(51. 1)
ချောင်ယွမ် မျိုးနွယ်က အထုပ်အပိုး တွေ ပြင်ပြီး သွားပြီ ပဲ ဖြစ်လေတယ်။ သူတို့ ထွက်သွားတော့မယ့် အချိန်ကျတော့မှ အဝေးကနေ မသဲမကွဲ ပုံရိပ် နှစ်ခု က ပျံ သန်းလာတာကို တွေ့ရလေတယ်။ အဲ့တာ ကတော့ အဖြူ တစ်ယောက်နဲ့အမဲ တစ်ယောက် တို့ပဲ ဖြစ်လေတယ်။
လူတိုင်းက လိမ်မာပါးနပ်စွာနဲ့ လူနာထမ်းယာဥ်တွေကို မြေပြင်ပေါ် ချပေးကာ ကောင်းကင်ပေါ်ကို ကြည့်နေကြလေတယ်။ အဲ့ ပုံရိပ် နှစ်ခု က ဖြစ်နိုင်ပါ့မလား......... ။
သူတို့တွေ တစ်ဖြေးဖြေး နီးကပ်လာတဲ့ အချိန်မှာတော့ လူတိုင်းက သူတို့ကို သေချာ မြင်တွေ့ နေရပြီ ပဲ ဖြစ်လေတယ်။ အသေအချာကိုပဲ ထိုပုံရိပ် နှစ်ခု က ရှောင်ပိုင် နဲ့ မြွေမဲ တို့ပဲ ဖြစ်တယ်။
ဘယ်လို တွေ ဖြစ်ကုန်တာလဲ?
မြွေ မဲ က ဘာလို့ အသက်ရှင် နေဆဲ ရှိနေသေးတာလဲ?
ရှောင်ပိုင် က လူအုပ်ကြား ထဲကို ဆင်းလာပြီးတော့ လူနာထမ်းစင်ပေါ် က ပင်းနဲ့ ယန်မင်းကို တစ်ချက် ကြည့်ကာ ပြီးတော့ ချီဟန်ကို ပြန်ကြည့်လိုက်တယ်။
ကြောင်အ နေတဲ့ လူအုပ်ကြီး ကို လျစ်လျူ ရှုပြီးတော့ သူက လှည့်ကာ ကျားဖြူမျိုးနွယ်ရဲ့ စုန်းမ ဘေးကို လျောက်သွား လိုက်လေတယ်။ ပြီးတော့ မြွေမဲ ကလည်း ရှောင်ပိုင် နောက်ကနေ ကပ်ပြီးတော့ လိုက်သွားလေတယ်။
'' မျိုးနွယ်စု စုန်းမ ကျေးဇူးပြုပြီးတော့ သူ့အနာတွေကို ကုသပေးပါ''
ရှောင်ပိုင် က မြွေမဲ ကို လက်ညှိုး ထိုးကာ ပြောလိုက်တယ်။
သားရဲလူသား တွေက တုန်လှုပ်သွားလေတယ်။ သူတို့ရဲ့ အချိန်တွေ အကုန်ရပ်တန့် သွားသလိုပဲ။ လူတိုင်း က မလှုပ်ရှား ကြပေ။ ပြီးတော့ လူတိုင်း ကမိုးကြိုးပစ်ချ ခံလိုက်ရသလိုမျိုး အတောင့် လိုက်ကြီးတွေ ဖြစ်နေခဲ့တယ်။
ဘာများသွားတာလဲ?
အချိန်တို အတွင်း မှာ ဘာတွေ ဖြစ်ကုန် တာလဲ??
ရှောင်ပိုင် က ငတုံးလား?
'' ရှောင်ပိုင် ၊ သူက သေသင့်တဲ့ အပြစ်သားပဲ။ ဘာလို့ သူ့ကို ကုသပေးရမှာလဲ? ''
ကျင်း က အရမ်းကို ဒေါသ ထွက်သွားပြီးတော့ အရှေ့ကို တစ်လှမ်းတိုးကာ မေးခွန်းကို ဦးဆောင်ပြီး မေးလိုက်လေတယ်။
အဲ့မျိုးမစစ်ကောင် က မျိုးနွယ်ကို များစွာ ထိခိုက်စေ ပြီးတော့ သားရဲလူသား တွေ အများကြီးကို သတ်ခဲ့တာလေ။
ဘာလို့ သူ့ကို ကုသ ပေးရမှာလဲ?
သူ့ကို ဘာလို့ မသတ် ရတာလဲ?
'' ဦးလေး ကျင်း သူက အဲ့တာကို ကုသ နိုင်တယ် လို့ ပြောတယ် ''
သူတို့က သားရိုင်း တစ်ဝက် ဖြစ်သွားပြီလေ!
ကုသ လို့ရော ရသေးတာလား?
ထိုနေရာမှာ လူပြောင်းပေး ဖို့ အချိန်မရတော့တာကြောင့် သားရိုင်းတစ်ဝက်တွေ ဖြစ်သွားတဲ့ လူတွေ အယောက် ၃၀ ကျော် ရှိနေခဲ့တယ်။
ကျင်း က သူ့ရဲ့အသက်ရှုသံကို ရင်ထဲမှာ ထိန်းထား ရလို့ အတော်လေး မသက်မသာ ဖြစ်လာခဲ့တယ်။ ပြီးတော့ သူကလည်း သားရိုင်း တစ်ဝက်တွေ ပြောင်းသွားတဲ့ လူတွေကို လျစ်လျး မရှုနိုင်ပါပေ။
ဒါပေမယ့် အခုတော့ သားရဲတစ်ဝက်နဲ့ အမျိုးသမီးကို ဒဏ်ရာ ရစေတဲ့ ကိစ္စအပြင် သားရဲလူသားတွေကို သေစေခဲ့တဲ့ ကိစ္စ ကိုပါ ဘယ်လို စာရင်းရှင်းကြတော့မလဲ?
သူ့ရဲ့ ဘဝကို အဲ့တာတွေအတွက် အဖို့အခ အဖြစ် မယူနိုင်တော့ဘူးလား?
လှည့်ဖျား တက်တဲ့ မြွေမဲ ရဲ့ မျက်နှာပေါ်မှာ နောင်တ ရတဲ့အရိပ်အယောင် တွေလုံး ဝမရှိပဲ လူတိုင်းကို ဝေ့ကြည့်ကာ နောက်ဆုံးမှာတော့ ချီဟန်ရဲ့ အပေါ်မှာ အကြည့်တွေ ရပ်တန့်သွားလေတယ်။
ဒီတစ်ကြိမ်မှာတော့ ချီဟန် က သူ့ရဲ့ နောက်ကျော ကနေ အေးစိမ့် သွားရုံသာ မကတော့ပေ။ သူ့တစ်ကိုယ်လုံး ကြက်သီးတွေ ထလာခဲ့လေတယ်။
မြွေမဲ က အခု ဒဏ်ရာ ရနေတယ် ဆိုပေမယ့် သူ့ဒဏ်ရာတွေကို ပြန်ကုသ ပြီးသွားတာနဲ့ မရေမတွက်နိုင်တဲ့ ပြဿနာတွေက ပိုပြီးတော့ များပြား စွာလုပ်လာနိုင်တယ်။
ရှောင်ပိုင် က အရမ်းကို ရိုးစင်းပြီးတော့ လှည့်ဖျား အသုံးချ ရတာ လွယ်ကူလေတယ်။
ချီဟန် က လှည့်ပြီးတော့ တုံ ရဲ့ အနားဆီ တိုးကပ်သွားကာ ခပ်တိုးတိုး ပြောလိုက်ပြီးတော့မှ သူက အရှေ့ကို တစ်လှမ်းတိုးကာ ပြောလာလေတယ်။
'' ရှောင်ပိုင် မင်းက လူတွေကို ကုသဖို့ သူ့အပေါ် မှီခို နိုင်ပါတယ်။ ဒါက ဘာမှ မှားမနေပါဘူး။ ဒါပေမယ့် သားရဲ တစ့ဝက်တွေနဲ့ အမျိုးသမီးတွေကို နှိပ်စက် ညှင်းပန်းတာ ၊ အနိုင်အထက်ပြုကျင့်တာတွေနဲ့ သားရဲလူသားတွေ သေစေခဲ့တာကို မင်းဘယ်လို ရှင်းပြ မှာလဲ? ''
ရှောင်ပိုင် က မျက်မှောင်ကြုတ်လိုက်တယ်။
'' သေသွားတဲ့ လူတွေက ပြန်ပြီးတော့မှ မရှင်နိုင်တော့တာလေ။ ငါတို့က ဘဝကို ကရှေ့ဆက် ရှင်သန် သွားဖို့ လုပ်ရမှာပဲ ''
သူက ခေါင်းကို တိုက်ရိုက်လှည့်ကာ ချီဟန် ကို လျစ်လျူ ရှုလိုက်ပြီးတော့ လူအုပ်ကြီးရဲ့ ဒေါသထွက်နေတဲ့ အမူအရာတွေ ကိုလည်း လျစ်လျု ရှုလိုက်တယ်။
ရှောင်ပိုင် ရဲ့ မှတ်ဉာဏ်အများစု က ဂူထဲ မှာပဲ ဖြစ်လေတယ်။ အဲ့ထဲမှာ ဒီလိုမျိုး ဆူညံနေတဲ့ လူအုပ်ကြီး မရှိတဲ့ အပြင် လူတွေ နဲ့ ပြောဆို ဖို့ အတွေ့အကြုံတွေ မလိုအပ်ပါပေ။ သူက တကယ်ကြီး တစ်ခြားသူတွေ နဲ့ ဘယ်လို ဆက်သွယ် ပြောဆို ရမလဲ ဆိုတာ ကို မသိခဲ့ပေ။
သူ့မှတ်ဉာဏ်ထဲက အကောင်းဆုံး အမှတ်တရ ကတော့ အပြင်ဘက် ကနေ အချိန်တိုင်း ကူညီပေးခဲ့ကြတာ ကိုပဲ။ ပစ္စည်းအသစ်တွေကို ယူလာပေးကြတယ်။ ရှောင်ပိုင် ဟာ ကလေး ဘဝ ကတည်း က မျိုးနွယ်စု ထဲက သားရဲလူသား တစ်ယောက် ဘယ်တော့မှ မဟုတ်ခဲ့ပေ။ သူ့ရဲ့ မျက်ဝန်းထဲမှာ နှင်းတောင်တန်း ကြီးပဲ ရှိနေပြီးတော့ နှင်းတောင်တန်း ရဲ့ တစ်ခြား တစ်ဖက်မှာ ဘာတွေ ရှိနေသလဲ ဆိုတာ ကို သူမသိခဲ့ပေ။
သူကြီးပြင်းလာလို့ မျိုးနွယ်စုကို ပြန်တဲ့ အချိန်မှာ သူ့ရဲ့ နှလုံးသား ထဲမှာ ကြောက်ရွံလာခဲ့တယ်။ သူရှာတွေ့ သွားတာကတော့ ယို့ အပြင် တစ်ခြား သူတွေ ကပါ သူ့ကို သိတယ်ဆိုတာ ပါပဲ။ သူတို့တွေက ပွေ့ဖက်ပြီးတော့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ပျော်ရွင်စွာ စကားပြောကြတယ်။
မျိုးနွယ်စုကို ပြန်ပြီးတာနဲ့ ယို့ က ပြန်ပြုံးလာခဲ့တယ်။ အဲ့တာ က တဖြေးဖြေး တိုးပွားလာခဲ့တယ်။ သူ့မှာ လုပ်စရာ ကိစ္စတွေ အများကြီး တိုးလာခဲ့ပြီးတော့ ယို့ရဲ့ အချိန်တွေ က သူ့အပိုင် မဟုတ်တော့တာ အကြာကြီး ရှိနေခဲ့ပါပြီ။
ရှောင်ပိုင် က အရမ်းကို ဒေါသ ထွက်ခဲ့တယ်။ ယို့မှာ လူတွေ အများကြီး ရှိပေမယ့် သူ့မှာတော့ ယို့ တစ်ယောက်ပဲ ရှိတာလေ။ သူက ယို့အဝေးမှာ သီးခြားဝေးနေလိုက်တာနဲ့ သူက ယို့ရဲ့ အဝေးမှာ အမြဲတမ်း ရောက်သွားတော့တယ်။ သူက သူနဲ့ သက်တူ ရွယ်တူ တွေနဲ့ ဝေးဝေး နေပြန်တော့လည်း သူတစ်ယောက် ထဲပဲ အထီးကျန်နေခဲ့ရတယ်။
သူက ယို့ဟာ သူ့ရဲ့ စိတ်ဆိုးမှုကို သတိထားမိပါစေလို့ မျှော်လင့်မိခဲ့တယ်။ သူက တဲဆီကိုတောင် ရက်အနည်းငယ် ပြန်မအိပ်ပဲ နေခဲ့လေတယ်။ သူလည်းပြန်လာရော ယို့ က သူ့ကို လုံခြုံရေးကို ဂရုစိုက်ဖို့ပဲ ပြောလာခဲ့တယ်။ ဒါ့အပြင် ထပ်မရှိတော့ပေ။
ရှောင်ပိုင် က အလုပ်တွေ ကြိုးစားခဲ့တယ်။ ယို့ ရဲ့ အာရုံကို ပြန်ဆွဲယူနိုင် မလားလို့ပေါ့ ။ ဒါပေမယ့် မရခဲ့ပေ။ သူက တဖြေးဖြေး ကြီးလာလေလေ ယို့က သူ့အပေါ် ဂရုစိုက်မှု က နည်းသထက် နည်းလာလေလေ ပဲ ဖြစ်လေတယ်။
နှစ်ယောက်လုံး ရန်ဖြစ်တဲ့ အချိန်တစ်ချို့ ရှိနေပြီးတော့ တစ်ချို့အခါတွေ မှာဆို ရင် ယို့ က သူ့ကို ရိုက်တောင် ရိုက်ချင်နေခဲ့တယ်။
သူဟာ ရှောင်ပိုင်ရဲ့ အဖေလည်း မဟုတ်သလို အမေ လည်း မဟုတ်ဘူး ဆိုတာ သိပါတယ်။ ပြီးတော့ သူ့ကို ပျိူးထောင်ပေးခဲ့တဲ့ လူတွေထဲက တစ်ယောက် ဆိုတာကိုရောပေါ့။ ဒါပေမယ့် ရှောင်ပိုင် က သူမရှိပဲ မနေနိုင်ပါပေ။
သူ့ရဲ့ ခြေထောက်ကို မတော်တဆ ကျိူးစေ ပြီးကတည်း က ရှောင်ပိုင်ဟာ ယို့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။
သူ့နဲ့ ဆံပင်အရောင်တူ တဲ့ သားရဲလူသား ပင်းနဲ့ မျက်လုံးအရောင်တူ တဲ့ အမျိုးသမီး ယန်မင်း တို့ကို တွေ့ခဲ့ရတယ်။ အဲ့တာတွေ အကုန်လုံး ကပဲ သူ့ကို တုန်လှုပ်ကြောက်လန့် စေခဲ့တယ်။ ယို့က သူ့ကို ထပ်ပြီးတော့ ဘာလို့ မလိုချင်တော့တာ လဲ ဆိုတော့ သူက သူများရဲ့ ကလေး ဖြစ်နေလို့ပေါ့လေ။
အမေ က သူ့အပေါ်ကို အရမ်း ကြင်နာ ပါတယ်။ သူ့မှာ ဒီလောက်အေးတဲ့ မိုးရာသီမှာ ကောင်းမွန်ခြောက်သွေ့တဲ့ အဝတ်အစားတွေ မဝတ်နိုင်သလို ဒီလောက် ကွက်တိကျနေတဲ့ ဖိနပ်တွေလည်း မဝတ်ဘူးပါပေ။
ယို့ က တစ်ခြားသူတွေဟာ သူ့ကို ကောင်းကောင်း ဆက်ဆံတာကို သိသွားမှာ သူကြောက်နေခဲ့တယ်။
ယို့ က သူ့ကို မလိုချင်တော့မှာ ကြောက်နေလို့ပဲ ဖြစ်လေတယ်။ ဒါကြောင့် သူက ချောင်ယွမ်မျိုးနွယ်စု ကနေ တိတ်တိတ်လေး ထွက်ပြေးလာခဲ့တယ်။
ရှောင်ပိုင် က အရူးအမူးနဲ့ ကျားဖြူမျိုးနွယ်ဆီ ပြန်လာကာ ယို့ကို လာတွေ့လိုခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ သူမတွေ့တော့သလို သယ်သူကမှ သူ့ကို ဂရုမစိုက် တော့ပေ။
ယို့ က လုံးဝ ကို ပျောက်သွားတော့တယ်။ အဲ့တစ်ည မတိုင်ခင်ပေါ့လေ။ မြွေမဲ ဦးဆောင်လာတဲ့ သားရိုင်းတစ်ဝက် ထဲမှာ ယို့ကို သူတွေ့ခဲ့တယ်။ သူ့အမြင်လုံးဝ မမှားနိုင်ပေ။ အဲ့တာ က ယို့ပဲ ဖြစ်ရမယ်။
သေသင့်တဲ့ မြွေမဲ က ယို့ကို အဲ့အတိုင်း ပြောင်းလဲ ပစ်လိုက်တယ်လေ။
ရှောင်ပိုင် က သူ့မှာ မြွေမဲကို သတ်ပြီး ယို့ကို ပြန်ခေါ် လာနိုင်မယ့် အရည်အချင်း မရှိဘူး ဆိုတာကို သိပါတယ်။ ဒါပေမယ့် သူက ချောင်ယွမ် ကလူတွေနဲ့ ကျားဖြူထဲက လူတွေက မြွေမဲကို ကျရှုံးအောင် လုပ်မယ် ဆိုတာ ကို သိပါတယ်။ ဒါကြောင့် အဲ့အချိန်ထိ စောင့်ပြီးတော့ ယို့ကို ခိုးထုတ်လာချင်ခဲ့တယ်။
သူက သစ်ပင် အကြီးကြီးမှာ ပုန်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ ယန်မင်းဟာ မြွေမဲရဲ့ တောင်ပံနဲ့ အရိုက်ခံ ရပြီး လွင့်သွားတာကို မြင်တော့ သူ့ရဲ့ စိတ်တွေက ပျောက်ဆုံးသွားလေတယ်!
အဲ့အချိန်မှာပဲ သူက ထိုလူ့ကို သတ်ပစ်ချင်ခဲ့တယ်လေ!
ချီဟန် က သူ့ကို ရှောင်ကြဥ် သွားတဲ့ ရှောင်ပိုင်ကို ကြည့်ကာ ခေါင်းတွေ ကိုက်လာခဲ့တယ်။
ဒီကလေး ရဲ့ နှလုံသား ထဲမှာ ပင်း နဲ့ ယန်မင်း အတွက် နေရာကော ရှိသေးရဲ့လား!!
'' ဘာလို့ ယန်မင်းနဲ့ ပင်း က မင်းနဲ့ တူနေရသလဲ ဆိုတာ တွေးဘူးလား? သူတို့က မင်းရဲ့ မိဘတွ ဆိုတာကို မင်းနှလုံးသား ထဲကနေ ပြီးတော့ သိနေပြီးသားပဲ မဟုတ်ဘူးလား? ''
'' ငါ့အဖေ? ငါ့အမေ? ငါ့အဖေ က အကောင်းဆုံး။ ငါ့အမေ က အတော်ဆုံး။ တစ်ယောက် က ငါ့ကို အကောင်းဆုံး စကားပြောတက်အောင် သင်ပေးပြီးတော့ တစ်ယောက် က ငါ့ကို အကောင်းဆုံး လမ်းလျှောက်တက်အောင် သင်ပေးရမှာ။ ငါငယ်သေးတဲ့အချိန် ဖျားနာနေချိန်မှာ ငါ့ကို နှင်းတောင်ပေါ် စွန့်ပစ်ခဲ့တာကို ပြောတာလား ''
............
တနင်္ဂနွေ နေ့တိုင်း တင်သွားပါမည်
တင်ပြီးသမျှ ကနေ နှုတ်ပြီး အပြီးထိ ၂၅၀၀ ပါ ကျတော့ပါမယ်နော်