ကျွန်တော့်ယောကျာ်း ရောဂါသည် (...

By PoneyPeach

437K 64.9K 2K

- More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Translator has something to say
Chapter 19
Chapter 20
Chapter 21
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73

Chapter 67

2.7K 542 8
By PoneyPeach

Unicode
အခန်း (၆၇)

စင်ပေါ်ကဆင်းလာတော့ ကျီဇယ့်ဟွေ့က ကျယ်ယန့်ကို ပြန်ခွင့်မပြု။ သူက ကျယ်ယန့်ကို ကျန်းမင်နှင့် သူ့မိတ်ဆွေဟောင်းများနှင့်တွေ့ရန် ခေါ်လာသည်။ ကျီဇယ့်ဟွေ့က သူ့ကို အဆက်အသွယ်တွေနဲ့ ချိတ်ဆိတ်ပေးချင်မှန်းသိ၍ ကျီဇယ့်ဟွေ့နှင့် လိုက်ခဲ့၏။ ကျီဇယ့်ဟွေ့က ဦးဆောင်က ကျန်းမင်က ချီးကျူးသည်။ ဟွမ်းမင်ကလည်း ကျယ်ယန့်အသံကို ချီးမွမ်းသည်။ စီနီယာအဆိုတော်တွေက သူတို့စိတ်ထဲ ဘာတွေတွေးနေပါစေ ကိစ္စမရှိ အားလုံးက ကျယ်ယန့်ကိုတော့ ဂရုစိုက်ကြ၏။ ကျယ်ယန်နှင့် စကားပြောလျှင် ကြင်နာ၍စိတ်အားထက်သန်ကြကာ သူ့၏ဖျော်ဖြေမှု​ကောင်းအတွက် ချီးကျူးပေးကြသည်။

လှည့်ပတ်နှုတ်ဆက်ပြီးနောက် ကျယ်ယန် goodbye ဟုဆိုကာ သူတို့တွေ့ဆုံတာ​ကို မနှောင့်ယှက်လိုတော့ကြောင်း ရှင်းပြလိုက်သည်။ သူ ခြေလှမ်းပြင်ရုံရှိသေး ရှန်ယန်က သူ့ကို လှမ်းခေါ်လာ၏။ ကျယ်ယန် သူ့ဆီလျှောက်သွားရင်း မေးလိုက်သည်။     “စီနီယာရှန် လိုအပ်တာရှိလို့လား။”

“ကိုယ် မင်းကို လူနည်းနည်းနဲ့တွေ့ပေးဖို့ ကိုယ်တို့ဝိုင်းကို ခေါ်သွားပေးမယ်။"   ရှန်ယန်က ကျယ်ယန်နှင့်ယှဥ်သွားကာ လမ်းလျှောက်ရင်း တိုးတိုးလေးကပ်ပြောလာ၏။   “ကိုယ် မင်းကို နောက်မှ မက်ဆေ့ပို့လိုက်မယ်။ ကိုယ့်စကားအတိုင်း လိုက်ပြော။ နားလည်မလား။”

ကျယ်ယန် အသိဝင်ကာ ရှန်ယန်က သူ့မကောင်းသတင်းများကို ကူညီဖြေရှင်းပေးမလို့မှန်း နားလည်သွား၏။ သူ အားတက်သရော ပြောလိုက်သည်။   “ကေျးဇူးတင်ပါတယ် စီနီယာရှန်။”

ရှန်ယန်က ခေါင်ခါပြ၏။  “ကိုယ့်ကို စီနီယာလို့ ခေါ်ဖို့မလိုပါဘူး။ ကိုယ့်နာမည်ကိုပဲခေါ်။ မင်းကြောင့်သာမဟုတ်ရင် ကိုယ် ဒုက္ခရောက်တော့မလို့။ ကိုယ်ကသာ မင်းကို ကျေးဇူးတင်သင့်တာ။”

ကျယ်ယန် ချက်ချင်းပဲ အခေါ်အဝေါ် ပြောင်းလိုက်သည်။  “ ကျေးဇူးပါ ရှန်ကော”

ရှန်ယန်က ရယ်မောကာ သူ့နောက်ကျောကို ပုတ်လိုက်သည်။

***

ရှန်ယန်အတွက်  V Group စီစဥ်ပေးထားသောနေရာက အရမ်းကောင်းသည်။ ၎င်းက A ဧရိယာ၏ အကောင်းဆုံးနှင့် အလည်ကျဆုံးနေရာပင်။ ရှန်ယန်စားပွဲကလူများက ဖျော်ဖြေရေးနယ်ပယ်၏ ထိပ်တန်းအကောင်ကြီးကြီးများပင်။

အားလုံးက အတွေ့အကြုံကြီးရင့်နေသော လူများချည်းပင်။ ရှန်ယန်က လူသစ်လေးကို ခေါ်လာတာမြင်တာနှင့် သူ့ထက်ငါဦးအောင် နှုတ်ဆက်ကြ၏။ သူတို့သဘောထားက ဖော်ရွေပြီး ကြင်နာကြပါ၏။

ရှန်ယန်က ပြုံးလျက် ရှင်းပြလာ၏။   “အားလုံးကို မိတ်ဆက်ပေးဖို့ ကလေးတစ်ယောက်ခေါ်လာတယ်။ ဒါက ကျယ်ယန် ဒါရိုက်တာရွှီရဲ့ ရိုက်ကူးရေးအဖွဲ့မှာ တွေ့ခဲ့တဲ့ တက်သစ်စလေးပေါ့။ သူက အရမ်းတော်တာ။ တေးရေးဆရာကောင်းလေးကိုမှ ကုမ္ပဏီတစ်ခုတောင် စတည်ထောင်ထားပြီးပြီ။ ငါ့ဝမ်းကွဲအကိုကလည်း သူ့ကိုထူးချွန်တယ်လို့တွေးပြီး အခွင့်ရှိရင် သူနဲ့လက်တွဲပူးပေါင်းရမယ်ဆိုပြီးတော့တောင် ပြောထားတာလေ။”

သူ့စကားမှာ အချက်အလက်တွေ အများကြီးပါ၏။ ပထမအချက်အနေဖြင့် ရွှီဟုန်က သူ့ရိုက်ကူးရေးအဖွဲ့ကို ဖိတ်ကြားသည်အထိ အရည်အချင်းရှိကြောင်းပြသည်။ ထို့နောက် ကျယ်ယန်က အဆင့်အတန်းရှိကြောင်း မီးမောင်းထိုးပြ၏။ သူ့ကိုယ်ပိုင်ကုမ္ပဏီကို ဖော်ထုတ်ရင်း ဟွမ်ယွီကလည်း နောက်ဆို ကျယ်ယန်နှင့် ပူပေါင်းဖို့ရှိကြောင်း ​ဆိုသည်။ သူက သူများတွေ ဒုက္ခပေးချင်တိုင်း ပေးလို့ရသော လူသစ်လေးမဟုတ်ကြောင်း သွယ်ဝိုက်ပြောလိုက်တာပင်။

ကျယ်ယန်အပေါ် လူတိုင်း၏သဘောထားက ပိုမိုကောင်းမွန်လာ၏။ သူတို့က ကျယ်ယန့်ကို ထိုင်ရန်ပြောသည်။

ကျယ်ယန်လည်း စီနီယာအားလုံးကို တလေးတစားဖြင့် ကျေးဇူးတင်စကားဆိုကာ ရှန်ယန်ဘေးမှာ ဝင်ထိုင်၏။

ရှန်ယန်က ကျယ်ယန်ကို လွန်လွန်ကဲကဲအိုဗာဖြစ်အောင် မိတ်မဆက်ပေးခဲ့ပေ။ နေရာမှာထိုင်အပြီးတွင် သူနှင့် ကျယ်ယန် ဘယ်လောက်ဆက်ဆံရေးကောင်းကြောင်းကို တစ်စွန်းတစ်စ ဖော်ပြခဲ့၏။ ထို့နောက် အားလုံးနှင့် တခြားအကြောင်းအရာများကို ဆွေးနွေးပြောဆိုရင်း ကျယ်ယန့်ကိုလည်း အခါအားလျော်စွာ စကားဝိုင်းအတွင်းသို့ ဆွဲခေါ်သည်။ ကျယ်ယန် ဗဟုသုတကြွယ်ဝကာ သူ့စိတ်ကလည်း အတင်းကရော လုပ်ကြံပြီး ကြိုးစားမနေပါ။ သူက ဖြေကြားသင့်တာကိုသာ လက်ခံဖြေဆိုပြီး ထင်ပေါ်အောင်မနေပေ။ သို့သော် သူ့ခေါင်းထဲမှာ ခေါင်းစဥ်တစ်ခုပေါ်လာလျှင်တော့ မသုံးဝင်မည့် အကြောင်းအရာကို သေချာပြောပြပေမည်။

ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် အားလုံးက ကျယ်ယန့်၏ စိတ်နေစိတ်ထားကို ပးအကြမ်းဖျဥ်း နားလည်သွားကြပြီ။ ရုပ်ရှင်နယ်ပယ်က စီနီယာနှစ်ယောက်ကလည်း ကျယ်ယန်ကို သူတို့ဘက်ကစကာ စကားပြေားလာကြ၏။  ပတ်ဝန်းကျင်က အဆင်ချော​နေစဥ်တွင် အသက် ၅၀ ရုပ်ရှင်ရိုက်ကူးရေးသမားတစ်ယောက်က ဖြတ်ပြောလာ၏။

“ကျယ်မိသားစုကို ငါသိတယ်။ ငါ အလုပ်ကိစ္စခရီးထွက်ရင် မင်းတို့ဟိုတယ်တွေမှာ မကြာခဏတည်းဖြစ်တယ်။ အရင်နှစ်တွေတုန်းကတော့ အဆင်ပြေပေမဲ့လို့ ဒီနှစ်နှစ်အတွင်းမှာ စီမံခန့်ခွဲရေးပိုင်းက နည်းနည်းရှုပ်ထွေးလာတယ်။”
စားပွဲတစ်ခုလုံး ငြိမ်ကြသွားသည်။

ကျယ်ယန် ခေါင်းထောင်ကာ ထိုသူရှိရာကို လှည့်၍ အနှီလူ၏အရှေ့က နာမည်ပြားကို ကြည့်လိုက်သည်။ ဟုန်ကျစ်ကျယ်တဲ့။ သူ ဟုန်ကျစ်ကျယ်ကို ပြန်ဖြေလိုက်သည်။   “စီိီနီယာဟုန် အဆင်မ​ပြေကြုံတွေ့ခဲ့ရတာတွေအတွက် ကျွန်တော် တကယ်စိတ်မကောင်းပါဘူးဗျာ။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကျွန်တော့်အဖေက အပန်းဖြေဗီလာတစ်ခုဖွင့်ဖို့ စီစဥ်နေခဲ့တာ။ သူက T မြို့တော်မှာ ပြေးလွှားပြီး မြေတစ်ကွက် ရခဲ့တယ်။ မကြာခင်ကပဲ အဖေက အဲ့ဒီမြေကွက်ပေါ် အာရုံစိုက်ထားတော့ ဟိုတယ်စီမံခန့်ခွဲရေးဘက်ကို လျစ်လျူရှုသလိုဖြစ်သွားတာဗျ။ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြန်ရောက်တဲ့အခါ အဖေ့ကို သေချာပြောပြပေးလိုကပါ့မယ်ဗျ။”

အပန်းဖြေစခန်း၊ T မြို့တော်၊ မြေကွက်… T မြို့တော်က မြေကွက်က ပေါပေါပဲပဲ လွယ်လွယ်ကူကူ မရဘူးလေ။

ရှန်ယန်နှင့် ဆက်ဆံရေးကောင်းသော ရုပ်ရှင်မင်းသမီးတစ်ဦးက ဝင်ပြောသည်။   “ကြည့်ဦး လောင်ဟုန်ပြောတာကို။ ငါ့သဘောအရတော့ ကျယ်ယန့်ဟိုတယ်မှာ တည်းရတာ အဆင်ပြေပါတယ်။ ပါပါရာဇီတွေကို တားဆီးတာလည်း ကောင်းတယ်။ ကျွန်မဆို ခရီးဆယ်ခါသွားရင် ရှစ်ခါလောက် အဲ့ဒီမှာတည်းတာပါ။”

ပတ်ဝန်းကျင်အခြေအနေက တစ်ဖန်ပြန်တိုးတက်လာ၏။

အခါအားလျော်စွာ ရှန်ယန်က စကားလမ်းကြောင်းအသစ်တစ်ခု အစပြုကာ ကျယ်ယန် ယန်ရှင်းကို တည်ထောင်ခဲ့သည့်အကြောင်းအား စကားဦးသန်းလိုက်၏။ ကျယ်ယန်ကလည်း ယန်ရှင်းကို တည်ထောင်ခဲ့တာက သူ့မိသားစုနှင့် ခန့်ခွဲရန်ဖြစ်ကြောင်း ပြောပြသည်။ အကြောင်းမူကား သူသာ စီပွားရေးလုပ်ငန်းတစ်ခု စလုပ်လျှင် သူ့အဖေက အရင်းအနှီးထုတ်ပေးမည် ဆိုသောကြောင့်ဟု။

ဟုန်ကျစ်ကျယ်က သရော်သံဖြင့် ထပ်ပြောလာပြန်သည်။  “အရင်းအနှီးငွေက အများကြီးဖြစ်ရမယ်။ ယန်ရှင်းရုံးရှိတဲ့ ​နေရာငှားရမ်းခကိုက ပေါပေါပဲပဲ မဟုတ်ဘူးနော်။”

ကျယ်ယန်ကတော့ မျက်နှာတစ်ချက်မပျက်ဘဲ လိမ်ပြောလိုက်သည်။  “အတော်တော့များတယ်ဗျ။ ကျွန်တော် (ငွေ) ဂဏန်းကိုးလုံးနဲ့ စတည်ထောင်ခဲ့ပေမဲ့ အခုတော့ ပြောင်ပြီလေ။ အခု ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရှာနေရတာပေါ့။ သူများတွေ လှောင်မှာတော့ ကျွန်တော်မကြောက်ပါဘူး။ တကယ်တော့ ယန်ရှင်းက အရင်လပိုင်းတွေထဲမှာ ငွေတွေအရှုံးပေါ်ခဲ့သေးတယ်။ တခြားနေရာတွေက ကျွန်တော့်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ကျေးဇူးနဲ့ ယိုပေါက်တွေကိုတော့ ဖာနိုင်ခဲ့ပါတယ်။”

ဂဏန်းကိုးလုံးနဲ့ စရင်းနှီးပြီး တခြားရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေရှာတယ်။ သည်နှစ်တွေအတွင်း ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ သည်လောက်ချမ်းသာသော စတားက များများစားစား မရှိပေ။

လူတိုင်း၏ မျက်လုံးများက ရှန်ယန်နှင့် ကျယ်ယန်ကြား လူးလွန့်သွားကြပြီး သူ့တို့စိတ်ထဲမှာ ထူးဆန်းသလို ခံစားလာရ၏။ ရှန်ယန်က လူသစ်လေးကို ဘာလို့ ရုတ်တရက်ကြီး မိတ်ဆက်ပေးလာပါလိမ့်လို့ သူတို့သိချင်နေကြတာ။ ရွေဇွန်းကိုက်သခင်လေးက နောက်ထပ် ရွှေဇွန်းကိုက် သခင်လေးကို ပလေးဖို့ ခေါ်လာတာကိုး။

စားပွဲက လေထုက ပိုမိုရင်းနှီးဖော်ရွှေလာ၏။ မင်းသမီးတစ်ယောက်ကလည်း ကျယ်ယန့်သီးသန့်အဝတ်အစားများအကြောင်းကို မနေနိုင်မထိုင်နိုင် မေး၏။ သူက ကျယ်ယန့်အဆက်အသွယ်ကိုသုံးကာ သူ့အတွက် အင်္ကျီတွေချုပ်ချင်သည်။ ကျယ်ယန်က သူ့အဝတ်အစားများကို သူ့မိသားစုဝင်တစ်ယောက်က စီစဥ်ပေးကာ ဘယ်သူနဲ့တွေ့ရမည်မှန်း မသိကြောင်း ပြောလိုက်၏။ အကယ်၍ စီနီယာစိတ်ဝင်စားရင် သူမေးပေးမည်ဖြစ်ကြောင်း ပြန်ဖြေသည်။

ဟုန်ကျစ်ကျယ်က ဝင်ပါလာပြန်သည်။  “ဘယ်မိသားစုဝင်လဲ။ မင်းအဖေလား။”

ဒါက တကယ်ကို တည့်တိုးဆန်တဲ့ မေးခွန်းပင်။

ကျယ်ယန် ဟုန်ကျစ်ကျယ်ကို စိုက်ကြည့်လိုက်၏။  “ကျွန်တော့်အဖေ မဟုတ်ဘူး။ ကျွန်တော်နဲ့ အိမ်ထောင်စုဇယားတစ်ခုတည်းက တခြားမိသားစုဝင်တစ်ယောက်။ စီနီယာ ခင်ဗျား အရမ်းတွေ စိတ်ဝင်စားလွန်းနေရင် ကျွန်တော်တို့ အိမ်ထောင်စုဇယားကို ခင်ဗျားဆီ ယူလာပြပေးရမလား။ ခင်ဗျား စစ်ကြည့်ချင်လား။ ဒါမှမဟုတ် ကျွန်တော့် ဘဏ်အကောင့်ကိုပဲ စစ်မလား။”

စားပွဲဝိုင်းက ထပ်မံတိတ်ဆိတ်သွားကာ အားလုံးက ကျယ်ယန့်ကို သတိအနေအထားဖြင့် ကြည့်လာကြ၏။

သဘောထားက အရမ်းခက်ထန်သွားပြီ။ ကြည့်ရတာ ကျယ်ယန့်မှာ ကိုယ်ပိုင်အရင်းအနှီးရှိတာ တကယ်ဖြစ်မယ့်ပုံပင်။ သူ အထူးတလည် ပြောပြသွားတဲ့ ‘အိမ်ထောင်စုဇယားတစ်ခုတည်း’ က အဓိပ္ပါယ်နက်နဲသည်။

စကားပြောကောင်းသူတစ်ယောက်က စကားလမ်းကြောင်း လွှဲလိုက်၏။ ဟုန်ကျစ်ကျယ်လည်း ပါးစပ်ပိတ်သွားခဲ့သည်။ သူ ကျယ်ယန့်ကို မနိုင်နိုင်တော့တာကြောင့် အရမ်းတွေ စိတ်တိုသွားပုံပင်။

***

ကျယ်ယန်ပြန်တော့ ရှန်ယန်က သူ့ကို သတိပေးလာ၏။   “ဟုန်ကျစ်ကျယ်က ခယ့်ရွှီရှယ်ယာရှင်တွေထဲက တစ်ယောက်လေ။”

ခယ့်ရွှီက ဖုန်ချောင်နန်ကုမ္ပဏီပင်။ ဒီလိုကိုး။

ကျယ်ယန် ရှန်ယန့်ကို ကျေးဇူးတင်စကားဆိုတာ ချင်းချောင်နှင့် အတူပြန်ရန် C ဧရိယာသို့ ထွက်လာခဲ့သည်။

ကျယ်ယန် ပြန်ရောက်လာတာကိုတွေ့တော့  C ဧရိယာက အနုပညာရှင်ပေါက်စလေးများက ကျယ်ယန့်ချဥ်းကပ်ပြီး စကားပြောဖို့ ကြိုးစားကြ၏။ ကျယ်ယန် သူတို့အားလုံးကို ရှောင်ရှားကာ ချင်ချောင်စီစဥ်ပေးထားသော အင်တာဗျူးဖြေရန် အင်တာဗျူးဧရိယာသို့ တန်းလျှောက်လာခဲ့၏။

အင်တာဗျူးဖြေပြီးတော့ ဒင်နာပွဲတောင် ပြီးတော့မည်။ ကျယ်ယန်၊ ကျီဇယ့်ဟွေ့၊ ရှန်ယန်နှင့် ပွဲစီစဥ်သူများက တစ်ယောက်နှင့်တစ်ယောက် ကျေးဇူးတင်စကားဆိုကာ ပြန်ခဲ့ကြ၏။

ကျယ်ယန် အပြင်ထွက်တာနှင့် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့သွားသည်။ သူ လှည့်ကြည့်လိုက်တော့ ပိုးဇာဝတ်စုံရှည်ကို ဝတ်ထားသော မုကျိုးယိနှင့် ဖုန်ချောင်နန်တို့ B ဧရိယာသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးသားက ရယ်မောသွားကြရာ ဆက်ဆံရေးကောင်းကြပုံပင်။

မူရင်းဝတ္ထုတွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားနယ်ပယ်မှာ ရောနှောကျင်လည်ခဲ့ရာ ပါဝါရှိပြီး ​သြဇာအာဏာရှိသော နာမည်ကြီးများစွာနှင့် သိကျွမ်းခဲ့၏။ သူအနေဖြင့် ဖုန်ချောင်နန်လို ဖြတ်လျှောက်စတားများနှင့် ဘာမှလုပ်လို့မရပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သာ ပတ်သတ်မိပါက သူ့ဖန်တွေ တစ်စဆီဆွဲဖြဲတာ ခံရပေမည်။

ဆိုတော့ အခုက ဘာဖြစ်လို့လဲ။ မုကျိုးယိနဲ့ ဖုန်ချောင်နန်က အရင်ကတည်းက သိကြတာလား။

ကားထဲပြန်ရောက်တာနှင့် ချင်းချောင်က စကားတန်းစ၏။  “ငါ စုံစမ်းခဲ့ပြီ။ မင်းကို လူတစ်ယောက်က စပွန်ဆာပေးနေတယ်ဆိုတဲ့ ကောလာဟလက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ရင်းနှီးမြှုပ်နှံရေး အသိုင်းအဝိုင်းက ထွက်လာတာတဲ့။ ထူးဆန်းတယ် မင်းက ဒီနယ်ပယ်ကို ခြေတောင်မချရသေးတာကို။ ဒီနယ်ပယ်မှာ ဘယ်သူကများ မင်းဂုဏ်သိက္ခာကို အရှက်မရှိ လိုက်ဖျက်ဆီးချင်နေပါလိမ့်။ ”

ကျယ်ယန် ပြန်မဖြေပါ။ မုကျိုးယိနှင့် ဖုန်ချောင်နန် လမ်းအတူလျှောက်သွားတာက တိုက်ဆိုင်မှုသက်သက်ဟုတ်မဟုတ်ကို တွေးတောနေခဲ့၏။

***

ကျယ်ယန် အိမ်ပြန်ရောက်တော့ ၁၁ နာရီတောင်ကျော်တော့မည်။ စနေ၊ တနင်္ဂနွေမဟုတ်ပေမဲ့ ဧည့်ခန်းထဲက မီးသီးများက မီးလင်းနေဆဲ။ ခြံထဲကိုကြည့်လိုက်ပေမဲ့လည်း ဘာကားမှရှိမနေ။ ကျယ်ယန် တံခါးကိုသော့ဖွင့်ကာ အိမ်ထဲဝင်လာခဲ့၏။

သူ ပါတီကနေ အိမ်ကို တန်းပြန်လာခဲ့သည်။ ပါတီပွဲတက်ဝတ်စုံကို ဝတ်ထားဆဲဖြစ်ကာ ခေါင်းလည်းမလျှော်ရသေး။ ဆံပင်စတိုင်သစ်က သေချာပုံသွင်းပေးထားသည့် အတိုင်းသာ။ နက်ပြာရောင်ဝတ်စုံနှင့် လူချောလေးက တလှမ်းချင်း လှမ်းကာ ဝင်လာ၏။ မီးရောင်ဖျော့ဖျော့က သူအပေါ် ဝဲဖြာလျက်ရှိကာ အရောင်ရင့်ရင့်ဝတ်စုံပေါ်မှ အနက်ရောင်အပျောက်လေးများက အလင်းပြန်နေသည်။ ၎င်းက ကြယ်ရောင်စုံနဖျတ်ဖျတ်ကြားကို လူတစ်ယောက် လှမ်းဝင်လာသည့်နှယ်။

ချိုးရှင်းက ကားပြန်ရောက်ကတည်းက သိသည်။ တံခါးဖွင့်သံကြားတာနှင့် မည်းမှောင်နေသော မျက်နှာကြီးနှင့် မသိမသာ မော့ကြည့်လာ၏။
“မင်း ဘာလို့ —”

သူ့အသံမှာ တိခနဲ ငြိမ်ကျသွား၏။

ကျယ်ယန်လှမ်းကြည့်လိုက်တော့ တံခါးကိုမျက်နှာမူထားသော ဆိုဖာပေါ်မှာ ထိုင်နေသည့် ချိုးရှင်းကို တွေ့လိုက်ရ၏။ သူ မျက်ခုံးပင့်ကာ တံခါးဘောင်ကို မှီလျက်သားဖြင့် မေးလိုက်သည်။   “ကျွန်တော့်ကို စောင့်နေတာလား။”

ချိူးရှင်း အသိဝင်လာကာ ရေသောက်ရင်း အကြည့်လွှဲလိုက်၏။ ထို့နောက် စကားထပ်စလိုက်သည်။   “မနက်က အကြာကြီးအိပ်ခဲ့တော့ အခု အိပ်မပျော်တော့လို့။ မင်းကရော ဘာလို့ အရမ်းနောက်ကျမှာ ပြန်လာရတာလဲ။ ဒါက ပွဲသေးသေးလေးပဲကို။ အချိန်ဆွဲနေစရာ လိုလို့လား။”

“ဒါက ပွဲသေးသေးလေး မဟုတ်ဘူး။ နယ်ပယ်ထဲက အနုပညာရှင်တွေအားလုံး စုဝေးကြတာ။“

ကျယ်ယန် ချိုးရှင်းဘေးမှာ ဝင်ထိုင်ကာ သူ့အတွက် ရေတစ်ခွက်ခပ်လိုက်သည်။   “လူတွေအများကြီး အတင်းသတင်းတွေ အများကြီးပဲ။ ဒီနေ့ အနုပညာရှင်တွေအများကြီးက ကျွန်တော့်အကြောင်း အတင်းတုတ်နေကြတာ။”

ချိုးရှင်း ချက်ချင်း မော့ကြည့်လာ၏။  “ဘာအတင်းလဲ။”

“ကျွန်တော်က သူဌေးတစ်ယောက်ကို ချူစားနေတာတဲ့။ ကျယ်မိသားစုက ဒေဝါလီခံရတော့မှာမလို့ ကျွန်တော့်ကို ကျယ်မိသားစုက ရောင်းစားလိုက်တာတဲ့လေ။ ကျွန်တော့်ရဲ့ယန်ရှင်းနဲ့ ကိုယ်ပေါ်က အဝတ်အစားတွေကို သူဌေးတစ်ယောက်က စပွန်ဆာပေးထားတာတဲ့လေ။ ဒီလိုအမှန်တရားနဲ့နီးစပ်တဲ့ ကောလာဟလတွေ ဘယ်နေရာက ထွက်လာတယ်ထင်လဲ။”

ချိုးရှင်း မျက်နှာပျက်သွား၏။

ကျယ်ယန် သူ့လက်ထဲက လက်ဖက်ရည်ခွက်ကိုလှည့်ကာ ချိုးရှင်းကို ကြည့်လိုက်သည်။ 

“လျိုမိသားစုကတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့်အကြောင်း ပေါ်သွားမှာတောင် ကြောက်နေကြတာ။ ပြီးတော့ ကျယ်မိသားစုရဲ့ အခြေအနေမှန်ကိုလည်း သူတို့မသိကြဘူး။"

ချိုးရှင်းက အေးတိအေးစက်ဖြင့် ဆိုလာသည်။ သူ့မျက်လုံးထဲက စိတ်ပျက်မှုနှင့် ဒေါသတို့ကလည်း ပိုမိုနက်ရှိုင်းလာ၏။  “ဂရုထဲက ငါ့ရန်သူတော်တွေလည်း မဖြစ်နိုင်ဘူး။ သူတို့က ရာထူးအတွက် တိုက်ခိုက်ရင်း အလုပ်ရှုပ်နေကြတာ။ မင်းရှိနေတာကိုသိရင်တောင် ငါ ဒီနေရာရှိနေသရွေ့ကို မင်းကို ထိရဲကြမှာမဟုတ်ဘူး။ သူတို့ အဲ့ဒီလောက် မတုံးဘူး !”

ကျယ်ယန် ခေါင်းညိတ်ကာ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်၏။  “ကျွန်တော်တို့နားက လူတွေကလွဲရင် ကျွန်တော့်မိသားစုအခြေအနေနဲ့ ကျွန်တော်တို့ဆက်ဆံရေးအကြောင်းကို သေချာသိတဲ့သူက တစ်ယောက်ပဲ ကျန်တော့တယ်။”

ချိုးရှင်း သူ့ဒေါသကို ထိန်းလိုက်၏။  “ဖုန်ချင်းလင်”

ကျယ်ယန် ပြုံးလိုက်၏။  “ဒါပေမဲ့ ဖုန်ချင်းလင်က ဖျော်ဖြေရေးနယ်ပယ်မှာ ကျွန်တော့်အကြောင်း ကောလာဟလတွေဖြန့်ရလောက်တဲ့အထိ အားယားမနေဘူး။ ဖျော်ဖြေရေးနယ်ပယ်ထဲက တစ်ယောက်ယောက်က ဖုန်ချင်းလင်ဆီကနေ ကျွန်တော်တို့ဆက်ဆံရေးအကြောင်း အသေးစိတ်သိသွားပြီး ချဲ့ကားဖြန့်လိုက်တာကာ ပိုဖြစ်နိုင်ချေရှိတယ်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ခင်ဗျားတူနဲ့သိတဲ့ တစ်ဦးတည်းသောလူက …”

“မုကျိုးယိ”  ချိုးရှင်း စိတ်ဆိုးမာန်ဆိုးဖြင့် ရေရွတ်လိုက်၏။  “ကောင်းရောကွာ။ မိသားစုပတွင်းရေးတွေကို မိန်းမတစ်ယောက်ကို လက်လွတ်စပယ် ပြောလိုက်တယ်ပေါ့။ ဒီလိုပုံနဲ့ ဘယ်လိုလုပ် စီးပွားရေးနယ်ပယ်ထဲ ဝင်နိုင်မှာလဲ။ အနှေးနဲ့ အမြန် သူ့အရိုးတွေပါ မကျန်အောင် ဝါးစားခံရတော့မှာ !”

[TN/ စာလုံးပေါင်းမှား နာမည်မမှန်တာတွေရှိရင် ပြောကြပါဦး 😔]

━━━━━━━━━━━━━━━━━━━━━━━

Zawgyi
အခန္း (၆၇)

စင္ေပၚကဆင္းလာေတာ့ က်ီဇယ့္ေဟြ႕က က်ယ္ယန့္ကို ျပန္ခြင့္မျပဳ။ သူက က်ယ္ယန့္ကို က်န္းမင္ႏွင့္ သူ႕မိတ္ေဆြေဟာင္းမ်ားႏွင့္ေတြ႕ရန္ ေခၚလာသည္။ က်ီဇယ့္ေဟြ႕က သူ႕ကို အဆက္အသြယ္ေတြနဲ႕ ခ်ိတ္ဆိတ္ေပးခ်င္မွန္းသိ၍ က်ီဇယ့္ေဟြ႕ႏွင့္ လိုက္ခဲ့၏။ က်ီဇယ့္ေဟြ႕က ဦးေဆာင္က က်န္းမင္က ခ်ီးက်ဴးသည္။ ဟြမ္းမင္ကလည္း က်ယ္ယန့္အသံကို ခ်ီးမြမ္းသည္။ စီနီယာအဆိုေတာ္ေတြက သူတို႔စိတ္ထဲ ဘာေတြေတြးေနပါေစ ကိစၥမရွိ အားလုံးက က်ယ္ယန့္ကိုေတာ့ ဂ႐ုစိုက္ၾက၏။ က်ယ္ယန္ႏွင့္ စကားေျပာလွ်င္ ၾကင္နာ၍စိတ္အားထက္သန္ၾကကာ သူ႕၏ေဖ်ာ္ေျဖမႈ​ေကာင္းအတြက္ ခ်ီးက်ဴးေပးၾကသည္။

လွည့္ပတ္ႏႈတ္ဆက္ၿပီးေနာက္ က်ယ္ယန္ goodbye ဟုဆိုကာ သူတို႔ေတြ႕ဆုံတာ​ကို မေႏွာင့္ယွက္လိုေတာ့ေၾကာင္း ရွင္းျပလိုက္သည္။ သူ ေျခလွမ္းျပင္႐ုံရွိေသး ရွန္ယန္က သူ႕ကို လွမ္းေခၚလာ၏။ က်ယ္ယန္ သူ႕ဆီေလွ်ာက္သြားရင္း ေမးလိုက္သည္။     “စီနီယာရွန္ လိုအပ္တာရွိလို႔လား။”

“ကိုယ္ မင္းကို လူနည္းနည္းနဲ႕ေတြ႕ေပးဖို႔ ကိုယ္တို႔ဝိုင္းကို ေခၚသြားေပးမယ္။"   ရွန္ယန္က က်ယ္ယန္ႏွင့္ယွဥ္သြားကာ လမ္းေလွ်ာက္ရင္း တိုးတိုးေလးကပ္ေျပာလာ၏။   “ကိုယ္ မင္းကို ေနာက္မွ မက္ေဆ့ပို႔လိုက္မယ္။ ကိုယ့္စကားအတိုင္း လိုက္ေျပာ။ နားလည္မလား။”

က်ယ္ယန္ အသိဝင္ကာ ရွန္ယန္က သူ႕မေကာင္းသတင္းမ်ားကို ကူညီေျဖရွင္းေပးမလို႔မွန္း နားလည္သြား၏။ သူ အားတက္သေရာ ေျပာလိုက္သည္။   “ေက်းဇူးတင္ပါတယ္ စီနီယာရွန္။”

ရွန္ယန္က ေခါင္ခါျပ၏။  “ကိုယ့္ကို စီနီယာလို႔ ေခၚဖို႔မလိုပါဘူး။ ကိုယ့္နာမည္ကိုပဲေခၚ။ မင္းေၾကာင့္သာမဟုတ္ရင္ ကိုယ္ ဒုကၡေရာက္ေတာ့မလို႔။ ကိုယ္ကသာ မင္းကို ေက်းဇူးတင္သင့္တာ။”

က်ယ္ယန္ ခ်က္ခ်င္းပဲ အေခၚအေဝၚ ေျပာင္းလိုက္သည္။  “ ေက်းဇူးပါ ရွန္ေကာ”

ရွန္ယန္က ရယ္ေမာကာ သူ႕ေနာက္ေက်ာကို ပုတ္လိုက္သည္။

***

ရွန္ယန္အတြက္  V Group စီစဥ္ေပးထားေသာေနရာက အရမ္းေကာင္းသည္။ ၎က A ဧရိယာ၏ အေကာင္းဆုံးႏွင့္ အလည္က်ဆဳံးေနရာပင္။ ရွန္ယန္စားပြဲကလူမ်ားက ေဖ်ာ္ေျဖေရးနယ္ပယ္၏ ထိပ္တန္းအေကာင္ႀကီးႀကီးမ်ားပင္။

အားလုံးက အေတြ႕အႀကဳံႀကီးရင့္ေနေသာ လူမ်ားခ်ည္းပင္။ ရွန္ယန္က လူသစ္ေလးကို ေခၚလာတာျမင္တာႏွင့္ သူ႕ထက္ငါဦးေအာင္ ႏႈတ္ဆက္ၾက၏။ သူတို႔သေဘာထားက ေဖာ္ေ႐ြၿပီး ၾကင္နာၾကပါ၏။

ရွန္ယန္က ၿပဳံးလ်က္ ရွင္းျပလာ၏။   “အားလုံးကို မိတ္ဆက္ေပးဖို႔ ကေလးတစ္ေယာက္ေခၚလာတယ္။ ဒါက က်ယ္ယန္ ဒါရိုက္တာ႐ႊီရဲ႕ ရိုက္ကူးေရးအဖြဲ႕မွာ ေတြ႕ခဲ့တဲ့ တက္သစ္စေလးေပါ့။ သူက အရမ္းေတာ္တာ။ ေတးေရးဆရာေကာင္းေလးကိုမွ ကုမၸဏီတစ္ခုေတာင္ စတည္ေထာင္ထားၿပီးၿပီ။ ငါ့ဝမ္းကြဲအကိုကလည္း သူ႕ကိုထူးခြၽန္တယ္လို႔ေတြးၿပီး အခြင့္ရွိရင္ သူနဲ႕လက္တြဲပူးေပါင္းရမယ္ဆိုၿပီးေတာ့ေတာင္ ေျပာထားတာေလ။”

သူ႕စကားမွာ အခ်က္အလက္ေတြ အမ်ားႀကီးပါ၏။ ပထမအခ်က္အေနျဖင့္ ႐ႊီဟုန္က သူ႕ရိုက္ကူးေရးအဖြဲ႕ကို ဖိတ္ၾကားသည္အထိ အရည္အခ်င္းရွိေၾကာင္းျပသည္။ ထို႔ေနာက္ က်ယ္ယန္က အဆင့္အတန္းရွိေၾကာင္း မီးေမာင္းထိုးျပ၏။ သူ႕ကိုယ္ပိုင္ကုမၸဏီကို ေဖာ္ထုတ္ရင္း ဟြမ္ယြီကလည္း ေနာက္ဆို က်ယ္ယန္ႏွင့္ ပူေပါင္းဖို႔ရွိေၾကာင္း ​ဆိုသည္။ သူက သူမ်ားေတြ ဒုကၡေပးခ်င္တိုင္း ေပးလို႔ရေသာ လူသစ္ေလးမဟုတ္ေၾကာင္း သြယ္ဝိုက္ေျပာလိုက္တာပင္။

က်ယ္ယန္အေပၚ လူတိုင္း၏သေဘာထားက ပိုမိုေကာင္းမြန္လာ၏။ သူတို႔က က်ယ္ယန့္ကို ထိုင္ရန္ေျပာသည္။

က်ယ္ယန္လည္း စီနီယာအားလုံးကို တေလးတစားျဖင့္ ေက်းဇူးတင္စကားဆိုကာ ရွန္ယန္ေဘးမွာ ဝင္ထိုင္၏။

ရွန္ယန္က က်ယ္ယန္ကို လြန္လြန္ကဲကဲအိုဗာျဖစ္ေအာင္ မိတ္မဆက္ေပးခဲ့ေပ။ ေနရာမွာထိုင္အၿပီးတြင္ သူႏွင့္ က်ယ္ယန္ ဘယ္ေလာက္ဆက္ဆံေရးေကာင္းေၾကာင္းကို တစ္စြန္းတစ္စ ေဖာ္ျပခဲ့၏။ ထို႔ေနာက္ အားလုံးႏွင့္ တျခားအေၾကာင္းအရာမ်ားကို ေဆြးေႏြးေျပာဆိုရင္း က်ယ္ယန့္ကိုလည္း အခါအားေလ်ာ္စြာ စကားဝိုင္းအတြင္းသို႔ ဆြဲေခၚသည္။ က်ယ္ယန္ ဗဟုသုတႂကြယ္ဝကာ သူ႕စိတ္ကလည္း အတင္းကေရာ လုပ္ႀကံၿပီး ႀကိဳးစားမေနပါ။ သူက ေျဖၾကားသင့္တာကိုသာ လက္ခံေျဖဆိုၿပီး ထင္ေပၚေအာင္မေနေပ။ သို႔ေသာ္ သူ႕ေခါင္းထဲမွာ ေခါင္းစဥ္တစ္ခုေပၚလာလွ်င္ေတာ့ မသုံးဝင္မည့္ အေၾကာင္းအရာကို ေသခ်ာေျပာျပေပမည္။

ခဏေလာက္ စကားစျမည္ေျပာဆိုၿပီးေနာက္ အားလုံးက က်ယ္ယန့္၏ စိတ္ေနစိတ္ထားကို ပးအၾကမ္းဖ်ဥ္း နားလည္သြားၾကၿပီ။ ႐ုပ္ရွင္နယ္ပယ္က စီနီယာႏွစ္ေယာက္ကလည္း က်ယ္ယန္ကို သူတို႔ဘက္ကစကာ စကားေျပားလာၾက၏။  ပတ္ဝန္းက်င္က အဆင္ေခ်ာ​ေနစဥ္တြင္ အသက္ ၅၀ ႐ုပ္ရွင္ရိုက္ကူးေရးသမားတစ္ေယာက္က ျဖတ္ေျပာလာ၏။

“က်ယ္မိသားစုကို ငါသိတယ္။ ငါ အလုပ္ကိစၥခရီးထြက္ရင္ မင္းတို႔ဟိုတယ္ေတြမွာ မၾကာခဏတည္းျဖစ္တယ္။ အရင္ႏွစ္ေတြတုန္းကေတာ့ အဆင္ေျပေပမဲ့လို႔ ဒီႏွစ္ႏွစ္အတြင္းမွာ စီမံခန့္ခြဲေရးပိုင္းက နည္းနည္းရႈပ္ေထြးလာတယ္။”
စားပြဲတစ္ခုလုံး ၿငိမ္ၾကသြားသည္။

က်ယ္ယန္ ေခါင္းေထာင္ကာ ထိုသူရွိရာကို လွည့္၍ အႏွီလူ၏အေရွ႕က နာမည္ျပားကို ၾကည့္လိုက္သည္။ ဟုန္က်စ္က်ယ္တဲ့။ သူ ဟုန္က်စ္က်ယ္ကို ျပန္ေျဖလိုက္သည္။   “စီိီနီယာဟုန္ အဆင္မ​ေျပႀကဳံေတြ႕ခဲ့ရတာေတြအတြက္ ကြၽန္ေတာ္ တကယ္စိတ္မေကာင္းပါဘူးဗ်ာ။ ၿပီးခဲ့တဲ့ႏွစ္ႏွစ္အတြင္း ကြၽန္ေတာ့္အေဖက အပန္းေျဖဗီလာတစ္ခုဖြင့္ဖို႔ စီစဥ္ေနခဲ့တာ။ သူက T ၿမိဳ႕ေတာ္မွာ ေျပးလႊားၿပီး ေျမတစ္ကြက္ ရခဲ့တယ္။ မၾကာခင္ကပဲ အေဖက အဲ့ဒီေျမကြက္ေပၚ အာ႐ုံစိုက္ထားေတာ့ ဟိုတယ္စီမံခန့္ခြဲေရးဘက္ကို လ်စ္လ်ဴရႈသလိုျဖစ္သြားတာဗ်။ အသိေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ျပန္ေရာက္တဲ့အခါ အေဖ့ကို ေသခ်ာေျပာျပေပးလိုကပါ့မယ္ဗ်။”

အပန္းေျဖစခန္း၊ T ၿမိဳ႕ေတာ္၊ ေျမကြက္… T ၿမိဳ႕ေတာ္က ေျမကြက္က ေပါေပါပဲပဲ လြယ္လြယ္ကူကူ မရဘူးေလ။

ရွန္ယန္ႏွင့္ ဆက္ဆံေရးေကာင္းေသာ ႐ုပ္ရွင္မင္းသမီးတစ္ဦးက ဝင္ေျပာသည္။   “ၾကည့္ဦး ေလာင္ဟုန္ေျပာတာကို။ ငါ့သေဘာအရေတာ့ က်ယ္ယန့္ဟိုတယ္မွာ တည္းရတာ အဆင္ေျပပါတယ္။ ပါပါရာဇီေတြကို တားဆီးတာလည္း ေကာင္းတယ္။ ကြၽန္မဆို ခရီးဆယ္ခါသြားရင္ ရွစ္ခါေလာက္ အဲ့ဒီမွာတည္းတာပါ။”

ပတ္ဝန္းက်င္အေျခအေနက တစ္ဖန္ျပန္တိုးတက္လာ၏။

အခါအားေလ်ာ္စြာ ရွန္ယန္က စကားလမ္းေၾကာင္းအသစ္တစ္ခု အစျပဳကာ က်ယ္ယန္ ယန္ရွင္းကို တည္ေထာင္ခဲ့သည့္အေၾကာင္းအား စကားဦးသန္းလိုက္၏။ က်ယ္ယန္ကလည္း ယန္ရွင္းကို တည္ေထာင္ခဲ့တာက သူ႕မိသားစုႏွင့္ ခန့္ခြဲရန္ျဖစ္ေၾကာင္း ေျပာျပသည္။ အေၾကာင္းမူကား သူသာ စီပြားေရးလုပ္ငန္းတစ္ခု စလုပ္လွ်င္ သူ႕အေဖက အရင္းအႏွီးထုတ္ေပးမည္ ဆိုေသာေၾကာင့္ဟု။

ဟုန္က်စ္က်ယ္က သေရာ္သံျဖင့္ ထပ္ေျပာလာျပန္သည္။  “အရင္းအႏွီးေငြက အမ်ားႀကီးျဖစ္ရမယ္။ ယန္ရွင္း႐ုံးရွိတဲ့ ​ေနရာငွားရမ္းခကိုက ေပါေပါပဲပဲ မဟုတ္ဘူးေနာ္။”

က်ယ္ယန္ကေတာ့ မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ လိမ္ေျပာလိုက္သည္။  “အေတာ္ေတာ့မ်ားတယ္ဗ်။ ကြၽန္ေတာ္ (ေငြ) ဂဏန္းကိုးလုံးနဲ႕ စတည္ေထာင္ခဲ့ေပမဲ့ အခုေတာ့ ေျပာင္ၿပီေလ။ အခု ကိုယ့္ပိုက္ဆံ ကိုယ္ျပန္ရွာေနရတာေပါ့။ သူမ်ားေတြ ေလွာင္မွာေတာ့ ကြၽန္ေတာ္မေၾကာက္ပါဘူး။ တကယ္ေတာ့ ယန္ရွင္းက အရင္လပိုင္းေတြထဲမွာ ေငြေတြအရႈံးေပၚခဲ့ေသးတယ္။ တျခားေနရာေတြက ကြၽန္ေတာ့္ရင္းႏွီးျမႇုပ္ႏွံမႈေတြရဲ႕ေက်းဇူးနဲ႕ ယိုေပါက္ေတြကိုေတာ့ ဖာနိုင္ခဲ့ပါတယ္။”

ဂဏန္းကိုးလုံးနဲ႕ စရင္းႏွီးၿပီး တျခားရင္းႏွီးျမႇုပ္ႏွံမႈေတြကေန ေငြရွာတယ္။ သည္ႏွစ္ေတြအတြင္း ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းမွာ သည္ေလာက္ခ်မ္းသာေသာ စတားက မ်ားမ်ားစားစား မရွိေပ။

လူတိုင္း၏ မ်က္လုံးမ်ားက ရွန္ယန္ႏွင့္ က်ယ္ယန္ၾကား လူးလြန့္သြားၾကၿပီး သူ႕တို႔စိတ္ထဲမွာ ထူးဆန္းသလို ခံစားလာရ၏။ ရွန္ယန္က လူသစ္ေလးကို ဘာလို႔ ႐ုတ္တရက္ႀကီး မိတ္ဆက္ေပးလာပါလိမ့္လို႔ သူတို႔သိခ်င္ေနၾကတာ။ ေ႐ြဇြန္းကိုက္သခင္ေလးက ေနာက္ထပ္ ေ႐ႊဇြန္းကိုက္ သခင္ေလးကို ပေလးဖို႔ ေခၚလာတာကိုး။

စားပြဲက ေလထုက ပိုမိုရင္းႏွီးေဖာ္ေ႐ႊလာ၏။ မင္းသမီးတစ္ေယာက္ကလည္း က်ယ္ယန့္သီးသန့္အဝတ္အစားမ်ားအေၾကာင္းကို မေနနိုင္မထိုင္နိုင္ ေမး၏။ သူက က်ယ္ယန့္အဆက္အသြယ္ကိုသုံးကာ သူ႕အတြက္ အကၤ်ီေတြခ်ဳပ္ခ်င္သည္။ က်ယ္ယန္က သူ႕အဝတ္အစားမ်ားကို သူ႕မိသားစုဝင္တစ္ေယာက္က စီစဥ္ေပးကာ ဘယ္သူနဲ႕ေတြ႕ရမည္မွန္း မသိေၾကာင္း ေျပာလိုက္၏။ အကယ္၍ စီနီယာစိတ္ဝင္စားရင္ သူေမးေပးမည္ျဖစ္ေၾကာင္း ျပန္ေျဖသည္။

ဟုန္က်စ္က်ယ္က ဝင္ပါလာျပန္သည္။  “ဘယ္မိသားစုဝင္လဲ။ မင္းအေဖလား။”

ဒါက တကယ္ကို တည့္တိုးဆန္တဲ့ ေမးခြန္းပင္။

က်ယ္ယန္ ဟုန္က်စ္က်ယ္ကို စိုက္ၾကည့္လိုက္၏။  “ကြၽန္ေတာ့္အေဖ မဟုတ္ဘူး။ ကြၽန္ေတာ္နဲ႕ အိမ္ေထာင္စုဇယားတစ္ခုတည္းက တျခားမိသားစုဝင္တစ္ေယာက္။ စီနီယာ ခင္ဗ်ား အရမ္းေတြ စိတ္ဝင္စားလြန္းေနရင္ ကြၽန္ေတာ္တို႔ အိမ္ေထာင္စုဇယားကို ခင္ဗ်ားဆီ ယူလာျပေပးရမလား။ ခင္ဗ်ား စစ္ၾကည့္ခ်င္လား။ ဒါမွမဟုတ္ ကြၽန္ေတာ့္ ဘဏ္အေကာင့္ကိုပဲ စစ္မလား။”

စားပြဲဝိုင္းက ထပ္မံတိတ္ဆိတ္သြားကာ အားလုံးက က်ယ္ယန့္ကို သတိအေနအထားျဖင့္ ၾကည့္လာၾက၏။

သေဘာထားက အရမ္းခက္ထန္သြားၿပီ။ ၾကည့္ရတာ က်ယ္ယန့္မွာ ကိုယ္ပိုင္အရင္းအႏွီးရွိတာ တကယ္ျဖစ္မယ့္ပုံပင္။ သူ အထူးတလည္ ေျပာျပသြားတဲ့ ‘အိမ္ေထာင္စုဇယားတစ္ခုတည္း’ က အဓိပၸါယ္နက္နဲသည္။

စကားေျပာေကာင္းသူတစ္ေယာက္က စကားလမ္းေၾကာင္း လႊဲလိုက္၏။ ဟုန္က်စ္က်ယ္လည္း ပါးစပ္ပိတ္သြားခဲ့သည္။ သူ က်ယ္ယန့္ကို မနိုင္နိုင္ေတာ့တာေၾကာင့္ အရမ္းေတြ စိတ္တိုသြားပုံပင္။

***

က်ယ္ယန္ျပန္ေတာ့ ရွန္ယန္က သူ႕ကို သတိေပးလာ၏။   “ဟုန္က်စ္က်ယ္က ခယ့္႐ႊီရွယ္ယာရွင္ေတြထဲက တစ္ေယာက္ေလ။”

ခယ့္႐ႊီက ဖုန္ေခ်ာင္နန္ကုမၸဏီပင္။ ဒီလိုကိုး။

က်ယ္ယန္ ရွန္ယန့္ကို ေက်းဇူးတင္စကားဆိုတာ ခ်င္းေခ်ာင္ႏွင့္ အတူျပန္ရန္ C ဧရိယာသို႔ ထြက္လာခဲ့သည္။

က်ယ္ယန္ ျပန္ေရာက္လာတာကိုေတြ႕ေတာ့  C ဧရိယာက အႏုပညာရွင္ေပါက္စေလးမ်ားက က်ယ္ယန့္ခ်ဥ္းကပ္ၿပီး စကားေျပာဖို႔ ႀကိဳးစားၾက၏။ က်ယ္ယန္ သူတို႔အားလုံးကို ေရွာင္ရွားကာ ခ်င္ေခ်ာင္စီစဥ္ေပးထားေသာ အင္တာဗ်ဴးေျဖရန္ အင္တာဗ်ဴးဧရိယာသို႔ တန္းေလွ်ာက္လာခဲ့၏။

အင္တာဗ်ဴးေျဖၿပီးေတာ့ ဒင္နာပြဲေတာင္ ၿပီးေတာ့မည္။ က်ယ္ယန္၊ က်ီဇယ့္ေဟြ႕၊ ရွန္ယန္ႏွင့္ ပြဲစီစဥ္သူမ်ားက တစ္ေယာက္ႏွင့္တစ္ေယာက္ ေက်းဇူးတင္စကားဆိုကာ ျပန္ခဲ့ၾက၏။

က်ယ္ယန္ အျပင္ထြက္တာႏွင့္ ရင္းႏွီးေသာ ပုံရိပ္တစ္ခုကို ေတြ႕သြားသည္။ သူ လွည့္ၾကည့္လိုက္ေတာ့ ပိုးဇာဝတ္စုံရွည္ကို ဝတ္ထားေသာ မုက်ိဳးယိႏွင့္ ဖုန္ေခ်ာင္နန္တို႔ B ဧရိယာသို႔ ေလွ်ာက္သြားသည္ကို ေတြ႕လိုက္ရသည္။ ႏွစ္ဦးသားက ရယ္ေမာသြားၾကရာ ဆက္ဆံေရးေကာင္းၾကပုံပင္။

မူရင္းဝတၳဳတြင္ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားနယ္ပယ္မွာ ေရာေႏွာက်င္လည္ခဲ့ရာ ပါဝါရွိၿပီး ​ၾသဇာအာဏာရွိေသာ နာမည္ႀကီးမ်ားစြာႏွင့္ သိကြၽမ္းခဲ့၏။ သူအေနျဖင့္ ဖုန္ေခ်ာင္နန္လို ျဖတ္ေလွ်ာက္စတားမ်ားႏွင့္ ဘာမွလုပ္လို႔မရေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူတို႔သာ ပတ္သတ္မိပါက သူ႕ဖန္ေတြ တစ္စဆီဆြဲၿဖဲတာ ခံရေပမည္။

ဆိုေတာ့ အခုက ဘာျဖစ္လို႔လဲ။ မုက်ိဳးယိနဲ႕ ဖုန္ေခ်ာင္နန္က အရင္ကတည္းက သိၾကတာလား။

ကားထဲျပန္ေရာက္တာႏွင့္ ခ်င္းေခ်ာင္က စကားတန္းစ၏။  “ငါ စုံစမ္းခဲ့ၿပီ။ မင္းကို လူတစ္ေယာက္က စပြန္ဆာေပးေနတယ္ဆိုတဲ့ ေကာလာဟလက ႐ုပ္ရွင္နဲ႕ ႐ုပ္ျမင္သံၾကား ရင္းႏွီးျမႇုပ္ႏွံေရး အသိုင္းအဝိုင္းက ထြက္လာတာတဲ့။ ထူးဆန္းတယ္ မင္းက ဒီနယ္ပယ္ကို ေျခေတာင္မခ်ရေသးတာကို။ ဒီနယ္ပယ္မွာ ဘယ္သူကမ်ား မင္းဂုဏ္သိကၡာကို အရွက္မရွိ လိုက္ဖ်က္ဆီးခ်င္ေနပါလိမ့္။ ”

က်ယ္ယန္ ျပန္မေျဖပါ။ မုက်ိဳးယိႏွင့္ ဖုန္ေခ်ာင္နန္ လမ္းအတူေလွ်ာက္သြားတာက တိုက္ဆိုင္မႈသက္သက္ဟုတ္မဟုတ္ကို ေတြးေတာေနခဲ့၏။

***

က်ယ္ယန္ အိမ္ျပန္ေရာက္ေတာ့ ၁၁ နာရီေတာင္ေက်ာ္ေတာ့မည္။ စေန၊ တနဂၤေႏြမဟုတ္ေပမဲ့ ဧည့္ခန္းထဲက မီးသီးမ်ားက မီးလင္းေနဆဲ။ ၿခံထဲကိုၾကည့္လိုက္ေပမဲ့လည္း ဘာကားမွရွိမေန။ က်ယ္ယန္ တံခါးကိုေသာ့ဖြင့္ကာ အိမ္ထဲဝင္လာခဲ့၏။

သူ ပါတီကေန အိမ္ကို တန္းျပန္လာခဲ့သည္။ ပါတီပြဲတက္ဝတ္စုံကို ဝတ္ထားဆဲျဖစ္ကာ ေခါင္းလည္းမေလွ်ာ္ရေသး။ ဆံပင္စတိုင္သစ္က ေသခ်ာပုံသြင္းေပးထားသည့္ အတိုင္းသာ။ နက္ျပာေရာင္ဝတ္စုံႏွင့္ လူေခ်ာေလးက တလွမ္းခ်င္း လွမ္းကာ ဝင္လာ၏။ မီးေရာင္ေဖ်ာ့ေဖ်ာ့က သူအေပၚ ဝဲျဖာလ်က္ရွိကာ အေရာင္ရင့္ရင့္ဝတ္စုံေပၚမွ အနက္ေရာင္အေပ်ာက္ေလးမ်ားက အလင္းျပန္ေနသည္။ ၎က ၾကယ္ေရာင္စုံနဖ်တ္ဖ်တ္ၾကားကို လူတစ္ေယာက္ လွမ္းဝင္လာသည့္ႏွယ္။

ခ်ိဳးရွင္းက ကားျပန္ေရာက္ကတည္းက သိသည္။ တံခါးဖြင့္သံၾကားတာႏွင့္ မည္းေမွာင္ေနေသာ မ်က္ႏွာႀကီးႏွင့္ မသိမသာ ေမာ့ၾကည့္လာ၏။
“မင္း ဘာလို႔ —”

သူ႕အသံမွာ တိခနဲ ၿငိမ္က်သြား၏။

က်ယ္ယန္လွမ္းၾကည့္လိုက္ေတာ့ တံခါးကိုမ်က္ႏွာမူထားေသာ ဆိုဖာေပၚမွာ ထိုင္ေနသည့္ ခ်ိဳးရွင္းကို ေတြ႕လိုက္ရ၏။ သူ မ်က္ခုံးပင့္ကာ တံခါးေဘာင္ကို မွီလ်က္သားျဖင့္ ေမးလိုက္သည္။   “ကြၽန္ေတာ့္ကို ေစာင့္ေနတာလား။”

ခ်ိဴးရွင္း အသိဝင္လာကာ ေရေသာက္ရင္း အၾကည့္လႊဲလိုက္၏။ ထို႔ေနာက္ စကားထပ္စလိုက္သည္။   “မနက္က အၾကာႀကီးအိပ္ခဲ့ေတာ့ အခု အိပ္မေပ်ာ္ေတာ့လို႔။ မင္းကေရာ ဘာလို႔ အရမ္းေနာက္က်မွာ ျပန္လာရတာလဲ။ ဒါက ပြဲေသးေသးေလးပဲကို။ အခ်ိန္ဆြဲေနစရာ လိုလို႔လား။”

“ဒါက ပြဲေသးေသးေလး မဟုတ္ဘူး။ နယ္ပယ္ထဲက အႏုပညာရွင္ေတြအားလုံး စုေဝးၾကတာ။“

က်ယ္ယန္ ခ်ိဳးရွင္းေဘးမွာ ဝင္ထိုင္ကာ သူ႕အတြက္ ေရတစ္ခြက္ခပ္လိုက္သည္။   “လူေတြအမ်ားႀကီး အတင္းသတင္းေတြ အမ်ားႀကီးပဲ။ ဒီေန႕ အႏုပညာရွင္ေတြအမ်ားႀကီးက ကြၽန္ေတာ့္အေၾကာင္း အတင္းတုတ္ေနၾကတာ။”

ခ်ိဳးရွင္း ခ်က္ခ်င္း ေမာ့ၾကည့္လာ၏။  “ဘာအတင္းလဲ။”

“ကြၽန္ေတာ္က သူေဌးတစ္ေယာက္ကို ခ်ဴစားေနတာတဲ့။ က်ယ္မိသားစုက ေဒဝါလီခံရေတာ့မွာမလို႔ ကြၽန္ေတာ့္ကို က်ယ္မိသားစုက ေရာင္းစားလိုက္တာတဲ့ေလ။ ကြၽန္ေတာ့္ရဲ႕ယန္ရွင္းနဲ႕ ကိုယ္ေပၚက အဝတ္အစားေတြကို သူေဌးတစ္ေယာက္က စပြန္ဆာေပးထားတာတဲ့ေလ။ ဒီလိုအမွန္တရားနဲ႕နီးစပ္တဲ့ ေကာလာဟလေတြ ဘယ္ေနရာက ထြက္လာတယ္ထင္လဲ။”

ခ်ိဳးရွင္း မ်က္ႏွာပ်က္သြား၏။

က်ယ္ယန္ သူ႕လက္ထဲက လက္ဖက္ရည္ခြက္ကိုလွည့္ကာ ခ်ိဳးရွင္းကို ၾကည့္လိုက္သည္။ 

“လ်ိဳမိသားစုကေတာ့ မဟုတ္ဘူး။ သူတို႔က ကြၽန္ေတာ့္အေၾကာင္း ေပၚသြားမွာေတာင္ ေၾကာက္ေနၾကတာ။ ၿပီးေတာ့ က်ယ္မိသားစုရဲ႕ အေျခအေနမွန္ကိုလည္း သူတို႔မသိၾကဘူး။"

ခ်ိဳးရွင္းက ေအးတိေအးစက္ျဖင့္ ဆိုလာသည္။ သူ႕မ်က္လုံးထဲက စိတ္ပ်က္မႈႏွင့္ ေဒါသတို႔ကလည္း ပိုမိုနက္ရွိုင္းလာ၏။  “ဂ႐ုထဲက ငါ့ရန္သူေတာ္ေတြလည္း မျဖစ္နိုင္ဘူး။ သူတို႔က ရာထူးအတြက္ တိုက္ခိုက္ရင္း အလုပ္ရႈပ္ေနၾကတာ။ မင္းရွိေနတာကိုသိရင္ေတာင္ ငါ ဒီေနရာရွိေနသေ႐ြ႕ကို မင္းကို ထိရဲၾကမွာမဟုတ္ဘူး။ သူတို႔ အဲ့ဒီေလာက္ မတုံးဘူး !”

က်ယ္ယန္ ေခါင္းညိတ္ကာ လက္ဖက္ရည္ကို ျဖည္းျဖည္းခ်င္း ေသာက္လိုက္၏။  “ကြၽန္ေတာ္တို႔နားက လူေတြကလြဲရင္ ကြၽန္ေတာ့္မိသားစုအေျခအေနနဲ႕ ကြၽန္ေတာ္တို႔ဆက္ဆံေရးအေၾကာင္းကို ေသခ်ာသိတဲ့သူက တစ္ေယာက္ပဲ က်န္ေတာ့တယ္။”

ခ်ိဳးရွင္း သူ႕ေဒါသကို ထိန္းလိုက္၏။  “ဖုန္ခ်င္းလင္”

က်ယ္ယန္ ၿပဳံးလိုက္၏။  “ဒါေပမဲ့ ဖုန္ခ်င္းလင္က ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ကြၽန္ေတာ့္အေၾကာင္း ေကာလာဟလေတြျဖန့္ရေလာက္တဲ့အထိ အားယားမေနဘူး။ ေဖ်ာ္ေျဖေရးနယ္ပယ္ထဲက တစ္ေယာက္ေယာက္က ဖုန္ခ်င္းလင္ဆီကေန ကြၽန္ေတာ္တို႔ဆက္ဆံေရးအေၾကာင္း အေသးစိတ္သိသြားၿပီး ခ်ဲ့ကားျဖန့္လိုက္တာကာ ပိုျဖစ္နိုင္ေခ်ရွိတယ္။ ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းမွာ ခင္ဗ်ားတူနဲ႕သိတဲ့ တစ္ဦးတည္းေသာလူက …”

“မုက်ိဳးယိ”  ခ်ိဳးရွင္း စိတ္ဆိုးမာန္ဆိုးျဖင့္ ေရ႐ြတ္လိုက္၏။  “ေကာင္းေရာကြာ။ မိသားစုပတြင္းေရးေတြကို မိန္းမတစ္ေယာက္ကို လက္လြတ္စပယ္ ေျပာလိုက္တယ္ေပါ့။ ဒီလိုပုံနဲ႕ ဘယ္လိုလုပ္ စီးပြားေရးနယ္ပယ္ထဲ ဝင္နိုင္မွာလဲ။ အေႏွးနဲ႕ အျမန္ သူ႕အရိုးေတြပါ မက်န္ေအာင္ ဝါးစားခံရေတာ့မွာ !”

[TN/ စာလုံးေပါင္းမွား နာမည္မမွန္တာေတြရွိရင္ ေျပာၾကပါဦး 😔]

━━━━━━━━━━━━━━━━━━━━━━━

Continue Reading

You'll Also Like

3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
150K 3.2K 49
အချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက...
500K 11.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
76.2K 5.6K 20
'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကား...