တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

325K 42K 686

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း ( 67. 1)
အပိုင်း (65. 2)
အပိုင်း (66.1)
အပိုင်း (66. 2)
အပိုင်း (67. 1)
အပိုင်း (67. 2)
အပိုင်း (68. 1)
အပိုင်း (68. 2)
အပိုင်း (69.1)
အပိုင်း(69.2)
အပိုင်း (70.1)
အပိုင်း (70. 2)
အပိုင်း (71. 1)
အပိုင်း (71. 2)
အပိုင်း (72. 1)
အပိုင်း (72. 2)
အပိုင်း (73.1)
အပိုင်း (73. 2)
အပိုင်း (74. 1)
အပိုင်း (74.2)
အပိုင်း (75. 1)

အပိုင်း (56. 1)

1.2K 188 0
By Kyiphyuswe

(56. 1)

ချီဟန် က ရစ်ငှက် တစ်ကောင်ကိုသာ မျိူးနွယ်စု ထဲမှာ ကင်လိုက်လေတယ်။ ပြီးတော့ ကြက်လှောင်အိမ်ထဲ မှာလည်း ရစ်ငှက် အနည်းငယ်ပဲ ရှိလေတယ်။ သူက အဲ့တာ ကို စားဖို့ အတော်လေး တွန့်ဆုတ်နေခဲ့တယ်။

မွေးပျံတဲ့ အရသာ ရှိမယ့် ရနံ့က မျိူးနွယ်စု တစ်ခုလုံးကို ပျံနှံ့သွားပြီးတဲ့နောက် သားရဲလူသား တိုင်းက သူတို့ရဲ့ တွဲဖက်တွေ နဲ့ညှိ နှိုင်းခဲ့ ကြလေတယ်။ နောက်တစ်နေ့မှာတော့ သူတို့က တောင်ပေါ်ကို ရစ်ငှက်ဖမ်း ထွက်သွား ကြတော့တယ်။

ရက်အနည်းငယ်လောက် အလုပ်လုပ်ပြီးတဲ့နောက် မျိုးနွယ်စုထဲက အိမ်တိုင်းနီးပါး ကြက်အိမ်တွေ ဆောက်ပြီးတော့ ရစ်ငှက်တွေ မွေးမြူ ကြတော့တယ်။ ကောင်းမွန်တဲ့ မွှေးပျံတဲ့ အစားအစာကို သူတို့က စားချင်တာ ဖြစ်တဲ့ အတွက်ကြောင့် ပထမ ဆုံးခြေလှမ်း အနေနဲ့ အဲ့တာတွေကို သားများများပေါက် လာဖို့က အမှန်တကယ်ကို လိုအပ်လေတယ်။

ချန်းရှီးလေး ကလည်း အဲ့တာ ကို အထူးသဖြင့် ကြိုက်ပါတယ်။ ဒါပေမယ့် ကြက်ဥ နို့ပေါင်း က လွဲလို့ ဒုတိယ နေရာမှာပဲ ထားလေတယ်။ အဲ့အချိန်ကစပြီးတော့ နေ့တိုင်း အစာကျွေးမယ့် ဇယားထဲမှာ ရစ်ငှက် ဟင်းက ပါဝင်လာခဲ့တယ်လေ။

ချီဟန် က သူမကို အသားစ ကျွေးလာကတည်း က သူမဟာ ခရမ်းရောင် အမြစ်တွေကို စတင်ပြီး ခုခံလာပါတော့တယ်။ ဒီကောင်မလေး က တကယ့်ကို အသားပဲ စားလိုတဲ့ သတ္တဝါ လေးပဲ။ တကယ်လို့ သူမသာ အသားချည်းပဲ စားနေမယ် ဆိုရင် အစာခြေတဲ့ အခါ ခက်ခဲမှာကို ချီဟန်က စိုးရိမ်မိတယ်။ ဒါကြောင့် ခရမ်းရောင်အမြစ်ကို စားဖို့ တွန်းအားပေး ခံရတဲ့ အချိန်တိုင်းမှာ သူမလေးက စားရတဲ့ ခရမ်းရောင်အမြစ်အတုံးလေး တွေ အရေအတွက်အတိုင်း မျက်ရည် ပေါက်ပေါက် ကျပြီးမှ စား​လေ့ ရှိတယ်။

တုံ က အဲ့တာ ကို မြင်ရတာ ထပ်ပြီးတော့ သည်းမခံ နိုင်တော့ပေ။

'' ထားလိုက်ပါတော့။ သူမ မှ မကြိုက်တာ မကျွေးပါနဲ့။ ကျွန်တော် ငယ်ငယ်တုံး ကတောင်မှ အစာဘယ်လောက် ငတ်ပြတ်နေပါစေ ခရမ်းရောင် အမြစ်ကို မစားကို မစားချင်ခဲ့တာ ။ အခုချိန်မှာလည်း အစာက ပျက်မှ မပျက်တာ။ ဒါကြောင့် သူမ အသားစား ချင်တယ် ဆိုရင်လည်း အသားပဲ စားပါစေ ''

သားရဲလူသားတွေ ရဲ့ အစာ က အမြဲတမ်း တစ်သက်မတ် ထဲပဲ ဖြစ်လေတယ်။ သူတို့က အသားကို စားရတာသာ ပိုကြိုက်လေတယ်။ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ကသာ ခရမ်းရောင် အမြစ်တွေကိုပါ စားကြတာ ဖြစ်လေတယ်။

ပြီးတော့ အိမ်တစ်အိမ်ဆီ တိုင်းမှာ စိုက်ခင်း တစ်ခု စီ ရှိနေကြ ပြီလေ။ ဆောင်းရာသီ ရောက်တဲ့ အထိ ကိုစောင့်ဆိုင်း နေစရာ မလိုတော့ပေ။ အခုချိန်မှာ မိသားစု တိုင်း က ခရမ်းရောင် အမြစ်တွေကို စားနိုင်နေပြီ ပဲ ဖြစ်လေတယ်။ သူမလေး က အသားတွေ ပဲ စားမယ်ဆိုရင် အစာမချက်နိုင်မှာ စိုးတဲ့ အတွက်ကြောင့် ချီဟန် က တုံ့ဆိုင်း နေခဲ့တာ ပဲ ဖြစ်လေတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ လန် ရဲ့ အိမ် က အမျိူးသမီးလေး ဆိုရင် အသားစား ရတာ ကိုပိုကြိုက် ပြီးတော့ မယ်ဂျစ်စတစ် ဆိုရင် သူမလေး ကို ကြိုက်သမျှ လုပ်ခွင့် ပိုပေးထားလေတယ်။ ပြီးတော့ အဲ့ကလေးမလေး က မသက်မသာ ဖြစ်တာ ကို သူတစ်ခါမှ မမြင်ဘူးခဲ့ပေ။ ဒါကြောင့်အသား တွေ အများကြီး ပိုစားမိလည်း သိပ်တော့ ကိစ္စမရှိဘူး ထင်ပါရဲ့ ။

ဆယ်ရက်ကြာပြီးတဲ့နောက် မှာတော့ တောင်ဘက် ကို လဲလှယ်ရေး သွားတဲ့ လင်းယုန်သားရဲ လူသားတွေက ပြန်လာခဲ့တယ်။ ထိုခရီးက မို မျှော်လင့်ထားတာ ထက်နှစ်ရက် ပိုပြီး ကြာသွားခဲ့လေတယ်။

အဝေး ကတည်း က မျိုးနွယ်စု ကို လှမ်းပြီး သတိပေး အော်ပြောနေတာ ကို ကြားခဲ့ရလေတယ်။

''ခေါင်းဆောင် နဲ့ မျိူးနွယ်စု စုန်းမ ၊ ကျင်းနဲ့ သူတို့တွေ ပြန်လာကြပြီ! ''

ချီဟန် နဲ့ တုံ က အချင်းချင်း ကြည့်လိုက် ကြပြီးတော့ ခြေထောက်တွေကို ထုတ်ကာ မျိုးနွယ်စု ရဲ့ စုဝေးရပ် ဆီကို သွားလိုက်လေတယ်။

လင်းယုန်သားရဲ လူသားတိုင်းရဲ့ မျက်နှာမှာ အပြုံးတွေ ရှိနေပြီးတော့ သူတို့ရဲ့ နောက်ကျောမှာ သားရေစ အိတ်အကြီး​ကြီး အထုပ်တွေကို သယ်ထားလေတယ်။ ကုန်းမြေသားရဲလူသား ဖြစ်တဲ့ ပင်းကလည်း အနောက်မှာ မကျန်နေခဲ့ပေ။ သူ့နောက်ကျောက ကြိမ်ခြင်းထဲမှာ ပစ္စည်းတွေ အပြည့်ပါလေတယ်။

'' မျိုးနွယ်စု ခေါင်းဆောင်နဲ့ စုန်းမ ၊ ကျွန်တော် ဒီနေရာကို တစ်စုံတစ်ခု ယူလာခဲ့တာ။ အဲ့တာကို စိုက်ဖို့ အလျင်လိုနေတယ် ။ ဒါကြောင့် ငါ့ကို အရင်ဆုံး သွားခွင့်ပေးပါ ''

ပင်း က အရမ်းကို စိုးရိမ်နေလေတယ်။ ပြီးတော့ သူက အဲ့ပျိုးပင်ပေါက် လေးတွေကို အခုချက်ချင်း သွားမစိုက် ရရင် သူတို့တွေ အသက်မရှင်နိုင်မှာ ကို စိုးရိမ်ရလေတယ်။

'' ဟေး ၊ ဟေး ၊ ပင်း ငါ မှာလိုက်တဲ့ ဟာတွေ အဲ့ကနေ ရလာရဲ့လား? ''

'' ငါရှာတွေ့ခဲ့တယ်။ သူတို့က ငါ့ကို အများကြီး ပေးခဲ့တာ။ သူတို့ကို အဲ့နေရာမှာ စိုက်စရာ မလိုဘူးလေ။ အဲ့နေရာအနှံ့မှာ ပေါက်နေတာ ။ ငါ အများကြီး တူးလာခဲ့တယ်။ ''

အဲ့တာ က အရမ်းကောင်းတယ်။

ချီဟန်က သူ့စိတ်ထဲ မှာ လျှို့ဝှက်စွာ ပေါ့ပါးပျော်ရွှင် သွားလေတယ်။

အစားအစာရဲ့ အရသာ က ချဥ်ရမယ်၊ ချိုရမယ်၊ စပ်ရမယ် ၊ ခါး ရမယ်လေ။ အခုတော့ အစပ်ကို ရပြီ ဖြစ်တာ ကြောင့် အစားအစာကို အဆင့်မြှင့်တင်လို့ ရပြီပဲ ဖြစ်လေတယ်။

''ငါ က သူတို့ စိုက်ထားတာ တွေ အကုန်လုံး ကိုလည်း အများကြီး တူးလာသေးတာ။ အဲ့တာက ဘာကြီးလဲ ဆိုတာ ငါမသိဘူး ပြီးတော့ စားလို့ရလား လဲ မသိဘူး။ ဒါပေမယ့် မင်းကို ပြဖို့ ငါအများကြီး တူးယူလာတာ''

'' ကောင်းပြီ။ ငါ့ကို အဲ့တာတွေ ပေးလိုက်ပါ။ ငါ လယ်ကွင်းထဲကို အမြန်သွားပြီး အခုချက်ချင်း စိုက်လိုက်မယ် ''

ပင်း က တစ်ခဏတော့ တွေးပြီးတော့ အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ရာကို အမှတ်ရသွားလို့ သူက အဲ့တာ တွေကို ချက်ချင်း မထွက်သွား နိုင်ပေ။ သူက စကား အနည်းငယ်တော့ ပြောခဲ့လေတယ်။

'' ပင်လယ် လူသားတွေ ရဲ့ သက်တမ်း က ငါတို့ ကုန်းမြေ သားရဲလူသား တွေထက် ပိုပြီးတော့ ရှည်လျားတယ်။ ပင်လယ်လူသားတွေ ရဲ့ မျိူးနွယ်စု စုန်းမ က အသက် ၅၀၀ ကျော်ရှိနေပြီ။ ကံကောင်းစွာနဲ့ မင်းပေးလိုက်တဲ့ ဂျင်ဆင်း နှစ်ပင်ကြောင့်ပေါ့။ မဟုတ်လို့ကတော့ ငါတော့ သူ့ကို တွေ့လိုက်ရမှာ မဟုတ်ဘူး ''

ဆေးပညာ ကျွမ်းကျင်မှု ကို ကြည့်မယ် ဆိုရင် ပင်လယ်လူသားတွေရဲ့ မျိူးနွယ်စု စုန်းမ က ကုန်းမြေသားရဲ လူသားတွေရဲ့ မျိူးနွယ်စု စုန်းမ ထက် ပိုပြီးတော့ ကောင်းလေတယ်။ အဲ့တာကို ပင်း ဝန်ခံ ပါတယ်။ အိမ်တွေ မရှိတာ က လွဲရင် ပင်လယ်လူသားတွေ က ကုန်းမြေသားရဲလူသား တွေထက် နေရာတိုင်းမှာ ပိုကောင်းမွန်စွာ နေရတယ်လေ။

ပင်း က ပင်လယ်ထဲမှာ နေတဲ့ သူတို့အ​ကြောင်း ကို သေချာပြန်တွေးကာ အရေးကြီးတယ်လို့ ထင်ရတဲ့ အချက်တွေ ကိုပဲ စုစည်းပဲ ချီဟန်ကို အရင်ဆုံး ပြောပြလိုက်တယ်။

'' ငါက မျိူးနွယ်စု စုန်းမ အိုကြီးနဲ့ သားရိုင်း တစ်ဝက်တွေ အကြောင်း ပြောခဲ့သေးတယ်။ ပင်လယ်လူသား စုန်းမအိုကြီး ပြောတာတော့ ပင်လယ်လူသားတွေရဲ့ ဒဏ္ဏာရီလာ အပင်ရှိတယ်တဲ့။ ပြီးတော့ သူက ပြောသေးတယ်။ ကမ္ဘာပေါ်မှာ ဆေး နှစ်မျိုးပဲ ရှိတယ်တဲ့။ အဲ့တာက နွေးထွေးတဲ့ ဆေး ရယ် အေးတဲ့ ဆေးရယ် ဆိုတာတဲ့လေ''

သူက တစ်ခဏတော့ အေးခဲသွားတယ်။

''နွေးတဲ့ဆေး ဆိုတာ က ငါတို့က သူတို့ဆီကို ယူသွားတဲ့ ဂျင်ဆင်းကို ပြောတာတဲ့။ ပြီးတော့ အေးတဲ့ဆေး က နှင်းလွှမ်းတောင်ပေါ် မှာ ရှိနိုင်တယ်တဲ့။ မြွေမဲကောင် က ဖြေဆေးနဲ့ ပတ်သတ်ပြီး အနည်းငယ် သိတာ ပဲ ဖြစ်ရမယ်။ ဒါပေမယ့် ရှောင်ပိုင် က အဲ့ဂူထဲက အပင်တွေကို ယူလာတော့ သူက အဲ့တာ ပဲလို့ ထင်သွားတာ ဖြစ်ရမယ် ''

''စုန်းမ အိုကြီးက ပြောသေးတယ်။ တကယ်လို့ ရောဂါ မရှိဘူး ဆိုရင် အဲ့ဆေ နှစ်မျိူး ကလည်း ကုသပေး နိုင်မှာ မဟုတ်ဘူးတဲ့လေ။ တကယ်လို့ နွေးတဲ့ ဆေး က အသုံးမဝင် ရင် အေးတဲ့ ဆေးကို သုံးကြည့်ပါတဲ့။ ဒါကြောင့် ငါတို့က နှင်းလွှမ်းတောင် ကို သွားပြီးတော့ အေးတဲ့ ဆေးပင်ကို ရှာပြီး ဒီသားရိုင်း တစ်ဝက်တွေကို ကုသပေး ဖို့ အကြံပြုလိုက်တယ်။ အဲ့တာ ဆိုရင် အလုပ်ဖြစ်လောက်တယ်တဲ့ ''

'' အေးတဲ့ ဆေး ? သူက အဲ့တာ ရဲ့ အသွင်အပြင်ကို ပိုပြီး တိတိကျကျ မဖော်ပြ ခဲ့ဘူးလား?''

'' ပင်လယ်လူသားတွေရဲ့ ဒဏ္ဏာရီအရ ဆိုရင် ဂျင်ဆင်း က လူပုံစံ ရှိပြီးတော့ အဲ့တာ ကတော့ သားရဲပုံစံ လိုမျိူး ရှိတဲ့လေ။ ''

ချီဟန်ရဲ့ နှလုံးသားက ချက်ချင်း တောက်လောင် သွားတယ်။ ဂျင်ဆင်း က မြေအောက်ထဲမှာ ပေါက်တာလေ။

အဲ့တာ က ရေပူစမ်းရဲ့ ဘေးမှာ ပေါက်တဲ့ အပင်သာ ဆိုရင် ဖြစ်နိုင်တာက ​မြေအောက်ထဲ မှာလား?

ချီဟန် က အဝေးကို သွားတော့မယ့် ပင်း ကို မဆွဲထားပဲ မနေနိုင်တော့ပါချေ။

'' ပင်း ၊ အဲ့ အေးတဲ့ ဆေးဆိုတာ ကလေ ရေပူစမ်းဂူ ထဲမှာ ပေါက်တဲ့ အဲ့အပင်တွေရဲ့ အမြစ်ကို ပြောချင်တာ လို့ မင်းမထင်မိ ဘူးလား? ''

........

Continue Reading

You'll Also Like

3.9K 311 45
another description ဘယ်အရာကသူမကိုဖြစ်တည်လာတာလည်းဘာ့ကြောင့် system နဲ့ချိတ်ဆက်မိတာလည်း စတဲ့မေးခွန်းပေါင်းများစွာတေကစိတ်ထဲမှာရှိနေပြီး မှတ်ဉာဏ်တေဟာလည်...
67.4K 7.9K 100
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...
2.9M 192K 36
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
915K 17K 10
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke