ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 72
Chapter 73

Chapter 71

2.9K 595 29
By PoneyPeach

Unicode
အခန်း (၇၁)

သူတို့ ပြဇာတ်ရုံအဟောင်းထဲမှ ထွက်ခွာခဲ့ကြ၏။ ဖန်းချောင်နန်က နောက်မှာကျန်နေရစ်ခဲ့ကာ ကျယ်ယန်ကိုစောင့်ပြီး ဆိုလာ၏။
"ငါတော့ ဒီဇာတ်ကောင်ကို ရမှာမဟုတ်တော့ဘူး"

ကျယ်ယန်လည်း မတုန်မလှုပ်ဖြင့် ပြန်ဖြေလိုက်သည်။ "စီနီယာ ခင်ဗျား အဆိုးမြင်ဖို့ မလိုပါဘူး "

ဖန်းချောင်နန် အသံတိတ်သွား​လေ၏။ ကျယ်ယန်ကတော့ မြန်မြန်လျှောက်ကာ ကျော်တက်လိုက်တော့သည်။

"မင်းအကြောင်း ငါ့ကိုပြောပြခဲ့တဲ့လူက မုကျိုးယိဆိုတာ အမှန်ပဲ။" ဖန်းချောင်နန်က သူ့ကိုလှမ်းဆွဲရင်း အသံတိုး၍​မေးလာ​၏။ " Extreme Combat က ဧည့်သည်နေရာကို မုကျိုးယိဆီကနေ မင်းဆီကို အစားထိုးပြောင်းပေးလို့ရတယ်။ "

ကျယ်ယန် ခြေလှမ်းတို့တန့်သွားကာ နောက်ဆုံးတော့ ဖန်းချောင်နန်ကို ကြည့်လိုက်သည်။ သူ ဖန်းချောင်နန်၏ အမူအရာတွေကို သေချာအကဲခတ်ကြည့်ပြီးနောက် မျက်ခုံးပင့်သွားကာ အကြင်လူ၏ သဘောထားကို လက်ခံလိုက်​လေသည်။ "ကျွန်တော် အဲ့ဒီရှိုးမှာ ပါဖို့အချိန်မရှိလို့ ခယ့်လန်နဲ့ပဲ လဲပေးလိုက်ပါ။"

ဖန်းချောင်နန် အံ့အားသင့်သွား၏။ သူက ကျယ်ယန်ံ့ကို ဖြေရှင်းဖို့ခက်ခဲသော ပြဿနာတစ်ခုအလား လှည့်ကာ ဆိုသည်။
"ငါ ပရိုဂရမ်အဖွဲ့နဲ့ သွားစီစဥ်ထားလိုက်မယ်။ "

ကျယ်ယန် သူ့ဘက်ကနေစပြီး ဖန်းချောင်နန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဖန်းချောင်နန်မှာလည်း နောက်တစ်ဖန် ထပ်မံအံ့သြသွားရ၏။ ထို့နောက် သူလည်း လက်ကမ်းကာ ကျယ်ယန့်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ယန်ရှန်းကို ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးစေချင်ပါဗျာ။"

" ကေျးဇူးတင်ပါတယ် စီနီယာ ထိပ်သီးနေရာကိုရောက်နေတာ မအံ့သြတော့ပါဘူး။ " ကျယ်ယန် ပြုံးပြပြီး ဖန်းချောင်နန်ထံမှ ဗိုင်းရပ်စ်ကိုရှင်းလင်းရန် သူ့အစွမ်းကို အသုံးပြုလိုက်သည်။ ထို့နောက် လက်ပြန်ရုတ်၍ အဓိပ္ပါယ်အပြည့်နှင့် ပြုံးပြလိုက်၏။

"အနာဂတ်မှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အမျိုးသမီးတွေကို မပေါင်းသင်းတာက စီနီယာအတွက် ပိုကောင်းပါလိမ့်မယ်။ "

သတိပေးပြီးနောက် အမြန်လှည့်ထွက်ရင်း ပြဇာတ်ရုံဟောင်းဂိတ်ပေါက်မှာစောင့်နေသည့် ချင်းချောင်ဆီ သွားလိုက်သည်။

သူ ကားထဲဝင်ပြီး ဝူရွှေ့ကို ရုန်တင်းသို့ မောင်းစေ၏။ ထို့နောက် သူ့ဖုန်းကိုထုတ်ကာ ချိုးရှင်းထံ WeChat မက်ဆေ့ပို့လိုက်သည်။

ကျယ်ယန် : ကျွန်တော် ခင်ဗျားဆီလာမလို့။ အဆင်ပြေလား။

ချိုးရှင်းက စက္ကန့်ပိုင်းအတွင်း စာပြန်သည် : မပြေဘူး။

ကျယ်ယန် : ဒါဆိုလည်း ယန်ရှင်းပဲ ပြန်လိုက်တော့မယ်။

ခဏကြာတော့ ​ဖုန်းက တုန်ခါသွား၏။

ချိူးရှင်း : ဒီကိုပဲ လာခဲ့။

ကျယ်ယန် ကျေနပ်စွာဖြင့် ဖုန်းချလိုက်သည်။ မိနစ်ပေါင်းများစွာ ကုန်လွန်လို့သွားပြီးနောက် ကားက ရုန်တင်း၏ မြေအောက်ကားပါကင်တွင် ရပ်တန့်သွားခဲ့တော့သည်။ ကျယ်ယန် အထူးဓာတ်လှေကားဖြင့် ကိုးလွှာသို့တက်ခဲ့၏။ ဓာတ်လှေကားပွင့်သွားလေပြီ။

ဧည့်ခန်းထဲ၌ ချိုးရှင်းသည် စာရွက်စာတမ်းတွေကိုင်လျက် ဆိုဖာပေါ်တွင်ထိုင်နေ၏။ 'အလုပ်များနေတယ် ပြောစရာရှိတာ မြန်မြန်​ပြော ' ဟူသော မျက်နှာထားဖြင့်။ ကျယ်ယန်လည်း လျောက်လာရင်းဝင်ထိုင်လိုက်သည်။

ချိုးရှင်းက မျက်တောင်တောင်မခတ်ဘဲ ပေါပေါပဲပဲ မေးလာ၏။ "ဘာလဲ"

ကျယ်ယန်ကတော့ စားပွဲပေါ်က သိသိသာသာ ပူနွေးနေသော နှပ်လက်ဖက်ရည်နှင့် ပြင်ဆင်ထားသော အရသာရှိမည့် မုန့်ပဲသရေစာများကို ရှိုးကြည့်လိုက်သည်။ ထို့နောက် သူ့ဘာသာ လက်ဖက်ရည်တစ်ခွက်ငှဲ့၍ သောက်လိုက်လေသည်။ "ကျွန်တော် စန္ဒယားထားဖို့ ခင်ဗျားဆီက အခန်းတစ်ခန်းငှားချင်လို့။"

ချိုးရှင်း ချက်ချင်းလက်လင်းကို မျက်မှောင်ကြုတ်သွားကာ လှည့်ကြည့်ရင်းဖြင့် ပြန်မေးလိုက်သည်။ "ငှါးစရာလား?"

"ဒါပေါ့ ငှားချင်တာ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်း ကျွန်တော်တို့ဆက်ဆံရေးက အိမ်ငှားနဲ့အိမ်ရှင်ဆက်ဆံရေးပဲဆိုပြီး ခဏခဏ သတိပေးနေတာပဲလေ။ "

"......"

ချိုးရှင်း အလုပ်များနေပုံဖမ်းထားသော စက္ကူများကို ဘေးသို့ပစ်လိုက်ရင်း ကျယ်ယန့်ကို စူးစိုက်ကြည့်လိုက်သည်။ " အရင်တုန်းက မျက်နှာပြောင်သလောက် ခုမှ ဘာဖြစ်တာလဲ။ "

"သိပါပြီဗျာ " ကျယ်ယန် သူသောက်ပြီးသားလက်ဖက်ရည်ခွက်ကိုချကာ ထရပ်လိုက်သည်။ "စန္ဒယားသွားဝယ်ပြီးရင် အခန်းတစ်ခန်းရွေးထားလိုက်မယ်နော်။ စေတနာသဒ္ဒါတရားထက်သန်မှုအတွက် ကျေးဇူးပါဗျာ။ ခင်ဗျားအလုပ်ရှုပ်နေတယ်ဆိုတော့ ကျွန်တော် အရင်ပြန်နှင့်မယ်နော်။" ပြောပြီးတာနှင့် လှည့်ပင်မကြည့်ဘဲ ထွက်လာခဲ့တော့၏။

ဓာတ်လှေကားတံခါးက တဖြည်းဖြည်း ညှင်သာစွာ ပိတ်သွားလေသည်။

ချိုးရှင်းမှာ ဓာတ်လှေကားကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။ အတော်လေးကြာမှ ထောင့်နားလေးမှာရပ်နေသော ဟယ်ကျွင်းအား စောင်းငဲ့ကြည့်လိုက်၏။ "သူ ဘာပြောသွားတာလဲ။ ဘာအိမ်ငှားနဲ့ အိမ်ရှင်။ သူသိရဲ့သားနဲ့ ... ဘာလို့ ဒီလိုလုပ်သွားတာလဲ။"

ဟယ်ကျွင်း ကြံရခက်ပြီ။ "သူဌေးလေးက... ဘော့စ်ကိုလွမ်းနေတော့ ဘော့စ်ကိုတွေ့ဖို့ ဆင်ခြေရှာလာတာ ဖြစ်ပါလိမ့်မယ်။ ဒီလိုကနေ ဘော့စ်ရဲ့စေတနာတွေကို ခံစားမိသွားပြီး ရှက်သွားတာပါ။ သူကလေ-"

ချိုးရှင်းအသံက စိတ်ပျက်ဟန်ပေါက်သွားသည်။ "ငါ့များ ငတုံးငအ မှတ်နေလား။"

"...သူဌေးလေးက ဘော့စ်ကို တမင်စိတ်ဆိုးအောင် လုပ်သွားတာပါ။ " သူ အမှန်တရားကို ထုတ်ဖော်ပြောကြားလိုက်သည်။

ချိုးရှင်း ခဏတာ တိတ်ဆိတ်သွားလေ၏။ "မဖြစ်နိုင်တာ ငါ သူကို ထက်ပြီးစိတ်မဆိုးမိပါဘူး ... ဒါ ပုန်ကန်တဲ့ကာလပဲဖြစ်ရမယ် ! သူက အသက် ၂၀ ဆိုတော့ ပုန်ကန်ထကြွတတ်တဲ့ အသက်အရွယ် အပိုင်းအခြားက ပြီးသေးမှာမဟုတ်ဘူး ! သူ ကြီးပြင်းတာ ဘယ်လောက်နှေးလိုက်တုန်း ! ဒီလက်ဖက်ရည်တွေ သိမ်းလိုက်စမ်း !"

ထို့နောက် စာရွက်များကိုကောက်ကာ ရုံးခန်းထဲသို့ ပြန်ဝင်သွားလေတော့သည်။

ဟယ်ကျွင်း , "......"

***

ထိုနေ့ညတွင် ကျယ်ယန်သည် အချိန်ပိုပြီးမှ အိမ်ပြန်လာသော ချိုးရှင်းကို ဧည့်ခန်းထဲ၌ စောင့်နေခဲ့သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့တိုးလာပြီး ချိုးရှင်းလက်ကို ဆွဲကာဖမ်းလိုက်၏။ ထို့နောက် ချိုးရှင်းဘာမှမပြောနိုင်ခင် "ဂွတ်နိုက်"ဟုဆိုကာ အပေါ်ထပ်သို့ တက်ခဲ့လေသည်။

ချိုးရှင်းမှာ​တော့ တစ်နေလုံး ကြိုတင်လေ့ကျင်ခဲ့ပါသော စကားလုံးများက လည်ချောင်းထဲမှာ စို့သွားရ၏။ ဘယ်သူမှ မရှိတော့သော လှေကားထောင့်ကိုစိုက်ကြည့်ရင်း ရှူးရှူးရှဲရှဲဖြစ်လို့သွား၏။

နောက်နေ့မနက်တွင် ကျယ်ယန် ချိုးရှင်းအခန်းသို့ မသွားခဲ့ပေ။

နောက်ရက်တွေလည်း ကျယ်ယန် ချိုးရှင်းအခန်းကို ဘယ်နေ့မှ မနက်ပိုင်း မသွားခဲ့။ ညတိုင်း ချိုးရှင်းကို လက်ဆွဲနှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး နှုတ်ဆက်ပြီးလျှင်လည်း ဘေးမှာ ဘယ်တော့မှ ကြာကြာမနေပေ။

ချိုးရှင်းမျက်နှာကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး မည်းမှောင်မှုန်ကုတ်လာ၏။ ကျယ်ယန့်ကို မေးစရာရှိပေမဲ့ ဘယ်လိုဘယ်ပုံ မေးရမယ်မှန်း သူမသိနေ။ မည်သို့ပင်ဆိုစေ ကျယ်ယန်က သူ့ကို သိသိသာသာ ​ရှောင်နေတာမှမဟုတ်တာ။ သူက ချိုးရှင်းနှင့် နီးနီးကပ်ကပ် မနေရုံသာ။ ဒါ့အပြင် သူတို့နှစ်ယောက်က တကယ်ကို အလုပ်များကြတာကိုး။ ချိုးရှင်း အိမ်ပြန်နောက်ကျလျှင်နောက်ကျ မဟုတ်လျှင် ကျယ်ယန်က အိမ်ပြန်နောက်ကျသည်။ နေ့တိုင်း အိပ်ရာမဝင်ခင် ဘာစကားမှမပြောဖြစ်ကြသလို ရံဖန်ရံခါမှသာ မနက်စာ လက်စုံစားဖြစ်ကြ၏။ စုံချိန်ကိုမရှိကြ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ပတ်ကုန်သွားကာ B မြို့တော် ရုပ်မြင်သံကြားထုတ်လွှင့်ရေး၏ နှစ်သစ်ကူးပွဲတော်ရိုက်ကူးရေး ပြီးဆုံးသွား၏။ ကျယ်ယန်လည်း ဒါရိုက်တာကျိုးထံမှ audition ရလဒ်ကို စောင့်ဆိုင်းနေခဲ့သည်။

ကျယ်ယန် ပြုံးရင်း စိတ်လှုပ်ရှားနေသော ချင်းချောင်ကိုကြည့်ကာ အတည်ပြုလိုက်၏။

"ကျွန်တော် အောင်လား။ ဇာတ်ကောင်ကို ရခဲ့ရဲ့လား"

"အင်း စာချုပ်ချုပ်ပြီးတာနှင့် မြန်နိုင်သမျှမြန်အောင် ပို့ပေးမယ်လို့ ပြောလိုက်တယ်။ ရိုက်ကူးရေးကို ဧပြီလမှာစဖို့ မှန်းထားတယ်တဲ့။ ဒါရိုက်တာကျိုးက ရိုက်ကူးရေးမစခင် သရုပ်ဆောင်တွေကို လိုက်လျောညီထွေဖြစ်အောင် အချိန်အတိုင်းအတာတစ်ခုအထိ စောစော နေရာချချင်တယ်တဲ့။ ဒါ့ကြောင့် မတ်လနောက်ဆုံးထားပြီး ရိုက်ကူးရေးအဖွဲ့ကို ဝင်မှဖြစ်မယ်။ "

ကျယ်ယန်ကတော့ အခုထိမယုံနိုင်သေးပေ။ သူ တွေးထားပြီးသလို သူ့သီချင်းက ဒါရိုက်တာကျိုးကို ​ဖမ်းစားနိုင်ခဲ့တာဖြစ်ရမည်။ သူပြောလိုက်သည်။ "ဒါဆိုရင် အယ်လ်ဘမ်အသစ်ထုတ်ဖို့အချိန်ကို ပြန်ညှိဖို့လိုတာပေါ့။ "

အစက အယ်လ်ဘမ်အသစ်ကို နှစ်သစ်ကူးမှ စထုတ်ဖို့ စီစဥ်ခဲ့၏။ သို့သော် ရုပ်ရှင်ကလက်ခံလိုက်ပြီဆိုတော့ အယ်လ်ဘမ်ထုတ်ချိန်နှင့် ရုပ်ရှင်ရိုက်ကူးချိန်က ကွက်တိတိုက်သွားပြီ။

ချင်းချောင်က သူ့ကိုပြောလာ၏။ "ဒီရုပ်ရှင်ရိုက်ကူးဖို့ အတိုဆုံးအချိန်က လေးလ။ ရုပ်ရှင်ပြလည်း နောက်နှစ်ကုန်ခါနီးမှပဲ ပြလို့ရမှာ။ တစ်နှစ်လုံး မင်း ဘယ်မှာမှပေါ်မလာလို့ မဖြစ်ဘူးလေ။ အယ်လ်ဘမ်ထုတ်တာကို ရိုက်ကူးရေးအပြီးကိုမရွေ့ဖို့ ငါအကြံပေးချင်တယ်။"

"ဒါဆိုလည်း မရွေ့တော့ပါ့ဘူးဗျာ။ ရှေ့တိုးလိုက်ကြမယ်လေ။ အယ်လ်ဘမ်အသစ်အတွက် သီချင်းတွေကလည်း အဆင်သင့်ပဲ။ လောင်ရှို့ယူရဲ့အကူအညီနဲ့ဆို မြန်မြန်အသံသွင်းနိုင်မှာ။ ဒါပေမဲ့ MV ရိုက်ကူးရေးမှာ ကျွန်တော်မပါနိုင်တော့ဘူး။ "

ချင်းချောင် မျက်မှောင်ကြုတ်တာ ပြေလျော့သွား၏။ "အဆင်ပြေတာ​ပေါ့။ MV ရိုက်ကူးဖို့ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေကို ငှားလို့ရပါတယ်။ မင်းက ရိုးရိုး lip synching အခန်းလေးတွေရိုက်ဖို့ပဲလိုတာပါ။ ဒါဆို ဒီအတိုင်းပဲ စီစဥ်လိုက်သင့်လား။ "
[T/N: lip synching - MV ထဲမှာ ပါးစပ်လှုပ်ရုံလှုပ်ပြီး သီချင်းဆိုတဲ့အခန်းမျိုး]

ကျယ်ယန် ခေါင်းညိတ်​ပြလိုက်သည်။

နောက်ထပ် အလုပ်များသောနေ့ရက်များအပြီးတွင် ကျယ်ယန်သည် အနုပညာရှင်တစ်ယောက်အနေနှင့် သူအလုပ်များအားလုံး ပြီးဆုံးသွားပြီဖြစ်ကာ ကုမ္ပဏီ နှစ်ချုပ်အစည်းအဝေးကိုကျင်းပခဲ့၏။ အင်တာနက်ပေါ်၌ အဓိကရုပ်သံလွှင့်ဌာနများက သူတို့နှစ်ကုန်ပါတီများကို စတင်ပရိုမိုးရှင်းဆင်းနေကြလေပြီ။

နှစ်ချုပ်အစည်းအဝေးအပြီး ဒုတိယနေ့တွင် ကျယ်ယန်နှင့် ချိုးရှင်းသည် မားမားချိုးနှင့်အတူ နှစ်သစ်ကူးကိုဖြတ်သန်းရန် ဆေးရုံသို့ ကားဖြင့်ထွက်ခဲ့ကြသည်။ လမ်းတွင် ကျယ်ယန်ပျင်းလာ၍ Weibo သုံးလိုက်သည်။ အံ့သြစရာမရှိပေ hot search တွင် မုကျိုးယိနာမည်ကို တွေ့လိုက်ရသည်။

#အမိမြေကို သတိရခြင်းကို သီဆိုခဲ့တဲ့ မုကျိုးယိ #

ခေါင်းစဥ်ကို နှိပ်ကြည့်လိုက်ရာ Z မြို့တော်တီဗွီဆက်သွယ်ရေး Page ထိပ်ဆုံးတွင် တင်ထားသည့် ညနေခင်း အစမ်းလေ့ကျင့်မှု ဗီဒီယိုဖိုင်အရှည်ကို တွေ့လိုက်ရ၏။ ကျယ်ယန် နားကြပ်ရှာတပ်ကာ ဗီဒီယိုကိုဖွင့်လိုက်သည်။

ဗီဒီယိုမျက်နှာပြင်က နည်းနည်းတော့ မှောင်၏။ မုကျိုးယိက ခပ်မှိန်မှိန်ဝတ်စုံကိုဝတ်ဆင်ထားပြီး မီးရောင်ဖျော့ဖျော့ရှိသော စင်မြင့်ထက်က အခမ်းအနားမှူးနှင့်အတူ စင်မြင့်အလယ်မှာ မတ်တပ်ရပ်ကာ စကားပြောနေသည်ကို တွေ့ရသည်။ ထို့နောက် မုကျိုးယိက မိုက်ယူကာ သူမမျက်လုံးများကိုမှိတ်၍ သီချင်းစာသားအနည်းငယ်ကို စတင်သီဆို၏။

သာယာအေးငြိမ့်သော အမျိုးသမီးအသံက ပြတင်းပေါက်ကို လာရောက်တိုက်ခတ်သည့် ရေခဲမှုန်နှင့် နှင်းပွင့်များသဖွယ် ပျံ့လွင့်လာလေသည်။ ၎င်းက လူအများ၏ဦးနှောက်ကို ထုံထိုင်းလှုပ်ခါသွားစေသည်။ အချိန်ကိုက်ပဲ ရင်သက်ရှုမောဖွယ် သီချင်း effect နှင့် ပေါင်းစပ်သွားလေ​ပြီ။ ထို့နောက် လက်ခုပ်တီးသြဘာပေးနေသော ဗီလိန်ကာတွန်းပုံတစ်တန်းကြီးက စခရင်ပေါ်တွင်ပေါ်လာ၏။

ရိုက်ကွင်းနောက်ကွယ်( behind-the-scenes) ဗီဒီယိုသည်လည်း ပြီးဆုံးသွားလေပြီ။

မုကျိူးယိအသံကိုကြားရပြီးနောက် နောက်ဆက်တွဲ မသက်မသာမှုများကိုချေဖျက်ရန် သူ့စွမ်းအားကို ကျယ်ယန် သုံးခဲ့ရ၏။ ထို့နောက် နားကြယ်ကိုဖြုတ်ကာ comment များကို နှိပ်​ကြည့်လိုက်လေသည်။

အံ့ဖွယ်ပါပဲ။ အနှီဗီဒီယိုအောက်တွင် comment အများအပြား ရှိနေ၏။ ၎င်းက water army လက်ချက်မှန်း အရှင်းသားပင်။ လူအများက မုကျိုးယိ သီချင်းဆိုတာကောင်းမည်ဟု မမျှော်လင့်ထားကြပေ။ မုကျိုးယိက ပိုမိုတည်ငြိမ်လာပြီး အရင်ကထက် နှိမ့်ချတတ်လာသည်ဟု ဆိုကြ​သည်။ ရှေ့တစ်ခေါက်က မုကျိုးယိကို ပြစ်တင်ပြောဆိုခဲ့ကြသည့်အတွက် သနားနေခဲ့ကြကာ အားတက်သရော အားပေးနေကြ၏။ စစ်မှန်သောဘေးလူများက မုကျိုးယိကိုမကြိုက်ကြောင်းဖော်ပြကြသော်လည်း မနာလိုနေကြတာဟု တံဆိပ်ကပ်ခံကြရသည်။

"ခုနောက်ပိုင်း အမေ့အခြေအနေက ပိုကောင်းလာပြီး စိတ်ဖောက်တဲ့အချိန်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုနည်းလာပြီ။ "

ကျယ်ယန် ဖုန်းချကာ ချိုးရှင်းစကားများကို နားထောင်ရင်း သူ့ကိုကြည့်လိုက်သည်။ ချိုးရှင်းကတော့ ကျယ်ယန့်ကိုကြည့်မနေ။ သူ့မျက်လုံးများက လက်ထဲကမဂ္ဂဇင်းပေါ်မှာသာရှိနေပြီး လေးလေးနက်နက် ဆိုလာသည်။
"ကျယ်ယန် ငါတို့ပူပေါင်းမှုကို မင်းမေ့မသွားဖို့ မျှော်လင့်ပါတယ် "

ကျယ်ယန် နားလည်သမှုဖြင့် ပြန်ဖြေလိုက်သည်။ "ဒါပေါ့ ကျွန်တော်မမေ့ပါဘူး။ ကျွန်တော်ကို အန်တီက ဝယ်ထားတာလေ... ခင်ဗျားယောကျာ်းအနေနဲ့"

"......"

ချိုးရှင်းက မသက်မသာဖြစ်နေသော ကိုယ်နေဟန်ထားကိုပြောင်းလိုက်ကာ မဂ္ဂဇင်းကနေ အကြည့်ကိုမခွာသေးပေ။ သူ့အသံကတော့ ဆက်လက်လေးနက်နေဆဲ။

"ဟုတ်တယ် နောက်ဆို အမေနဲ့ ငါတို့ ခဏတ​ဖြုတ်နေပေးရတော့မှာ။ ဒီအချိန်အတွင်းမှာ မင်း ငါနဲ့ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် ... အဟမ်း ခင်ပွန်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်​ပေးဖို့​ပေါ့"

ကျယ်ယန် ရယ်ချင်ပေမဲ့ အောင့်ထားလိုက်သည်။ "ဒါပေါ့ဗျ။ ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် တခြားတစ်ယောက်ရဲ့​ယောကျာ်းအ​ဖြစ် ပထမဆုံးသရုပ်ဆောင်ရမှာဗျ။ Party B အနေနဲ့ ဘယ်လိုတာဝန်မျိုး ဆောင်ရွက်ရမလဲမသိဘူး။ ဒါ့ကြောင့်လေ Party A ဖြစ်တဲ့ ခင်ဗျားက ကျွန်တော့်ကို အသေးစိတ် ရှင်းပြပေးစေချင်တယ်။ "

ချိုးရှင်းက သည်စကားကို စောင့်နေတာပင်။ ချိုးရှင်း ခဏလောက် စဥ်းစားနေပုံပေါ်ပြီးမှ တည်ကြည်အေးစက်ပြီး ဂရုမစိုက်သော သံနေသံထားဖြင့်ဆိုလာသည်။

" ထွေထွေထူးထူး လုပ်စရာတော့ မလိုပါဘူး။ ငါ့အမေအရှေ့မှာ ငါနဲ့ လက်ပွန်းတတီး နီးနီးကပ်ကပ် နေပေးရုံပါပဲ။ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံပေးပြီးတော့ ... ချစ်.... အဟမ်း ငါ့ကို ပိုချစ်ပေး။"

"ခင်ဗျား အအေးမိနေတာလား။"

"ဟမ်?"

"ခင်ဗျားချောင်းဆိုးတာကို ဆက်တိုက်ကြားနေရလို့ပါဗျာ"

"... ရူးချင်ယောင်ဆောင်မနေနဲ့ ! ငါပြောတာတွေ နားလည်လား။"

ကျယ်ယန် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ် "

ကျယ်ယန်က လွယ်လွယ်ကူကူ သဘောတူလိုက်ရာ ချိုးရှင်းမှာ မယုံသင်္ကါဖြစ်သွားရ၏။ သူ မျက်မှောင်ကြုတ်တာ ကျယ်ယန့်ကို လှည့်ကြည့်လာသည်။ "တကယ်ရော နားလည်ရဲ့လား။"

"နားလည်ပါတယ်ဆိုမှဗျာ။" ရုတ်ခြည်းပဲ ကျယ်ယန်သည် ​ပေါင်​ပေါ်တင်ထားသည့် ချိုးရှင်းလက်ကို လှမ်းဆွဲကာ သူ့လက်ချောင်းများကို ချိုးရှင်းလက်ချောင်းများကြား အသာညှပ်လိုက်ပြီး ချိုးရှင်းလက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ ထို့နောက် ချိုးရှင်းကို မော့ကြည့်လိုက်သည်။ "ပိုကပ်ရဦးမလား။"

ချိုးရှင်းမှာတော့ ကျယ်ယန့်ကိုစိုက်ကြည့်ရင်း သူ့နှလုံးသားများက ဖရိုဖရဲခုန်လာသည်။ သူ့လက်ချောင်းများကို မသိမသာလှုပ်ကြည့်ပြီးနောက် ပြန်ဆုပ်ထွေးလိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်အကြည့်လွှဲရင်း ချီးကျူးလေ၏။

"အင်း တော်တယ်။"

ကျယ်ယန် ချိုးရှင်းနှင့် ပိုနီးအောင်ရွှေ့ထိုင်လိုက်သည်။

အနှီလူ၏ခန္ဓာကိုယ်ကို ပိုနီးကပ်စွာမှီစေလိုက်သည်။ ၎င်းက လက်မောင်း၊ လက်မောင်းချင်း ထိကပ်စေရုံသာဖြစ်ပေမဲ့လည်း ... ချိုးရှင်း လှုပ်ရှားသွားကာ ကျယ်ယန့်ကို လှည့်ကြည့်လိုက်မိသည်။ သူအသံက ထူးထူးဆန်းဆန်း တိုးဖျော့သွားကာ မေးလာသည်။ "ဘာဖြစ်ပြန်တာလဲ။"

ကျယ်ယန်ကတော့ သူ့လက်ချောင်းများ ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရတာကို ခံစားမိပြီး သဘောတကျပြုံးမိသွားသည်။ ထို့နောက် ကိုယ်ကိုမတ်မတ်ပြန်ထိုင်ကာ သူ့လက်ကိုပြန်ဆွဲယူရင်း ကတိပေးလိုက်သည်။ "ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါတယ်။ စိတ်မပူပါနဲ့ဗျာ။ တရုတ်နှစ်သစ်ကူးမှာ ကျွန်တော့်တာဝန်တွေကို တာဝန်ဝတ္တရားကျေပွန်စွာနဲ့ အကောင်းဆုံး ထမ်းဆောင်ပါမယ်ဗျာ။ "

ချိုးရှင်းမှာ လွှတ်ချခံလိုက်ရသော သူ့လက်ကို ငုံ့ကြည့်ရင်း မျက်စိမျက်နှာပျက်သွား၏။ ပြီးနောက် သူတို့ကြားက အကွာအဝေးကိုတစ်လှည့် စီးပွားရေးဆန်လှသော ကျယ်ယန်မျက်နှာကိုတစ်လှည့် ကြည့်နေမိ၏။ ချိုးရှင်း အမူအရာပြောင်းသွားကာ မွန်းကျပ်လာသလိုပင်။ ထို့ကြောင့် မဂ္ဂဇင်းကိုကောက်ပြီးသာ လှန်လှောကြည့်နေလိုက်တော့သည်။

[T/N: ပရိသတ်ကြီးရေ ချိုးချိုးက အရမ်း အရမ်း ချစ်ဖို့ကောင်းတာပဲ..... 😭😭❤]

━━━━━━━━━━━━━━━━━━━━━━━


Zawgyi
အခန္း (၇၁)

သူတို႔ ျပဇာတ္႐ုံအေဟာင္းထဲမွ ထြက္ခြာခဲ့ၾက၏။ ဖန္းေခ်ာင္နန္က ေနာက္မွာက်န္ေနရစ္ခဲ့ကာ က်ယ္ယန္ကိုေစာင့္ၿပီး ဆိုလာ၏။
"ငါေတာ့ ဒီဇာတ္ေကာင္ကို ရမွာမဟုတ္ေတာ့ဘူး"

က်ယ္ယန္လည္း မတုန္မလႈပ္ျဖင့္ ျပန္ေျဖလိုက္သည္။ "စီနီယာ ခင္ဗ်ား အဆိုးျမင္ဖို႔ မလိုပါဘူး "

ဖန္းေခ်ာင္နန္ အသံတိတ္သြား​ေလ၏။ က်ယ္ယန္ကေတာ့ ျမန္ျမန္ေလွ်ာက္ကာ ေက်ာ္တက္လိုက္ေတာ့သည္။

"မင္းအေၾကာင္း ငါ့ကိုေျပာျပခဲ့တဲ့လူက မုက်ိဳးယိဆိုတာ အမွန္ပဲ။" ဖန္းေခ်ာင္နန္က သူ႕ကိုလွမ္းဆြဲရင္း အသံတိုး၍​ေမးလာ​၏။ " Extreme Combat က ဧည့္သည္ေနရာကို မုက်ိဳးယိဆီကေန မင္းဆီကို အစားထိုးေျပာင္းေပးလို႔ရတယ္။ "

က်ယ္ယန္ ေျခလွမ္းတို႔တန့္သြားကာ ေနာက္ဆုံးေတာ့ ဖန္းေခ်ာင္နန္ကို ၾကည့္လိုက္သည္။ သူ ဖန္းေခ်ာင္နန္၏ အမူအရာေတြကို ေသခ်ာအကဲခတ္ၾကည့္ၿပီးေနာက္ မ်က္ခုံးပင့္သြားကာ အၾကင္လူ၏ သေဘာထားကို လက္ခံလိုက္​ေလသည္။ "ကြၽန္ေတာ္ အဲ့ဒီရွိုးမွာ ပါဖို႔အခ်ိန္မရွိလို႔ ခယ့္လန္နဲ႕ပဲ လဲေပးလိုက္ပါ။"

ဖန္းေခ်ာင္နန္ အံ့အားသင့္သြား၏။ သူက က်ယ္ယန္ံ့ကို ေျဖရွင္းဖို႔ခက္ခဲေသာ ျပႆနာတစ္ခုအလား လွည့္ကာ ဆိုသည္။
"ငါ ပရိုဂရမ္အဖြဲ႕နဲ႕ သြားစီစဥ္ထားလိုက္မယ္။ "

က်ယ္ယန္ သူ႕ဘက္ကေနစၿပီး ဖန္းေခ်ာင္နန္ကို လက္ဆြဲႏႈတ္ဆက္လိုက္သည္။

ဖန္းေခ်ာင္နန္မွာလည္း ေနာက္တစ္ဖန္ ထပ္မံအံ့ၾသသြားရ၏။ ထို႔ေနာက္ သူလည္း လက္ကမ္းကာ က်ယ္ယန့္ကို လက္ဆြဲႏႈတ္ဆက္လိုက္သည္။
"ယန္ရွန္းကို ကမာၻတစ္ဝွမ္း လႊမ္းမိုးေစခ်င္ပါဗ်ာ။"

" ေက်းဇူးတင္ပါတယ္ စီနီယာ ထိပ္သီးေနရာကိုေရာက္ေနတာ မအံ့ၾသေတာ့ပါဘူး။ " က်ယ္ယန္ ၿပဳံးျပၿပီး ဖန္းေခ်ာင္နန္ထံမွ ဗိုင္းရပ္စ္ကိုရွင္းလင္းရန္ သူ႕အစြမ္းကို အသုံးျပဳလိုက္သည္။ ထို႔ေနာက္ လက္ျပန္႐ုတ္၍ အဓိပၸါယ္အျပည့္ႏွင့္ ၿပဳံးျပလိုက္၏။

"အနာဂတ္မွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႕ အမ်ိဳးသမီးေတြကို မေပါင္းသင္းတာက စီနီယာအတြက္ ပိုေကာင္းပါလိမ့္မယ္။ "

သတိေပးၿပီးေနာက္ အျမန္လွည့္ထြက္ရင္း ျပဇာတ္႐ုံေဟာင္းဂိတ္ေပါက္မွာေစာင့္ေနသည့္ ခ်င္းေခ်ာင္ဆီ သြားလိုက္သည္။

သူ ကားထဲဝင္ၿပီး ဝူေ႐ႊ႕ကို ႐ုန္တင္းသို႔ ေမာင္းေစ၏။ ထို႔ေနာက္ သူ႕ဖုန္းကိုထုတ္ကာ ခ်ိဳးရွင္းထံ WeChat မက္ေဆ့ပို႔လိုက္သည္။

က်ယ္ယန္ : ကြၽန္ေတာ္ ခင္ဗ်ားဆီလာမလို႔။ အဆင္ေျပလား။

ခ်ိဳးရွင္းက စကၠန့္ပိုင္းအတြင္း စာျပန္သည္ : မေျပဘူး။

က်ယ္ယန္ : ဒါဆိုလည္း ယန္ရွင္းပဲ ျပန္လိုက္ေတာ့မယ္။

ခဏၾကာေတာ့ ​ဖုန္းက တုန္ခါသြား၏။

ခ်ိဴးရွင္း : ဒီကိုပဲ လာခဲ့။

က်ယ္ယန္ ေက်နပ္စြာျဖင့္ ဖုန္းခ်လိဳက္သည္။ မိနစ္ေပါင္းမ်ားစြာ ကုန္လြန္လို႔သြားၿပီးေနာက္ ကားက ႐ုန္တင္း၏ ေျမေအာက္ကားပါကင္တြင္ ရပ္တန့္သြားခဲ့ေတာ့သည္။ က်ယ္ယန္ အထူးဓာတ္ေလွကားျဖင့္ ကိုးလႊာသို႔တက္ခဲ့၏။ ဓာတ္ေလွကားပြင့္သြားေလၿပီ။

ဧည့္ခန္းထဲ၌ ခ်ိဳးရွင္းသည္ စာ႐ြက္စာတမ္းေတြကိုင္လ်က္ ဆိုဖာေပၚတြင္ထိုင္ေန၏။ 'အလုပ္မ်ားေနတယ္ ေျပာစရာရွိတာ ျမန္ျမန္​ေျပာ ' ဟူေသာ မ်က္ႏွာထားျဖင့္။ က်ယ္ယန္လည္း ေလ်ာက္လာရင္းဝင္ထိုင္လိုက္သည္။

ခ်ိဳးရွင္းက မ်က္ေတာင္ေတာင္မခတ္ဘဲ ေပါေပါပဲပဲ ေမးလာ၏။ "ဘာလဲ"

က်ယ္ယန္ကေတာ့ စားပြဲေပၚက သိသိသာသာ ပူေႏြးေနေသာ ႏွပ္လက္ဖက္ရည္ႏွင့္ ျပင္ဆင္ထားေသာ အရသာရွိမည့္ မုန့္ပဲသေရစာမ်ားကို ရွိုးၾကည့္လိုက္သည္။ ထို႔ေနာက္ သူ႕ဘာသာ လက္ဖက္ရည္တစ္ခြက္ငွဲ႕၍ ေသာက္လိုက္ေလသည္။ "ကြၽန္ေတာ္ စႏၵယားထားဖို႔ ခင္ဗ်ားဆီက အခန္းတစ္ခန္းငွားခ်င္လို႔။"

ခ်ိဳးရွင္း ခ်က္ခ်င္းလက္လင္းကို မ်က္ေမွာင္ၾကဳတ္သြားကာ လွည့္ၾကည့္ရင္းျဖင့္ ျပန္ေမးလိုက္သည္။ "ငွါးစရာလား?"

"ဒါေပါ့ ငွားခ်င္တာ။ ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားလည္း ကြၽန္ေတာ္တို႔ဆက္ဆံေရးက အိမ္ငွားနဲ႕အိမ္ရွင္ဆက္ဆံေရးပဲဆိုၿပီး ခဏခဏ သတိေပးေနတာပဲေလ။ "

"......"

ခ်ိဳးရွင္း အလုပ္မ်ားေနပုံဖမ္းထားေသာ စကၠဴမ်ားကို ေဘးသို႔ပစ္လိုက္ရင္း က်ယ္ယန့္ကို စူးစိုက္ၾကည့္လိုက္သည္။ " အရင္တုန္းက မ်က္ႏွာေျပာင္သေလာက္ ခုမွ ဘာျဖစ္တာလဲ။ "

"သိပါၿပီဗ်ာ " က်ယ္ယန္ သူေသာက္ၿပီးသားလက္ဖက္ရည္ခြက္ကိုခ်ကာ ထရပ္လိုက္သည္။ "စႏၵယားသြားဝယ္ၿပီးရင္ အခန္းတစ္ခန္းေ႐ြးထားလိုက္မယ္ေနာ္။ ေစတနာသဒၵါတရားထက္သန္မႈအတြက္ ေက်းဇူးပါဗ်ာ။ ခင္ဗ်ားအလုပ္ရႈပ္ေနတယ္ဆိုေတာ့ ကြၽန္ေတာ္ အရင္ျပန္ႏွင့္မယ္ေနာ္။" ေျပာၿပီးတာႏွင့္ လွည့္ပင္မၾကည့္ဘဲ ထြက္လာခဲ့ေတာ့၏။

ဓာတ္ေလွကားတံခါးက တျဖည္းျဖည္း ညွင္သာစြာ ပိတ္သြားေလသည္။

ခ်ိဳးရွင္းမွာ ဓာတ္ေလွကားကို မယုံၾကည္နိုင္ဟန္ျဖင့္ စိုက္ၾကည့္ေနမိသည္။ အေတာ္ေလးၾကာမွ ေထာင့္နားေလးမွာရပ္ေနေသာ ဟယ္ကြၽင္းအား ေစာင္းငဲ့ၾကည့္လိုက္၏။ "သူ ဘာေျပာသြားတာလဲ။ ဘာအိမ္ငွားနဲ႕ အိမ္ရွင္။ သူသိရဲ႕သားနဲ႕ ... ဘာလို႔ ဒီလိုလုပ္သြားတာလဲ။"

ဟယ္ကြၽင္း ႀကံရခက္ၿပီ။ "သူေဌးေလးက... ေဘာ့စ္ကိုလြမ္းေနေတာ့ ေဘာ့စ္ကိုေတြ႕ဖို႔ ဆင္ေျခရွာလာတာ ျဖစ္ပါလိမ့္မယ္။ ဒီလိုကေန ေဘာ့စ္ရဲ႕ေစတနာေတြကို ခံစားမိသြားၿပီး ရွက္သြားတာပါ။ သူကေလ-"

ခ်ိဳးရွင္းအသံက စိတ္ပ်က္ဟန္ေပါက္သြားသည္။ "ငါ့မ်ား ငတုံးငအ မွတ္ေနလား။"

"...သူေဌးေလးက ေဘာ့စ္ကို တမင္စိတ္ဆိုးေအာင္ လုပ္သြားတာပါ။ " သူ အမွန္တရားကို ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ခ်ိဳးရွင္း ခဏတာ တိတ္ဆိတ္သြားေလ၏။ "မျဖစ္နိုင္တာ ငါ သူကို ထက္ၿပီးစိတ္မဆိုးမိပါဘူး ... ဒါ ပုန္ကန္တဲ့ကာလပဲျဖစ္ရမယ္ ! သူက အသက္ ၂၀ ဆိုေတာ့ ပုန္ကန္ထႂကြတတ္တဲ့ အသက္အ႐ြယ္ အပိုင္းအျခားက ၿပီးေသးမွာမဟုတ္ဘူး ! သူ ႀကီးျပင္းတာ ဘယ္ေလာက္ေႏွးလိုက္တုန္း ! ဒီလက္ဖက္ရည္ေတြ သိမ္းလိုက္စမ္း !"

ထို႔ေနာက္ စာ႐ြက္မ်ားကိုေကာက္ကာ ႐ုံးခန္းထဲသို႔ ျပန္ဝင္သြားေလေတာ့သည္။

ဟယ္ကြၽင္း , "......"

***

ထိုေန႕ညတြင္ က်ယ္ယန္သည္ အခ်ိန္ပိုၿပီးမွ အိမ္ျပန္လာေသာ ခ်ိဳးရွင္းကို ဧည့္ခန္းထဲ၌ ေစာင့္ေနခဲ့သည္။ သူက တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေရွ႕တိုးလာၿပီး ခ်ိဳးရွင္းလက္ကို ဆြဲကာဖမ္းလိုက္၏။ ထို႔ေနာက္ ခ်ိဳးရွင္းဘာမွမေျပာနိုင္ခင္ "ဂြတ္နိုက္"ဟုဆိုကာ အေပၚထပ္သို႔ တက္ခဲ့ေလသည္။

ခ်ိဳးရွင္းမွာ​ေတာ့ တစ္ေနလုံး ႀကိဳတင္ေလ့က်င္ခဲ့ပါေသာ စကားလုံးမ်ားက လည္ေခ်ာင္းထဲမွာ စို႔သြားရ၏။ ဘယ္သူမွ မရွိေတာ့ေသာ ေလွကားေထာင့္ကိုစိုက္ၾကည့္ရင္း ရႉးရႉးရွဲရွဲျဖစ္လို႔သြား၏။

ေနာက္ေန႕မနက္တြင္ က်ယ္ယန္ ခ်ိဳးရွင္းအခန္းသို႔ မသြားခဲ့ေပ။

ေနာက္ရက္ေတြလည္း က်ယ္ယန္ ခ်ိဳးရွင္းအခန္းကို ဘယ္ေန႕မွ မနက္ပိုင္း မသြားခဲ့။ ညတိုင္း ခ်ိဳးရွင္းကို လက္ဆြဲႏႈတ္ဆက္႐ုံသာ ႏႈတ္ဆက္ၿပီး ႏႈတ္ဆက္ၿပီးလွ်င္လည္း ေဘးမွာ ဘယ္ေတာ့မွ ၾကာၾကာမေနေပ။

ခ်ိဳးရွင္းမ်က္ႏွာကေတာ့ တစ္ေန႕ထက္တစ္ေန႕ ပိုပိုၿပီး မည္းေမွာင္မႈန္ကုတ္လာ၏။ က်ယ္ယန့္ကို ေမးစရာရွိေပမဲ့ ဘယ္လိုဘယ္ပုံ ေမးရမယ္မွန္း သူမသိေန။ မည္သို႔ပင္ဆိုေစ က်ယ္ယန္က သူ႕ကို သိသိသာသာ ​ေရွာင္ေနတာမွမဟုတ္တာ။ သူက ခ်ိဳးရွင္းႏွင့္ နီးနီးကပ္ကပ္ မေန႐ုံသာ။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္က တကယ္ကို အလုပ္မ်ားၾကတာကိုး။ ခ်ိဳးရွင္း အိမ္ျပန္ေနာက္က်လွ်င္ေနာက္က် မဟုတ္လွ်င္ က်ယ္ယန္က အိမ္ျပန္ေနာက္က်သည္။ ေန႕တိုင္း အိပ္ရာမဝင္ခင္ ဘာစကားမွမေျပာျဖစ္ၾကသလို ရံဖန္ရံခါမွသာ မနက္စာ လက္စုံစားျဖစ္ၾက၏။ စုံခ်ိန္ကိုမရွိၾက။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ တစ္ပတ္ကုန္သြားကာ B ၿမိဳ႕ေတာ္ ႐ုပ္ျမင္သံၾကားထုတ္လႊင့္ေရး၏ ႏွစ္သစ္ကူးပြဲေတာ္ရိုက္ကူးေရး ၿပီးဆုံးသြား၏။ က်ယ္ယန္လည္း ဒါရိုက္တာက်ိဳးထံမွ audition ရလဒ္ကို ေစာင့္ဆိုင္းေနခဲ့သည္။

က်ယ္ယန္ ၿပဳံးရင္း စိတ္လႈပ္ရွားေနေသာ ခ်င္းေခ်ာင္ကိုၾကည့္ကာ အတည္ျပဳလိုက္၏။

"ကြၽန္ေတာ္ ေအာင္လား။ ဇာတ္ေကာင္ကို ရခဲ့ရဲ႕လား"

"အင္း စာခ်ဳပ္ခ်ဳပ္ၿပီးတာႏွင့္ ျမန္နိုင္သမွ်ျမန္ေအာင္ ပို႔ေပးမယ္လို႔ ေျပာလိုက္တယ္။ ရိုက္ကူးေရးကို ဧၿပီလမွာစဖို႔ မွန္းထားတယ္တဲ့။ ဒါရိုက္တာက်ိဳးက ရိုက္ကူးေရးမစခင္ သ႐ုပ္ေဆာင္ေတြကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာေစာ ေနရာခ်ခ်င္တယ္တဲ့။ ဒါ့ေၾကာင့္ မတ္လေနာက္ဆုံးထားၿပီး ရိုက္ကူးေရးအဖြဲ႕ကို ဝင္မွျဖစ္မယ္။ "

က်ယ္ယန္ကေတာ့ အခုထိမယုံနိုင္ေသးေပ။ သူ ေတြးထားၿပီးသလို သူ႕သီခ်င္းက ဒါရိုက္တာက်ိဳးကို ​ဖမ္းစားနိုင္ခဲ့တာျဖစ္ရမည္။ သူေျပာလိုက္သည္။ "ဒါဆိုရင္ အယ္လ္ဘမ္အသစ္ထုတ္ဖို႔အခ်ိန္ကို ျပန္ညွိဖို႔လိုတာေပါ့။ "

အစက အယ္လ္ဘမ္အသစ္ကို ႏွစ္သစ္ကူးမွ စထုတ္ဖို႔ စီစဥ္ခဲ့၏။ သို႔ေသာ္ ႐ုပ္ရွင္ကလက္ခံလိုက္ၿပီဆိုေတာ့ အယ္လ္ဘမ္ထုတ္ခ်ိန္ႏွင့္ ႐ုပ္ရွင္ရိုက္ကူးခ်ိန္က ကြက္တိတိုက္သြားၿပီ။

ခ်င္းေခ်ာင္က သူ႕ကိုေျပာလာ၏။ "ဒီ႐ုပ္ရွင္ရိုက္ကူးဖို႔ အတိုဆုံးအခ်ိန္က ေလးလ။ ႐ုပ္ရွင္ျပလည္း ေနာက္ႏွစ္ကုန္ခါနီးမွပဲ ျပလို႔ရမွာ။ တစ္ႏွစ္လုံး မင္း ဘယ္မွာမွေပၚမလာလို႔ မျဖစ္ဘူးေလ။ အယ္လ္ဘမ္ထုတ္တာကို ရိုက္ကူးေရးအၿပီးကိုမေ႐ြ႕ဖို႔ ငါအႀကံေပးခ်င္တယ္။"

"ဒါဆိုလည္း မေ႐ြ႕ေတာ့ပါ့ဘူးဗ်ာ။ ေရွ႕တိုးလိုက္ၾကမယ္ေလ။ အယ္လ္ဘမ္အသစ္အတြက္ သီခ်င္းေတြကလည္း အဆင္သင့္ပဲ။ ေလာင္ရွို႔ယူရဲ႕အကူအညီနဲ႕ဆို ျမန္ျမန္အသံသြင္းနိုင္မွာ။ ဒါေပမဲ့ MV ရိုက္ကူးေရးမွာ ကြၽန္ေတာ္မပါနိုင္ေတာ့ဘူး။ "

ခ်င္းေခ်ာင္ မ်က္ေမွာင္ၾကဳတ္တာ ေျပေလ်ာ့သြား၏။ "အဆင္ေျပတာ​ေပါ့။ MV ရိုက္ကူးဖို႔ ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္ေတြကို ငွားလို႔ရပါတယ္။ မင္းက ရိုးရိုး lip synching အခန္းေလးေတြရိုက္ဖို႔ပဲလိုတာပါ။ ဒါဆို ဒီအတိုင္းပဲ စီစဥ္လိုက္သင့္လား။ "
[T/N: lip synching - MV ထဲမွာ ပါးစပ္လႈပ္႐ုံလႈပ္ၿပီး သီခ်င္းဆိုတဲ့အခန္းမ်ိဳး]

က်ယ္ယန္ ေခါင္းညိတ္​ျပလိုက္သည္။

ေနာက္ထပ္ အလုပ္မ်ားေသာေန႕ရက္မ်ားအၿပီးတြင္ က်ယ္ယန္သည္ အႏုပညာရွင္တစ္ေယာက္အေနႏွင့္ သူအလုပ္မ်ားအားလုံး ၿပီးဆုံးသြားၿပီျဖစ္ကာ ကုမၸဏီ ႏွစ္ခ်ဳပ္အစည္းအေဝးကိုက်င္းပခဲ့၏။ အင္တာနက္ေပၚ၌ အဓိက႐ုပ္သံလႊင့္ဌာနမ်ားက သူတို႔ႏွစ္ကုန္ပါတီမ်ားကို စတင္ပရိုမိုးရွင္းဆင္းေနၾကေလၿပီ။

ႏွစ္ခ်ဳပ္အစည္းအေဝးအၿပီး ဒုတိယေန႕တြင္ က်ယ္ယန္ႏွင့္ ခ်ိဳးရွင္းသည္ မားမားခ်ိဳးႏွင့္အတူ ႏွစ္သစ္ကူးကိုျဖတ္သန္းရန္ ေဆး႐ုံသို႔ ကားျဖင့္ထြက္ခဲ့ၾကသည္။ လမ္းတြင္ က်ယ္ယန္ပ်င္းလာ၍ Weibo သုံးလိုက္သည္။ အံ့ၾသစရာမရွိေပ hot search တြင္ မုက်ိဳးယိနာမည္ကို ေတြ႕လိုက္ရသည္။

#အမိေျမကို သတိရျခင္းကို သီဆိုခဲ့တဲ့ မုက်ိဳးယိ #

ေခါင္းစဥ္ကို ႏွိပ္ၾကည့္လိုက္ရာ Z ၿမိဳ႕ေတာ္တီဗြီဆက္သြယ္ေရး Page ထိပ္ဆုံးတြင္ တင္ထားသည့္ ညေနခင္း အစမ္းေလ့က်င့္မႈ ဗီဒီယိုဖိုင္အရွည္ကို ေတြ႕လိုက္ရ၏။ က်ယ္ယန္ နားၾကပ္ရွာတပ္ကာ ဗီဒီယိုကိုဖြင့္လိုက္သည္။

ဗီဒီယိုမ်က္ႏွာျပင္က နည္းနည္းေတာ့ ေမွာင္၏။ မုက်ိဳးယိက ခပ္မွိန္မွိန္ဝတ္စုံကိုဝတ္ဆင္ထားၿပီး မီးေရာင္ေဖ်ာ့ေဖ်ာ့ရွိေသာ စင္ျမင့္ထက္က အခမ္းအနားမႉးႏွင့္အတူ စင္ျမင့္အလယ္မွာ မတ္တပ္ရပ္ကာ စကားေျပာေနသည္ကို ေတြ႕ရသည္။ ထို႔ေနာက္ မုက်ိဳးယိက မိုက္ယူကာ သူမမ်က္လုံးမ်ားကိုမွိတ္၍ သီခ်င္းစာသားအနည္းငယ္ကို စတင္သီဆို၏။

သာယာေအးၿငိမ့္ေသာ အမ်ိဳးသမီးအသံက ျပတင္းေပါက္ကို လာေရာက္တိုက္ခတ္သည့္ ေရခဲမႈန္ႏွင့္ ႏွင္းပြင့္မ်ားသဖြယ္ ပ်ံ့လြင့္လာေလသည္။ ၎က လူအမ်ား၏ဦးေႏွာက္ကို ထုံထိုင္းလႈပ္ခါသြားေစသည္။ အခ်ိန္ကိုက္ပဲ ရင္သက္ရႈေမာဖြယ္ သီခ်င္း effect ႏွင့္ ေပါင္းစပ္သြားေလ​ၿပီ။ ထို႔ေနာက္ လက္ခုပ္တီးၾသဘာေပးေနေသာ ဗီလိန္ကာတြန္းပုံတစ္တန္းႀကီးက စခရင္ေပၚတြင္ေပၚလာ၏။

ရိုက္ကြင္းေနာက္ကြယ္( behind-the-scenes) ဗီဒီယိုသည္လည္း ၿပီးဆုံးသြားေလၿပီ။

မုက်ိဴးယိအသံကိုၾကားရၿပီးေနာက္ ေနာက္ဆက္တြဲ မသက္မသာမႈမ်ားကိုေခ်ဖ်က္ရန္ သူ႕စြမ္းအားကို က်ယ္ယန္ သုံးခဲ့ရ၏။ ထို႔ေနာက္ နားၾကယ္ကိုျဖဳတ္ကာ comment မ်ားကို ႏွိပ္​ၾကည့္လိုက္ေလသည္။

အံ့ဖြယ္ပါပဲ။ အႏွီဗီဒီယိုေအာက္တြင္ comment အမ်ားအျပား ရွိေန၏။ ၎က water army လက္ခ်က္မွန္း အရွင္းသားပင္။ လူအမ်ားက မုက်ိဳးယိ သီခ်င္းဆိုတာေကာင္းမည္ဟု မေမွ်ာ္လင့္ထားၾကေပ။ မုက်ိဳးယိက ပိုမိုတည္ၿငိမ္လာၿပီး အရင္ကထက္ ႏွိမ့္ခ်တတ္လာသည္ဟု ဆိုၾက​သည္။ ေရွ႕တစ္ေခါက္က မုက်ိဳးယိကို ျပစ္တင္ေျပာဆိုခဲ့ၾကသည့္အတြက္ သနားေနခဲ့ၾကကာ အားတက္သေရာ အားေပးေနၾက၏။ စစ္မွန္ေသာေဘးလူမ်ားက မုက်ိဳးယိကိုမႀကိဳက္ေၾကာင္းေဖာ္ျပၾကေသာ္လည္း မနာလိုေနၾကတာဟု တံဆိပ္ကပ္ခံၾကရသည္။

"ခုေနာက္ပိုင္း အေမ့အေျခအေနက ပိုေကာင္းလာၿပီး စိတ္ေဖာက္တဲ့အခ်ိန္ကလည္း တစ္ေန႕ထက္တစ္ေန႕ ပိုနည္းလာၿပီ။ "

က်ယ္ယန္ ဖုန္းခ်ကာ ခ်ိဳးရွင္းစကားမ်ားကို နားေထာင္ရင္း သူ႕ကိုၾကည့္လိုက္သည္။ ခ်ိဳးရွင္းကေတာ့ က်ယ္ယန့္ကိုၾကည့္မေန။ သူ႕မ်က္လုံးမ်ားက လက္ထဲကမဂၢဇင္းေပၚမွာသာရွိေနၿပီး ေလးေလးနက္နက္ ဆိုလာသည္။
"က်ယ္ယန္ ငါတို႔ပူေပါင္းမႈကို မင္းေမ့မသြားဖို႔ ေမွ်ာ္လင့္ပါတယ္ "

က်ယ္ယန္ နားလည္သမႈျဖင့္ ျပန္ေျဖလိုက္သည္။ "ဒါေပါ့ ကြၽန္ေတာ္မေမ့ပါဘူး။ ကြၽန္ေတာ္ကို အန္တီက ဝယ္ထားတာေလ... ခင္ဗ်ားေယာက်ာ္းအေနနဲ႕"

"......"

ခ်ိဳးရွင္းက မသက္မသာျဖစ္ေနေသာ ကိုယ္ေနဟန္ထားကိုေျပာင္းလိုက္ကာ မဂၢဇင္းကေန အၾကည့္ကိုမခြာေသးေပ။ သူ႕အသံကေတာ့ ဆက္လက္ေလးနက္ေနဆဲ။

"ဟုတ္တယ္ ေနာက္ဆို အေမနဲ႕ ငါတို႔ ခဏတ​ျဖဳတ္ေနေပးရေတာ့မွာ။ ဒီအခ်ိန္အတြင္းမွာ မင္း ငါနဲ႕ပူးေပါင္းေပးဖို႔ ေမွ်ာ္လင့္ပါတယ္ ... အဟမ္း ခင္ပြန္းတစ္ေယာက္အေနနဲ႕ သ႐ုပ္ေဆာင္​ေပးဖို႔​ေပါ့"

က်ယ္ယန္ ရယ္ခ်င္ေပမဲ့ ေအာင့္ထားလိုက္သည္။ "ဒါေပါ့ဗ်။ ဒါေပမဲ့ ဒါက ကြၽန္ေတာ့္အတြက္ တျခားတစ္ေယာက္ရဲ႕​ေယာက်ာ္းအ​ျဖစ္ ပထမဆုံးသ႐ုပ္ေဆာင္ရမွာဗ်။ Party B အေနနဲ႕ ဘယ္လိုတာဝန္မ်ိဳး ေဆာင္႐ြက္ရမလဲမသိဘူး။ ဒါ့ေၾကာင့္ေလ Party A ျဖစ္တဲ့ ခင္ဗ်ားက ကြၽန္ေတာ့္ကို အေသးစိတ္ ရွင္းျပေပးေစခ်င္တယ္။ "

ခ်ိဳးရွင္းက သည္စကားကို ေစာင့္ေနတာပင္။ ခ်ိဳးရွင္း ခဏေလာက္ စဥ္းစားေနပုံေပၚၿပီးမွ တည္ၾကည္ေအးစက္ၿပီး ဂ႐ုမစိုက္ေသာ သံေနသံထားျဖင့္ဆိုလာသည္။

" ေထြေထြထူးထူး လုပ္စရာေတာ့ မလိုပါဘူး။ ငါ့အေမအေရွ႕မွာ ငါနဲ႕ လက္ပြန္းတတီး နီးနီးကပ္ကပ္ ေနေပး႐ုံပါပဲ။ ပိုၿပီး ရင္းရင္းႏွီးႏွီး ဆက္ဆံေပးၿပီးေတာ့ ... ခ်စ္.... အဟမ္း ငါ့ကို ပိုခ်စ္ေပး။"

"ခင္ဗ်ား အေအးမိေနတာလား။"

"ဟမ္?"

"ခင္ဗ်ားေခ်ာင္းဆိုးတာကို ဆက္တိုက္ၾကားေနရလို႔ပါဗ်ာ"

"... ႐ူးခ်င္ေယာင္ေဆာင္မေနနဲ႕ ! ငါေျပာတာေတြ နားလည္လား။"

က်ယ္ယန္ မဆိုင္းမတြ ေခါင္းညိတ္လိုက္သည္။ "ကြၽန္ေတာ္ နားလည္ပါတယ္ "

က်ယ္ယန္က လြယ္လြယ္ကူကူ သေဘာတူလိုက္ရာ ခ်ိဳးရွင္းမွာ မယုံသကၤါျဖစ္သြားရ၏။ သူ မ်က္ေမွာင္ၾကဳတ္တာ က်ယ္ယန့္ကို လွည့္ၾကည့္လာသည္။ "တကယ္ေရာ နားလည္ရဲ႕လား။"

"နားလည္ပါတယ္ဆိုမွဗ်ာ။" ႐ုတ္ျခည္းပဲ က်ယ္ယန္သည္ ​ေပါင္​ေပၚတင္ထားသည့္ ခ်ိဳးရွင္းလက္ကို လွမ္းဆြဲကာ သူ႕လက္ေခ်ာင္းမ်ားကို ခ်ိဳးရွင္းလက္ေခ်ာင္းမ်ားၾကား အသာညွပ္လိုက္ၿပီး ခ်ိဳးရွင္းလက္ကို တင္းတင္းဆုပ္ထားလိုက္သည္။ ထို႔ေနာက္ ခ်ိဳးရွင္းကို ေမာ့ၾကည့္လိုက္သည္။ "ပိုကပ္ရဦးမလား။"

ခ်ိဳးရွင္းမွာေတာ့ က်ယ္ယန့္ကိုစိုက္ၾကည့္ရင္း သူ႕ႏွလုံးသားမ်ားက ဖရိုဖရဲခုန္လာသည္။ သူ႕လက္ေခ်ာင္းမ်ားကို မသိမသာလႈပ္ၾကည့္ၿပီးေနာက္ ျပန္ဆုပ္ေထြးလိုက္သည္။ ထို႔ေနာက္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္အၾကည့္လႊဲရင္း ခ်ီးက်ဴးေလ၏။

"အင္း ေတာ္တယ္။"

က်ယ္ယန္ ခ်ိဳးရွင္းႏွင့္ ပိုနီးေအာင္ေ႐ႊ႕ထိုင္လိုက္သည္။

အႏွီလူ၏ခႏၶာကိုယ္ကို ပိုနီးကပ္စြာမွီေစလိုက္သည္။ ၎က လက္ေမာင္း၊ လက္ေမာင္းခ်င္း ထိကပ္ေစ႐ုံသာျဖစ္ေပမဲ့လည္း ... ခ်ိဳးရွင္း လႈပ္ရွားသြားကာ က်ယ္ယန့္ကို လွည့္ၾကည့္လိုက္မိသည္။ သူအသံက ထူးထူးဆန္းဆန္း တိုးေဖ်ာ့သြားကာ ေမးလာသည္။ "ဘာျဖစ္ျပန္တာလဲ။"

က်ယ္ယန္ကေတာ့ သူ႕လက္ေခ်ာင္းမ်ား ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္ခံလိုက္ရတာကို ခံစားမိၿပီး သေဘာတက်ၿပဳံးမိသြားသည္။ ထို႔ေနာက္ ကိုယ္ကိုမတ္မတ္ျပန္ထိုင္ကာ သူ႕လက္ကိုျပန္ဆြဲယူရင္း ကတိေပးလိုက္သည္။ "ဘာလုပ္ရမလဲဆိုတာ ကြၽန္ေတာ္သိပါတယ္။ စိတ္မပူပါနဲ႕ဗ်ာ။ တ႐ုတ္ႏွစ္သစ္ကူးမွာ ကြၽန္ေတာ့္တာဝန္ေတြကို တာဝန္ဝတၱရားေက်ပြန္စြာနဲ႕ အေကာင္းဆုံး ထမ္းေဆာင္ပါမယ္ဗ်ာ။ "

ခ်ိဳးရွင္းမွာ လႊတ္ခ်ခံလိုက္ရေသာ သူ႕လက္ကို ငုံ႕ၾကည့္ရင္း မ်က္စိမ်က္ႏွာပ်က္သြား၏။ ၿပီးေနာက္ သူတို႔ၾကားက အကြာအေဝးကိုတစ္လွည့္ စီးပြားေရးဆန္လွေသာ က်ယ္ယန္မ်က္ႏွာကိုတစ္လွည့္ ၾကည့္ေနမိ၏။ ခ်ိဳးရွင္း အမူအရာေျပာင္းသြားကာ မြန္းက်ပ္လာသလိုပင္။ ထို႔ေၾကာင့္ မဂၢဇင္းကိုေကာက္ၿပီးသာ လွန္ေလွာၾကည့္ေနလိုက္ေတာ့သည္။

[T/N: ပရိသတ္ႀကီးေရ ခ်ိဳးခ်ိဳးက အရမ္း အရမ္း ခ်စ္ဖို႔ေကာင္းတာပဲ..... 😭😭❤]

━━━━━━━━━━━━━━━━━━━━━━━


Continue Reading

You'll Also Like

2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
257K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
119K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel