ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 71
Chapter 72
Chapter 73

Chapter 70

3K 554 6
By PoneyPeach

Unicode
အခန်း ( ၇၀ )

ကျယ်ယန့်စကားများကြောင့် ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားပြီဖြစ်၍ ဆက်ပြီး ရင်းနှီးသလို ဟန်ဆောင်ရန်မလိုအပ်တော့။ ဖန်းချောင်နန် သူ့လက်ထဲက ဇာတ်ညွှန်းကိုချကာ အသံတိုးတိုးဖြင့် ဆိုလာသည်။

"မင်း ဘာအကြောင်းပြောနေလဲဆိုတာ ငါမသိဘူး"

"အဲ့လိုလား" ကျယ်ယန် ရယ်လိုက်ပြီး ဇာတ်ညွှန်းစာရွက်အောက်က ဖန်းချောင်နန်ဖုန်းကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျား လူမသိသူမသိ recording ခိုးဖမ်းနေတာကို ကျွန်တော် မသိချင်ယောင်ဆောင်ပေးဖို့ လိုသေးလား။"

ဖန်းချောင်နန် ဇာတ်ညွှန်းစာရွက်ကို တင်းတင်းဆုပ်ကာ ကျယ်ယန့်ကို မျက်မှောင်ကုတ်ကြည့်လိုက်၏။ "ကျယ်ယန် မင်းက တက်သစ်စလေးပါ။ မင်းရဲ့ အကြောက်တရားနဲ့ ထက်မြက်မှုကို ငါ နားလည်ပေးနိုင်ပေမဲ့ မင်း အတွေးမလွန်သင့်ဘူး။"

"မုကျိုးယိက ခင်ဗျားကို V ကလပ်ပါတီမှာ ကောလာဟလတွေ ပြောခဲ့ပြီး ခင်ဗျားကတော့ အဲ့ဒီကောလဟာလတွေကို လူတစ်ယောက်ရှာပြီး ဖြန့်ခိုင်းခဲ့တယ်ဟုတ်။ ဒီအတွက် မုကျိုးယိက ခင်ဗျားကို ဘာပြန်ပေးခဲ့လဲ။ Extreme Combat ရဲ့ အထူးဇာတ်လမ်းတွဲမှာ ဧည့်သည်နေရာပေးခဲ့တာလား။"

ဖန်းချောင်နန် မျက်နှာပျက်သွား၏။

"ဖန်းချောင်နန် ဘယ်သူမှ ငတုံးမဟုတ်ဘူး။ လူသုံးယောက် ဇာတ်ကောင်တစ်နေရာအတွက် တိုက်ခိုက်ကြတယ်။ ယန်ရှန်းက ဟွမ်ယွီကိုကိုယ်စားပြုလို့ ခင်ဗျား သူ့ကို မဆန့်ကျင်ရဲဘူး။ ဒါ့ကြောင့် ကျွန်တော့်ကိုလာဆွတာပေါ့။ ကျွန်တော့်ကို လွယ်လွယ်အနိုင်ပိုင်းလို့ရမယ်များ ထင်နေလား။ ကျယ်ယန်က ပလပ်စတစ်ဆာဂျရီလုပ်တယ်။ ကျယ်ယန်က ဘေထုပ်တွေဝတ်တယ်။ သိပ်ကိုကောင်းတယ် ခေါင်စဥ်လေးတွေပေါ့ဗျာ။ ကျွန်တော့်ကို နာမည်ကြီးအောင် ကူညီပေးတဲ့အတွက် ကျေးဇူးပါ။"

ဖန်းချောင်နန် ဟန်မပျက်အောင် ခက်ခက်ခဲခဲ ထိန်းနေရ၏။ "ကျယ်ယန် မဟုတ်ဘဲနဲ့ ငါ့ကို မစွပ်စွဲနဲ့။"

"ခင်ဗျားကြည့်ရတာ အခုထိမလျော့သေးဘဲ ကျွန်တော့်ကို နှောင့်ယှက်ချင်နေသေးပုံပဲ။ "

ကျယ်ယန် ဖန်းချောင်နန်နားတိုးသွားကာ အသံတိုးလိုက်၏။

"မုကျိုးယိက ခင်ဗျားကို ဘာပြောခဲ့လဲ။ ကျယ်ယန့်ကို လူတစ်ယောက်ပံ့ပိုးထောက်ပံ့နေတာကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ်လို့လား။ ဒါမှမဟုတ် 'ကျယ်မိသားစုက သူ့(ကျယ်ယန်)ကို ငါ(မုကျိုးယိ)နဲ့ ဟိုလိုလို ဒီလိုလို ဆက်ဆံရေးရှိတဲ့ ပါတနာရဲ့ ဆွေမျိုးတစ်ယောက်ဆီကို ရောင်းစားလိုက်တယ်'လို့လား။ သူက မင်းကို အရင်စချဥ်းကပ်ခဲ့တယ်လေ။ ကျွန်တော့်ရဲ့အတင်းကို ခင်ဗျားဆီ ကြင်ကြင်နာနာနဲ့ ပေးအပ်ခဲ့ပါတယ်လို့ တကယ်ကြီးထင်နေတာလား။ ခင်ဗျားကို အဆိပ်ခပ်ထားတဲ့ဟင်းတစ်ခွက်ပေးခဲ့တယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူးလား။"

ဖန်းချောင်နန် ကျယ်ယန့်ကို စိုက်ကြည့်လိုက်၏။
"ဟုန်ဇီကျယ်လည်း မင်းဆီကနေ သတင်းအမှားကြီး ရခဲ့တာပဲမဟုတ်လား။ ကျွန်တော်နဲ့ မတည့်ရင်၊ ခင်ဗျား ကျွန်တော့်ကို နှောင့်ယှက်တိုက်ခိုက်ရင် ခင်ဗျားဘာဖြစ်သွားမလဲဆိုတာ တစ်ခါမှ မတွေးကြည့်ဖူးဘူးလား။"

ဖန်းချောင်နန် နောက်ဆုံးတော့ ဟန်ကိုယ့်မနေနိုင်တော့။ "ကျယ်ယန် what the ****"

"စီနီယာ လူသစ်တိုင်းက အနိုင်ကျင့်ခံရပြီး သူတို့နာကြည်းချက်တွေကို လိမ်လိမ်မာမာ မျိုသိပ်မှာမဟုတ်ဘူး။"

ကျယ်ယန် ဖန်းချောင်နန်စကားကိုဖြတ်ပြောပြီး ဖန်းချောင်နန်အား တည့်တည့်စိုက်ကြည့်ကာ ပြုံးလိုက်၏။

"ကျွန်တော်ကတော့ အမုန်းတရားတွေကို အမြဲတမ်း ပြန်ပေးဆပ်နေမှာပါ။ ယန်ရှင်းနဲ့ ကျွန်တော် ပိုမအောင်မြင်လာစေဖို့ ဆုတောင်းထားသင့်တယ် မဟုတ်ရင်တော့ နောင်အနာဂတ်မှာ ခင်ဗျား ဒုက္ခသောကပိုရောက်ရမှာ။ ပြီးတော့ တစ်ဖက်လူကိုမသိတာတောင် မုကျိုးယိပြောသမျှ ခင်ဗျားဘာလို့တန်းယုံမိလဲဆိုတာ ပြန်စဥ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။"

ပြောပြီးနောက် ဇာတ်ညွှန်းစာရွက်အောက်မှာဖွက်ထားသော ဖန်းချောင်နန်ဖုန်းကို လှမ်း​ကြည့်လိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး အိတ်ကပ်ထဲက သူ့ဖုန်းကိုထုတ်၍ ဖန်းချောင်နန်မျက်လုံးရှေ့တွင် recording ဖမ်းထားသောမျက်နှာပြင်အား လှုပ်ပြလိုက်၏။

"ဒီမှာ စီနီယာ ခင်ဗျားလုပ်သလို ကျွန်တော်လည်း လုပ်တတ်တယ်ဗျ။"

ကျယ်ယန်ထုတ်လိုက်သော မိုဘိုင်းဖုန်းကိုမြင်ပြီး ဖန်းချောင်နန် မျက်လုံးပြူးသွား၏။ ပြုံးနေသော်လည်း အေးစက်နေသော ကျယ်ယန့်မျက်လုံးများကိုမော့ကြည့်ရင်း သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်ရသွားသည်။ နောက်ဆုံးတော့ သူ သံပြားပေါ်ကန်ချခံလိုက်ရတာကို နားလည်သွားခဲ့ပြီ။

ဖန်းချောင်နန် သူ့ဖုန်းကိုထုတ်၍ ဖုန်းခေါ်လိုက်သည်။

ကျယ်ယန်ကမူ audition အတွက် ဆက်လက်ပြင်ဆင်နေခဲ့၏။ မိနစ်အနည်းငယ်ကြာအပြီးတွင် နားနေခန်းတံခါးပွင့်သွားကာ ယန်ရှန်း လည်း audition ပြီး၍ ပြန်ထွက်လာ၏။ ယန်ရှန်းနှင့်အတူဝင်လာသော ဝန်ထမ်းက ကျယ်ယန့်ကို အသင့်ပြင်ထားဖို့ ပြောသည်။ ကျယ်ယန်လည်း ခေါင်းညိတ်ပြရင်း ယန်ရှန်းကို မေးလိုက်၏။
" audition က ဘယ်လိုလဲ။"

ယန်ရှန်း ကျယ်ယန့်ဘေးတွင် ထိုင်ချလိုက်လေသည်။ "ငါ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ မအောင်​မြင်ရင်တောင် ရှက်မိမှာမဟုတ်ဘူး။ ငါ မင်းကို အားပေးနေမယ်။ မင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်"

"ဒါဆိုလည်း စီနီယာရဲ့ စကားကောင်းလေးတွေကို ငှားရတာပေါ့ဗျာ။"

***

ကျယ်ယန် ဝန်ထမ်းနောက်မှလိုက်၍ audition အခန်းထဲသို့ဝင်လိုက်တော့ အလှဆင်ထားသော ဇာတ်ခုံစင်မြင့်လေးတစ်ခုကို တွေ့ရ၏။ ဇာတ်ဝင်ခန်းကို ဇာတ်ခုံပေါ်တွင် ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်ထား၏။ အခန်းထဲက ပရိဘောဂများက ရိုးရှင်းကာ လက်ရာမြောက်လှသည်။ အလယ်က စန္ဒယားတစ်ခုသာ မော်ဒန်ခေတ်မီနေ၏။

ဒါရိုက်တာကျိုး၏ ဇာတ်ညွှန်းဆရာအပါအဝင် လူတစ်စုက ပရိသတ်နေရာမှာ ထိုင်နေကြသည်။ ကျယ်ယန်လည်း သူတို့ကြားက ဒါရိုက်တာ ကျိုးဟွိုက်ရွမ်ကို သတိပြုမိလိုက်သည်။ ကျိုးဟွိုက်ရွမ်က အသက် ၅၀ ကျော်ပြီဖြစ်ကာ အရပ်မြင့်မြင့် နည်းနည်းဝပြီး ဆံပင်ရှည်နှင့် မုတ်ဆိတ်မွေးများကို သေချာပုံဖော်ထား၏။

ကျယ်ယန် စတိတ်ပေါ်သို့တက်ကာ ပရိသတ်နေရာက လူအားလုံးကို ရိုသေစွာဖြင့် နှုတ်ခွန်းဆက်သလိုက်သည်။ ကျိုးဟွေ့ရွမ်က သူ့ကိုပြောလာ၏။
"စမယ်"

ကျယ်ယန် ခေါင်းညိတ်ကာ ကိုယ်ကိုလှည့်၍ မျက်လုံးများကို အသာမှိတ်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် ကျယ်ယန့်မျက်နှာထက်မှာ ကိန်းဝပ်နေသော ရင်ကျက်တည်ငြိမ်မှုများ ပျောက်ဆုံးသွားကာ ရိုးတွင်းချဥ်စီကနေ စိမ့်ထွက်လာသည် မာန်မာနတို့က အစားထိုးနေရာယူသွားချေ၏။

ဒါကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက အရာအာလုံးကို ပုံအောလိုက်လေ​ပြီ။ audition အသိပေးချက်ကို လက်ခံရချိန်က ကျယ်ယန့်အနေဖြင့် ဇာတ်ကောင်နေရာကို ရရှိဖို့မမျှော်လင့်ထားသော်လည်း သေချာဂရုတစိုက် ပြင်ဆင်နေဆဲပင်။ သည်တစ်လျှောက်လုံး မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖတ်စာစာအုပ်နှင့် မှတ်စုများကို လေ့လာနေခဲ့ကာ အချိန်ရှိတိုင်း အခါအခွင့်သင့်တိုင်းလည်း ကျယ်ယန့်၏ သရုပ်ဆောင်ဆရာနှင့် တိုင်ပင်ဆွေးနွေးနေခဲ့သည်။

ဇာတ်ညွှန်းလည်းဖတ်ပြီး သခင်ငယ်လေး၏ စကားတစ်လုံးချင်းဆီမှန်သမျှကို ခွဲခြားစိတ်ဖြာ ဝေဖန်ပိုင်းခြားနေခဲ့ပါသည်။

ပထမဆုံး မွေးနေ့ပွဲဇာတ်ဝင်ခန်းတွင် သခင်လေးက သူ့အမေမွေးနေ့ကို ဆုတောင်းပေးရုံသက်သက်အတွက်ပဲ စန္ဒယားတီးခဲ့တာမဟုတ်။ သူ့အမေကို စန္ဒယား၏ အလှတရားနှင့် သူ့စန္ဒယားကျောင်းကို ငွေကြေးထောက်ပံ့ရန် ဆွဲဆောင်ဖို့အလို့ငှာ သူ့နယ်ပယ်က သူ့စွမ်းဆောင်နိုင်ရည်ကိုလည်း ပြသချင်ခဲ့ပါ၏။

သည်အချိန်တုန်းက သခင်လေးဟာ ဂုဏ်ယူပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေခဲ့မည်။ စိတ်အားထက်သန်ပြီး တက်ကြွနေပေလိမ့်မည်။ စန္ဒယား၏ ကြီးကျယ်မြင့်မြတ်မှုကို လူအားလုံးအား ပြသချင်ခဲ့ပေမည်။ သူ့မိခင်ကို ပျော်ရွှင်စေချင်ခဲ့သည်။ သူ့အမေ သူ့ကိုမုန့်ဖိုးပေးအောင် တွက်ချက်မှုသေးသေးလေးတွေလည်း လုပ်နေခဲ့မှာပင်။ သူက အလိုလိုက်ခံရပြီး ဂုဏ်ယူဝံ့ကြွားနေသော အမွေးနုနုလေးများနှင့် ကလိမ်ကကျစ် မြေခွေးလေးတစ်ကောင် ဖြစ်ခဲ့သည်။

ကျယ်ယန် စန္ဒယားရှိရာလျှောက်လာခဲ့ပြီး စန္ဒယားအဖုံးပေါ်သို့ လက်ကိုဆန့်ကာ ထိကိုင်လိုက်သည်။ သူ့အပြုအမူက နုညံ့ညင်သာကာ သူ့ချစ်သူသက်ထားကို ထိနေသလိုမျိုးပင်။ ထို့​နောက် အခန်းထဲ စားပွဲဝိုင်းဘေးတွင်ချထားသော ထိုင်ခုံအလွတ်ကို စောင်းငဲ့ကြည့်လိုက်သည်။
"အမေ ကျွန်တော့်ကို သေချာကြည့်နေနော်။"

ကျိုးဟွေ့ရွမ်၏ အမူအရာ ပြောင်းလဲသွား၏။ တခြားလူတွေလည်း အံ့သြသွားကြသည်။ ဒီကျယ်ယန်... မဟုတ်ဘူး အခု စတိတ်ပေါ်မှာရပ်နေတာက လှပပြီး ဂုဏ်ယူဝံ့ကြွားနေသော ဇာတ်ညွှန်းထဲက သခင်ငယ်လေးဖြစ်သွားပြီ။

သည်အချိန်တွင် ကျယ်ယန်က သခင်ငယ်လေး၏ ခံစားချက်များကို အပြည့်အဝ မုသွင်းလိုက်ပြီ။ စန္ဒာယားရှေ့မှာ ထိုင်ချလိုက်ပြီး သူ့အမေကိုပျော်ရွှင်ပြီး သူ့ကျောင်းလည်ပတ်ဖို့ သူ့အမေကူညီချင်လာ​စေမည့်အကြောင်းကို တွေးတောနေ၏။

စိတ်ပူမိပေမဲ့ လုံးဝကြီး ပူပန်နေတာတော့ မဟုတ်။ ဘာကြောင့်လည်းဆိုတော့ သူ့အမေက သူ့ကိုချစ်ပြီး သူတောင်းဆိုချက်ကို ယတိပြတ်မငြင်းမှာကိုတော့ သိနေသည်လေ။

စန္ဒယားအဖုံးကိုမ၍ သူ့လက်ချောင်းများ ကီးများပေါ်တင်လိုက်သည်နှင့် သူ့ရင်ထဲက ပူပင်သောကများ လွင့်ပျယ်သွားကာ လိုချင်ခဲ့သောတေးသွားကာ သဘာဝကျကျပဲ မြူးထူးခုန်ပေါက်ထွက်လာသည်။ ၎င်းက အသက်ဝင်ကာ အေးမြလန်းဆန်းပြီး နွေးထွေး၏။ နွေးဦးဥယျာဥ်ထဲက လိပ်ပြာလေးတစ်ကောင် သူ့တောင်ပံလှလှလေးတွေကို ဖြန့်ချီပိတ်ချီဖြင့် နေရောင်အောက်မှာ ပျံသန်းနေသလိုပင်။

သူ စင်မြင့်ဘက်ကို လှမ်းမျှော်ကြည့်လိုက်သည်။ သူ့အမေက ပြုံးပြလာတော့ သူလည်းပြုံးလိုက်သည်။ ခလုတ်များကိုကြည့်ရင်း သူမျက်ခုံးများလည်း မြင့်တက်သွားကာ ရုတ်တရက် တေးသွားကိုပြောင်းလိုက်တော့ သီချင်းက ပျော်ရွှင်မြူးကြွလာ၏။

သူ စင်မြင့်ဘက်ကို ထပ်ကြည့်တော့ သူ့အမေသာမက တခြားဧည့်သည်များကလည်း ​ပျော်ရွှင်သောရုပ်အသွင်ကို ဖော်ဆောင်လာကြသည်။ထို့နောက် သူသည်လည်း ဘဝင်ခိုင်လို့သွားသည်။ ဟုတ်တယ် စန္ဒယားဆိုတာ ဒီလိုမှော်ဆန်တယ်။ ခင်ဗျားတို့တွေ့ပြီလား လူတိုင်းရဲ့အချစ်ကိုပိုင်ဆိုင်ဖို့ လူတိုင်းသင်ယူဖို့ စန္ဒယားက ဘယ်လောက်ထိုက်တန်လိုက်လဲ။

သူက နွေဦးပန်းခြံလေးသို့မပြန်မီ မယ်လိုဒီကိုလျော့ချကာ ရှုပ်ထွေးပြီးတောက်ပနေသော စကေးတစ်သီတစ်တန်းကြီး စတင်ပြလိုက်ချေ၏။ တခြားလူတွေရဲ့ ခံစားချက်တွေကို လွှမ်းမိုးဖို့ ဂီတကိုအသုံးချရသည့်ခံစားချက်အား သူ သဘောကျ၏။ စန္ဒယားက ဘယ်လိုဘယ်ပုံ ကောင်းမွန်လဲဆိုတာကို သူတို့အား သိစေချင်စမ်းပါဘိ။

နောက်ဆုံးမယ်လိုဒီအပြီးတွင် သူ့အမေဆီသို့ ဂုဏ်ယူမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
"အမေ နား​​ထောင်လို့ ကောင်းရဲ့လား။"

ခဏတွင်းချင်းပင် ကျယ်ယန့်မျက်နှာပေါ်က အပြုံးက ယဥ်ကျေးတည်ငြိမ်မှုအဖြစ်သို့ ပြန်ပြောင်းသွားသည်။ သူထပြီး စင်ရှေ့သို့လျှောက်သွားကာ စင်အောက်က ကျိုးဟွေ့ရွမ်နှင့် အခြားသူများကို အသာဦးညွတ်လိုက်သည်။ "ပထမပါဖောမန့် ပြီးပါပြီ။ ဒုတိယစတိတ်ကို တန်းဆက်လို့ရမလား။ "

ကျိုးဟွေ့ရွမ်နှင့် ကျန်လူများက ကျယ်ယန်ဖန်တီးခဲ့သော ခံစားချက်များမှ နှိုးထလာကြသည်။ သူတို့က ကျယ်ယန့်ကို အံ့သြတကြီးကြည့်ရင်း တစ်ဦးနှင့်တစ်ဦး တီးတိုးပြော​နေကြ၏။ ကျိုးဟွေ့ရွမ်တစ်ယောက်က ချက်ချင်း သဘောတူလေသည်။ "​ဆက်လေ ဆက်တာပေါ့"

ကျယ်ယန် တရိုတသေ ခေါင်းညိတ်ကာ စန္ဒယားဘက်သို့ လှည့်လိုက်သည်။ ထို့နောက် စန္ဒယားရှိရာသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားသည်။

ဇာတ်ကြောင်းကိုပြန်တွေးကာ လမ်းလျှောက်ရင်း သခင်လေး၏ ခံစားချက်များကို မုသွင်းနေသည်။ သူ့လမ်းလျှောက်ဟန်က တဖြည်းဖြည်း ပြောင်းလဲလာကာ စန္ဒယားဆီရောက်သွားသည်နှင့် ကျယ်ယန့်အငွေ့အသက်တစ်စိုးတစ်စိမှ မရှိတော့။

သူ စန္ဒယားကို ရိုက်ချလိုက်သည်။

သေဖို့ဆုံးဖြတ်ထားပြီးသား သခင်လေးဟာ စိတ်ပျက်မှုရော နာကျင်မှုရော ရှိမနေခဲ့ပါ။ သက်ဝင်တက်ကြွမှုတို့မရှိတော့သော်လည်း တကယ်တော့ လောကကြီးကို ချစ်မြတ်နိုးတုန်းပဲ။ သူလုပ်သမျှကို သူသိသည်။ လက်လည်း လက်ခံသည်။

ဒါကမှ အကောင်းဆုံးရလာဒ်ပဲလေ။

သူခါးကိုင်းကာ စန္ဒယားပေါ်က ဖုန်များကိုသုတ်လိုက်၏။ ထို့နောက် ထိုင်လိုက်ပြီး သေချာတပ်ထားသော ဓာတ်ပုံဘောင်ကိုထုတ်ကာ စန္ဒယားပေါ်သို့ သာသာလေးတင်လိုက်သည်။
"အမေ ကျွန်တော် စဖျော်ဖြေပြီနော်"

လေထုက တိတ်ဆိတ်သွားပြီ ဘာတုံ့ပြန်သံမှ ရှိမနေခဲ့ပါ။

သူ ခေါင်းငုံ့ကာ စန္ဒယားအဖုံးကို ဖွင့်လိုက်သည်။ သူ့လက်ချောင်းများ ကျိုးကြေသွားကာ စန္ဒယားကလည်း ပျက်စီးနေပြီ။ သူ အခုလေးတင် တီးလိုက်သော နုတ်နည်းနည်းလေးကတောင် ကြားရတာ နားဝင်မချိုတော့။ ခဏလောက်ရပ်ကာ ဓာတ်ပုံကို မော့ကြည့်ရင်း သူ့လက်ချောင်းများ တောင့်တင်းသွားသည်။

"အမေ သားတောင်းပန်ပါတယ်။ ကျွန်တော် ဒီရက်ပိုင်း လေ့ကျင်ဖို့ ပျက်ကွက်ခဲ့မိတယ်။"

ပြန်ဖြေသံတို့ တိတ်ဆိတ်နေဆဲ။

သူ အတော်ကြာအောင် စောင့်နေမိ၏။ ထို့နောက် သူ့စိတ်ကိုထိန်းချုပ်ကာ ခေါင်းပြန်ငုံ့လိုက်သည်။ စိတ်အားထက်သန်သော်လည်း စန္ဒယားအား ကြောက်ရွံ့စိတ်အနည်းငယ်နှင့်အတူ သူ့လက်ချောင်းများကိုမြှောက်ကာ ခလုတ်ကို အသာလေးဖိလိုက်သည်။ ဖြည်းဖြည်းချင်း တီးခတ်ရင်း သူ့နုတ်များကလည်း ဆက်စပ်လာခဲ့သည်။

သူ တီးနိုင်သေးတယ်။ ပျက်သွားသော သူ့ဘယ်ဘက်လက်က နုတ်တွေကို အမြဲတမ်းလွတ်သွားပေမဲ့လည်း စန္ဒယားတီးနိုင်သေးသရွေ့ ဘာဖြစ်ဖြစ် အရေးမစိုက်တော့။ မျက်လုံးများမှိတ်၍ တီးခတ်မှုမှာ ပျော်ဝင်လိုက်သည်။

တဆတ်ဆတ် တသိမ့်သိမ့် တုန်ယင် တောင့်တင်းလာပြီး... တဖြည်းဖြည်း တေးသွားက နွေးထွေးလာသည်။

ကျိုးပျက်သွားသော စန္ဒယားက ပြန်ကောင်းလာသလိုပင်။ သူ့အမေကလည်း ဓာတ်ပုံဘောင်ထဲမှထွက်လာပြီး အပြုံးလေးတစ်ပွင့်ဖြင့် စင်ဘေးမှာထိုင်နေ၏။ ပန်းရနံ့များက လေထဲမှာ မွှေးကြိုင် ပျံ့လွင့်နေကာ လှပသော နောက်ထပ်နွေးဦးတစ်နေ့ပါပေ။

သူ စန္ဒယားကို ပထမဆုံးထိကြည့်ခဲ့တုန်းက အထူးအဆန်းဖြစ်နေခဲ့တာကို မှတ်မိသေး၏။ ဘယ်လိုမကောင်းဆိုးဝါးမျိုးက ဒီလိုသာယာနာပျော်ဖွယ်အသံကို ထုတ်လွင့်နိုင်လဲဆိုတာ သိချင်ခဲ့၏။ သူ တေးသွားတစ်ပုဒ်လုံးကို ပထမဆုံးအကြိမ် တီးနိုင်ခဲ့တဲ့အချိန်မှာ သူအမေ အံ့သြဂုဏ်ယူခဲ့တာကိုလည်း အမှတ်ရမိသည်။

သူ့မိသားစုအတွက် စန္ဒယားပါတီတွေကျင်းပပြီး လူတိုင်းကို ကခုန်သီဆိုဖို့ သင်ပေးခဲ့သည်။ သူ့၏ပထမဆုံးကျောင်းသားက စစ်ပွဲမှာ မိဘတွေဆုံးရှုံးသွားခဲ့သော သူတောင်းစားလေးတစ်ယောက်ပင်။ သူက ခလုတ်​တွေကိုပွတ်ဆွဲရင်း ကလေးတီးတတ်အောင်သင်ပေးကာ စန္ဒယားသံကို ပါးစပ်နဲ့ဆိုပြရင်း ဟာသလုပ်ခဲ့သေးသည်။ ကလေးလေးမျက်လုံးထဲက တောက်ပနေသော ပျော်ရွှင်မှုလေးကိုလည်း မှတ်မိနေသေးသည်။ အရင်တုန်းကသူနဲ့ အတူတူပဲဖြစ်သင့်တာ။

သူပြုံးကာ တေးသွားကိုပြောင်းလိုက်သည်။ နောက်ထပ် နွေးဦးရက်တစ်ရက်ပါလေ။ သူ့အမေက စင်ပေါ်မှာထိုင်ကာ သူ့ကိုပြုံးပြီးကြည့်နေမည်။ နေရောင်က တောက်ပနေပြီး လေထဲမှာ ကိတ်မုန့်နံ့လေးတွေ မွေးပျံ့ကာ အပြင်ဘက်က အိမ်နီးချင်းတွေကလည်း သီချင်းတွေ အော်ဆိုနေကြလိမ့်မည်။ သီချင်းတစ်ပိုင်းတစ်စက ပြီးဆုံးသွားခဲ့ပြီလေ။

သူ မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။ နွေဦး၏ သာယာကြည်နူးမှုများ ပျောက်ကွယ်သွားကာ သူ့အရှေ့က အရာရာဟာ လောင်ကျွမ်းသွားခဲ့ပြီ။ သူ့မျက်နှာထက်က ခံစားချက်များဟာလည်း ပျယ်လွင့်သွားခဲ့ပြီး ဓာတ်ပုံထဲက သူ့အမေကို ဗလာကျင်းလျက် ကြောင်ကြည့်နေမိသည်။ ရုတ်တရက် သူထပ်ပြုံးပြလိုက်သည်။ မျက်ရည်တွေလိမ့်ဆင်းကျလာ၍ သူထက်ပြုံးပြလိုက်သည်။

"အမေ နားဝင်ဆိုးတယ်မလား။"

"အမေ သားတို့အိမ်ရောက်ပြီ။"

"အမေ အခု သား အမေနဲ့ပဲ အ​တူနေတော့မှာ ဘယ်တော့မှ ထပ်ပြီးထွက်မသွားတော့ဘူးနော်။"

***

ပါဖောမန့်အပြီးသပ်တော့ ကျယ်ယန့် သူ့မျက်ရည်များကိုသုတ်ကာ မတ်တပ်ထိလိုက်သည်။ စင်မြင့်ဆီသို့လျှောက်လာကာ စင်အောက်က ကျိုးဟွေ့ရွမ်နှင့် ကျန်လူများကို ဦးညွှတ်လိုက်၏။
"ကျွန်တော့် ဖျော်ဖြေမှု ပြီးပါပြီ "

ကျိုးဟွေ့ရွမ်က ကျယ်ယန့်ကို သေချာအကဲခတ်ကြည့်ပြီး မေးလာ၏။
"အခု မင်းတီးသွားတာ ဘာသီချင်းလဲ"

"ဒါက ဇာတ်ညွှန်းဖတ်ပြီး သခင်လေးရဲ့ဇာတ်ကောင်အတွက် ကျွန်တော် သီသန့်ရေးထားတဲ့ တေးသွားပါ။"

ကျိုးဟွေ့ရွမ်က ထိုင်ခုံနောက်ပြန်မှီကာ ပြုံးလိုက်သည်။
"အင်း"

***

ကျယ်ယန် နားနေခန်းကိုပြန်ရောက်လာတော့ ဖန်းချောင်နန် ဖုန်းပြောလို့ပြီးသွားပြီ။ ပြန်လာတဲ့ကျယ်ယန့်ကို သူက ချက်ချင်းမော့ကြည့်လာ၏။

ကျယ်ယန်လည်း ပြန်ကြည့်ပေးလိုက်သည်။ "စီနီယာ အစ်ကို့အလှည့် ရောက်ပါပြီဗျ "

ဖန်းချောင်နန်က ကျယ်ယန့်၏ မသိမသာ ရန်ဆွသောစကားကို အမှန်တကယ် ပြန်တုံ့ပြန်လာ၏။
"ကျယ်ယန် ဒီတစ်ခေါက် ငါတို့ပြိုင်ဘက်​ကောင်းတွေဖြစ်ဖို့ မျှော်လင့်တယ်"

ဒါလား နုညံ့တာ။

ကျယ်ယန် ပြုံးလိုက်၏။ "ဒါတော့ စီနီယာစိတ်ရင်းပေါ်မှာ မူတည်ပါတယ်။ "

ဖန်းချောင်နန် စကားမဆက်တော့။ ဝန်ထမ်းကိုတောင်ချန်ခဲ့ပြီး ထသွားလေ၏။ ၄၅ မိနစ်ကြာပြီးနောက် ဖန်းချောင်နန် audition ကနေ ပြန်ထွက်လာ၏။

မိနစ်အနည်းငယ်အကြာတွင် ဒါရိုက်တာကျိုးလည်း နားနေခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ audition ကိုကြိုးစားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်စကားဆိုကာ audition ရလာဒ်ကို နောက်တစ်ပတ်ထဲမှာ အကြောင်းကြားမည့်အကြောင်း ပြော၏။

လူတိုင်းလည်း ယဥ်ကျေးစွာဖြင့် ပြန်ဖြေလိုက်ကြသည်။ ကျယ်ယန်လည်း ကျိုးဟွေ့ရွမ်နှင့် လက်ဆွဲနှုတ်ဆက်တာကို အခွင့်ကောင်းယူကာ ကျိုးဟွေ့ရွမ်ဦးနှောက်ထဲကို စစ်ဆေးကြည့်လိုက်သည်။ ရွှေလက်ချောင်း၏ သက်ရောက်မှုအနည်းငယ်ကျန်ရှိနေတာကို တွေ့ရ၍ ၎င်းတို့ကို ချေဖြတ်ပေးလိုက်ပါတော့သည်။

━━━━━━━━━━━━━━━━━━━━━━━


Zawgyi
အခန္း ( ၇၀ )

က်ယ္ယန့္စကားမ်ားေၾကာင့္ ဟန္ေဆာင္မ်က္ႏွာဖုံး ကြာက်သြားၿပီျဖစ္၍ ဆက္ၿပီး ရင္းႏွီးသလို ဟန္ေဆာင္ရန္မလိုအပ္ေတာ့။ ဖန္းေခ်ာင္နန္ သူ႕လက္ထဲက ဇာတ္ၫႊန္းကိုခ်ကာ အသံတိုးတိုးျဖင့္ ဆိုလာသည္။

"မင္း ဘာအေၾကာင္းေျပာေနလဲဆိုတာ ငါမသိဘူး"

"အဲ့လိုလား" က်ယ္ယန္ ရယ္လိုက္ၿပီး ဇာတ္ၫႊန္းစာ႐ြက္ေအာက္က ဖန္းေခ်ာင္နန္ဖုန္းကို လွမ္းၾကည့္လိုက္သည္။
"ခင္ဗ်ား လူမသိသူမသိ recording ခိုးဖမ္းေနတာကို ကြၽန္ေတာ္ မသိခ်င္ေယာင္ေဆာင္ေပးဖို႔ လိုေသးလား။"

ဖန္းေခ်ာင္နန္ ဇာတ္ၫႊန္းစာ႐ြက္ကို တင္းတင္းဆုပ္ကာ က်ယ္ယန့္ကို မ်က္ေမွာင္ကုတ္ၾကည့္လိုက္၏။ "က်ယ္ယန္ မင္းက တက္သစ္စေလးပါ။ မင္းရဲ႕ အေၾကာက္တရားနဲ႕ ထက္ျမက္မႈကို ငါ နားလည္ေပးနိုင္ေပမဲ့ မင္း အေတြးမလြန္သင့္ဘူး။"

"မုက်ိဳးယိက ခင္ဗ်ားကို V ကလပ္ပါတီမွာ ေကာလာဟလေတြ ေျပာခဲ့ၿပီး ခင္ဗ်ားကေတာ့ အဲ့ဒီေကာလဟာလေတြကို လူတစ္ေယာက္ရွာၿပီး ျဖန့္ခိုင္းခဲ့တယ္ဟုတ္။ ဒီအတြက္ မုက်ိဳးယိက ခင္ဗ်ားကို ဘာျပန္ေပးခဲ့လဲ။ Extreme Combat ရဲ႕ အထူးဇာတ္လမ္းတြဲမွာ ဧည့္သည္ေနရာေပးခဲ့တာလား။"

ဖန္းေခ်ာင္နန္ မ်က္ႏွာပ်က္သြား၏။

"ဖန္းေခ်ာင္နန္ ဘယ္သူမွ ငတုံးမဟုတ္ဘူး။ လူသုံးေယာက္ ဇာတ္ေကာင္တစ္ေနရာအတြက္ တိုက္ခိုက္ၾကတယ္။ ယန္ရွန္းက ဟြမ္ယြီကိုကိုယ္စားျပဳလို႔ ခင္ဗ်ား သူ႕ကို မဆန့္က်င္ရဲဘူး။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္ကိုလာဆြတာေပါ့။ ကြၽန္ေတာ့္ကို လြယ္လြယ္အနိုင္ပိုင္းလို႔ရမယ္မ်ား ထင္ေနလား။ က်ယ္ယန္က ပလပ္စတစ္ဆာဂ်ရီလုပ္တယ္။ က်ယ္ယန္က ေဘထုပ္ေတြဝတ္တယ္။ သိပ္ကိုေကာင္းတယ္ ေခါင္စဥ္ေလးေတြေပါ့ဗ်ာ။ ကြၽန္ေတာ့္ကို နာမည္ႀကီးေအာင္ ကူညီေပးတဲ့အတြက္ ေက်းဇူးပါ။"

ဖန္းေခ်ာင္နန္ ဟန္မပ်က္ေအာင္ ခက္ခက္ခဲခဲ ထိန္းေနရ၏။ "က်ယ္ယန္ မဟုတ္ဘဲနဲ႕ ငါ့ကို မစြပ္စြဲနဲ႕။"

"ခင္ဗ်ားၾကည့္ရတာ အခုထိမေလ်ာ့ေသးဘဲ ကြၽန္ေတာ့္ကို ေႏွာင့္ယွက္ခ်င္ေနေသးပုံပဲ။ "

က်ယ္ယန္ ဖန္းေခ်ာင္နန္နားတိုးသြားကာ အသံတိုးလိုက္၏။

"မုက်ိဳးယိက ခင္ဗ်ားကို ဘာေျပာခဲ့လဲ။ က်ယ္ယန့္ကို လူတစ္ေယာက္ပံ့ပိုးေထာက္ပံ့ေနတာကို သူ႕မ်က္လုံးနဲ႕ တပ္အပ္ျမင္ခဲ့တယ္လို႔လား။ ဒါမွမဟုတ္ 'က်ယ္မိသားစုက သူ႕(က်ယ္ယန္)ကို ငါ(မုက်ိဳးယိ)နဲ႕ ဟိုလိုလို ဒီလိုလို ဆက္ဆံေရးရွိတဲ့ ပါတနာရဲ႕ ေဆြမ်ိဳးတစ္ေယာက္ဆီကို ေရာင္းစားလိုက္တယ္'လို႔လား။ သူက မင္းကို အရင္စခ်ဥ္းကပ္ခဲ့တယ္ေလ။ ကြၽန္ေတာ့္ရဲ႕အတင္းကို ခင္ဗ်ားဆီ ၾကင္ၾကင္နာနာနဲ႕ ေပးအပ္ခဲ့ပါတယ္လို႔ တကယ္ႀကီးထင္ေနတာလား။ ခင္ဗ်ားကို အဆိပ္ခပ္ထားတဲ့ဟင္းတစ္ခြက္ေပးခဲ့တယ္လို႔ တစ္ခါမွ မေတြးခဲ့ဖူးဘူးလား။"

ဖန္းေခ်ာင္နန္ က်ယ္ယန့္ကို စိုက္ၾကည့္လိုက္၏။
"ဟုန္ဇီက်ယ္လည္း မင္းဆီကေန သတင္းအမွားႀကီး ရခဲ့တာပဲမဟုတ္လား။ ကြၽန္ေတာ္နဲ႕ မတည့္ရင္၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ေႏွာင့္ယွက္တိုက္ခိုက္ရင္ ခင္ဗ်ားဘာျဖစ္သြားမလဲဆိုတာ တစ္ခါမွ မေတြးၾကည့္ဖူးဘူးလား။"

ဖန္းေခ်ာင္နန္ ေနာက္ဆုံးေတာ့ ဟန္ကိုယ့္မေနနိုင္ေတာ့။ "က်ယ္ယန္ what the ****"

"စီနီယာ လူသစ္တိုင္းက အနိုင္က်င့္ခံရၿပီး သူတို႔နာၾကည္းခ်က္ေတြကို လိမ္လိမ္မာမာ မ်ိဳသိပ္မွာမဟုတ္ဘူး။"

က်ယ္ယန္ ဖန္းေခ်ာင္နန္စကားကိုျဖတ္ေျပာၿပီး ဖန္းေခ်ာင္နန္အား တည့္တည့္စိုက္ၾကည့္ကာ ၿပဳံးလိုက္၏။

"ကြၽန္ေတာ္ကေတာ့ အမုန္းတရားေတြကို အၿမဲတမ္း ျပန္ေပးဆပ္ေနမွာပါ။ ယန္ရွင္းနဲ႕ ကြၽန္ေတာ္ ပိုမေအာင္ျမင္လာေစဖို႔ ဆုေတာင္းထားသင့္တယ္ မဟုတ္ရင္ေတာ့ ေနာင္အနာဂတ္မွာ ခင္ဗ်ား ဒုကၡေသာကပိုေရာက္ရမွာ။ ၿပီးေတာ့ တစ္ဖက္လူကိုမသိတာေတာင္ မုက်ိဳးယိေျပာသမွ် ခင္ဗ်ားဘာလို႔တန္းယုံမိလဲဆိုတာ ျပန္စဥ္းစားၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။"

ေျပာၿပီးေနာက္ ဇာတ္ၫႊန္းစာ႐ြက္ေအာက္မွာဖြက္ထားေသာ ဖန္းေခ်ာင္နန္ဖုန္းကို လွမ္း​ၾကည့္လိုက္သည္။ ထို႔ေနာက္ ၿပဳံးလိုက္ၿပီး အိတ္ကပ္ထဲက သူ႕ဖုန္းကိုထုတ္၍ ဖန္းေခ်ာင္နန္မ်က္လုံးေရွ႕တြင္ recording ဖမ္းထားေသာမ်က္ႏွာျပင္အား လႈပ္ျပလိုက္၏။

"ဒီမွာ စီနီယာ ခင္ဗ်ားလုပ္သလို ကြၽန္ေတာ္လည္း လုပ္တတ္တယ္ဗ်။"

က်ယ္ယန္ထုတ္လိုက္ေသာ မိုဘိုင္းဖုန္းကိုျမင္ၿပီး ဖန္းေခ်ာင္နန္ မ်က္လုံးျပဴးသြား၏။ ၿပဳံးေနေသာ္လည္း ေအးစက္ေနေသာ က်ယ္ယန့္မ်က္လုံးမ်ားကိုေမာ့ၾကည့္ရင္း သူ႕ေက်ာရိုးတစ္ေလွ်ာက္ ခ်မ္းစိမ့္ရသြားသည္။ ေနာက္ဆုံးေတာ့ သူ သံျပားေပၚကန္ခ်ခံလိုက္ရတာကို နားလည္သြားခဲ့ၿပီ။

ဖန္းေခ်ာင္နန္ သူ႕ဖုန္းကိုထုတ္၍ ဖုန္းေခၚလိုက္သည္။

က်ယ္ယန္ကမူ audition အတြက္ ဆက္လက္ျပင္ဆင္ေနခဲ့၏။ မိနစ္အနည္းငယ္ၾကာအၿပီးတြင္ နားေနခန္းတံခါးပြင့္သြားကာ ယန္ရွန္း လည္း audition ၿပီး၍ ျပန္ထြက္လာ၏။ ယန္ရွန္းႏွင့္အတူဝင္လာေသာ ဝန္ထမ္းက က်ယ္ယန႔္ကို အသင့္ျပင္ထားဖို႔ ေျပာသည္။ က်ယ္ယန္လည္း ေခါင္းညိတ္ျပရင္း ယန္ရွန္းကို ေမးလိုက္၏။
" audition က ဘယ္လိုလဲ။"

ယန္ရွန္း က်ယ္ယန့္ေဘးတြင္ ထိုင္ခ်လိဳက္ေလသည္။ "ငါ အေကာင္းဆုံး ႀကိဳးစားခဲ့ၿပီးၿပီ။ မေအာင္​ျမင္ရင္ေတာင္ ရွက္မိမွာမဟုတ္ဘူး။ ငါ မင္းကို အားေပးေနမယ္။ မင္းလုပ္နိုင္မယ္လို႔ ထင္ပါတယ္"

"ဒါဆိုလည္း စီနီယာရဲ႕ စကားေကာင္းေလးေတြကို ငွားရတာေပါ့ဗ်ာ။"

***

က်ယ္ယန္ ဝန္ထမ္းေနာက္မွလိုက္၍ audition အခန္းထဲသို႔ဝင္လိုက္ေတာ့ အလွဆင္ထားေသာ ဇာတ္ခုံစင္ျမင့္ေလးတစ္ခုကို ေတြ႕ရ၏။ ဇာတ္ဝင္ခန္းကို ဇာတ္ခုံေပၚတြင္ ရိုးရိုးရွင္းရွင္းသာ ျပင္ဆင္ထား၏။ အခန္းထဲက ပရိေဘာဂမ်ားက ရိုးရွင္းကာ လက္ရာေျမာက္လွသည္။ အလယ္က စႏၵယားတစ္ခုသာ ေမာ္ဒန္ေခတ္မီေန၏။

ဒါရိုက္တာက်ိဳး၏ ဇာတ္ၫႊန္းဆရာအပါအဝင္ လူတစ္စုက ပရိသတ္ေနရာမွာ ထိုင္ေနၾကသည္။ က်ယ္ယန္လည္း သူတို႔ၾကားက ဒါရိုက္တာ က်ိဳးဟြိုက္႐ြမ္ကို သတိျပဳမိလိုက္သည္။ က်ိဳးဟြိုက္႐ြမ္က အသက္ ၅၀ ေက်ာ္ၿပီျဖစ္ကာ အရပ္ျမင့္ျမင့္ နည္းနည္းဝၿပီး ဆံပင္ရွည္ႏွင့္ မုတ္ဆိတ္ေမြးမ်ားကို ေသခ်ာပုံေဖာ္ထား၏။

က်ယ္ယန္ စတိတ္ေပၚသို႔တက္ကာ ပရိသတ္ေနရာက လူအားလုံးကို ရိုေသစြာျဖင့္ ႏႈတ္ခြန္းဆက္သလိုက္သည္။ က်ိဳးေဟြ႕႐ြမ္က သူ႕ကိုေျပာလာ၏။
"စမယ္"

က်ယ္ယန္ ေခါင္းညိတ္ကာ ကိုယ္ကိုလွည့္၍ မ်က္လုံးမ်ားကို အသာမွိတ္လိုက္သည္။ မ်က္လုံးျပန္ဖြင့္လိုက္သည္ႏွင့္ က်ယ္ယန့္မ်က္ႏွာထက္မွာ ကိန္းဝပ္ေနေသာ ရင္က်က္တည္ၿငိမ္မႈမ်ား ေပ်ာက္ဆုံးသြားကာ ရိုးတြင္းခ်ဥ္စီကေန စိမ့္ထြက္လာသည္ မာန္မာနတို႔က အစားထိုးေနရာယူသြားေခ်၏။

ဒါကိုလုပ္ဖို႔ ဆုံးျဖတ္လိုက္ကတည္းက အရာအာလုံးကို ပုံေအာလိုက္ေလ​ၿပီ။ audition အသိေပးခ်က္ကို လက္ခံရခ်ိန္က က်ယ္ယန့္အေနျဖင့္ ဇာတ္ေကာင္ေနရာကို ရရွိဖို႔မေမွ်ာ္လင့္ထားေသာ္လည္း ေသခ်ာဂ႐ုတစိုက္ ျပင္ဆင္ေနဆဲပင္။ သည္တစ္ေလွ်ာက္လုံး မူလခႏၶာကိုယ္ပိုင္ရွင္၏ ဖတ္စာစာအုပ္ႏွင့္ မွတ္စုမ်ားကို ေလ့လာေနခဲ့ကာ အခ်ိန္ရွိတိုင္း အခါအခြင့္သင့္တိုင္းလည္း က်ယ္ယန့္၏ သ႐ုပ္ေဆာင္ဆရာႏွင့္ တိုင္ပင္ေဆြးေႏြးေနခဲ့သည္။

ဇာတ္ၫႊန္းလည္းဖတ္ၿပီး သခင္ငယ္ေလး၏ စကားတစ္လုံးခ်င္းဆီမွန္သမွ်ကို ခြဲျခားစိတ္ျဖာ ေဝဖန္ပိုင္းျခားေနခဲ့ပါသည္။

ပထမဆုံး ေမြးေန႕ပြဲဇာတ္ဝင္ခန္းတြင္ သခင္ေလးက သူ႕အေမေမြးေန႕ကို ဆုေတာင္းေပး႐ုံသက္သက္အတြက္ပဲ စႏၵယားတီးခဲ့တာမဟုတ္။ သူ႕အေမကို စႏၵယား၏ အလွတရားႏွင့္ သူ႕စႏၵယားေက်ာင္းကို ေငြေၾကးေထာက္ပံ့ရန္ ဆြဲေဆာင္ဖို႔အလို႔ငွာ သူ႕နယ္ပယ္က သူ႕စြမ္းေဆာင္နိုင္ရည္ကိုလည္း ျပသခ်င္ခဲ့ပါ၏။

သည္အခ်ိန္တုန္းက သခင္ေလးဟာ ဂုဏ္ယူၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိေနခဲ့မည္။ စိတ္အားထက္သန္ၿပီး တက္ႂကြေနေပလိမ့္မည္။ စႏၵယား၏ ႀကီးက်ယ္ျမင့္ျမတ္မႈကို လူအားလုံးအား ျပသခ်င္ခဲ့ေပမည္။ သူ႕မိခင္ကို ေပ်ာ္႐ႊင္ေစခ်င္ခဲ့သည္။ သူ႕အေမ သူ႕ကိုမုန့္ဖိုးေပးေအာင္ တြက္ခ်က္မႈေသးေသးေလးေတြလည္း လုပ္ေနခဲ့မွာပင္။ သူက အလိုလိုက္ခံရၿပီး ဂုဏ္ယူဝံ့ႂကြားေနေသာ အေမြးႏုႏုေလးမ်ားႏွင့္ ကလိမ္ကက်စ္ ေျမေခြးေလးတစ္ေကာင္ ျဖစ္ခဲ့သည္။

က်ယ္ယန္ စႏၵယားရွိရာေလွ်ာက္လာခဲ့ၿပီး စႏၵယားအဖုံးေပၚသို႔ လက္ကိုဆန့္ကာ ထိကိုင္လိုက္သည္။ သူ႕အျပဳအမူက ႏုညံ့ညင္သာကာ သူ႕ခ်စ္သူသက္ထားကို ထိေနသလိုမ်ိဳးပင္။ ထို႔​ေနာက္ အခန္းထဲ စားပြဲဝိုင္းေဘးတြင္ခ်ထားေသာ ထိုင္ခုံအလြတ္ကို ေစာင္းငဲ့ၾကည့္လိုက္သည္။
"အေမ ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ေနေနာ္။"

က်ိဳးေဟြ႕႐ြမ္၏ အမူအရာ ေျပာင္းလဲသြား၏။ တျခားလူေတြလည္း အံ့ၾသသြားၾကသည္။ ဒီက်ယ္ယန္... မဟုတ္ဘူး အခု စတိတ္ေပၚမွာရပ္ေနတာက လွပၿပီး ဂုဏ္ယူဝံ့ႂကြားေနေသာ ဇာတ္ၫႊန္းထဲက သခင္ငယ္ေလးျဖစ္သြားၿပီ။

သည္အခ်ိန္တြင္ က်ယ္ယန္က သခင္ငယ္ေလး၏ ခံစားခ်က္မ်ားကို အျပည့္အဝ မုသြင္းလိုက္ၿပီ။ စႏၵာယားေရွ႕မွာ ထိုင္ခ်လိဳက္ၿပီး သူ႕အေမကိုေပ်ာ္႐ႊင္ၿပီး သူ႕ေက်ာင္းလည္ပတ္ဖို႔ သူ႕အေမကူညီခ်င္လာ​ေစမည့္အေၾကာင္းကို ေတြးေတာေန၏။

စိတ္ပူမိေပမဲ့ လုံးဝႀကီး ပူပန္ေနတာေတာ့ မဟုတ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူ႕အေမက သူ႕ကိုခ်စ္ၿပီး သူေတာင္းဆိုခ်က္ကို ယတိျပတ္မျငင္းမွာကိုေတာ့ သိေနသည္ေလ။

စႏၵယားအဖုံးကိုမ၍ သူ႕လက္ေခ်ာင္းမ်ား ကီးမ်ားေပၚတင္လိုက္သည္ႏွင့္ သူ႕ရင္ထဲက ပူပင္ေသာကမ်ား လြင့္ပ်ယ္သြားကာ လိုခ်င္ခဲ့ေသာေတးသြားကာ သဘာဝက်က်ပဲ ျမဴးထူးခုန္ေပါက္ထြက္လာသည္။ ၎က အသက္ဝင္ကာ ေအးျမလန္းဆန္းၿပီး ေႏြးေထြး၏။ ေႏြးဦးဥယ်ာဥ္ထဲက လိပ္ျပာေလးတစ္ေကာင္ သူ႕ေတာင္ပံလွလွေလးေတြကို ျဖန့္ခ်ီပိတ္ခ်ီျဖင့္ ေနေရာင္ေအာက္မွာ ပ်ံသန္းေနသလိုပင္။

သူ စင္ျမင့္ဘက္ကို လွမ္းေမွ်ာ္ၾကည့္လိုက္သည္။ သူ႕အေမက ၿပဳံးျပလာေတာ့ သူလည္းၿပဳံးလိုက္သည္။ ခလုတ္မ်ားကိုၾကည့္ရင္း သူမ်က္ခုံးမ်ားလည္း ျမင့္တက္သြားကာ ႐ုတ္တရက္ ေတးသြားကိုေျပာင္းလိုက္ေတာ့ သီခ်င္းက ေပ်ာ္႐ႊင္ျမဴးႂကြလာ၏။

သူ စင္ျမင့္ဘက္ကို ထပ္ၾကည့္ေတာ့ သူ႕အေမသာမက တျခားဧည့္သည္မ်ားကလည္း ​ေပ်ာ္႐ႊင္ေသာ႐ုပ္အသြင္ကို ေဖာ္ေဆာင္လာၾကသည္။ထို႔ေနာက္ သူသည္လည္း ဘဝင္ခိုင္လို႔သြားသည္။ ဟုတ္တယ္ စႏၵယားဆိုတာ ဒီလိုေမွာ္ဆန္တယ္။ ခင္ဗ်ားတို႔ေတြ႕ၿပီလား လူတိုင္းရဲ႕အခ်စ္ကိုပိုင္ဆိုင္ဖို႔ လူတိုင္းသင္ယူဖို႔ စႏၵယားက ဘယ္ေလာက္ထိုက္တန္လိုက္လဲ။

သူက ေႏြဦးပန္းၿခံေလးသို႔မျပန္မီ မယ္လိုဒီကိုေလ်ာ့ခ်ကာ ရႈပ္ေထြးၿပီးေတာက္ပေနေသာ စေကးတစ္သီတစ္တန္းႀကီး စတင္ျပလိုက္ေခ်၏။ တျခားလူေတြရဲ႕ ခံစားခ်က္ေတြကို လႊမ္းမိုးဖို႔ ဂီတကိုအသုံးခ်ရသည့္ခံစားခ်က္အား သူ သေဘာက်၏။ စႏၵယားက ဘယ္လိုဘယ္ပုံ ေကာင္းမြန္လဲဆိုတာကို သူတို႔အား သိေစခ်င္စမ္းပါဘိ။

ေနာက္ဆုံးမယ္လိုဒီအၿပီးတြင္ သူ႕အေမဆီသို႔ ဂုဏ္ယူမႈအျပည့္ျဖင့္ လွမ္းၾကည့္လိုက္သည္။
"အေမ နား​​ေထာင္လို႔ ေကာင္းရဲ႕လား။"

ခဏတြင္းခ်င္းပင္ က်ယ္ယန့္မ်က္ႏွာေပၚက အၿပဳံးက ယဥ္ေက်းတည္ၿငိမ္မႈအျဖစ္သို႔ ျပန္ေျပာင္းသြားသည္။ သူထၿပီး စင္ေရွ႕သို႔ေလွ်ာက္သြားကာ စင္ေအာက္က က်ိဳးေဟြ႕႐ြမ္ႏွင့္ အျခားသူမ်ားကို အသာဦးၫြတ္လိုက္သည္။ "ပထမပါေဖာမန့္ ၿပီးပါၿပီ။ ဒုတိယစတိတ္ကို တန္းဆက္လို႔ရမလား။ "

က်ိဳးေဟြ႕႐ြမ္ႏွင့္ က်န္လူမ်ားက က်ယ္ယန္ဖန္တီးခဲ့ေသာ ခံစားခ်က္မ်ားမွ ႏွိုးထလာၾကသည္။ သူတို႔က က်ယ္ယန့္ကို အံ့ၾသတႀကီးၾကည့္ရင္း တစ္ဦးႏွင့္တစ္ဦး တီးတိုးေျပာ​ေနၾက၏။ က်ိဳးေဟြ႕႐ြမ္တစ္ေယာက္က ခ်က္ခ်င္း သေဘာတူေလသည္။ "​ဆက္ေလ ဆက္တာေပါ့"

က်ယ္ယန္ တရိုတေသ ေခါင္းညိတ္ကာ စႏၵယားဘက္သို႔ လွည့္လိုက္သည္။ ထို႔ေနာက္ စႏၵယားရွိရာသို႔ ျဖည္းျဖည္းခ်င္း ျပန္ေလွ်ာက္သြားသည္။

ဇာတ္ေၾကာင္းကိုျပန္ေတြးကာ လမ္းေလွ်ာက္ရင္း သခင္ေလး၏ ခံစားခ်က္မ်ားကို မုသြင္းေနသည္။ သူ႕လမ္းေလွ်ာက္ဟန္က တျဖည္းျဖည္း ေျပာင္းလဲလာကာ စႏၵယားဆီေရာက္သြားသည္ႏွင့္ က်ယ္ယန့္အေငြ႕အသက္တစ္စိုးတစ္စိမွ မရွိေတာ့။

သူ စႏၵယားကို ရိုက္ခ်လိဳက္သည္။

ေသဖို႔ဆုံးျဖတ္ထားၿပီးသား သခင္ေလးဟာ စိတ္ပ်က္မႈေရာ နာက်င္မႈေရာ ရွိမေနခဲ့ပါ။ သက္ဝင္တက္ႂကြမႈတို႔မရွိေတာ့ေသာ္လည္း တကယ္ေတာ့ ေလာကႀကီးကို ခ်စ္ျမတ္နိုးတုန္းပဲ။ သူလုပ္သမွ်ကို သူသိသည္။ လက္လည္း လက္ခံသည္။

ဒါကမွ အေကာင္းဆုံးရလာဒ္ပဲေလ။

သူခါးကိုင္းကာ စႏၵယားေပၚက ဖုန္မ်ားကိုသုတ္လိုက္၏။ ထို႔ေနာက္ ထိုင္လိုက္ၿပီး ေသခ်ာတပ္ထားေသာ ဓာတ္ပုံေဘာင္ကိုထုတ္ကာ စႏၵယားေပၚသို႔ သာသာေလးတင္လိုက္သည္။
"အေမ ကြၽန္ေတာ္ စေဖ်ာ္ေျဖၿပီေနာ္"

ေလထုက တိတ္ဆိတ္သြားၿပီ ဘာတုံ႕ျပန္သံမွ ရွိမေနခဲ့ပါ။

သူ ေခါင္းငုံ႕ကာ စႏၵယားအဖုံးကို ဖြင့္လိုက္သည္။ သူ႕လက္ေခ်ာင္းမ်ား က်ိဳးေၾကသြားကာ စႏၵယားကလည္း ပ်က္စီးေနၿပီ။ သူ အခုေလးတင္ တီးလိုက္ေသာ ႏုတ္နည္းနည္းေလးကေတာင္ ၾကားရတာ နားဝင္မခ်ိဳေတာ့။ ခဏေလာက္ရပ္ကာ ဓာတ္ပုံကို ေမာ့ၾကည့္ရင္း သူ႕လက္ေခ်ာင္းမ်ား ေတာင့္တင္းသြားသည္။

"အေမ သားေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ ဒီရက္ပိုင္း ေလ့က်င္ဖို႔ ပ်က္ကြက္ခဲ့မိတယ္။"

ျပန္ေျဖသံတို႔ တိတ္ဆိတ္ေနဆဲ။

သူ အေတာ္ၾကာေအာင္ ေစာင့္ေနမိ၏။ ထို႔ေနာက္ သူ႕စိတ္ကိုထိန္းခ်ဳပ္ကာ ေခါင္းျပန္ငုံ႕လိုက္သည္။ စိတ္အားထက္သန္ေသာ္လည္း စႏၵယားအား ေၾကာက္႐ြံ႕စိတ္အနည္းငယ္ႏွင့္အတူ သူ႕လက္ေခ်ာင္းမ်ားကိုျမႇောက္ကာ ခလုတ္ကို အသာေလးဖိလိုက္သည္။ ျဖည္းျဖည္းခ်င္း တီးခတ္ရင္း သူ႕ႏုတ္မ်ားကလည္း ဆက္စပ္လာခဲ့သည္။

သူ တီးနိုင္ေသးတယ္။ ပ်က္သြားေသာ သူ႕ဘယ္ဘက္လက္က ႏုတ္ေတြကို အၿမဲတမ္းလြတ္သြားေပမဲ့လည္း စႏၵယားတီးနိုင္ေသးသေ႐ြ႕ ဘာျဖစ္ျဖစ္ အေရးမစိုက္ေတာ့။ မ်က္လုံးမ်ားမွိတ္၍ တီးခတ္မႈမွာ ေပ်ာ္ဝင္လိုက္သည္။

တဆတ္ဆတ္ တသိမ့္သိမ့္ တုန္ယင္ ေတာင့္တင္းလာၿပီး... တျဖည္းျဖည္း ေတးသြားက ေႏြးေထြးလာသည္။

က်ိဳးပ်က္သြားေသာ စႏၵယားက ျပန္ေကာင္းလာသလိုပင္။ သူ႕အေမကလည္း ဓာတ္ပုံေဘာင္ထဲမွထြက္လာၿပီး အၿပဳံးေလးတစ္ပြင့္ျဖင့္ စင္ေဘးမွာထိုင္ေန၏။ ပန္းရနံ႕မ်ားက ေလထဲမွာ ေမႊးႀကိဳင္ ပ်ံ့လြင့္ေနကာ လွပေသာ ေနာက္ထပ္ေႏြးဦးတစ္ေန႕ပါေပ။

သူ စႏၵယားကို ပထမဆုံးထိၾကည့္ခဲ့တုန္းက အထူးအဆန္းျဖစ္ေနခဲ့တာကို မွတ္မိေသး၏။ ဘယ္လိုမေကာင္းဆိုးဝါးမ်ိဳးက ဒီလိုသာယာနာေပ်ာ္ဖြယ္အသံကို ထုတ္လြင့္နိုင္လဲဆိုတာ သိခ်င္ခဲ့၏။ သူ ေတးသြားတစ္ပုဒ္လုံးကို ပထမဆုံးအႀကိမ္ တီးနိုင္ခဲ့တဲ့အခ်ိန္မွာ သူအေမ အံ့ၾသဂုဏ္ယူခဲ့တာကိုလည္း အမွတ္ရမိသည္။

သူ႕မိသားစုအတြက္ စႏၵယားပါတီေတြက်င္းပၿပီး လူတိုင္းကို ကခုန္သီဆိုဖို႔ သင္ေပးခဲ့သည္။ သူ႕၏ပထမဆုံးေက်ာင္းသားက စစ္ပြဲမွာ မိဘေတြဆုံးရႈံးသြားခဲ့ေသာ သူေတာင္းစားေလးတစ္ေယာက္ပင္။ သူက ခလုတ္​ေတြကိုပြတ္ဆြဲရင္း ကေလးတီးတတ္ေအာင္သင္ေပးကာ စႏၵယားသံကို ပါးစပ္နဲ႕ဆိုျပရင္း ဟာသလုပ္ခဲ့ေသးသည္။ ကေလးေလးမ်က္လုံးထဲက ေတာက္ပေနေသာ ေပ်ာ္႐ႊင္မႈေလးကိုလည္း မွတ္မိေနေသးသည္။ အရင္တုန္းကသူနဲ႕ အတူတူပဲျဖစ္သင့္တာ။

သူၿပဳံးကာ ေတးသြားကိုေျပာင္းလိုက္သည္။ ေနာက္ထပ္ ေႏြးဦးရက္တစ္ရက္ပါေလ။ သူ႕အေမက စင္ေပၚမွာထိုင္ကာ သူ႕ကိုၿပဳံးၿပီးၾကည့္ေနမည္။ ေနေရာင္က ေတာက္ပေနၿပီး ေလထဲမွာ ကိတ္မုန့္နံ႕ေလးေတြ ေမြးပ်ံ့ကာ အျပင္ဘက္က အိမ္နီးခ်င္းေတြကလည္း သီခ်င္းေတြ ေအာ္ဆိုေနၾကလိမ့္မည္။ သီခ်င္းတစ္ပိုင္းတစ္စက ၿပီးဆုံးသြားခဲ့ၿပီေလ။

သူ မ်က္လုံးမ်ားကို အသာဖြင့္ၾကည့္လိုက္သည္။ ေႏြဦး၏ သာယာၾကည္ႏူးမႈမ်ား ေပ်ာက္ကြယ္သြားကာ သူ႕အေရွ႕က အရာရာဟာ ေလာင္ကြၽမ္းသြားခဲ့ၿပီ။ သူ႕မ်က္ႏွာထက္က ခံစားခ်က္မ်ားဟာလည္း ပ်ယ္လြင့္သြားခဲ့ၿပီး ဓာတ္ပုံထဲက သူ႕အေမကို ဗလာက်င္းလ်က္ ေၾကာင္ၾကည့္ေနမိသည္။ ႐ုတ္တရက္ သူထပ္ၿပဳံးျပလိုက္သည္။ မ်က္ရည္ေတြလိမ့္ဆင္းက်လာ၍ သူထက္ၿပဳံးျပလိုက္သည္။

"အေမ နားဝင္ဆိုးတယ္မလား။"

"အေမ သားတို႔အိမ္ေရာက္ၿပီ။"

"အေမ အခု သား အေမနဲ႕ပဲ အ​တူေနေတာ့မွာ ဘယ္ေတာ့မွ ထပ္ၿပီးထြက္မသြားေတာ့ဘူးေနာ္။"

***

ပါေဖာမန့္အၿပီးသပ္ေတာ့ က်ယ္ယန့္ သူ႕မ်က္ရည္မ်ားကိုသုတ္ကာ မတ္တပ္ထိလိုက္သည္။ စင္ျမင့္ဆီသို႔ေလွ်ာက္လာကာ စင္ေအာက္က က်ိဳးေဟြ႕႐ြမ္ႏွင့္ က်န္လူမ်ားကို ဦးၫႊတ္လိုက္၏။
"ကြၽန္ေတာ့္ ေဖ်ာ္ေျဖမႈ ၿပီးပါၿပီ "

က်ိဳးေဟြ႕႐ြမ္က က်ယ္ယန့္ကို ေသခ်ာအကဲခတ္ၾကည့္ၿပီး ေမးလာ၏။
"အခု မင္းတီးသြားတာ ဘာသီခ်င္းလဲ"

"ဒါက ဇာတ္ၫႊန္းဖတ္ၿပီး သခင္ေလးရဲ႕ဇာတ္ေကာင္အတြက္ ကြၽန္ေတာ္ သီသန့္ေရးထားတဲ့ ေတးသြားပါ။"

က်ိဳးေဟြ႕႐ြမ္က ထိုင္ခုံေနာက္ျပန္မွီကာ ၿပဳံးလိုက္သည္။
"အင္း"

***

က်ယ္ယန္ နားေနခန္းကိုျပန္ေရာက္လာေတာ့ ဖန္းေခ်ာင္နန္ ဖုန္းေျပာလို႔ၿပီးသြားၿပီ။ ျပန္လာတဲ့က်ယ္ယန့္ကို သူက ခ်က္ခ်င္းေမာ့ၾကည့္လာ၏။

က်ယ္ယန္လည္း ျပန္ၾကည့္ေပးလိုက္သည္။ "စီနီယာ အစ္ကို႔အလွည့္ ေရာက္ပါၿပီဗ် "

ဖန္းေခ်ာင္နန္က က်ယ္ယန့္၏ မသိမသာ ရန္ဆြေသာစကားကို အမွန္တကယ္ ျပန္တုံ႕ျပန္လာ၏။
"က်ယ္ယန္ ဒီတစ္ေခါက္ ငါတို႔ၿပိဳင္ဘက္​ေကာင္းေတြျဖစ္ဖို႔ ေမွ်ာ္လင့္တယ္"

ဒါလား ႏုညံ့တာ။

က်ယ္ယန္ ၿပဳံးလိုက္၏။ "ဒါေတာ့ စီနီယာစိတ္ရင္းေပၚမွာ မူတည္ပါတယ္။ "

ဖန္းေခ်ာင္နန္ စကားမဆက္ေတာ့။ ဝန္ထမ္းကိုေတာင္ခ်န္ခဲ့ၿပီး ထသြားေလ၏။ ၄၅ မိနစ္ၾကာၿပီးေနာက္ ဖန္းေခ်ာင္နန္ audition ကေန ျပန္ထြက္လာ၏။

မိနစ္အနည္းငယ္အၾကာတြင္ ဒါရိုက္တာက်ိဳးလည္း နားေနခန္းထဲသို႔ ေရာက္ရွိလာခဲ့သည္။ audition ကိုႀကိဳးစားေပးတဲ့အတြက္ အားလုံးကို ေက်းဇူးတင္စကားဆိုကာ audition ရလာဒ္ကို ေနာက္တစ္ပတ္ထဲမွာ အေၾကာင္းၾကားမည့္အေၾကာင္း ေျပာ၏။

လူတိုင္းလည္း ယဥ္ေက်းစြာျဖင့္ ျပန္ေျဖလိုက္ၾကသည္။ က်ယ္ယန္လည္း က်ိဳးေဟြ႕႐ြမ္ႏွင့္ လက္ဆြဲႏႈတ္ဆက္တာကို အခြင့္ေကာင္းယူကာ က်ိဳးေဟြ႕႐ြမ္ဦးေႏွာက္ထဲကို စစ္ေဆးၾကည့္လိုက္သည္။ ေ႐ႊလက္ေခ်ာင္း၏ သက္ေရာက္မႈအနည္းငယ္က်န္ရွိေနတာကို ေတြ႕ရ၍ ၎တို႔ကို ေခ်ျဖတ္ေပးလိုက္ပါေတာ့သည္။

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

343K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
838K 31.9K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
453K 39.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ