(60.2)
ချီဟန်က အဲ့အကြောင်းကို အမှန်တကယ် ဂရုမစိုက်ပေ။ သူက ပင်းကို ဒါကြောင့် ရှက်သွားစေချင်ယုံပါ။ သူက မေးစေ့ကို မြင့်ကာ မျက်ခုံးကို ပင့်လိုက် ပြီးတော့ ပင်းကို ကြည့်လိုက်တယ်။ ကြည့်ရတာတော့ သူက အခုပြောလိုက်တဲ့ စကားကြောင့် ဘယ်လိုမျိူး ထင်မြင်သွားသလဲ ဆိုတာ ကို ပြသ နေဟန် ပါပဲ။
ပင်း က အချိန်အတော်ကြာကြီး ရပ်သွားပေမယ့် သူက ထပ်ပြီးတော့ မပြောတော့ပဲ နောက်ဝါကျ ကို မြိုချ လိုက်လေတယ်။
'' ဂျင်ဆင်းတွေက ထပ်တူးလို့ ရပါတယ်။ သူတို့က တောင်ပေါ်မှာ အများကြီး ကျန်နေသေးတာကို ''
လေထုက ကို့ယို့ကားယား ဖြစ်သွားပြီးတော့ အပြစ်ရှိစိတ်အနည်းငယ် တိုးလာခဲ့လေတယ်။
'' လက်ကောက် ကလည်း ထပ်ပြီးတော့ လဲလို့ရနေတာပဲ။ ငါတို့ ဒီတစ်ခါ သွားမယ်ဆိုရင် ဆေးပင်တွေ ပိုယူ သွားရမယ်။ အဲ့ပင်လယ်ထဲမှာ ကလေးတွေလည်း ရှိသေးတယ်။ပြီးတော့ မျိုးနွယ်စု စုန်းမ ကလည်း အိုနေပြီ။ ငါခန့်မှန်းရသလောက်တော့ သူမရဲ့ အခန်းထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ကျန်သေးလောက်တယ်။ မင်း သဘောမပေါက်ဘူးလား။ မင်း လဲ ပြီးပြန်ယူလာတဲ့ လက်ကောက်တွေ ဆိုတာ က အရှားပါးဆုံး ပစ္စည်း မဟုတ်ဘူး ။ ငါကြားဘူး တာက ပင်လယ်ထဲမှာ ညလင်းပုလဲ ဆိုတာ ရှိတယ်တဲ့။ အဲ့တာတွေက ညအမှောင်ထဲမှာ တောင်မှ တောက် ပနေတာတဲ့လေ။ မင်းနဲ့ ယန်မင်းတို့ရဲ့ အနာဂတ်ကို တွေးကြည့်စမ်းပါ။.....မင်းတို့ရဲ့ အိမ်မှာ ညကြရင် တောက်ပနေတာ မျိုးကို မကြိုက်ကြဘူး တဲ့လား?''
ပင်း က အဲ့အကြောင်း ကိုတစ်ခဏ တွေးကာ မျက်လုံးကို ဘယ်ဘက်နဲ့ ညာဘက်ဆီကို ခိုးကြည့်လိုက်လေတယ်။ ယန်မင်းက ဘယ်နေရာမှာလဲ ဆိုတာ ရှာနေတာ ပဲ ဖြစ်တယ်။
'' ယန်မင်းက အဲ့တာတွေကို ထုတ်ယူပြီးတော့ မယ်ဂျစ်စတစ်ကို ပေးဖို့ ငါ ဖျောင့်ဖျ ကြည့်လိုက်မယ် ''
'' ဒါက အမှန်ပဲ။ ကျဲ က သူ့ကိုယ်သူ အမြဲသိမ်ငယ်နေပြီးတော့ သူ့ကိုယ်သူလည်း ယုံကြည်မှု မရှိဘူး။ တကယ်လို့ ငါသာ သူ့ကို မျိူးနွယ်စု အပ်ခဲ့မယ်ဆိုရင် ငါတို့ နောက်ပိုင်း မှာ သားရဲလူသား တွေကို ချုပ်ကိုင် ထားလို့ ရတော့မှာ မဟုတ်ဘူး ။ အပြင်ထွက် တာကလည်း မလွယ်ကူပါဘူးလေ! ဒီမျိုးနွယ်စုက ငါ့မျိုးနွယ်စု မဟုတ်ဘူး။ ဒါက တုံ ပိုင်တာ။ ပြီးတော့ မူရင်း ကျားဖြူ က လူတွေ က ဒီထဲမှာ အများကြီး ရှိနေသေးတယ်။ လုံလုံ ခြုံခြုံနဲ့ မျိူးနွယ်စုကို ကာကွယ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဒါက ငါတို့ရဲ့ မျိုးနွယ်စုပါ။ ငါတို့မှာလည်း ခွန်အားတစ်ချို့ဆီ ရှိကြတာ ပဲလေ။ ဟုတ်တယ် မလား? ''
'' ဟုတ်တာပေါ့။ ဟုတ်ပါတယ်။ အဲ့လက်ကောက် နှစ်ခုနဲ့ အရာရာတိုင်းကို ထိန်းချုပ်ထား လို့ရသွားတာပေါ့။ မင်းဆီကို ရအောင် ယူလာခဲ့မယ် လို့ ငါကတိ ပေးပါတယ်ကွာ။ ဒါနဲ့ မင်းပြောတဲ့ ယွဲ့မင်ကျူး ( ညလင်း ပုလဲ) က တကယ်ရှိတာလား? ''
'' သေချာတာပေါ့။ အဲ့တာက တကယ်ရှိတယ်။ အဲ့တာက ပင်လယ်လူသားတွေရဲ့ ရတနာ တစ်မျိူးပဲ။ သူက မင်းကို သေချာပေါက် ပြလိုက်မှာ မဟုတ်ဘူး။ ''
'' ဒါဆို ငါတို့က သူတို့နဲ့ လဲလှယ်ဖို့ အအေးဆေးပင် တစ်ချို့နဲ့ ဂျင်ဆင်း တွေ ယူသွားရမှာ ပေါ့နော် ''
'' မင်း အများကြီး ယူလို့ မရဘူး။ အများကြီး ယူသွားလေလေ တန်ဖိုးက ကျသွားလေလေ ပဲ။ အဲ့တာ တွေက မှော်ဆေးဝါးတွေလေ ပြီးတော့ ဂျင်ဆင်း ကလည်း အတူတူ ပဲ။ အဲ့တာက ဘဝတစ်လျောက်ကို ကုသ ပေးနိုင်တဲ့ မှော်ဆေးဝါးလေ။ ပစ္စည်းတွေက မလုံလောက်ဘူး။ ပြီးတော့ အဲ့တာတွေရဲ့ အရေအတွက် က နည်းပါးတယ် ဆိုတာကို သူတို့သိအောင် ငါတို့က ပြသရမယ်။ ပြီးတော့ ငါတို့က တစ်နှစ်ပတ်လုံး မရနိုင်ဘူး။ အဲ့တာတွေက အဖိုးတန် တယ်။ မင်းနားလည်ရဲ့လား? ''
ပင်းကို ကြည့်ရတာ နားလည်သလိုလိုနဲ့ နားမလည်ပေ။ အဲ့တာက ကိစ္စတစ်ခု သာ ဖြစ်ခဲ့မယ်ဆိုရင်.... သူက ချီဟန် ကို ပြန်ကြည့်ပြီး သူ့ကိုယ်သူ တွေးလိုက် တယ်။ အဲ့တာက လိမ်လည်လှည့်ဖျား နေတာပဲ မဟုတ်လား။
သားရဲလူသား တွေက ဖြောင့်မတ် ကြတယ်။ သူတို့ရဲ့ အတွေးတွေက သူတို့မျက်နှာ မှာ ပေါ်နေတော့ ချီဟန် က အကြိမ်ရေ အနည်းငယ်လောက် ရယ်လိုက်လေတယ်။ လှည့်ပြီးတော့ ထွက်သွားကာ လက်ကောက်တွေ ရဖို့အတွက် သူ့ကို ထားခဲ့လိုက်လေတယ်။
ပြီးတာနဲ့ ချီဟန်က မယ်ဂျစ်စတစ်ကို အဲ့တာတွေ ပေးပြီးတော့ လန် ကို လွဲခဲ့မယ့် ကိစ္စကို ဖျောင့်ဖျခိုင်းမှာပဲ ဖြစ်တယ်။ အဲ့တာက ပိုပြီးတော့ မလွယ်ကူ သွားပေဘူးလား။ ပြီးတော့ သူမကို ဒီလို ပြောလိုက်ရင် ရတာပဲလေ။
လန်က အခုမှ တောင်ပံ က ပြန်ကောင်းကာစ မလို့ ခရီးဝေး ဆီ ပျံသန်းလို့ မရသေးပါဘူး လို့လေ။
မယ်ဂျစ်စတစ်ရဲ့ ဖျောင့်ဖျ မှုနဲ့ အတူ ကိစ္စတွေက မမျှော်လင့်စွာနဲ့ ပဲ အဆင်ပြေ ချောမွေ့သွားတော့တယ်။ သေချာတာပေါ့ မယ်ဂျစ်စတစ် က လန် ရဲ့ကိုယ်ကို အဓိက စိတ်ပူတာပေါ့။
ချီဟန် က သားရဲလူသားတွေကို အရိုးခွဲစိတ်မှုတွေ အကြိမ်ပေါင်း များစွာ လုပ်ပေးခဲ့တဲ့ သူ ဖြစ်တဲ့ အတွက် သာမန်သားရဲလူသားတွေဆို အရိုးတွေက တစ်လ အတွင်း ကောင်းကောင်း ပြန်သက်သာ လာတယ် ဆိုတာကို သူ့နှလုံးသား ထဲမှာ သိပြီးသားပဲ ဖြစ်လေတယ်။
ဒါပေမယ့် လန် ရဲ့ အရိုးက တောင်ပံ ရိုး ဖြစ်ပြီးတော့ ခြေထောက်ရိုးနဲ့ မတူပါချေ။ အဲ့အရိုးက ကောင်းစွာ ပြန်ကြီးထွားဖို့ဆိုရင် အနည်းဆုံး ငါးလ လောက် လိုအပ်သင့်တယ်။ ဒီအချိန်မှာတော့ သူတို့ဟာ မျိူးနွယ်စု စုန်းမ ဆိုတဲ့ နာမည် နဲ့ ကျိန်ဆို ပြခဲ့ပေမယ့် ချီဟန် က မျက်နှာ မနီလာသလို နှလုံး ခုန်သံ ကလည်း မမြန်လာခဲ့ပေ။ ချီဟန်က ခံစားချက်တွေ အပြည့်နဲ့ သက်ပြင်း ချ ပြလိုက်တယ်။
သူ့ရဲ့ မျက်နှာက အချိန်တို အတွင်းမှာ အတော်လေး အရေထူလာပါပေါ့လား။
အဟွတ် အဟွတ်.... ။
သူက အပြင်ထွက် နေတုံး မျိူးနွယ်စု ကို စိတ်ချရတဲ့ သူလက်ထဲပဲ အပ်ခဲ့ ချင်ယုံပါ။ မဟုတ်လို့ကတော့ သူစိုးရိမ် စိတ်ပူနေရမှာ။
ပင်းကလည်း စိတ်သက်သာရာ ရစွာ သက်ပြင်းချ လိုက်မိတယ်။ အဲ့ လက်ကောက် နှစ်ကွင်း က ဘာမှ မဟုတ်တဲ့ အရာအတွက် အလကား ပေးလိုက်ရတာ မှ မဟုတ်ပဲလေ။ ယန်မင်းကသာ အနည်းငယ် စိတ်ထဲ နေလို့ မကောင်းတာပဲ ဖြစ်တယ်။
နှစ်တွေ အများကြီး ကြာသွားတော့မှ အဲ့ရတနာတွေက ပထမဆုံး သူမ လက်ဆောင် ရတာလေ။ ပြီးတော့ သူမက အဲ့တာတွေကို တကယ်ကြိုက်တယ်။
ကမ်းခြေကို အမြန်ရောက်ဖို့ရာ အတွက် ပင်းက သူ့ရဲ့ လူသား ပုံစံနဲ့ပဲ နေလေတယ်။ ကမ်းခြေကို ဘယ်တော့မှ မသွားရသေးတဲ့ လင်းယုန်လူသား တစ်ချို့က သူတို့ရဲ့ နောက်ကျောပေါ်မှာ ချီဟန်၊ ချန်းရှီး ၊ တုံ ၊ ပင်း နဲ့ ယန်မင်း တို့ကို သယ်ကာ ကမ်းခြေဆီကို မြေပုံအတိုင်း ပျံသန်း သွားကြလေတယ်။
ကျင်းက ဦးဆောင်ပြီး ပို့ခဲ့ပေမယ့် လူတိုင်းက လည်း ကမ်းခြေဆီ သွားဘူးချင်တယ် ပြောတာ ကြား လာတော့ ပင်းက မြေပုံတစ်ခုကို ဆွဲခဲ့တာ ပဲ ဖြစ်တယ်။ သူက အဖော်အနေနဲ့ လိုက်ပါလာပြီး ပင်လယ်မျိူးနွယ်ရဲ့ ကတိစကားအကြောင်း ကို လိုက်မေးလိုခဲ့တယ်။
ပြီးတော့ ကျင်း က ကမ်းခြေ ကို အကြိမ်ပေါင်း များစွာ ရောက်ဘူးတာကြောင့် မသွားချင်တော့ပေ။ တစ်ကြိမ်လောက် သွားရတာ ကိုက သူ့အတွက် အရမ်း ပင်ပန်းတယ်။
အမြင့်တစ်နေရာ ကနေ ပျံသန်းရတာကြောင့် အရမ်းကို အေး လေတယ်။ ချီဟန် က ချန်းရှီးလေးကို သားရေစ ထူထူ နဲ့ သေချာပတ်ထားရလေတယ် ။ ချန်းရှီးလေး က ပတ်ထားတာကို သဘောမကျပေ။ သူမရဲ့ မျက်နှာလေးကို အမြဲတမ်း ဖော်ချင်နေခဲ့တယ်။ ချီဟန်နဲ့ တုံ က ချန်းရှီးလေးကို တစ်လှည့်ဆီ ပွေ့ကြပေမယ့် အဆင်မပြေပေ။ ဘာလို့လဲ ဆိုတော့ ချန်ရှီးလေး က မျက်နှာလေး ဖော်လိုက်တာနဲ့ သူမကိုယ်ထဲကို လေအေးတွေ ဝင်လာတော့တာ ကြောင့်ပဲ ဖြစ်တယ်။
ကလေးလေး က သူ့ရဲ့ အခြေအနေကို လုံးဝနား မလည်ပေ။ သူမက အဲ့လို မျိုး အများကြီး မကစား ရပေမယ့် သူမက အတော်လေး ပျော်နေတာကြောင့် လှုပ်ရွနေတဲ့ အခါ အောက်က လင်းယုန်ခမျာ တစ်ကယ် ခံစားရတော့တယ်။
လင်းယုန်ခမျာ သူ့အဖွဲ့ရဲ့ အရှိန်မြန်နှုန်းကို ညီမျှအောင် လိုက်ထိန်းပေမယ့် တစ်ခါတစ်လေ ဆိုရင် သူမထိန်းနိုင်တော့ပေ။ လမ်းမှာ အဖွဲ့နဲ့ ညီအောင်ထိန်း ရတာ က တကယ့်ကို မလွယ်ပါပေ။ ဒါကြောင့် တစ်ခဏလောက်နေရင် လင်းယုန် တိုင်းက ချီဟန်နဲ့ ချန်းရှီး တို့ကို ပြောင်းပြီးတော့ သယ်ရလေတယ်။
ဒီလိုနည်းနဲ့ပဲ ကမ်းခြေရောက်ဖ်ို့ တစ်ရက် ပိုကြာသွားတော့တယ်။ သူတို့ကမ်းခြေရောက်ပြီးတော့ နားတဲ့ ရက်မှာတင် သူတို့က ပင်လယ်လူသား စျေးနဲ့ ကြုံကြိုက် ပါတော့တယ်။ လူတိုင်းက စိတ်လှုပ်ရှား သွားပြီးတော့ စျေးကို ပဲ တစိုက်မတ်မတ် သွားကြတော့ တယ်။
ချန်ရှီးက ချီဟန်ရဲ့ လက်မောင်းတွေ ကြားထဲ မှာပဲ ရှိနေသေးတာကြောင့် တွုက အမြန်ပဲ ပွေ့ချီလိုက်တယ်။ ဒီကလေး က အရမ်းကို အဆော့သန်တယ်။ ချီဟန်မှာ အိပ်ယာဝင် တော့မယ် ဆိုရင် တုံကိုပဲ ကြည့်ခိုင်း ရလေတယ်။
ချီဟန်ကလည်း ချက်ချင်းပဲ ကလေးကို လွဲပေးလိုက်တယ်။ တစ်ချိန်လုံး ပွေ့ထား ရတာကြောင့် သူ့ရဲ့ လက်မောင်းတွေ က တကယ်ကြီး ထုံကျင်နေပါပြီ။
သူက လက်ကိုဆန့်ကာ ထုံနေတဲ့ လက်မောင်းကို ပွတ်ပြီးတော့ လူတိုင်းနဲ့ အတူတူ စုဝေးပွဲကို လမ်းလျောက် သွားတော့တယ်။ အဲ့စုဝေးနေရာ က အရမ်းကို သက်ဝင်လှုပ်ရှား နေပြီးတော့ အနီးနားက ကုန်းသားရဲလူသား တစ်ချို့ကိုပါ တွေ့ရလေတယ်။ ဒါကြောင့်လူအနည်း က စျေးထဲ လမ်းလျောက် ဝင်လာပေမယ့် ဘယ်သူကမှ အထူးတလည် အာရုံစိုက်မနေပါပေ။
'' မျိူးနွယ်စု ခေါင်းဆောင်နဲ့ စုန်းမ ကျွန်တော်တို့ မပြန်ခင် မို ကို အိမ်ဆီကို ခေါ်သွားချင်လို့ ''
ပိုင် က မို ကို ရပ်ခိုင်းကာ အရှေ့ကို တိုးလာပြီး ချီဟန် နဲ့ တုံ ကို ပြောလိုက်တယ်။
'' ကောင်းပြီ ''
'' ငါက ပင်လယ်မျိုးနွယ်စု စုန်းမနဲ့ သွားစရာ ရှိတယ် ၊ မင်းတို့ကတော့ စျေးပတ်ဝယ်ကြအုံးလေ။ ငါတော့ အဲ့ကို မပတ်တော့ဘူး ''
ပင်း က တုံနဲ့ ချီဟန်ကို ပြောလိုက်တယ်။
'' ကောင်းပြီ။ အာ..... ပင်း ပစ္စည်းတွေကို ဒီမှာထားခဲ့။ ငါက ပင်လယ်မျိူးနွယ်စု စုန်းမ ကို မတွေ့ရသေးခင် မင်း က ဘယ်တွေနဲ့ လဲလှယ်မှာကို ဆုံးဖြတ်လို့ မရဘူး ''
သူတို့ ထွက်မလာခင် အအေးဆေးပင် ၅ခုနဲ့ ဂျင်ဆင်း ၅ခု ယူခဲ့လေတယ်။ ပင်းက ကုန်သွယ်တဲ့ နေရာမှာ မတော်ဘူးလို့ ခံစားရတာကြောင့် ချီဟန်က သူ့ဘာသာ သူ တစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။
''ကောင်းပြီ ''
'' ဒါဆို ငါလည်း မျိုးနွယ်စု စုန်းမနဲ့ ခေါင်းဆောင်တို့နဲ့ အတူ လိုက်ပတ်လိုက် အုံးမယ်''
ယန်မင်းတစ်ယောက် နှစ်ဖက်စျေးတန်းက ဆိုင်တွေမှာ ပုလဲအခွံလိုမျိူး နူးညံ့တောက်ပတဲ့ အရာတွေ ကို တွေ့တော့ မျက်လုံး အကြည့် မလွဲနိုင်တော့ပေ။
'' ကောင်းပြီလေ။ ဒါဆို မင်းလည်း ခေါင်းဆောင်တို့နဲ့ အတူ ကောင်ကောင်း လည်ခဲ့နော် ''
'' အမ်း ''
( မိန်းမ ဆိုတာ ဒါပါပဲ ။ လန် နဲ့ ပင်းမှ သက်သေ ပြလျက် 🤣🤣)
.........................
အပြီးထိ တင်ပြီး သမျှ နှုတ်ပြီး (1900) ကျပ်ပါ။ လာဝင်လို့ ရတယ်နော်။ ဇာတ်သိမ်းထိ ရနေပါပြီ။