α€€α€»α€½α€”α€Ία€α€±α€¬α€Ία€·α€šα€±α€¬α€€α€»α€¬α€Ία€Έ α€›α€±α€¬α€‚α€«α€žα€Šα€Ί (...

By PoneyPeach

423K 64.3K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 69

3K 558 11
By PoneyPeach

Unicode
အခန်း ( ၆၉ )

ကျယ်ယန် အသံတိတ်နံပါတ်စဥ်ရေကာ အပေါ်ထပ်သို့ တက်သွား၏။

တစ် နှစ် သုံး …

“ကျယ်ယန်”

ကျယ်ယန့်နှုတ်ခမ်းပါးများ တွန့်ကွေးသွားရာ အမြန်ပဲ ပြန်တည်လိုက်ချေ၏။ သူ ရပ်ကာ နောက်ပြန်လှည့်ကြည့်သည်။   “ဘာရှိသေးလို့လဲ။”

ချိုးရှင်းသည် ကျယ်ယန့်၏ မျက်နှာထားတည်တည်ကိုတွေ့ပြီးနောက်  ‘ဒီနေ့ ဘာလို့ ငါ့လက်လာမကိုင်တာလဲ’ ဆိုသော မေးခွန်းက သူ့လည်ချောင်းတစ်လျှောက် တစ်ဆို့သွား၏။ သူ ထိုစကားကို ပြောမထွက်ဘဲ တခြားတစ်ခွန်းကိုသာ ဆိုလိုက်သည်။   “ဘာမှမဟုတ်ဘူး ”  ထို့နောက် သူ့စာကြည့်ခန်းသို့လျှောက်သွားတာ တံခါးကိုအတင်းပိတ်ချသွားသည်။

ကျယ်ယန် ပြုံးလျက် အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။ ည ၁၀ နာရီ၌ ချိုးရှင်း သူ့ဆံပင်များကိုဖီးသင်ကာ ရေချိုးဝတ်စုံကိုဝတ်လျက် တံခါးနှငိ့အနီးဆုံးက ထိုင်ခုံပေါ်မှာထိုင်လျက် ကြွက်ထွက်လာမှာကို စောင့်နေခဲ့သည်။ အပေါ်ထပ်ကိုတက်စဥ်က ကျယ်ယန်သည် သူ့လက်ကိုမကိုင်ခဲ့၍ အိပ်ရာမဝင်မီ ကျယ်ယန်လာမည်မှန်း သူသေချာသိနေ၏။ အခုတလော သည်ငကပ်လေးက ချိုးရှင်းလက်ကို တစ်နေ့လောက်မှမကိုင်ဘဲ မနေနိုင်ဖြစ်နေတတ်ကိုး။

၁၀ နာရီထိုးသွားပေမဲ့ တံခါးခေါက်မလာသေးပေ။

ချိုးရှင်း အနေအထားပြောင်းထိုင်လိုက်သည်။

၁၀:၃၀ ၌လည်း တံခါးက ဘာမှထူးခြားမလာ။

“ညည့်နက်အောင် ထပ်နေနေပြန်ပြီ !”

ချိုးရှင်း တံခါးဖွင့်ကာ တတိယထပ်သို့ ကျော်ခွတက်လာခဲ့ပြီး ကျယ့်ယန်တံခါးကို ခေါက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် တံခါးက ပွင့်လာသည်။ ကျယ်ယန်က အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံး၊ ရှုပ်ပွနေသော ဆံပင်၊ လျော့တိလျော့ရဲဖြစ်နေသော ညအိပ်ဝတ်စုံဖြင့် မတ်တပ်ရပ်လျက်။ သူက မှုန်တိမှုန်ကုပ်ဖြင့် မေးလာ၏။  “ဘာလဲ”

ချိုးရှင်း၏ မှုန်မှိုင်းခက်ထန်က စိတ်ဆိုးဒေါသထွက်နေပါသော အမူအရာများသည်ကား လွင့်စင်ပျောက်ကွယ်လို့သွားရပြီ။ သူ့မျက်လုံးများက ကျယ်ယန့်ခန္ဓာကိုယ်ပေါ်သို့ နေရခက်စွာဖြင့် ထက်အောက်ဆုံဆန်ရွှေ့လျားသွားပြီး အင်တင်တင်ဖြင့် အကြည့်လွှဲသွား၏။ ထို့နောက် ခြောက်ကပ်နေသော အသံဖြင့် မေးလိုက်သည်။
“မင်း … အိပ်နေပြီလား။”

ကျယ်ယန် ချိုးရှင်းကို နှစ်စက္ကန့်မျှ စိုက်ကြည့်ပြီးနောက် တံခါးကိုပိတ်လိုက်သည်။

“ခဏလေးပါ”  ချိုးရှင်း အမြန်လက်ဆန့်ကာ တံခါးကိုဆွဲလိုက်ရသည်။ သူ့မျက်ဝန်းများက တံခါးကိုကိုက်ထားသော ကျယ်ယန့်၏ လက်ချောင်းသွယ်သွယ်များထံ ရောက်ရှိလို့သွားသည်။ ကျယ်ယန်၏ အိပ်ချင်စိတ်နှင့် ဒေါသများပြည့်နှက်နေသော မျက်လုံးများနှင့်ဆုံမိသွားမှ မေးလိုက်၏။  “ဒီနေ့… မင်း နွားနို့သောက်ပြီးပြီလား။”

“……”

ကျယ်ယန် ခံစားချက်အလျဥ်းမရှိပါဘဲ တံခါးကို ပိတ်လိုက်သည်။ ထို့နောက်  ပြုံးလိုက်ပြီး ပိတ်ထားသောတံခါးကို ပြန်ဖွင့်ပေးလာ၏။ ချိုးရှင်း၏ မှုန်ကုပ်နေသော မျက်နှာကိုကြည့်၍ ရှေ့သို့တို့ကာ ချိုးရှင်းလက်ကို လှမ်းဆွဲလိုက်သည်။   “Good night”

ထို့နောက် လက်ပြန်ရုတ်ကာ တံခါးကိုပြန်ပိတ်လိုက်ချေတော့သည်။

ခဏမျှအကြာတွင် တံခါးအပြင်ဘက်က စိတ်ဆိုးနေရင်း ပီတိဖြာသွားသော အသံတစ်သံထွက်လာသည်။ ထို့နောက် ခြေသံများက အဝေးသို့ ပျံ့လွင့်သွားသည်။ ကျယ်ယန် ပြုံးလျက် အိပ်ရာဆီသို့ ပြန်လာခဲ့သည်။ အိပ်ရာဘေးစားပွဲပေါ်ကာ ဇာတ်ညွှန်းကိုကောက်ကာ ဆက်ဖတ်လိုက်သည်။

သည်တစ်​ခေါက် ကျိုးဟွိုက်ရွမ်၏ရုပ်ရှင်ကို ‘I see Xuanyuan.’ ဟု အမည်ပေးထားသည်။ ယင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရိုက်ကူးထားပြီး တော်လှန်ရေးကာလတွင်းက မိသားစုကြီးတစ်ခု ပြိုလဲကျဆုံးပုံအကြောင်းဖြစ်သည်။

ကျယ်ယန် လူရွေးပွဲပြိုင်ရမည့်ဇာတ်ကောင်က နိုင်ငံခြားမှ ​ပညာတော်သင်ပြန်လာသော ရွှီမိသားစု၏ အငယ်ဆုံးသားဖြစ်သည်။ သူက ​ပြီးပြည့်စုံသော စိတ်ကူးစိတ်သန်းဖြင့် ပြည့်နှက်နေသည့် ဖူးဖူးမှုတ် အလိုလိုက်ခံထားရသော သခင်လေးဖြစ်၏။

သခင်လေးအခန်း၏ အကောင်းဆုံးအခန်းမှ စတင်ရပေမည်။ သူက တိုင်းတစ်ပါးမှာ ကျောင်းပြီး၍ နိုင်ငံတကာ စန္ဒယားပြိုင်ပွဲတွင် ကြီးမြတ်သော ဆုတံဆိပ်ကို အနိုင်ရရှိခဲ့သည်။ ထို့နောက် နိုင်ငံခြားတီးဝိုင်းများမှ မြောက်မြားစွာသော ဖိတ်ကြားချက်များကိုငြင်းဆန်ကာ ‘တရုတ်နိုင်ငံမှလူများကို စန္ဒယားအကြောင်း ပိုမိုသိရှိသင်ကြားပေးနိုင်စေရမည်’ဟုသော ရည်ရွယ်ချက်ဖြင့် အမိမြေသို့ ပြန်လာခဲ့သည်။

သို့တိုင် အိမ်သို့ပြန်ရောက်ပြီးနောက် သူ့ဘဝဟာ အောက်ခြေအဆင့်အထိ ကျဆင်းသွားခဲ့ရသည်။

အိမ်မှာ မိသားစု၏ ဂရုစိုက်ချစ်ကြင်နာမှုများကို အချိန်တစ်ခုကြာအောင် ခံစားမွေ့လျော်ပြီးနောက် သခင်လေး၏မိခင်က သခင်လေးကို ငါ့ဝမ်းကွဲတစ်ယောက်နှင့် လက်ထပ်ပေးရန်စီစဥ်တော့သည်။ သခင်လေးက အဆင့်မြင့်ပညာရေးကို သင်ယူခဲ့ပြီးဖြစ်၍ သဘာဝကျကျပင် ငြင်းပယ်ခဲ့လေ၏။ အိမ်ကိုပုန်ကုန်ကာ အိမ်မှထွက်ပြေးခဲ့သည်။

နောက်တော့ အလိမ်အညာ၊ အနိုင်ကျင့်ခံရမှုများနှင့် ချောက်ချခံရမှုများစွာကို ကြံတွေ့ခဲ့ရသည်။ နောက်ဆုံးမှာတော့ စစ်ကြီးဖြစ်ပွားလာကာ သူလည်း အသိတရားရလာတော့သည်။ သူ၏အိမ်မဟုတ်သော အိမ်သို့သာ အမြန်ပြန်ပြေးခဲ့တော့ ရွှီအိမ်တော်က အဖြိုခံရကာ သူ့ဆွေးမျိုးအများစုက သေဆုံးသွားပြီး သူ့အမေနှင့် ဝမ်းကွဲမောင်နှမများကို စစ်တပ်ကာ ဖမ်းဆီထောင်ချထားလေပြီ။

သခင်လေးက စိတ်ထောင်းကိုယ်ကြေကာ ပြန်လည်ခုခံခဲ့သည်။ သူ့ဆွေးမျိုးသားချင်းများကို ကယ်ဆယ်ချင်ခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။ သူ ကြံမိကြံရာစွတ်လုပ်နေစဥ်မှာ ရွှီမိသားစု၏မွေးစားသား ဇာတ်လိုက်မင်းသားပေါ်လာပြီး သူ့ကို တိတ်တိတ်လေးဖွက်ထားပေးခဲ့သည်။ သူ့ကို အတင်းအားပေးကာ စစ်တပ်ထဲသို့ခေါ်လာခဲ့၍ သူ့ပန်းတိုင်အတွက် လမ်းညွှန်ပေးခဲ့လေသည်။

ညီအစ်ကိုများက စစ်တပ်ထဲက မိခင်ကိုကယ်ဆယ်ရန် ပူးပေါင်းခဲ့ကြသည်။ ကယ်ဆယ်ဖို့စီစဥ်ရင်း သခင်လေးလက်က ထိခိုက်ဒဏ်ရာရတာ စန္ဒယားဆက်မတီးနိုင်တော့ပေ။ သူ့မျက်နှာကလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ သူ့အမေကိုလည်း မကယ်လိုက်နိုင်ခဲ့။

ဇာတ်လမ်းအဆုံး၌ ရွှီမိသားစု၏မွေးစားသားနှင့် လွတ်မြောက်လာသော ညီမ​ဖြစ်သူက လက်ထပ်ခဲ့၏။ စစ်တပ်က ရှေ့တန်းထွက်သွားက သခင်လေးက ဒဏ်ရာရ တပ်သားတစ်ယောက်အနေဖြင့် နောက်တန်းမှာ ကျန်နေခဲ့သည်။

မွေးစားသားနှင့် ညီမကို အဝေးသို့ပို့ပြီးနောက် သခင်လေးသည် တပ်ထဲမှထွက်ပြေးကာ ပျက်ဆီးသွားသော ရွှီမိသားစုအိမ်တော်ကို ပြန်လာခဲ့၏။ သူ ကလေးဘဝကတီးခဲ့သော စန္ဒယားကိုလည်း ပြန်တွေ့ခဲ့သည်။ စန္ဒယားကတော့ စစ်တပ်ကြောင့်ပျက်စီးသွားပြီးဖြစ်၍ ခဲရာခဲဆစ်ဖြင့် ပြန်ပြင်ခဲ့ရသည်။ ထို့နောက် စန္ဒယား​ရှေ့မှာထိုင်ကာ သူအကြိုက်ဆုံးတေးသွားကို ကျိုးကြေနေသော လက်ချောင်းများဖြင့် တီးခတ်ခဲ့သည်။ အဆုံးတွင် သူ့မိခင်၏ဓာတ်ပုံကိုကိုင်ကာ အိုဟောင်းပျက်စီးနေသောရွှီအိမ်တော်နှင့်အတူ သူ့ကိုယ်သူပါ မီးရှို့ပြာချသွားတော့သည်။

နှစ်အတော်ကြာပြီး စစ်ကြီးပြီးဆုံးသွားချိန်၌ စစ်ဘက်ဆိုင်ရာ အောင်မြင်မှုများစွာကိုရရှိခဲ့သော ရွှီမိသားစုမွေးစားသားက ကိုယ်ဝန်သည် ဝမ်းကွဲညီမနှင့်အတူ အိမ်ကိုပြန်ရောက်လာခဲ့သည်။ နှစ်ယောက်က ပေါင်းမြက်ရှည်များနှင့်ပြည်နေသော ရွှီအိမ်တောင် နေရာဟောင်းမှာ လက်ချောင်းအရိုးတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ မွေးစားသားက လက်ချောင်းရိုးနှင့် ဝမ်းကွဲညီမကို သခင်လေးကလေးဘဝကပေးခဲ့သော စန္ဒယားရုပ်လေးဖြင့် သခင်လေးအတွက် ဂူဆောက်ပေးခဲ့သည်။ လက်ချောင်းအရိုးပြတ်နှင့် စန္ဒယားရုပ်လေးက သခင်လေး နောက်ဆုံးချန်ရစ်ခဲ့သော ပစ္စည်းများသာ။

ကျယ်ယန် ဇာတ်ညွှန်းကိုပိတ်၍ လေထဲကို တခဏမျှ တွေတွေကြီးစိုက်ကြည့်နေမိ၏။ ထို့နောက် ဇာတ်ညွှန်းကိုချကာ အိပ်မောကျသွားတော့သည်။

***

တနင်္လာနေ့၌ ကျယ်ယန်နှင့် ချင်းချောင်သည် လူရွေးပွဲနေရာသို့ ကားဖြင့်အတူသွားကြသည်။ ကျယ်ယန်က မျက်လုံးပိတ်လျက်အနားယူနေကာ သူ့ဘေးမှချင်းချောင်ကတော့ ပေါက်ပေါက်ဖောက်နေခဲ့၏။  “လူရွေးပွဲက ရလာဒ်မအောင်မြင်ရင်တောင် မင်း အကောင်းဆုံးလုပ်ခဲ့နော်။ သရုပ်ဆောင်စကေးမရှိတောင် မုသွင်းရင် အဆင်ပြေတယ်။ ဒါရိုက်တာကျိုးကို မင်းရဲ့ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုတွေကို ပြလိုက် နားလည်ရဲ့လား။”

ကျယ်ယန် အင်းဟုပြောလိုက်ပေမဲ့ မျက်လုံးတော့မဖွင့်ပေ။

နာရီဝက်ကြာပြီးနောက် ကားက ပြဇာတ်ရုံဟောင်းတစ်ခုရှေ့မှာ ရပ်သွားသည်။

ကျယ်ယန် မျက်လုံးဖွင့် ချင်းချောင်နှင့် ကားထဲကအတူဆင်းခဲ့၏။ ချင်းချောင်က လမ်းလျှောက်ရင်း သူ့ကိုမှာပြန်သည်။

“ဒါရိုက်တာကျိုးက ဇာတ်ဝင်ခန်းတွေရိုက်ကူးတဲ့အခါ အမြဲတမ်းသတိထားတယ်။ လူတွေ့အကဲဖြတ်စစ်ဆေးတဲ့အချိန်တိုင်း အဓိကဇာတ်ဆောင်နဲ့ သက်ဆိုင်တဲ့ဇာတ်ဝင်ခန်း တစ်ခုနှစ်ခုလောက် သရုပ်ဆောင်စေလိမ့်မယ်။ ဇာတ်ဝင်ခန်းနဲ့လိုက်ဖက်တဲ့သရုပ်ဆောင်ကို ရွေးပြီး အဲ့ဒီထဲကမှ အသင့်တော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာ။ မင်းရဲ့ တကယ့်အသက်အရွယ်ကလည်း ဇာတ်ညွှန်းထဲက သခင်လေးနဲ့ အနီးစပ်ဆုံးပဲ။ ဒါက မင်းအတွက် အားသာချက်ပေါ့။ မင်းသရုပ်ဆောင်စွမ်းရည်ကလည်း နောက်တော့တိုးတက်လာမှာပါ။ ”
ကျယ်ယန် ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက် ဒုတိယအမျိုးသားဇာတ်ဆောင်၏ လူတွေ့စစ်ဆေးရာနေရာသို့ မကြာခင်ပဲ ရောက်ရှိလာခဲ့ကြသည်။ ဒါရိုက်တာကျိုးက တခြားအခန်းထဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အတွက် လူတွေ့စစ်ဆေးနေရာ သည်ဘက်အခန်းထဲတွင် အစည်းအဝေးပြီးသည့်တိုင်အောင် ( audition ) မစသေးချေ။ ဝန်ထမ်းက ကျယ်ယန်အား ဒုတိယအမျိုးသားဇာတ်ဆောင် audition ဝင်ပြိုင်မည့် သရုပ်​ဆောင်များနားနေခန်းသို့ ဦးဆောင်ခေါ်သွားပေးသည်။

နားနေခန်းတွင် လူတစ်ယောက်က ရောက်နှင့်နေပြီးပြီ။ သူက သူစိမ်းတစ်ယောက်ဖြစ်ကာ အသက်က ၂၇၊ ၂၈ ဝန်းကျင်လောက်ဖြစ်မည်။ သူ့အရပ်နှင့် အသက်က ဖျော်ဖြေရေးနယ်ပင်နှင့် အံဝင်ဂွင်ကျမဖြစ်သည့်တိုင် ပင်ကိုယ်စရိုက်ကောင်းမွန်လှသည်။ သူ့၏ ထူးခြားသော ​မျက်ရစ်တစ်ထပ်နှင့် ဖီးနစ်မျက်ဝန်းများက မှတ်မိလွယ်စေသည်။

ကျယ်ယန်မှာ audition ပြိုင်ဘက်များ၏ ဓာတ်ပုံများကို ကြိုရှာကြည့်ထားရာ အနှီလူက ယန်ရှန်းဖြစ်ကြောင်း မှတ်မိလို့သွား၏။ ထိုလူကို အကဲခတ်ပြီးနောက် ယဥ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်သည်။ ယန်ရှန်းကလည်း သူ့ကို "နိဟောင်" ဟုဆိုလာ၏။

အေးဂျင့်တွေကို နားနေခန်းထဲမှာ ကြာကြာနေခွင့် မပြုထားပါ။ ချင်းချောင်က ကျယ်ယန့်ကိုလိုက်ပို့ပေးပြီးတာနှင့် ထွက်သွားသည်။ ကျယ်ယန်လည်း ထောင့်တစ်နေရှာထိုင်ပြီး သူ့ကျောပိုးအိတ်ထဲက ဇာတ်ညွှန်းကိုထုတ်လျက် ဆက်ဖက်နေလိုက်သည်။

“အေးဂျင့်ချင်းက ကျွန်တော် ဟွမ်ယွီကိုဝင်တော့ ထွက်သွားပြီ။သူက သူ့အနုပညာရှင်တွေအပေါ် အရမ်းကောင်းတယ်လို့ ကြားတယ်။”

ကျယ်ယန် ယန်ရှန်းကိုမော့ကြည့်လိုက်ပြီး သည်လူ၏စကားအဓိပ္ပါယ်ကိုတော့ သဘောမပေါက်ချေ။ သူ ပြန်မေးလိုက်သည်။
“ချင်းချောင်က အရမ်းတော်တာ။”

ယန်ရှန်းက ခေါင်းညိတ်၏။  “ငါ မင်းကို မနာလိုဖြစ်မိတယ်။”

သည်ယန်ရှန်းက နည်းနည်းတော့ စိတ်ဝင်စားဖို့အကောင်းသားဟုတွေးတာ မေးလိုက်သည်။
“ကျွန်တော့်အေးဂျင့်က ချင်းချောင်ဖြစ်နေလို့ မနာလိုတယ်လား။”

ယန်ရှန်းက ခေါင်းယမ်းကာ ပြန်ဖြေ၏။  “ငါက မင်းရဲ့နောက်ခံကို မနာလိုတာ။ ငါက နယ်စွန်နယ်ဖျားကလာတော့ သခင်လေးဇာတ်ကောင်အတွက်လိုအပ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး ဂုဏ်ယူဝံ့ကြွားတဲ့ကိုယ်နေဟန်ထားမရှိဘူး။ စန္ဒယားကိုလည်း ငါပွဲဦးထွက်ပြီးမှပဲ သင်ခဲ့ရတာ။ ငါ ကျွမ်းကျွမ်းကျင်ကျင်လည်း မတီးတတ်သလို ကိုယ်နေဟန်ထားကလည်း သိပ်မကောင်းဘူး။ အသည်းအသန်ကြိုးစားခဲ့ပေမဲ့ သိပ်မတီးတတ်သေးဘူးလေ။”

“ဒါပေမဲ့ မင်းသရုပ်ဆောင်စကေးကတော့ အရမ်းကောင်းတယ်။ မင်းသရုပ်ဆောင်တာတွေကို ငါကြည့်ဖူးတယ် ကောင်းပါတယ်။”

ကျယ်ယန် ထရပ်ကာ ယန်ရှန်းဘေးတွင် ဝင်ထိုင်လိုက်၏။ သူ့လက်ကိုကြွကာ သူ့အရှေ့မှာ စန္ဒယားရှိဟန်ဆောင်လိုက်သည်။ အကြိမ်ရေအနည်းငယ် တီးဟန်ပြုပြီးနောက် ယန်ရှန်းကို စောင်းငဲ့ကြည့်၏။  “ဒီကိုယ်နေဟန်ထားက ကောင်းရဲ့လား။”

ယန်ရှင်းကလည်း လက်မြှောက်က သူ့ဘာသာကြိုးစားကြည့်၏။ ထို့နောက် ခေါင်းညိတ်ကာ ခေါင်းခါပြန်သည်။   “ကြည့်ကောင်းပေမဲ့ ငါ မသင်နိုင်ပါဘူး။”

“အဲဲ့ဒါ ခင်ဗျားမသင်နိုင်တာ မဟုတ်ဘူး။ စိတ်ကိုတင်းထားလို့။ သက်တောင့်သက်သာနေ။ စန္ဒယားကို ခင်ဗျားကိုယ်ခင်ဗျား တန်ဆာဆင်ဖို့ပစ္စည်းတစ်ခုအနေနဲ့ မသုံးနဲ့။ သူ့ကို မြတ်နိုးဖို့ကြိုးစားကြည့်။ ခင်ဗျားမှာ အခြေခံအရည်အချင်းတွေ ရှိနေတဲ့နေရာမျိုးမှာ စန္ဒယားကို မြတ်နိုးမှုအပြည့် စိတ်အားထက်သန်မှုအပြည့်နဲ့ တီးခတ်ဖို့ လိုအပ်တယ်။ ဒါကမှ ခင်ဗျားရဲ့ အကောင်းဆုံးတီးခတ်ဟန်ပဲ။”

ယန်ရှန်း မျက်မှောင်ကြုတ်ကာ အတွေးဝင်သွား၏။

ကျယ်ယန်လည်း ထောင့်ထဲပြန်ထိုင်ကာ ဇာတ်ညွှန်းဆက်ဖက်နေလိုက်သည်။

၁၀ မိနစ်အကြာတွင် ဖန်းချောင်နန်လည်း ရောက်ရှိလာ၏။ သူက ခေတ်ဟောင်းဝတ်စုံပြည့်ကိုဝတ်ကာ အညိုရင့်ရောင်ဆံပင်များကိုလည်း အနက်ရောင်ပြန်ဆိုးထားသည်။ ရုပ်နုစေသော ရှေ့ဆံပင်များလည်းရှိကာ ဇာတ်ညွှန်းထဲက သခင်လေး၏ဖော်ပြချက်များနှင့် တော်တော့်ကို ဆင်သည်။

ဖန်းချောင်နန်ကာ အခန်းထဲဝင်လာပြီး ကျယ်ယန်နှင့် ယန်ရှန်းကို သူ့ဘက်ကစပြီးနှုတ်ဆက်သည်။ သူတို့နှစ်ယောက်လည်း ယဥ်ကျေးမှုအရ ပြန်နှုတ်ဆက်လိုက်​ကြ​သည်။ နောက်ဆုံးတော့ အားလုံးရောက်လာကြပြီး ဝန်ထမ်းက သရုပ်ဆောင်များကို ကြိုတင်ကျွမ်းဝင်စေရန်အလို့ငှာ audition clip အတိုချုပ်တစ်ခုကို ပို့ပေးလာသည်။

ယင်းတွင် audition ဇာတ်ဝင်ခန်းနှစ်ခုပါကာ နှစ်ခုလုံး စန္ဒယားတီးဖို့ လိုအပ်သည်။ ပထမတစ်ခုက သခင်လေး တရုတ်သို့ပြန်လာပြီး သူ့အမေမွေးနေ့မှာ စန္ဒယားတီးပေးတာပင်။ ဒုတိယက ကိုယ့်ကိုယ်ကို မီးရှို့မသေခင် သခင်လေး၏ နောက်ဆုံးသော ဖျော်ဖြေမှုပင်ဖြစ်သည်။ 

ဇာတ်ဝင်ခန်းနှစ်ခုလုံးအတွက် လိုအပ်သော ခံစားချက်ကာ ခက်ခဲပြီး ကွဲပြားကာ အတော်လည်း ​မြင့်သည်။

ဝန်ထမ်းက စကားပါးလာ၏။  “ဒါရိုက်တာကျိုးကမှာလိုက်ပါတယ် audition ဖြေနေတုန်း ကိုယ်တီးချင်တဲ့သီချင်းကို ရွေးချယ်လို့ရပါတယ်တဲ့။”

သတ်မှတ်ချက်မရှိ၍ အခက်အခဲက နှစ်ဆပင်။

ဝန်ထမ်း၏စကားကိုကြားအပြီးတွင် ယန်ရှန်းတစ်ယောက် မျက်မှောင်ကုတ်၍ စိတ်ပျက်လက်ပျက်မျက်နှာထားဖြစ်သွားတာကို ကျယ်ယန် သတိထားလိုက်မိသည်။ ဖန်းချောင်နန်ကတော့ ချက်ချင်းပဲ ဇာတ်ညွှန်းငုံ့ဖတ်သွား၏။ ဝန်ထမ်းထွက်သွားတာနှင့် ယန်ရှန်းက ကိုးရို့ကားယားလျှောက်လာကာ ကျယ်ယန့်ဘေးမှာ ထိုင်လိုက်သည်။ ကျယ်ယန် ယန်ရှန်းကို ကြည့်လိုက်၏။ တခြားတစ်ဖက်မှာထိုင်နေသော ဖန်းချောင်နန်ကလည်း ဘေးသို့လှမ်းကြည့်လာ၏။

ယန်ရှန်း စကားပြောရမှာ နည်းနည်းတော့ ရှက်မိသည်။

“မင်းက စန္ဒာယားတီးတော်တယ်လို့ ကြားဖူးတယ်။ အဆင်ပြေရင်လေ ငါ ဘယ်သီချင်းကိုတီးရင် ပိုကောင်းမယ်လို့ ထင်လဲဆိုတာ မေးလို့ရမလား။”

ကျယ်ယန် မေးလိုက်၏။  “မင်း ဘယ်သီချင်းတွေ တီးတတ်လဲ။ မင်းကျွမ်းကျင်တဲ့သီချင်းဆို ပိုကောင်းတယ်။”

ယန်ရှန်းက သီချင်းနာမည်တချို့ကို ရွတ်ပြသည်။ ကျယ်ယန် ခေတ္တမျှ စဥ်းစားပြီး ပြန်ဖြေလိုက်သည်။ 

“ပထမ audition က Ode to Spring ကို တီးဖို့အကြံပေးတယ်။ အဲ့ဒါက မြန်ပြီး သိပ်မခက်ဘူး။ လူတိုင်းကလည်း အဲ့ဒီသီချင်းနဲ့ရင်းနှီးတော့ မွေးနေ့ပါတီအငွေ့အသက်မျိုး ဖန်တီးလို့ရတယ်။ ဒုတိယ audition မှာ Black Fantasy ရဲ့ နုတ်တွေကို တီးလို့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက သခင်လေးရဲ့ အဲ့ဒီအချိန်ဖြစ်နေမဲ့ ခံစားချက်တွေကို အပြည့်အဝ မဖော်ပြနိုင်ပေမဲ့ တစ်ချို့တစ်ဝက်တော့ ပေါ်လွင်မှာပါ။ သီချင်းရဲ့ လစ်လပ်နေတဲ့အပိုင်းအစတွေကိုဖြည့်စွက်ဖို့ ခင်ဗျားရဲ့ခံစားချက်နဲ့ ခန္ဓာကိုယ်ကို သုံးပေါ့။”

နောက်ဆုံးတော့ ယန်ရှန်း ဦးတည်ချက်တစ်ခုတွေ့သွားက အားတက်သရောဖြင့် ဆိုလာသည်။   “ ကျေးဇူးပါ”

“ရပါတယ်ဗျာ။ ”

ယန်ရှန်း သူ့အိတ်ထဲမှာ မှတ်စုစာအုပ်ထုတ်ကာ စာရွက်တစ်ရွက်ကို လှန်လိုက်သည်။  သူက စာအုပ်ကို ကျယ်ယန့်ကိုပေးရင်း ပြော၏။ “ငါ ဇာတ်ကောင်ရဲ့အတ္ထုပ္ပတိကို ကိုယ့်ဘာသာလုပ်ထားတာ။ မင်းကြည့်လို့ရတယ်။”

ကျယ်ယန်လည်း မှတ်စုစာအုပ်ကိုလှမ်းယူကာ စိတ်ရင်းဖြင့် ကျေးဇူးတင်မိ၏။  “ ကျေးဇူး ”

လူနှစ်ယောက် အပြန်အလှန် အလဲအလှယ် ပြီးဆုံးသွား၏။ တစ်ယောက်က နားကြပ်တပ်ကာ သီချင်းနှင့် သူ့ကိုယ်သူ ရင်းနှီးစေသည်။ တခြားတစ်ယောက်ကတော့ ဇာတ်ကောင်၏ biography ကို ကြည့်​နေ၏။ လေထုက သဟဇာတဖြစ်လျက်။

ဖန်းချောင်နန် မျက်မှောင်ကုတ်၍ ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်သည်။

မိနစ် ၂၀ လောက်ကြာတော့ ဝန်ထမ်းကာ ပြန်ဝင်လာကာ သူတို့သုံးယောက်ကို audition အလှည့်ကျရွေးချယ်ဖို့ မဲနှိုက်စေသည်။ ဖန်းချောင်နန်က ဦးဆုံးပွဲဦးထွက်ထားကာ အရည်အချင်းလည်းရှိသည်။ ယန်ရှန်းနှင့် ကျယ်ယန်က သူ့ကို အရင်ဆုံး မဲနှိုက်စေကာ ယန်ရှန်းက ဒုတိယနှိုက်သည်။  

နောက်တော့ ဖန်းချောင်နန်က တတိယမြောက် audition ဖြေဖို့ကျကာ ယန်ရှန်းက ပထမကျသည်။

၁၀ မိနစ်ကြာပြီးနောက် လူရွေးပွဲလည်း တရားဝင် စတင်ခဲ့၏။ ယန်ရှန်းက ဘေးခန်းသို့ ဝန်ထမ်းနောက်မှလိုက်သွားကာ ကျယ်ယန်နှင့် ဖန်းချောင်နန်သာ နားနေခန်းထဲမှာ ကျန်ခဲ့ကြသည်။ ဖန်းချောင်နန်က ကျယ်ယန့်ကို ကြည့်ကာ ရယ်လာ၏။ 

“မင်းပြိုင်ဘက်မေးသမျှကို သေချာဖြေပေးနေတယ်နော်။ ဒီအသိုင်းအဝိုင်းမှာ မင်းလို ရိုးသားတက်ကြွတဲ့လူမျိုး သိပ်မရှိဘူး။ ယန်ရှန်းက အရမ်းလွန်တယ်။ စီနီယာတစ်ယောက်အနေနဲ့ မင်းကို ဘာအကြံဉာဏ်မှမပေးတဲ့အပြင် ရှုပ်တောင်ရှုပ်သွားသေးတယ်။”

ကျယ်ယန်လည်း ဖန်းချောင်နန်စကားတွေထဲက ရန်စနေတာကိုကြားပြီး အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ 

“တက်ကြွတာမဟုတ်ရပါဘူးဗျာ။ အကယ်၍ ကျွန်တော်သာ audition ကိုမအောင်ခဲ့ရင် ယန်ရှန်း ခင်ဗျားကို အနိုင်ယူနိုင်ပါသေးတယ်ဆိုပြီး တွေးလိုက်မိလို့ပါ။ ခင်ဗျား ကျွန်တော့်ကို နာမည်ဖျက်ဖို့ အသည်းအသန် ကြိုးစားခဲ့တာလေ။ ခင်ဗျားကို ပြန်လက်စားချေမှ မျှတမှာပေါ့ဗျာ။ ”

ဖန်းချောင်နန် ကြောင်အသွားကာ သူ့မျက်နှာပေါ်က အပြုံးမှာလည်း ဖြည်းဖြည်းချင်း ပျံ့လွင့်သို့သွားလေတော့၏။

[T/N: ဒီ Chapter မှာပါတဲ့ ယန်ရှန်းရဲ့နာမည်အသံထွက်အမှန်က ယန်ရှင်းဖြစ်ရမှာပါ။ ကျယ်ယန့်ရဲ့ ကုမ္ပဏီကလည်း ယန်ရှင်းပါ။ ရေးနည်းလည်းမတူသလို အသံထွက်လည်းမတူပါဘူး။ နည်းနည်းလေး အသံထွက်ဆင်နေတာပါ။ ဒါပေမဲ့ ဖတ်ရင်းရောနေမှာစိုးလို့ ယန်ရှန်းလို့ပဲရေးလိုက်ပါတယ်နော်။ ရာသီဥတုအ​ခြေအနေမကောင်းတာမလို့ ဂရုစိုက်ကြဦးနော် ... ❤❤ ]

━━━━━━━━━━━━━━━━━━━━━━━



Zawgyi
အခန္း ( ၆၉ )

က်ယ္ယန္ အသံတိတ္နံပါတ္စဥ္ေရကာ အေပၚထပ္သို႔ တက္သြား၏။

တစ္ ႏွစ္ သုံး …

“က်ယ္ယန္”

က်ယ္ယန့္ႏႈတ္ခမ္းပါးမ်ား တြန့္ေကြးသြားရာ အျမန္ပဲ ျပန္တည္လိုက္ေခ်၏။ သူ ရပ္ကာ ေနာက္ျပန္လွည့္ၾကည့္သည္။   “ဘာရွိေသးလို႔လဲ။”

ခ်ိဳးရွင္းသည္ က်ယ္ယန့္၏ မ်က္ႏွာထားတည္တည္ကိုေတြ႕ၿပီးေနာက္  ‘ဒီေန႕ ဘာလို႔ ငါ့လက္လာမကိုင္တာလဲ’ ဆိုေသာ ေမးခြန္းက သူ႕လည္ေခ်ာင္းတစ္ေလွ်ာက္ တစ္ဆို႔သြား၏။ သူ ထိုစကားကို ေျပာမထြက္ဘဲ တျခားတစ္ခြန္းကိုသာ ဆိုလိုက္သည္။   “ဘာမွမဟုတ္ဘူး ”  ထို႔ေနာက္ သူ႕စာၾကည့္ခန္းသို႔ေလွ်ာက္သြားတာ တံခါးကိုအတင္းပိတ္ခ်သြားသည္။

က်ယ္ယန္ ၿပဳံးလ်က္ အေပၚထပ္သို႔ ဆက္တက္ခဲ့သည္။ ည ၁၀ နာရီ၌ ခ်ိဳးရွင္း သူ႕ဆံပင္မ်ားကိုဖီးသင္ကာ ေရခ်ိဳးဝတ္စုံကိုဝတ္လ်က္ တံခါးႏွငိ့အနီးဆုံးက ထိုင္ခုံေပၚမွာထိုင္လ်က္ ႂကြက္ထြက္လာမွာကို ေစာင့္ေနခဲ့သည္။ အေပၚထပ္ကိုတက္စဥ္က က်ယ္ယန္သည္ သူ႕လက္ကိုမကိုင္ခဲ့၍ အိပ္ရာမဝင္မီ က်ယ္ယန္လာမည္မွန္း သူေသခ်ာသိေန၏။ အခုတေလာ သည္ငကပ္ေလးက ခ်ိဳးရွင္းလက္ကို တစ္ေန႕ေလာက္မွမကိုင္ဘဲ မေနနိုင္ျဖစ္ေနတတ္ကိုး။

၁၀ နာရီထိုးသြားေပမဲ့ တံခါးေခါက္မလာေသးေပ။

ခ်ိဳးရွင္း အေနအထားေျပာင္းထိုင္လိုက္သည္။

၁၀:၃၀ ၌လည္း တံခါးက ဘာမွထူးျခားမလာ။

“ညည့္နက္ေအာင္ ထပ္ေနေနျပန္ၿပီ !”

ခ်ိဳးရွင္း တံခါးဖြင့္ကာ တတိယထပ္သို႔ ေက်ာ္ခြတက္လာခဲ့ၿပီး က်ယ့္ယန္တံခါးကို ေခါက္လိုက္သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ တံခါးက ပြင့္လာသည္။ က်ယ္ယန္က အိပ္ခ်င္မူးတူးျဖစ္ေနေသာ မ်က္လုံး၊ ရႈပ္ပြေနေသာ ဆံပင္၊ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနေသာ ညအိပ္ဝတ္စုံျဖင့္ မတ္တပ္ရပ္လ်က္။ သူက မႈန္တိမႈန္ကုပ္ျဖင့္ ေမးလာ၏။  “ဘာလဲ”

ခ်ိဳးရွင္း၏ မႈန္မွိုင္းခက္ထန္က စိတ္ဆိုးေဒါသထြက္ေနပါေသာ အမူအရာမ်ားသည္ကား လြင့္စင္ေပ်ာက္ကြယ္လို႔သြားရၿပီ။ သူ႕မ်က္လုံးမ်ားက က်ယ္ယန့္ခႏၶာကိုယ္ေပၚသို႔ ေနရခက္စြာျဖင့္ ထက္ေအာက္ဆုံဆန္ေ႐ႊ႕လ်ားသြားၿပီး အင္တင္တင္ျဖင့္ အၾကည့္လႊဲသြား၏။ ထို႔ေနာက္ ေျခာက္ကပ္ေနေသာ အသံျဖင့္ ေမးလိုက္သည္။
“မင္း … အိပ္ေနၿပီလား။”

က်ယ္ယန္ ခ်ိဳးရွင္းကို ႏွစ္စကၠန့္မွ် စိုက္ၾကည့္ၿပီးေနာက္ တံခါးကိုပိတ္လိုက္သည္။

“ခဏေလးပါ”  ခ်ိဳးရွင္း အျမန္လက္ဆန့္ကာ တံခါးကိုဆြဲလိုက္ရသည္။ သူ႕မ်က္ဝန္းမ်ားက တံခါးကိုကိုက္ထားေသာ က်ယ္ယန့္၏ လက္ေခ်ာင္းသြယ္သြယ္မ်ားထံ ေရာက္ရွိလို႔သြားသည္။ က်ယ္ယန္၏ အိပ္ခ်င္စိတ္ႏွင့္ ေဒါသမ်ားျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားႏွင့္ဆုံမိသြားမွ ေမးလိုက္၏။  “ဒီေန႕… မင္း ႏြားနို႔ေသာက္ၿပီးၿပီလား။”

“……”

က်ယ္ယန္ ခံစားခ်က္အလ်ဥ္းမရွိပါဘဲ တံခါးကို ပိတ္လိုက္သည္။ ထို႔ေနာက္  ၿပဳံးလိုက္ၿပီး ပိတ္ထားေသာတံခါးကို ျပန္ဖြင့္ေပးလာ၏။ ခ်ိဳးရွင္း၏ မႈန္ကုပ္ေနေသာ မ်က္ႏွာကိုၾကည့္၍ ေရွ႕သို႔တို႔ကာ ခ်ိဳးရွင္းလက္ကို လွမ္းဆြဲလိုက္သည္။   “Good night”

ထို႔ေနာက္ လက္ျပန္႐ုတ္ကာ တံခါးကိုျပန္ပိတ္လိုက္ေခ်ေတာ့သည္။

ခဏမွ်အၾကာတြင္ တံခါးအျပင္ဘက္က စိတ္ဆိုးေနရင္း ပီတိျဖာသြားေသာ အသံတစ္သံထြက္လာသည္။ ထို႔ေနာက္ ေျခသံမ်ားက အေဝးသို႔ ပ်ံ့လြင့္သြားသည္။ က်ယ္ယန္ ၿပဳံးလ်က္ အိပ္ရာဆီသို႔ ျပန္လာခဲ့သည္။ အိပ္ရာေဘးစားပြဲေပၚကာ ဇာတ္ၫႊန္းကိုေကာက္ကာ ဆက္ဖတ္လိုက္သည္။

သည္တစ္​ေခါက္ က်ိဳးဟြိုက္႐ြမ္၏႐ုပ္ရွင္ကို ‘I see Xuanyuan.’ ဟု အမည္ေပးထားသည္။ ယင္းကို တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ၌ ရိုက္ကူးထားၿပီး ေတာ္လွန္ေရးကာလတြင္းက မိသားစုႀကီးတစ္ခု ၿပိဳလဲက်ဆဳံးပုံအေၾကာင္းျဖစ္သည္။

က်ယ္ယန္ လူေ႐ြးပြဲၿပိဳင္ရမည့္ဇာတ္ေကာင္က နိုင္ငံျခားမွ ​ပညာေတာ္သင္ျပန္လာေသာ ႐ႊီမိသားစု၏ အငယ္ဆုံးသားျဖစ္သည္။ သူက ​ၿပီးျပည့္စုံေသာ စိတ္ကူးစိတ္သန္းျဖင့္ ျပည့္ႏွက္ေနသည့္ ဖူးဖူးမႈတ္ အလိုလိုက္ခံထားရေသာ သခင္ေလးျဖစ္၏။

သခင္ေလးအခန္း၏ အေကာင္းဆုံးအခန္းမွ စတင္ရေပမည္။ သူက တိုင္းတစ္ပါးမွာ ေက်ာင္းၿပီး၍ နိုင္ငံတကာ စႏၵယားၿပိဳင္ပြဲတြင္ ႀကီးျမတ္ေသာ ဆုတံဆိပ္ကို အနိုင္ရရွိခဲ့သည္။ ထို႔ေနာက္ နိုင္ငံျခားတီးဝိုင္းမ်ားမွ ေျမာက္ျမားစြာေသာ ဖိတ္ၾကားခ်က္မ်ားကိုျငင္းဆန္ကာ ‘တ႐ုတ္နိုင္ငံမွလူမ်ားကို စႏၵယားအေၾကာင္း ပိုမိုသိရွိသင္ၾကားေပးနိုင္ေစရမည္’ဟုေသာ ရည္႐ြယ္ခ်က္ျဖင့္ အမိေျမသို႔ ျပန္လာခဲ့သည္။

သို႔တိုင္ အိမ္သို႔ျပန္ေရာက္ၿပီးေနာက္ သူ႕ဘဝဟာ ေအာက္ေျခအဆင့္အထိ က်ဆင္းသြားခဲ့ရသည္။

အိမ္မွာ မိသားစု၏ ဂ႐ုစိုက္ခ်စ္ၾကင္နာမႈမ်ားကို အခ်ိန္တစ္ခုၾကာေအာင္ ခံစားေမြ႕ေလ်ာ္ၿပီးေနာက္ သခင္ေလး၏မိခင္က သခင္ေလးကို ငါ့ဝမ္းကြဲတစ္ေယာက္ႏွင့္ လက္ထပ္ေပးရန္စီစဥ္ေတာ့သည္။ သခင္ေလးက အဆင့္ျမင့္ပညာေရးကို သင္ယူခဲ့ၿပီးျဖစ္၍ သဘာဝက်က်ပင္ ျငင္းပယ္ခဲ့ေလ၏။ အိမ္ကိုပုန္ကုန္ကာ အိမ္မွထြက္ေျပးခဲ့သည္။

ေနာက္ေတာ့ အလိမ္အညာ၊ အနိုင္က်င့္ခံရမႈမ်ားႏွင့္ ေခ်ာက္ခ်ခံရမႈမ်ားစြာကို ႀကံေတြ႕ခဲ့ရသည္။ ေနာက္ဆုံးမွာေတာ့ စစ္ႀကီးျဖစ္ပြားလာကာ သူလည္း အသိတရားရလာေတာ့သည္။ သူ၏အိမ္မဟုတ္ေသာ အိမ္သို႔သာ အျမန္ျပန္ေျပးခဲ့ေတာ့ ႐ႊီအိမ္ေတာ္က အၿဖိဳခံရကာ သူ႕ေဆြးမ်ိဳးအမ်ားစုက ေသဆုံးသြားၿပီး သူ႕အေမႏွင့္ ဝမ္းကြဲေမာင္ႏွမမ်ားကို စစ္တပ္ကာ ဖမ္းဆီေထာင္ခ်ထားေလၿပီ။

သခင္ေလးက စိတ္ေထာင္းကိုယ္ေၾကကာ ျပန္လည္ခုခံခဲ့သည္။ သူ႕ေဆြးမ်ိဳးသားခ်င္းမ်ားကို ကယ္ဆယ္ခ်င္ခဲ့ေသာ္လည္း မတတ္နိုင္ခဲ့ေပ။ သူ ႀကံမိႀကံရာစြတ္လုပ္ေနစဥ္မွာ ႐ႊီမိသားစု၏ေမြးစားသား ဇာတ္လိုက္မင္းသားေပၚလာၿပီး သူ႕ကို တိတ္တိတ္ေလးဖြက္ထားေပးခဲ့သည္။ သူ႕ကို အတင္းအားေပးကာ စစ္တပ္ထဲသို႔ေခၚလာခဲ့၍ သူ႕ပန္းတိုင္အတြက္ လမ္းၫႊန္ေပးခဲ့ေလသည္။

ညီအစ္ကိုမ်ားက စစ္တပ္ထဲက မိခင္ကိုကယ္ဆယ္ရန္ ပူးေပါင္းခဲ့ၾကသည္။ ကယ္ဆယ္ဖို႔စီစဥ္ရင္း သခင္ေလးလက္က ထိခိုက္ဒဏ္ရာရတာ စႏၵယားဆက္မတီးနိုင္ေတာ့ေပ။ သူ႕မ်က္ႏွာကလည္း ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ကာ သူ႕အေမကိုလည္း မကယ္လိုက္နိုင္ခဲ့။

ဇာတ္လမ္းအဆုံး၌ ႐ႊီမိသားစု၏ေမြးစားသားႏွင့္ လြတ္ေျမာက္လာေသာ ညီမ​ျဖစ္သူက လက္ထပ္ခဲ့၏။ စစ္တပ္က ေရွ႕တန္းထြက္သြားက သခင္ေလးက ဒဏ္ရာရ တပ္သားတစ္ေယာက္အေနျဖင့္ ေနာက္တန္းမွာ က်န္ေနခဲ့သည္။

ေမြးစားသားႏွင့္ ညီမကို အေဝးသို႔ပို႔ၿပီးေနာက္ သခင္ေလးသည္ တပ္ထဲမွထြက္ေျပးကာ ပ်က္ဆီးသြားေသာ ႐ႊီမိသားစုအိမ္ေတာ္ကို ျပန္လာခဲ့၏။ သူ ကေလးဘဝကတီးခဲ့ေသာ စႏၵယားကိုလည္း ျပန္ေတြ႕ခဲ့သည္။ စႏၵယားကေတာ့ စစ္တပ္ေၾကာင့္ပ်က္စီးသြားၿပီးျဖစ္၍ ခဲရာခဲဆစ္ျဖင့္ ျပန္ျပင္ခဲ့ရသည္။ ထို႔ေနာက္ စႏၵယား​ေရွ႕မွာထိုင္ကာ သူအႀကိဳက္ဆုံးေတးသြားကို က်ိဳးေၾကေနေသာ လက္ေခ်ာင္းမ်ားျဖင့္ တီးခတ္ခဲ့သည္။ အဆုံးတြင္ သူ႕မိခင္၏ဓာတ္ပုံကိုကိုင္ကာ အိုေဟာင္းပ်က္စီးေနေသာ႐ႊီအိမ္ေတာ္ႏွင့္အတူ သူ႕ကိုယ္သူပါ မီးရွို႔ျပာခ်သြားေတာ့သည္။

ႏွစ္အေတာ္ၾကာၿပီး စစ္ႀကီးၿပီးဆုံးသြားခ်ိန္၌ စစ္ဘက္ဆိုင္ရာ ေအာင္ျမင္မႈမ်ားစြာကိုရရွိခဲ့ေသာ ႐ႊီမိသားစုေမြးစားသားက ကိုယ္ဝန္သည္ ဝမ္းကြဲညီမႏွင့္အတူ အိမ္ကိုျပန္ေရာက္လာခဲ့သည္။ ႏွစ္ေယာက္က ေပါင္းျမက္ရွည္မ်ားႏွင့္ျပည္ေနေသာ ႐ႊီအိမ္ေတာင္ ေနရာေဟာင္းမွာ လက္ေခ်ာင္းအရိုးတစ္ခုကို ရွာေတြ႕ခဲ့ၾကသည္။ ေမြးစားသားက လက္ေခ်ာင္းရိုးႏွင့္ ဝမ္းကြဲညီမကို သခင္ေလးကေလးဘဝကေပးခဲ့ေသာ စႏၵယား႐ုပ္ေလးျဖင့္ သခင္ေလးအတြက္ ဂူေဆာက္ေပးခဲ့သည္။ လက္ေခ်ာင္းအရိုးျပတ္ႏွင့္ စႏၵယား႐ုပ္ေလးက သခင္ေလး ေနာက္ဆုံးခ်န္ရစ္ခဲ့ေသာ ပစၥည္းမ်ားသာ။

က်ယ္ယန္ ဇာတ္ၫႊန္းကိုပိတ္၍ ေလထဲကို တခဏမွ် ေတြေတြႀကီးစိုက္ၾကည့္ေနမိ၏။ ထို႔ေနာက္ ဇာတ္ၫႊန္းကိုခ်ကာ အိပ္ေမာက်သြားေတာ့သည္။

***

တနလၤာေန႕၌ က်ယ္ယန္ႏွင့္ ခ်င္းေခ်ာင္သည္ လူေ႐ြးပြဲေနရာသို႔ ကားျဖင့္အတူသြားၾကသည္။ က်ယ္ယန္က မ်က္လုံးပိတ္လ်က္အနားယူေနကာ သူ႕ေဘးမွခ်င္းေခ်ာင္ကေတာ့ ေပါက္ေပါက္ေဖာက္ေနခဲ့၏။  “လူေ႐ြးပြဲက ရလာဒ္မေအာင္ျမင္ရင္ေတာင္ မင္း အေကာင္းဆုံးလုပ္ခဲ့ေနာ္။ သ႐ုပ္ေဆာင္စေကးမရွိေတာင္ မုသြင္းရင္ အဆင္ေျပတယ္။ ဒါရိုက္တာက်ိဳးကို မင္းရဲ႕ႀကိဳးစားမႈနဲ႕ စိတ္အားထက္သန္မႈေတြကို ျပလိုက္ နားလည္ရဲ႕လား။”

က်ယ္ယန္ အင္းဟုေျပာလိုက္ေပမဲ့ မ်က္လုံးေတာ့မဖြင့္ေပ။

နာရီဝက္ၾကာၿပီးေနာက္ ကားက ျပဇာတ္႐ုံေဟာင္းတစ္ခုေရွ႕မွာ ရပ္သြားသည္။

က်ယ္ယန္ မ်က္လုံးဖြင့္ ခ်င္းေခ်ာင္ႏွင့္ ကားထဲကအတူဆင္းခဲ့၏။ ခ်င္းေခ်ာင္က လမ္းေလွ်ာက္ရင္း သူ႕ကိုမွာျပန္သည္။

“ဒါရိုက္တာက်ိဳးက ဇာတ္ဝင္ခန္းေတြရိုက္ကူးတဲ့အခါ အၿမဲတမ္းသတိထားတယ္။ လူေတြ႕အကဲျဖတ္စစ္ေဆးတဲ့အခ်ိန္တိုင္း အဓိကဇာတ္ေဆာင္နဲ႕ သက္ဆိုင္တဲ့ဇာတ္ဝင္ခန္း တစ္ခုႏွစ္ခုေလာက္ သ႐ုပ္ေဆာင္ေစလိမ့္မယ္။ ဇာတ္ဝင္ခန္းနဲ႕လိုက္ဖက္တဲ့သ႐ုပ္ေဆာင္ကို ေ႐ြးၿပီး အဲ့ဒီထဲကမွ အသင့္ေတာ္ဆုံးတစ္ေယာက္ကို ေ႐ြးခ်ယ္မွာ။ မင္းရဲ႕ တကယ့္အသက္အ႐ြယ္ကလည္း ဇာတ္ၫႊန္းထဲက သခင္ေလးနဲ႕ အနီးစပ္ဆုံးပဲ။ ဒါက မင္းအတြက္ အားသာခ်က္ေပါ့။ မင္းသ႐ုပ္ေဆာင္စြမ္းရည္ကလည္း ေနာက္ေတာ့တိုးတက္လာမွာပါ။ ”
က်ယ္ယန္ ေခါင္းညိတ္လိုက္သည္။

သူတို႔ႏွစ္ေယာက္ ဒုတိယအမ်ိဳးသားဇာတ္ေဆာင္၏ လူေတြ႕စစ္ေဆးရာေနရာသို႔ မၾကာခင္ပဲ ေရာက္ရွိလာခဲ့ၾကသည္။ ဒါရိုက္တာက်ိဳးက တျခားအခန္းထဲမွာ အဓိကအမ်ိဳးသမီးဇာတ္ေဆာင္အတြက္ လူေတြ႕စစ္ေဆးေနရာ သည္ဘက္အခန္းထဲတြင္ အစည္းအေဝးၿပီးသည့္တိုင္ေအာင္ ( audition ) မစေသးေခ်။ ဝန္ထမ္းက က်ယ္ယန္အား ဒုတိယအမ်ိဳးသားဇာတ္ေဆာင္ audition ဝင္ၿပိဳင္မည့္ သ႐ုပ္​ေဆာင္မ်ားနားေနခန္းသို႔ ဦးေဆာင္ေခၚသြားေပးသည္။

နားေနခန္းတြင္ လူတစ္ေယာက္က ေရာက္ႏွင့္ေနၿပီးၿပီ။ သူက သူစိမ္းတစ္ေယာက္ျဖစ္ကာ အသက္က ၂၇၊ ၂၈ ဝန္းက်င္ေလာက္ျဖစ္မည္။ သူ႕အရပ္ႏွင့္ အသက္က ေဖ်ာ္ေျဖေရးနယ္ပင္ႏွင့္ အံဝင္ဂြင္က်မျဖစ္သည့္တိုင္ ပင္ကိုယ္စရိုက္ေကာင္းမြန္လွသည္။ သူ႕၏ ထူးျခားေသာ ​မ်က္ရစ္တစ္ထပ္ႏွင့္ ဖီးနစ္မ်က္ဝန္းမ်ားက မွတ္မိလြယ္ေစသည္။

က်ယ္ယန္မွာ audition ၿပိဳင္ဘက္မ်ား၏ ဓာတ္ပုံမ်ားကို ႀကိဳရွာၾကည့္ထားရာ အႏွီလူက ယန္ရွန္းျဖစ္ေၾကာင္း မွတ္မိလို႔သြား၏။ ထိုလူကို အကဲခတ္ၿပီးေနာက္ ယဥ္ေက်းပ်ဴငွာစြာ ႏႈတ္ဆက္လိုက္သည္။ ယန္ရွန္းကလည္း သူ႕ကို "နိေဟာင္" ဟုဆိုလာ၏။

ေအးဂ်င့္ေတြကို နားေနခန္းထဲမွာ ၾကာၾကာေနခြင့္ မျပဳထားပါ။ ခ်င္းေခ်ာင္က က်ယ္ယန့္ကိုလိုက္ပို႔ေပးၿပီးတာႏွင့္ ထြက္သြားသည္။ က်ယ္ယန္လည္း ေထာင့္တစ္ေနရွာထိုင္ၿပီး သူ႕ေက်ာပိုးအိတ္ထဲက ဇာတ္ၫႊန္းကိုထုတ္လ်က္ ဆက္ဖက္ေနလိုက္သည္။

“ေအးဂ်င့္ခ်င္းက ကြၽန္ေတာ္ ဟြမ္ယြီကိုဝင္ေတာ့ ထြက္သြားၿပီ။သူက သူ႕အႏုပညာရွင္ေတြအေပၚ အရမ္းေကာင္းတယ္လို႔ ၾကားတယ္။”

က်ယ္ယန္ ယန္ရွန္းကိုေမာ့ၾကည့္လိုက္ၿပီး သည္လူ၏စကားအဓိပၸါယ္ကိုေတာ့ သေဘာမေပါက္ေခ်။ သူ ျပန္ေမးလိုက္သည္။
“ခ်င္းေခ်ာင္က အရမ္းေတာ္တာ။”

ယန္ရွန္းက ေခါင္းညိတ္၏။  “ငါ မင္းကို မနာလိုျဖစ္မိတယ္။”

သည္ယန္ရွန္းက နည္းနည္းေတာ့ စိတ္ဝင္စားဖို႔အေကာင္းသားဟုေတြးတာ ေမးလိုက္သည္။
“ကြၽန္ေတာ့္ေအးဂ်င့္က ခ်င္းေခ်ာင္ျဖစ္ေနလို႔ မနာလိုတယ္လား။”

ယန္ရွန္းက ေခါင္းယမ္းကာ ျပန္ေျဖ၏။  “ငါက မင္းရဲ႕ေနာက္ခံကို မနာလိုတာ။ ငါက နယ္စြန္နယ္ဖ်ားကလာေတာ့ သခင္ေလးဇာတ္ေကာင္အတြက္လိုအပ္တဲ့ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိၿပီး ဂုဏ္ယူဝံ့ႂကြားတဲ့ကိုယ္ေနဟန္ထားမရွိဘူး။ စႏၵယားကိုလည္း ငါပြဲဦးထြက္ၿပီးမွပဲ သင္ခဲ့ရတာ။ ငါ ကြၽမ္းကြၽမ္းက်င္က်င္လည္း မတီးတတ္သလို ကိုယ္ေနဟန္ထားကလည္း သိပ္မေကာင္းဘူး။ အသည္းအသန္ႀကိဳးစားခဲ့ေပမဲ့ သိပ္မတီးတတ္ေသးဘူးေလ။”

“ဒါေပမဲ့ မင္းသ႐ုပ္ေဆာင္စေကးကေတာ့ အရမ္းေကာင္းတယ္။ မင္းသ႐ုပ္ေဆာင္တာေတြကို ငါၾကည့္ဖူးတယ္ ေကာင္းပါတယ္။”

က်ယ္ယန္ ထရပ္ကာ ယန္ရွန္းေဘးတြင္ ဝင္ထိုင္လိုက္၏။ သူ႕လက္ကိုႂကြကာ သူ႕အေရွ႕မွာ စႏၵယားရွိဟန္ေဆာင္လိုက္သည္။ အႀကိမ္ေရအနည္းငယ္ တီးဟန္ျပဳၿပီးေနာက္ ယန္ရွန္းကို ေစာင္းငဲ့ၾကည့္၏။  “ဒီကိုယ္ေနဟန္ထားက ေကာင္းရဲ႕လား။”

ယန္ရွင္းကလည္း လက္ျမႇောက္က သူ႕ဘာသာႀကိဳးစားၾကည့္၏။ ထို႔ေနာက္ ေခါင္းညိတ္ကာ ေခါင္းခါျပန္သည္။   “ၾကည့္ေကာင္းေပမဲ့ ငါ မသင္နိုင္ပါဘူး။”

“အဲဲ့ဒါ ခင္ဗ်ားမသင္နိုင္တာ မဟုတ္ဘူး။ စိတ္ကိုတင္းထားလို႔။ သက္ေတာင့္သက္သာေန။ စႏၵယားကို ခင္ဗ်ားကိုယ္ခင္ဗ်ား တန္ဆာဆင္ဖို႔ပစၥည္းတစ္ခုအေနနဲ႕ မသုံးနဲ႕။ သူ႕ကို ျမတ္နိုးဖို႔ႀကိဳးစားၾကည့္။ ခင္ဗ်ားမွာ အေျခခံအရည္အခ်င္းေတြ ရွိေနတဲ့ေနရာမ်ိဳးမွာ စႏၵယားကို ျမတ္နိုးမႈအျပည့္ စိတ္အားထက္သန္မႈအျပည့္နဲ႕ တီးခတ္ဖို႔ လိုအပ္တယ္။ ဒါကမွ ခင္ဗ်ားရဲ႕ အေကာင္းဆုံးတီးခတ္ဟန္ပဲ။”

ယန္ရွန္း မ်က္ေမွာင္ၾကဳတ္ကာ အေတြးဝင္သြား၏။

က်ယ္ယန္လည္း ေထာင့္ထဲျပန္ထိုင္ကာ ဇာတ္ၫႊန္းဆက္ဖက္ေနလိုက္သည္။

၁၀ မိနစ္အၾကာတြင္ ဖန္းေခ်ာင္နန္လည္း ေရာက္ရွိလာ၏။ သူက ေခတ္ေဟာင္းဝတ္စုံျပည့္ကိုဝတ္ကာ အညိုရင့္ေရာင္ဆံပင္မ်ားကိုလည္း အနက္ေရာင္ျပန္ဆိုးထားသည္။ ႐ုပ္ႏုေစေသာ ေရွ႕ဆံပင္မ်ားလည္းရွိကာ ဇာတ္ၫႊန္းထဲက သခင္ေလး၏ေဖာ္ျပခ်က္မ်ားႏွင့္ ေတာ္ေတာ့္ကို ဆင္သည္။

ဖန္းေခ်ာင္နန္ကာ အခန္းထဲဝင္လာၿပီး က်ယ္ယန္ႏွင့္ ယန္ရွန္းကို သူ႕ဘက္ကစၿပီးႏႈတ္ဆက္သည္။ သူတို႔ႏွစ္ေယာက္လည္း ယဥ္ေက်းမႈအရ ျပန္ႏႈတ္ဆက္လိုက္​ၾက​သည္။ ေနာက္ဆုံးေတာ့ အားလုံးေရာက္လာၾကၿပီး ဝန္ထမ္းက သ႐ုပ္ေဆာင္မ်ားကို ႀကိဳတင္ကြၽမ္းဝင္ေစရန္အလို႔ငွာ audition clip အတိုခ်ဳပ္တစ္ခုကို ပို႔ေပးလာသည္။

ယင္းတြင္ audition ဇာတ္ဝင္ခန္းႏွစ္ခုပါကာ ႏွစ္ခုလုံး စႏၵယားတီးဖို႔ လိုအပ္သည္။ ပထမတစ္ခုက သခင္ေလး တ႐ုတ္သို႔ျပန္လာၿပီး သူ႕အေမေမြးေန႕မွာ စႏၵယားတီးေပးတာပင္။ ဒုတိယက ကိုယ့္ကိုယ္ကို မီးရွို႔မေသခင္ သခင္ေလး၏ ေနာက္ဆုံးေသာ ေဖ်ာ္ေျဖမႈပင္ျဖစ္သည္။ 

ဇာတ္ဝင္ခန္းႏွစ္ခုလုံးအတြက္ လိုအပ္ေသာ ခံစားခ်က္ကာ ခက္ခဲၿပီး ကြဲျပားကာ အေတာ္လည္း ​ျမင့္သည္။

ဝန္ထမ္းက စကားပါးလာ၏။  “ဒါရိုက္တာက်ိဳးကမွာလိုက္ပါတယ္ audition ေျဖေနတုန္း ကိုယ္တီးခ်င္တဲ့သီခ်င္းကို ေ႐ြးခ်ယ္လို႔ရပါတယ္တဲ့။”

သတ္မွတ္ခ်က္မရွိ၍ အခက္အခဲက ႏွစ္ဆပင္။

ဝန္ထမ္း၏စကားကိုၾကားအၿပီးတြင္ ယန္ရွန္းတစ္ေယာက္ မ်က္ေမွာင္ကုတ္၍ စိတ္ပ်က္လက္ပ်က္မ်က္ႏွာထားျဖစ္သြားတာကို က်ယ္ယန္ သတိထားလိုက္မိသည္။ ဖန္းေခ်ာင္နန္ကေတာ့ ခ်က္ခ်င္းပဲ ဇာတ္ၫႊန္းငုံ႕ဖတ္သြား၏။ ဝန္ထမ္းထြက္သြားတာႏွင့္ ယန္ရွန္းက ကိုးရို႔ကားယားေလွ်ာက္လာကာ က်ယ္ယန့္ေဘးမွာ ထိုင္လိုက္သည္။ က်ယ္ယန္ ယန္ရွန္းကို ၾကည့္လိုက္၏။ တျခားတစ္ဖက္မွာထိုင္ေနေသာ ဖန္းေခ်ာင္နန္ကလည္း ေဘးသို႔လွမ္းၾကည့္လာ၏။

ယန္ရွန္း စကားေျပာရမွာ နည္းနည္းေတာ့ ရွက္မိသည္။

“မင္းက စႏၵာယားတီးေတာ္တယ္လို႔ ၾကားဖူးတယ္။ အဆင္ေျပရင္ေလ ငါ ဘယ္သီခ်င္းကိုတီးရင္ ပိုေကာင္းမယ္လို႔ ထင္လဲဆိုတာ ေမးလို႔ရမလား။”

က်ယ္ယန္ ေမးလိုက္၏။  “မင္း ဘယ္သီခ်င္းေတြ တီးတတ္လဲ။ မင္းကြၽမ္းက်င္တဲ့သီခ်င္းဆို ပိုေကာင္းတယ္။”

ယန္ရွန္းက သီခ်င္းနာမည္တခ်ိဳ႕ကို ႐ြတ္ျပသည္။ က်ယ္ယန္ ေခတၱမွ် စဥ္းစားၿပီး ျပန္ေျဖလိုက္သည္။ 

“ပထမ audition က Ode to Spring ကို တီးဖို႔အႀကံေပးတယ္။ အဲ့ဒါက ျမန္ၿပီး သိပ္မခက္ဘူး။ လူတိုင္းကလည္း အဲ့ဒီသီခ်င္းနဲ႕ရင္းႏွီးေတာ့ ေမြးေန႕ပါတီအေငြ႕အသက္မ်ိဳး ဖန္တီးလို႔ရတယ္။ ဒုတိယ audition မွာ Black Fantasy ရဲ႕ ႏုတ္ေတြကို တီးလို႔ရတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါက သခင္ေလးရဲ႕ အဲ့ဒီအခ်ိန္ျဖစ္ေနမဲ့ ခံစားခ်က္ေတြကို အျပည့္အဝ မေဖာ္ျပနိုင္ေပမဲ့ တစ္ခ်ိဳ႕တစ္ဝက္ေတာ့ ေပၚလြင္မွာပါ။ သီခ်င္းရဲ႕ လစ္လပ္ေနတဲ့အပိုင္းအစေတြကိုျဖည့္စြက္ဖို႔ ခင္ဗ်ားရဲ႕ခံစားခ်က္နဲ႕ ခႏၶာကိုယ္ကို သုံးေပါ့။”

ေနာက္ဆုံးေတာ့ ယန္ရွန္း ဦးတည္ခ်က္တစ္ခုေတြ႕သြားက အားတက္သေရာျဖင့္ ဆိုလာသည္။   “ ေက်းဇူးပါ”

“ရပါတယ္ဗ်ာ။ ”

ယန္ရွန္း သူ႕အိတ္ထဲမွာ မွတ္စုစာအုပ္ထုတ္ကာ စာ႐ြက္တစ္႐ြက္ကို လွန္လိုက္သည္။  သူက စာအုပ္ကို က်ယ္ယန့္ကိုေပးရင္း ေျပာ၏။ “ငါ ဇာတ္ေကာင္ရဲ႕အတၳဳပၸတိကို ကိုယ့္ဘာသာလုပ္ထားတာ။ မင္းၾကည့္လို႔ရတယ္။”

က်ယ္ယန္လည္း မွတ္စုစာအုပ္ကိုလွမ္းယူကာ စိတ္ရင္းျဖင့္ ေက်းဇူးတင္မိ၏။  “ ေက်းဇူး ”

လူႏွစ္ေယာက္ အျပန္အလွန္ အလဲအလွယ္ ၿပီးဆုံးသြား၏။ တစ္ေယာက္က နားၾကပ္တပ္ကာ သီခ်င္းႏွင့္ သူ႕ကိုယ္သူ ရင္းႏွီးေစသည္။ တျခားတစ္ေယာက္ကေတာ့ ဇာတ္ေကာင္၏ biography ကို ၾကည့္​ေန၏။ ေလထုက သဟဇာတျဖစ္လ်က္။

ဖန္းေခ်ာင္နန္ မ်က္ေမွာင္ကုတ္၍ ျဖည္းျဖည္းခ်င္း အၾကည့္လႊဲလိုက္သည္။

မိနစ္ ၂၀ ေလာက္ၾကာေတာ့ ဝန္ထမ္းကာ ျပန္ဝင္လာကာ သူတို႔သုံးေယာက္ကို audition အလွည့္က်ေ႐ြးခ်ယ္ဖို႔ မဲႏွိုက္ေစသည္။ ဖန္းေခ်ာင္နန္က ဦးဆုံးပြဲဦးထြက္ထားကာ အရည္အခ်င္းလည္းရွိသည္။ ယန္ရွန္းႏွင့္ က်ယ္ယန္က သူ႕ကို အရင္ဆုံး မဲႏွိုက္ေစကာ ယန္ရွန္းက ဒုတိယႏွိုက္သည္။  

ေနာက္ေတာ့ ဖန္းေခ်ာင္နန္က တတိယေျမာက္ audition ေျဖဖို႔က်ကာ ယန္ရွန္းက ပထမက်သည္။

၁၀ မိနစ္ၾကာၿပီးေနာက္ လူေ႐ြးပြဲလည္း တရားဝင္ စတင္ခဲ့၏။ ယန္ရွန္းက ေဘးခန္းသို႔ ဝန္ထမ္းေနာက္မွလိုက္သြားကာ က်ယ္ယန္ႏွင့္ ဖန္းေခ်ာင္နန္သာ နားေနခန္းထဲမွာ က်န္ခဲ့ၾကသည္။ ဖန္းေခ်ာင္နန္က က်ယ္ယန့္ကို ၾကည့္ကာ ရယ္လာ၏။ 

“မင္းၿပိဳင္ဘက္ေမးသမွ်ကို ေသခ်ာေျဖေပးေနတယ္ေနာ္။ ဒီအသိုင္းအဝိုင္းမွာ မင္းလို ရိုးသားတက္ႂကြတဲ့လူမ်ိဳး သိပ္မရွိဘူး။ ယန္ရွန္းက အရမ္းလြန္တယ္။ စီနီယာတစ္ေယာက္အေနနဲ႕ မင္းကို ဘာအႀကံဉာဏ္မွမေပးတဲ့အျပင္ ရႈပ္ေတာင္ရႈပ္သြားေသးတယ္။”

က်ယ္ယန္လည္း ဖန္းေခ်ာင္နန္စကားေတြထဲက ရန္စေနတာကိုၾကားၿပီး အၿပဳံးေလးျဖင့္ ျပန္ေျဖလိုက္သည္။ 

“တက္ႂကြတာမဟုတ္ရပါဘူးဗ်ာ။ အကယ္၍ ကြၽန္ေတာ္သာ audition ကိုမေအာင္ခဲ့ရင္ ယန္ရွန္း ခင္ဗ်ားကို အနိုင္ယူနိုင္ပါေသးတယ္ဆိုၿပီး ေတြးလိုက္မိလို႔ပါ။ ခင္ဗ်ား ကြၽန္ေတာ့္ကို နာမည္ဖ်က္ဖို႔ အသည္းအသန္ ႀကိဳးစားခဲ့တာေလ။ ခင္ဗ်ားကို ျပန္လက္စားေခ်မွ မွ်တမွာေပါ့ဗ်ာ။ ”

ဖန္းေခ်ာင္နန္ ေၾကာင္အသြားကာ သူ႕မ်က္ႏွာေပၚက အၿပဳံးမွာလည္း ျဖည္းျဖည္းခ်င္း ပ်ံ့လြင့္သို႔သြားေလေတာ့၏။

[T/N: ဒီ Chapter မွာပါတဲ့ ယန္ရွန္းရဲ႕နာမည္အသံထြက္အမွန္က ယန္ရွင္းျဖစ္ရမွာပါ။ က်ယ္ယန့္ရဲ႕ ကုမၸဏီကလည္း ယန္ရွင္းပါ။ ေရးနည္းလည္းမတူသလို အသံထြက္လည္းမတူပါဘူး။ နည္းနည္းေလး အသံထြက္ဆင္ေနတာပါ။ ဒါေပမဲ့ ဖတ္ရင္းေရာေနမွာစိုးလို႔ ယန္ရွန္းလို႔ပဲေရးလိုက္ပါတယ္ေနာ္။ ရာသီဥတုအ​ေျခအေနမေကာင္းတာမလို႔ ဂ႐ုစိုက္ၾကဦးေနာ္ ... ❤❤ ]

━━━━━━━━━━━━━━━━━━━━━━━



Continue Reading

You'll Also Like

397K 3K 4
"α€˜α€šα€Ία€žα€°α€€α€™α€Ύ α€žα€°α€›α€²α€€α€±α€¬α€„α€Ία€Έα€‘α€–α€Όα€…α€Ία€™α€½α€±α€Έα€–α€½α€¬α€Έα€œα€¬α€α€¬α€™α€Ÿα€―α€α€Ία€˜α€°α€Έ α€žα€°α€›α€²α€€α€±α€¬α€„α€Ία€Έα€α€…α€Ία€šα€±α€¬α€€α€ΊαŠ α€α€±α€«α€„α€Ία€Έα€†α€±α€¬α€„α€Ία€€α€±α€¬α€„α€Ία€Έα€α€…α€Ία€šα€±α€¬α€€α€Ία€–α€Όα€…α€Ία€–α€­α€―α€·α€†α€­α€―α€α€¬ α€•α€„α€Ία€€α€­α€―α€šα€Ία€‘α€›α€Šα€Ία€‘α€žα€½α€±α€Έα€”α€²α€· α€€α€­α€―α€šα€Ία€α€­α€―α€„α€Ία€œα€―α€•α€Ία€šα€°α€‘α€¬α€Έα€α€²...
472K 11.4K 88
"α€•α€°α€α€„α€Ία€Έα€œα€±α€Έα€€α€˜α€¬α€œα€²" "ကိုကို့ထပိုင်" "α€€α€­α€―α€€α€­α€―α€α€­α€―α€·α€€α€›α€±α€¬α€˜α€¬α€œα€² " "မောင်နှမ" "α€Ÿα€¬..."
437K 16.3K 44
α€€α€­α€―α€šα€Ία€Ÿα€¬ ကြိုးဝိုင်းထဲမှာ α€€α€­α€―α€šα€Ία€·α€€α€­α€―α€…α€­α€”α€Ία€α€±α€«α€Ία€œα€¬α€žα€™α€»α€Ύα€€α€±α€¬α€„α€Ία€α€½α€±α€‘α€€α€―α€”α€Ί α€‘α€­α€―α€Έα€›α€²α€α€šα€Ί α€žα€α€Ία€›α€²α€α€šα€Ί α€€α€­α€―α€šα€Ία€”α€­α€―α€„α€Ία€™α€šα€Ία€†α€­α€―α€α€²α€·α€šα€―α€Άα€€α€Όα€Šα€Ία€™α€Ύα€―α€›α€Ύα€­α€α€šα€Ί α€€α€­α€―α€šα€Ία€™α€œα€―α€•α€Ία€›α€²α€α€¬α€˜α€¬α€™α€Ύα€™α€›α€Ύα€­α€˜α€°α€Έα€œα€­α€―α€·α€‘α€„...
1.2M 64K 50
α€‘α€™α€­α€”α€Ήα‚”α€…α€Šα€Ήα€Έ+α€žα€α€Όα€•α€Ήα‚α€­α€―α€Έ ( α‚α€½α€„α€Ήα€™α‚ˆα€”α€Ήα€Έα€”α€Άα‚”α€žα€¬) α€‘α€™α€­α€”α€·α€Ία€…α€Šα€Ία€Έ+α€žα€α€½α€•α€Ία€›α€­α€―α€Έ ( α€›α€Ύα€„α€Ία€™α€Ύα€―α€”α€Ία€Έα€”α€Άα€·α€žα€¬) ခြင့္ျပဳခ်က္မရပဲ α€„α€«α€·α€‘α€”α€¬α€Έα€€α€‘α€Όα€€α€Ήα€α€Όα€¬α€α€Όα€„α€Ήα€·α€™α€»α€•α€³α€”α€­α€„α€Ήα€˜α€°α€Έ α€‘α€žα€€α€Ήα€”α€²α‚”α€α‚αΆα€¬α€α€Šα€Ήα€»α€™α€²α€±α€”α€ž...