Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
56
57
59
60
61
62
63
64
65
66

58

1.4K 248 24
By callme__kitty

[Unicode]

'အိမ်စုတ်လေး'

စတိုင်သွင်းပြီးသွားချိန် တက်ကြွနေကြသေးတာကို အခွင့်ကောင်းယူ၍ သူတို့အကုန် Promotion ဓာတ်ပုံများကို နေ့လည်ကတည်းက ပြီးအောင်ရိုက်သွားလိုက်ကြသည်။

တစ်ကိုယ်တော်ဓာတ်ပုံရိုက်ကြချိန်တွင်တော့ အဆင်ပြေနေပေမယ့် group photo ရိုက်ရချိန်၌ ဓာတ်ပုံအတွင်း အရောင်ဖြန့်ကျက်မှု ညီမျှနေစေရန် ဓာတ်ပုံဆရာက ရှဲ့ဝမ်နှစ်ယောက်ကို ခွဲရပ်စေပြီး ချန်းယောင့်ကို သူတို့ကြား ဝင်ရပ်ခိုင်းလိုက်သည်။

ဝမ်ချောင်က သဘောတူလာခြင်းမရှိ၊ ရှဲ့ကျူရှင်းဘေးတွင် ရပ်ရဖို့ ငြင်းဆန်နေတော့သည်။

ချန်းယောင့်ကလည်း သူတို့ကြား ဝင်မရပ်ချင်တာမို့ ငိုမဲ့မဲ့မျက်နှာဖြင့်ရှိနေ၏။

ဘေးမှ ဖြစ်စဉ်တစ်ခုလုံးကိုမြင်နေရသည့်လျှို့ချုံးမင်မှ နောက်ဆုံး စကားဝင်ပြောလာခဲ့သည်။ "သူတို့ အတူတူရပ်ပါစေ။ Leo ကို အရောင်တောက်တောက်ဦးထုပ်တစ်လုံးလောက် စောင်းခိုင်းထားလိုက်။"

ဓာတ်ပုံဆရာလည်း သူ့လက်ထောက်ကိုခေါ်၍ အဝါရောင်တောက်တောက်ဦးထုပ်တစ်လုံး ရှာခိုင်းလိုက်တော့သည်။

ဝမ်ချောင့်အနေနှင့် ထိုဦးထုပ်ကို သိပ်မကြိုက်ပေမယ့် အင်တင်တင်ဖြင့် စောင်းပြီး ရှဲ့ကျူရှင်းရှိရာသို့ လှမ်းပြလိုက်သည်။

သူ့အသားအရေက ဖြူတဲ့ဘက်သွားတာမို့ ဒီလိုအရောင်မျိုးက သူနှင့်တွဲဖက်လိုက်ချိန်တွင် တကယ်ကြည့်လို့ကောင်းနေ၏။ ရှဲ့ကျူရှင်း ပြောလိုက်သည်။ "မဆိုးဘူး။"

ဝမ်ချောင်လည်း ထိုဦးထုပ်ကို စောင်းထားလိုက်တော့သည်။

သူတို့ Promotion ဓာတ်ပုံများ ရိုက်ကူးပြီးသွားချိန် ညနက်နေခဲ့ပြီဖြစ်သည်။အဖွဲ့လိုက်ရိုက်ကူးရေးသွားကြရတာမို့ ဝမ်ချောင်လည်း ဒီနေ့ သူ့ကားသူ မယူလာခဲ့။ သို့နှင့် သူရော ရှဲ့ကျူရှင်းပါ ကျန်အဖွဲ့သားများနှင့်အတူ ကုမ္ပဏီမှ လာကြိုသည့်ကားပေါ် လိုက်တက်ပြီး အိမ်ပြန်ဖို့လုပ်လိုက်ကြသည်။

နောက်ဆုံးမှ ကားပေါ်တက်လာသည့် ရှဲ့ကျူရှင်း ကားတံခါးပိတ်ရန်လုပ်ချိန်မှာပဲ လျှို့ချုံးမင်က ကားပေါ် အပြေးတက်လာပြီး သူ့ကား ပြင်ဖို့လိုအပ်နေတာမို့ ကုမ္ပဏီကားနှင့်လိုက်မည်ဆိုသည့်အကြောင်း ပြောလာ၏။

ကားထွက်ခွါသွားသည်နှင့် တစ်ကားလုံးငြိမ်သက်နေသည်မှာ ဘယ်သူကမှ သူတို့မန်နေဂျာအသစ်ဖြစ်သူနှင့် စကားမပြောချင်ပုံပေါ်နေတော့သည်။

လျှို့ချုံးမင်မှ စတင်၍ စကားလမ်းကြောင်း အစပြုလာခဲ့သည်။ "မင်းတို့အကုန် ဘယ်မှာနေကြတာလဲ။"

ဖုန်းဂိမ်းဆော့နေသည့်ခေါင်းဆောင်မှလွဲ၍ အဖွဲ့သားတိုင်း ပြန်ဖြေလာကြသည်။

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "ကျွန်တော်က ကန်းလန်ချန်၊ ခေါင်းဆောင်ကတော့ ဝမ့်ကျီရှီ့ယွမ်မှာ နေတယ်။"

သူနှင့် ဝမ်ချောင်က လျှို့ချုံးမင်အနောက်တွင် ထိုင်နေကြတာဖြစ်သည်။

လျှို့ချုံးမင်က အနောက်လှည့်လာပြီး ပြုံးလျက်ပြောလာသည်။ "မင်းလည်း ကန်းလန်ချန်မှာ နေတာလား။ တိုက်ဆိုင်လိုက်တာ၊ ငါ့တူတစ်ယောက်လည်း အဲ့ဘက်မှာနေတယ်။"

ရှဲ့ကျူရှင်းလည်း ယဉ်ကျေးသမှုဖြင့်ပြန်ဖြေလိုက်သည်။ "တော်တော်လေးတိုက်ဆိုင်တာပဲ။"

လျှို့ချုံးမင်မှ ဆက်ပြောလာသည်။ "ငါ့တူကလည်း ဒီအသိုင်းအဝိုင်းထဲကပဲ။ သူက အနုပညာရှင်တစ်ယောက်ရဲ့လက်ထောက်အနေနဲ့ အလုပ်လုပ်နေတာလေ။ မင်းတို့တွေ့ဖူးလောက်မယ်ထင်တယ်။"

ရှဲ့ကျူရှင်း ခဏမျှတွေးကြည့်လိုက်သည်။ "ကျောက်ကျန့်ယိလား။" သူတို့နှစ်ယောက်ရဲ့နာမည်တွေက အမျိုးဖြစ်နိုင်ချေများလောက်အောင် ဆင်တူလွန်းနေသည်။

[T/N : လျှို့ချုံးမင်ဆိုတဲ့နာမည်ထဲက ချုံးမင်က ဉာဏ်ကောင်းခြင်းဆိုတဲ့အဓိပ္ပါယ်ရပြီး ကျောက်ကျန့်ယိရဲ့ ကျန့်ယိက တရားမျှတမှုဆိုတဲ့အဓိပ္ပါယ်မို့လို့ပါ။]

လျှို့ချုံးမင်က အလွန်အမင်းအံ့ဩသွားဟန်ဖြင့် ပြန်ပြောလာသည်။ "အိုက်ယား?? မင်းတို့အချင်းချင်းသိကြတာလား။"

ရှဲ့ကျူရှင်းမှာ သတိမမူမိဟန်ဖြင့် ပြန်ဖြေရတော့သည်။ "ရှောင်ကျောက်နဲ့ ကျွန်တော်က အခန်းဖော်တွေ။"

လျှို့ချုံးမင်က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဆက်ပြောလေသည်။ "ဒါဆို အတော်ပဲ။ ခဏနေ မင်း ကားပေါ်က ဆင်းရင် ငါလည်း မင်းနဲ့အတူလိုက်ဆင်းမယ်လေ။ ငါ ငါ့တူနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာနေပြီ။"

သူ့အနေနှင့် အဖွဲ့၏အဓိကဇာတ်ကောင်က ရှဲ့ကျူရှင်းမှန်း သိထားပြီးဖြစ်တာမို့ ရှဲ့ကျူရှင်းနှင့် တတ်နိုင်သမျှ အမြန်ဆုံး သိကျွမ်းထားဖို့ကို အလိုရှိနေလှသည်။

သို့သော် ရှဲ့ကျူရှင်းအနေနှင့် ကန်းလန်ဘက်ကို သွားဖို့အစီအစဉ်မရှိထား။ ပြောရလျှင် သူ သူ့အိမ်မပြန်ဖြစ်တာတောင် အတော်ကြာနေပြီမို့ သွယ်ဝိုက်၍ ပြန်ဖြေလိုက်သည်။ "ကျွန်တော် အခုတလော ကန်းလန်ချန်ဘက်မှာ သိပ်မနေဖြစ်ဘူး။"

လျှို့ချုံးမင်မှာ ဒီအကြောင်းကို ကျောက်ကျန့်ယိထံမှ ကြားထားပြီးဖြစ်သည်။ နောက်ဆုံးသတင်းဆိုလျှင် 'ရှောင်ရှဲ့က ကောင်မလေးရနေတာဖြစ်လောက်တယ်' ဆိုတာမျိုးဖြစ်တာမို့ သူလည်း ပြန်ပြောလိုက်သည်။ "ရည်းစားထားနေတာလား? စိတ်မပူပါနဲ့၊ ငါတို့ကုမ္ပဏီမှာ ရည်းစားမထားရဘူးဆိုတဲ့စည်းမျဉ်းမျိုးမှ မရှိတာ။ ငါလည်း ရှေးရိုးစွဲတတ်တဲ့လူမဟုတ်ဘူး။"

ကားအတွင်း ငြိမ်သက်မှုတစ်ခု ကြီးစိုးသွားတော့သည်။

အဖွဲ့သားတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားကြသည်။

လျှို့ချုံးမင် သူတို့မန်နေဂျာဖြစ်လာကတည်းက သူတို့ခေါင်းဆောင်နှင့် ရှဲ့ကျူရှင်းတို့၏ဆက်ဆံရေးက ဖုံးကွယ်ထားလို့ရတော့မှာ မဟုတ်။ ထို့ကြောင့် တစ်ဖက်သူ ဖမ်းမိသွားမယ့်အချိန်ကို စောင့်နေမည့်အစား အခုကတည်းက လက်ဦးမှုယူပြီး သူတို့ရဲ့ကလေးမျက်နှာနှင့် မန်နေဂျာကို ပြောပြထားလိုက်တာ ပိုကောင်းလိမ့်မည်ပင်။

လျှို့ချုံးမင်လည်း တစ်ခုခုမူမမှန်မှန်း သတိထားမိတာမို့ သံသယဖြစ်သွားပြီး မေးလိုက်သည်။ "ခွန်းကော မထွက်သွားခင်ကရော ဒီအကြောင်းသိသွားလား။"

ရှဲ့ကျူရှင်းလည်း သူ ရည်းစားကိစ္စအကြောင်း မေးမြန်းနေမှန်းသိတာမို့ ပြန်ဖြေလိုက်သည်။ "ခွန်းကော သိထားတယ်။"

လျှို့ချုံးမင်မှာ ထိုအကြောင်းကြားချိန် နည်းနည်းတော့ စိတ်အေးသွားရသည်။ ရည်းစားထားခြင်းကိစ္စကို သိလျက်နှင့် မတားခြင်းမှာ ပြဿနာမတက်နိုင်ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု တွေးထားရင်း ပေါ့ပေါ့ပါးပါးမေးမြန်းဟန်ဖြင့် မေးခွန်းထုတ်တော့သည်။ "ငါတို့အသိုင်းအဝိုင်းထဲက မဟုတ်ဘူးမလား။"

ရှဲ့ကျူရှင်း ပြန်ပြောလာသည်။ "အသိုင်းအဝိုင်းထဲကပဲ။"

လျှို့ချုံးမင် မျက်မှောင်ကြုတ်သွားရသည်။ "အနုပညာရှင်လား။"

ရှဲ့ကျူရှင်း ခေါင်းညိတ်ပြလိုက်သည်။

ကျိကျဲမှ ကူညီပြီး ဝင်ပြောပေးလာသည်။ "အဆိုတော်"

ချန်းယောင့်မှလည်း ဝင်ပြော၏။ "အိုင်ဒေါဂရုထဲကပဲ။"

လျှို့ချုံးမင် : "... ဟွေရှင်းကတော့ မဟုတ်ဘူးမလား။"

ကောင်းစီ့ယွမ်နှင့် ယန်ရှောင်းမူ ပြိုင်တူပြန်ဖြေပေးလာသည်။ "ဟွေရှင်းကပဲ။"

လျှို့ချုံးမင် သူတို့ကုမ္ပဏီက ကောင်မလေးအဖွဲ့နှစ်ဖွဲ့ကို စိတ်ထဲကနေ တွေးတောကြည့်ရင်း အရှုံးပေးသလိုမေးလိုက်တော့သည်။ "ဘယ်သူနဲ့လဲ။"

သူ့အနောက်တွင်ထိုင်၍ တစ်ချိန်လုံးဖုန်းသုံးနေသည့် ဝမ်ချောင်က ရုတ်တရက် သူ့ပခုံးကို လှမ်းပုတ်လာသည်။

သူ ခေါင်းလှည့်ကြည့်လိုက်၏။ "???"

ဝမ်ချောင်က ဂုဏ်ယူနေပုံပေါ်လှသည်။  "ငါနဲ့"

လျှို့ချုံးမင် : "...အို့"

သူ ကန်းလန်ချန်တွင် တစ်ယောက်တည်း ကားပေါ်မှ ဆင်းလာပြီးသည်နှင့် သူ့တူရှိရာဆီသို့ တိုက်ရိုက်သွားပြီး သူ့တူ၏မျက်ကန်းမှုစကေးကို ဆူငေါက်လိုက်တော့သည်။

ကျောက်ကျန့်ယိလည်း ပိုလို့တောင်စိတ်ညစ်သွားရသည်။ လွန်ခဲ့သည့်နှစ်က သူ ခိုးနားထောင်ခဲ့သည့်အသံက .. သူ့အခန်းဖော် အဲ့အချိန်တုန်းက အခန်းထဲမှာ ဘာတွေလုပ်နေတာလဲ! သူတို့ သေချာသလောက် ရန်ဖြစ်နေကြတာတော့ မဟုတ်ဘူး!!

လျှို့ချုံးမင်ကလည်း သာမန်အဆင့်မန်နေဂျာမျိုးမဟုတ်တာမို့ သူဦးဆောင်ရမယ့်အဖွဲ့ထဲတွင် ဂေးအတွဲတစ်တွဲ ပါရှိနေသည်ဆိုသည့်အဖြစ်ကို အလျင်အမြန်ပင် လက်ခံသွားနိုင်တော့သည်။

အစပိုင်း အဖွဲ့သားများအနေဖြင့် သူတို့မန်နေဂျာအသစ်အပေါ် သံသယနည်းနည်းဝင်မိပေမယ့် နောက်ပိုင်း ဆက်တိုက်ရောက်လာသည့် MV ရိုက်ကူးရေးနှင့် ထုတ်လုပ်ရေးများအကြားတွင် သူတို့အတွေးများ ပြောင်းပြန်လှန်သွားတော့သည်။ တဖြည်းဖြည်းချင်း သူက အရည်အချင်းပြည့်မှီသည့်မန်နေဂျာတစ်ယောက်မှန်း သူတို့လက်ခံနိုင်လာကြသည်။ သူက ဆုံးဖြတ်ချက်ချရာတွင် တိကျပြတ်သားသည့်အပြင် အခြေအနေနှင့်အလိုက် လုပ်ဆောင်တတ်ပြီး အခြားဝန်ထမ်းများနှင့် ဆက်ဆံရာတွင်လည်း အရမ်းအတွေ့အကြုံရှိလှသည်။ သွမ့်ယိခွန်းနှင့်ယှဉ်လိုက်လျှင် အသက်အရွယ်နှင့် ရာထူးသက်တမ်းနည်းပါးသေးတာမို့ အရှိန်အဝါပိုင်း၌ နည်းနည်းလျော့ပါးလှသည်ဆိုပေမယ့် သွမ့်ယိခွန်းနှင့်အတူရှိချိန် သူတို့တတွေမှာ အမြဲဂရုတစိုက်ရှိနေရချိန် လျှို့ချုံးမင်နှင့်ဆိုလျှင်တော့ ပိုပြီးသက်တောင့်သက်သာဖြစ်သလို ခံစားရနေစေ၏။

သွမ့်ယိခွန်း အလုပ်မထွက်ခင်ကတည်းက အဖွဲ့၏ Album ထုတ်လုပ်ရေးပိုင်းက အကုန်နီးပါးပြင်ဆင်ထားခဲ့ပြီးတာမို့ လျှို့ချုံးမင် ရုတ်တရက် ကိုယ်စားလွှဲနေရာယူလိုက်ခြင်းက အသင့်ပြင်ထားပေးသည့်အခွင့်အရေးတစ်ခုကို လွယ်လွယ်ကူကူကောက်ရလိုက်သည်နှင့် တူနေလှသည်။ IceDream အဖွဲ့ကိုလည်း လူတော်တော်များများသိနေပြီမို့ အကယ်၍ ဒီ Album သာ စျေးကွက်ထဲ ထင်ထားသလောက် မအောင်မြင်ခဲ့ပါလျှင် လူတကာနှာခေါင်းရှုံ့ခြင်းကို ခံရမည့်သူက လျှို့ချုံးမင်ဖြစ်ပြီး အကယ်၍ ဒီ Ablum က စျေးကွက်ထဲ အအောင်မြင်ဆုံးဖြစ်သွားခဲ့လျှင်လည်း လူတိုင်းက ဒါတွေအကုန် သွမ့်ယိခွန်းကြောင့် ဖြစ်လာခြင်းဟုသာ ယူဆကြမည်ဖြစ်သည်။

သို့ပေမယိ့ လျှို့ချုံးမင်ကိုယ်တိုင်ကတော့ ထိုကိစ္စကို သိပ်ဂရုမမှုပုံနှင့် နေ့တိုင်း ဘာဖိအားမှမရှိသလို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေလေသည်။

2014 ခုနှစ်၊ April 30 ရက်နေ့တွင် IceDream ၏ ဒုတိယမြောက် Album title ဖြစ်သည့် "အချစ်ဆိုတာ အကျိုးနည်း ဘာလဲ။" သီချင်း teaser ထွက်လာတော့သည်။ Teaser က ၁၀ စက္ကန့်မျှသာ ကြာမြင့်ပေမယ့် အဖွဲ့ဝင်များ၏ ပုံမှန်စတိုင်မဟုတ်နေသည့် အဝတ်အစားပုံစံများနှင့် ရုတ်တရက်ပြောင်းလဲသွားသည့် သီချင်းအမျိုးအစားက fan များအကြား လှုပ်လှုပ်ရွရွဖြစ်သွားစေ၏။ Fan ဖြစ်သည့်အလျှောက် ဘာမဆို အကောင်းမြင်လို့ ချီးကျူးနေကြပေမယ့် သူတို့အဝတ်အစားများ၏ အလွန်အမင်း rocker ဆန်ဆန် ဖြစ်နေခြင်းက လူတိုင်းလက်ခံနိုင်နေသည့်အရာမျိုးတော့ မဟုတ်နေခဲ့။ အချို့ဖြတ်လျှောက်သမားများကပါ သူတို့ကို ဖက်ရှင်မဆန်ဟု ဝင်ရောက်ရေးသားသွားကြပြီး ထိုအချက်များက fan တွေကို အရမ်းစိတ်အနှောင့်အယှက်ဖြစ်နေစေပေမယ့် လိုင်းပေါ်တွင် ရန်ပွဲသွားစခြင်းက သူတို့ idol ကို ပိုလို့မုန်းတီးသွားကြမှာကိုလည်း စိုးရွံ့ကြတာမို့ ဒေါသများကို မြိုသိပ်၍ သူတို့အချင်းချင်း၏ comment များကို like ပေးလိုက်၊ အကောင်းများ ရေးပေးလိုက် လုပ်နေကြတော့သည်။ တစ်ခါတစ်လေ ဖြတ်လျှောက်များ၏ comment များက ထင်သလောက် မဆိုးရွားနေပါက သူတို့အကုန် စုပြုံလျက် "ငါတို့အိမ်က ကောကောတွေက အရမ်းကြိုးစားကြတာ။ ဒီလို ဂရုတစိုက်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။" ဆိုသည့် ကျေးဇူးတင်ချက်များကို အပြေးဖော်ပြကြလေသည်။ ဒီလို သူတို့ idol တွေအတွက် သူတို့ကိုယ်သူတို့ နှိမ့်ချနေကြသည့်အပြုအမူများက လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့ကြပြီး group stan ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းကို သီးသန့် stan သူဖြစ်စေ၊ cp stan များဖြစ်စေ၊ လူတိုင်းလိုလို album ထွက်လာမည့်အချိန်ကို အားအင်အပြည့်နှင့် တက်တက်ကြွကြွစောင့်လာကြတော့သည်။ Fan အချို့ကလည်း chart ranking ပိုင်း တက်အောင် ဘယ်လို တညီတညွတ်လုပ်ရမည်ဆိုသည့်အချက်များကို သေသေချာချာတင်ပေးကြလာ၏။

ခေါင်းဆောင် Leo ကြားရဖို့မျှော်လင့်ထားသည့် CP fans ကိစ္စကတော့ Fan များအကြား ဖြစ်မလာခဲ့။ သူ့ဖန်များနှင့် Tomas ဖန်များက သူ့တို့အချင်းချင်းကြားထဲတောင် ဘယ်သူက ဆံပင်အဖြူနှင့် ပိုချောသလဲဆိုတာ တိုးတိုးတိတ်တိတ် ပြိုင်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း လိုက်တုသည်ဟု အကြောင်းပြချက်များဖြင့် ရန်ဖြစ်နေကြသေးပေမယ့် အချိန်တော်တော်ကြာအောင်တော့ ရန်မဖြစ်လိုက်နိုင်။ အကြောင်းအရင်းကတော့ အချိန်များစွာမရှိတာမို့ပင်။

မေလ ၁၀ ရက်နေ့တွင်တော့ 'အချစ်ဆိုတာ အကျိုးနည်းဘယ်လိုအရာလဲ' ဟူသည့်သီချင်း တရားဝင်ထွက်ရှိလာတော့သည်။

သီချင်းစထွက်သည့်ပထမဆုံးနေ့မှာကတည်းက သူတို့အကုန် အပြစ်ပြောခံရခြင်းပေါင်းများစွာနှင့် ကြုံတွေ့ရတော့သည်။ အဝတ်အစားနှင့် စတိုင်ပုံစံများက အပြစ်ရှာစရာဖြစ်နေသည့်အချိန် သီချင်းအသစ်၏စာသားများကအစ မေးခွန်းထုတ်ရလောက်တောင် အဓိပ္ပါယ်မရှိဖြစ်နေ၏။

နောက်တစ်နေ့မှာတော့ ထိုအခြေအနေက စတင်ပြောင်းလဲသွားတော့သည်။ လူတော်တော်များများထံမှ ဒီသီချင်းက 'အဆိပ်' နှင့်တူသည်ဟူသည့် ထုတ်ဆိုချက်များ ထွက်လာတော့သည်။ ထိုသီချင်းကို တစ်ခါလောက် နားထောင်ပြီးရုံနှင့် သူတို့အကုန် တညည်းညည်းမလုပ်ဘဲ မနေနိုင်ကြ။

သီချင်းထွက်ပြီး သုံးရက်မြောက်နေ့မှာတော့ Weibo ပေါ်ရှိ music blogger များ တစ်ယောက်ပြီးတစ်ယောက် IceDream အဖွဲ့၏ သီချင်းအသစ်အပေါ် ထင်မြင်ချက်များပေးလာကြပြီး အကောင်းများလည်း ပါဝင်သလို အဆိုးများလည်း ရှိနေ၏။ Weibo တွင် hot ဖြစ်နေသည့် post ဆယ်ခုတွင် လေးခုလောက်က ထိုသီချင်းနှင့် ပတ်သတ်နေချိန် သီချင်းကလည်း တရှိန်ထိုးကျော်ကြားလာတော့သည်။

တစ်ပတ်အကြာမှာတော့ 'အချစ်ဆိုတာ အကျိုးနည်းဘယ်လိုအရာလဲ' သီချင်းက အချက်အချာ music chart များမှာပါ ထိပ်ဆုံး၌ ရပ်တည်နေလေသည်။

သီချင်းအသစ်၏ပထမဆုံးဖျော်ဖြေပွဲကိုတော့ အနုပညာကျောင်းဆင်းဆုပေးပွဲတော်၌ ဖျော်ဖြေဖို့ရွေးချယ်ထားခံရပြီး ရှဲ့ကျူရှင်းရိုက်ကူးထားသည့် ဇာတ်လမ်းကတော့ 'အကျော်ကြားဆုံးဟာသဇာတ်လမ်းဆု' အတွက် လျာထားခြင်းခံရသလို သူကိုယ်တိုင်ကလည်း 'အကောင်းဆုံးသရုပ်ဆောင်အသစ်' နေရာအတွက် လျာထားခံရ၏။

နောက်ဆုံးမှာတော့ သေချာသလောက် ရှဲ့ကျူရှင်းက ဆုရရှိသူအဖြစ် ရွေးချယ်ခြင်းမခံရ။ အကယ်၍ သူသာ ဆုရသွားပါက ဒီရုပ်ရှင်ပွဲတော်မှာ သေချာသလောက် လူပြောစရာဖြစ်သွားမည်ပင်။

သို့သော်လည်း IceDream က ဒီပွဲတော်၏ အဓိကမီးမောင်းထိုးခံထားရသူများဖြစ်နေဆဲ။ သူတို့ စင်ပေါ်ဖျော်ဖြေသွားသည့် ငါးမိနစ်မှာ ဆုပေးပွဲတစ်ခုလုံး၏ တိုက်ရိုက်ကြည့်ရှုသူအများဆုံးရခဲ့သည့် ငါးမိနစ်လည်းဖြစ်နေလေသည်။ ဖျော်ဖြေပွဲမစခင် နာရီဝက်နှင့် ဖျော်ဖြေပွဲပြီးသွားသည့်နောက် live comments များတွင် 'အကျိုးနည်း' ဆိုသည့်စာသားများဖြင့် ပြည့်သိပ်လို့နေတာမို့ ဘာဆိုဘာမှမသိထားဘဲ လမ်းကြုံဝင်ကြည့်ကြသူတိုင်း ဆုပေးပွဲကို တိုက်ရိုက်ထုတ်လွှင့်နေသည့် website မှာ hack ခံထားရသည်ဟုပင် တွေးထင်သွားကြတော့သည်။

'အကျိုးနည်း' ဆိုသည့် album ထွက်ပြီးသည်မှာ တစ်လကျော်နေပြီဆိုပေမယ့် ခေါင်းစဉ်သီချင်းကတော့ chart များတွင် စိုးမိုးထားဆဲမို့ အဖွဲ့ကျော်ကြားမှုကလည်း တစ်ဟုန်ထိုးမြင့်တက်နေပြီး ကြော်ငြာများ ပွဲတော်ဖိတ်ကြားစာများက သူတို့ထံ အလုအယက်ဝင်ရောက်လာ၏။

သူတို့ လူသိများသည့် ဈေးဝယ် app တစ်ခုမှ ကမ်းလှမ်းလာသည့် endorsement ကိုလက်ခံယူပြီးနောက်မှာတော့ သူတို့မျက်နှာတွေက website များ၊ မြေအောက်ရထားနှင့် bus ကားများ၌ ချိတ်ဆွဲထားခြင်းကို ခံလိုက်ရပြီး သူတို့အိမ်နီးချင်းများနှင့် အန်တီများက သူတို့အမှိုက်ထွက်လွှင့်ပစ်ချိန်မှာတောင် မှတ်မိလို့နေကြလေသည်။

အဖွဲ့သားများအနေနှင့် သူတို့ကိုယ်သူတို့ အောင်မြင်ကျော်ကြားနေပြီဟု တွေးထင်ထားခဲ့ကြတာဖြစ်ပေမယ့် အခုအချိန်ကျမှ 'ကျော်ကြားခြင်း' ဆိုသည့်အဓိပ္ပါယ်အစစ်ကို နားလည်သဘောပေါက်သွားရတော့သည်။ အိုင်ဒေါငယ်ငယ်လေးတွေ တကယ်နာမည်ကြီးနေသလား သိချင်လျှင် နေ့တိုင်း hot search ဝင်ပြီး trending ဖြစ်နေတာမျိုးကို ကြည့်ရတာမဟုတ်ဘဲ ကိုယ့်အမေဖြစ်သူကို သူတို့အား သိသလားဟု မေးလိုက်ခြင်းပင်။

တဟုန်းဟုန်းတောက်နေသည့်ကျော်ကြားမှုများနှင့်အတူ နွေရာသီက နောက်တစ်ဖန်ရောက်ရှိလို့လာခဲ့ပြန်သည်။

ရှဲ့ကျူရှင်းလည်း ကျောက်ကျန့်ယိနှင့်အတူ တိုက်ခန်းငှားမနေတော့ဘဲ ဝမ်ချောင်နှင့်ပြောင်းရွေ့နေ၏။

သူ့ဘက်မှ အခြားတစ်နေရာသို့ပြောင်းရွေ့မည့်အကြောင်း မပြောလာသလို ဝမ်ချောင့်ဘက်ကလည်း အစမဖော်ခဲ့။

တစ်ခါတစ်လေတော့ ဝမ်ချောင်အနေနှင့် 'ရှောင်ရှဲ့ အိမ်ဝယ်ပြီး သူနဲ့အတူနေချင်တယ်လို့ပြောဖူးတယ်မလား' 'သူ ဘယ်အချိန်ဝယ်မှာလဲ' ဆိုတာမျိုး တွေးမိပေမယ့် အလုပ်ရှုပ်ခံပြီးတော့ မေးမနေ။ သူတို့နှစ်ယောက်အတွက် ဒီအတိုင်းလေးကလည်း အဆင်ပြေနေတာဖြစ်သည်၊ နေ့တိုင်း အလုပ်အတူသွား၊ အတူအိပ်၍ တစ်ခါတစ်ရံမှာတော့ ကတောက်ကဆများဖြင့် ရန်ဖြစ်ကြပေမယ့် နောက်ဆုံးတော့ အိပ်ရာပေါ်ရောက်ပြီးသည်နှင့် အဆင်ပြေသွားတာမျိုးပင်။ ဘာအကြောင်းကြောင့်များ သူ ဒီလိုကိစ္စမျိုးကို အစဖော်နေရမှာပါလိမ့်။ ဒါက သေချာသလောက် ပြဿနာကို တုတ်နဲ့သွားထိုးသလိုဖြစ်နေမည်သာ။

ဒီနေ့လည်း သူတို့နှစ်ယောက် ကုမ္ပဏီသို့အတူရောက်လာကြပြီးနောက် ရှဲ့ကျူရှင်းက အကလေ့ကျင့်ရန် အကခန်းသို့သွားပြီး ဝမ်ချောင်ကတော့ သီချင်းရေးသူနှင့်တွေ့ရန် အပေါ်ထပ်သို့တက်သွား၍ တူရိယာများ စမ်းတီးကြည့်ရင်း သီချင်းရေးနည်းအကြောင်း သေသေချာချာလေ့လာလို့နေ၏။

ဒီရက်ပိုင်းလေးက သူ့အတွက်တော့ ဒီနှစ်များအကြား စိတ်ဝင်စားဖို့အကောင်းဆုံးနေ့ရက်များဖြစ်လို့နေသည်။ သူ့အတွက် ချစ်ရသူလည်းရှိနေသလို သူချစ်မြတ်နိုးသည့်ဝါသနာလည်းရှိနေပြီး နှစ်ခုစလုံးကလည်း သူ့အတွက် အရမ်းကောင်းလွန်းနေသည်။

သူနှင့် သီချင်းရေးဆရာတို့ သံစဉ်တိုလေးတစ်ခုပြုလုပ်နိုင်ခဲ့ပြီး ထိုသံစဉ်မှတစ်ဆင့် သူလိုချင်သည့်ခံစားချက်မျိုး ရတော့မည့်အချိန်၌ တစ်စုံတစ်ယောက်က အခန်းအပြင်မှ တံခါးတွန်းဖွင့်၍ အထဲသို့ဝင်လာခဲ့သည်။ သူလည်း ခေါင်းငုံ့ပြီး စက်အပေါ်သာ အာရုံထားနေပြီး အနောက်လှည့်မကြည့်လိုက်တာမို့ သီချင်းရေးဆရာပြောလိုက်သံကိုသာ ကြားလိုက်ရတော့သည်။ "ဘယ်သူ့ကိုရှာတာလဲ။ ဘာလို့တံခါးမခေါက်ရတာလဲ။"

ထိုလူက ပြောလာ၏။ "ကျွန်တော် သူ့ကိုရှာနေတာ"

ဝမ်ချောင်လည်း ဘယ်သူမှန်း အသံမှတစ်ဆင့်မှတ်မိသွားတာမို့ နောက်ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ "မင်းက ဘာလုပ်ဖို့ ငါ့လာရှာတာလဲ။"

သူ့အတန်းဖော်ဆိုသူ keyboard တီးသူက မျက်နှာသေဖြင့်မတ်တပ်ရပ်နေသည်။ "ငါ မင်းကိုပြောစရာရှိလို့"

ဝမ်ချောင်လည်း မကြားချင်တာမို့ ပြန်ပြောလိုက်သည်။ "ငါအလုပ်ရှုပ်နေတာ။ အချိန်မရှိဘူး။"

Keyboard တီးသူမှပြန်ပြောလာသည်။ "ကိုယ်ရေးကိုယ်တာကိစ္စတွေအကြောင်း မပြောဘူး။ မင်း album အကြောင်းပြောမှာ။"

ဝမ်ချောင် အံ့ဩသွားရသည်။ "မင်းနဲ့? ငါက မင်းနဲ့ ဘာလို့ ငါတို့ album ကိစ္စပြောရမှာလဲ။"

Keyboard တီးသူမှပြန်ပြောသည်။ "အဲ့သံစဉ်ကို ငါရေးခဲ့တာ"

ဝမ်ချောင် : "... အကျိုးနည်း?"

သီချင်းရေးဆရာမှ သူတို့အကြားတင်းမာနေမှုကို သတိထားမိတာမို့ ဝင်ပြောလိုက်သည်။ "ငါ ကိစ္စရှိလို့အပြင်ခဏသွားဦးမယ်။ မင်းတို့ပြောနှင့်ကြ"

ထို့နောက် ဝမ်ချောင်နှင့် keyboard တီးသူသာ ကျန်ရစ်ခဲ့တော့သည်။

ဝမ်ချောင် မေးလိုက်သည်။ "မင်းရေးထားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ငါ ဒီသံစဉ်ရေးပေးတဲ့သူကို မြင်ဖူးတယ်။"

Keyboard တီးသူမှ ပြန်ပြောလာသည်။ "သူက ငါတို့ studio က စီနီယာ။ ငါ့ကို သံစဉ်ကူပြောင်းပေးမယ်ဆိုလို့ သူသဘောကောင်းတယ်လို့တောင် ငါတွေးနေသေးတာ။"

သူက အိတ်တစ်လုံးကို သယ်လာပြီး ထိုအထဲမှ စာရွက်များဆွဲထုတ်ပြ၍ ဆက်ပြောသည်။ "ဒါ ငါရဲ့မူရင်းသံစဉ် note တွေ"

ဝမ်ချောင် ဆွဲယူကြည့်၍ သူ့ပါးစပ်က တင်းတင်းစေ့သွားပြီး သူ့မျက်နှာကလည်း ပိုလေးနက်လာတော့သည်။

Keyboard တီးသူမှပြောလာသည်။ "ငါလည်း မင်းဆီ မလာချင်ပါဘူး။ ဒါပေမယ့် မင်းက ငါ့ကို ဘလော့ထားတယ်လေ။ မင်း ငါ့ကိုမတွေ့ချင်နေမှန်းလည်း သိပေမယ့် ငါ studio မန်နေဂျာကိုပြောတော့ သူက ငါ့ကို ပြဿနာမရှာဖို့ဘဲ အကြံပေးလာတယ်။ ဒီလိုကိစ္စမျိုးဆိုတာ ဒီလောကထဲမှာ အရမ်းအဖြစ်များတယ်တဲ့။ ပြီးတော့ ငါက အရမ်းလူသိများတဲ့သူလည်းမဟုတ်တော့ သံစဉ်တီထွင်သူနေရမှာ သူ့နာမည်မဟုတ်နေဘူးဆိုရင် ဒီသံစဉ်ကို demo ver အဖြစ် သွင်းဖို့ အခွင့်အရေးရလာမှာမဟုတ်သလို မင်းတို့အရှေ့လည်း ရောက်မလာနိုင်ဘဲ မင်းတို့ ဆိုတာခံရဖို့အခွင့်လည်း ရလာမှမဟုတ်ဘူးတဲ့။ သူက ငါ့ကို ရောင်းလို့ရမည့်သီချင်းမျိုး ထပ်ရေးဖို့လည်း ပြောသေးတယ်၊ ပြီးတော့ ငါ့ကို ဒီလိုမျိုးသီချင်းတွေရေးချင်တယ်ဆို တစ်ယောက်ယောက်ရဲ့ ghostwriter လုပ်တာ အကောင်းဆုံးနည်းလမ်းပဲတဲ့။"

[T/N :  ghostwriter - တစ်စုံတစ်ယောက်အတွက် အမည်မဖော် အလုပ်လုပ်ပေးခြင်း၊ ဥပမာ သူက သီချင်းစာသား၊ သံစဉ်တွေ ရေးလိုက်ပေမယ့် သူ့နာမည်နဲ့မဟုတ်ဘဲ အခြားတစ်ယောက်ရဲ့နာမည်နဲ့ ဒီလက်ရာတွေက ဖော်ပြခံရတာမျိုးပေါ့။]

ဝမ်ချောင် : "...fuck."

ရှဲ့ကျူရှင်း အကလေ့ကျင့်ပြီးနောက် သူ ရေချိုးချပြီး အင်္ကျီလဲ၍ မှန်အရှေ့တွင် သူ့ဆံပင်ခြောက်အောင် လေမှုတ်နေလိုက်သည်။

သီချင်း promotion ကာလပြီးသွားကတည်းက သူတို့ဆံပင်တွေအကုန် ပုံမှန်ဆန်ဆန်သို့ပြန်ပြောင်းကုန်ကြသည်။ ဝမ်ချောင်မျှော်လင့်ထားသလိုမျိုး ဆံဖြူကြောင့် cp fan များ မရလာသော်လည်း ထိုသူကတော့ အလျော့ပေးခြင်းမရှိဘဲ ဒီတစ်ခေါက်မှာလည်း သူနှင့်အတူ dark grey လိုက်ဆိုးပြန်သည်။

ဝမ်ချောင်က သူ့ထက်ပိုလို့ နူးညံ့တဲ့မျက်နှာကျပုံစံရှိတာမို့ ဒီဆံပင်ပုံစံနှင့်လည်း သူ့ထက် ပိုကြည့်လို့ကောင်းနေပြီး ဆံဖြူတုန်းကလည်း သူ့ထက် ပိုကြည့်လို့ကောင်းခဲ့တာပင်။ ထိုအရူးလေးကတော့ ဘယ်ဆံပင်ပုံစံမျိုးနှင့်မဆို ကြည့်လို့ကောင်းနေပုံပေါ်လှသည်။

ပစ္စည်းများသိမ်းဆည်းပြီးသည်နှင့် သူ ဝမ်ချောင်ကိုရှာဖို့ အပေါ်တက်သွားတော့သည်။ သူ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့် နားနေခန်းထဲသို့ ခွက်တစ်ခွက်ကိုင်ထားလျက် ဝင်သွားဖို့ပြင်နေသည့် သီချင်းရေးဆရာကိုတွေ့လိုက်ရသည်မို့ နှုတ်ဆက်ပြီးသည်နှင့်မေးလိုက်လေသည်။ "Leo ရော?"

သီချင်းရေးဆရာက ဂီတခန်းရှိရာဘက်သို့ လက်ညှိုးထိုးပြရင်းပြောလာသည်။ "လူတစ်ယောက်နဲ့စကားပြောနေတယ်။"

ရှဲ့ကျူရှင်း အံ့ဩသွားရသည်။ "ဘယ်သူနဲ့လဲ။"

သီချင်းရေးဆရာမှ ပြန်ပြောလာသည်။ "သီချင်းရေးတဲ့သူထင်တယ်။ ဆံပင်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်ပဲ။"

သီချင်းရေးတယ်၊ ဆံပင်ရှည်နှင့် ကောင်လေး

ဘယ်သူများဖြစ်နိုင်ဦးမှာလဲ

သီချင်းရေးဆရာက နားနေခန်းထဲသို့ဝင်သွားခဲ့ပြီ။

ရှဲ့ကျူရှင်း ဂီတခန်းရှိရာသို့ ခြေလှမ်းကျဲများဖြင့်လျှောက်သွားပြီး တံခါးခေါက်ခြင်းမရှိဘဲ တွန်းဖွင့်လိုက်လေသည်။

ဝမ်ချောင်က အခန်းထဲ တစ်ယောက်တည်းရှိနေပြီး ခဲတံကို ပါးစပ်ထဲကိုက်ထားရင်း အတွေးများထဲ နစ်ဝင်နေပုံပေါ်လှသည်။

"...ဘာလုပ်တာလဲကွ" သူ ကိုက်ထားသည့်ဘောပင်ကို ဆွဲထုတ်၍ ညည်းတွားလာသည်။ "တံခါးတောင်မခေါက်ဘူး။ ဒီပါ့ပါးလန့်သေတော့မလို့။"

ရှဲ့ကျူရှင်းမေးလိုက်သည်။ "ခုနက မင်းကို တစ်ယောက်ယောက်လာရှာသွားသေးလား။"

ဝမ်ချောင် ဘောပင်ကို ပြန်ကိုက်ထားပြီးပြောလာသည်။ "ဟင့်အင်း"

သူ့အကြည့်များက ဘေးဘီကိုပြေးနေပေမယ့် ရှဲ့ကျူရှင်းရှိရာကိုတော့ တည့်တည့်မကြည့်ရဲနေ။

ရှဲ့ကျူရှင်း : "...တစ်ခုခုသွားစားကြရအောင်"

ကုမ္ပဏီကန်တင်းကိုသွားမည့်အစား ဝမ်ချောင်က ပုစွန်ဖက်ထုပ်စားချင်တယ်ဟု ပြောလာတာမို့ သူတို့နှစ်ယောက် အနီးအနားရှိ ကွမ်တုန်းစားသောက်ဆိုင်ကိုသွားလိုက်ကြပြီး သီးသန့်အခန်းထဲရောက်လို့ တံခါးဆွဲပိတ်ပြီးသည်နှင့် သူတို့နေကာမျက်မှန်များနှင့် baseball ဦးထုပ်ကိုလည်း ဆွဲချွတ်လိုက်ကြတော့သည်။

ရှဲ့ကျူရှင်းက ဝမ်ချောင်နှင့်စကားပြောခြင်းမရှိ၊ ခေါင်းငုံ့လျက်သာ ဖုန်းသုံးနေ၏။

ဝမ်ချောင်မှာ မပျော်မရွှင်ဖြစ်လာပြီး မေးလိုက်တော့သည်။ "မင်း စားနေတုန်း ဘာလို့ဖုန်းသုံးနေတာလဲ။"

ရှဲ့ကျူရှင်းကတော့ သူ့ကို မသိချင်ယောင်ဆောင်ထားဆဲ။

ဝမ်ချောင် ဒေါသတကြီးပေါက်ကွဲပစ်ချင်ပေမယ့် သူကိုယ်တိုင်ကလည်း ဖုံးကွယ်ထားတာရှိနေသည်မို့ သည်းခံရင်း သူကိုယ်တိုင်လည်း ဖုန်းထုတ်ယူပြီး ဆော့လိုက်တော့သည်။ သို့သော်ငြား နှစ်ပွဲမျှဆော့ပြီးချိန်မှာတော့ ဆက်အာရုံစိုက်လို့ရမနေတော့။

စားပွဲထိုးလေးက သူတို့ထံ အစားအသောက်များလာချပေးပြီး ပြန်ထွက်သွားချိန်မှာလည်း အခန်းတံခါးကို ကူပိတ်ပေးသွားခဲ့သည်။

ခဏအကြာမှာတော့ ရှဲ့ကျူရှင်း သူ့ဖုန်းကိုချ၍ပြောလာသည်။ "မင်း ပုစွန်ဖက်ထုပ်စားချင်တယ်မပြောဘူးလား။ လာချပေးထားတော့လည်း မစားဘူး။"

ဝမ်ချောင် ဒေါသတကြီးပြန်ပြောတော့သည်။ "ဖုန်းလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းနေတယ်မလား။ မင်းဘာလို့ဆက်ကြည့်မနေလဲ။"

ရှဲ့ကျူရှင်း သူ့လက်ထဲသို့ တူတစ်စုံထည့်ပေးလိုက်သည်။ "စား၊ စားပြီးရင် ငါ မင်းကို တစ်နေရာခေါ်သွားမယ်။"

ဝမ်ချောင်လည်း စိတ်ဆိုးပြေသွားပြီး မေးလိုက်တော့သည်။ "ဘယ်သွားမှာလဲ။"

ရှဲ့ကျူရှင်း ပြောလာသည်။ "ရောက်လို့ရှိရင် မင်းသိလိမ့်မယ်။"

ဝမ်ချောင် ပြောလိုက်သည်။ "ဘာလို့ အဲ့လောက်လျှို့ဝှက်နေတာလဲ။ စိတ်ရှုပ်ဖို့ကောင်းအောင်"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "သွားမှာလား မသွားဘူးလား"

ဝမ်ချောင် မသွားချင်စရာအကြောင်းအရင်းဆိုတာ မရှိနေခဲ့။ သူ တုန့်ဆိုင်းချင်ယောင်ဆောင်ပြီးသည်နှင့် ပြောလိုက်တော့သည်။ "သွားတာပေါ့၊ ငါလည်း လုပ်စရာ ဘာမှမှမရှိနေတာ"

သူ ပုစွန်ဖက်ထုပ်များကို အနည်းငယ်မျှစားပြီးတာနှင့် ခရုစွပ်ပြုပ်သောက်၍ တစ်ဖက်သူကို အလျင်လိုတော့သည်။ "ငါ ဗိုက်ပြည့်ပြီ။ မြန်မြန်လုပ် မဟုတ်ရင် ငါမသွားတော့ဘူး။"

ရှဲ့ကျူရှင်း သူ့ကို ဂရုမထားဘဲ ဖြည်းဖြည်းချင်းဝါးစားနေလိုက်သည်။

ဝမ်ချောင် ဆက်တိုက်နီးပါး အလျင်လိုရင်း 'မသွားတော့ဘူး' ဟု အကြိမ်ပေါင်းများစွာအော်နေပေမယ့် တကယ်တမ်းတော့ သူကိုယ်တိုင်လည်း ထထွက်မသွား။

ရှောင်ရှဲ့ သူ့ကို ဘယ်နေရာခေါ်သွားမလဲဆိုတာ မှန်းကြည့်လို့မရပေမယ့် ကောင်းတဲ့နေရာတစ်ခုကို ဖြစ်နေလိမ့်မည်သာ။ သူ ရှောင်ရှဲ့နှင့်ရောက်ဖူးသမျှနေရာတိုင်းက ကောင်းနေခဲ့တာမို့လည်းဖြစ်လိမ့်မည်။

သူတို့ ထိုနေရာသို့ရောက်သွားချိန်မှာတော့ သူ တအံ့တဩဖြစ်သွားရတာမို့ ခြေထောက်များ ခွေကျသွားမတတ်ပင်။

သူ ရှဲ့ကျူရှင်းအနောက်မှ အိပ်မက်ယောင်နေသည့်လူတစ်ယောက်လို အပေါ်ထပ်သို့ တက်လိုက်သွားပြီး ရှဲ့ကျူရှင်း သော့ထုတ်ယူ၍ အခန်းတံခါးဖွင့်လိုက်တာကို ကြည့်နေမိတော့သည်။

သူ အပြင်မှာပဲ မတ်တပ်ရပ်နေမိပြီး အထဲသို့ မဝင်သွားရဲ။

ရှဲ့ကျူရှင်း အထဲ၌ မတ်တပ်ရပ်နေရင်း သူ့ကို လှမ်းခေါ်လိုက်သည်။ "မင်း ဘာလို့အထဲဝင်လာမကြည့်တာလဲ။"

သူ အပြင်မှာအော်ပြောလိုက်၏။ "မင်း ငါ့ကိုရှင်းရှင်းလင်းလင်းပြော။ ဒါ ဘာနေရာလဲ!"

ရှဲ့ကျူရှင်း : "..မင်း ဝင်လာမှာလား မဝင်လာဘူးလား။ မဝင်လာဘူးဆိုရင် ငါ တံခါးပိတ်လိုက်တော့မယ်။"

ဝမ်ချောင် : "..."

ရှဲ့ကျူရှင်းဘက်မှလည်း တံခါးပိတ်သွားခြင်းမရှိ။

သူတို့ တစ်ယောက်မျက်နှာတစ်ယောက် အချိန်တစ်ခုအထိ စိုက်ကြည့်နေကြတော့သည်။

ရှဲ့ကျူရှင်း ချောင်းဟန့်ရင်းရှင်းပြလာသည်။ "ဒါ ငါ ဝယ်ထားတဲ့တိုက်ခန်း။ ဘာမှတော့ မပြင်ရသေးဘူးဆိုပေမယ့် မင်းလည်း အတူလာကြည့်သင့်တယ်ထင်လို့။"

ဝမ်ချောင် စပ်ဖြီးဖြီးနှင့်ပြောလိုက်သည်။ "ဒါမင်းတိုက်ခန်းလေ။ ဘာလို့ ငါက လာကြည့်ရမှာလဲ။"

ရှဲ့ကျူရှင်း တံခါးဘောင်ကို လက်တစ်ဖက်နှင့် ထောက်ထားရင်း ကျန်လက်တစ်ဖက်ကို ဝမ်ချောင်ရှိရာသို့ ကမ်းပေးလိုက်သည်။ "မဟုတ်တာတွေ လျှောက်ပြောမနေဘဲ မြန်မြန်ဝင်ခဲ့။"

ဝမ်ချောင် သူ့လက်ကို ပြန်ကမ်းပေးလိုက်ပြီး တစ်ဖက်မှ အားနည်းနည်းထည့်ဆွဲယူလိုက်မှုလေးဖြင့် သူ အခန်းထဲသို့ ရောက်သွားတော့သည်။ "ဘာများကြည့်စရာရှိလို့လဲ။" ပြောနေရင်းဖြင့် သူ ဘေးဘီကို စတင်လှည့်ပတ်ကြည့်ရှုလေသည်။

အိမ်လေးက ဘာမှမရှိသလို သေးငယ်လှပြီး ပရိဘောဂပစ္စည်းများလည်း မထည့်ထားရသေးသလို အလှဆင်ရထားခြင်းလည်းမရှိ။ ထို့အပြင် အဖြူရောင်နံရံများကလည်း ပြောက်ကျားများဖြစ်နေသလို ပြတင်းပေါက်ဘောင်ပေါ်ရှိ အကာပါးများကိုလည်း ဖယ်ရှားထားပြီးခြင်းမရှိသေး။ ရေချိုးခန်းနှင့် မီးဖိုချောင်ခန်းများအတွင်းရှိ ရေပိုက်များကလည်း အပေါ်တွင် ပေါ်လို့နေသေးသည်။

လှည့်ပတ်ကြည့်ပြီးနောက်တွင်တော့ ဝမ်ချောင် စိတ်ထဲကအတိုင်းပြောချလိုက်တော့သည်။ "ငါ ဒီလောက်စုတ်ပြတ်နေတဲ့အိမ်မျိုး မမြင်ဖူးသေးဘူး။"

ရှဲ့ကျူရှင်း တစ်ဖက်သို့မျက်နှာလွဲသွားရင်း သူ့လည်ပင်းရှိအကြောများကတော့ ထိုးထောင်ထွက်လာခဲ့သည်။

ဝမ်ချောင် ထပ်ပြောလာပြန်သည်။ "မင်းက မင်းပေးထားတဲ့ကတိကို ဒီအိမ်လေးနဲ့ပဲ အရူးလုပ်ပြီး ကျေအေးပေးလိုက်တော့မလို့လား။"

ရှဲ့ကျူရှင်း : "ငါ မင်းကို ဘာများအရူးလုပ်နေလို့လဲ။"

ဝမ်ချောင် ညည်းတွားတော့သည်။ "မင်းပြောတော့ ငါနဲ့ တစ်ဘဝလုံးနေသွားချင်တာဆို? ဒီအိမ်က တစ်ဘဝလုံး ခံမှာတဲ့လား။ နှစ်ရက်လောက်နဲ့တင် ငါ ပျင်းသွားလိမ့်မယ်။"

ရှဲ့ကျူရှင်း သူ့ကိုပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ဘယ်သူက မင်းကို ဒီမှာနေဖို့ပြောလို့လဲ။"

ဝမ်ချောင့်မျက်လုံးတို့ပြူးကျယ်သွားရသည်။ "မင်း ငါ့ကိုပေးမနေဘူးဆိုရင် ဘာလို့ငါ့ကို လာပြနေတာလဲ။"

ရှဲ့ကျူရှင်း အံကြိတ်ပြောလိုက်သည်။ "မင်းပဲ ဒီလိုစုတ်ပြတ်နေတဲ့အိမ်မျိုး မမြင်ဖူးဘူးဆို? ငါ မင်းအမြင်ကျယ်သွားအောင် လိုက်ပြတာ။"

ဝမ်ချောင် မတရားခံရသလိုခံစားသွားရတော့သည်။ "မင်း ဘာလို့ဒေါသထွက်သွားရတာလဲ။"

ရှဲ့ကျူရှင်း သူနဲ့ပြိုင်လို့စကားမပြောချင်တော့။ "ငါ ကြည့်ပြီးပြီ။ ပြန်ရအောင်။"

ဝမ်ချောင် မကျေမနပ်ပြန်ပြောလိုက်သည်။ "ဘာတွေအလျင်လိုနေတာလဲ။ ငါတောင် အထဲထိ လိုက်ဝင်မကြည့်ရသေးဘူး။ ငါ နောက်တစ်ခေါက်လောက်ကြည့်ဦးမယ်။"

သူ လက်နောက်ပစ်ထားရင်း အခန်းတစ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ရှဲ့ကျူရှင်း သူ့ကို မမြင်နိုင်တော့ဟု တွေးမိသည့်နေရာရောက်ချိန်မှ အသက်ပြင်းပြင်း ကြိုးစားရှုသွင်းရင်း သူ အချိန်အတော်ကြာ ထိန်းထားသည့်မျက်ရည်များကလည်း ရုတ်ချည်းဆိုသလို ပြိုကျလာပြီး သူ အလျင်စလိုသုတ်လိုက်ရတော့သည်။

သို့သော်လည်း အဲ့ဒါက သိပ်အသုံးမဝင်လှ။

ပါး၊ မား၊ တာ့ကော၊ အာ့ကော .. သူ တကယ်ကြီး ရှောင်ရှဲ့နဲ့လက်ထပ်ဖြစ်တော့မယ်နဲ့တူတယ်။

KittyKitling

_____///_____

[Zawgyi]

'အိမ္စုတ္ေလး'

စတိုင္သြင္းၿပီးသြားခ်ိန္ တက္ႂကြေနၾကေသးတာကို အခြင့္ေကာင္းယူ၍ သူတို႔အကုန္ Promotion ဓာတ္ပုံမ်ားကို ေန႔လည္ကတည္းက ၿပီးေအာင္ရိုက္သြားလိုက္ၾကသည္။

တစ္ကိုယ္ေတာ္ဓာတ္ပုံရိုက္ၾကခ်ိန္တြင္ေတာ့ အဆင္ေျပေနေပမယ့္ group photo ရိုက္ရခ်ိန္၌ ဓာတ္ပုံအတြင္း အေရာင္ျဖန့္က်က္မွု ညီမၽွေနေစရန္ ဓာတ္ပုံဆရာက ရွဲ႕ဝမ္ႏွစ္ေယာက္ကို ခြဲရပ္ေစၿပီး ခ်န္းေယာင့္ကို သူတို႔ၾကား ဝင္ရပ္ခိုင္းလိုက္သည္။

ဝမ္ေခ်ာင္က သေဘာတူလာျခင္းမရွိ၊ ရွဲ႕က်ဴရွင္းေဘးတြင္ ရပ္ရဖို႔ ျငင္းဆန္ေနေတာ့သည္။

ခ်န္းေယာင့္ကလည္း သူတို႔ၾကား ဝင္မရပ္ခ်င္တာမို႔ ငိုမဲ့မဲ့မ်က္ႏွာျဖင့္ရွိေန၏။

ေဘးမွ ျဖစ္စဥ္တစ္ခုလုံးကိုျမင္ေနရသည့္လၽွို႔ခ်ဳံးမင္မွ ေနာက္ဆုံး စကားဝင္ေျပာလာခဲ့သည္။ "သူတို႔ အတူတူရပ္ပါေစ။ Leo ကို အေရာင္ေတာက္ေတာက္ဦးထုပ္တစ္လုံးေလာက္ ေစာင္းခိုင္းထားလိုက္။"

ဓာတ္ပုံဆရာလည္း သူ႔လက္ေထာက္ကိုေခၚ၍ အဝါေရာင္ေတာက္ေတာက္ဦးထုပ္တစ္လုံး ရွာခိုင္းလိုက္ေတာ့သည္။

ဝမ္ေခ်ာင့္အေနႏွင့္ ထိုဦးထုပ္ကို သိပ္မႀကိဳက္ေပမယ့္ အင္တင္တင္ျဖင့္ ေစာင္းၿပီး ရွဲ႕က်ဴရွင္းရွိရာသို႔ လွမ္းျပလိုက္သည္။

သူ႔အသားအေရက ျဖဴတဲ့ဘက္သြားတာမို႔ ဒီလိုအေရာင္မ်ိဳးက သူႏွင့္တြဲဖက္လိုက္ခ်ိန္တြင္ တကယ္ၾကည့္လို႔ေကာင္းေန၏။ ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "မဆိုးဘူး။"

ဝမ္ေခ်ာင္လည္း ထိုဦးထုပ္ကို ေစာင္းထားလိုက္ေတာ့သည္။

သူတို႔ Promotion ဓာတ္ပုံမ်ား ရိုက္ကူးၿပီးသြားခ်ိန္ ညနက္ေနခဲ့ၿပီျဖစ္သည္။အဖြဲ႕လိုက္ရိုက္ကူးေရးသြားၾကရတာမို႔ ဝမ္ေခ်ာင္လည္း ဒီေန႔ သူ႔ကားသူ မယူလာခဲ့။ သို႔ႏွင့္ သူေရာ ရွဲ႕က်ဴရွင္းပါ က်န္အဖြဲ႕သားမ်ားႏွင့္အတူ ကုမၸဏီမွ လာႀကိဳသည့္ကားေပၚ လိုက္တက္ၿပီး အိမ္ျပန္ဖို႔လုပ္လိုက္ၾကသည္။

ေနာက္ဆုံးမွ ကားေပၚတက္လာသည့္ ရွဲ႕က်ဴရွင္း ကားတံခါးပိတ္ရန္လုပ္ခ်ိန္မွာပဲ လၽွို႔ခ်ဳံးမင္က ကားေပၚ အေျပးတက္လာၿပီး သူ႔ကား ျပင္ဖို႔လိုအပ္ေနတာမို႔ ကုမၸဏီကားႏွင့္လိုက္မည္ဆိုသည့္အေၾကာင္း ေျပာလာ၏။

ကားထြက္ခြါသြားသည္ႏွင့္ တစ္ကားလုံးၿငိမ္သက္ေနသည္မွာ ဘယ္သူကမွ သူတို႔မန္ေနဂ်ာအသစ္ျဖစ္သူႏွင့္ စကားမေျပာခ်င္ပုံေပၚေနေတာ့သည္။

လၽွို႔ခ်ဳံးမင္မွ စတင္၍ စကားလမ္းေၾကာင္း အစျပဳလာခဲ့သည္။ "မင္းတို႔အကုန္ ဘယ္မွာေနၾကတာလဲ။"

ဖုန္းဂိမ္းေဆာ့ေနသည့္ေခါင္းေဆာင္မွလြဲ၍ အဖြဲ႕သားတိုင္း ျပန္ေျဖလာၾကသည္။

ရွဲ႕က်ဴရွင္း ေျပာလိုက္သည္။ "ကၽြန္ေတာ္က ကန္းလန္ခ်န္၊ ေခါင္းေဆာင္ကေတာ့ ဝမ့္က်ီရွီ့ယြမ္မွာ ေနတယ္။"

သူႏွင့္ ဝမ္ေခ်ာင္က လၽွို႔ခ်ဳံးမင္အေနာက္တြင္ ထိုင္ေနၾကတာျဖစ္သည္။

လၽွို႔ခ်ဳံးမင္က အေနာက္လွည့္လာၿပီး ျပဳံးလ်က္ေျပာလာသည္။ "မင္းလည္း ကန္းလန္ခ်န္မွာ ေနတာလား။ တိုက္ဆိုင္လိုက္တာ၊ ငါ့တူတစ္ေယာက္လည္း အဲ့ဘက္မွာေနတယ္။"

ရွဲ႕က်ဴရွင္းလည္း ယဥ္ေက်းသမွုျဖင့္ျပန္ေျဖလိုက္သည္။ "ေတာ္ေတာ္ေလးတိုက္ဆိုင္တာပဲ။"

လၽွို႔ခ်ဳံးမင္မွ ဆက္ေျပာလာသည္။ "ငါ့တူကလည္း ဒီအသိုင္းအဝိုင္းထဲကပဲ။ သူက အႏုပညာရွင္တစ္ေယာက္ရဲ့လက္ေထာက္အေနနဲ႔ အလုပ္လုပ္ေနတာေလ။ မင္းတို႔ေတြ႕ဖူးေလာက္မယ္ထင္တယ္။"

ရွဲ႕က်ဴရွင္း ခဏမၽွေတြးၾကည့္လိုက္သည္။ "ေက်ာက္က်န့္ယိလား။" သူတို႔ႏွစ္ေယာက္ရဲ့နာမည္ေတြက အမ်ိဳးျဖစ္နိုင္ေခ်မ်ားေလာက္ေအာင္ ဆင္တူလြန္းေနသည္။

[T/N : လၽွို႔ခ်ဳံးမင္ဆိုတဲ့နာမည္ထဲက ခ်ဳံးမင္က ဉာဏ္ေကာင္းျခင္းဆိုတဲ့အဓိပၸါယ္ရၿပီး ေက်ာက္က်န့္ယိရဲ့ က်န့္ယိက တရားမၽွတမွုဆိုတဲ့အဓိပၸါယ္မို႔လို႔ပါ။]

လၽွို႔ခ်ဳံးမင္က အလြန္အမင္းအံ့ဩသြားဟန္ျဖင့္ ျပန္ေျပာလာသည္။ "အိုက္ယား?? မင္းတို႔အခ်င္းခ်င္းသိၾကတာလား။"

ရွဲ႕က်ဴရွင္းမွာ သတိမမူမိဟန္ျဖင့္ ျပန္ေျဖရေတာ့သည္။ "ေရွာင္ေက်ာက္နဲ႔ ကၽြန္ေတာ္က အခန္းေဖာ္ေတြ။"

လၽွို႔ခ်ဳံးမင္က ထိုအေျခအေနကို အခြင့္ေကာင္းယူ၍ ဆက္ေျပာေလသည္။ "ဒါဆို အေတာ္ပဲ။ ခဏေန မင္း ကားေပၚက ဆင္းရင္ ငါလည္း မင္းနဲ႔အတူလိုက္ဆင္းမယ္ေလ။ ငါ ငါ့တူနဲ႔ မေတြ႕ျဖစ္တာ ေတာ္ေတာ္ၾကာေနၿပီ။"

သူ႔အေနႏွင့္ အဖြဲ႕၏အဓိကဇာတ္ေကာင္က ရွဲ႕က်ဴရွင္းမွန္း သိထားၿပီးျဖစ္တာမို႔ ရွဲ႕က်ဴရွင္းႏွင့္ တတ္နိုင္သမၽွ အျမန္ဆုံး သိကၽြမ္းထားဖို႔ကို အလိုရွိေနလွသည္။

သို႔ေသာ္ ရွဲ႕က်ဴရွင္းအေနႏွင့္ ကန္းလန္ဘက္ကို သြားဖို႔အစီအစဥ္မရွိထား။ ေျပာရလၽွင္ သူ သူ႔အိမ္မျပန္ျဖစ္တာေတာင္ အေတာ္ၾကာေနၿပီမို႔ သြယ္ဝိုက္၍ ျပန္ေျဖလိုက္သည္။ "ကၽြန္ေတာ္ အခုတေလာ ကန္းလန္ခ်န္ဘက္မွာ သိပ္မေနျဖစ္ဘူး။"

လၽွို႔ခ်ဳံးမင္မွာ ဒီအေၾကာင္းကို ေက်ာက္က်န့္ယိထံမွ ၾကားထားၿပီးျဖစ္သည္။ ေနာက္ဆုံးသတင္းဆိုလၽွင္ 'ေရွာင္ရွဲ႕က ေကာင္မေလးရေနတာျဖစ္ေလာက္တယ္' ဆိုတာမ်ိဳးျဖစ္တာမို႔ သူလည္း ျပန္ေျပာလိုက္သည္။ "ရည္းစားထားေနတာလား? စိတ္မပူပါနဲ႔၊ ငါတို႔ကုမၸဏီမွာ ရည္းစားမထားရဘူးဆိုတဲ့စည္းမ်ဥ္းမ်ိဳးမွ မရွိတာ။ ငါလည္း ေရွးရိုးစြဲတတ္တဲ့လူမဟုတ္ဘူး။"

ကားအတြင္း ၿငိမ္သက္မွုတစ္ခု ႀကီးစိုးသြားေတာ့သည္။

အဖြဲ႕သားတိုင္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မိသြားၾကသည္။

လၽွို႔ခ်ဳံးမင္ သူတို႔မန္ေနဂ်ာျဖစ္လာကတည္းက သူတို႔ေခါင္းေဆာင္ႏွင့္ ရွဲ႕က်ဴရွင္းတို႔၏ဆက္ဆံေရးက ဖုံးကြယ္ထားလို႔ရေတာ့မွာ မဟုတ္။ ထို႔ေၾကာင့္ တစ္ဖက္သူ ဖမ္းမိသြားမယ့္အခ်ိန္ကို ေစာင့္ေနမည့္အစား အခုကတည္းက လက္ဦးမွုယူၿပီး သူတို႔ရဲ့ကေလးမ်က္ႏွာႏွင့္ မန္ေနဂ်ာကို ေျပာျပထားလိုက္တာ ပိုေကာင္းလိမ့္မည္ပင္။

လၽွို႔ခ်ဳံးမင္လည္း တစ္ခုခုမူမမွန္မွန္း သတိထားမိတာမို႔ သံသယျဖစ္သြားၿပီး ေမးလိုက္သည္။ "ခြန္းေကာ မထြက္သြားခင္ကေရာ ဒီအေၾကာင္းသိသြားလား။"

ရွဲ႕က်ဴရွင္းလည္း သူ ရည္းစားကိစၥအေၾကာင္း ေမးျမန္းေနမွန္းသိတာမို႔ ျပန္ေျဖလိုက္သည္။ "ခြန္းေကာ သိထားတယ္။"

လၽွို႔ခ်ဳံးမင္မွာ ထိုအေၾကာင္းၾကားခ်ိန္ နည္းနည္းေတာ့ စိတ္ေအးသြားရသည္။ ရည္းစားထားျခင္းကိစၥကို သိလ်က္ႏွင့္ မတားျခင္းမွာ ျပႆနာမတက္နိုင္ျခင္းေၾကာင့္ ျဖစ္လိမ့္မည္ဟု ေတြးထားရင္း ေပါ့ေပါ့ပါးပါးေမးျမန္းဟန္ျဖင့္ ေမးခြန္းထုတ္ေတာ့သည္။ "ငါတို႔အသိုင္းအဝိုင္းထဲက မဟုတ္ဘူးမလား။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလာသည္။ "အသိုင္းအဝိုင္းထဲကပဲ။"

လၽွို႔ခ်ဳံးမင္ မ်က္ေမွာင္ၾကဳတ္သြားရသည္။ "အႏုပညာရွင္လား။"

ရွဲ႕က်ဴရွင္း ေခါင္းညိတ္ျပလိုက္သည္။

က်ိက်ဲမွ ကူညီၿပီး ဝင္ေျပာေပးလာသည္။ "အဆိုေတာ္"

ခ်န္းေယာင့္မွလည္း ဝင္ေျပာ၏။ "အိုင္ေဒါဂ႐ုထဲကပဲ။"

လၽွို႔ခ်ဳံးမင္ : "... ေဟြရွင္းကေတာ့ မဟုတ္ဘူးမလား။"

ေကာင္းစီ့ယြမ္ႏွင့္ ယန္ေရွာင္းမူ ၿပိဳင္တူျပန္ေျဖေပးလာသည္။ "ေဟြရွင္းကပဲ။"

လၽွို႔ခ်ဳံးမင္ သူတို႔ကုမၸဏီက ေကာင္မေလးအဖြဲ႕ႏွစ္ဖြဲ႕ကို စိတ္ထဲကေန ေတြးေတာၾကည့္ရင္း အရွုံးေပးသလိုေမးလိုက္ေတာ့သည္။ "ဘယ္သူနဲ႔လဲ။"

သူ႔အေနာက္တြင္ထိုင္၍ တစ္ခ်ိန္လုံးဖုန္းသုံးေနသည့္ ဝမ္ေခ်ာင္က ႐ုတ္တရက္ သူ႔ပခုံးကို လွမ္းပုတ္လာသည္။

သူ ေခါင္းလွည့္ၾကည့္လိုက္၏။ "???"

ဝမ္ေခ်ာင္က ဂုဏ္ယူေနပုံေပၚလွသည္။  "ငါနဲ႔"

လၽွို႔ခ်ဳံးမင္ : "...အို႔"

သူ ကန္းလန္ခ်န္တြင္ တစ္ေယာက္တည္း ကားေပၚမွ ဆင္းလာၿပီးသည္ႏွင့္ သူ႔တူရွိရာဆီသို႔ တိုက္ရိုက္သြားၿပီး သူ႔တူ၏မ်က္ကန္းမွုစေကးကို ဆူေငါက္လိုက္ေတာ့သည္။

ေက်ာက္က်န့္ယိလည္း ပိုလို႔ေတာင္စိတ္ညစ္သြားရသည္။ လြန္ခဲ့သည့္ႏွစ္က သူ ခိုးနားေထာင္ခဲ့သည့္အသံက .. သူ႔အခန္းေဖာ္ အဲ့အခ်ိန္တုန္းက အခန္းထဲမွာ ဘာေတြလုပ္ေနတာလဲ! သူတို႔ ေသခ်ာသေလာက္ ရန္ျဖစ္ေနၾကတာေတာ့ မဟုတ္ဘူး!!

လၽွို႔ခ်ဳံးမင္ကလည္း သာမန္အဆင့္မန္ေနဂ်ာမ်ိဳးမဟုတ္တာမို႔ သူဦးေဆာင္ရမယ့္အဖြဲ႕ထဲတြင္ ေဂးအတြဲတစ္တြဲ ပါရွိေနသည္ဆိုသည့္အျဖစ္ကို အလ်င္အျမန္ပင္ လက္ခံသြားနိုင္ေတာ့သည္။

အစပိုင္း အဖြဲ႕သားမ်ားအေနျဖင့္ သူတို႔မန္ေနဂ်ာအသစ္အေပၚ သံသယနည္းနည္းဝင္မိေပမယ့္ ေနာက္ပိုင္း ဆက္တိုက္ေရာက္လာသည့္ MV ရိုက္ကူးေရးႏွင့္ ထုတ္လုပ္ေရးမ်ားအၾကားတြင္ သူတို႔အေတြးမ်ား ေျပာင္းျပန္လွန္သြားေတာ့သည္။ တျဖည္းျဖည္းခ်င္း သူက အရည္အခ်င္းျပည့္မွီသည့္မန္ေနဂ်ာတစ္ေယာက္မွန္း သူတို႔လက္ခံနိုင္လာၾကသည္။ သူက ဆုံးျဖတ္ခ်က္ခ်ရာတြင္ တိက်ျပတ္သားသည့္အျပင္ အေျခအေနႏွင့္အလိုက္ လုပ္ေဆာင္တတ္ၿပီး အျခားဝန္ထမ္းမ်ားႏွင့္ ဆက္ဆံရာတြင္လည္း အရမ္းအေတြ႕အၾကဳံရွိလွသည္။ သြမ့္ယိခြန္းႏွင့္ယွဥ္လိုက္လၽွင္ အသက္အရြယ္ႏွင့္ ရာထူးသက္တမ္းနည္းပါးေသးတာမို႔ အရွိန္အဝါပိုင္း၌ နည္းနည္းေလ်ာ့ပါးလွသည္ဆိုေပမယ့္ သြမ့္ယိခြန္းႏွင့္အတူရွိခ်ိန္ သူတို႔တေတြမွာ အျမဲဂ႐ုတစိုက္ရွိေနရခ်ိန္ လၽွို႔ခ်ဳံးမင္ႏွင့္ဆိုလၽွင္ေတာ့ ပိုၿပီးသက္ေတာင့္သက္သာျဖစ္သလို ခံစားရေနေစ၏။

သြမ့္ယိခြန္း အလုပ္မထြက္ခင္ကတည္းက အဖြဲ႕၏ Album ထုတ္လုပ္ေရးပိုင္းက အကုန္နီးပါးျပင္ဆင္ထားခဲ့ၿပီးတာမို႔ လၽွို႔ခ်ဳံးမင္ ႐ုတ္တရက္ ကိုယ္စားလႊဲေနရာယူလိုက္ျခင္းက အသင့္ျပင္ထားေပးသည့္အခြင့္အေရးတစ္ခုကို လြယ္လြယ္ကူကူေကာက္ရလိုက္သည္ႏွင့္ တူေနလွသည္။ IceDream အဖြဲ႕ကိုလည္း လူေတာ္ေတာ္မ်ားမ်ားသိေနၿပီမို႔ အကယ္၍ ဒီ Album သာ ေစ်းကြက္ထဲ ထင္ထားသေလာက္ မေအာင္ျမင္ခဲ့ပါလၽွင္ လူတကာႏွာေခါင္းရွုံ႔ျခင္းကို ခံရမည့္သူက လၽွို႔ခ်ဳံးမင္ျဖစ္ၿပီး အကယ္၍ ဒီ Ablum က ေစ်းကြက္ထဲ အေအာင္ျမင္ဆုံးျဖစ္သြားခဲ့လၽွင္လည္း လူတိုင္းက ဒါေတြအကုန္ သြမ့္ယိခြန္းေၾကာင့္ ျဖစ္လာျခင္းဟုသာ ယူဆၾကမည္ျဖစ္သည္။

သို႔ေပမယိ့ လၽွို႔ခ်ဳံးမင္ကိုယ္တိုင္ကေတာ့ ထိုကိစၥကို သိပ္ဂ႐ုမမွုပုံႏွင့္ ေန႔တိုင္း ဘာဖိအားမွမရွိသလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေနေလသည္။

2014 ခုႏွစ္၊ April 30 ရက္ေန႔တြင္ IceDream ၏ ဒုတိယေျမာက္ Album title ျဖစ္သည့္ "အခ်စ္ဆိုတာ အက်ိဳးနည္း ဘာလဲ။" သီခ်င္း teaser ထြက္လာေတာ့သည္။ Teaser က ၁၀ စကၠန့္မၽွသာ ၾကာျမင့္ေပမယ့္ အဖြဲ႕ဝင္မ်ား၏ ပုံမွန္စတိုင္မဟုတ္ေနသည့္ အဝတ္အစားပုံစံမ်ားႏွင့္ ႐ုတ္တရက္ေျပာင္းလဲသြားသည့္ သီခ်င္းအမ်ိဳးအစားက fan မ်ားအၾကား လွုပ္လွုပ္ရြရြျဖစ္သြားေစ၏။ Fan ျဖစ္သည့္အေလၽွာက္ ဘာမဆို အေကာင္းျမင္လို႔ ခ်ီးက်ဴးေနၾကေပမယ့္ သူတို႔အဝတ္အစားမ်ား၏ အလြန္အမင္း rocker ဆန္ဆန္ ျဖစ္ေနျခင္းက လူတိုင္းလက္ခံနိုင္ေနသည့္အရာမ်ိဳးေတာ့ မဟုတ္ေနခဲ့။ အခ်ိဳ႕ျဖတ္ေလၽွာက္သမားမ်ားကပါ သူတို႔ကို ဖက္ရွင္မဆန္ဟု ဝင္ေရာက္ေရးသားသြားၾကၿပီး ထိုအခ်က္မ်ားက fan ေတြကို အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္ေနေစေပမယ့္ လိုင္းေပၚတြင္ ရန္ပြဲသြားစျခင္းက သူတို႔ idol ကို ပိုလို႔မုန္းတီးသြားၾကမွာကိုလည္း စိုးရြံ႕ၾကတာမို႔ ေဒါသမ်ားကို ၿမိဳသိပ္၍ သူတို႔အခ်င္းခ်င္း၏ comment မ်ားကို like ေပးလိုက္၊ အေကာင္းမ်ား ေရးေပးလိုက္ လုပ္ေနၾကေတာ့သည္။ တစ္ခါတစ္ေလ ျဖတ္ေလၽွာက္မ်ား၏ comment မ်ားက ထင္သေလာက္ မဆိုးရြားေနပါက သူတို႔အကုန္ စုျပဳံလ်က္ "ငါတို႔အိမ္က ေကာေကာေတြက အရမ္းႀကိဳးစားၾကတာ။ ဒီလို ဂ႐ုတစိုက္ၾကည့္ရွုေပးလို႔ေက်းဇူးတင္ပါတယ္။" ဆိုသည့္ ေက်းဇူးတင္ခ်က္မ်ားကို အေျပးေဖာ္ျပၾကေလသည္။ ဒီလို သူတို႔ idol ေတြအတြက္ သူတို႔ကိုယ္သူတို႔ ႏွိမ့္ခ်ေနၾကသည့္အျပဳအမူမ်ားက လူတိုင္း၏ႏွလုံးသားကို တုန္လွုပ္သြားေစခဲ့ၾကၿပီး group stan ျဖစ္ေစ၊ တစ္ဦးတစ္ေယာက္တည္းကို သီးသန့္ stan သူျဖစ္ေစ၊ cp stan မ်ားျဖစ္ေစ၊ လူတိုင္းလိုလို album ထြက္လာမည့္အခ်ိန္ကို အားအင္အျပည့္ႏွင့္ တက္တက္ႂကြႂကြေစာင့္လာၾကေတာ့သည္။ Fan အခ်ိဳ႕ကလည္း chart ranking ပိုင္း တက္ေအာင္ ဘယ္လို တညီတညြတ္လုပ္ရမည္ဆိုသည့္အခ်က္မ်ားကို ေသေသခ်ာခ်ာတင္ေပးၾကလာ၏။

ေခါင္းေဆာင္ Leo ၾကားရဖို႔ေမၽွာ္လင့္ထားသည့္ CP fans ကိစၥကေတာ့ Fan မ်ားအၾကား ျဖစ္မလာခဲ့။ သူ႔ဖန္မ်ားႏွင့္ Tomas ဖန္မ်ားက သူ႔တို႔အခ်င္းခ်င္းၾကားထဲေတာင္ ဘယ္သူက ဆံပင္အျဖဴႏွင့္ ပိုေခ်ာသလဲဆိုတာ တိုးတိုးတိတ္တိတ္ ၿပိဳင္ၿပီး တစ္ေယာက္ကိုတစ္ေယာက္လည္း လိုက္တုသည္ဟု အေၾကာင္းျပခ်က္မ်ားျဖင့္ ရန္ျဖစ္ေနၾကေသးေပမယ့္ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ေတာ့ ရန္မျဖစ္လိုက္နိုင္။ အေၾကာင္းအရင္းကေတာ့ အခ်ိန္မ်ားစြာမရွိတာမို႔ပင္။

ေမလ ၁၀ ရက္ေန႔တြင္ေတာ့ 'အခ်စ္ဆိုတာ အက်ိဳးနည္းဘယ္လိုအရာလဲ' ဟူသည့္သီခ်င္း တရားဝင္ထြက္ရွိလာေတာ့သည္။

သီခ်င္းစထြက္သည့္ပထမဆုံးေန႔မွာကတည္းက သူတို႔အကုန္ အျပစ္ေျပာခံရျခင္းေပါင္းမ်ားစြာႏွင့္ ၾကဳံေတြ႕ရေတာ့သည္။ အဝတ္အစားႏွင့္ စတိုင္ပုံစံမ်ားက အျပစ္ရွာစရာျဖစ္ေနသည့္အခ်ိန္ သီခ်င္းအသစ္၏စာသားမ်ားကအစ ေမးခြန္းထုတ္ရေလာက္ေတာင္ အဓိပၸါယ္မရွိျဖစ္ေန၏။

ေနာက္တစ္ေန႔မွာေတာ့ ထိုအေျခအေနက စတင္ေျပာင္းလဲသြားေတာ့သည္။ လူေတာ္ေတာ္မ်ားမ်ားထံမွ ဒီသီခ်င္းက 'အဆိပ္' ႏွင့္တူသည္ဟူသည့္ ထုတ္ဆိုခ်က္မ်ား ထြက္လာေတာ့သည္။ ထိုသီခ်င္းကို တစ္ခါေလာက္ နားေထာင္ၿပီး႐ုံႏွင့္ သူတို႔အကုန္ တညည္းညည္းမလုပ္ဘဲ မေနနိုင္ၾက။

သီခ်င္းထြက္ၿပီး သုံးရက္ေျမာက္ေန႔မွာေတာ့ Weibo ေပၚရွိ music blogger မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ IceDream အဖြဲ႕၏ သီခ်င္းအသစ္အေပၚ ထင္ျမင္ခ်က္မ်ားေပးလာၾကၿပီး အေကာင္းမ်ားလည္း ပါဝင္သလို အဆိုးမ်ားလည္း ရွိေန၏။ Weibo တြင္ hot ျဖစ္ေနသည့္ post ဆယ္ခုတြင္ ေလးခုေလာက္က ထိုသီခ်င္းႏွင့္ ပတ္သတ္ေနခ်ိန္ သီခ်င္းကလည္း တရွိန္ထိုးေက်ာ္ၾကားလာေတာ့သည္။

တစ္ပတ္အၾကာမွာေတာ့ 'အခ်စ္ဆိုတာ အက်ိဳးနည္းဘယ္လိုအရာလဲ' သီခ်င္းက အခ်က္အခ်ာ music chart မ်ားမွာပါ ထိပ္ဆုံး၌ ရပ္တည္ေနေလသည္။

သီခ်င္းအသစ္၏ပထမဆုံးေဖ်ာ္ေျဖပြဲကိုေတာ့ အႏုပညာေက်ာင္းဆင္းဆုေပးပြဲေတာ္၌ ေဖ်ာ္ေျဖဖို႔ေရြးခ်ယ္ထားခံရၿပီး ရွဲ႕က်ဴရွင္းရိုက္ကူးထားသည့္ ဇာတ္လမ္းကေတာ့ 'အေက်ာ္ၾကားဆုံးဟာသဇာတ္လမ္းဆု' အတြက္ လ်ာထားျခင္းခံရသလို သူကိုယ္တိုင္ကလည္း 'အေကာင္းဆုံးသ႐ုပ္ေဆာင္အသစ္' ေနရာအတြက္ လ်ာထားခံရ၏။

ေနာက္ဆုံးမွာေတာ့ ေသခ်ာသေလာက္ ရွဲ႕က်ဴရွင္းက ဆုရရွိသူအျဖစ္ ေရြးခ်ယ္ျခင္းမခံရ။ အကယ္၍ သူသာ ဆုရသြားပါက ဒီ႐ုပ္ရွင္ပြဲေတာ္မွာ ေသခ်ာသေလာက္ လူေျပာစရာျဖစ္သြားမည္ပင္။

သို႔ေသာ္လည္း IceDream က ဒီပြဲေတာ္၏ အဓိကမီးေမာင္းထိုးခံထားရသူမ်ားျဖစ္ေနဆဲ။ သူတို႔ စင္ေပၚေဖ်ာ္ေျဖသြားသည့္ ငါးမိနစ္မွာ ဆုေပးပြဲတစ္ခုလုံး၏ တိုက္ရိုက္ၾကည့္ရွုသူအမ်ားဆုံးရခဲ့သည့္ ငါးမိနစ္လည္းျဖစ္ေနေလသည္။ ေဖ်ာ္ေျဖပြဲမစခင္ နာရီဝက္ႏွင့္ ေဖ်ာ္ေျဖပြဲၿပီးသြားသည့္ေနာက္ live comments မ်ားတြင္ 'အက်ိဳးနည္း' ဆိုသည့္စာသားမ်ားျဖင့္ ျပည့္သိပ္လို႔ေနတာမို႔ ဘာဆိုဘာမွမသိထားဘဲ လမ္းၾကဳံဝင္ၾကည့္ၾကသူတိုင္း ဆုေပးပြဲကို တိုက္ရိုက္ထုတ္လႊင့္ေနသည့္ website မွာ hack ခံထားရသည္ဟုပင္ ေတြးထင္သြားၾကေတာ့သည္။

'အက်ိဳးနည္း' ဆိုသည့္ album ထြက္ၿပီးသည္မွာ တစ္လေက်ာ္ေနၿပီဆိုေပမယ့္ ေခါင္းစဥ္သီခ်င္းကေတာ့ chart မ်ားတြင္ စိုးမိုးထားဆဲမို႔ အဖြဲ႕ေက်ာ္ၾကားမွုကလည္း တစ္ဟုန္ထိုးျမင့္တက္ေနၿပီး ေၾကာ္ျငာမ်ား ပြဲေတာ္ဖိတ္ၾကားစာမ်ားက သူတို႔ထံ အလုအယက္ဝင္ေရာက္လာ၏။

သူတို႔ လူသိမ်ားသည့္ ေဈးဝယ္ app တစ္ခုမွ ကမ္းလွမ္းလာသည့္ endorsement ကိုလက္ခံယူၿပီးေနာက္မွာေတာ့ သူတို႔မ်က္ႏွာေတြက website မ်ား၊ ေျမေအာက္ရထားႏွင့္ bus ကားမ်ား၌ ခ်ိတ္ဆြဲထားျခင္းကို ခံလိုက္ရၿပီး သူတို႔အိမ္နီးခ်င္းမ်ားႏွင့္ အန္တီမ်ားက သူတို႔အမွိုက္ထြက္လႊင့္ပစ္ခ်ိန္မွာေတာင္ မွတ္မိလို႔ေနၾကေလသည္။

အဖြဲ႕သားမ်ားအေနႏွင့္ သူတို႔ကိုယ္သူတို႔ ေအာင္ျမင္ေက်ာ္ၾကားေနၿပီဟု ေတြးထင္ထားခဲ့ၾကတာျဖစ္ေပမယ့္ အခုအခ်ိန္က်မွ 'ေက်ာ္ၾကားျခင္း' ဆိုသည့္အဓိပၸါယ္အစစ္ကို နားလည္သေဘာေပါက္သြားရေတာ့သည္။ အိုင္ေဒါငယ္ငယ္ေလးေတြ တကယ္နာမည္ႀကီးေနသလား သိခ်င္လၽွင္ ေန႔တိုင္း hot search ဝင္ၿပီး trending ျဖစ္ေနတာမ်ိဳးကို ၾကည့္ရတာမဟုတ္ဘဲ ကိုယ့္အေမျဖစ္သူကို သူတို႔အား သိသလားဟု ေမးလိုက္ျခင္းပင္။

တဟုန္းဟုန္းေတာက္ေနသည့္ေက်ာ္ၾကားမွုမ်ားႏွင့္အတူ ေႏြရာသီက ေနာက္တစ္ဖန္ေရာက္ရွိလို႔လာခဲ့ျပန္သည္။

ရွဲ႕က်ဴရွင္းလည္း ေက်ာက္က်န႔္ယိႏွင့္အတူ တိုက္ခန္းငွားမေနေတာ့ဘဲ ဝမ္ေခ်ာင္ႏွင့္ေျပာင္းေရြ႕ေန၏။

သူ႔ဘက္မွ အျခားတစ္ေနရာသို႔ေျပာင္းေရြ႕မည့္အေၾကာင္း မေျပာလာသလို ဝမ္ေခ်ာင့္ဘက္ကလည္း အစမေဖာ္ခဲ့။

တစ္ခါတစ္ေလေတာ့ ဝမ္ေခ်ာင္အေနႏွင့္ 'ေရွာင္ရွဲ႕ အိမ္ဝယ္ၿပီး သူနဲ႔အတူေနခ်င္တယ္လို႔ေျပာဖူးတယ္မလား' 'သူ ဘယ္အခ်ိန္ဝယ္မွာလဲ' ဆိုတာမ်ိဳး ေတြးမိေပမယ့္ အလုပ္ရွုပ္ခံၿပီးေတာ့ ေမးမေန။ သူတို႔ႏွစ္ေယာက္အတြက္ ဒီအတိုင္းေလးကလည္း အဆင္ေျပေနတာျဖစ္သည္၊ ေန႔တိုင္း အလုပ္အတူသြား၊ အတူအိပ္၍ တစ္ခါတစ္ရံမွာေတာ့ ကေတာက္ကဆမ်ားျဖင့္ ရန္ျဖစ္ၾကေပမယ့္ ေနာက္ဆုံးေတာ့ အိပ္ရာေပၚေရာက္ၿပီးသည္ႏွင့္ အဆင္ေျပသြားတာမ်ိဳးပင္။ ဘာအေၾကာင္းေၾကာင့္မ်ား သူ ဒီလိုကိစၥမ်ိဳးကို အစေဖာ္ေနရမွာပါလိမ့္။ ဒါက ေသခ်ာသေလာက္ ျပႆနာကို တုတ္နဲ႔သြားထိုးသလိုျဖစ္ေနမည္သာ။

ဒီေန႔လည္း သူတို႔ႏွစ္ေယာက္ ကုမၸဏီသို႔အတူေရာက္လာၾကၿပီးေနာက္ ရွဲ႕က်ဴရွင္းက အကေလ့က်င့္ရန္ အကခန္းသို႔သြားၿပီး ဝမ္ေခ်ာင္ကေတာ့ သီခ်င္းေရးသူႏွင့္ေတြ႕ရန္ အေပၚထပ္သို႔တက္သြား၍ တူရိယာမ်ား စမ္းတီးၾကည့္ရင္း သီခ်င္းေရးနည္းအေၾကာင္း ေသေသခ်ာခ်ာေလ့လာလို႔ေန၏။

ဒီရက္ပိုင္းေလးက သူ႔အတြက္ေတာ့ ဒီႏွစ္မ်ားအၾကား စိတ္ဝင္စားဖို႔အေကာင္းဆုံးေန႔ရက္မ်ားျဖစ္လို႔ေနသည္။ သူ႔အတြက္ ခ်စ္ရသူလည္းရွိေနသလို သူခ်စ္ျမတ္နိုးသည့္ဝါသနာလည္းရွိေနၿပီး ႏွစ္ခုစလုံးကလည္း သူ႔အတြက္ အရမ္းေကာင္းလြန္းေနသည္။

သူႏွင့္ သီခ်င္းေရးဆရာတို႔ သံစဥ္တိုေလးတစ္ခုျပဳလုပ္နိုင္ခဲ့ၿပီး ထိုသံစဥ္မွတစ္ဆင့္ သူလိုခ်င္သည့္ခံစားခ်က္မ်ိဳး ရေတာ့မည့္အခ်ိန္၌ တစ္စုံတစ္ေယာက္က အခန္းအျပင္မွ တံခါးတြန္းဖြင့္၍ အထဲသို႔ဝင္လာခဲ့သည္။ သူလည္း ေခါင္းငုံ႔ၿပီး စက္အေပၚသာ အာ႐ုံထားေနၿပီး အေနာက္လွည့္မၾကည့္လိုက္တာမို႔ သီခ်င္းေရးဆရာေျပာလိုက္သံကိုသာ ၾကားလိုက္ရေတာ့သည္။ "ဘယ္သူ႔ကိုရွာတာလဲ။ ဘာလို႔တံခါးမေခါက္ရတာလဲ။"

ထိုလူက ေျပာလာ၏။ "ကၽြန္ေတာ္ သူ႔ကိုရွာေနတာ"

ဝမ္ေခ်ာင္လည္း ဘယ္သူမွန္း အသံမွတစ္ဆင့္မွတ္မိသြားတာမို႔ ေနာက္ျပန္လွည့္ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္ရင္း ေမးလိုက္သည္။ "မင္းက ဘာလုပ္ဖို႔ ငါ့လာရွာတာလဲ။"

သူ႔အတန္းေဖာ္ဆိုသူ keyboard တီးသူက မ်က္ႏွာေသျဖင့္မတ္တပ္ရပ္ေနသည္။ "ငါ မင္းကိုေျပာစရာရွိလို႔"

ဝမ္ေခ်ာင္လည္း မၾကားခ်င္တာမို႔ ျပန္ေျပာလိုက္သည္။ "ငါအလုပ္ရွုပ္ေနတာ။ အခ်ိန္မရွိဘူး။"

Keyboard တီးသူမွျပန္ေျပာလာသည္။ "ကိုယ္ေရးကိုယ္တာကိစၥေတြအေၾကာင္း မေျပာဘူး။ မင္း album အေၾကာင္းေျပာမွာ။"

ဝမ္ေခ်ာင္ အံ့ဩသြားရသည္။ "မင္းနဲ႔? ငါက မင္းနဲ႔ ဘာလို႔ ငါတို႔ album ကိစၥေျပာရမွာလဲ။"

Keyboard တီးသူမွျပန္ေျပာသည္။ "အဲ့သံစဥ္ကို ငါေရးခဲ့တာ"

ဝမ္ေခ်ာင္ : "... အက်ိဳးနည္း?"

သီခ်င္းေရးဆရာမွ သူတို႔အၾကားတင္းမာေနမွုကို သတိထားမိတာမို႔ ဝင္ေျပာလိုက္သည္။ "ငါ ကိစၥရွိလို႔အျပင္ခဏသြားဦးမယ္။ မင္းတို႔ေျပာႏွင့္ၾက"

ထို႔ေနာက္ ဝမ္ေခ်ာင္ႏွင့္ keyboard တီးသူသာ က်န္ရစ္ခဲ့ေတာ့သည္။

ဝမ္ေခ်ာင္ ေမးလိုက္သည္။ "မင္းေရးထားတယ္ဆိုတာ ဘာအဓိပၸါယ္လဲ။ ငါ ဒီသံစဥ္ေရးေပးတဲ့သူကို ျမင္ဖူးတယ္။"

Keyboard တီးသူမွ ျပန္ေျပာလာသည္။ "သူက ငါတို႔ studio က စီနီယာ။ ငါ့ကို သံစဥ္ကူေျပာင္းေပးမယ္ဆိုလို႔ သူသေဘာေကာင္းတယ္လို႔ေတာင္ ငါေတြးေနေသးတာ။"

သူက အိတ္တစ္လုံးကို သယ္လာၿပီး ထိုအထဲမွ စာရြက္မ်ားဆြဲထုတ္ျပ၍ ဆက္ေျပာသည္။ "ဒါ ငါရဲ့မူရင္းသံစဥ္ note ေတြ"

ဝမ္ေခ်ာင္ ဆြဲယူၾကည့္၍ သူ႔ပါးစပ္က တင္းတင္းေစ့သြားၿပီး သူ႔မ်က္ႏွာကလည္း ပိုေလးနက္လာေတာ့သည္။

Keyboard တီးသူမွေျပာလာသည္။ "ငါလည္း မင္းဆီ မလာခ်င္ပါဘူး။ ဒါေပမယ့္ မင္းက ငါ့ကို ဘေလာ့ထားတယ္ေလ။ မင္း ငါ့ကိုမေတြ႕ခ်င္ေနမွန္းလည္း သိေပမယ့္ ငါ studio မန္ေနဂ်ာကိုေျပာေတာ့ သူက ငါ့ကို ျပႆနာမရွာဖို႔ဘဲ အႀကံေပးလာတယ္။ ဒီလိုကိစၥမ်ိဳးဆိုတာ ဒီေလာကထဲမွာ အရမ္းအျဖစ္မ်ားတယ္တဲ့။ ၿပီးေတာ့ ငါက အရမ္းလူသိမ်ားတဲ့သူလည္းမဟုတ္ေတာ့ သံစဥ္တီထြင္သူေနရမွာ သူ႔နာမည္မဟုတ္ေနဘူးဆိုရင္ ဒီသံစဥ္ကို demo ver အျဖစ္ သြင္းဖို႔ အခြင့္အေရးရလာမွာမဟုတ္သလို မင္းတို႔အေရွ႕လည္း ေရာက္မလာနိုင္ဘဲ မင္းတို႔ ဆိုတာခံရဖို႔အခြင့္လည္း ရလာမွမဟုတ္ဘူးတဲ့။ သူက ငါ့ကို ေရာင္းလို႔ရမည့္သီခ်င္းမ်ိဳး ထပ္ေရးဖို႔လည္း ေျပာေသးတယ္၊ ၿပီးေတာ့ ငါ့ကို ဒီလိုမ်ိဳးသီခ်င္းေတြေရးခ်င္တယ္ဆို တစ္ေယာက္ေယာက္ရဲ့ ghostwriter လုပ္တာ အေကာင္းဆုံးနည္းလမ္းပဲတဲ့။"

[T/N :  ghostwriter - တစ္စုံတစ္ေယာက္အတြက္ အမည္မေဖာ္ အလုပ္လုပ္ေပးျခင္း၊ ဥပမာ သူက သီခ်င္းစာသား၊ သံစဥ္ေတြ ေရးလိုက္ေပမယ့္ သူ႔နာမည္နဲ႔မဟုတ္ဘဲ အျခားတစ္ေယာက္ရဲ့နာမည္နဲ႔ ဒီလက္ရာေတြက ေဖာ္ျပခံရတာမ်ိဳးေပါ့။]

ဝမ္ေခ်ာင္ : "...fuck."

ရွဲ႕က်ဴရွင္း အကေလ့က်င့္ၿပီးေနာက္ သူ ေရခ်ိဳးခ်ၿပီး အကၤ်ီလဲ၍ မွန္အေရွ႕တြင္ သူ႔ဆံပင္ေျခာက္ေအာင္ ေလမွုတ္ေနလိုက္သည္။

သီခ်င္း promotion ကာလၿပီးသြားကတည္းက သူတို႔ဆံပင္ေတြအကုန္ ပုံမွန္ဆန္ဆန္သို႔ျပန္ေျပာင္းကုန္ၾကသည္။ ဝမ္ေခ်ာင္ေမၽွာ္လင့္ထားသလိုမ်ိဳး ဆံျဖဴေၾကာင့္ cp fan မ်ား မရလာေသာ္လည္း ထိုသူကေတာ့ အေလ်ာ့ေပးျခင္းမရွိဘဲ ဒီတစ္ေခါက္မွာလည္း သူႏွင့္အတူ dark grey လိုက္ဆိုးျပန္သည္။

ဝမ္ေခ်ာင္က သူ႔ထက္ပိုလို႔ ႏူးညံ့တဲ့မ်က္ႏွာက်ပုံစံရွိတာမို႔ ဒီဆံပင္ပုံစံႏွင့္လည္း သူ႔ထက္ ပိုၾကည့္လို႔ေကာင္းေနၿပီး ဆံျဖဴတုန္းကလည္း သူ႔ထက္ ပိုၾကည့္လို႔ေကာင္းခဲ့တာပင္။ ထိုအ႐ူးေလးကေတာ့ ဘယ္ဆံပင္ပုံစံမ်ိဳးႏွင့္မဆို ၾကည့္လို႔ေကာင္းေနပုံေပၚလွသည္။

ပစၥည္းမ်ားသိမ္းဆည္းၿပီးသည္ႏွင့္ သူ ဝမ္ေခ်ာင္ကိုရွာဖို႔ အေပၚတက္သြားေတာ့သည္။ သူ ဓာတ္ေလွကားထဲမွ ထြက္လာသည္ႏွင့္ နားေနခန္းထဲသို႔ ခြက္တစ္ခြက္ကိုင္ထားလ်က္ ဝင္သြားဖို႔ျပင္ေနသည့္ သီခ်င္းေရးဆရာကိုေတြ႕လိုက္ရသည္မို႔ ႏွုတ္ဆက္ၿပီးသည္ႏွင့္ေမးလိုက္ေလသည္။ "Leo ေရာ?"

သီခ်င္းေရးဆရာက ဂီတခန္းရွိရာဘက္သို႔ လက္ညႇိုးထိုးျပရင္းေျပာလာသည္။ "လူတစ္ေယာက္နဲ႔စကားေျပာေနတယ္။"

ရွဲ႕က်ဴရွင္း အံ့ဩသြားရသည္။ "ဘယ္သူနဲ႔လဲ။"

သီခ်င္းေရးဆရာမွ ျပန္ေျပာလာသည္။ "သီခ်င္းေရးတဲ့သူထင္တယ္။ ဆံပင္ရွည္ရွည္နဲ႔ေကာင္ေလးတစ္ေယာက္ပဲ။"

သီခ်င္းေရးတယ္၊ ဆံပင္ရွည္ႏွင့္ ေကာင္ေလး

ဘယ္သူမ်ားျဖစ္နိုင္ဦးမွာလဲ

သီခ်င္းေရးဆရာက နားေနခန္းထဲသို႔ဝင္သြားခဲ့ၿပီ။

ရွဲ႕က်ဴရွင္း ဂီတခန္းရွိရာသို႔ ေျခလွမ္းက်ဲမ်ားျဖင့္ေလၽွာက္သြားၿပီး တံခါးေခါက္ျခင္းမရွိဘဲ တြန္းဖြင့္လိုက္ေလသည္။

ဝမ္ေခ်ာင္က အခန္းထဲ တစ္ေယာက္တည္းရွိေနၿပီး ခဲတံကို ပါးစပ္ထဲကိုက္ထားရင္း အေတြးမ်ားထဲ နစ္ဝင္ေနပုံေပၚလွသည္။

"...ဘာလုပ္တာလဲကြ" သူ ကိုက္ထားသည့္ေဘာပင္ကို ဆြဲထုတ္၍ ညည္းတြားလာသည္။ "တံခါးေတာင္မေခါက္ဘူး။ ဒီပါ့ပါးလန႔္ေသေတာ့မလို႔။"

ရွဲ႕က်ဴရွင္းေမးလိုက္သည္။ "ခုနက မင္းကို တစ္ေယာက္ေယာက္လာရွာသြားေသးလား။"

ဝမ္ေခ်ာင္ ေဘာပင္ကို ျပန္ကိုက္ထားၿပီးေျပာလာသည္။ "ဟင့္အင္း"

သူ႔အၾကည့္မ်ားက ေဘးဘီကိုေျပးေနေပမယ့္ ရွဲ႕က်ဴရွင္းရွိရာကိုေတာ့ တည့္တည့္မၾကည့္ရဲေန။

ရွဲ႕က်ဴရွင္း : "...တစ္ခုခုသြားစားၾကရေအာင္"

ကုမၸဏီကန္တင္းကိုသြားမည့္အစား ဝမ္ေခ်ာင္က ပုစြန္ဖက္ထုပ္စားခ်င္တယ္ဟု ေျပာလာတာမို႔ သူတို႔ႏွစ္ေယာက္ အနီးအနားရွိ ကြမ္တုန္းစားေသာက္ဆိုင္ကိုသြားလိုက္ၾကၿပီး သီးသန႔္အခန္းထဲေရာက္လို႔ တံခါးဆြဲပိတ္ၿပီးသည္ႏွင့္ သူတို႔ေနကာမ်က္မွန္မ်ားႏွင့္ baseball ဦးထုပ္ကိုလည္း ဆြဲခၽြတ္လိုက္ၾကေတာ့သည္။

ရွဲ႕က်ဴရွင္းက ဝမ္ေခ်ာင္ႏွင့္စကားေျပာျခင္းမရွိ၊ ေခါင္းငုံ႔လ်က္သာ ဖုန္းသုံးေန၏။

ဝမ္ေခ်ာင္မွာ မေပ်ာ္မရႊင္ျဖစ္လာၿပီး ေမးလိုက္ေတာ့သည္။ "မင္း စားေနတုန္း ဘာလို႔ဖုန္းသုံးေနတာလဲ။"

ရွဲ႕က်ဴရွင္းကေတာ့ သူ႔ကို မသိခ်င္ေယာင္ေဆာင္ထားဆဲ။

ဝမ္ေခ်ာင္ ေဒါသတႀကီးေပါက္ကြဲပစ္ခ်င္ေပမယ့္ သူကိုယ္တိုင္ကလည္း ဖုံးကြယ္ထားတာရွိေနသည္မို႔ သည္းခံရင္း သူကိုယ္တိုင္လည္း ဖုန္းထုတ္ယူၿပီး ေဆာ့လိုက္ေတာ့သည္။ သို႔ေသာ္ျငား ႏွစ္ပြဲမၽွေဆာ့ၿပီးခ်ိန္မွာေတာ့ ဆက္အာ႐ုံစိုက္လို႔ရမေနေတာ့။

စားပြဲထိုးေလးက သူတို႔ထံ အစားအေသာက္မ်ားလာခ်ေပးၿပီး ျပန္ထြက္သြားခ်ိန္မွာလည္း အခန္းတံခါးကို ကူပိတ္ေပးသြားခဲ့သည္။

ခဏအၾကာမွာေတာ့ ရွဲ႕က်ဴရွင္း သူ႔ဖုန္းကိုခ်၍ေျပာလာသည္။ "မင္း ပုစြန္ဖက္ထုပ္စားခ်င္တယ္မေျပာဘူးလား။ လာခ်ေပးထားေတာ့လည္း မစားဘူး။"

ဝမ္ေခ်ာင္ ေဒါသတႀကီးျပန္ေျပာေတာ့သည္။ "ဖုန္းေလးက အရမ္းစိတ္ဝင္စားဖို႔ေကာင္းေနတယ္မလား။ မင္းဘာလို႔ဆက္ၾကည့္မေနလဲ။"

ရွဲ႕က်ဴရွင္း သူ႔လက္ထဲသို႔ တူတစ္စုံထည့္ေပးလိုက္သည္။ "စား၊ စားၿပီးရင္ ငါ မင္းကို တစ္ေနရာေခၚသြားမယ္။"

ဝမ္ေခ်ာင္လည္း စိတ္ဆိုးေျပသြားၿပီး ေမးလိုက္ေတာ့သည္။ "ဘယ္သြားမွာလဲ။"

ရွဲ႕က်ဴရွင္း ေျပာလာသည္။ "ေရာက္လို႔ရွိရင္ မင္းသိလိမ့္မယ္။"

ဝမ္ေခ်ာင္ ေျပာလိုက္သည္။ "ဘာလို႔ အဲ့ေလာက္လၽွို႔ဝွက္ေနတာလဲ။ စိတ္ရွုပ္ဖို႔ေကာင္းေအာင္"

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "သြားမွာလား မသြားဘူးလား"

ဝမ္ေခ်ာင္ မသြားခ်င္စရာအေၾကာင္းအရင္းဆိုတာ မရွိေနခဲ့။ သူ တုန႔္ဆိုင္းခ်င္ေယာင္ေဆာင္ၿပီးသည္ႏွင့္ ေျပာလိုက္ေတာ့သည္။ "သြားတာေပါ့၊ ငါလည္း လုပ္စရာ ဘာမွမွမရွိေနတာ"

သူ ပုစြန္ဖက္ထုပ္မ်ားကို အနည္းငယ္မၽွစားၿပီးတာႏွင့္ ခ႐ုစြပ္ျပဳပ္ေသာက္၍ တစ္ဖက္သူကို အလ်င္လိုေတာ့သည္။ "ငါ ဗိုက္ျပည့္ၿပီ။ ျမန္ျမန္လုပ္ မဟုတ္ရင္ ငါမသြားေတာ့ဘူး။"

ရွဲ႕က်ဴရွင္း သူ႔ကို ဂ႐ုမထားဘဲ ျဖည္းျဖည္းခ်င္းဝါးစားေနလိုက္သည္။

ဝမ္ေခ်ာင္ ဆက္တိုက္နီးပါး အလ်င္လိုရင္း 'မသြားေတာ့ဘူး' ဟု အႀကိမ္ေပါင္းမ်ားစြာေအာ္ေနေပမယ့္ တကယ္တမ္းေတာ့ သူကိုယ္တိုင္လည္း ထထြက္မသြား။

ေရွာင္ရွဲ႕ သူ႔ကို ဘယ္ေနရာေခၚသြားမလဲဆိုတာ မွန္းၾကည့္လို႔မရေပမယ့္ ေကာင္းတဲ့ေနရာတစ္ခုကို ျဖစ္ေနလိမ့္မည္သာ။ သူ ေရွာင္ရွဲ႕ႏွင့္ေရာက္ဖူးသမၽွေနရာတိုင္းက ေကာင္းေနခဲ့တာမို႔လည္းျဖစ္လိမ့္မည္။

သူတို႔ ထိုေနရာသို႔ေရာက္သြားခ်ိန္မွာေတာ့ သူ တအံ့တဩျဖစ္သြားရတာမို႔ ေျခေထာက္မ်ား ေခြက်သြားမတတ္ပင္။

သူ ရွဲ႕က်ဴရွင္းအေနာက္မွ အိပ္မက္ေယာင္ေနသည့္လူတစ္ေယာက္လို အေပၚထပ္သို႔ တက္လိုက္သြားၿပီး ရွဲ႕က်ဴရွင္း ေသာ့ထုတ္ယူ၍ အခန္းတံခါးဖြင့္လိုက္တာကို ၾကည့္ေနမိေတာ့သည္။

သူ အျပင္မွာပဲ မတ္တပ္ရပ္ေနမိၿပီး အထဲသို႔ မဝင္သြားရဲ။

ရွဲ႕က်ဴရွင္း အထဲ၌ မတ္တပ္ရပ္ေနရင္း သူ႔ကို လွမ္းေခၚလိုက္သည္။ "မင္း ဘာလို႔အထဲဝင္လာမၾကည့္တာလဲ။"

သူ အျပင္မွာေအာ္ေျပာလိုက္၏။ "မင္း ငါ့ကိုရွင္းရွင္းလင္းလင္းေျပာ။ ဒါ ဘာေနရာလဲ!"

ရွဲ႕က်ဴရွင္း : "..မင္း ဝင္လာမွာလား မဝင္လာဘူးလား။ မဝင္လာဘူးဆိုရင္ ငါ တံခါးပိတ္လိုက္ေတာ့မယ္။"

ဝမ္ေခ်ာင္ : "..."

ရွဲ႕က်ဴရွင္းဘက္မွလည္း တံခါးပိတ္သြားျခင္းမရွိ။

သူတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ အခ်ိန္တစ္ခုအထိ စိုက္ၾကည့္ေနၾကေတာ့သည္။

ရွဲ႕က်ဴရွင္း ေခ်ာင္းဟန့္ရင္းရွင္းျပလာသည္။ "ဒါ ငါ ဝယ္ထားတဲ့တိုက္ခန္း။ ဘာမွေတာ့ မျပင္ရေသးဘူးဆိုေပမယ့္ မင္းလည္း အတူလာၾကည့္သင့္တယ္ထင္လို႔။"

ဝမ္ေခ်ာင္ စပ္ၿဖီးၿဖီးႏွင့္ေျပာလိုက္သည္။ "ဒါမင္းတိုက္ခန္းေလ။ ဘာလို႔ ငါက လာၾကည့္ရမွာလဲ။"

ရွဲ႕က်ဴရွင္း တံခါးေဘာင္ကို လက္တစ္ဖက္ႏွင့္ ေထာက္ထားရင္း က်န္လက္တစ္ဖက္ကို ဝမ္ေခ်ာင္ရွိရာသို႔ ကမ္းေပးလိုက္သည္။ "မဟုတ္တာေတြ ေလၽွာက္ေျပာမေနဘဲ ျမန္ျမန္ဝင္ခဲ့။"

ဝမ္ေခ်ာင္ သူ႔လက္ကို ျပန္ကမ္းေပးလိုက္ၿပီး တစ္ဖက္မွ အားနည္းနည္းထည့္ဆြဲယူလိုက္မွုေလးျဖင့္ သူ အခန္းထဲသို႔ ေရာက္သြားေတာ့သည္။ "ဘာမ်ားၾကည့္စရာရွိလို႔လဲ။" ေျပာေနရင္းျဖင့္ သူ ေဘးဘီကို စတင္လွည့္ပတ္ၾကည့္ရွုေလသည္။

အိမ္ေလးက ဘာမွမရွိသလို ေသးငယ္လွၿပီး ပရိေဘာဂပစၥည္းမ်ားလည္း မထည့္ထားရေသးသလို အလွဆင္ရထားျခင္းလည္းမရွိ။ ထို႔အျပင္ အျဖဴေရာင္နံရံမ်ားကလည္း ေျပာက္က်ားမ်ားျဖစ္ေနသလို ျပတင္းေပါက္ေဘာင္ေပၚရွိ အကာပါးမ်ားကိုလည္း ဖယ္ရွားထားၿပီးျခင္းမရွိေသး။ ေရခ်ိဳးခန္းႏွင့္ မီးဖိုေခ်ာင္ခန္းမ်ားအတြင္းရွိ ေရပိုက္မ်ားကလည္း အေပၚတြင္ ေပၚလို႔ေနေသးသည္။

လွည့္ပတ္ၾကည့္ၿပီးေနာက္တြင္ေတာ့ ဝမ္ေခ်ာင္ စိတ္ထဲကအတိုင္းေျပာခ်လိုက္ေတာ့သည္။ "ငါ ဒီေလာက္စုတ္ျပတ္ေနတဲ့အိမ္မ်ိဳး မျမင္ဖူးေသးဘူး။"

ရွဲ႕က်ဴရွင္း တစ္ဖက္သို႔မ်က္ႏွာလြဲသြားရင္း သူ႔လည္ပင္းရွိအေၾကာမ်ားကေတာ့ ထိုးေထာင္ထြက္လာခဲ့သည္။

ဝမ္ေခ်ာင္ ထပ္ေျပာလာျပန္သည္။ "မင္းက မင္းေပးထားတဲ့ကတိကို ဒီအိမ္ေလးနဲ႔ပဲ အ႐ူးလုပ္ၿပီး ေက်ေအးေပးလိုက္ေတာ့မလို႔လား။"

ရွဲ႕က်ဴရွင္း : "ငါ မင္းကို ဘာမ်ားအ႐ူးလုပ္ေနလို႔လဲ။"

ဝမ္ေခ်ာင္ ညည္းတြားေတာ့သည္။ "မင္းေျပာေတာ့ ငါနဲ႔ တစ္ဘဝလုံးေနသြားခ်င္တာဆို? ဒီအိမ္က တစ္ဘဝလုံး ခံမွာတဲ့လား။ ႏွစ္ရက္ေလာက္နဲ႔တင္ ငါ ပ်င္းသြားလိမ့္မယ္။"

ရွဲ႕က်ဴရွင္း သူ႔ကိုျပန္လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။ "ဘယ္သူက မင္းကို ဒီမွာေနဖို႔ေျပာလို႔လဲ။"

ဝမ္ေခ်ာင့္မ်က္လုံးတို႔ျပဴးက်ယ္သြားရသည္။ "မင္း ငါ့ကိုေပးမေနဘူးဆိုရင္ ဘာလို႔ငါ့ကို လာျပေနတာလဲ။"

ရွဲ႕က်ဴရွင္း အံႀကိတ္ေျပာလိုက္သည္။ "မင္းပဲ ဒီလိုစုတ္ျပတ္ေနတဲ့အိမ္မ်ိဳး မျမင္ဖူးဘူးဆို? ငါ မင္းအျမင္က်ယ္သြားေအာင္ လိုက္ျပတာ။"

ဝမ္ေခ်ာင္ မတရားခံရသလိုခံစားသြားရေတာ့သည္။ "မင္း ဘာလို႔ေဒါသထြက္သြားရတာလဲ။"

ရွဲ႕က်ဴရွင္း သူနဲ႔ၿပိဳင္လို႔စကားမေျပာခ်င္ေတာ့။ "ငါ ၾကည့္ၿပီးၿပီ။ ျပန္ရေအာင္။"

ဝမ္ေခ်ာင္ မေက်မနပ္ျပန္ေျပာလိုက္သည္။ "ဘာေတြအလ်င္လိုေနတာလဲ။ ငါေတာင္ အထဲထိ လိုက္ဝင္မၾကည့္ရေသးဘူး။ ငါ ေနာက္တစ္ေခါက္ေလာက္ၾကည့္ဦးမယ္။"

သူ လက္ေနာက္ပစ္ထားရင္း အခန္းတစ္ခန္းထဲသို႔ ဝင္သြားလိုက္သည္။ ရွဲ႕က်ဴရွင္း သူ႔ကို မျမင္နိုင္ေတာ့ဟု ေတြးမိသည့္ေနရာေရာက္ခ်ိန္မွ အသက္ျပင္းျပင္း ႀကိဳးစားရွုသြင္းရင္း သူ အခ်ိန္အေတာ္ၾကာ ထိန္းထားသည့္မ်က္ရည္မ်ားကလည္း ႐ုတ္ခ်ည္းဆိုသလို ၿပိဳက်လာၿပီး သူ အလ်င္စလိုသုတ္လိုက္ရေတာ့သည္။

သို႔ေသာ္လည္း အဲ့ဒါက သိပ္အသုံးမဝင္လွ။

ပါး၊ မား၊ တာ့ေကာ၊ အာ့ေကာ .. သူ တကယ္ႀကီး ေရွာင္ရွဲ႕နဲ႔လက္ထပ္ျဖစ္ေတာ့မယ္နဲ႔တူတယ္။

KittyKitling

Continue Reading

You'll Also Like

1M 122K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
216K 24K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...