(58. 2)
ချီဟန်ရဲ့ ကိစ္စတွေကို ကိုင်တွယ်နည်း မှန်တဲ့ အပြင် ဂျင်ဆင်းစွပ်ပြုတ်ရဲ့ အကျိူးရလဒ် ကြောင့် မိုးရာသီ ၅လခွဲလောက် ကြာသွားတာ တောင်မှပဲ ချောင်ယွမ် မျိုးနွယ်ထဲက ဘယ်သားရဲလူသား ၊ အမျိုးသမီး ၊ သားရဲတစ်ဝက်တွေနဲ့ ကလေးတွေကရောဂါ ကူးဖြစ် ဖြစ်ပွားတာမျိုးတွေ ဖြစ်မလာခဲ့ပေ။
ထို ပုံမှန် မဟုတ်တဲ့ မိုးရာသီ ပြီးတဲ့နောက်မှာ ချောင်ယွမ် မျိူးနွယ် က လူဦးရေ ၃၀၀ အထိ တိုးလာပြီးတော့ ကလေးတွေကလည်း အယောက် ၆၀ ကျော်နေခဲ့တယ်။ ပြီးတော့ ချောင်ယွမ် မျိူးနွယ်စု က တိုက်ကွန်းခ် မြစ်အပေါ်ပိုင်းရဲ့ အင်အားကြီးတဲ့ မျိုးနွယ်စု တစ်ခု ဖြစ်လာခဲ့လေတယ်။
မိုးရာသီပြီးတဲ့နောက် ရက်သုံးဆယ် အတွင်းမှာ ချီဟန်က သားရေစ တွေကို အပြင်ထုတ်ပြီး အခြောက်ခံ ရင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ သူက နေကို ထပ်မမြင်ရမှာ ကြောက်ပြီး အဝတ်အထည်တွေလည်း မှိုတွေ ဆွဲမှာကို ကြောက်နေခဲ့တယ်လေ။
မိုးရွာပြီးတဲ့နောက် ကောင်းကင်ကြီးက ပြာလဲ့နေကာ တိမ်ကင်းစင်နေခဲ့တာ ကြောင့် မိုးရွာပြီးနောက် နေဟာ အရမ်းကို ပူလောင် မူးဝေ စေပါတယ်။ ဒါတောင်မှပဲ မြေကြီးက စိုထိုင်း နေဆဲပါပဲ။ ရွံထဲမှာ သွားပြီးတဲ့နောက် သူနဲ့ တုံ တို့ဆွေးနွေး ပြီးတော့ အုတ်ခဲလမ်းလေး ခင်းဖို့ လိုလာပြီလို့ ချီဟန် ခံစားမိလေတယ်။
ရုတ်တရက်ပဲ တစ်စုံတစ်ယောက် က အော်လာခဲ့တယ်။
'' မကောင်းတော့ဘူး။ မကောင်းတော့ဘူး။ မူမူ ရေထဲကို ပြုတ်ကျ သွားပြီ ''
မူမူ ဆိုတာ က ချီဟန် နဲ့ ပင်းတို့ အရမ်း နှစ်သက်တဲ့ သားရဲလူသားငယ် လေး ဖြစ်လေတယ်။ မျိုးနွယ်စု ထဲမှာလူတွေတိုးလာတာ နဲ့အမျှ မူမူ မှာလည်း ကစားဖော်တွေ တိုးလာခဲ့တယ်။ အဲ့နေ့တွေတုံး ကဆို မူမူ က တစ်ခြားကလေးတွေနဲ့ ပြေးလွှား ဆော့ကစား နေတာကို ချီဟန် ရံဖန်ရံခါ တွေ့ခဲ့ရတယ်။
ချီဟန်က လုပ်လက်စ အလုပ်ကို ပစ်ချကာ ပြေးလာတဲ့ ကလေးကို ကောက်ကိုင်လိုက်တယ်။
''မူမူ က ဘယ်မှာလဲ?မူမူ က ဘယ်မှာလဲ? သူက ဘယ်နေရာမှာ ပြုတ်ကျ သွားတာလဲ? ''
'' ရေထဲကို ကျသွားတာ။ အဲ့နားမှာ ရှိတဲ့ ရေထဲကို ကျသွားတာ''
သားရဲလူသားငယ်လေး က အကြောက်အလန့်နဲ့ မျိုးနွယ်စု ဘေးက ရေကန်ကို ညွှန်ပြကာ ပြောတဲ့ အချိန်မှ ချီဟန် စိတ်သက်သာရာ ရစွာ သက်ပြင်း ချမိလေတယ်။
သားရဲလူသား အများစု က ငယ်ငယ်လေး ကတည်း က ရေနဲ့ မထိတွေ့ ဘူးတာကြောင့်ဘယ်လို ရေကူးရမလဲ ဆိုတာ ကို မသိပေ။ ချီဟန်က နှလုံးတစ်ခြမ်း မာတဲ့ သူပဲ ဖြစ်တယ်။
တုံက ချန်ရှီးကို ပွေ့ကာ အိမ်ထဲမှာ ထိုင်ပြီး ကစားပေးနေချိန်မှာပဲ အပြင်ဘက် က သူတို့ရဲ့ စကား သံတွေကို ကြားတော့ ထွက်လာခဲ့တယ်။ သူ့ကို ချီဟန် ကလည်း လွှတ်ပေးလိုက်ရော သူက ရေကန်နား ပြေးကာ အဲ့အကြောင်း တွေးကြည့် မိလေတယ်။
ဘယ်လောက်တောင် အန္တရာယ် များလိုက်သလဲ!
တုံ က အဲ့ကလေး နောက်ကို အမြန်လိုက်ပြေး လာကာ လေချွန်သံ မှုတ်လိုက်ပြီးတော့ နားလည်တဲ့ လင်းယုန်သားရဲတွေ က အပြေးလာကြလေတယ်။
တုံ က တစ်ခဏ ထိတ်လန့်သွားကာ ဖိလိုက် မိတော့ သူ့လက်မောင်းထဲက ချန်းရှီးလေးကို ကြောက်လန့် စေမိတာကြောင့် ငိုလာလေတယ်။ သူ့လက်ထဲက ကလေးငိုလာတာကြောင့် တုံ ခမျာချော့ မော့နေရပေမယ့် ချီဟန်က ရေကန်နား ပြေးသွားဖို့ လုပ်နေတာကို တွေ့တော့ လှမ်းဆွဲလိုက်လေတယ်။
'' မင်း ဘယ်ကို သွားမလို့လဲ?''
'' ငါက မူမူကို သွားကယ် မလို့လေ ''
''သူ့ကို ကယ်လို့ မရတော့ဘူး။ သူက ရေထဲကို ပြုတ်ကျ သွားတာ ''
ရေထဲကို ကျသွားတယ် ဆိုတာက သေတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ ။ တုံ က ချီဟန်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ မလွှတ်ပေးခဲ့ပေ။ သူက ဘာမဆို လုပ်ရဲပါတယ်။ ဒါပေမယ့် ချီဟန်ကို ဆုံးရှူံးရမယ့် ဒီကိစ္စကိုတော့ သူက ဘယ်လို စိတ်မျိူးနဲ့မှ လုပ်ခွင့်ပေး မှာ မဟုတ်လေဘူး။
ချီဟန်က အနည်းငယ် ရုန်းကြည့်ပေမယ့် သူက လှုပ်မရပေ။ တကယ်လို့ သူမသွား ရင် မူမူ တကယ်သေ သွားလိမ့်မယ်။
'' ငါက ရေကူးနိုင်တယ်။ ငါက ရေထဲမှာ ရေကူး နိုင်တယ်လို့ ''
တုံ က ရေကူး နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို အတော်လေး နားမလည် ပါပေ။ ချီဟန် က အဲ့ကလေးကို သွားကယ်မယ်ဆိုတာ တုံ သိလေတယ်။ ဒါပေမယ့် ချီဟန်ကို အဲ့လို ကိစ္စမျိူး ကို ဝင်ပါ မနေစေချင်ပေ။
'' အား အဲ့နေရာမှာ မိကျောင်းတွေလည်း ရှိနေသေးတယ် ''
သားရဲလူသားငယ်လေး က အော်လိုက်လေတယ်။
တုံနဲ့ ချီဟန် တို့က ထိုသားရဲလူသား ငယ်လေး ရဲ့ ညွှန်ပြနေတဲ့ နေရာကို အတူတူ ကြည့်လိုက်လေတယ်။ ပြီးတော့ ကန်ရဲ့ ဘေးနေရာကို မိကျောင်းပေါက်လေး တစ်ကောင် က တရွေ့ရွေ့နဲ့ တွယ်တက်လာတာ ကို တွေ့လိုက်ရလေတယ်။ ချီဟန်က ရုန်းကန်နေရာ ကနေ တန့်သွားကာ နှလုံးသား တွေ အေးခဲသွားလေတယ်။
လုံးဝ ကို ပြီးသွားပြီပဲ!
'' ခေါင်းဆောင် ၊ မျိူးနွယ်စု စုန်းမ ၊ ငါအဲ့နားကို ပျံသန်းသွားပြီးတော့ သူ့ကို ဆယ်ကြည့်လိုက်မယ် ''
မိုနဲ့ တစ်ခြား လင်းယုန်လူသား တွေက ကန်ရဲ့ အစပ်နားကို ပျံသန်း သွားကြလေတယ်။
မို က အဲ့နေရာကို စေတနာဝန်ထမ်း အနေနဲ့ ပျံသန်း သွားတဲ့ အခါ မသိလိုက်ချိန်မှာပဲ အဲ့နေရာမှာ နောက်ထပ် မိကျောင်းတစ်ကောင် ရောက်နေတာ ကို တွေ့လိုက်ရတယ်။ အဲ့တာ က ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက် ပြီးတော့ ရေပေါ်ကို ခုန်တက်လိုက်တယ်။
'' အားးးးးးး ''
ချီဟန်ရဲ့ဘေးမှာ ရပ်နေတဲ့ ပင်း က အော်လိုက်တာ ကြောင့် သူ့ရဲ့နားစည်တွေ ကန်းလုမတက် ဖြစ်သွားကာ လူတွေ ကလည်း စက္ကန့် အနည်းငယ်လောက် မူးဝေ သွားကြလေတယ်။
ချီဟန် ပြန်အသိ ရလာတဲ့ အခါ ပိုင် က ကန်ရဲ့ အလယ်မှာ ရေကူးနေပြီပဲ ဖြစ်လေတယ်။ သူ့ရဲ့ ကြီးမားလှတဲ့ အပြာရောင် ငါးမြီးကြီး က နေရောင်အောက် မှာ တောက်ပ နေပြီးတော့ သူ့ရဲ့ လက်တွေကလည်း မှိန်းအသွင် ကွေးကောက်သွားလေတယ်။ မိကျောင်း နှစ်ကောင်ကို လက်တစ်ဖက်ထည်း နဲ့တင် ကန်ပြင်ကို ပစ်ရိုက်ထုတ်လိုက်တယ်။ မိကျောင်းတစ်ကောင် ဆိုရင် အဓိက နေရာကို ရိုက်ခြင်း ခံရတာကြောင့် ပစ်ထုတ် ခံရ အပြီးမှာပဲ ကမ်းခြေမှာ အနည်းငယ်လောက် ရုန်းကန် နေရင်းနဲ့ မလှုပ်ရှားတော့ ပါပေ။
ပိုင် က နှစ်ယောက်လုံး ကို လက်တစ်ဖက်စီနဲ့ ကိုင်လာပြီးတော့ ကမ်းခြေပေါ်ကို ဆွဲတင်လာတယ်။ ပထမတော့ သူက မိုကို ကြည့်လိုက် ရတဲ့ အခါ မို က ချောင်းမဆိုးပေမယ့် တစ်ကိုယ်လုံး က ရေစိုနေတာ တွေ့တော့ ပိုင် အနည်းငယ် ရှက်သွားလေတယ်။
ပါးစပ်အပြည့် ရေအန်ထွက်လာပြီးနောက် အသက်ရှုမှု က အကြီးကြီး ရှုသွင်းလိုက်ပြီးတဲ့နောက် မူမူ ခမျာ အသက်ပြန်ရှင်လာလေတယ်။
ပိုင်ရဲ့ သားရဲပုံစံ က အတော့်ကို ကြီးမားလေတယ်။ ချီဟန် ကတော့ သူဟာ အရွယ်ရောက် မိကျောင်း တစ်ကောင်ထက်တောင် ရှည်မယ်လို့ ထင်ရတယ်။ သူက အနီးပိုကပ်ပြီး ကြည့်လိုက်တဲ့ အခါ ပိုင်ရဲ့ မျက်နှာပေါ်မှာ အကြေးခွံတွေ ကိုတောင် တွေ့လိုက်ရတယ်။ အဲ့တာက အခုလေးတင် ရေနဲ့ ထိတွေ့ထားတာ ကြောင့်ဖြစ်ရမယ် နေပူထဲမှာတော့ အရောင်တွေ တလက်လက် တောက်ပနေခဲ့တယ်။
လူတိုင်းက သူ့ရဲ့ စွမ်းအားကြောင့် ကြောင်အ သွားကြလေတယ်။ လူတိုင်းရဲ့ ကြောင်အ နေတဲ့ အမူအရာကို တွေ့တော့ ပိုင်က အနည်းငယ် ရှက်သွားလေတယ်။
''ငါ့အတွက်တော့ မင်းကို ကာကွယ်ပေး ရတာပိုကောင်းတယ်!''
အသံထဲမှာ အလိုလိုက်မှုတွေ ပါဝင်နေပေမယ့် အဲ့နေရာမှာ မေးခွန်းထုတ်ရဲ တဲ့သူတွေ မရှိပေ။ ပိုင်က လူပုံ ပြန်ပြောင်းကာ မိုကိုပွေ့လိုက် ပြီးတော့ အဝတ်အစား လဲဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြန်ခေါ်သွားလေတယ်။
ချီဟန်ရဲ့ နားထဲမှာတော့ ထိုစကားရဲ့ အဓိပ္ပါယ်က တစ်မျိူး တစ်မည် ဖြစ်လေတယ်။ သူပဲ အတွေးလွန် နေတာလားတော့ မသိပါချေ။ သားရဲလူသားထီးနဲ့ သားရဲလူသားထီး တို့က အဆင်ပြေ နိုင်ပါ့မလား?
သိသိသာသာကိုပဲ ဒီလိုမျိုးတွေးတာက ချီဟန် တစ်ယောက်ထဲ မဟုတ်ပေ။ အရွယ်ရောက် သားရဲလူသား တိုင်းက မိုကို ကြည့်နေကြလေတယ်။ လူတိုင်းကြောင့် မိုရဲ့ စိတ်တွေ ရှုပ်ထွေး သွားလေတယ်။
အဲ့တာ က ပိုင်ရဲ့ သားရဲ ပုံစံက အနည်းငယ်လေး ပဲ ပိုကြီးနေရုံ မဟုတ်လား ?
ဒါက အံ့သြစရာ ကောင်းနေလို့လား?
( ပိုင်က ကလေးမွေးလို့ ရတယ်နော်)
..........................