တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (55)

940 135 0
By Kyiphyuswe

(55)

'' အဲ့ ပင်လယ် လူသား တွေ က ငါးနဲ့ ပုလဲ တွေ အပြင် တစ်ခြားဘာစား သေးလဲ? သူတို့က ကုန်းမြေပေါ်မှာ စားစရာစိုက်ကြသေးလား ခရမ်းရောင် အမြစ်လိုမျိုးလေ ''

'' ငါတို့က ပင်လယ်လူသား တွေ ကုန်းမြေ ပေါ်မှာ ဘာစား တာလဲ ဆိုတာ ကိုတော့ သတိမပြုမိဘူးဘူး။ ဒါပေမယ့် အချဥ်စိမ် အစားအစာတွေ က အရမ်း ထူးကဲ တယ်။ အဲ့တာ ကို စားပြီးတဲ့နောက် ငါတို့ သားရဲလူသားတွေမှာ ကိုယ့်လျှာကိုတောင် မထိန်းနိုင်တော့ဘူး။ အဲ့တာက မီးလိုပဲ။ ဒါပေမယ့် အမျိုးသမီးတွေ ကျတော့ ကြိုက်ကြပြန်ရော။ ''

အဲ့တာ က ငရုတ်သီး အချဥ်စိမ် မဟုတ်ဘူးလား။

ချီဟန် ရဲ့ မျက်လုံးတွေ က တောက်ပ သွားလေတယ်။

'' မင်းတို့တွေပဲ သွားကြ မှာလား?  လူမနည်းလွန်း ဘူးလား။ တစ်ခြား သားရဲလူသား တွေကိုရော မခေါ်သွား ကြဘူးလား ''

'' ငါတို့က ပျံသန်းတာ အရမ်းမြန်တယ်။ ကောင်းကင်မှာဆို ဘာအတားအဆီးမှ မရှိဘူးလေ။ တကယ်လို့ ငါတို့သာ တစ်ခြား သားရဲလူသားတွေ နဲ့ ပြေးလွှားနေမယ် ဆိုရင် အချိန်တွေ နှောင့်နှေး ကုန်တော့မှာ ပေါ့လေ။ မြေပြင်ပေါ်မှာ အတားအဆီးတွေ အများကြီး ရှိပြီးတော့ တောရိုင်း ကောင်တွေ လည်း အများကြီး ရှိတယ်လေ ''

ကျင်း က ရှက်ရွံစွာ နဲ့ ပြောလိုက်တယ်။ တကယ်လို့ ကုန်းမြေသားရဲ တွေကို အသွားမှာ သူတို့ စီးသွားရင်တောင်မှပဲ အပြန်ကျရင် သူတို့ရဲ့ ကိုယ်ပေါ်မှာ အပိုကုန်ပစ္စည်းတွေ တင်လာရမယ်လေ။ ပြီးတော့ တိုက်ခိုက်ရတဲ့ လုပ်ငန်းစဥ် က အရမ်းကို ပင်ပန်းတယ်။ ဒါကြောင့်မလို့ တစ်ခြားသူတွေ ကို မခေါ်ပဲ ပျံသန်း သွားရတာ က ပို အဆင်ပြေတယ်လေ။

'' ဒါဆိုလည်း လန်ရဲ့ အောက်က လင်းယုန် သားရဲလူသားတွေကိုပါ ခေါ်သွားလိုက်ပါ။ တစ်ကြိမ်မင်း သွားပြီးရင် လဲလှယ်သယ်ယူစရာတွေ ရှိနေမှာပဲလေ''

'' ကောင်းပြီ ''

'' အဲ့ကနေ ပြန်လာဖို့ ရက်ဘယ်လောက်ကြာလဲ? ''

'' ငါတို့ အသွားလမ်း က ၃ရက်ကြာတယ်၊ ပြီးတော့ အပြန်လမ်း ကလည်း ၃ရက်ကြာတယ်။ ကြားထဲမှာ ခဏနားပြီး အမဲလိုက် စားသောက်တာ က ၂ရက်ကြတယ်။ စုစုပေါင်း ၈ရက်လောက်ပေါ့ ''

မို့ ကအမြန်ပဲ ပြန်ဖြေပေး လိုက်တယ်။ သူက ရွံစေးမျိုးနွယ်ရဲ့ မူမူ ဆီကနေ ဘယ်လို ရေတွက် ရမလဲ ဆိုတာ ကို သင်ကြား ပြီးခဲ့လေတယ်။ ပြီးတော့ တစ်ခြား ကြောင်အ နေတဲ့ သားရဲလူသားတွေကို စိတ်ကြီးဝင် အမြီးမြှောက်ကာ နဲ့ ကြည့်လိုက်တယ်။

ယန်တစ်ယောက် မို့ က ရေတွက်တာ ကို သင်ကြား ခဲ့တာကို အရမ်း မနာလိုအားကျ ဖြစ်နေခဲ့တယ်။ သူက မို့ကို ရက်အနည်းငယ်လောက် လေးပဲ ထားခဲ့ တာပါ အဲ့ကောင်ကတော့ သူမသိတဲ့ ဟာကို တိတ်တိတ်လေး  သင်ကြား လိုက်တယ်။ ဒါက သောက်ရမ်း လှည့်စား သွားတာ ပဲ မဟုတ်လား။

ယန် က ဒီအချိန်မှာ ကမ်းခြေ ကို သွားလို ခဲ့တယ်။ အဓိက အားဖြင့် အမျိူးသမီးတွေ ကြိုက်မယ့် အပြင်အဆင်တန်ဆာ တွေကို လဲလှယ်လိုခဲ့တယ်။ သူက ယွမ်ယွမ် ကို ပေးချင်လို့ပဲ ဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ ယွမ်ယွမ် က သူ့အပေါ် ကျဆုံး သွားပြီးတော့ သူတို့အတူတူ အနာဂတ်မှာ အိမ်လေးထဲ အတူ ရှိနေကြမယ် ဆိုတာ ကို တွေးမိလေတယ်။

ယန် မှာ အနာဂတ် အတွက် စိတ်ကူးယဥ်ထားတာ တွေ အများကြီး ရှိလေတယ်။

ချီဟန် က ရယ်မောလိုက်တယ်။ သင်္ချာက တကယ်ကြီး ကို အသုံးဝင်တဲ့ အရာပါပဲ။ ကြည့်ရတာတော့ ကောင်ငယ်လေး မူမူ က မျိုးနွယ်စုထဲက လူတွေကို အတော်များများ ပြန်မျှဝေ ခဲ့တဲ့ ပုံပဲ။

'' ဒါဆိုလည်း လမ်းမှာ သေချာ ဂရုစိုက်ပါ''

ချီဟန် က ပင်လယ်ကမ်းခြေ ကို တကယ်ကြီး သွားချင်ခဲ့တယ်။ သူက မြောက်ပိုင်းသား ဖြစ်ပြီးတော့ ပင်လယ်ကို တစ်ခါမှ မမြင်ဘူး ခဲ့ပေ။ ဒါပေမယ့် ကျင်းပြောတာ ကလည်း မှန်နေပြန်တယ်။

သွားတဲ့ လမ်းတစ်လျောက်က အရမ်းကို ခက်ခဲ ကြမ်းတမ်းလေတယ်။ ပြီးတော့ အိမ်မှာလည်း သားပေါက်လေး တွေ ရှိနေဆဲ ပဲလေ။ တုံ ဆီကို ချန်းရှီးလေး အကြာကြီး ထိန်းခိုင်းပြီး ချီဟန် တစ်ယောက်ထဲ ကိုယ်လွတ် ရုန်းသွားလို့မှ မဖြစ်တာ ပဲလေ။

ဒါက အတော်လေး သနားစရာ ကောင်းနေပေမယ့် တကယ်တော့ ဘာမှ မဟုတ်ပေ။ ချန်းရှီး ကြီးပြင်းလာတဲ့ အချိန်ရောက်ရင် မိသားစုလိုက် အပြင်ထွက်ပြီးတော့ ကစားလို့ ရနေတာ ပဲလေ။ အဲ့ကျရင် လန် ဒါမှမဟုတ် ပင်း ကို မျိုးနွယ်စု အပ်ခဲ့မှာပေါ့။

နောက်ရက်မှာတော့ မျိုးနွယ်စု ထဲက လူတွေဟာ ဒီလင်းယုန်လူသား တွေက တောင်ပိုင်းကို ပျံသန်းသွားကာ ပစ္စည်းတွေ လဲမယ့် အကြောင်းကို ကြားသိ သွားကြတော့တယ်။

အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ အများစု က ဆူပွက်သွားကြလေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ လဲလာမယ့် ပစ္စည်းတွေ က အမျိုးသမီး တွေနဲ့ သားရဲတစ်ဝက် တွေရဲ့ အကြိုက်ဆုံးတွေ ဖြစ်နေကြလို့ပဲလေ။

ပင်း က လင်းယုန် သားရဲလူသား တွေ တောင်ပိုင်းကို သွားမယ် ဆိုတာ ကြားသိလိုက် ရတော့ သူက တိတ်တိတ်လေး ခိုး သွားပြီးတော့ လိုက်သွားလိုခဲ့တယ်။

ယန်မင်းရဲ့ ကိုယ် ကလည်း အရင်ကထက် ပိုပြီး ကောင်းမွန်လာကာ မျိူးနွယ်စု ထဲမှာ နေရတဲ့ ဘဝ ကလည်း ပိုပိုပြီးတော့ စိတ်ကျေနပ်စရာ ကောင်းလာလေတယ် ။ သူက တစ်ခြား အမေ တွေကို မြင်ပြီး မနာလိုရုံသာ မက မိတ်ဖက်ရှာမယ့် အငယ်တွေ ကိုပါ မနာလိုခဲ့တယ်။

သူက ဟုန်ယွင်ရဲ့ အိမ်ကို မနာအလိုဆုံးပဲ ဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ မျိုးနွယ်စု တစ်ခုလုံးမှာ ဟုန်ယွင်ရဲ့ အိမ်တစ်ခုသာလျှင် ကလေး ၃​ယောက် ရှိနေတာပဲ ဖြစ်လေတယ်။ ဟုန်ယွင် နဲ့ လျန် က သူတို့ရဲ့ ဘဝတွေကို လွယ်ကူစွာ ဖြတ်သန်းနေခဲ့ ပြီလေ။ သားပေါက်လေးတွေကို ချစ်တက်တဲ့ အမျိူးသမီးတွေနဲ့ သားရဲတစ်ဝက်တွေဆို သူတို့အိမ်ကို ပဲ အမြဲတမ်း ပြေးသွားကြတာ။

ချီဟန် နဲ့ မယ်ဂျစ်စတစ်တောင်မှ ပဲ သူတို့ရဲ့ သမီးလေးတွေကို ခေါ်ပြီး အဲ့အိမ်ကိုပဲ အပြေး သွားနေကြတာလေ။ ဟုန်ယွင်ရဲ့ အိမ်ဆို လူတွေ ပြည့်ကျပ်မတက်ပဲ။ လူတိုင်းကလည်း သူတို့ကလေးတွေ ကို ခေါ်ပြီး လာကစားကြတယ်။ အဲ့နေရာက ကလေးထိန်း ဌာန နဲ့တောင် တူနေသေးတယ်လေ။

ယန်မင်း က ပင်းကို နားလည်တယ်။ သူက အိမ်မှာပဲ အမြဲ မနေနိုင်ဘူး။ နှစ်ပေါင်းများစွာ လေလွင့်နေတဲ့ ဘဝတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ပါ မောပန်းနွမ်းနယ်စေတယ်လေ။ အမျိုးသားတွေက အမျိူးသမီးတွေလောက် မြန်မြန် ပြန်မကောင်းနိုင်ဘူး။

သူက သူမ အတွက် လေလွင့်ဘဝ ကို ရပ်တန့်လိုက်ပေမယ့် တစ်ခါတစ်လေ သူဘာမှ လုပ်စရာ မရှိရင် ငေးမှိုင်နေတက်တယ်။ ယန်မင်း က သူ့အတွက် အရမ်းကို စိတ်မကောင်းသလို ခံစားနေရတယ်။

'' ရှင် သွားချင်ရင် သွားလိုက်ပါ။ အခြေအနေတွေ က အရင်နဲ့ မတူတော့ ဘူးလေ။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ ကျန်းမာရေး တွေကပဲ ရှင့်ကို ဆွဲချ သလို ဖြစ်နေခဲ့တာ။ အခုတော့ ကျွန်မ က မျိုးနွယ် ထဲမှာ ကောင်းကောင်း နေနေ ရပါပြီ။ ရှင်အပြင်ထွက်တဲ့ အခါ ကျွန်မ အတွက် ရှင်စိတ် ပူစရာ မလိုပါဘူး။ ''

'' မင်းပြောတာကိုလည်း ကြည့်ပါအုံးကွာ ။ ဘာက များ ကိုယ့်ကို ဆွဲချ နေလို့လဲ။ ကိုယ်က မင်းကို အရင်ကတည်း က ဂရုမစိုက်ချင်ရင် ကိုယ်ထွက်သွားမှာပေါ့ကွ။ ကိုယ်က မျိုးနွယ်စု ကနေ ထွက်ခွာပြီး မင်းကို ထားခဲ့ ဖို့က နည်းနည်း စိတ်မချ ဖြစ်နေရုံလေးပါ။ ''

'' ဟမ့် ၊ ရှင်စိတ်ပူအောင် ကျွန်မ က ဘာတွေ များ လုပ်လို့လဲ ။ ရှင်းက ကျွန်မကို မယုံတာလား? ''

'' ယုံပါတယ် ၊ ယုံပါတယ်ဗျာ ''

'' ဒါဆို ရှင် က ဘာလို့ မသွားသေးရတာလဲ? ''

'' ကိုယ်....  ကိုယ်က အိမ်မှာ မင်းတစ်ယောက် ထဲပဲ ကျန်နေခဲ့ မှာ စိုးရိမ်မိလို့ပါကွာ''

'' ကျွန်မ က အထီးမကျန်နေပါဘူးနော်။ သွားမှာသာ သွားစမ်းပါ။ ပြန်လာရင် ကျွန်မ အတွက် တစ်ခုခု ပြန်ယူလာခဲ့ ''

'' မင်းဘာလိုချင်လဲ ဟင်။ ကိုယ် ပြန်ယူလာခဲ့မယ် ''

'' ရှင့်ဘာသာ ပဲ ဂရုစိုက်စမ်းပါ။ ဒီနေရာမှာ မရှိတဲ့ တစ်စုံတစ်ခု ကိုပြန်ပဲ ပြန်ယူလာရင် ပဲ အဆင်ပြေ နေပါပြီ ''

ယန်မင်း က ပုလဲ လည်ဆွဲကို လိုချင်နေတာ ဖြစ်ပေမယ့် လူအများရှေ့မှာ ကျတော့ ပြောဖို့ ရာ ကတော့ အနည်းငယ် ရှက်ရွံနေခဲ့ တယ်လေ။

ယန်မင်း က ကျားဖြူမျိုးနွယ်က အမျိုးသမီး တိုင်းမှာ ပုလဲလည်ဆွဲ တစ်ခုဆီ ရှိကြလေတယ်။ ထိုပုလဲ အစုအဝေးက အရမ်းကို လှပလေတယ်။

ယန်မင်းခံစား ရတာက အဲ့ပုလဲ ကြိုးနဲ့ဆိုရင် သူမလက်မှာ ပိုလို့တောင် လှသွားမယ်လို့ပေါ့လေ။

ပင်းရဲ့ သားရဲပုံစံက တိုက်ကွန်းခ် တိုက်မှာ အကောင်းဆုံး တွေထဲက တစ်ကောင် ဖြစ်လေတယ်။  တကယ်လို့ အစွယ်ရှည် ကျားကိုတွေ့ရင် တောင်မှပဲ သူ့ရဲ့ ပုံစံက ပိုပြီးတော့ လွှမ်းမိုးနိုင်စွမ်း ရှိလေတယ်။

ထပ်ပေါင်းပြောရရင် ရှန့်ကွမ်းတိုက်က ဟာတွေက တိုက်ကွန်းခ် ကို ရောက်လာရင်တောင်မှပဲ သူက ဘေးတစ်စောင်းသွားလို့ ရလေတယ်။ အထူးသဖြင့် သူ့ရဲ့ ခြေထောက်တွေ က ပြန်ကောင်း သွားပြီ ဖြစ်တဲ့ အတွက် သူဘယ်နေရာ ကို ပဲ သွားပါစေ ယန်မင်း က စိတ် မပူတော့ပေ။

ပင်း က တောင်ဘက်ကို သွားမယ် ဆိုတော့ ချီဟန် က သူ့စိတ်ထဲမှာ သောက်ရမ်းကို ပျော်ရွှင်နေခဲ့တယ်။ သူက ယန်မင်းတစ်ယောက် ကျားဖြူအမျိုးသမီးတွေရဲ့ လက်ကောက်ဝတ် ကို ပေါ်တင်တစ်လှည့် ခိုးကြည့်တစ်လှည့် ကြည့်နေတာ ကို မြင်လိုက်ရတဲ့ အခါမှာတော့ ချီဟန်က ပင်းကို သူ့နား ကို ဆွဲကာ အသံတိုးတိုးလေး နဲ့ပြောလိုက်တယ်။

'' ငါက ယန်မင်း ဘာလို ချင်နေတာ လဲ ဆိုတာ သိတယ်''

''အိုး ၊ ငါ့ကိုမြန်မြန် ပြောပြစမ်းပါ ''

'' သူမက ပုလဲ လက်ကောက်ကြိုး ကို လိုချင်နေတာ ''

'' မင်းက ဘယ်လိုလုပ် သိတာလဲ? ''

'' သူမရဲ့ မျက်လုံး က ဘယ်နေရာ ကို ကြည့်နေတာ လဲ ဆိုတာ မင်းမြင်ရတယ် မဟုတ်လား ''

ပင်း က ယန်မင်းရဲ့ အကြည့်တွေ နောက်ကို လိုက်ကြည့်လိုက်တော့ သူမက တကယ်ပဲ ပုလဲ လက်ကောက်လေး တွေကို ကြည့်နေတာ တွေ့လိုက် ရတယ်။ သူမက ကြိုက်တယ်ဆိုမှတော့ များများ ပိုလဲ လာရတော့မှာ ပေါ့လေ။

'' ခများ က ဒီတစ်ခေါက် သွားမှာ ဆိုတော့ ကျွန်တော့်ကို ကူပြီးတော့ တစ်ခုခုကို ရှာပေးပါအုံး ''

'' ဘာကြီးလဲ? ''

'' ပင်လယ်လူသား တွေရဲ့ အသားခြောက် တစ်ချို့ က အရသာ တစ်မျိုးဆို ရင် သားရဲလူသား တွေရဲ့ လျှာကို အပူလောင် စေတယ် ဆို ။ ''

'' အဲ့တာက အရမ်းကြောက်စရာ ကောင်းတာပဲ ''

ပင်း က ဖော်ပြဖို့ အနည်းငယ် ရှက်ရွံ့ သွားလေတယ်။ ကြည့်ကတာတော့ သူက အရင်ကတည်း က အရသာ ခံခဲ့ ဘူးတယ်ထင်ပါတယ်။

'' အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ က အဲ့တာကို ကြိုက်တယ်လို့ ကြားတယ်။ ဟေး! ဟေး ! ခများ ရဲ့ အမူအရာ ကြီးက ဘာကြီးလဲ။ ယန်မင်း က အဲ့တာကို သေချာပေါက် ကြိုက်မှာပဲ။ ကျွန်တော် ပြောမယ်နော် ခများက အဲ့တာကို ကျွန်တော့်အတွက် သေချာပေါက် ပြန်ယူလာရမယ်ဗျာ။ တကယ်လို့ အဲ့တာကိုဖြစ်နိုင်မယ် ဆိုရင် အစေ့တင် မကဘူး။ ပျိူးပင်ပေါက်တွေ ပါ ပြန်ယူခဲ့ဗျာ ''

'' ကောင်းပြီ ၊ ကောင်းပြီ ''

သူ့မိန်းမ ယန်မင်းက ကြိုက်တယ် ဆိုမှတော့ သူက သေချာပေါက် ယူခဲ့ ရမှာပေါက်လေ။

'' သူတို့က အဲ့တာကို စိုက်ထား ကြလား ဆိုတာ ကြည့်ခဲ့အုံး။ စိုက်ထားလည်း ကိစ္စမရှိဘူး။ ခများ အစေ့နဲ့ ပျိုးပင်ပေါက်တွေ ကို ယူလာပေး ရမှာ နော်''

'' ကောင်းပြီ။ မစိုးရိမ် ပါနဲ့။ ငါက သူတို့မျိုးနွယ်စု စုန်းမ နဲ့ ဆေးပညာ ကျွမ်းကျင်မှု ဖလှယ် ဘူးပါတယ်။ ပြီးတော့ ပင်လယ်ရဲ့ ကုသတဲ့ ဟာတစ်ချို့ကိုလည်း ပြန်ယူလာခဲ့မယ် ''

ပင်းရဲ့ စကားတွေကို ကြားလိုက် ရတော့ ချီဟန်က အနည်းငယ် ရှက်ရွံ့သွားလေတယ်။ သူက စားဖို့ကိုပဲ တွေးနေမိတာ ပဲ။

ချီဟန် က သူ့အိမ်မှာ ထားထားတဲ့ ဂျင်ဆင်း ၂ ခုကို ယူပြီး ပင်းဆီ ကိုပေး လိုက်လေတယ်။

'' ဒီပစ္စည်းရဲ့ တန်ကြေး က အရမ်းမြင့်တယ်။ တကယ်လို့ မင်းသာ သူများ မျိုးနွယ်စု စုန်းမနဲ့ တွေ့ချင်ရင် အခက်အခဲ တစ်ချို့ တွေ့ရလိမ့်မယ်။ ဒါရှိရင်တော့ တစ်ဖက် က လူက ခများကို အရမ်း ယဥ်ကျေး သွားလိမ့်မယ်။ ''

''ဒါက မျိူးနွယ်စု ထဲက လူတွေ အတွက် မင်းပြင်ဆင်ထားတဲ့ ဟာတွေ မဟုတ်လား?''

'' တကယ်လို့ ငါတို့ ထပ်ပြီး လိုအပ်ရင် တောင်ပေါ်ကို သွားပြီးတော့ ထပ်တူးလို့ ရတယ်လေ။ မင်း အဲ့တာကို ယူသွားလိုက်ပါ။ ''

ရှေးခေတ် ကတည်းက တောင်ပေါ်မှာ နေတဲ့ သူတွေက အသက်ရှင်ဖို့ တောင်ကိုပဲ မှီခိုနေရတာလေ။ ပင်လယ်ထဲမှာ နေတဲ့ သူက ပင်လယ်ကို မှီခိုရတယ်လေ။ လျှို့ဝှက် ပစ္စည်း ကို မပေးလိုက်ပါပဲနဲ့ တစ်ခြား တစ်ဖက်ရဲ့ လျှို့ဝှက် ပစ္စည်း ကို ဘယ်လိုလုပ် လဲလှယ်လို့ ရပါ့မလဲ။

.............

Continue Reading

You'll Also Like

142K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
478K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023