Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
爱情是个什么鬼东西
57
58
59
60
61
62
63
64
65
66

56

2.1K 311 33
By callme__kitty

[Unicode]

'မထင်ထားဘူးမလား'

'အကျိုးနည်း' ခေါင်းစဉ်သီချင်း၏ကကွက်များ ထွက်လာချိန် အဝေးရောက်နေသည့် Tomas ရှဲ့ မှလွဲ၍ icedream မှ ကျန်အဖွဲ့ဝင်ငါးယောက်လုံး အကဆရာညွှန်ပြမှုအောက်တွင် ရက်အနည်းငယ်မျှ လိုက်လေ့လာရင်း တဖြည်းဖြည်း ကကွက်များကို ကျွမ်းကျွမ်းကျင်ကျင်ကတတ်လာတော့သည်။

အစပိုင်း သွမ့်ယိခွန်းနှင့် သူ့အဖွဲ့သားများမှာ သူတို့ခေါင်းဆောင်တစ်ယောက် အရင်လို အပျင်းကြီးပြီး သင်ယူလိုစိတ် မရှိမည့်အဖြစ်နှင့် ဆရာဆီက အကြိမ်ရေအနည်းငယ်မျှအငေါက်ခံလိုက်ရတာနှင့် မလာတော့မည်ကို စိုးရိမ်နေကြရသည်။ ထို့အပြင် ဒီတစ်ခေါက် အနား၌ သူ့ကိုထိန်းနိုင်မည့်သူ မရှိနေ။

သို့သော် အချက်အလက်များက သူတို့ပူပန်လွန်နေမှန်း သက်သေပြသွား၏။

ဒီတစ်ခေါက် album အတွက် ခေါင်းဆောင်၏စိတ်အားထက်သန်မှုက အရင်တစ်ခုထက် ပိုမြင့်မားနေခဲ့သည်။ ရှဲ့ကျူရှင်း အနားတွင်မရှိတောင်မှ သူက နေ့တိုင်း ကုမ္ပဏီကို အချိန်မှန်ရောက်လာပြီး သူ့အဖွဲ့သားများဖြင့် လေ့ကျင့်သင်ယူနေတာမို့ လူတိုင်းမှာ အတော်လေးအံ့ဩသွားရတော့သည်။

ဝမ်မိသားစု၏မိဘဖြစ်သူများလည်း သူတို့သားရဲ့ ဘယ်နှစ်ကြိမ်ရိုက်ရိုက် ပြင်မရခဲ့သည့်အိပ်ရာထဲခွေနေတတ်သည့်အကျင့်က လုံးဝပျောက်သွားပြီး ကောင်လေးတစ်ယောက်အသွင်ပြောင်းလာတာကို ကြည့်ရင်း အရမ်းစိတ်ကျေနပ်နေကြတော့သည်။ တကယ်ကို ယောက်ျားတွေအတွက် အလုပ်အကိုင်ဆိုတာ ရှိကိုရှိနေသင့်တာမျိုးပင်။

သူတို့က အရှေ့မြောက်ဒေသကို ဖေဖော်ဝါရီ ၂၆ တွင် ပြန်ဖို့ လက်မှတ်ဖြတ်ထားပြီးသားမို့ နောက်နှစ်ရက်နေလျှင် ပြန်တော့မှာဖြစ်၏။

မာမားဝမ် ဝမ်ချောင်ကိုမေးလိုက်သည်။ "ငါပဲ ပြန်တော့မယ်။ ငါ့အတွက် တောင်းပေးမယ်ဆိုတဲ့ မင်းအဖွဲ့သားရဲ့လက်မှတ်က ဘယ်မလဲ။ လက်မှတ်လေးတစ်ခုရဖို့ ဘာလို့အဲ့လောက်ခက်ခဲနေရတာလဲ။"

ဝမ်ချောင်က ထိုအကြောင်းကို မေ့နှင့်နေပြီဖြစ်သည်။ သို့နှင့် သူ့မှာ ရှဲ့ကျူရှင်းထံ အလောတကြီး စာပို့ရတော့သည်။ "မင်း လက်မှတ်ထိုးပြီး ငါ့ဆီ အမြန်ချောနဲ့ပို့လိုက်။"

မိနစ်အနည်းငယ်အတွင်း ရှဲ့ကျူရှင်း ဖုန်းပြန်ခေါ်လာခဲ့သည်။

ဝမ်ချောင် ပျော်ပျော်ကြီးဖုန်းဖြေဆိုလိုက်ပေမယ့် သူ့မိဘများရှေ့ စကားမပြောချင်လှတာမို့ လှေကားများပေါ်သို့ ခုန်ပေါက်တက်သွားရင်း အသံတိုးတိုးနှင့်မေးလိုက်သည်။ "မင်းအလုပ်ရှုပ်နေတာမဟုတ်ဘူးလား။" သူ့အသံထဲတွင် ဖုံးကွယ်ထားမရသည့်ချွဲကပ်မှုများပါဝင်နေသည်။

အမျိုးသမီးဝမ်က အနီးကြည့်မျက်မှန်တပ်လျက် ဖုန်းသုံးနေရင်း အပေါ်တပ်သွားသည့်သူ့သားဖြစ်သူကိုမော့ကြည့်၍ ပါ့ပါးဝမ်ကို အသံတိုးတိုးဖြင့်မေးလိုက်သည်။ "ရှောင်ချောင် ရည်းစားရနေတာများလား။"

ပါ့ပါးဝမ်မှ သဘောမတူသလိုပြန်ပြောသည်။ "သူက ဘယ်သူနဲ့ဖုန်းပြောနေလဲမှ မသိတာ။ မိသားစုကောင်းက သမီးအလိမ္မာလေးတွေက သူ့ကိုကြိုက်မှာတဲ့လား။"

မာမားဝမ် ဒေါသတကြီးပြန်ပြောတော့သည်။ "မိသားစုကောင်းက သမီးအလိမ္မာလေးတောင် ရှင်နဲ့လက်ထပ်ခဲ့သေးတာပဲ။ ကျွန်မသားက ရှင့်ထက် ပိုမတော်လို့လား။" 

ပါ့ပါးဝမ်လည်း ရွေးချယ်စရာမရှိ၊ အလိုက်သင့်လေးပြောပေးရလေသည်။ "တော်တာပေါ့၊ အများကြီးပိုတော်တယ်။"

ဝမ်ချောင် အခန်းထဲသို့ပြန်သွားလိုက်သည်။

ရှဲ့ကျူရှင်းလည်း သူ အခုတင်ရိုက်ကူးရေးပြီးကြောင်းပြောရင်း ပြန်မေးလိုက်သည်။ "လက်မှတ်ကို ဘယ်သူ့ပေးချင်လို့လဲ။"

ဝမ်ချောင် သူ့အမေဖြစ်ကြောင်း မပြောပြချင်၊ ကိုယ့်အမေဖြစ်သူက ကိုယ့် fan မဟုတ်နေခြင်းမှာ အနည်းငယ်မျှအရှက်ရစရာကောင်းတာမို့ သူ ဝိုးတိုးဝါးတားမျှပြန်ဖြေတော့သည်။ "ငါ့အမျိုးထဲကအစ်မတစ်ယောက် လိုချင်လို့တဲ့။ သူ ငါ့ကို နွေဦးပွဲတော်ကတည်းက တောင်းခိုင်းထားတာကို ငါမေ့နေတာ။ ငါ့မိဘတွေကလည်း သန်ဘက်ခါဆို ပြန်တော့မှာဆိုတော့ တစ်ခါတည်း သူ့အတွက် ယူသွားပေးကြမလို့။"

ရှဲ့ကျူရှင်းပြောလာသည်။ "ဒါဆို အချိန်မှီပါသေးတယ်။ ငါ မနက်ဖြန်ကျပို့ပေးလိုက်မယ်။ မင်းအစ်မနာမည်က ဘယ်လိုခေါ်လဲ။"

ဝမ်ချောင် သူ့အမေနာမည်ကို ထုတ်ပြောလိုက်သည်။ "ယင်းကျစ်၊ မင်း 'အားယိ ယင်းကျစ်' လို့ပဲ ရေးပေးလိုက်။"

ရှဲ့ကျူရှင်း ရယ်သွားသည်။ "မင်းရဲ့အစ်မကို ငါက အားယိလို့ခေါ်ရမယ်? ငါ့ကို အခွင့်အရေးမယူစမ်းနဲ့။"

ဝမ်ချောင် ပြန်ပြောလိုက်သည်။ "ပြောတဲ့အတိုင်းရေးလိုက်ရင် ပြီးနေပြီမလား။ မင်းကသာ ငါ့အပေါ် အခွင့်အရေးယူတာ လျှော့စမ်းပါ။ သွားတာဖြင့် လေးငါးရက်ရှိနေပြီ၊ ငါ့တင်ပါး အခုထိနာနေတုန်း။"

ရှဲ့ကျူရှင်း ပြန်မဖြေဘဲ ရယ်ရုံမျှသာရယ်သွားတော့သည်။

ဝမ်ချောင်လည်း တစ်ယောက်ယောက် စကားပြောနေသံကိုကြားလိုက်ရတာမို့ မေးလိုက်သည်။ "ဘေးမှာလူရှိနေတာလား။"

ရှဲ့ကျူရှင်းလည်း သူ အခု ဘယ်သူ၊ ဘယ်သူတို့နှင့် ညစာစားနေကြောင်းပြောပြလာသည်။ ထိုနှစ်ယောက်က ရိုက်ကူးအတွင်းရှိ အခြားအမျိုးသားသရုပ်ဆောင်နှစ်ယောက်ဖြစ်ပြီး တစ်ခဏနေလျှင် နောက်ထပ်ရိုက်ကွက်တစ်ခု ရိုက်ဖို့ရှိနေလေသည်။

ဝမ်ချောင်လည်း ထိုသို့သာပြန်ပြောနိုင်တော့သည်။ "ဒါဆိုလည်း မင်း အရင်စားလိုက်ဦး။"

ဖုန်းချပြီးသည်နှင့် သူ ဖုန်းကို တစ်ဖက်ပစ်ချ၍ စားပွဲအရှေ့ထိုင်လျက် ခေါင်းတကုတ်ကုတ်နှင့် သူ့အတွေးများ ပျံ့လွင့်သွားခဲ့သည်။ ရှောင်ရှဲ့အကြောင်း၊ သူ့တင်ပါး နာနေသေးသည့်အကြောင်း .. တင်ပါးနာနေတာက ကောင်းလှသည်၊ သူ ခပ်မြန်မြန်လေး ထပ်နာနေချင်လှပြီ။

တစ်ရက်အကြာတွင် သာ့လီဘက်မှ ပို့ပေးလာသည့် over-size ပါဆယ်ထုတ်ကြီး သူ လက်ခံရရှိလေသည်။ ထိုပါဆယ်ထုတ်ထဲတွင် "အားယိ ယင်းကျစ်" ဆိုသည့်လက်မှတ်တစ်ခုတည်းသာမက လတ်လတ်ဆတ်ဆတ် flower cake များ၊ နော့ဒန့်ဝက်ပေါင်ခြောက်၊ ပုအာ့လက်ဖက်ခြောက်တို့ပါ ပါဝင်ပြီး အကုန်လုံးက သာ့လိမြို့ရှိ နာမည်ကြီးဒေသထွက်ကုန်များဖြစ်၏။

သူက အချိုစားရတာလည်း မကြိုက်သလို ဝက်ပေါင်ခြောက်၊ လက်ဖက်ခြောက်များကိုလည်း ကြိုက်တာမဟုတ်။ အချိန်တစ်ခုထိ တွေဝေနေပြီးမှ ရှဲ့ကျူရှင်းက သူ့အတွက် ပို့ပေးလိုက်တာမဟုတ်မှန်း သဘောပေါက်သွားတော့သည်။

သူ ထိုပစ္စည်းများကို အိမ်သယ်သွားပြီး သူ့အမေလက်ထဲထည့်၍ ပြောလိုက်သည်။ "ရှောင်ရှဲ့က အခု ယွမ်နန်မှာရိုက်ကူးရေးလုပ်နေတာမို့  ပါးနဲ့မားတို့အတွက် လက်ဆောင်အချို့ထည့်ပေးလိုက်တယ်။"

မာမားဝမ် အံ့ဩတကြီးပြောတော့သည်။ "အဲ့လောက်အားနာစရာမလိုပါဘူး!"

ဝမ်ချောင် ပြန်ပြောလိုက်သည်။ "ဒါအားနာတာမဟုတ်ဘူး။ သူက အဲ့လိုကောင်းတဲ့လူမျိုး .. ကြည့်၊ မားအတွက် လက်မှတ်ထိုးထားတဲ့ကတ်တောင် ပါသေးတယ်။ မားကို ချမ်းသာပျော်ရွှင်ဖို့ဆုတောင်းပေးထားတဲ့အပြင် အသည်းပုံလေးပါ ဆွဲထည့်ပေးထားသေးတယ်။"

သူ့အမေကြည့်ရင်း ပြောလာသည်။ "လက်ရေးက တော်တော်လေးလှတာပဲ။"

ဝမ်ချောင် ရယ်သွားသည်။ "လူကလည်း ကြည့်ကောင်းတယ်လေ။"

သူ့အမေ သူ့အား အထူးအဆန်းပုံစံဖြင့်ကြည့်လာတော့သည်။

သူကတော့ သတိထားမိခြင်းမရှိ၊ လက်မှတ်ထိုးထားသည့်ကတ်ကိုသာ ကိုင်ထားရင်း ဖတ်ကြည့်နေ၏။ 'ရှောင်ရှဲ့လက်ရေးက တကယ်မဆိုးဘူးပဲ။'

ဝမ်မိဘများလည်း အရှေ့မြောက်အရပ်သို့ပြန်သွားကြပြီ။

ဝမ်ချောင်တစ်ယောက် ကုမ္ပဏီတွင် အဆိုအကလေ့ကျင့်ပြီးသည်နှင့် ဘာလုပ်ရမည်မသိတော့တာမို့ သူ့အဖွဲ့သားများကိုခေါ်လိုက်တော့သည်။ "ငါ မင်းတို့ကို ထမင်းလိုက်ကျွေးမယ်။"

အဖွဲ့သားများလည်း တစ်ယောက်ပြီးတစ်ယောက် ချိန်းထားတာများရှိကြောင်း ပြောပြလာကြသည်။ လျှောက်ပြောနေကြခြင်းသာ၊ ရှောင်ရှဲ့ကောလည်း မရှိတာမို့ ခေါင်းဆောင်သာ စားသောက်နေရင်း ရုတ်တရက် ထသောင်းကျန်းရင် ဘယ်သူက ဝင်ထိန်းပေးမှာတဲ့လဲ။

ဝမ်ချောင် လျန်ရှီကို ထပ်ဆက်သွယ်ပြန်သည်။ "ဒီညဘာလုပ်စရာရှိလဲ။ ကျွန်တော်နဲ့ အတူပတ်ပျော်ရအောင်။"

လျန်ရှီ ပြောလာသည်။ "မသွားတော့ဘူး။ ငါ လုပ်စရာလေးရှိနေလို့။"

ဝမ်ချောင်လည်း သူ့ကိစ္စဆိုတာက ရည်းစားထားခြင်းကိစ္စဖြစ်ရမည်ဟု တွေးမိတာကြောင့် ပြန်ပြောလိုက်သည်။ "ကျွန်တော်က ပိုင်တုကို မသိတာလည်းမဟုတ်။ ကော သူ့ပါခေါ်ခဲ့လိုက်လေ။"

သို့တိုင် လျန်ရှီ ပြန်ငြင်းဆိုလာသည်။ "ငါ တကယ်လုပ်စရာကိစ္စရှိနေလို့။ လုံးဝထွက်မရဘူးဖြစ်နေတယ်။"

ပိုင်တုမှာ အရင်နှစ်ကုန်ခါနီးကတည်းက သူ့အေဂျင်စီနှင့် စာချုပ်ကိစ္စများ ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ လျန်ရှီလည်း သူ့အား သူ့နာမည်ပေါက်နှင့်စတူဒီယိုတစ်ခု ထူထောင်နိုင်ဖို့ ဘေးမှကူညီပေးနေသည်။ စတူဒီယိုက စတည်ထောင်ချိန်မို့ လုပ်စရာနှင့် စိတ်ပူစရာကိစ္စများက များပြားလှသည်။ လျန်ရှီကိုယ်တိုင်ကလည်း စတူဒီယိုကို ဘယ်သူ့လက်ထဲကိုမှ ယုံယုံကြည်ကြည်မလွှဲအပ်ထားနိုင်တာမို့ အရာရာ သူတစ်ယောက်တည်း ထိန်းသိမ်းနေရတော့သည်။

ဝမ်ချောင်က အတင်းအဖျင်းကိစ္စများကို သိပ်ဂရုမစိုက်လှတာမို့ ပိုင်တု စာချုပ်ဖျက်သိမ်းသွားသည့်အကြောင်း မသိထားခဲ့။ သူ အေဂျင်စီ၏မန်နေဂျာဖြစ်သူကို ရုတ်တရက်အမှတ်ရသွားပြီးမေးလိုက်သည်။ "ဒါဆို သူ မန်နေဂျာရော အသစ်ပြောင်းလိုက်ပြီလား။ သူ့အရင်မန်နေဂျာက ဘယ်နေရာမှမကောင်ဘူး။"

အရင်နှစ်ဆောင်းဦးကတည်းက ဝမ်ချီက အစိုးရရာထူးကြီးမှနှုတ်ထွက်ပြီး စီးပွါးရေးလောကထဲဝင်သွားတာမို့ အရင်ကလို စည်းမျဉ်းစည်းကမ်းတင်းကြပ်ခြင်းမျိုး မရှိတော့။ သို့နှင့် ဝမ်ချောင်လည်း ထို video ပြန့်သွားမှာကို တွေးပူမနေတော့ပေ။ ကျိုးနျန်းစန်က သူ့အနား ထပ်တလဲလဲကပ်လာပြီး ပိုင်တုအယောင်ဆောင်ကောင်လေးကို ရုပ်ရှင်ကြီးများတွင် ပါဝင်နိုင်ဖို့ ကူပြောပေးစေချင်ပေမယ့် သူကလည်း မသိကျိုးကျွန်ပြုထားလိုက်သည်မို့ သူတို့ကြား အဆက်အသွယ်လုံးဝပြတ်တောက်သွားတော့သည်။

လျန်ရှီ ပြောလာသည်။ "ပြောင်းလိုက်ပြီ။ အရင် ကျိုး အဲ့ခွေးကောင် .. ပိုင်တုက စာချုပ်ဖျက်သိမ်းတော့မယ်ဆိုတာလည်းကြားရော စိတ်လွတ်သွားမတတ်ပဲ။ သူ မတားနိုင်မှန်းလည်းသိနေတော့ ဘယ်ကနေရှာလာမှန်းမသိတဲ့ ပိုင်တုနဲ့ နည်းနည်းဆင်တဲ့အနုပညာသစ်လေးကို ပွဲထုတ်ဖို့လုပ်တော့တာပဲ။ အဲ့ကောင်လေးကို လူရွေးပွဲတိုင်း သွားပြိုင်ခိုင်းပေမယ့် ဘယ်ဇာတ်ကားမှ အရမယူနိုင်ဘူးလေ။ နောက်ကျ အဲ့လူသစ်လေးက သူ့ကို နောက်ကျောဓားနဲ့ထိုးပြီး ကုမ္ပဏီအထက်လူကြီးတွေဆီ သူ့မှာ ပြောမရတဲ့စည်းကမ်းတွေကျူးလွန်ထားကြောင်း သွားတိုင်တယ်တဲ့။ အခု သူ ထိန်းသိမ်းခံထားရပြီး ဒီနှစ်တွေထဲ သူလုပ်ခဲ့တဲ့ပြစ်မှုတွေကို စစ်ဆေးဖို့ အသင်းတစ်ခုတောင် သီးသန့်ဖွဲ့ထားတယ်ဆိုပဲ။ ဖြစ်နိုင်တာတော့ သူက တစ်ဖက်လူတွေကို သူနဲ့အတူအိပ်ဖို့ အတင်းစေခိုင်းတာအပြင် ငွေညှစ်ယူတာမျိုးပါရှိထားပုံပဲ။ သူတို့ပြောပုံအရဆို သူက အနုပညာရှင်တွေရဲ့ဘဏ်အကောင့်တွေကိုသုံးပြီး ငွေမည်းကနေ ငွေဖြူဖြစ်အောင်ပြန်ပြောင်းထားတဲ့ပုံ။ အဲ့လူတွေထဲ ပိုင်တုမပါဖို့သာ ဆုတောင်းထား၊ မဟုတ်လို့ကတော့ အဲ့ကောင် .. ဟမ့်"

ဝမ်ချောင်မှာ နားထောင်ရင်းတောင် ခေါင်းမူးလာတာမို့ ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း ကော အလုပ်သွားလုပ်တော့လေ။ အချိန်ရမှ ကျွန်တော်နဲ့ အတူပျော်ကြတာပေါ့။"

သူ့အဖွဲ့သားများရော လျန်ရှီပါ သူနှင့်အတူ မပျော်ပါးပေးနိုင်တာမို့ သူ့နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သည့် ဆောင်းဦးပွဲတော်ရက်တွင် မွေးနေ့ရှိနေသည့်ကျန့်ကျုံးယန်ကို သွားရှာတော့သည်။

ကျန့်ကျုံးယန်ကလည်း ဒီနေ့ ဘာလုပ်စရာမှမရှိနေတာမို့ သူတို့တွေ့ဆုံဖို့ ချိန်းဖြစ်သွားလေသည်။

သူတို့တွေ့တာနှင့် လက်သီးချင်းတိုက်လျက် စကားတစ်ခွန်းတောင် မဆိုဘဲ ဒါဇင်ကျော်ဘီယာများကို တစ်ဝက်မျှကုန်သွားသည်အထိ သောက်လိုက်ကြတော့သည်။

အရင်စည်းမျဉ်းအတိုင်းသာဆို သောက်ပြီးသည်နှင့် သူတို့အချင်းချင်း "အခုတလော ဘာတွေလုပ်နေလဲကွ" ဟု မေးလာကြလိမ့်မည်။

တစ်ယောက်ကိုတစ်ယောက် "အဲ့ဒါပဲ လုပ်ဖြစ်နေတာကွ" ဟု ပြန်ဖြေကြမည်ဖြစ်သည်။

ထို့နောက်မှာတော့ သူတို့အဖြေကိုသူတို့ သဘောတကျနှင့် ထရယ်ကြလိမ့်ဦးမည်၊ အတော်လေးကို ပေါ့ပျက်ပျက်နိုင်ခဲ့ကြတာပင်။

သူတို့နှစ်ယောက်က နိုက်ကလပ်တစ်ခုတွင် သိကျွမ်းခဲ့ကြတာဖြစ်သည်။ ရန်မဖြစ်ဘဲ ရင်းနှီးခဲ့တာမျိုးမဟုတ်လှ။

တစ်နေ့က သူတို့နှစ်ယောက် တူညီသည့်နိုက်ကလပ်တစ်ခုတည်းတွင် ပျော်ပါးဖို့ရောက်နေကြပြီး အင်တာနက်ပေါ်မှကျော်ကြားနေသည့်မျက်နှာမျိုးနှင့် ရင်ဘတ်ကြီးကြီးကောင်မလေးတစ်ယောက်တည်းကို နှစ်ယောက်လုံး သွားတွေ့မိကြသည်။ ထိုကောင်မလေးက ဝမ်ချောင်နှင့် အတူအိပ်ဖို့ အရင်ကတိပေးထားခဲ့တာဖြစ်ပေမယ့် သန့်စင်ခန်းသွားနေချိန်အတွင်း အရက်ရှိန်ထိုးတက်လာတာမို့ သူ ကတိပေးထားခဲ့ပြီးသားကိုမေ့သွားတော့သည်။ ထို့နောက် သူ ကျန့်ကျုံးယန်ကိုတွေ့တာနှင့် တစ်ဖန်အချိန်းအချက်ယူလိုက်လေသည်။ ဝမ်ချောင်ကတော့ ကျန့်ကျုံးယန် သူ့ကောင်မလေးကို လာလုဖို့ကြိုးစားနေသည်ဟု ထင်သွားပြီး စကားတစ်ခွန်းမှဆိုမနေဘဲ ထထိုးတော့သည်။ ရန်ဖြစ်ပြီးချိန်မှ ရေချိန်ကိုက်နေသည့်ထိုကောင်မလေးက နောက်တစ်ယောက်နဲ့ အချိန်းအချက်ယူပြီးထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထိုအကြောင်းပြချက်နှင့် သူတို့နှစ်ယောက် သူငယ်ချင်းများဖြစ်လာတော့သည်။

နိုက်ကလပ်တိုင်း၏ ပုံမှန်လာနေကြဧည့်သည်နှစ်ယောက်၊ နှစ်ယောက်လုံးက ရင်ဘတ်ကြီးကြီးများကို သဘောကျပြီး တစ်ယောက်က တစ်နေ့လုံး အိပ်ရာထက် လေ့ကျင့်ခန်းလုပ်နေချိန် တစ်ယောက်က ကောင်မလေးကို တစ်နေ့တစ်ယောက်ပြောင်းနေသည်။

ဝမ်ချောင်က သူ့မိသားစု ချမ်းသာလွန်းပြီး သူကိုယ်တိုင်က စကားများလွန်းတာမို့ သူငယ်ချင်းအစစ်မရနိုင်နေ။

ကျန့်ကျုံးယန်ကလည်း ဒုတိယမျိုးဆက်အသိုင်းအဝိုင်းထဲကဖြစ်နေတာမို့ သူက ဝမ်ချောင့်ပိုက်ဆံကို စိတ်မဝင်စားသလို ဝမ်ချောင့်လိုစကားပေါက်ပေါက်ဖောက်သူဖြစ်နေသည်။

သူက ဝမ်ချောင့်ထက် ကိုးနှစ် ပိုကြီးပြီး ဝမ်ချောင့်ကိုကြည့်လျှင့် အရင်ကိုးနှစ်က သူ့ကိုယ်သူပြန်မြင်ရသလိုဖြစ်နေတာမို့ ပိုခင်မင်နေတော့သည်။

ဝမ်ချောင်ကိုယ်တိုင်ကလည်း နောက်ကိုးနှစ်နေလျှင် သူ ကျန့်ကျုံးယန်လိုဘဝမျိုးဖြင့်နေသွားလောက်သည်ဟု တွေးထားခဲ့ဖူးသည်။

ဒီနေ့ကတော့ စည်းမျဉ်းဟောင်းများကို လိုက်နာခြင်းမရှိ၊ ဘီယာဒါဇင်ဝက်လောက် ကုန်အောင်သောက်ပြီးတာတောင် ဘာတွေလုပ်ဖြစ်နေလဲ မေးလာခြင်းမရှိကြ။

သူတို့နှစ်ယောက် ခါးမတ်မတ်ထိုင်နေရင်း 'ငါ့မှာပြောစရာစကားရှိတယ်' ဆိုသည့် အလေးအနက်မျက်နှာထားများဖြင့်ရှိနေကြသည်။

ဝမ်ချောင်မှ စပြောလိုက်သည်။ "လောင်ကျန့်၊ ကျွန်တော် ခင်ဗျားလို မနေသွားနိုင်ဘူး။ ကျွန်တော်က သေချာပေါက် အနာဂတ်မှာ ခင်ဗျားထက် ပိုကောင်းအောင်နေသွားမှာ။"

ကျန့်ကျုံးယန် နှာရှုံ့သွားသည်။ "ဒါပေါ့၊ မင်း ငါ့လို ဘယ်နေလို့ရမှာလဲ။ ငါကိုယ်တိုင်တောင် အရင်နှစ်ကငါနဲ့ မတူတော့ဘူး။"

ဝမ်ချောင် ထပ်ပြောသည်။ "ကျွန်တော် တွဲနေတဲ့သူရှိပြီ။"

ကျန့်ကျုံးယန် ပြန်ပြောသည်။ "ဘယ်သူကရော မရှိလို့လဲ။"

ဝမ်ချောင် ဖြည့်ပြောလိုက်သည်။ "ကျွန်တော့်ရည်းစားက ကောင်လေး"

ကျန့်ကျုံးယန် : "..."

ဝမ်ချောင် ရယ်သွားတော့သည်။ "မထင်ထားဘူးမှတ်လား။"

ကျန့်ကျုံးယန်မျက်နှာထက် ရှုပ်ထွေးထွေးအမူအရာတစ်ခုပေါ်လာတော့သည်။ "ငါ့ရည်းစားကလည်း ကောင်လေးပဲ။"

ဝမ်ချောင် : "... ကျွန်တော် တကယ်မထင်ထားဘူး။"

ညီအစ်ကိုကောင်းတွေဆိုတာ ဘယ်လိုမျိုးလဲ၊ 'မကောင်းတော့လည်းအတူ၊ ဂေးတော့လည်းအတူ' ဆိုတာမျိုးပေါ့။

သူတို့နှစ်ယောက် ဘီယာဒါဇင် ထပ်မှာပြီး တစ်ယောက်တစ်ဝက် သောက်လိုက်ကြပြန်သည်။

သောက်နေရင်းနှင့် တစ်ယောက်ရည်းစားတစ်ယောက် မိတ်ဆက်ပေးလာကြသည်။

ကျန့်ကျုံးယန်ပြောသည်။ "ငါ့ပါတနာကလည်း အနုပညာလောကထဲပဲ။ နာမည်က ယွမ်ရွေ့"

ဝမ်ချောင်လည်း ထိုနာမည်ကို တစ်ခါမှမကြားဖူးတာမို့ သိပ်နာမည်မကြီးသည့်အပိုင်းကဖြစ်မည်ဟု တွေးထားရင်းပြောလိုက်သည်။ "အဆိုတော်လား၊ သရုပ်ဆောင်လား။"

ကျန့်ကျုံးယန် ပြောလာသည်။ "အရင်က tv series တွေမှာ သရုပ်ဆောင်ဖူးတယ်။ အခုတော့ reality show တွေမှာ ဝင်ပါနေတယ်တဲ့။ သိပ်မကြာခင် နာမည်ကြီးလာတော့မှာ။"

ခင်ဗျား နာမည်ကြီးတော့မှာလို့ ပြောတိုင်း နာမည်ကြီးလာမှာတဲ့လား။ ဝမ်ချောင်တစ်ယောက် ခေါင်းမှရေခဲရေလောင်းချချင်စိတ်ကို သည်းခံမြိုသိမ်ထားရင်း ပြန်ပြောလိုက်သည်။ "ကျွန်တော့်ပါတနာက ကျွန်တော့်အဖွဲ့ဝင်။ သူက နာမည်ကြီးပြီးသား၊ ကျွန်တော်တို့ထဲ နာမည်အကြီးဆုံး။"

ဘယ်သူက မင်းအဖွဲ့ဝင်အကြောင်း ဂရုစိုက်နေလို့လဲ? ကျန့်ကျုံးယန်လည်း စိတ်မပါတပါချီးကျူးပေးလိုက်သည်။ "မိုက်တယ်ကွာ။ ငါ့ပါတနာကလည်း အရင်က မော်ဒယ်လုပ်ဖူးတယ်။ ရုပ်ကလည်းချော၊ ခန္ဓာကိုယ်ကလည်းလှ။"

ဘယ်သူကရော မင်းရည်းစားခန္ဓာကိုယ် ဂရုစိုက်နေလဲ? ဝမ်ချောင်ပြန်ပြောလိုက်သည်။ "ကျွန်တော့်ပါတနာက အသက် ၁၂ နှစ်အရွယ်ကတည်းက အကလေ့ကျင့်ခဲ့တာ။ သူက ခါးသွယ်သွယ်လေး၊ ခြေတံရှည်ရှည်နဲ့ တင်လုံးလုံးလေး။ အရမ်းဆက်စီဆန်တယ်။"

သူတို့နှစ်ယောက်လုံး ဖုန်းကိုယ်စီထုတ်၍ တစ်ယောက်ရည်းစားပုံတစ်ယောက် ပြကြတော့သည်။

ကျန့်ကျုံးယန်လည်း သူက အကြီးဖြစ်တာမို့ အလျော့ပေးသင့်ပါတယ်လေဟု တွေးရင်း ပြန်ပြောပေးလိုက်သည်။ "အတော်လေးချောသားပဲကွ။"

ဝမ်ချောင် အရမ်းဂုဏ်ယူသွားတော့သည်။

ကျန့်ကျုံးယန်အနေနှင့် တစ်ဖက်မှ ပြန်ချီးကျူးလာပေးဖို့ကို မျှော်လင့်ထားပေမယ့် ထိုကောင်လေးက သူ့အတွက်သူပဲ ဂရုစိုက်နေတာမို့ ချက်ချင်းမကျေမနပ်ဖြစ်သွားပြီး ပြန်စကားနာထိုးတော့သည်။ "ကြည့်လိုက်တာနဲ့ သူက အားကစားအရမ်းလုပ်မှန်း သိသာတယ်။ မင်းကလည်း သုံးစက္ကန့်အစ်ကိုကြီးလို့ နာမည်ကျော်နေတာ။ သူ မင်းနဲ့ပတ်သတ်ပြီး မကျေမနပ်မဖြစ်ဘူးလား။"

ဝမ်ချောင် : "..."

ဘယ်သူက သုံးစက္ကန့်အစ်ကိုကြီး?? နာမည်ကျော်တာ??

.. နေပါဦး၊ သူ တစ်ခုခုအထင်လွဲသွားတာလား။

သူ ပြုံးဖြီးဖြီးနှင့် ပြန်ရှင်းပြခြင်းမရှိ၊ အပေါ်ထပ်ကလူလို ဟန်ဆောင်နေလိုက်တော့သည်။

အရက်သောက်လို့ဝ၊ ယှဉ်လို့ဝသွားသည်နှင့် ညလည်းနက်နေပြီမို့ အချင်းချင်းနှုတ်ဆက်ရင်း အိမ်ပြန်လိုက်ကြသည်။

ဝမ်ချောင့်မိဘများလည်း အရှေ့မြောက်ပိုင်းကို ပြန်သွားပြီဖြစ်တာကြောင့် သူ အိမ်တွင် သွားမနေတော့ဘဲ သူ့တိုက်ခန်းကိုသာ ပြန်လာခဲ့လိုက်သည်။

သော့ဆွဲထုတ်၍ တံခါးဖွင့်ပြီး အထဲဝင်သွားလိုက်ရာ တစ်အိမ်လုံး ထိန်ထိန်လင်းနေ၏။

ရှဲ့ကျူရှင်းက ဧည့်ခန်းအလယ်တွင် မတ်တပ်ရပ်နေပြီး မကြည်မသာမျက်နှာဖြင့် မေးလာသည်။ "မင်း ဘယ်သူနဲ့ ဒီအချိန်အထိ အဲ့လောက်ကြီးသွားသောက်ထားတာလဲ။"

ဝမ်ချောင်မှာ အရမ်းစိတ်ရှုပ်ထွေးသွားပြီး အလျင်စလို သူ့ပါးသူရိုက်ကြည့်ပေမယ့် နာကျင်မှုကို မခံစားနေရ။ 'အာ၊ ဒါက အိပ်မက်ပဲ။ ရှောင်ရှဲ့က သာ့လီမှာလေ။ ဘယ်လိုလုပ် အိမ်ရောက်နေမှာလဲ။'

သူ နှစ်ကြိမ်မျှ ခပ်အက်အက်ရယ်ရင်း ဘာသိဘာသာပြန်ဖြေလိုက်သည်။ "ဂေးတစ်ယောက်နဲ့။ သူက ဒီပါ့ပါးကို သုံးစက္ကန့်အစ်ကိုကြီးတဲ့လေ။"

ရှဲ့ကျူရှင်း မျက်မှောင်ကြုတ်သွားတော့သည်။

ဝမ်ချောင်ကတော့ အိပ်မက်မက်နေသည်ဟု ခံစားနေရသေးတာမို့ ညစ်တစ်တစ်အမူအရာဖြင့် အနားတိုးသွားလေသည်။ "မင်းဒေါသထွက်နေလား။ ဒီပါ့ပါးဖင်ကို ထပ်ရိုက်ချင်နေပြန်ပြီလား။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် သူ့ခါးပတ်ကြိုးကိုဖြည်ချပြီး ဘောင်းဘီက ပေါင်အနားထိ လျော့တိလျော့ရဲလျှောကျသွားသည်နှင့် တစ်ဖက်လှည့်ပြီး သဘောထားကြီးကြီးပြောလာသည်။ "လာရိုက်"

ရှဲ့ကျူရှင်းလည်း တကယ်ထရိုက်ချင်စိတ်များပေါ်လာတော့သည်။

ဝမ်ချောင် ရုတ်တရက်မေးလာ၏။ "သာ့လိမှာ မင်းဘယ်လိုနေလဲ။"

ရှဲ့ကျူရှင်း တန့်သွားတော့သည်။

ဝမ်ချောင် ကျောပေးထားလျက် ဆက်ပြောနေသည်။ "ငါ ဒုတိယ album အတွက် ကကွက်တွေ လေ့ကျင့်ပြီးသွားပြီ။ ကကွက်ထွင်တဲ့ဆရာကတောင် ငါ ကတာတော်တယ်လို့ပြောတယ်။"

"ငါ မင်းပို့ပေးလာသမျှအကုန်လုံး ငါ့အမေကို ပေးလိုက်တယ်။ ငါ ပန်းမုန့်သေးသေးလေးပဲ မြည်းကြည့်ကြည့်တာ၊ မဆိုးပါဘူး။"

"မင်း လက်ရေးက တကယ်လှတယ်။ ငါ့ထက်ကို အများကြီးလှတယ်။"

"မင်းကလည်း အိမ်မှာမရှိဘူး၊ ဘယ်သူမှလည်း ငါနဲ့မပျော်ပါးပေးချင်ဘူး။ သူတို့အကုန် အလုပ်ရှုပ်နေကြတာ။"

"ဒီနေ့ ငါနဲ့အတူသောက်ခဲ့တဲ့လူကလည်း တစ်ညလုံး သူ့ရည်းစားအကြောင်းတွေချည်း ငါ့ကို ထိုင်ကြွားနေတယ်။"

"မင်းရော ငါ့ကို သူများတွေရှေ့ ထုတ်ကြွားဖူးလား။"

"မကြွားဖူးဘူးမလား။ ငါ့မှာလည်း ထုတ်ကြွားပြစရာဆိုပြီးရှိမနေပါဘူး။ ငါ ထမင်းတောင် မချက်တတ်တာ။"

"ရှဲ့ကျူရှင်း"

"ငါ မင်းကိုလွမ်းတယ်။"

သူ နှာရှုံ့ရင်း အင်္ကျီအစွန်းစဖြင့် သူ့မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်ပစ်တော့သည်။

ရှဲ့ကျူရှင်း သူ့ပခုံးပေါ်လက်တင်ရင်း နူးနူးညံ့ညံ့ပြန်ပြောလိုက်သည်။ "ငါလည်း မင်းကို လွမ်းနေတာ။"

ဝမ်ချောင် : "..."

သူ အိပ်မက်မက်နေရာမှ နိုးလာသူတစ်ယောက်လို အနောက်ကို ခေါင်းပြန်လှည့်လာပြီး သူ့မျက်လုံးများကလည်း အစုံလိုက် ကျွတ်ကျတော့မည့်အလား။

သူ ရူးသွားတာလား။ ဘောင်းဘီက တစ်ဝက်ကျွတ်နေတဲ့အနေအထားနဲ့ သူဘာတွေလျှောက်ပြောနေမိတာလဲ!!?

KittyKitling

T/N : မတွေ့ရတာအရမ်းကြာပြီနော် ><

_____///_____

[Zawgyi]

'မထင္ထားဘူးမလား'

'အက်ိဳးနည္း' ေခါင္းစဥ္သီခ်င္း၏ကကြက္မ်ား ထြက္လာခ်ိန္ အေဝးေရာက္ေနသည့္ Tomas ရွဲ႕ မွလြဲ၍ icedream မွ က်န္အဖြဲ႕ဝင္ငါးေယာက္လုံး အကဆရာညႊန္ျပမွုေအာက္တြင္ ရက္အနည္းငယ္မၽွ လိုက္ေလ့လာရင္း တျဖည္းျဖည္း ကကြက္မ်ားကို ကၽြမ္းကၽြမ္းက်င္က်င္ကတတ္လာေတာ့သည္။

အစပိုင္း သြမ့္ယိခြန္းႏွင့္ သူ႔အဖြဲ႕သားမ်ားမွာ သူတို႔ေခါင္းေဆာင္တစ္ေယာက္ အရင္လို အပ်င္းႀကီးၿပီး သင္ယူလိုစိတ္ မရွိမည့္အျဖစ္ႏွင့္ ဆရာဆီက အႀကိမ္ေရအနည္းငယ္မၽွအေငါက္ခံလိုက္ရတာႏွင့္ မလာေတာ့မည္ကို စိုးရိမ္ေနၾကရသည္။ ထို႔အျပင္ ဒီတစ္ေခါက္ အနား၌ သူ႔ကိုထိန္းနိုင္မည့္သူ မရွိေန။

သို႔ေသာ္ အခ်က္အလက္မ်ားက သူတို႔ပူပန္လြန္ေနမွန္း သက္ေသျပသြား၏။

ဒီတစ္ေခါက္ album အတြက္ ေခါင္းေဆာင္၏စိတ္အားထက္သန္မွုက အရင္တစ္ခုထက္ ပိုျမင့္မားေနခဲ့သည္။ ရွဲ႕က်ဴရွင္း အနားတြင္မရွိေတာင္မွ သူက ေန႔တိုင္း ကုမၸဏီကို အခ်ိန္မွန္ေရာက္လာၿပီး သူ႔အဖြဲ႕သားမ်ားျဖင့္ ေလ့က်င့္သင္ယူေနတာမို႔ လူတိုင္းမွာ အေတာ္ေလးအံ့ဩသြားရေတာ့သည္။

ဝမ္မိသားစု၏မိဘျဖစ္သူမ်ားလည္း သူတို႔သားရဲ့ ဘယ္ႏွစ္ႀကိမ္ရိုက္ရိုက္ ျပင္မရခဲ့သည့္အိပ္ရာထဲေခြေနတတ္သည့္အက်င့္က လုံးဝေပ်ာက္သြားၿပီး ေကာင္ေလးတစ္ေယာက္အသြင္ေျပာင္းလာတာကို ၾကည့္ရင္း အရမ္းစိတ္ေက်နပ္ေနၾကေတာ့သည္။ တကယ္ကို ေယာက္်ားေတြအတြက္ အလုပ္အကိုင္ဆိုတာ ရွိကိုရွိေနသင့္တာမ်ိဳးပင္။

သူတို႔က အေရွ႕ေျမာက္ေဒသကို ေဖေဖာ္ဝါရီ ၂၆ တြင္ ျပန္ဖို႔ လက္မွတ္ျဖတ္ထားၿပီးသားမို႔ ေနာက္ႏွစ္ရက္ေနလၽွင္ ျပန္ေတာ့မွာျဖစ္၏။

မာမားဝမ္ ဝမ္ေခ်ာင္ကိုေမးလိုက္သည္။ "ငါပဲ ျပန္ေတာ့မယ္။ ငါ့အတြက္ ေတာင္းေပးမယ္ဆိုတဲ့ မင္းအဖြဲ႕သားရဲ့လက္မွတ္က ဘယ္မလဲ။ လက္မွတ္ေလးတစ္ခုရဖို႔ ဘာလို႔အဲ့ေလာက္ခက္ခဲေနရတာလဲ။"

ဝမ္ေခ်ာင္က ထိုအေၾကာင္းကို ေမ့ႏွင့္ေနၿပီျဖစ္သည္။ သို႔ႏွင့္ သူ႔မွာ ရွဲ႕က်ဴရွင္းထံ အေလာတႀကီး စာပို႔ရေတာ့သည္။ "မင္း လက္မွတ္ထိုးၿပီး ငါ့ဆီ အျမန္ေခ်ာနဲ႔ပို႔လိုက္။"

မိနစ္အနည္းငယ္အတြင္း ရွဲ႕က်ဴရွင္း ဖုန္းျပန္ေခၚလာခဲ့သည္။

ဝမ္ေခ်ာင္ ေပ်ာ္ေပ်ာ္ႀကီးဖုန္းေျဖဆိုလိုက္ေပမယ့္ သူ႔မိဘမ်ားေရွ႕ စကားမေျပာခ်င္လွတာမို႔ ေလွကားမ်ားေပၚသို႔ ခုန္ေပါက္တက္သြားရင္း အသံတိုးတိုးႏွင့္ေမးလိုက္သည္။ "မင္းအလုပ္ရွုပ္ေနတာမဟုတ္ဘူးလား။" သူ႔အသံထဲတြင္ ဖုံးကြယ္ထားမရသည့္ခၽြဲကပ္မွုမ်ားပါဝင္ေနသည္။

အမ်ိဳးသမီးဝမ္က အနီးၾကည့္မ်က္မွန္တပ္လ်က္ ဖုန္းသုံးေနရင္း အေပၚတပ္သြားသည့္သူ႔သားျဖစ္သူကိုေမာ့ၾကည့္၍ ပါ့ပါးဝမ္ကို အသံတိုးတိုးျဖင့္ေမးလိုက္သည္။ "ေရွာင္ေခ်ာင္ ရည္းစားရေနတာမ်ားလား။"

ပါ့ပါးဝမ္မွ သေဘာမတူသလိုျပန္ေျပာသည္။ "သူက ဘယ္သူနဲ႔ဖုန္းေျပာေနလဲမွ မသိတာ။ မိသားစုေကာင္းက သမီးအလိမၼာေလးေတြက သူ႔ကိုႀကိဳက္မွာတဲ့လား။"

မာမားဝမ္ ေဒါသတႀကီးျပန္ေျပာေတာ့သည္။ "မိသားစုေကာင္းက သမီးအလိမၼာေလးေတာင္ ရွင္နဲ႔လက္ထပ္ခဲ့ေသးတာပဲ။ ကၽြန္မသားက ရွင့္ထက္ ပိုမေတာ္လို႔လား။" 

ပါ့ပါးဝမ္လည္း ေရြးခ်ယ္စရာမရွိ၊ အလိုက္သင့္ေလးေျပာေပးရေလသည္။ "ေတာ္တာေပါ့၊ အမ်ားႀကီးပိုေတာ္တယ္။"

ဝမ္ေခ်ာင္ အခန္းထဲသို႔ျပန္သြားလိုက္သည္။

ရွဲ႕က်ဴရွင္းလည္း သူ အခုတင္ရိုက္ကူးေရးၿပီးေၾကာင္းေျပာရင္း ျပန္ေမးလိုက္သည္။ "လက္မွတ္ကို ဘယ္သူ႔ေပးခ်င္လို႔လဲ။"

ဝမ္ေခ်ာင္ သူ႔အေမျဖစ္ေၾကာင္း မေျပာျပခ်င္၊ ကိုယ့္အေမျဖစ္သူက ကိုယ့္ fan မဟုတ္ေနျခင္းမွာ အနည္းငယ္မၽွအရွက္ရစရာေကာင္းတာမို႔ သူ ဝိုးတိုးဝါးတားမၽွျပန္ေျဖေတာ့သည္။ "ငါ့အမ်ိဳးထဲကအစ္မတစ္ေယာက္ လိုခ်င္လို႔တဲ့။ သူ ငါ့ကို ေႏြဦးပြဲေတာ္ကတည္းက ေတာင္းခိုင္းထားတာကို ငါေမ့ေနတာ။ ငါ့မိဘေတြကလည္း သန္ဘက္ခါဆို ျပန္ေတာ့မွာဆိုေတာ့ တစ္ခါတည္း သူ႔အတြက္ ယူသြားေပးၾကမလို႔။"

ရွဲ႕က်ဴရွင္းေျပာလာသည္။ "ဒါဆို အခ်ိန္မွီပါေသးတယ္။ ငါ မနက္ျဖန္က်ပို႔ေပးလိုက္မယ္။ မင္းအစ္မနာမည္က ဘယ္လိုေခၚလဲ။"

ဝမ္ေခ်ာင္ သူ႔အေမနာမည္ကို ထုတ္ေျပာလိုက္သည္။ "ယင္းက်စ္၊ မင္း 'အားယိ ယင္းက်စ္' လို႔ပဲ ေရးေပးလိုက္။"

ရွဲ႕က်ဴရွင္း ရယ္သြားသည္။ "မင္းရဲ့အစ္မကို ငါက အားယိလို႔ေခၚရမယ္? ငါ့ကို အခြင့္အေရးမယူစမ္းနဲ႔။"

ဝမ္ေခ်ာင္ ျပန္ေျပာလိုက္သည္။ "ေျပာတဲ့အတိုင္းေရးလိုက္ရင္ ၿပီးေနၿပီမလား။ မင္းကသာ ငါ့အေပၚ အခြင့္အေရးယူတာ ေလၽွာ့စမ္းပါ။ သြားတာျဖင့္ ေလးငါးရက္ရွိေနၿပီ၊ ငါ့တင္ပါး အခုထိနာေနတုန္း။"

ရွဲ႕က်ဴရွင္း ျပန္မေျဖဘဲ ရယ္႐ုံမၽွသာရယ္သြားေတာ့သည္။

ဝမ္ေခ်ာင္လည္း တစ္ေယာက္ေယာက္ စကားေျပာေနသံကိုၾကားလိုက္ရတာမို႔ ေမးလိုက္သည္။ "ေဘးမွာလူရွိေနတာလား။"

ရွဲ႕က်ဴရွင္းလည္း သူ အခု ဘယ္သူ၊ ဘယ္သူတို႔ႏွင့္ ညစာစားေနေၾကာင္းေျပာျပလာသည္။ ထိုႏွစ္ေယာက္က ရိုက္ကူးအတြင္းရွိ အျခားအမ်ိဳးသားသ႐ုပ္ေဆာင္ႏွစ္ေယာက္ျဖစ္ၿပီး တစ္ခဏေနလၽွင္ ေနာက္ထပ္ရိုက္ကြက္တစ္ခု ရိုက္ဖို႔ရွိေနေလသည္။

ဝမ္ေခ်ာင္လည္း ထိုသို႔သာျပန္ေျပာနိုင္ေတာ့သည္။ "ဒါဆိုလည္း မင္း အရင္စားလိုက္ဦး။"

ဖုန္းခ်ၿပီးသည္ႏွင့္ သူ ဖုန္းကို တစ္ဖက္ပစ္ခ်၍ စားပြဲအေရွ႕ထိုင္လ်က္ ေခါင္းတကုတ္ကုတ္ႏွင့္ သူ႔အေတြးမ်ား ပ်ံ႕လြင့္သြားခဲ့သည္။ ေရွာင္ရွဲ႕အေၾကာင္း၊ သူ႔တင္ပါး နာေနေသးသည့္အေၾကာင္း .. တင္ပါးနာေနတာက ေကာင္းလွသည္၊ သူ ခပ္ျမန္ျမန္ေလး ထပ္နာေနခ်င္လွၿပီ။

တစ္ရက္အၾကာတြင္ သာ့လီဘက္မွ ပို႔ေပးလာသည့္ over-size ပါဆယ္ထုတ္ႀကီး သူ လက္ခံရရွိေလသည္။ ထိုပါဆယ္ထုတ္ထဲတြင္ "အားယိ ယင္းက်စ္" ဆိုသည့္လက္မွတ္တစ္ခုတည္းသာမက လတ္လတ္ဆတ္ဆတ္ flower cake မ်ား၊ ေနာ့ဒန႔္ဝက္ေပါင္ေျခာက္၊ ပုအာ့လက္ဖက္ေျခာက္တို႔ပါ ပါဝင္ၿပီး အကုန္လုံးက သာ့လိၿမိဳ႕ရွိ နာမည္ႀကီးေဒသထြက္ကုန္မ်ားျဖစ္၏။

သူက အခ်ိဳစားရတာလည္း မႀကိဳက္သလို ဝက္ေပါင္ေျခာက္၊ လက္ဖက္ေျခာက္မ်ားကိုလည္း ႀကိဳက္တာမဟုတ္။ အခ်ိန္တစ္ခုထိ ေတြေဝေနၿပီးမွ ရွဲ႕က်ဴရွင္းက သူ႔အတြက္ ပို႔ေပးလိုက္တာမဟုတ္မွန္း သေဘာေပါက္သြားေတာ့သည္။

သူ ထိုပစၥည္းမ်ားကို အိမ္သယ္သြားၿပီး သူ႔အေမလက္ထဲထည့္၍ ေျပာလိုက္သည္။ "ေရွာင္ရွဲ႕က အခု ယြမ္နန္မွာရိုက္ကူးေရးလုပ္ေနတာမို႔  ပါးနဲ႔မားတို႔အတြက္ လက္ေဆာင္အခ်ိဳ႕ထည့္ေပးလိုက္တယ္။"

မာမားဝမ္ အံ့ဩတႀကီးေျပာေတာ့သည္။ "အဲ့ေလာက္အားနာစရာမလိုပါဘူး!"

ဝမ္ေခ်ာင္ ျပန္ေျပာလိုက္သည္။ "ဒါအားနာတာမဟုတ္ဘူး။ သူက အဲ့လိုေကာင္းတဲ့လူမ်ိဳး .. ၾကည့္၊ မားအတြက္ လက္မွတ္ထိုးထားတဲ့ကတ္ေတာင္ ပါေသးတယ္။ မားကို ခ်မ္းသာေပ်ာ္ရႊင္ဖို႔ဆုေတာင္းေပးထားတဲ့အျပင္ အသည္းပုံေလးပါ ဆြဲထည့္ေပးထားေသးတယ္။"

သူ႔အေမၾကည့္ရင္း ေျပာလာသည္။ "လက္ေရးက ေတာ္ေတာ္ေလးလွတာပဲ။"

ဝမ္ေခ်ာင္ ရယ္သြားသည္။ "လူကလည္း ၾကည့္ေကာင္းတယ္ေလ။"

သူ႔အေမ သူ႔အား အထူးအဆန္းပုံစံျဖင့္ၾကည့္လာေတာ့သည္။

သူကေတာ့ သတိထားမိျခင္းမရွိ၊ လက္မွတ္ထိုးထားသည့္ကတ္ကိုသာ ကိုင္ထားရင္း ဖတ္ၾကည့္ေန၏။ 'ေရွာင္ရွဲ႕လက္ေရးက တကယ္မဆိုးဘူးပဲ။'

ဝမ္မိဘမ်ားလည္း အေရွ႕ေျမာက္အရပ္သို႔ျပန္သြားၾကၿပီ။

ဝမ္ေခ်ာင္တစ္ေယာက္ ကုမၸဏီတြင္ အဆိုအကေလ့က်င့္ၿပီးသည္ႏွင့္ ဘာလုပ္ရမည္မသိေတာ့တာမို႔ သူ႔အဖြဲ႕သားမ်ားကိုေခၚလိုက္ေတာ့သည္။ "ငါ မင္းတို႔ကို ထမင္းလိုက္ေကၽြးမယ္။"

အဖြဲ႕သားမ်ားလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ခ်ိန္းထားတာမ်ားရွိေၾကာင္း ေျပာျပလာၾကသည္။ ေလၽွာက္ေျပာေနၾကျခင္းသာ၊ ေရွာင္ရွဲ႕ေကာလည္း မရွိတာမို႔ ေခါင္းေဆာင္သာ စားေသာက္ေနရင္း ႐ုတ္တရက္ ထေသာင္းက်န္းရင္ ဘယ္သူက ဝင္ထိန္းေပးမွာတဲ့လဲ။

ဝမ္ေခ်ာင္ လ်န္ရွီကို ထပ္ဆက္သြယ္ျပန္သည္။ "ဒီညဘာလုပ္စရာရွိလဲ။ ကၽြန္ေတာ္နဲ႔ အတူပတ္ေပ်ာ္ရေအာင္။"

လ်န္ရွီ ေျပာလာသည္။ "မသြားေတာ့ဘူး။ ငါ လုပ္စရာေလးရွိေနလို႔။"

ဝမ္ေခ်ာင္လည္း သူ႔ကိစၥဆိုတာက ရည္းစားထားျခင္းကိစၥျဖစ္ရမည္ဟု ေတြးမိတာေၾကာင့္ ျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ္က ပိုင္တုကို မသိတာလည္းမဟုတ္။ ေကာ သူ႔ပါေခၚခဲ့လိုက္ေလ။"

သို႔တိုင္ လ်န္ရွီ ျပန္ျငင္းဆိုလာသည္။ "ငါ တကယ္လုပ္စရာကိစၥရွိေနလို႔။ လုံးဝထြက္မရဘူးျဖစ္ေနတယ္။"

ပိုင္တုမွာ အရင္ႏွစ္ကုန္ခါနီးကတည္းက သူ႔ေအဂ်င္စီႏွင့္ စာခ်ဳပ္ကိစၥမ်ား ဖ်က္သိမ္းလိုက္ၿပီျဖစ္သည္။ လ်န္ရွီလည္း သူ႔အား သူ႔နာမည္ေပါက္ႏွင့္စတူဒီယိုတစ္ခု ထူေထာင္နိုင္ဖို႔ ေဘးမွကူညီေပးေနသည္။ စတူဒီယိုက စတည္ေထာင္ခ်ိန္မို႔ လုပ္စရာႏွင့္ စိတ္ပူစရာကိစၥမ်ားက မ်ားျပားလွသည္။ လ်န္ရွီကိုယ္တိုင္ကလည္း စတူဒီယိုကို ဘယ္သူ႔လက္ထဲကိုမွ ယုံယုံၾကည္ၾကည္မလႊဲအပ္ထားနိုင္တာမို႔ အရာရာ သူတစ္ေယာက္တည္း ထိန္းသိမ္းေနရေတာ့သည္။

ဝမ္ေခ်ာင္က အတင္းအဖ်င္းကိစၥမ်ားကို သိပ္ဂ႐ုမစိုက္လွတာမို႔ ပိုင္တု စာခ်ဳပ္ဖ်က္သိမ္းသြားသည့္အေၾကာင္း မသိထားခဲ့။ သူ ေအဂ်င္စီ၏မန္ေနဂ်ာျဖစ္သူကို ႐ုတ္တရက္အမွတ္ရသြားၿပီးေမးလိုက္သည္။ "ဒါဆို သူ မန္ေနဂ်ာေရာ အသစ္ေျပာင္းလိုက္ၿပီလား။ သူ႔အရင္မန္ေနဂ်ာက ဘယ္ေနရာမွမေကာင္ဘူး။"

အရင္ႏွစ္ေဆာင္းဦးကတည္းက ဝမ္ခ်ီက အစိုးရရာထူးႀကီးမွႏွုတ္ထြက္ၿပီး စီးပြါးေရးေလာကထဲဝင္သြားတာမို႔ အရင္ကလို စည္းမ်ဥ္းစည္းကမ္းတင္းၾကပ္ျခင္းမ်ိဳး မရွိေတာ့။ သို႔ႏွင့္ ဝမ္ေခ်ာင္လည္း ထို video ျပန႔္သြားမွာကို ေတြးပူမေနေတာ့ေပ။ က်ိဳးန်န္းစန္က သူ႔အနား ထပ္တလဲလဲကပ္လာၿပီး ပိုင္တုအေယာင္ေဆာင္ေကာင္ေလးကို ႐ုပ္ရွင္ႀကီးမ်ားတြင္ ပါဝင္နိုင္ဖို႔ ကူေျပာေပးေစခ်င္ေပမယ့္ သူကလည္း မသိက်ိဳးကၽြန္ျပဳထားလိုက္သည္မို႔ သူတို႔ၾကား အဆက္အသြယ္လုံးဝျပတ္ေတာက္သြားေတာ့သည္။

လ်န္ရွီ ေျပာလာသည္။ "ေျပာင္းလိုက္ၿပီ။ အရင္ က်ိဳး အဲ့ေခြးေကာင္ .. ပိုင္တုက စာခ်ဳပ္ဖ်က္သိမ္းေတာ့မယ္ဆိုတာလည္းၾကားေရာ စိတ္လြတ္သြားမတတ္ပဲ။ သူ မတားနိုင္မွန္းလည္းသိေနေတာ့ ဘယ္ကေနရွာလာမွန္းမသိတဲ့ ပိုင္တုနဲ႔ နည္းနည္းဆင္တဲ့အႏုပညာသစ္ေလးကို ပြဲထုတ္ဖို႔လုပ္ေတာ့တာပဲ။ အဲ့ေကာင္ေလးကို လူေရြးပြဲတိုင္း သြားၿပိဳင္ခိုင္းေပမယ့္ ဘယ္ဇာတ္ကားမွ အရမယူနိုင္ဘူးေလ။ ေနာက္က် အဲ့လူသစ္ေလးက သူ႔ကို ေနာက္ေက်ာဓားနဲ႔ထိုးၿပီး ကုမၸဏီအထက္လူႀကီးေတြဆီ သူ႔မွာ ေျပာမရတဲ့စည္းကမ္းေတြက်ဴးလြန္ထားေၾကာင္း သြားတိုင္တယ္တဲ့။ အခု သူ ထိန္းသိမ္းခံထားရၿပီး ဒီႏွစ္ေတြထဲ သူလုပ္ခဲ့တဲ့ျပစ္မွုေတြကို စစ္ေဆးဖို႔ အသင္းတစ္ခုေတာင္ သီးသန႔္ဖြဲ႕ထားတယ္ဆိုပဲ။ ျဖစ္နိုင္တာေတာ့ သူက တစ္ဖက္လူေတြကို သူနဲ႔အတူအိပ္ဖို႔ အတင္းေစခိုင္းတာအျပင္ ေငြညႇစ္ယူတာမ်ိဳးပါရွိထားပုံပဲ။ သူတို႔ေျပာပုံအရဆို သူက အႏုပညာရွင္ေတြရဲ့ဘဏ္အေကာင့္ေတြကိုသုံးၿပီး ေငြမည္းကေန ေငြျဖဴျဖစ္ေအာင္ျပန္ေျပာင္းထားတဲ့ပုံ။ အဲ့လူေတြထဲ ပိုင္တုမပါဖို႔သာ ဆုေတာင္းထား၊ မဟုတ္လို႔ကေတာ့ အဲ့ေကာင္ .. ဟမ့္"

ဝမ္ေခ်ာင္မွာ နားေထာင္ရင္းေတာင္ ေခါင္းမူးလာတာမို႔ ျပန္ေျပာလိုက္သည္။ "ဒါဆိုလည္း ေကာ အလုပ္သြားလုပ္ေတာ့ေလ။ အခ်ိန္ရမွ ကၽြန္ေတာ္နဲ႔ အတူေပ်ာ္ၾကတာေပါ့။"

သူ႔အဖြဲ႕သားမ်ားေရာ လ်န္ရွီပါ သူႏွင့္အတူ မေပ်ာ္ပါးေပးနိုင္တာမို႔ သူ႔ေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္ျဖစ္သည့္ ေဆာင္းဦးပြဲေတာ္ရက္တြင္ ေမြးေန႔ရွိေနသည့္က်န႔္က်ဳံးယန္ကို သြားရွာေတာ့သည္။

က်န႔္က်ဳံးယန္ကလည္း ဒီေန႔ ဘာလုပ္စရာမွမရွိေနတာမို႔ သူတို႔ေတြ႕ဆုံဖို႔ ခ်ိန္းျဖစ္သြားေလသည္။

သူတို႔ေတြ႕တာႏွင့္ လက္သီးခ်င္းတိုက္လ်က္ စကားတစ္ခြန္းေတာင္ မဆိုဘဲ ဒါဇင္ေက်ာ္ဘီယာမ်ားကို တစ္ဝက္မၽွကုန္သြားသည္အထိ ေသာက္လိုက္ၾကေတာ့သည္။

အရင္စည္းမ်ဥ္းအတိုင္းသာဆို ေသာက္ၿပီးသည္ႏွင့္ သူတို႔အခ်င္းခ်င္း "အခုတေလာ ဘာေတြလုပ္ေနလဲကြ" ဟု ေမးလာၾကလိမ့္မည္။

တစ္ေယာက္ကိုတစ္ေယာက္ "အဲ့ဒါပဲ လုပ္ျဖစ္ေနတာကြ" ဟု ျပန္ေျဖၾကမည္ျဖစ္သည္။

ထို႔ေနာက္မွာေတာ့ သူတို႔အေျဖကိုသူတို႔ သေဘာတက်ႏွင့္ ထရယ္ၾကလိမ့္ဦးမည္၊ အေတာ္ေလးကို ေပါ့ပ်က္ပ်က္နိုင္ခဲ့ၾကတာပင္။

သူတို႔ႏွစ္ေယာက္က နိုက္ကလပ္တစ္ခုတြင္ သိကၽြမ္းခဲ့ၾကတာျဖစ္သည္။ ရန္မျဖစ္ဘဲ ရင္းႏွီးခဲ့တာမ်ိဳးမဟုတ္လွ။

တစ္ေန႔က သူတို႔ႏွစ္ေယာက္ တူညီသည့္နိုက္ကလပ္တစ္ခုတည္းတြင္ ေပ်ာ္ပါးဖို႔ေရာက္ေနၾကၿပီး အင္တာနက္ေပၚမွေက်ာ္ၾကားေနသည့္မ်က္ႏွာမ်ိဳးႏွင့္ ရင္ဘတ္ႀကီးႀကီးေကာင္မေလးတစ္ေယာက္တည္းကို ႏွစ္ေယာက္လုံး သြားေတြ႕မိၾကသည္။ ထိုေကာင္မေလးက ဝမ္ေခ်ာင္ႏွင့္ အတူအိပ္ဖို႔ အရင္ကတိေပးထားခဲ့တာျဖစ္ေပမယ့္ သန႔္စင္ခန္းသြားေနခ်ိန္အတြင္း အရက္ရွိန္ထိုးတက္လာတာမို႔ သူ ကတိေပးထားခဲ့ၿပီးသားကိုေမ့သြားေတာ့သည္။ ထို႔ေနာက္ သူ က်န႔္က်ဳံးယန္ကိုေတြ႕တာႏွင့္ တစ္ဖန္အခ်ိန္းအခ်က္ယူလိုက္ေလသည္။ ဝမ္ေခ်ာင္ကေတာ့ က်န႔္က်ဳံးယန္ သူ႔ေကာင္မေလးကို လာလုဖို႔ႀကိဳးစားေနသည္ဟု ထင္သြားၿပီး စကားတစ္ခြန္းမွဆိုမေနဘဲ ထထိုးေတာ့သည္။ ရန္ျဖစ္ၿပီးခ်ိန္မွ ေရခ်ိန္ကိုက္ေနသည့္ထိုေကာင္မေလးက ေနာက္တစ္ေယာက္နဲ႔ အခ်ိန္းအခ်က္ယူၿပီးထြက္သြားၿပီျဖစ္ေၾကာင္း သိလိုက္ရေတာ့သည္။

ထိုအေၾကာင္းျပခ်က္ႏွင့္ သူတို႔ႏွစ္ေယာက္ သူငယ္ခ်င္းမ်ားျဖစ္လာေတာ့သည္။

နိုက္ကလပ္တိုင္း၏ ပုံမွန္လာေနၾကဧည့္သည္ႏွစ္ေယာက္၊ ႏွစ္ေယာက္လုံးက ရင္ဘတ္ႀကီးႀကီးမ်ားကို သေဘာက်ၿပီး တစ္ေယာက္က တစ္ေန႔လုံး အိပ္ရာထက္ ေလ့က်င့္ခန္းလုပ္ေနခ်ိန္ တစ္ေယာက္က ေကာင္မေလးကို တစ္ေန႔တစ္ေယာက္ေျပာင္းေနသည္။

ဝမ္ေခ်ာင္က သူ႔မိသားစု ခ်မ္းသာလြန္းၿပီး သူကိုယ္တိုင္က စကားမ်ားလြန္းတာမို႔ သူငယ္ခ်င္းအစစ္မရနိုင္ေန။

က်န႔္က်ဳံးယန္ကလည္း ဒုတိယမ်ိဳးဆက္အသိုင္းအဝိုင္းထဲကျဖစ္ေနတာမို႔ သူက ဝမ္ေခ်ာင့္ပိုက္ဆံကို စိတ္မဝင္စားသလို ဝမ္ေခ်ာင့္လိုစကားေပါက္ေပါက္ေဖာက္သူျဖစ္ေနသည္။

သူက ဝမ္ေခ်ာင့္ထက္ ကိုးႏွစ္ ပိုႀကီးၿပီး ဝမ္ေခ်ာင့္ကိုၾကည့္လၽွင့္ အရင္ကိုးႏွစ္က သူ႔ကိုယ္သူျပန္ျမင္ရသလိုျဖစ္ေနတာမို႔ ပိုခင္မင္ေနေတာ့သည္။

ဝမ္ေခ်ာင္ကိုယ္တိုင္ကလည္း ေနာက္ကိုးႏွစ္ေနလၽွင္ သူ က်န႔္က်ဳံးယန္လိုဘဝမ်ိဳးျဖင့္ေနသြားေလာက္သည္ဟု ေတြးထားခဲ့ဖူးသည္။

ဒီေန႔ကေတာ့ စည္းမ်ဥ္းေဟာင္းမ်ားကို လိုက္နာျခင္းမရွိ၊ ဘီယာဒါဇင္ဝက္ေလာက္ ကုန္ေအာင္ေသာက္ၿပီးတာေတာင္ ဘာေတြလုပ္ျဖစ္ေနလဲ ေမးလာျခင္းမရွိၾက။

သူတို႔ႏွစ္ေယာက္ ခါးမတ္မတ္ထိုင္ေနရင္း 'ငါ့မွာေျပာစရာစကားရွိတယ္' ဆိုသည့္ အေလးအနက္မ်က္ႏွာထားမ်ားျဖင့္ရွိေနၾကသည္။

ဝမ္ေခ်ာင္မွ စေျပာလိုက္သည္။ "ေလာင္က်န႔္၊ ကၽြန္ေတာ္ ခင္ဗ်ားလို မေနသြားနိုင္ဘူး။ ကၽြန္ေတာ္က ေသခ်ာေပါက္ အနာဂတ္မွာ ခင္ဗ်ားထက္ ပိုေကာင္းေအာင္ေနသြားမွာ။"

က်န႔္က်ဳံးယန္ ႏွာရွုံ႔သြားသည္။ "ဒါေပါ့၊ မင္း ငါ့လို ဘယ္ေနလို႔ရမွာလဲ။ ငါကိုယ္တိုင္ေတာင္ အရင္ႏွစ္ကငါနဲ႔ မတူေတာ့ဘူး။"

ဝမ္ေခ်ာင္ ထပ္ေျပာသည္။ "ကၽြန္ေတာ္ တြဲေနတဲ့သူရွိၿပီ။"

က်န႔္က်ဳံးယန္ ျပန္ေျပာသည္။ "ဘယ္သူကေရာ မရွိလို႔လဲ။"

ဝမ္ေခ်ာင္ ျဖည့္ေျပာလိုက္သည္။ "ကၽြန္ေတာ့္ရည္းစားက ေကာင္ေလး"

က်န႔္က်ဳံးယန္ : "..."

ဝမ္ေခ်ာင္ ရယ္သြားေတာ့သည္။ "မထင္ထားဘူးမွတ္လား။"

က်န႔္က်ဳံးယန္မ်က္ႏွာထက္ ရွုပ္ေထြးေထြးအမူအရာတစ္ခုေပၚလာေတာ့သည္။ "ငါ့ရည္းစားကလည္း ေကာင္ေလးပဲ။"

ဝမ္ေခ်ာင္ : "... ကၽြန္ေတာ္ တကယ္မထင္ထားဘူး။"

ညီအစ္ကိုေကာင္းေတြဆိုတာ ဘယ္လိုမ်ိဳးလဲ၊ 'မေကာင္းေတာ့လည္းအတူ၊ ေဂးေတာ့လည္းအတူ' ဆိုတာမ်ိဳးေပါ့။

သူတို႔ႏွစ္ေယာက္ ဘီယာဒါဇင္ ထပ္မွာၿပီး တစ္ေယာက္တစ္ဝက္ ေသာက္လိုက္ၾကျပန္သည္။

ေသာက္ေနရင္းႏွင့္ တစ္ေယာက္ရည္းစားတစ္ေယာက္ မိတ္ဆက္ေပးလာၾကသည္။

က်န့္က်ဳံးယန္ေျပာသည္။ "ငါ့ပါတနာကလည္း အႏုပညာေလာကထဲပဲ။ နာမည္က ယြမ္ေရြ႕"

ဝမ္ေခ်ာင္လည္း ထိုနာမည္ကို တစ္ခါမွမၾကားဖူးတာမို႔ သိပ္နာမည္မႀကီးသည့္အပိုင္းကျဖစ္မည္ဟု ေတြးထားရင္းေျပာလိုက္သည္။ "အဆိုေတာ္လား၊ သ႐ုပ္ေဆာင္လား။"

က်န့္က်ဳံးယန္ ေျပာလာသည္။ "အရင္က tv series ေတြမွာ သ႐ုပ္ေဆာင္ဖူးတယ္။ အခုေတာ့ reality show ေတြမွာ ဝင္ပါေနတယ္တဲ့။ သိပ္မၾကာခင္ နာမည္ႀကီးလာေတာ့မွာ။"

ခင္ဗ်ား နာမည္ႀကီးေတာ့မွာလို႔ ေျပာတိုင္း နာမည္ႀကီးလာမွာတဲ့လား။ ဝမ္ေခ်ာင္တစ္ေယာက္ ေခါင္းမွေရခဲေရေလာင္းခ်ခ်င္စိတ္ကို သည္းခံၿမိဳသိမ္ထားရင္း ျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ့္ပါတနာက ကၽြန္ေတာ့္အဖြဲ႕ဝင္။ သူက နာမည္ႀကီးၿပီးသား၊ ကၽြန္ေတာ္တို႔ထဲ နာမည္အႀကီးဆုံး။"

ဘယ္သူက မင္းအဖြဲ႕ဝင္အေၾကာင္း ဂ႐ုစိုက္ေနလို႔လဲ? က်န့္က်ဳံးယန္လည္း စိတ္မပါတပါခ်ီးက်ဴးေပးလိုက္သည္။ "မိုက္တယ္ကြာ။ ငါ့ပါတနာကလည္း အရင္က ေမာ္ဒယ္လုပ္ဖူးတယ္။ ႐ုပ္ကလည္းေခ်ာ၊ ခႏၶာကိုယ္ကလည္းလွ။"

ဘယ္သူကေရာ မင္းရည္းစားခႏၶာကိုယ္ ဂ႐ုစိုက္ေနလဲ? ဝမ္ေခ်ာင္ျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ့္ပါတနာက အသက္ ၁၂ ႏွစ္အရြယ္ကတည္းက အကေလ့က်င့္ခဲ့တာ။ သူက ခါးသြယ္သြယ္ေလး၊ ေျခတံရွည္ရွည္နဲ႔ တင္လုံးလုံးေလး။ အရမ္းဆက္စီဆန္တယ္။"

သူတို႔ႏွစ္ေယာက္လုံး ဖုန္းကိုယ္စီထုတ္၍ တစ္ေယာက္ရည္းစားပုံတစ္ေယာက္ ျပၾကေတာ့သည္။

က်န့္က်ဳံးယန္လည္း သူက အႀကီးျဖစ္တာမို႔ အေလ်ာ့ေပးသင့္ပါတယ္ေလဟု ေတြးရင္း ျပန္ေျပာေပးလိုက္သည္။ "အေတာ္ေလးေခ်ာသားပဲကြ။"

ဝမ္ေခ်ာင္ အရမ္းဂုဏ္ယူသြားေတာ့သည္။

က်န့္က်ဳံးယန္အေနႏွင့္ တစ္ဖက္မွ ျပန္ခ်ီးက်ဴးလာေပးဖို႔ကို ေမၽွာ္လင့္ထားေပမယ့္ ထိုေကာင္ေလးက သူ႔အတြက္သူပဲ ဂ႐ုစိုက္ေနတာမို႔ ခ်က္ခ်င္းမေက်မနပ္ျဖစ္သြားၿပီး ျပန္စကားနာထိုးေတာ့သည္။ "ၾကည့္လိုက္တာနဲ႔ သူက အားကစားအရမ္းလုပ္မွန္း သိသာတယ္။ မင္းကလည္း သုံးစကၠန့္အစ္ကိုႀကီးလို႔ နာမည္ေက်ာ္ေနတာ။ သူ မင္းနဲ႔ပတ္သတ္ၿပီး မေက်မနပ္မျဖစ္ဘူးလား။"

ဝမ္ေခ်ာင္ : "..."

ဘယ္သူက သုံးစကၠန့္အစ္ကိုႀကီး?? နာမည္ေက်ာ္တာ??

.. ေနပါဦး၊ သူ တစ္ခုခုအထင္လြဲသြားတာလား။

သူ ျပဳံးၿဖီးၿဖီးႏွင့္ ျပန္ရွင္းျပျခင္းမရွိ၊ အေပၚထပ္ကလူလို ဟန္ေဆာင္ေနလိုက္ေတာ့သည္။

အရက္ေသာက္လို႔ဝ၊ ယွဥ္လို႔ဝသြားသည္ႏွင့္ ညလည္းနက္ေနၿပီမို႔ အခ်င္းခ်င္းႏွုတ္ဆက္ရင္း အိမ္ျပန္လိုက္ၾကသည္။

ဝမ္ေခ်ာင့္မိဘမ်ားလည္း အေရွ႕ေျမာက္ပိုင္းကို ျပန္သြားၿပီျဖစ္တာေၾကာင့္ သူ အိမ္တြင္ သြားမေနေတာ့ဘဲ သူ႔တိုက္ခန္းကိုသာ ျပန္လာခဲ့လိုက္သည္။

ေသာ့ဆြဲထုတ္၍ တံခါးဖြင့္ၿပီး အထဲဝင္သြားလိုက္ရာ တစ္အိမ္လုံး ထိန္ထိန္လင္းေန၏။

ရွဲ႕က်ဴရွင္းက ဧည့္ခန္းအလယ္တြင္ မတ္တပ္ရပ္ေနၿပီး မၾကည္မသာမ်က္ႏွာျဖင့္ ေမးလာသည္။ "မင္း ဘယ္သူနဲ႔ ဒီအခ်ိန္အထိ အဲ့ေလာက္ႀကီးသြားေသာက္ထားတာလဲ။"

ဝမ္ေခ်ာင္မွာ အရမ္းစိတ္ရွုပ္ေထြးသြားၿပီး အလ်င္စလို သူ႔ပါးသူရိုက္ၾကည့္ေပမယ့္ နာက်င္မွုကို မခံစားေနရ။ 'အာ၊ ဒါက အိပ္မက္ပဲ။ ေရွာင္ရွဲ႕က သာ့လီမွာေလ။ ဘယ္လိုလုပ္ အိမ္ေရာက္ေနမွာလဲ။'

သူ ႏွစ္ႀကိမ္မၽွ ခပ္အက္အက္ရယ္ရင္း ဘာသိဘာသာျပန္ေျဖလိုက္သည္။ "ေဂးတစ္ေယာက္နဲ႔။ သူက ဒီပါ့ပါးကို သုံးစကၠန့္အစ္ကိုႀကီးတဲ့ေလ။"

ရွဲ႕က်ဴရွင္း မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။

ဝမ္ေခ်ာင္ကေတာ့ အိပ္မက္မက္ေနသည္ဟု ခံစားေနရေသးတာမို႔ ညစ္တစ္တစ္အမူအရာျဖင့္ အနားတိုးသြားေလသည္။ "မင္းေဒါသထြက္ေနလား။ ဒီပါ့ပါးဖင္ကို ထပ္ရိုက္ခ်င္ေနျပန္ၿပီလား။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ သူ႔ခါးပတ္ႀကိဳးကိုျဖည္ခ်ၿပီး ေဘာင္းဘီက ေပါင္အနားထိ ေလ်ာ့တိေလ်ာ့ရဲေလၽွာက်သြားသည္ႏွင့္ တစ္ဖက္လွည့္ၿပီး သေဘာထားႀကီးႀကီးေျပာလာသည္။ "လာရိုက္"

ရွဲ႕က်ဴရွင္းလည္း တကယ္ထရိုက္ခ်င္စိတ္မ်ားေပၚလာေတာ့သည္။

ဝမ္ေခ်ာင္ ႐ုတ္တရက္ေမးလာ၏။ "သာ့လိမွာ မင္းဘယ္လိုေနလဲ။"

ရွဲ႕က်ဴရွင္း တန့္သြားေတာ့သည္။

ဝမ္ေခ်ာင္ ေက်ာေပးထားလ်က္ ဆက္ေျပာေနသည္။ "ငါ ဒုတိယ album အတြက္ ကကြက္ေတြ ေလ့က်င့္ၿပီးသြားၿပီ။ ကကြက္ထြင္တဲ့ဆရာကေတာင္ ငါ ကတာေတာ္တယ္လို႔ေျပာတယ္။"

"ငါ မင္းပို႔ေပးလာသမၽွအကုန္လုံး ငါ့အေမကို ေပးလိုက္တယ္။ ငါ ပန္းမုန့္ေသးေသးေလးပဲ ျမည္းၾကည့္ၾကည့္တာ၊ မဆိုးပါဘူး။"

"မင္း လက္ေရးက တကယ္လွတယ္။ ငါ့ထက္ကို အမ်ားႀကီးလွတယ္။"

"မင္းကလည္း အိမ္မွာမရွိဘူး၊ ဘယ္သူမွလည္း ငါနဲ႔မေပ်ာ္ပါးေပးခ်င္ဘူး။ သူတို႔အကုန္ အလုပ္ရွုပ္ေနၾကတာ။"

"ဒီေန႔ ငါနဲ႔အတူေသာက္ခဲ့တဲ့လူကလည္း တစ္ညလုံး သူ႔ရည္းစားအေၾကာင္းေတြခ်ည္း ငါ့ကို ထိုင္ႂကြားေနတယ္။"

"မင္းေရာ ငါ့ကို သူမ်ားေတြေရွ႕ ထုတ္ႂကြားဖူးလား။"

"မႂကြားဖူးဘူးမလား။ ငါ့မွာလည္း ထုတ္ႂကြားျပစရာဆိုၿပီးရွိမေနပါဘူး။ ငါ ထမင္းေတာင္ မခ်က္တတ္တာ။"

"ရွဲ႕က်ဴရွင္း"

"ငါ မင္းကိုလြမ္းတယ္။"

သူ ႏွာရွုံ႔ရင္း အကၤ်ီအစြန္းစျဖင့္ သူ႔မ်က္လုံးကို ခပ္ၾကမ္းၾကမ္းပြတ္ပစ္ေတာ့သည္။

ရွဲ႕က်ဴရွင္း သူ႔ပခုံးေပၚလက္တင္ရင္း ႏူးႏူးညံ့ညံ့ျပန္ေျပာလိုက္သည္။ "ငါလည္း မင္းကို လြမ္းေနတာ။"

ဝမ္ေခ်ာင္ : "..."

သူ အိပ္မက္မက္ေနရာမွ နိုးလာသူတစ္ေယာက္လို အေနာက္ကို ေခါင္းျပန္လွည့္လာၿပီး သူ႔မ်က္လုံးမ်ားကလည္း အစုံလိုက္ ကၽြတ္က်ေတာ့မည့္အလား။

သူ ႐ူးသြားတာလား။ ေဘာင္းဘီက တစ္ဝက္ကၽြတ္ေနတဲ့အေနအထားနဲ႔ သူဘာေတြေလၽွာက္ေျပာေနမိတာလဲ!!?

KittyKitling

T/N : မေတြ႕ရတာအရမ္းၾကာၿပီေနာ္ ><

Continue Reading

You'll Also Like

209K 19.2K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
258K 9.1K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
1.6M 290K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
2.8M 394K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...