဝမ်ချီ့အနေနှင့် ဝမ်ကျင်းစစ်ယွမ်ဘက်မှအိမ်ကို ပြောင်းဆန်အောင်လုပ်တော့မည်ဟုတွေးမိသွားပြီး ပြောလိုက်သည်။ "ပြဿနာမရှိတော့ ပြဿနာလိုက်ရှာနေတာပေါ့။ ငါ့အခန်းတွင်းပြင်ဆင်ထားတာတွေက အကုန်ကောင်းတယ်။ မင်း အိမ်ထဲကပစ္စည်းတစ်ခုခု ပျက်စီးအောင်လုပ်လိုက်မိလို့လား။"

ဝမ်ချောင် ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့်ပြန်ပြောလိုက်သည်။ "မဟုတ်တာ၊ ကျွန်တော် ကောအိမ်ကို မပြင်ပါဘူး။ ကျွန်တော်က ကျွန်တော့်အိမ်ကျွန်တော်ပြင်မှာ!"

ကျွန်တော့်အိမ်? ရှဲ့ကျူရှင်း ကားမောင်းရင်း သူ့ကိုတစ်ချက်လှမ်းကြည့်ပြီးနောက် နှုတ်ခမ်းထောင့်လေးက အပေါ်သို့ ကွေးညွှတ်တက်သွားတော့သည်။

ဝမ်ချီပြောလာသည်။ "မင်း အိမ်ဝယ်လိုက်တယ်? ဘာလို့တစ်ခွန်းတောင် ပြောမလာတာလဲ။"

ဝမ်ချောင်ကတော့ အရှက်မရှိပြန်ချေပ၏။ "ဘာကိုပြောရမှာလဲ။ ကျွန်တော် ဒီလောက်လူကြီးဖြစ်နေပြီ၊ ဘာကိစ္စမဆို ကောကိုပြောပြနေရမှာလား။"

ဝမ်ချီမေးလိုက်သည်။ "မင်းဝယ်လိုက်တဲ့အိမ်က ဘယ်နားမှာလဲ။ ဘယ်လောက်ကျတာလဲ။ မင်း ငွေအပြည့်ချေပြီးပြီလား။"

ဝမ်ချောင် : "..." သူ ဘယ်လိုလုပ်သိမှာလဲ?

သူ ဖုန်းကို လက်ဖြင့်ကာထားရင်း ရှဲ့ကျူရှင်းကို အသံတိုးတိုးလေးဖြင့်လှမ်းမေးလိုက်သည်။ "ဘယ်လောက်ကျတာလဲ။ မင်း ငွေပြည့်ချေပြီးသွားပြီလား။"

ရှဲ့ကျူရှင်းပြန်ဖြေပေးလိုက်သည်။ "70K.. တစ်ဝက်ချေပြီးသွားပြီ။"

ဝမ်ချောင်လည်း သူ့လက်ပြန်ဖယ်ပြီး သူ့အစ်ကိုကိုပြောပြလေသည်။ "70K" သူ့အနေနှင့် တစ်ဝက်ပေးချေရဦးမည့်ကိစ္စကိုတော့ မပြောလိုက်၊ မဟုတ်ပါက ဝမ်ချီ့ဘက်မှ သံသယဝင်သွားမှာပင်။

ရလဒ်အနေဖြင့် ဝမ်ချီက သူ့ကို ချက်ချင်းအလိမ်ဖော်သွားတော့သည်။ "ဘယ်သူဝယ်ထားတဲ့အိမ်လဲ။ ငါ အရင်လကမှ မင်းဘဏ်အကောင့်ထဲ ဝင်ကြည့်ထားတာ။ မင်းမှာ အဲ့လောက်ပိုက်ဆံအများကြီးမရှိဘူး။"

ဝမ်ချောင် : "...ကျွန်တော် ငွေချေးပြီးဝယ်ထားတာ၊ မရဘူးလား!"

သူက ပိုက်ဆံသုံးဖြုန်းရာတွင် ဂရုတစိုက်လည်းမရှိသလို ပိုက်ဆံစုခြင်းမျိုးလည်းမရှိတာမို့ သူ့ထံတွင် ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာတောင် မသိနေ။

သူတို့အဖွဲ့ဝင်ခြောက်ယောက်လုံးက လက်ခံယူထားသမျှကြော်ငြာနှင့် endorsement များမှ ရရှိငွေကို အညီအမျှခွဲယူကြပေမဲ့ ရှဲ့ကျူရှင်းက ဇာတ်ကားတစ်ပုဒ်နှင့် ဇာတ်လမ်းတွဲတစ်တွဲတွင် ပါဝင်သရုပ်ဆောင်ထားသေးတာမို့ ထိုမှလည်း ပိုက်ဆံရရှိလာပြီး ထိုပိုက်ဆံက သူတို့ခြောက်ယောက်အကြား ဝေခွဲပေးဖို့မလိုနေခဲ့။

... ထို့ကြောင့် သူက ရှဲ့ကျူရှင်းထက် ပိုဆင်းရဲနေပြီး ရှဲ့ကျူရှင်းဝယ်နိုင်နေသည့်အိမ်ကို သူဝယ်နိုင်ခြင်းမရှိပေ။

ဒါကြီးက သောက်ကျိုးနည်းရိုက်ချက်ပြင်းလွန်းတယ်။

နှစ်ရက်အတွင်း ဝမ်ချီက သင့်တော်သည့်အခန်းတွင်းပြင်ဆင်ရေးကုမ္ပဏီတစ်ခုရှာပေးလာတာမို့ သူတို့လည်း ဒီဇိုင်းအတည်ပြုပြီးသည်နှင့် လုပ်ငန်းစခိုင်းလိုက်ကာ ပြင်ဆင်မှုများကို စောင့်ကြည့်ပေးရန်လူတစ်ယောက်လည်း ငှားလိုက်တော့သည်။

ရှဲ့နှင့်ဝမ်နှစ်ယောက်လုံးက သူတို့အလုပ်များဖြင့်ရှုပ်နေသလို မျက်နှာထွက်ပြရန်လည်းမကောင်းတာမို့ သူတို့အနေနှင့် အလုပ်သမားများ အလုပ်ဆင်းပြီး ညနက်သွားချိန်မှသာ နှစ်ခေါက်မျှသွားကြည့်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်လုံးကလည်း အရင်ကတစ်ခါမှ အိမ်ပြုပြင်ခဲ့ဖူးခြင်းမရှိတာမို့ ဒါက အတော်လေးကောင်းလှသည်ဟုတွေးနေကြတော့သည်။ ထို့အပြင် ဈေးလည်းသင့်လှသည်။

ဝမ်ချောင် ဝမ်ချီ့ကိုဖုန်းခေါ်၍ သူ့စိတ်ကျေနပ်ချက်များကိုဖော်ပြတော့သည်။ 'အရည်အသွေး အရမ်းကောင်းပြီး ဈေးလည်းသက်သာသည်။ အရမ်းကောင်း၏'

ဝမ်ချီစိတ်ထဲ၌တော့ ပြောနေမိသည်။ 'အရည်အသွေးကောင်းတာတော့ အဟုတ်ပဲ။ ဈေးသက်သာတယ်ဆိုတာကတော့ လျှောက်ပြောထားတာ။' သူတို့နှစ်ယောက်တတ်နိုင်သည်ထက် ပိုနေသည့်ကုန်ကျငွေများအကုန်လုံးက သူ့ပိုက်ဆံအိတ်ထဲမှထွက်သွားတာဖြစ်သည်။

"အကျိုးနည်း" Album ၏ကျော်ကြားမှုက မသေးလှ။ Icedream က အခုဆို အနုပညာလောကထဲ အရှေ့ဆုံးတန်းသို့ အပြေးရောက်သွားခဲ့ပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ကြော်ငြာနှင့် endorsement အတွက် ကမ်းလှမ်းချက်များက အများအပြားဝင်ရောက်လာပြီး ကြော်ငြာရသည့်ပစ္စည်းအရည်အသွေးများကလည်း အရင်ကထက် ပိုမြင့်လာတော့သည်။ သို့သော် လျှို့ချုန်းမင်က ကမ်းလှမ်းလာသည့်ကြော်ငြာများကို စီစစ်ရာတွင် အတော်လေးစည်းကမ်းတင်းကြပ်လှသည်။ ထိုကြော်ငြာများက လူအများကြည့်သည့်တီဗီပရိုဂရမ်များတွင် မပါဝင်မချင်း သူတို့အား လက်ခံခွင့်မပြု။ သို့ပေမယ့်လည်း ဂျူလိုင်လအလယ်ရောက်ချိန်တွင် ဩဂုတ်မှ စက်တင်ဘာအစောပိုင်းအထိ သူတို့၏အချိန်စာရင်းများအားလုံး ပြည့်သွားခဲ့လေပြီ။

ပြည်တွင်း reality show များတွင် နာမည်အကြီးဆုံးဖြစ်သည့်လျန်ရှီက ဒီနှစ်ဝက်အထိ ပရိုဂရမ်အသစ်များထဲ ပါဝင်ထားခြင်းမရှိဘဲ ဂျူလိုင်မှာမှ Outdoor reality show တစ်ခုနှင့်ပြန်လာမှာဖြစ်သည်။

Icedream ကလည်း ထိုပရိုဂရမ်၏ဒုတိယပိုင်းတွင် ပါဝင်ခဲ့သည်။

ထိုပရိုဂရမ်က ဟန့်ကျိုးတွင် ရိုက်ကူးရေးလုပ်တာဖြစ်ပြီး မနက်ခင်းပိုင်းတွင် မြို့ထဲ၌ ဂိမ်းအချို့ ကစားရလေသည်။

ပရိုဂရမ်တွင် ပုံမှန်အဖွဲ့ဝင်ဖြစ်နေသူများအထဲမှတစ်ယောက်က အနုပညာရှင်ကောင်မလေးဖြစ်သည်။ သူမက အသားဖြူဖြူနှင့် အတော်လေးလှပပြီး ရင်ဘတ်လည်းကြီးလှ၏။ သူမကို ဆွဲဆောင်မှုနတ်ဘုရားလို ပရိုဂရမ်ဘက်မှ ကြော်ငြာချင်ပေမယ့် သူမနေထိုင်ပုံများက ကောင်လေးဆန်လှတာမို့ ကောင်လေးများ အရမ်းသဘောကျရသည့်ပုံစံမျိုးဖြစ်နေတော့သည်။

ထိုကောင်မလေးနှင့် Icedream တွေ့ကြသည်နှင့် သူ့ဘက်မှ စတင်ပြီး ရှဲ့ကျူရှင်း fangirl ဖြစ်ကြောင်းပြော၍ 'အကျိုးနည်း' mv တွင်ပါဝင်သည့် ရှဲ့ကျူရှင်း၏ကကွက်အပိုင်းလေးကိုပါ ကပြလာသည်။ ထို့အပြင် သူက ကောင်းကောင်းကတတ်နေပြီး ကြည့်ရသလောက် ပရိုဂရမ်ဘက်မှ လုပ်ဖို့စီစဉ်ထားတာမျိုးနှင့်မတူဘဲ ကိုယ်တိုင်ကိုက အတိုင်းအတာတစ်ခုအထိ သဘောကျပုံပေါ်၍ ရှဲ့ကျူရှင်းနှင့်စကားပြောရင်းနှင့်လည်း ပါးများနီရဲလာလေသည်။

လျန်ရှီမှလွဲ၍ အခြားပုံမှန်အဖွဲ့ဝင်များအားလုံးကလည်း စတင်ပြီး စနောက်ကြတော့သည်။

ရှဲ့ကျူရှင်းအနေနှင့် အနုပညာရှင်ကောင်မလေးထံမှ မျက်နှာချင်းဆိုင်ပြီးဖွင့်ပြောတာမျိုး တစ်ခါမှမခံဖူးတာမို့ ရှက်သွားပြီး အစခံရတိုင်း သူ့နားရွက်များက နီရဲလာလေသည်။

ဝမ်ချောင်ကတော့ ဒေါသများထွက်လျက် ထိုကောင်မလေးကိုကြည့်လေလေ ပိုသဘောမကျလေလေဖြစ်လာခဲ့၏။

နောက်ပိုင်း ကြက်ခွပ်ဂိမ်းကစားကြရာတွင် ထိုကောင်မလေး ကစားရန်အချိန်ရောက်လာတာနှင့် ဝမ်ချောင်တစ်ယောက် ဘယ်သူမှမခေါ်ခင် ဘာစကားတစ်ခွန်းမှမပြောဘဲ ပြေးဝင်သွားတော့သည်။ တိုက်ပွဲကလည်းပြင်းထန်လှသည်။ သူက မိန်းမလှလေးလို့တောင် သတ်မှတ်ထားခြင်းမရှိဘဲ ထိုကောင်မလေးကို ခပ်ပြင်းပြင်းထွန်းထုတ်၍ တစ်ကြိမ်တည်းနှင့် ကူရှင်ပေါ်သို့ ကျောပစ်လှဲကျသွားစေတော့သည်။

သို့သော် သူ ထုတ်သုံးလိုက်သည့်အားက ပြင်းလွန်းတာမို့ သူပါ အရှေ့သို့ထိုးကျသွားပြီး ထိုကောင်မလေးအပေါ် ပစ်လဲကျမလိုဖြစ်သွားလေသည်။ သူ အလျင်အမြန် လက်ထောက်၍ သူ့ဟန်ချက်ကိုထိန်းလိုက်ပေမယ့် လက်ထောက်ထားသည့်နေရာက တစ်ဖက်သူ၏ရင်ဘတ်ဖြစ်နေတော့သည်။ သို့နှင့် သူ အမြန် လက်ပြန်ရုတ်ပြီး မတ်တပ်ထရပ်၍ တောင်းပန်ရင်း တမင်လုပ်တာမဟုတ်ဟုပြောလိုက်၏။

သူက နာမည်ကောင်းမရှိလှသလို 'မြင်းလား' ဆိုသည့်နာမည်ဆိုးကလည်းရှိသေးတာမို့ ဘယ်သူကမှ သူတမင်လုပ်တာမဟုတ်ဟု မထင်ကြ။

လျန်ရှီတောင် ယုံကြည်ခြင်းမရှိဘဲ အမြန်အရှေ့ထွက်၍ သူ့အား ပြုံးပြုံးလေးပိတ်ကန်ရင်း သတိမဲ့မှုအားဆူငေါက်ရင်း သူ့အစား ထိုကောင်မလေးကို တောင်းပန်ပေးလိုက်တော့သည်။

ကောင်မလေးအနေနှင့်လည်း သူတမင်လုပ်မလုပ်မသိပေမယ့် ရိုက်ကူးနေချိန်အတွင်း ဒေါသပေါက်ကွဲလို့မဖြစ်တာမို့ ရယ်ရင်းနှင့်သာ အထင်လွဲမှုတစ်ခုလိုဟန်ဆောင်ရင်း ခွင့်လွှတ်ပေးလိုက်ရသည်။

နေ့လည်ပိုင်းရိုက်ကူးရေးများကိုတော့ စုန့်မြို့နယ်တွင် ရိုက်ကူးကြပြီး လူတိုင်းလည်း သဲလွန်စရှာရန် လူစုခွဲလိုက်ကြသည်။

ဝမ်ချောင်က အတည်အတံ့ကစားနေခြင်းမရှိ။ သူက စုန့်မြို့နယ်၏ရှေးဟောင်းလမ်းများအကြား ဟိုဟိုဒီဒီရောက်သွားရင်း သဲလွန်စရှာလည်းမရှာဘဲ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတော့သည်။ လျှောက်သွားနေရင်း သရဲအိမ်မြင်လိုက်ရာ သူ ဟန့်ကျိုးသားဖြစ်သည့်ကင်မရာသမားကို "အထဲမှာကြောက်ဖို့ကောင်းလား" ဟုမေးလိုက်၏။ ထိုအစ်ကိုကြီးက "သာမန်ပါပဲ" ဟုပြန်ဖြေလိုက်သည်နှင့် သူ ပျော်ပျော်ကြီးဝင်သွားလိုက်ပေမယ့် အထဲက သေလောက်အောင်ကြောက်ဖို့ကောင်းလှသည်မို့ သရဲငိုသံနှင့် မြေခွေးအူသံထက် ကျယ်လောင်သည့်အော်သံဖြင့် သူ ကမ္ဘာတုန်သွားမတတ်အော်ဟစ်တော့လေသည်။

ပရိုဂရမ်မှကောင်မလေးက သရဲအိမ်ထွက်ပေါက်အရှေ့မှဖြတ်လျှောက်သွားချိန် ဝမ်ချောင် လေအလျင်လိုပြေးထွက်လာသည်ကိုတွေ့လိုက်ရပြီး အမျိုးတစ်ယောက်ကိုတွေ့လိုက်ရသည့်အလား ပြေးဖက်တာကိုလည်း ခံလိုက်ရလေသည်။

ထိုကောင်မလေးမှာ ခဏမျှကြောင်အသွားပြီးသည်နှင့် ဒေါသတကြီးပြောတော့သည်။ "ဖာ့ခ်၊ ရှင်မပြီးနိုင်သေးဘူးလား!"

ဂိမ်းကို အတည်ပေါက်ဆော့နေသည့်ရှဲ့ကျူရှင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေသည့်အသံများကြောင့် လာကြည့်လိုက်ပေမယ့် အနုပညာရှင်ကောင်မလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားသည့်ဝမ်ချောင်နှင့် ဒေါသထွက်လွန်းတာမို့ မျက်နှာတစ်ခုလုံးဖြူလျော့နေပြီဖြစ်သည့်ကောင်မလေးကိုတွေ့လိုက်ရတော့သည်။

သူကိုယ်တိုင်လည်း အရမ်းဒေါသထွက်သွားရသည်။

ပရိုဂရမ်ရိုက်ကူးပြီးနောက် ညစာစားပြီးသည်နှင့် သူတို့ ဟော်တယ်သို့ပြန်လိုက်ကြသည်။ ဟော်တယ်အခန်းထဲသို့ပြန်ရောက်သည်နှင့် သူတို့တွေ ရန်ဖြစ်ရင်း လက်ပါလာကြတော့သည်။

ရှဲ့ကျူရှင်းက ဝမ်ချောင့်လက်များကို အငြိမ်မထားခြင်းအတွက် ဆူငေါက်ရင်း အနုပညာကောင်မလေးကိစ္စနှင့်ပတ်သတ်ပြီး အတော်လေးဒေါသလေးထွက်နေခဲ့သည်။

ဝမ်ချောင်က သူ့ကို နိုင်အောင်မချနိုင်ပေမယ့် ခေါင်းမာလှတာမို့ သူအပြစ်ကင်းကြောင်း အော်ဟစ်ရင်း ဆဲရေးတော့သည်။ ပြောရရင်လည်း အစကတည်းက သူမှားခဲ့ခြင်းမရှိပေ။

သူ စုန့်မြို့နယ်တွင် လည်ပတ်ကတည်းက အပေါ့သွားခြင်းစိတ်ကို ချုပ်တည်းထားရတာမို့ ထပ်မအောင့်ထားနိုင်တော့ဘဲ အော်ဟစ်လာသည်။ "နေဦး နေဦး နေဦး! နောက်မှ ဆက်ရိုက်၊ ငါ အရင်သေးသွားပေါက်ဦးမယ်။"

ရှဲ့ကျူရှင်းလည်း ရပ်ပေးလိုက်သည်။

ဝမ်ချောင် အပေ့ါသွားရန် ရေချိုးခန်းထဲဝင်သွားပြီးနောက် တံခါးကိုလည်းမပိတ်ခဲ့။ အပေါ့သွားပြီးသည်နှင့် သူရှင်းပြလာသည်။ "ငါ မနက်က သူ့ရင်ဘတ်ကို တမင်ထိလိုက်တာမဟုတ်ဘူး။ နေ့ခင်းတုန်းကလည်း သရဲအိမ်က အရမ်းကြောက်ဖို့ကောင်းတယ်၊ ထွက်လာလာခြင်း အသက်ရှိလူတစ်ယောက်ကို မြင်လိုက်ရတာမို့ သူ ဘယ်သူမှန်းတောင် ငါသေချာမကြည့်လိုက်မိဘူး။"

ရှဲ့ကျူရှင်းကတော့ သူ့ကိုလျစ်လျူရှုထားဆဲ။

သူ ရေဆွဲချပြီးသည်နှင့် လက်ဆေးရန် တစ်ဖက်သို့သွားလိုက်ရာ ရှဲ့ကျူရှင်းက အခုနက သူရပ်နေသည့်နေရာသို့ လျှောက်လာပြီး သူလည်းပဲ ဖြေလျှော့လာသည်။

ဝမ်ချောင်တစ်ယောက် သူတို့ရန်ဖြစ်နေချိန်အတွင်း တစ်ချက်မှထိအောင်မထိုးလိုက်နိုင်တာမို့ ရင်ထဲ ဒေါသများဖြင့်တင်းကြပ်လျက်ရှိနေပြီး လက်ဆေးပြီးတာနှင့် သူ ရှဲ့ကျူရှင်းကိုယ်ပေါ်သို့ ရေစက်များ ခါချလိုက်တော့သည်။

ရှဲ့ကျူရှင်း "ကျစ်" ဟုအသံပြုရင်း တစ်ဖက်သို့ စူးရှရှလှည့်ကြည့်လိုက်သည်။

ဝမ်ချောင်ကလည်း စူးစိုက်ကြည့်လာပြီး သူ့မျက်လုံးများက ရှဲ့ကျူရှင်းထက်တောင် ပိုပြူးပြီး ပိုဒေါသထွက်နေပုံပေါ်လှသည်။

ရှဲ့ကျူရှင်း အပေါ့သွားပြီးနောက် ဇစ်ပြန်ဆွဲမတင်တော့ဘဲ တစ်ဖက်သူရှိရာသို့လျှောက်သွားပြီး လက်ဆေးစင်အပေါ် မတင်လျက် ဖိချုပ်ထားရင်း ရိုက်ခြင်းအစီအစဉ်ကိုစတင်တော့သည်။

ဒါက သူတို့နှစ်ယောက်လုံးအတွက် မှန်အရှေ့တွင် ပထမဆုံးလုပ်ဖူးတာဖြစ်သည်။ အရင်က ဒီလိုအချိန်မျိုးတွင် သူတို့က တစ်ယောက်ပုံစံကိုသာ တစ်ယောက်မြင်နေရပြီး ကိုယ့်ကိုယ်ကိုပြန်မြင်မိခြင်းမရှိကြ။

အတော်လေးအသစ်အဆန်းနိုင်လှ၏။

သူတို့ပြီးသွားချိန်မှာတော့ ဝမ်ချောင်က စိတ်ကျေနပ်မှုအပြည့်နှင့်မှတ်ချက်ပေးလာတော့သည်။ "ပါ့ပါးက တကယ်ကြမ်းသွားတာပဲ။"

၁၂ နာရီလည်းထိုးခါနီးနေပြီးမို့ သူတို့နှစ်ယောက် တစ်ကုတင်တည်းပေါ်တွင် ပူးကပ်နေကြရင်း ဝမ်ချောင်ကတော့ ဂိမ်းကစားလျက် သူ့လက်ရည်ကိုကြွားဝါလို့နေပြီး ရှဲ့ကျူရှင်းကတော့ တိတ်တိတ်လေးနားထောင်နေသည်။

ထိုအချိန် လျန်ရှီက ရုတ်တရက်ဖုန်းခေါ်လာပြီး ဝမ်ချောင့်ကို အတူညလယ်စာစားရအောင်ဟုပြောရင်း သူ့အခန်းထဲလာဖို့ ခေါ်လေသည်။

ဝမ်ချောင်လည်း လျန်ရှီနှင့်အတူမပျော်ပါးရတာ အတော်ကြာပြီမို့ သွားချင်လှတာကြောင့် ရှဲ့ကျူရှင်းကိုမေးလိုက်တော့သည်။ "မင်းရော သွားမလား။"

ရှဲ့ကျူရှင်းနှင့် လျန်ရှီအကြားတွင် ဘာမှထူးထူးခြားခြားပြောစရာမရှိ။ သူလိုက်သွားရင်တောင် ဘာမှဝင်မပြောဘဲ သူတစ်ယောက်တည်း ထိုင်နေဖြစ်မှာမို့ ပြန်ပြောလိုက်သည်။ "ငါမလိုက်တော့ဘူး။ မင်း ခဏသွားလိုက်လေ။ စောစောပြန်လာခဲ့ဦး၊ အစပ်တွေလည်းမစားနဲ့။"

ဝမ်ချောင်လည်း အဝတ်အစားများပြန်ဝတ်ပြီး တစ်ယောက်တည်းသွားလိုက်တော့သည်။
လျန်ရှီအခန်းထဲရှိစားပွဲပေါ်တွင် ကျောက်ပုစွန်အစပ်ချက်များက ဘူးပေါင်းများစွာရှိနေပြီး လျန်ရှီကတော့ အစ်ကိုကြီးတစ်ယောက်လိုမျက်နှာထားဖြင့်ပြောလာသည်။ "မင်းကြိုက်မှန်းသိလို့ ငါမှာပေးထားတာ"

ဝမ်ချောင်ပြောလိုက်သည်။ "ဒါပေမယ့် ကျွန်တော် ဒီနေ့စားလို့မရဘူး"

လျန်ရှီမေးလာသည်။ "ဘာဖြစ်လို့လဲ"

ဝမ်ချောင်က ကြွားဝါသလိုလိုအပြစ်တင်သလိုလိုပြန်ဖြေ၏။ "အခုတင်လုပ်ပြီးလာလို့"

လျန်ရှီ သူ့ကိုမျက်ဆန်လှန်ကြည့်လာသည်။ ထို့နောက် သူ သူ့ဘယ်ဘက်လက်ကိုမြှောက်လျက် လက်သူကြွယ်တွင်ရှိနေသည့်လက်စွပ်ကိုပြရင်း စတင်ကြွားဝါတော့သည်။ "တွေ့လား။ ငါနဲ့ ပိုင်ထူလက်ထပ်လိုက်ပြီ။"

ဝမ်ချောင် ကြောင်အသွားရသည်။ လတ်တလော လျန်ရှီ နိုင်ငံသားပြောင်းခွင့်လျှောက်ထားကြောင်း သိထားပေမယ့် ဒီလောက်မြန်မြန်လက်ထပ်သွားမည်ဟု သူမထင်ထား။

လျန်ရှီက ပျော်ရွှင်မှုအပြည့်နှင့်ကြွားလာသည်။ "ငါ အဲ့ဘက်မှာ ကလေးမွေးစားခွင့်ကိုပါ လျှောက်ထားသေးတယ်။ ဥရောပဘက်က စာရွက်စာတမ်းကိစ္စလုပ်ရတာ အရမ်းဒုက္ခများတာပဲ။ ငါတို့နှစ်ယောက်ကလည်း ထူးခြားတဲ့အခြေအနေမျိုးနဲ့ဆိုတော့ လျှောက်လို့ရပါ့မလားတောင်မသိဘူး။"

ဒီတစ်ခေါက်ကြွားဝါခြင်းပြိုင်ပွဲတွင် ဝမ်ချောင် သေချာသလောက်ရှုံးသွားတာမို့ သူ အရှုံးကိုဝန်ခံရင်း စိတ်ရင်းဖြင့်ပြောလိုက်တော့သည်။ "ကော ဂုဏ်ပြုပါတယ်ဗျာ"

လျန်ရှီက ပိုင်ထူမိဘတွေ သူ့ကို ဘယ်လောက်ထိသဘောကျကြောင်းများကိုပါ ဆက်ကြွားဝါလာသည်။

ထိုအကြောင်းများကိုကြားရချိန် ဝမ်ချောင် အရမ်းအားကျမနာလိုဖြစ်သွားရသည်။ အကြောင်းမှာ ရှောင်ရှဲ့မိဘများက သူ့ကို သဘောမကျလောက်ဟု သူခံစားမိနေတာကြောင့်ပင်။ ဘယ်လိုလူကြီးတွေကများ သူ့လို အသုံးအဖြုန်းကြီး၊ လက်ဖွာသူကို သဘောကျမှာတဲ့လဲ။

လျန်ရှီလည်း ကြွားလို့ဝသွားသည်နှင့် သူ့ကိုပြန်မေးလာတော့သည်။ "မင်းနဲ့ရှောင်ရှဲ့ရော မိသားစုတွေကိုပြောပြီးကြပြီလား။"

ဝမ်ချောင် လိမ်ပြောလိုက်သည်။ "မပြောထားဘူး။ ပြောစရာလည်း ဘာမှမရှိဘူးလေ။ ဒါ ကျွန်တော်တို့နှစ်ယောက်ကိစ္စကို"

လျန်ရှီလည်း သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်နေမှန်းမသိထားသည့်အပြင် အခုလောလောဆယ်အတွင်း စိတ်အခြေအနေအရမ်းကောင်းနေတာမို့ လက်လွတ်စပယ်ပြောလိုက်တော့သည်။ "အဲ့ဒါလည်းဟုတ်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးက ငယ်သေးတယ်။ ပြောမရဘူး၊ နှစ်နှစ်လောက် ပျော်ပါးလို့ဝသွားရင် လမ်းခွဲရင် လမ်းခွဲဖြစ်ကြမှာ။ မိသားစုတွေကိုပြောထားရင် အလုပ်ရှုပ်သွားမှာပေါ့။"

ဝမ်ချောင်မှာ မပျော်မရွှင်ဖြစ်သွားရသည်။ "ကော ကျွန်တော့်ကိုဆို အကောင်းလေးနည်းနည်းပြောပေးလို့မရဘူးလား။ ဘာကို နှစ်နှစ်လောက်နဲ့လမ်းခွဲမှာလဲ။ ကောတို့သာ နှစ်နှစ်လောက်နဲ့ ကွာရှင်းသွားဦးမယ်။"

စားပွဲပေါ်က ကျောက်ပုစွန်အစပ်ချက်ကလည်း အနံ့သာခံပြီး မစားရ။ ထို့အပြင် သူ နောက်ဆုံးတော့ လျန်ရှီ၏ကန်ထုတ်တာကိုပါ ခံလိုက်ရတော့သည်။

ဝမ်ချောင် သူ့အခန်းရှိရာသို့ စိတ်ဓာတ်ကျကျနှင့်ပြန်သွားလိုက်တော့သည်။ ညမီးအိမ်လေးက ဖွင့်ထားလျက်ရှိနေပြီး ရှဲ့ကျူရှင်းကတော့ အိပ်မောကျနေ၏။

သူလည်း သူ့အိပ်ရာပေါ်တွင် တက်မအိပ်ဘဲ ရှဲ့ကျူရှင်းဘေးတွင် သွားလှဲလိုက်တော့သည်။

ရှဲ့ကျူရှင်း ညည်းတွားရင်း လန့်နိုးလာခဲ့သည်။ "နွေရာသီတောင်ရောက်နေပြီ၊ မင်း ငါနဲ့ကပ်အိပ်ချင်နေသေးတယ်။" သို့ပေမယ့်လည်း သူ တစ်ဖက်သို့တိုးပြီး ဝမ်ချောင့်အတွက်နေရာဖယ်ပေးလာသည်။

ဂျူလိုင်လအဆုံးတွင် ဟွေ့ရှင်းကုမ္ပဏီမှ Icedream debut တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ကျေးဇူးတင်ကြောင်း concert စက်တင်ဘာ ၁၂ တွင် ကျင်းပပေးမည့်အကြောင်း ကြေငြာလာခဲ့သည်။

ဩဂုတ် ၁ ရက်နေ့တွင် သူတို့ပွဲလက်မှတ်များကို စတင်ရောင်းချခဲ့ပြီး လက်မှတ်အားလုံးက ၁၀ မိနစ်အတွင်း ရောင်းကုန်သွားတော့သည်။

ဩဂုတ် ၅ ရက်နေ့တွင် ဟွေ့ရှင်းကုမ္ပဏီမှ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အဆိုတော်တစ်ယောက်ကို ပွဲထုတ်ပေးလာ၏။

ဩဂုတ် ၈ ရက်နေ့မှာတော့ သွမ့်ယိခွန်းက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်လိုက်ပြီး disband ပြီးသား NEX အဖွဲ့၏ အဖွဲ့ခေါင်းဆောင်က သူနှင့်လက်မှတ်ထိုးလာသည့် ပထမဆုံးအနုပညာရှင်ဖြစ်လာခဲ့သည်။

KittyKitling

_____///_____

[Zawgyi]

'မွန္'

အခန္းထဲမွထြက္လာၿပီးေနာက္ သူတို႔ႏွစ္ေယာက္လုံး ကုမၸဏီသို႔ျပန္သြားလိုက္ၾကသည္။

ရွဲ႕က်ဴရွင္းကေတာ့ စိတ္ထဲ သိပ္မေပ်ာ္မရႊင္ျဖစ္ေနတာမို႔ ဝမ္ေခ်ာင္ကို အဖက္မလုပ္ခ်င္ေန။

မ်က္ႏွာရိပ္မ်က္ႏွာကဲမၾကည့္တတ္သည့္ဝမ္ေခ်ာင္ကေတာ့ သူေျပာလိုက္သည့္စကားမ်ားက တစ္ဖက္လူကို ခံရခက္ေစလိမ့္မည္ဆိုတာမ်ိဳး မေတြးမိဘဲ ေပ်ာ္ေပ်ာ္ႀကီးေျပာလာသည္။ "ပိုက္ဆံပဲျဖဳန္းၿပီးေနၿပီကို ဘာလို႔ရွုံ႔မဲ့ေနတာလဲ။ မင္း အဲ့တိုက္ခန္းဝယ္ဖို႔ ပိုက္ဆံဘယ္ေလာက္သုံးလိုက္ရလဲ။ ငါ တစ္ဝက္စိုက္မယ္။"

ရွဲ႕က်ဴရွင္း သူ႔ကို ျပန္ေခ်ပေျပာလိုက္သည္။ "မလိုဘူး။ တိုက္ခန္းပိုင္ဆိုင္မွုစာခ်ဳပ္မွာလည္း မင္းနာမည္ထည့္ထားတာမဟုတ္ဘူး။"

ဝမ္ေခ်ာင္ကေတာ့ ဘာမွမခံစားလိုက္ရ၊ သူက သူ႔နာမည္ ပါျခင္း၊ မပါျခင္းအား ဂ႐ုထားလွတာမဟုတ္။ "တကယ္မလိုဘူးလား။ ေနာင္တမရနဲ႔ေနာ္။"

ရွဲ႕က်ဴရွင္း သူ႔ဘာသာေတြးမိသြားသည္။ 'ေနာင္တအရဆုံးကေတာ့ မ်က္စိကန္းၿပီး မင္းကိုႀကိဳက္မိသြားတာပဲ။'

ဝမ္ေခ်ာင္ သီခ်င္းစာသားအခ်ိဳ႕ညည္းေနရင္း ဂ႐ုမထားသလိုထပ္ေမးလိုက္သည္။ "ဒါဆို မင္း ဘယ္အခ်ိန္က်မွ အခန္းအတြင္းပိုင္းေတြ ျပင္ဖို႔လုပ္မွာလဲ။"

ရွဲ႕က်ဴရွင္း ဘာသိဘာသာျပန္ေျဖလာသည္။ "ေနာက္မွေျပာတာေပါ့။"

ေနာက္မွေျပာမယ္? ဝမ္ေခ်ာင္ အရမ္းစိုးရိမ္ေၾကာင့္ၾကျဖစ္သြားၿပီးေျပာလိုက္သည္။ "ငါ့သေဘာေျပာရရင္ အခုကတည္းက ျပင္ထားတာပိုေကာင္းမယ္။ အကုန္အၿပီးအစီးျဖစ္ဖို႔ဆိုရင္လည္း လေက်ာ္ၾကာမွာ။ အခုကတည္းကလုပ္ထားမွ ငါတို႔ႏွစ္ကုန္တာနဲ႔ တန္းေျပာင္းေနလို႔ရမွာ။"

ရွဲ႕က်ဴရွင္းမ်က္ႏွာမွ တင္းမာမွုမ်ားအနည္းငယ္ေျပေလ်ာ့သြားေတာ့သည္။ သူကိုယ္တိုင္လည္း အစက ထိုကဲ့သို႔ေတြးခဲ့တာမို႔ ျပန္ေျပာလိုက္ေတာ့သည္။ "ယုံၾကည္လို႔ရမယ့္ အခန္းတြင္းျပင္ဆင္၊ အလွဆင္တဲ့ကုမၸဏီမ်ိဳး ရွာဖို႔လိုတယ္။ အခုတေလာ schedule ေတြျပည့္ေနတာနဲ႔ ငါ အဲ့တာေတြလိုက္ရွာဖို႔ အခ်ိန္မရွိဘူးျဖစ္ေနတယ္။"

ဝမ္ေခ်ာင္ ျပန္ေျပာလာသည္။ "ဒါဆိုရင္ေတာ့ မင္းအာ႐ုံမ်ားစရာမလိုဘူး။ ငါ ငါ့အစ္ကိုကို ေမးၾကည့္လိုက္မယ္။ သူသိတဲ့လူေတြက အမ်ားႀကီးဆိုေတာ့ သူ႔ကိုပဲ အယုံၾကည္ရဆုံးတစ္ခုရွာခိုင္းလိုက္တာေပါ့။"

အဲဒါက တကယ့္ကိုအေကာင္းဆုံးနည္းလမ္းျဖစ္ေနတာမို႔ ရွဲ႕က်ဴရွင္းလည္း သေဘာတူလိုက္ေတာ့သည္။ "ဟုတ္ၿပီ။"

ဝမ္ေခ်ာင္ ခ်က္ခ်င္းပင္ ဝမ္ခ်ီ့ထံ ဖုန္းေခၚလိုက္ၿပီး ေခၚေနသည့္တစ္ေလၽွာက္မွာလည္း ျပဳံးရယ္လ်က္ အခန္းျပင္ဆင္ေရးက ဒီေန႔စတင္လို႔ ဒီညမွာတင္ အၿပီးသတ္သြား၍ ေနာက္တစ္ေန႔ သူတို႔အတူသြားေနလို႔ရရင္ေကာင္းမည္ဆိုတာအထိ ေတြးေတာေနမိေလသည္။

ရွဲ႕က်ဴရွင္း သူ႔ကို မ်က္လုံးေထာင့္မွၾကည့္ရင္း သူ႔ခံစားခ်က္မ်ားက တက္လိုက္၊ က်လိုက္ျဖစ္ေနေတာ့သည္။

အခုတေလာအတြင္း သူ႔လုပ္ေဆာင္ခ်က္မ်ားက အရမ္းကိုေကာင္းလြန္းေနသည္။ မနက္ခင္းဆိုလၽွင္ ႏွစ္ခါမၽွေခၚ႐ုံႏွင့္ အိပ္ရာမွထလာၿပီး schedule မရွိသည့္ေန႔မ်ိဳးမွာေတာင္ ဂိမ္းေဆာ့ဖို႔ခ်ည္းေတြးမေနေတာ့ဘဲ ရွဲ႕က်ဴရွင္းႏွင့္အတူ အကေလ့က်င့္၍ သူ႔ဘက္မွစတင္ၿပီးလည္း သီခ်င္းေရးဆရာထံမွ အသစ္အသစ္မ်ားကို စတင္သင္ယူလာေတာ့သည္။ သူက အံ့ဩဖို႔ေကာင္းေလာက္ေအာင္ အလုပ္ႀကိဳးစားလာၿပီး ပို၍လည္းလိမ္လိမ္မာမာျဖစ္လာသည္။

ရွဲ႕က်ဴရွင္းကေတာ့ သူ ဒီလိုျဖစ္ေနျခင္းကို အရမ္းသေဘာက်လွသည္။ အရင္ကႏွင့္ယွဥ္လိုက္ပါက အခုအေျခအေနက ပိုၿပီးတစ္အိုးတစ္အိမ္ထူေထာင္ခ်င္သူႏွင့္တူလွေသာေၾကာင့္ပင္။

သူ႔တိုက္ခန္းကလည္း လတ္တေလာဝယ္ထားတာျဖစ္ၿပီး မေန႔ကမွ ေသာ့ရရွိလာတာမို႔ ဒီေန႔ သူ႔ကိုေခၚျပလိုက္ျခင္းျဖစ္သည္။

သူက သူႏွင့္အတူေနသြားခ်င္သလို တစ္ဘဝလုံးစာအတြက္ လုံျခဳံမွုအျပည့္ျဖင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး အတူေနသြားခ်င္တာမ်ိဳးပင္။

ဝမ္ခ်ီတစ္ေယာက္ သူ႔ညီေလးထံမွ အိမ္တစ္လုံး အသစ္ျဖစ္ေအာင္ျပန္ျပဳျပင္ခ်င္တယ္ဟု ၾကားလိုက္ရခ်ိန္ ျပန္ေမးလိုက္သည္။ "ဘယ္သူက အိမ္ျပင္ခ်င္တာလဲ။"

ဝမ္ေခ်ာင္ဘက္မွ ျပန္ေျပာလာသည္။ "ကၽြန္ေတာ္ျပင္ခ်င္တာ"

ဝမ္ခ်ီ့အေနႏွင့္ ဝမ္က်င္းစစ္ယြမ္ဘက္မွအိမ္ကို ေျပာင္းဆန္ေအာင္လုပ္ေတာ့မည္ဟုေတြးမိသြားၿပီး ေျပာလိုက္သည္။ "ျပႆနာမရွိေတာ့ ျပႆနာလိုက္ရွာေနတာေပါ့။ ငါ့အခန္းတြင္းျပင္ဆင္ထားတာေတြက အကုန္ေကာင္းတယ္။ မင္း အိမ္ထဲကပစၥည္းတစ္ခုခု ပ်က္စီးေအာင္လုပ္လိုက္မိလို႔လား။"

ဝမ္ေခ်ာင္ ဂုဏ္ယူဝံ့ႂကြားမွုအျပည့္ျဖင့္ျပန္ေျပာလိုက္သည္။ "မဟုတ္တာ၊ ကၽြန္ေတာ္ ေကာအိမ္ကို မျပင္ပါဘူး။ ကၽြန္ေတာ္က ကၽြန္ေတာ့္အိမ္ကၽြန္ေတာ္ျပင္မွာ!"

ကၽြန္ေတာ့္အိမ္? ရွဲ႕က်ဴရွင္း ကားေမာင္းရင္း သူ႔ကိုတစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ ႏွုတ္ခမ္းေထာင့္ေလးက အေပၚသို႔ ေကြးညႊတ္တက္သြားေတာ့သည္။

ဝမ္ခ်ီေျပာလာသည္။ "မင္း အိမ္ဝယ္လိုက္တယ္? ဘာလို႔တစ္ခြန္းေတာင္ ေျပာမလာတာလဲ။"

ဝမ္ေခ်ာင္ကေတာ့ အရွက္မရွိျပန္ေခ်ပ၏။ "ဘာကိုေျပာရမွာလဲ။ ကၽြန္ေတာ္ ဒီေလာက္လူႀကီးျဖစ္ေနၿပီ၊ ဘာကိစၥမဆို ေကာကိုေျပာျပေနရမွာလား။"

ဝမ္ခ်ီေမးလိုက္သည္။ "မင္းဝယ္လိုက္တဲ့အိမ္က ဘယ္နားမွာလဲ။ ဘယ္ေလာက္က်တာလဲ။ မင္း ေငြအျပည့္ေခ်ၿပီးၿပီလား။"

ဝမ္ေခ်ာင္ : "..." သူ ဘယ္လိုလုပ္သိမွာလဲ?

သူ ဖုန္းကို လက္ျဖင့္ကာထားရင္း ရွဲ႕က်ဴရွင္းကို အသံတိုးတိုးေလးျဖင့္လွမ္းေမးလိုက္သည္။ "ဘယ္ေလာက္က်တာလဲ။ မင္း ေငြျပည့္ေခ်ၿပီးသြားၿပီလား။"

ရွဲ႕က်ဴရွင္းျပန္ေျဖေပးလိုက္သည္။ "70K.. တစ္ဝက္ေခ်ၿပီးသြားၿပီ။"

ဝမ္ေခ်ာင္လည္း သူ႔လက္ျပန္ဖယ္ၿပီး သူ႔အစ္ကိုကိုေျပာျပေလသည္။ "70K" သူ႔အေနႏွင့္ တစ္ဝက္ေပးေခ်ရဦးမည့္ကိစၥကိုေတာ့ မေျပာလိုက္၊ မဟုတ္ပါက ဝမ္ခ်ီ့ဘက္မွ သံသယဝင္သြားမွာပင္။

ရလဒ္အေနျဖင့္ ဝမ္ခ်ီက သူ႔ကို ခ်က္ခ်င္းအလိမ္ေဖာ္သြားေတာ့သည္။ "ဘယ္သူဝယ္ထားတဲ့အိမ္လဲ။ ငါ အရင္လကမွ မင္းဘဏ္အေကာင့္ထဲ ဝင္ၾကည့္ထားတာ။ မင္းမွာ အဲ့ေလာက္ပိုက္ဆံအမ်ားႀကီးမရွိဘူး။"

ဝမ္ေခ်ာင္ : "...ကၽြန္ေတာ္ ေငြေခ်းၿပီးဝယ္ထားတာ၊ မရဘူးလား!"

သူက ပိုက္ဆံသုံးျဖဳန္းရာတြင္ ဂ႐ုတစိုက္လည္းမရွိသလို ပိုက္ဆံစုျခင္းမ်ိဳးလည္းမရွိတာမို႔ သူ႔ထံတြင္ ပိုက္ဆံဘယ္ေလာက္ရွိလဲဆိုတာေတာင္ မသိေန။

သူတို႔အဖြဲ႕ဝင္ေျခာက္ေယာက္လုံးက လက္ခံယူထားသမၽွေၾကာ္ျငာႏွင့္ endorsement မ်ားမွ ရရွိေငြကို အညီအမၽွခြဲယူၾကေပမဲ့ ရွဲ႕က်ဴရွင္းက ဇာတ္ကားတစ္ပုဒ္ႏွင့္ ဇာတ္လမ္းတြဲတစ္တြဲတြင္ ပါဝင္သ႐ုပ္ေဆာင္ထားေသးတာမို႔ ထိုမွလည္း ပိုက္ဆံရရွိလာၿပီး ထိုပိုက္ဆံက သူတို႔ေျခာက္ေယာက္အၾကား ေဝခြဲေပးဖို႔မလိုေနခဲ့။

... ထို႔ေၾကာင့္ သူက ရွဲ႕က်ဴရွင္းထက္ ပိုဆင္းရဲေနၿပီး ရွဲ႕က်ဴရွင္းဝယ္နိုင္ေနသည့္အိမ္ကို သူဝယ္နိုင္ျခင္းမရွိေပ။

ဒါႀကီးက ေသာက္က်ိဳးနည္းရိုက္ခ်က္ျပင္းလြန္းတယ္။

ႏွစ္ရက္အတြင္း ဝမ္ခ်ီက သင့္ေတာ္သည့္အခန္းတြင္းျပင္ဆင္ေရးကုမၸဏီတစ္ခုရွာေပးလာတာမို႔ သူတို႔လည္း ဒီဇိုင္းအတည္ျပဳၿပီးသည္ႏွင့္ လုပ္ငန္းစခိုင္းလိုက္ကာ ျပင္ဆင္မွုမ်ားကို ေစာင့္ၾကည့္ေပးရန္လူတစ္ေယာက္လည္း ငွားလိုက္ေတာ့သည္။

ရွဲ႕ႏွင့္ဝမ္ႏွစ္ေယာက္လုံးက သူတို႔အလုပ္မ်ားျဖင့္ရွုပ္ေနသလို မ်က္ႏွာထြက္ျပရန္လည္းမေကာင္းတာမို႔ သူတို႔အေနႏွင့္ အလုပ္သမားမ်ား အလုပ္ဆင္းၿပီး ညနက္သြားခ်ိန္မွသာ ႏွစ္ေခါက္မၽွသြားၾကည့္ခဲ့ဖူးသည္။ သူတို႔ႏွစ္ေယာက္လုံးကလည္း အရင္ကတစ္ခါမွ အိမ္ျပဳျပင္ခဲ့ဖူးျခင္းမရွိတာမို႔ ဒါက အေတာ္ေလးေကာင္းလွသည္ဟုေတြးေနၾကေတာ့သည္။ ထို႔အျပင္ ေဈးလည္းသင့္လွသည္။

ဝမ္ေခ်ာင္ ဝမ္ခ်ီ့ကိုဖုန္းေခၚ၍ သူ႔စိတ္ေက်နပ္ခ်က္မ်ားကိုေဖာ္ျပေတာ့သည္။ 'အရည္အေသြး အရမ္းေကာင္းၿပီး ေဈးလည္းသက္သာသည္။ အရမ္းေကာင္း၏'

ဝမ္ခ်ီစိတ္ထဲ၌ေတာ့ ေျပာေနမိသည္။ 'အရည္အေသြးေကာင္းတာေတာ့ အဟုတ္ပဲ။ ေဈးသက္သာတယ္ဆိုတာကေတာ့ ေလၽွာက္ေျပာထားတာ။' သူတို႔ႏွစ္ေယာက္တတ္နိုင္သည္ထက္ ပိုေနသည့္ကုန္က်ေငြမ်ားအကုန္လုံးက သူ႔ပိုက္ဆံအိတ္ထဲမွထြက္သြားတာျဖစ္သည္။

"အက်ိဳးနည္း" Album ၏ေက်ာ္ၾကားမွုက မေသးလွ။ Icedream က အခုဆို အႏုပညာေလာကထဲ အေရွ႕ဆုံးတန္းသို႔ အေျပးေရာက္သြားခဲ့ၿပီျဖစ္သည္။ ထို႔အတြက္ေၾကာင့္လည္း ေၾကာ္ျငာႏွင့္ endorsement အတြက္ ကမ္းလွမ္းခ်က္မ်ားက အမ်ားအျပားဝင္ေရာက္လာၿပီး ေၾကာ္ျငာရသည့္ပစၥည္းအရည္အေသြးမ်ားကလည္း အရင္ကထက္ ပိုျမင့္လာေတာ့သည္။ သို႔ေသာ္ လၽွို႔ခ်ဳန္းမင္က ကမ္းလွမ္းလာသည့္ေၾကာ္ျငာမ်ားကို စီစစ္ရာတြင္ အေတာ္ေလးစည္းကမ္းတင္းၾကပ္လွသည္။ ထိုေၾကာ္ျငာမ်ားက လူအမ်ားၾကည့္သည့္တီဗီပရိုဂရမ္မ်ားတြင္ မပါဝင္မခ်င္း သူတို႔အား လက္ခံခြင့္မျပဳ။ သို႔ေပမယ့္လည္း ဂ်ဴလိုင္လအလယ္ေရာက္ခ်ိန္တြင္ ဩဂုတ္မွ စက္တင္ဘာအေစာပိုင္းအထိ သူတို႔၏အခ်ိန္စာရင္းမ်ားအားလုံး ျပည့္သြားခဲ့ေလၿပီ။

ျပည္တြင္း reality show မ်ားတြင္ နာမည္အႀကီးဆုံးျဖစ္သည့္လ်န္ရွီက ဒီႏွစ္ဝက္အထိ ပရိုဂရမ္အသစ္မ်ားထဲ ပါဝင္ထားျခင္းမရွိဘဲ ဂ်ဴလိုင္မွာမွ Outdoor reality show တစ္ခုႏွင့္ျပန္လာမွာျဖစ္သည္။

Icedream ကလည္း ထိုပရိုဂရမ္၏ဒုတိယပိုင္းတြင္ ပါဝင္ခဲ့သည္။

ထိုပရိုဂရမ္က ဟန႔္က်ိဳးတြင္ ရိုက္ကူးေရးလုပ္တာျဖစ္ၿပီး မနက္ခင္းပိုင္းတြင္ ၿမိဳ႕ထဲ၌ ဂိမ္းအခ်ိဳ႕ ကစားရေလသည္။

ပရိုဂရမ္တြင္ ပုံမွန္အဖြဲ႕ဝင္ျဖစ္ေနသူမ်ားအထဲမွတစ္ေယာက္က အႏုပညာရွင္ေကာင္မေလးျဖစ္သည္။ သူမက အသားျဖဴျဖဴႏွင့္ အေတာ္ေလးလွပၿပီး ရင္ဘတ္လည္းႀကီးလွ၏။ သူမကို ဆြဲေဆာင္မွုနတ္ဘုရားလို ပရိုဂရမ္ဘက္မွ ေၾကာ္ျငာခ်င္ေပမယ့္ သူမေနထိုင္ပုံမ်ားက ေကာင္ေလးဆန္လွတာမို႔ ေကာင္ေလးမ်ား အရမ္းသေဘာက်ရသည့္ပုံစံမ်ိဳးျဖစ္ေနေတာ့သည္။

ထိုေကာင္မေလးႏွင့္ Icedream ေတြ႕ၾကသည္ႏွင့္ သူ႔ဘက္မွ စတင္ၿပီး ရွဲ႕က်ဴရွင္း fangirl ျဖစ္ေၾကာင္းေျပာ၍ 'အက်ိဳးနည္း' mv တြင္ပါဝင္သည့္ ရွဲ႕က်ဴရွင္း၏ကကြက္အပိုင္းေလးကိုပါ ကျပလာသည္။ ထို႔အျပင္ သူက ေကာင္းေကာင္းကတတ္ေနၿပီး ၾကည့္ရသေလာက္ ပရိုဂရမ္ဘက္မွ လုပ္ဖို႔စီစဥ္ထားတာမ်ိဳးႏွင့္မတူဘဲ ကိုယ္တိုင္ကိုက အတိုင္းအတာတစ္ခုအထိ သေဘာက်ပုံေပၚ၍ ရွဲ႕က်ဴရွင္းႏွင့္စကားေျပာရင္းႏွင့္လည္း ပါးမ်ားနီရဲလာေလသည္။

လ်န္ရွီမွလြဲ၍ အျခားပုံမွန္အဖြဲ႕ဝင္မ်ားအားလုံးကလည္း စတင္ၿပီး စေနာက္ၾကေတာ့သည္။

ရွဲ႕က်ဴရွင္းအေနႏွင့္ အႏုပညာရွင္ေကာင္မေလးထံမွ မ်က္ႏွာခ်င္းဆိုင္ၿပီးဖြင့္ေျပာတာမ်ိဳး တစ္ခါမွမခံဖူးတာမို႔ ရွက္သြားၿပီး အစခံရတိုင္း သူ႔နားရြက္မ်ားက နီရဲလာေလသည္။

ဝမ္ေခ်ာင္ကေတာ့ ေဒါသမ်ားထြက္လ်က္ ထိုေကာင္မေလးကိုၾကည့္ေလေလ ပိုသေဘာမက်ေလေလျဖစ္လာခဲ့၏။

ေနာက္ပိုင္း ၾကက္ခြပ္ဂိမ္းကစားၾကရာတြင္ ထိုေကာင္မေလး ကစားရန္အခ်ိန္ေရာက္လာတာႏွင့္ ဝမ္ေခ်ာင္တစ္ေယာက္ ဘယ္သူမွမေခၚခင္ ဘာစကားတစ္ခြန္းမွမေျပာဘဲ ေျပးဝင္သြားေတာ့သည္။ တိုက္ပြဲကလည္းျပင္းထန္လွသည္။ သူက မိန္းမလွေလးလို႔ေတာင္ သတ္မွတ္ထားျခင္းမရွိဘဲ ထိုေကာင္မေလးကို ခပ္ျပင္းျပင္းထြန္းထုတ္၍ တစ္ႀကိမ္တည္းႏွင့္ ကူရွင္ေပၚသို႔ ေက်ာပစ္လွဲက်သြားေစေတာ့သည္။

သို႔ေသာ္ သူ ထုတ္သုံးလိုက္သည့္အားက ျပင္းလြန္းတာမို႔ သူပါ အေရွ႕သို႔ထိုးက်သြားၿပီး ထိုေကာင္မေလးအေပၚ ပစ္လဲက်မလိုျဖစ္သြားေလသည္။ သူ အလ်င္အျမန္ လက္ေထာက္၍ သူ႔ဟန္ခ်က္ကိုထိန္းလိုက္ေပမယ့္ လက္ေထာက္ထားသည့္ေနရာက တစ္ဖက္သူ၏ရင္ဘတ္ျဖစ္ေနေတာ့သည္။ သို႔ႏွင့္ သူ အျမန္ လက္ျပန္႐ုတ္ၿပီး မတ္တပ္ထရပ္၍ ေတာင္းပန္ရင္း တမင္လုပ္တာမဟုတ္ဟုေျပာလိုက္၏။

သူက နာမည္ေကာင္းမရွိလွသလို 'ျမင္းလား' ဆိုသည့္နာမည္ဆိုးကလည္းရွိေသးတာမို႔ ဘယ္သူကမွ သူတမင္လုပ္တာမဟုတ္ဟု မထင္ၾက။

လ်န္ရွီေတာင္ ယုံၾကည္ျခင္းမရွိဘဲ အျမန္အေရွ႕ထြက္၍ သူ႔အား ျပဳံးျပဳံးေလးပိတ္ကန္ရင္း သတိမဲ့မွုအားဆူေငါက္ရင္း သူ႔အစား ထိုေကာင္မေလးကို ေတာင္းပန္ေပးလိုက္ေတာ့သည္။

ေကာင္မေလးအေနႏွင့္လည္း သူတမင္လုပ္မလုပ္မသိေပမယ့္ ရိုက္ကူးေနခ်ိန္အတြင္း ေဒါသေပါက္ကြဲလို႔မျဖစ္တာမို႔ ရယ္ရင္းႏွင့္သာ အထင္လြဲမွုတစ္ခုလိုဟန္ေဆာင္ရင္း ခြင့္လႊတ္ေပးလိုက္ရသည္။

ေန႔လည္ပိုင္းရိုက္ကူးေရးမ်ားကိုေတာ့ စုန႔္ၿမိဳ႕နယ္တြင္ ရိုက္ကူးၾကၿပီး လူတိုင္းလည္း သဲလြန္စရွာရန္ လူစုခြဲလိုက္ၾကသည္။

ဝမ္ေခ်ာင္က အတည္အတံ့ကစားေနျခင္းမရွိ။ သူက စုန႔္ၿမိဳ႕နယ္၏ေရွးေဟာင္းလမ္းမ်ားအၾကား ဟိုဟိုဒီဒီေရာက္သြားရင္း သဲလြန္စရွာလည္းမရွာဘဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လည္ပတ္ေနေတာ့သည္။ ေလၽွာက္သြားေနရင္း သရဲအိမ္ျမင္လိုက္ရာ သူ ဟန့္က်ိဳးသားျဖစ္သည့္ကင္မရာသမားကို "အထဲမွာေၾကာက္ဖို႔ေကာင္းလား" ဟုေမးလိုက္၏။ ထိုအစ္ကိုႀကီးက "သာမန္ပါပဲ" ဟုျပန္ေျဖလိုက္သည္ႏွင့္ သူ ေပ်ာ္ေပ်ာ္ႀကီးဝင္သြားလိုက္ေပမယ့္ အထဲက ေသေလာက္ေအာင္ေၾကာက္ဖို႔ေကာင္းလွသည္မို႔ သရဲငိုသံႏွင့္ ေျမေခြးအူသံထက္ က်ယ္ေလာင္သည့္ေအာ္သံျဖင့္ သူ ကမၻာတုန္သြားမတတ္ေအာ္ဟစ္ေတာ့ေလသည္။

ပရိုဂရမ္မွေကာင္မေလးက သရဲအိမ္ထြက္ေပါက္အေရွ႕မွျဖတ္ေလၽွာက္သြားခ်ိန္ ဝမ္ေခ်ာင္ ေလအလ်င္လိုေျပးထြက္လာသည္ကိုေတြ႕လိုက္ရၿပီး အမ်ိဳးတစ္ေယာက္ကိုေတြ႕လိုက္ရသည့္အလား ေျပးဖက္တာကိုလည္း ခံလိုက္ရေလသည္။

ထိုေကာင္မေလးမွာ ခဏမၽွေၾကာင္အသြားၿပီးသည္ႏွင့္ ေဒါသတႀကီးေျပာေတာ့သည္။ "ဖာ့ခ္၊ ရွင္မၿပီးနိုင္ေသးဘူးလား!"

ဂိမ္းကို အတည္ေပါက္ေဆာ့ေနသည့္ရွဲ႕က်ဴရွင္းမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ေနသည့္အသံမ်ားေၾကာင့္ လာၾကည့္လိုက္ေပမယ့္ အႏုပညာရွင္ေကာင္မေလးကို တင္းတင္းက်ပ္က်ပ္ဖက္ထားသည့္ဝမ္ေခ်ာင္ႏွင့္ ေဒါသထြက္လြန္းတာမို႔ မ်က္ႏွာတစ္ခုလုံးျဖဴေလ်ာ့ေနၿပီျဖစ္သည့္ေကာင္မေလးကိုေတြ႕လိုက္ရေတာ့သည္။

သူကိုယ္တိုင္လည္း အရမ္းေဒါသထြက္သြားရသည္။

ပရိုဂရမ္ရိုက္ကူးၿပီးေနာက္ ညစာစားၿပီးသည္ႏွင့္ သူတို႔ ေဟာ္တယ္သို႔ျပန္လိုက္ၾကသည္။ ေဟာ္တယ္အခန္းထဲသို႔ျပန္ေရာက္သည္ႏွင့္ သူတို႔ေတြ ရန္ျဖစ္ရင္း လက္ပါလာၾကေတာ့သည္။

ရွဲ႕က်ဴရွင္းက ဝမ္ေခ်ာင့္လက္မ်ားကို အၿငိမ္မထားျခင္းအတြက္ ဆူေငါက္ရင္း အႏုပညာေကာင္မေလးကိစၥႏွင့္ပတ္သတ္ၿပီး အေတာ္ေလးေဒါသေလးထြက္ေနခဲ့သည္။

ဝမ္ေခ်ာင္က သူ႔ကို နိုင္ေအာင္မခ်နိုင္ေပမယ့္ ေခါင္းမာလွတာမို႔ သူအျပစ္ကင္းေၾကာင္း ေအာ္ဟစ္ရင္း ဆဲေရးေတာ့သည္။ ေျပာရရင္လည္း အစကတည္းက သူမွားခဲ့ျခင္းမရွိေပ။

သူ စုန႔္ၿမိဳ႕နယ္တြင္ လည္ပတ္ကတည္းက အေပါ့သြားျခင္းစိတ္ကို ခ်ဳပ္တည္းထားရတာမို႔ ထပ္မေအာင့္ထားနိုင္ေတာ့ဘဲ ေအာ္ဟစ္လာသည္။ "ေနဦး ေနဦး ေနဦး! ေနာက္မွ ဆက္ရိုက္၊ ငါ အရင္ေသးသြားေပါက္ဦးမယ္။"

ရွဲ႕က်ဴရွင္းလည္း ရပ္ေပးလိုက္သည္။

ဝမ္ေခ်ာင္ အေပ့ါသြားရန္ ေရခ်ိဳးခန္းထဲဝင္သြားၿပီးေနာက္ တံခါးကိုလည္းမပိတ္ခဲ့။ အေပါ့သြားၿပီးသည္ႏွင့္ သူရွင္းျပလာသည္။ "ငါ မနက္က သူ႔ရင္ဘတ္ကို တမင္ထိလိုက္တာမဟုတ္ဘူး။ ေန႔ခင္းတုန္းကလည္း သရဲအိမ္က အရမ္းေၾကာက္ဖို႔ေကာင္းတယ္၊ ထြက္လာလာျခင္း အသက္ရွိလူတစ္ေယာက္ကို ျမင္လိုက္ရတာမို႔ သူ ဘယ္သူမွန္းေတာင္ ငါေသခ်ာမၾကည့္လိုက္မိဘူး။"

ရွဲ႕က်ဴရွင္းကေတာ့ သူ႔ကိုလ်စ္လ်ဴရွုထားဆဲ။

သူ ေရဆြဲခ်ၿပီးသည္ႏွင့္ လက္ေဆးရန္ တစ္ဖက္သို႔သြားလိုက္ရာ ရွဲ႕က်ဴရွင္းက အခုနက သူရပ္ေနသည့္ေနရာသို႔ ေလၽွာက္လာၿပီး သူလည္းပဲ ေျဖေလၽွာ့လာသည္။

ဝမ္ေခ်ာင္တစ္ေယာက္ သူတို႔ရန္ျဖစ္ေနခ်ိန္အတြင္း တစ္ခ်က္မွထိေအာင္မထိုးလိုက္နိုင္တာမို႔ ရင္ထဲ ေဒါသမ်ားျဖင့္တင္းၾကပ္လ်က္ရွိေနၿပီး လက္ေဆးၿပီးတာႏွင့္ သူ ရွဲ႕က်ဴရွင္းကိုယ္ေပၚသို႔ ေရစက္မ်ား ခါခ်လိုက္ေတာ့သည္။

ရွဲ႕က်ဴရွင္း "က်စ္" ဟုအသံျပဳရင္း တစ္ဖက္သို႔ စူးရွရွလွည့္ၾကည့္လိုက္သည္။

ဝမ္ေခ်ာင္ကလည္း စူးစိုက္ၾကည့္လာၿပီး သူ႔မ်က္လုံးမ်ားက ရွဲ႕က်ဴရွင္းထက္ေတာင္ ပိုျပဴးၿပီး ပိုေဒါသထြက္ေနပုံေပၚလွသည္။

ရွဲ႕က်ဴရွင္း အေပါ့သြားၿပီးေနာက္ ဇစ္ျပန္ဆြဲမတင္ေတာ့ဘဲ တစ္ဖက္သူရွိရာသို႔ေလၽွာက္သြားၿပီး လက္ေဆးစင္အေပၚ မတင္လ်က္ ဖိခ်ဳပ္ထားရင္း ရိုက္ျခင္းအစီအစဥ္ကိုစတင္ေတာ့သည္။

ဒါက သူတို႔ႏွစ္ေယာက္လုံးအတြက္ မွန္အေရွ႕တြင္ ပထမဆုံးလုပ္ဖူးတာျဖစ္သည္။ အရင္က ဒီလိုအခ်ိန္မ်ိဳးတြင္ သူတို႔က တစ္ေယာက္ပုံစံကိုသာ တစ္ေယာက္ျမင္ေနရၿပီး ကိုယ့္ကိုယ္ကိုျပန္ျမင္မိျခင္းမရွိၾက။

အေတာ္ေလးအသစ္အဆန္းနိုင္လွ၏။

သူတို႔ၿပီးသြားခ်ိန္မွာေတာ့ ဝမ္ေခ်ာင္က စိတ္ေက်နပ္မွုအျပည့္ႏွင့္မွတ္ခ်က္ေပးလာေတာ့သည္။ "ပါ့ပါးက တကယ္ၾကမ္းသြားတာပဲ။"

၁၂ နာရီလည္းထိုးခါနီးေနၿပီးမို႔ သူတို႔ႏွစ္ေယာက္ တစ္ကုတင္တည္းေပၚတြင္ ပူးကပ္ေနၾကရင္း ဝမ္ေခ်ာင္ကေတာ့ ဂိမ္းကစားလ်က္ သူ႔လက္ရည္ကိုႂကြားဝါလို႔ေနၿပီး ရွဲ႕က်ဴရွင္းကေတာ့ တိတ္တိတ္ေလးနားေထာင္ေနသည္။

ထိုအခ်ိန္ လ်န္ရွီက ႐ုတ္တရက္ဖုန္းေခၚလာၿပီး ဝမ္ေခ်ာင့္ကို အတူညလယ္စာစားရေအာင္ဟုေျပာရင္း သူ႔အခန္းထဲလာဖို႔ ေခၚေလသည္။

ဝမ္ေခ်ာင္လည္း လ်န္ရွီႏွင့္အတူမေပ်ာ္ပါးရတာ အေတာ္ၾကာၿပီမို႔ သြားခ်င္လွတာေၾကာင့္ ရွဲ႕က်ဴရွင္းကိုေမးလိုက္ေတာ့သည္။ "မင္းေရာ သြားမလား။"

ရွဲ႕က်ဴရွင္းႏွင့္ လ်န္ရွီအၾကားတြင္ ဘာမွထူးထူးျခားျခားေျပာစရာမရွိ။ သူလိုက္သြားရင္ေတာင္ ဘာမွဝင္မေျပာဘဲ သူတစ္ေယာက္တည္း ထိုင္ေနျဖစ္မွာမို႔ ျပန္ေျပာလိုက္သည္။ "ငါမလိုက္ေတာ့ဘူး။ မင္း ခဏသြားလိုက္ေလ။ ေစာေစာျပန္လာခဲ့ဦး၊ အစပ္ေတြလည္းမစားနဲ႔။"

ဝမ္ေခ်ာင္လည္း အဝတ္အစားမ်ားျပန္ဝတ္ၿပီး တစ္ေယာက္တည္းသြားလိုက္ေတာ့သည္။
လ်န္ရွီအခန္းထဲရွိစားပြဲေပၚတြင္ ေက်ာက္ပုစြန္အစပ္ခ်က္မ်ားက ဘူးေပါင္းမ်ားစြာရွိေနၿပီး လ်န္ရွီကေတာ့ အစ္ကိုႀကီးတစ္ေယာက္လိုမ်က္ႏွာထားျဖင့္ေျပာလာသည္။ "မင္းႀကိဳက္မွန္းသိလို႔ ငါမွာေပးထားတာ"

ဝမ္ေခ်ာင္ေျပာလိုက္သည္။ "ဒါေပမယ့္ ကၽြန္ေတာ္ ဒီေန႔စားလို႔မရဘူး"

လ်န္ရွီေမးလာသည္။ "ဘာျဖစ္လို႔လဲ"

ဝမ္ေခ်ာင္က ႂကြားဝါသလိုလိုအျပစ္တင္သလိုလိုျပန္ေျဖ၏။ "အခုတင္လုပ္ၿပီးလာလို႔"

လ်န္ရွီ သူ႔ကိုမ်က္ဆန္လွန္ၾကည့္လာသည္။ ထို႔ေနာက္ သူ သူ႔ဘယ္ဘက္လက္ကိုေျမႇာက္လ်က္ လက္သူႂကြယ္တြင္ရွိေနသည့္လက္စြပ္ကိုျပရင္း စတင္ႂကြားဝါေတာ့သည္။ "ေတြ႕လား။ ငါနဲ႔ ပိုင္ထူလက္ထပ္လိုက္ၿပီ။"

ဝမ္ေခ်ာင္ ေၾကာင္အသြားရသည္။ လတ္တေလာ လ်န္ရွီ နိုင္ငံသားေျပာင္းခြင့္ေလၽွာက္ထားေၾကာင္း သိထားေပမယ့္ ဒီေလာက္ျမန္ျမန္လက္ထပ္သြားမည္ဟု သူမထင္ထား။

လ်န္ရွီက ေပ်ာ္ရႊင္မွုအျပည့္ႏွင့္ႂကြားလာသည္။ "ငါ အဲ့ဘက္မွာ ကေလးေမြးစားခြင့္ကိုပါ ေလၽွာက္ထားေသးတယ္။ ဥေရာပဘက္က စာရြက္စာတမ္းကိစၥလုပ္ရတာ အရမ္းဒုကၡမ်ားတာပဲ။ ငါတို႔ႏွစ္ေယာက္ကလည္း ထူးျခားတဲ့အေျခအေနမ်ိဳးနဲ႔ဆိုေတာ့ ေလၽွာက္လို႔ရပါ့မလားေတာင္မသိဘူး။"

ဒီတစ္ေခါက္ႂကြားဝါျခင္းၿပိဳင္ပြဲတြင္ ဝမ္ေခ်ာင္ ေသခ်ာသေလာက္ရွုံးသြားတာမို႔ သူ အရွုံးကိုဝန္ခံရင္း စိတ္ရင္းျဖင့္ေျပာလိုက္ေတာ့သည္။ "ေကာ ဂုဏ္ျပဳပါတယ္ဗ်ာ"

လ်န္ရွီက ပိုင္ထူမိဘေတြ သူ႔ကို ဘယ္ေလာက္ထိသေဘာက်ေၾကာင္းမ်ားကိုပါ ဆက္ႂကြားဝါလာသည္။

ထိုအေၾကာင္းမ်ားကိုၾကားရခ်ိန္ ဝမ္ေခ်ာင္ အရမ္းအားက်မနာလိုျဖစ္သြားရသည္။ အေၾကာင္းမွာ ေရွာင္ရွဲ႕မိဘမ်ားက သူ႔ကို သေဘာမက်ေလာက္ဟု သူခံစားမိေနတာေၾကာင့္ပင္။ ဘယ္လိုလူႀကီးေတြကမ်ား သူ႔လို အသုံးအျဖဳန္းႀကီး၊ လက္ဖြာသူကို သေဘာက်မွာတဲ့လဲ။

လ်န္ရွီလည္း ႂကြားလို႔ဝသြားသည္ႏွင့္ သူ႔ကိုျပန္ေမးလာေတာ့သည္။ "မင္းနဲ႔ေရွာင္ရွဲ႕ေရာ မိသားစုေတြကိုေျပာၿပီးၾကၿပီလား။"

ဝမ္ေခ်ာင္ လိမ္ေျပာလိုက္သည္။ "မေျပာထားဘူး။ ေျပာစရာလည္း ဘာမွမရွိဘူးေလ။ ဒါ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိစၥကို"

လ်န္ရွီလည္း သူတို႔ႏွစ္ေယာက္ၾကား ဘာေတြျဖစ္ေနမွန္းမသိထားသည့္အျပင္ အခုေလာေလာဆယ္အတြင္း စိတ္အေျခအေနအရမ္းေကာင္းေနတာမို႔ လက္လြတ္စပယ္ေျပာလိုက္ေတာ့သည္။ "အဲ့ဒါလည္းဟုတ္တာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔ႏွစ္ေယာက္လုံးက ငယ္ေသးတယ္။ ေျပာမရဘူး၊ ႏွစ္ႏွစ္ေလာက္ ေပ်ာ္ပါးလို႔ဝသြားရင္ လမ္းခြဲရင္ လမ္းခြဲျဖစ္ၾကမွာ။ မိသားစုေတြကိုေျပာထားရင္ အလုပ္ရွုပ္သြားမွာေပါ့။"

ဝမ္ေခ်ာင္မွာ မေပ်ာ္မရႊင္ျဖစ္သြားရသည္။ "ေကာ ကၽြန္ေတာ့္ကိုဆို အေကာင္းေလးနည္းနည္းေျပာေပးလို႔မရဘူးလား။ ဘာကို ႏွစ္ႏွစ္ေလာက္နဲ႔လမ္းခြဲမွာလဲ။ ေကာတို႔သာ ႏွစ္ႏွစ္ေလာက္နဲ႔ ကြာရွင္းသြားဦးမယ္။"

စားပြဲေပၚက ေက်ာက္ပုစြန္အစပ္ခ်က္ကလည္း အနံ႔သာခံၿပီး မစားရ။ ထို႔အျပင္ သူ ေနာက္ဆုံးေတာ့ လ်န္ရွီ၏ကန္ထုတ္တာကိုပါ ခံလိုက္ရေတာ့သည္။

ဝမ္ေခ်ာင္ သူ႔အခန္းရွိရာသို႔ စိတ္ဓာတ္က်က်ႏွင့္ျပန္သြားလိုက္ေတာ့သည္။ ညမီးအိမ္ေလးက ဖြင့္ထားလ်က္ရွိေနၿပီး ရွဲ႕က်ဴရွင္းကေတာ့ အိပ္ေမာက်ေန၏။

သူလည္း သူ႔အိပ္ရာေပၚတြင္ တက္မအိပ္ဘဲ ရွဲ႕က်ဴရွင္းေဘးတြင္ သြားလွဲလိုက္ေတာ့သည္။

ရွဲ႕က်ဴရွင္း ညည္းတြားရင္း လန႔္နိုးလာခဲ့သည္။ "ေႏြရာသီေတာင္ေရာက္ေနၿပီ၊ မင္း ငါနဲ႔ကပ္အိပ္ခ်င္ေနေသးတယ္။" သို႔ေပမယ့္လည္း သူ တစ္ဖက္သို႔တိုးၿပီး ဝမ္ေခ်ာင့္အတြက္ေနရာဖယ္ေပးလာသည္။

ဂ်ဴလိုင္လအဆုံးတြင္ ေဟြ႕ရွင္းကုမၸဏီမွ Icedream debut တစ္ႏွစ္ျပည့္အထိမ္းအမွတ္ကို ေက်းဇူးတင္ေၾကာင္း concert စက္တင္ဘာ ၁၂ တြင္ က်င္းပေပးမည့္အေၾကာင္း ေၾကျငာလာခဲ့သည္။

ဩဂုတ္ ၁ ရက္ေန႔တြင္ သူတို႔ပြဲလက္မွတ္မ်ားကို စတင္ေရာင္းခ်ခဲ့ၿပီး လက္မွတ္အားလုံးက ၁၀ မိနစ္အတြင္း ေရာင္းကုန္သြားေတာ့သည္။

ဩဂုတ္ ၅ ရက္ေန႔တြင္ ေဟြ႕ရွင္းကုမၸဏီမွ ကိုယ္တိုင္ေရး၊ ကိုယ္တိုင္ဆို အဆိုေတာ္တစ္ေယာက္ကို ပြဲထုတ္ေပးလာ၏။

ဩဂုတ္ ၈ ရက္ေန႔မွာေတာ့ သြမ့္ယိခြန္းက ကိုယ္ပိုင္ကုမၸဏီတစ္ခုေထာင္လိုက္ၿပီး disband ၿပီးသား NEX အဖြဲ႕၏ အဖြဲ႕ေခါင္းေဆာင္က သူႏွင့္လက္မွတ္ထိုးလာသည့္ ပထမဆုံးအႏုပညာရွင္ျဖစ္လာခဲ့သည္။

KittyKitling

Continue Reading

You'll Also Like

2.8M 394K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
3.5M 281K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...