တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

248K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (52. 1)

1.1K 176 2
By Kyiphyuswe

(52.  1)

ကျားဖြူ မျိုးနွယ် မှာ စိတ်ကို ကယောင်ချောက်ခြား ဖြစ်စေတဲ့ အပင် စားခဲ့ရတဲ့ သားရဲလူသားပေါင်း တစ်ရာကျော် ရှိလေတယ်။ ပြီးတော့ အယောက် ၃၀ ကျော်က သားရိုင်းတစ်ဝက်တွေ ဖြစ်ကုန်ပြီးတော့ ဂူထဲ ထည့်ပိတ်ခံထား ရတဲ့ အမျိုးသမီး တွေနဲ့ သားရဲတစ်ဝက် လေးတွေ အကုန်လုံး က ချီဟန်နဲ့ တုံ နောက်ကို လိုက်ကာ ချောင်ယွမ် မျိုးနွယ် ဆီကို လိုက်သွား ခဲ့ကြတယ်။

အမှန်တိုင်း ပြောရရင် ကျားဖြူ မျိုးနွယ် က တိုက်ကွန်းခ် မြစ် အထက် ပိုင်း မှာ ရှိတဲ့ အကြီး ဆုံး မျိုးနွယ်ပဲ ဖြစ်လေတယ်။ အခုတော့ သူတို့က ဒဏ်ရာ ရပြီးတော့ အုပ်စု တွေလည်း ၂ ခု ကွဲ သွား​လေတယ်။

ပထမ တစ်ခုက ပင်းရဲ့ အနောက်ကို လိုက်လို ကြပြီးတော့ ကျန်တဲ့ တစ်ဖွဲ့က ရှောင်ပိုင် ရဲ့ အနောက်ကို လိုက်လိုကြလေတယ်။

ကောင်းတဲ့ သတင်း တစ်ခု ကတော့ ရိုးရှင်းတဲ့ အကာအကွယ်တွေကြောင့် ချောင်ယွမ် မျိုးနွယ်ရဲ့ သားရဲလူသား တွေက ဒဏ်ရာတွေ ရကြ ပေမယ့် သူ့တို့ရဲ့ အသက်ကို မကယ်နိုင်လောက်တဲ့ အထိတော့ မဟုတ်ခဲ့ပေ။

အဲ့နေရာမှာ ဒဏ်ရာ ရသူ တွေ ရှိခဲ့ပေမယ့် သူတို့ရဲ့ ဒဏ်ရာတွေက အရမ်းကြီး မပြင်းထန် ခဲ့ပေ။

ကျားဖြူ မျိုးနွယ်က ဖျားနာနေတဲ့ အမျိုးသမီးတွေ နဲ့ သားရဲတစ်ဝက် တွေကို ကုသ ဖို့ရာ အတွက်သာ ချီဟန်က အားတွေ အများကြီး စိုက်ထုတ် ရမှာပဲ ဖြစ်လေတယ်။

နွေရာသီ တစ်ခုလုံး နဲ့ မိုးရာသီ အကုန်နီးပါး တစ်လကျော်လောက် က ထို တိုက်ပွဲအတွက် ပဲ ပြင်ဆင်ကုန်ဆုံး ခဲ့ရလေတယ်။ ချီဟန်က အရမ်းကို ပင်ပန်းနေပြီ လို့ ခံစားလာရတယ်။ ဒါကြောင့် သူက အနားကောင်းကောင်းလေး ယူပစ်ချင် စိတ်တွေ ပေါ်လာခဲ့လေတယ်။

ကျားဖြူ မျိုးနွယ် ရဲ့ သားရဲလူသား တစ်ရာကျော် က ငယ်ရွယ်ပြီးတော့ အရွယ်ရောက် နေကြ ပြီပဲ ဖြစ်လေတယ်။ ပြီတော့ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ပါ ပေါင်းတယ် ဆိုရင် အယောက် ၃၀၀ ကျော် ရှိသွားပြီ ပဲ ဖြစ်လေတယ်။

တကယ်လို့ အဲ့ လူတွေ အကုန်လုံးကိုသာ ချောင်ယွမ် မျိုးနွယ်ထဲကို ဆွဲခေါ်လိုက်လို့ ရမယ်ဆိုရင် အနာဂတ်မှာ မျိုးနွယ်စု ရဲ့ တိုးတက်ဖွံ့ဖြိုး ရေး အတွက် အထောက်အကူ ပြုနိုင်မှာပဲ ဖြစ်လေတယ်။ ပြီးတော့ ချောင်ယွမ် မျိုးနွယ် စုက အသင့်အတင့် ရှိတဲ့ မျိုးနွယ်စု တစ်ခု ဖြစ်လာ လိမ့်မယ်။

ဒါပေမယ့် အဲ့လူတွေ အကုန်လုံး က ပင်းရဲ့ လူတွေလို့ သူတွေးမိတဲ့ အခါ ချီဟန်က အစမှာတော့ သူ့ဘာသူ သူ အနည်းငယ် ရှက်ရွံမိလေတယ်။ ပင်း က ဦးနှောက်ပြေးတဲ့ သားရဲလူသား ဖြစ်ပြီးတော့ သူ့မှာ ခေါင်းဆောင် တစ်ယောက် ဖြစ်ထိုက်တဲ့ အရည်အချင်းတွေ ရှိလေတယ်။

သားရိုင်းတစ်ဝက် ဖြစ်သွားတဲ့ အယောက် ၃၀ ကိုတော့ တောင်ကြား ထဲက ဂူထဲမှာ နေရာထားခဲ့လေတယ်။
သူတို့က လူပုံစံနဲ့ သားရိုင်းစိတ် ဖြစ်နေခဲ့လေတယ်။ တကယ်လို့ သူတို့သာ မျိုးနွယ်ထဲမှာ နေမယ်ဆိုရင် လူတွေကို အလွယ်တကူ နာကျင်အောင် လုပ်လိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စိတ်ခြောက်ခြား စေတဲ့ အပင် ကို ထပ်ပြီး မစားရတော့တဲ့ အတွက် သူတို့က ဟိန်းဟောက်နေကြပြီ ပဲ ဖြစ်လေတယ်။

ချီဟန်က မြွေမဲကောင်ရဲ့ ဘဝ တစ်ဝက် ကို ထို သားရိုင်းတစ်ဝက် ၃၀ ယောက် အတွက် ချန်ပေးထားတာ ပဲ ဖြစ်လေတယ်။ မြွေမဲနဲ့ ရှောင်ပိုင် တို့က ဟိုမှာ ကျန်နေခဲ့တဲ့ သားရိုင်းတစ်ဝက် တွေက ဘယ်လို စီစဥ်ပေး နေသလဲ ဆိုတာကို ယန် က အမြန် လာပြော ပေးဖို့ မျှော်လင့် နေခဲ့တယ်။

ချောင်ယွမ် မျိုးနွယ်စုမှာ အိမ်တွေ အများကြီး မရှိတော့ပေ။ မျိုးနွယ် စု ထဲမှာ စုံတွဲ တွေအများစုက သူတို့ရဲ့ အိမ်ထဲမှာ သားပေါက်လေးတွေ အတွက် အခန်းပိုတစ်ခန်း ထပ်ပြီးတော့ ပေါင်းထည့်ခဲ့တယ်။

အခုတော့ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ကို ယာယီပဲ အဲ့ထဲမှာ ထားခဲ့လိုက်တယ်။ ဒါပေမယ့် အဲ့တာ က ရေရှည် ဖြေရှင်း ချက် မဟုတ်ခဲ့ပေ။

ချောင်ယွမ် မျိုးနွယ် စုက အခုချိန်ထိတိုးချဲ့ ဖို့ လိုအပ်နေဆဲပဲ။ တကယ်လို့ ထိုလူတွေသာ အနာဂတ်မှာ ချောင်ယွမ် ထဲက ထွက်မသွားဘူးလို့ ယူဆ လို့ ရှိရင် အိမ်တွေ အများကြီး ဆောက်ဖို့ နေသေးတယ်။

ချီဟန်က ကျားဖြူ က လူတွေ နဲ့ အတူ အိမ်တွေဆောက်ဖို့ လီ ကို ပြောခဲ့တယ်။
အဲ့လူတွေ က ငယ်ရွယ်ပြီးတော့ သန်မာတာကြောင့် အလုပ်ကို လျင်မြန်စွာ လုပ်နိုင် ကြတယ်လေ။ အိမ်တွေ အများကြီး ကို ရက်ပိုင်း အတွင်းမှာပဲ ဆောက်လုပ်ပြီးသွား ခဲ့ရင် အဲ့ဟာတွေကို မိသားစုတွေ အလိုက် ခွဲဝေ ပေးမှာ ပဲ ဖြစ်တယ်။

ဒီတစ်ကြိမ် မှာတော့ ချီဟန်က စိတ်အပြည့်အဝ ချကာ လေးလံ အားသုံး ရမယ့် ကိစ္စတွေကို  ကျားဖြူက လူတွေ ရဲ့ လက်ထဲကို အကုန်လုံးသာ လွဲပေးလိုက်တော့တယ်။

ဘာပဲ ဖြစ်ဖြစ်လေ။ သူတို့ရဲ့ ကြွက်သားတွေ ပြန်ရလာစေဖို့ လေ့ကျင့်ခန်း လုပ်ဖို့ လိုနေသေးတာ ပဲလေ။ ပြီးတော့ အိမ်အတွင်းပိုင်း က မီးခိုးခေါင်းတိုင် တွေနဲ့ အနွေးကုတင် လိုမျိုး လွယ်ကူတဲ့ ပစ္စည်းတွေက တစ်ခြားသူတွေက လုပ်ပေး သွားလို့ ရတယ်လေ။

အဲ့အရာတွေ အပေါ် မှီခို ပြီးတော့ ချီဟန်က တစ်ခြားလူတွေ ကို ဆွဲဆောင်ဖို့ သုံးတာ ဖြစ်ပြီးတော့ အပြင်လူတွေကို မသင်ပေးခဲ့ပေ။

သူတို့ မျိုးနွယ်ကို ပြန်ရောက်ပြီးတော့ နောက်တစ်ရက်မနက် မှာတော့ ချီဟန်က ပင်းကို ခွဲစိတ်မှု စတင် ပြုလုပ်ခဲ့လေတယ်။ သေချာ ခွဲစိတ်ပြီးတော့ နံရိုးတွေကို သေချာပြန်လုပ် ပေးကာ အရေပြားကို ချုပ်ရိုး ကောင်းမွန်စွာ ချုပ်ပေး ခဲ့လေတယ်။

''အဲ့နေရာရဲ့ နံရိုးက ထူးခြားတယ်။ မင်းရွေ့လို့ မရဘူး။ မင်း နေရာမှာတင် လှဲ ပြီးတော့ နားနေရမယ် ''

ပင်း မလှုပ်နိုင်တဲ့ ရက်တွေမှာ ယန်မင်း က လည်း မေ့မျော​နေတာကြောင့် ချီဟန် နဲ့ တုံ ကပဲ ထိုရက်တွေမှာ ဂရုစိုက်ပေး ထားတာပဲ ဖြစ်လေတယ်။

အဲ့အချိန်အတွင်းမှာပဲ ကျားဖြူ ကနေ ပါလာတဲ့ လူတွေ အများကြီးက ပင်းကို တွေ့ဖို့ နေ့တိုင်း လာကြလေတယ်။ ကျင်း က လူတိုင်းရဲ့ ထင်မြင်ချက် တွေကို ပင်းဆီ ပြောပြ ပေးလေတယ်။ သူတို့က ပင်းကို သူတို့ရဲ့ ခေါင်းဆောင် အဖြစ်နေပြီးတော့ ကျားဖြူ မျိုးနွယ် ကို ပြန်လည် တည်ဆောက် ခိုင်းဖို့လို နေခဲ့တယ်။

ပင်း က အရမ်းကြီး မအိုသေးပေ ပြီးတော့ ဘဝရဲ့ အထွတ်အထိပ် ကာလ လို့တောင်မှ ပြောလို့ရလေတယ်။ ဒါပေမယ့် ပင်း ကတော့ ပင်ပန်း နွမ်းနယ် တယ်လို့ ခံစားနေရပြီးတော့ သူဟာ အနားပဲ ယူလို ခဲ့တယ်။

ပင်းဟာ ချီဟန် တစ်ယောက် သူ့လူတွေ ပေါ်မှာ ထားတဲ့ သဘောထားတွေကို တွေ့ပြီး ကတည်း က သူဟာ ချီဟန်ထက် ပိုကောင်းအောင် လုပ်နိုင် လိမ့်မယ် ဆိုပြီးတော့ မထင်ပါပေ။ ဒီလိုသာဆို သူတို့မျိုး နွယ်စုတွေ အတူတူ စုပေါင်း လိုက်တာ က ပိုကောင်းမယ်လို့ သူထင်မိတယ်။ တကယ်လို့ သူ့လူတွေသာ ငြိမ်ချမ်းကြွယ်ဝတဲ့ ဘဝ ကိုရမယ် ဆိုရင် သူ့အတွက် ခေါင်းဆောင် ဆိုတဲ့ နေရာ မရလည်း အဆင်ပြေ ပါတယ်။


'' ကျင်း ။ ငါက ပင်ပန်းနေပြီ။ ချီဟန်နဲ့ တုံ က ငါ မြင်ဘူး သမျှ ထဲမှာ အကောင်းဆုံး မျိူးနွယ်စု ခေါင်းဆောင်နဲ့ စုန်းမ ပဲ။ ငါက သူတို့ ထက် ပိုကောင်းအောင် မလုပ်နိုင်ဘူး။ ဘာလို့များ ငါတို့က မျိုးနွယ် စုတွေ အတူတူ မပူပေါင်း လိုက်ရမှာတဲ့လဲ? ငါက ချောင်ယွမ် မျိုးနွယ် စုမှာပဲ အမြဲတမ်း နေဖို့ စီစဥ်ထား ပြီးသား။ မင်းတို့ကတော့ ကျားဖြူ မျိုးနွယ်ကို ပြန်တည်ဆောက် ဖို့ အစီအစဥ် ရှိနေတယ် မဟုတ်လား။ ငါတို့က လောင်ချီစီရဲ့ မျိုးရိုး စဥ်ဆက် ဖြစ်တာကရော ဘာအတွက် များတဲ့လဲ?  ငါတို့က မတူ ညီတဲ့ ကမ္ဘာတွေ မှာ နေထိုင် နေကြတဲ့ လူတွေ ပဲလေ။ တကယ်လို့ မင်း တို့သာ ကျားဖြူမျိုးနွယ် ကိုပြန်တည်ဆောက်မှ ဖြစ်မယ် ဆိုရင်တော့ သူတို့ကို မင်းကပဲ ဦးဆောင်ပြီးတော့ သာ ခေါ်သွားလိုက်တော့ ''

'' ခများ က ရယ်စရာ အတော်ပြောတာပဲ။ ကျုပ်က အဲ့လိုမျိုး ပြောတာ မဟုတ်ပါဘူး။ ကျုပ်က လည်း ကျားဖြူ မျိုးနွယ်သား အစစ်မှ မဟုတ်တာ။ ပြီးတော့ အဲ့ သားရဲလူသားတွေကို အဝေးဆီ ခေါ်သွား နိုင်လောက်တဲ့ အထိ အရည်အချင်း မရှိပါဘူး ဗျာ ''

ကျင်း က အနည်းငယ် စိတ်ပျက် သွားတယ်။ အရင်တုံးက  သူနဲ့ ခုန်း တို့က တစ်ခြား မျိုးနွယ်စုတွေ အများကြီး ဆီကို လှည့်ပတ် သွားလာကြည့်ခဲ့တယ်။ အဲ့ထဲမှာမှ ကျားဖြူ မျိုးနွယ်က အသန်မာဆုံး အကြီးဆုံး အတောင့်တင်း ဆုံး ဖြစ်တဲ့ အတွက်ကြောင့်သာ သူတို့က ကျားဖြူ မျိုးနွယ်ကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ပဲ ဖြစ်လေတယ်။

'' ခုန်း က ဘယ်နေရာကို သွားတာလဲ? ''

ပင်း ထွက်သွားပြီးတဲ့နောက် ကျားဖြူရဲ့ ခေါင်းဆောင် က ခုန်း ဖြစ်လာခဲ့တယ်။ ဒီလောက် မတော်တဆ မှုအကြီးကြီး ဖြစ်ပြီးတော့တာတောင် မှပဲ သူ့ကို မမြင်ရသေးပေ။

'' ခုန်း ( ဆိုရာ) က အရင်ကတည်း က အဝေးကို ထွက်ပြေး သွားခဲ့ပြီ။ မြွေမဲက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး ဆိုတာကို သူသိပြီး ကတည်းက ထွက်ပြေး သွားခဲ့တော့တာပဲ ''

'' ဟမ့် သူက အရမ်းကို တစ်ကိုယ်ကောင်း ဆန်တယ်။ ပြေးတာမှ မြန်နေတာပဲ။ ဒီအရှုပ်အထွေး ကြီး ကြားထဲမှာ ငါတို့ကို ကျတော့ နာကျင်အောင် ပစ်ထား ခဲ့တယ်လေ။ ''

ပင်း က ခုန်း အပေါ် အရမ်းကို ကောင်းတဲ့ အမြင် ရှိလေတယ်။ ဒီလောက် တင်းကြပ်တဲ့ စည်းမျဥ်း ရှိတဲ့ ကျားဖြူ ခေါင်းဆောင် နေရာမှာ သူက ဆယ်နှစ်ကျော် နေနိုင်ခဲ့တယ်။ ခုန်း က ဘာတွေပဲ အဓိပ္ပါယ် ရှိတဲ့ အရာတစ်ချို့ လုပ်ခဲ့ပါစေ အခုတော့ ပင်းရဲ့ အမြင်မှာ တော့ ခုန်းအပေါ် အထင်သေး မှုတွေ ပဲ ကျန်တော့လေတယ်။

နောက်ဆုံးမှာတော့ ချီဟန် က မျိုးနွယ်စု ကိစ္စအရပ်ရပ်ကို ကိုင်တွယ် ပြီးတဲ့နောက် တုံ နဲ့ တိုင်ပင် ကာ ချန်ရှီးလေး ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ချက် ချလိုက်လေတယ်။ သူက ထို အသေးလေးရဲ့ မျက်နှာကို မတွေ့ရတာ အရမ်းကို ကြာသွားပြီလို့ ခံစားရပြီးတော့ ဟုန်ယွင် ပြောတာကိုလည်း ကြားရော သူ့မှာလည်း ကလေးကို ပြောစရာတွေ အများကြီး ရှိလာခဲ့တယ်။

'' ချန်ရှီးရေ ၊ မေမေ မင်းကို လာခေါ်ပြီ။ မေမေ့ဆီ လာပါအုံး ''

'' မလာချင်ဘူး ''

'' ဘာလို့လဲ? ''

'' မလာချင်ဘူး ၊ မလိုချင်ဘူး ''

............................................

Continue Reading

You'll Also Like

242K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
73.4K 4.9K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
815K 100K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
14.4K 2.3K 9
Started date:2/6/2023 End date: ????? Genres: Historical, Harem,BL own creation