တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (51. 2)

1.2K 172 0
By Kyiphyuswe

(51.2 )

ရှောင်ပိုင်ရဲ့ မျက်လုံးတွေ က အပြစ်ရှိစိတ်နဲ့ အစပိုင်း စိတ်ရှုပ်ထွေး မှုတွေကနေ လွတ်ထွက်လာတယ်။ ပြီးတော့ သူ့နှလုံးသား ထဲက ယို့ရဲ့ နေရာကို သူရှင်းရှင်းလင်းလင်း သိလေတယ်။

ရှောင်ပိုင် က ကျင့်ဝတ် မရှိစွာနဲ့ ထုတ်ပြောလာမှတော့ ပင်း နဲ့ ယန်မင်း တို့ နှစ်ပေါင်း များစွာ ခံစား လာခဲ့ရတဲ့ ဝေဒနါတွေက ဘာအတွက်လည်း?

ချီဟန် က ပင်းနဲ့ ယန်မင်း ဘက် က နေပြီးတော့ မခုခံမကာကွယ်ပေးပဲ မနေနိုင်တော့ပေ။

'' ယန်မင်း ကမင်းကို ရှာဖို့ သူ့ရဲ့ ဖျားနာနေတဲ့ ကိုယ်ကို ဆွဲ ပြီး နှင်းတောင်ပေါ် တက်ခဲ့ရတာ။ အဲ့ကတည်းက သူမမှာ ရောဂါ စွဲကပ်သွားပြီးတော့ အခုချိန်ထိ တောင် လုံးဝ မကုသ နိုင်သေးဘူး။ ဒါ့အပြင် မင်း က ကလေးဘဝ ကတည်းက မျိုးနွယ်စု စုန်းမရဲ့ စကားတစ်ခွန်းထဲကြောင့် နတ်ဘုရားတွေဆီ အပူဇော်ခံဖို့ သူ့ဆီကနေ လုယူခံလိုက်ရတာကွ။ ပင်း က မင်းအတွက် မျိုးနွယ်စု ခေါင်းဆောင်ကို တောင် သတ်ပေးပြီးတော့ မင်းကို ရှာဖို့ မျိုးနွယ်စုထဲကနေတောင် ထွက်ခဲ့ကြတာကွ။ ပြီးတော့ ဆယ်နှစ်ကျော် လေလွင့်သားရဲလူသားအနေနဲ့ မင်းကို လှည့်ပတ်ရှာနေခဲ့ကြတာ။ တကယ်လို့ မင်းသာ သူတို့နားမှာ ရှိရင် ယို့က ဘာလုပ်နိုင်မှာလဲ။ သူတို့ကလည်း မင်းကို အဲ့ထက်ကောင်း အောင်လုပ်ပေးမှာပဲ ။အဲ့တာကို နားကောလည်ရဲ့လား! ?''

ရှောင်ပိုင် က တစ်ခဏလောက် တိတ်ဆိတ်သွားပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ရုန်းကန် မှုတွေ ပြည့်နေခဲ့တယ်။

'' ဒါပေမယ့် ငါ ယို့ကို လျစ်လျူမရှုနိုင်ဘူး။ သူကပဲ ယို့ကို ကုသပေး နိုင်မှာ ''

'' အား..... မင်းဘာလုပ်တာလဲ ရှောင်ပိုင်၊ ​ရှောင်ပိုင် ငါ့ကိုကယ်ပါ....အား...''

ချီဟန်ရဲ့ လမ်းညွှန်မှု အောက်မှာ သူတို့တွေ အချင်းချင်း စောဒက တက်နေချိန် တုံ က မြွေမဲနောက်ကို တိတ်တိတ်လေး ကပ်သွားခဲ့တယ်။ ပြီးတော့ မြွေမဲရဲ့ တောင်ပံ တွေကို ကိုက်ပစ်ခဲ့တယ်လေ။ မြွေမဲရဲ့ တောင်ပံ က အရိုးပေါက်တွေ နဲ့မလို့ ကိုက်ရတာ လွယ်ကူလေတယ်။ အဲ့ဟာတွေက လင်းယုန်တွေရဲ့ အတောင်ပံ လိုပဲ။ မြွေမဲ က ရုန်းကန်ပေမယ့် နောက်ထပ်တစ်ဖက်ကို တစ်ခြားကျားသစ် ကပါ လာကိုက်လို့ မလွတ်နိုင်တော့ပေ။

( 🤣🤣 တုံလေး ကိုက်နေမယ့်ပုံကို မြင်ယောင်ကြ အမိတို့)

ကျင်း နဲ့ တစ်ခြား သူတွေက မြွေမဲကို အရမ်းမုန်းတီးနေကြတယ်လေ။ သူတို့က ဒီအခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံပါ့မလဲ?

ရှောင်ပိုင် က ထိုနေရာကိုကြည့်တော့ အုံလိုက်ကြီးတက်နေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ တောင်ပံကို ထုတ်စဥ် ခဏလေး အတွင်း မှာပဲ မြွေမဲမှာ အသားတွေတောင် ကောင်းကောင်း မကျန်တော့ပေ။

'' ရှောင်ပိုင် ၊ ရှောင်ပိုင် ငါ့ကို ကယ်ပါအုံး ''

'' မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ?''

ရှောင်ပိုင် က သူ့ရှေ့ မှာ စုပြုံပြီး အုပ်လိုက်ကြီး ကိုက်နေကြတဲ့ သားရဲလူသားတွေကို တုန်လှုပ်စွာ ကြည့်နေမိတယ်။ အဲ့နေရာမှာ လူတွေ အများကြီး ပဲ။ သူက သူတို့ကို မတားနိုင်ပေမယ့် သူက ယို့ အတွက် တွေးမိသွားလေတယ်။ သူက ခေါင်းကို ခါကာ သူ့ရှေ့က သားရဲလူသား အုပ်လိုက်ကြီးကို မောင်းထုတ်ပြီး သေခါနီး မြွေမဲကောင်ကို သူတို့ကြား ကနေ ဆွဲထုတ်လိုက်တယ်။

'' ကောင်းပြီ။ လူတိုင်း ဒီကိုလာကြတော့ ။ ''

ရည်ရွယ်ချက် က အောင်မြင်သွားတာ ကိုတွေ့တော့ ချီဟန်က တုံ တို့ကို မြန်မြန်လေး  ပြန်ခေါ်လိုက်တယ်။

'' ရှောင်ပိုင် ၊ သူက သူ့အပြုအမှုအတွက် ပြန်လည်ပေးဆပ် ရမယ်ဆိုတာ သိထားပါ ''

ချီဟန် က ယို့ ဘာဖြစ်တာ လဲ ဆိုတာ ကို မသိပေမယ့် ထိုမြွေမဲကောင်ရဲ့ အတောင်တွေနဲ့ အမှီးကို ဖျက်စီးပြီး အသက်ငွေ့ငွေ့ပဲ ​ကျန်တော့ရင် လုံလောက်ပါပြီ။ သူက လုံးဝကို မကြောက်တော့ပေ။ အဲ့သားရဲလူသားကောင်ရဲ့ မျက်နှာကတင်ကြောက်ဖို့ ကောင်းတာ မကဘူး စိတ်နှလုံးသား ကပါ ကြောက်ဖို့ ကောင်းလေတယ်။ သူကအရမ်းကို အန္တာရာယ်များတာကြောင့် အချိန်တိုင်း အနီးကပ် စောင့်ကြည့်ဖို့ရာ လိုအပ်လေတယ်။

တစ်ကြိမ်လောက်လေး သူ့မှာ ဆိုးတဲ့ အမူအရာလေး ရှိတာနဲ့တင် ချက်ချင်းတက်နိုင်သမျှ သုတ်သင် ခံလိုက်ရမှာ ပဲ ဖြစ်တယ်။

ယန် က အဲ့အချိန်မှာပဲ ရောက်လာခဲ့တယ်လေ။ သူက ဂူထဲမှာပဲ အချိန်အတော်ကြာတဲ့ထိ မစောင့်နိုင်ခဲ့ လို့ပဲ ဖြစ်လေတယ်။ အဲ့ကောင်ငယ်လေး နဲ့ မို တို့က ထောင့်နားလေး မှာ အတူတကွ ရပ်နေခဲ့ကြတယ်။

ချီဟန်က ထို မြွေမဲကောင် လုပ်မယ့်ဟာတွေကို စောင့်ကြည့်ခိုင်းဖို့ ဘေးပတ်ဝန်းကျင်က သားရဲလူသားတွေကို ဝေ့ကြည့်လိုက်တော့ သူက မိုနဲ့ ယန်ကိုတွေ့သွားပြီး လျှို့ဝှက်စွာ သွားခေါ်ခဲ့တယ်။

ချီဟန် က ယန် နဲ့ မို ကို ကြည့်ကာ ရှောင်ပိုင်ကို ကြည့်လိုက်တယ်။ အဲ့လိုမျိုး ၂ ကြိမ်လုပ်ပြလိုက်တယ်။ ယန် နဲ့ ချီဟန် က အချင်းချင်း အကြိမ်ရေများများ ကြည့်လိုက်ပြီးတော့ သူတို့ကြားထဲမှာ တစ်ချို့သူတွေ မသိနိုင်တဲ့ နားလည်မှု တစ်ခု ရသွားလေတယ်။
ပြီးတော့ သူက ရှေ့ကို တစ်လှမ်းတိုးလိုက်လေတယ်။

'' ဒါက လုံလောက်ပြီလို့ ငါထင်တယ်။ ပြီးတော့ သူ့ကို ပြန်လည်ပြင်ဆင်ခွင့် ပေးသင့်ပါတယ်။ ရှောင်ပိုင် က ငါတို့ ကျားဖြူ မျိုးနွယ်ရဲ့ ခေါင်းဆောင် ဖြစ်သင့်တဲ့သူပဲလေ။ သူချတဲ့ ဆုံးဖြတ်ချက် ကို ငါတို့ လိုက်နာ ရမှာပေါ့ ''

ယန် က ရှောင်ပိုင် ဘေးနားကို လျောက်သွားလိုက်တယ်။ သူတို့ နှစ်​ယောက်လုံး က အသက်အရွယ် တူပေမယ့် ယန် က ရှောင်ပိုင် ထက် ပိုပြီးတော့ ထက်မြက်လေတယ်။ ရှောင်ပိုင်ရဲ့ ကြီးပြင်းမှု အတွေ့အကြုံ က အရမ်းကို ရိုးစင်းလွန်းတယ်လေ။

ထို ကလေး ယန် ရဲ့ စိတ်က အရမ်းထက်မြတ်ပြီးတော့ သူ့နှလုံသားထဲမှာတော့ ရှောင်ပိုင်ကို မထီမဲ့မြင်မှုတွေ နဲ့ ပြည့်နေလေတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီစကားကိုတော့ ဘယ်သူမှ ထိုတစ်ခဏ အတွင်း မချေပ နိုင်ပေ။

'' ရှောင်ပိုင် က ငါတို့ ကျားဖြူ ရဲ့ အောင်နိုင်သူ ဆိုတာ မှန်ပေမယ့် ပင်းရောပဲလေ။ အဲ့မြွေမဲတစ်ရက် အသက်ရှင်နေသရွေ့ ငါက မျိုးနွယ်စု ကို ပြန်မလာဘူး။ ငါ က ပင်းရဲ့ နောက်ကို ပဲလိုက်မယ်။ ''

ကျင်း က ဒေါသ ထွက်စွာနဲ့ ချောင်ယွမ် မျိုးနွယ်စု ဘေးဆီ လျောက်သွားလိုက်တယ်။ သူက သူ့ရဲ့ အသက်ရှုမှုတွေကို ထပ်ပြီးတော့ မြိုမချနိုင်တော့ပေ။ သူက မြွေမဲ ရဲ့ အသားကို အစိမ်းလိုက်တောင် ဝါးစားချင်နေတာလေ။ ပြီးတော့ ကျားဖြူ ဘက်ကနေ စိတ်ထိုင်းမှိုင်းစေတဲ့ မြက်တွေ နေ့တိုင်း တွန်းအားပေးပြီး အကျွေးခံ ရတဲ့ သားရဲလူသား တစ်ရာကျော် ကလည်း ကျင်း အနောက်က လိုက်ကာ ချောင်ယွမ် ဘက်မှာ ရပ်လိုက်ကြတယ်။

ရှောင်ပိုင်ရဲ့ ပုံစံ အသစ် က သူတို့ကို စိတ်လှုပ်ရှားစေ ပေမယ့်လည်း အဲ့တစ်ချိန်ထည်း မှာပဲ သူတို့ကို စိတ်ပျက် စေခဲ့တယ်။ ရှောင်ပိုင် က ခေါင်းကို လှည့်ကာ မျက်တောင်တစ်ခက် အတွင်း စိတ်ပျက်သွားပြီးတော့ ကျားဖြူ ရဲ့ မျိုးနွယ် စုစုန်းမ ဆီကို သွားလိုက်တယ်။

'' သူ့ကိုကယ်ပေး ''

သူ့ရဲ့ မျက်လုံးတွေ က ငြိမ်နေပြီးတော့ လှိုင်းမထန်နေပေ။ သူက ခေါင်းဆောင်ရာထူး အတွက် စိတ်လုံးဝ မရှိပေ။ အဲ့မြွေမဲ မသေသရွေ့တော့ ယို့လည်း ပြန်ကောင်းလာမှာ ပဲ ဖြစ်တယ်။

ချီဟန်က အနောက်ကို ပြန်လှည့် ကြည့်ပြီးတော့ အခုချိန်ထိ သတိပြန်မလည်လာသေးတဲ့ ယန်မင်းနဲ့ ပင်းကို ကြည့်လိုက်တယ်။ သူက အရမ်းကို စိုးရိမ်ပြီး မသက်မသာ ဖြစ်မိတယ်။ သူတို့ရဲ့ သနားစရာကောင်းတဲ့ ချစ်လှစွာသော သားအတွက်ပေါ့လေ။

ရှောင်ပိုင် က သူတို့ကို အချိန်တို အတွင်း လက်ခံ မှာ မဟုတ်သလို ။ တကယ်လို့ လက်ခံခဲ့ရင်တောင်မှ သူတို့ မိဘနဲ့ ကလေး ဆက်ဆံရေး က နီးကပ်မှာ မဟုတ်ပေ။

ချန်ရှီးလေး လည်း ကြီးလာရင် ဒီလိုရွေးချယ်မှုမျိုး ကြုံရမလားဆိုတာကိုတော့ သူမသိပေ။ သူမလေး ကို သူက အတင်းမွေးစား ခဲ့တာ မဟုတ်ပေမယ့်လို့ သူ့ရဲ့ချစ်ခင်မှုတွေ မြုပ်နှံပြီး ပြုစု ပျိုးထောင်ထားတဲ့ သမီးလေး က အဆုံးမှာ သူ့ရဲ့ မွေးမိဘတွေကိုပဲ ရွေးချယ်သွားမယ်လို့ တွေးတာ နဲ့တင် သူ့စိတ်ထဲ နေလို့ မကောင်းတော့ပေ။

အိုက်ယား!

အနာဂတ်မှာ သားရဲလူသားတွေ ပိုပြီး ကောင်းမွန်လာဖို့ မျှော်လင့်တယ်။ ပြီးတော့ မျိုးနွယ်စု စုန်းမ တွေရဲ့ လျစ်လျု ရှုမှုတွေနဲ့ ကလေးငယ်တွေကို မိဘတွေနဲ့ ခွဲစေတာ မျိုးတွေ မဖြစ်စေဖို့ပဲ မျှော်လင့်မိလေတယ်။

...................................

Continue Reading

You'll Also Like

74.6K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
14.4K 2.3K 9
Started date:2/6/2023 End date: ????? Genres: Historical, Harem,BL own creation
405K 13.2K 17
My priority /property/privacy
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke