တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (50. 2)

1.3K 184 0
By Kyiphyuswe

(50.2)

လန် က ချီဟန် ဆီကို ဘေး ကနေ ဒယိမ်းဒယိုင် လျောက်ပြီးတော့ လာခဲ့လေတယ်။ တကယ်လို့ လင်းယုန်တောင်ပံ ကျိုးသွား ခဲ့တယ် ဆိုရင် အဲ့တာက ထိုသားရဲလူသား ကို သတ်ပြစ်လိုက်တာ နဲ့ အတူတူ ပါပဲ။

ချီဟန်က ခြေထောက် ကျိုးတာကို တောင် ကုသပေးနိုင်တာလေ။ ဆိုတော့ သူက တောင်ပံလေး ကျိုးတာကိုလည်း ကုသ ပေးနိုင်ရမှာပေါ့လေ။

'' တုံ ၊ မင်း ဒီမှာ ခဏနောက် လဲနေနော်။ မလှုပ်ရဘူးနော်။ ငါတစ်ခြား ဒဏ်ရာ ရနေတဲ့ သားရဲ လူသားတွေကို သွားပြီးတော့ ကြည့်လိုက်အုံးမယ်''

'' ကောင်းပြီ ''

ချီဟန်က တုံရဲ့ ကြီးမားတဲ့ ကျားသစ်ခေါင်းကြီးကို သူ့ဒူးပေါ်ကနေ မြက်ခင်းပေါ်ကို အသာလေး ချပေးလိုက်တယ်။
ပြီးတာနဲ့ ပြန်လှည့်ကာ လန် ရဲ့ တောင်ပံတွေကို ကြည့်လိုက်တယ်။

'' ဒီကျိူးတဲ့ နေရာက သေသပ်တယ်။ အတောင်ပံကို ပြန်မသိမ်းပဲ ပြုပြင်ရမယ်။ ပြီးတော့ မင်းရဲ့ ဒဏ်ရာ ပြန်မကောင်းသေး သရွေ့ မင်းပျံသန်းလို့ မရဘူးနော်''

'' ကောင်းပြီ ''

ချီဟန်က သူ့လက်ထဲက ကျောက်လုံတံ ကို ယူလိုက်ပြီးတော့ အဲ့တာကို အလယ်ထဲက နေ နှစ်ခြမ်းပိုင်းကာ သူ့ခါးကြားထဲက အရိုးဓားကို ထုတ်လိုက်ပြီးတော့ ထို နှစ်ခုကို အချောသပ်ပြီးတော့ လန် ရဲ့ တောင်ပံ မှာ တွဲချည်ပေးလိုက်ကာ ဒဏ်ရာကိုတော့ သန့်ရှင်းတဲ့ သားရေစ နဲ့ ပိတ်ထား ပေးလိုက်တယ်။

'' ​အဲ့ မြွေအမဲကောင် ရသွားတဲ့ ဒဏ်ရာတွေက လုံးဝ မပေါ့ပါးဘူး။ သူက သွေးတွေ ထွက်နေတာကြောင့် သူ့ရဲ့ အပျံနှုန်းကို ထိခိုက်စေ နိုင်တယ်။ ဒါပေမယ့် ရှောင်ပိုင်က ပျံတဲ့ အတွေ့အကြုံ က သိပ်မရှိသေးဘူး။ ဘယ်သူတွေ ပျံနိုင်သေးလဲ ဆိုတာ ရှာလိုက် ပြီးကျရင် သူ့နောက်ကို လိုက်သွားခိုင်းလိုက် ''

'' ယွဲ့ နဲ့ ရွှမ်း က ပျံ နိုင်နေဆဲပဲ။ ငါ သူတို့ကို လက်နက်တွေ ယူပြီးတော့ သွားကူခိုင်းလိုက်မယ် ''

'' ကောင်းပြီ ''

ပင်း ကလည်း ချီဟန် နားမှာပဲ လှဲကျနေခဲ့တယ်။ ချီဟန်က ပင်းအနားကို ကပ်ကာ အသက်ရှုသေးလား ဆိုတာ ကို စစ်ဆေး လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ အသက်ရှုနေသေးတယ်။ ပင်းရဲ့ ရင်ဘက်က အရိုက်ခံ လိုက် ရတာကြောင့် အနည်းငယ် ချိုင့်နေခဲ့တယ်။ ချီဟန်ဟာ လက်နဲ့တောင် မထိ ကြည့်ပဲနဲ့ သူ့ရဲ့နံ ရိုးတွေ ကျိုးသွားတယ် ဆိုတာကို ပြောနိုင်လေတယ်။

အခု သူ စိုးရိမ်နေတာ ကတော့ ကျိူးသွားတဲ့ နံရိုးတွေက အဆုတ်ကို သွားပြီးတော့ ထိခိုက်စေ မှာကိုပဲ။ တကယ်လို့ အဲ့တာတွေက အတွင်းပိုင်း အင်္ဂါတွေကို သွားပြီး မထိခိုက်စေ ဘူးဆိုရင် သူ့မှာ အသက်ရှင်နိုင်မယ့် အလားအလာ ရှိတယ်။

ထို ကျိူးသွားတဲ့ အရိုးတွေကို ပြန်ပြုပြင်ဖို့ရာ အတွက် ချီဟန်က သေချာပေါက် အရေပြားကို ဖြတ်ဖို့လိုအပ်တယ်။ ဒါတွေ ပြီးမှပဲ သူစိတ်ချလက်ချ နားနိုင်မှာ ပဲ ဖြစ်တယ်။ ချီဟန်က ယန်မင်း ရဲ့ အသက်ရှုသံကို စမ်းကြည့်လိုက်တယ်။

တကယ်လို့ သူမသာ အသက်မရှုတော့ရင် ဒါက အန္တာရာယ်များသွား တော့မှာပဲ ဖြစ်တယ်။

ချီဟန်က လှုပ်ရှားမှု အကြီးကြီး မလုပ်ရဲပဲ သူမရဲ့ အရိုးတွေကို အရင်ဆုံး ပေါ့ပေါ့ပါးပါး စစ်ဆေး လိုက်တယ်။ တစ်ကိုယ်လုံးရဲ့ အရိုးတွေကို အပေါ်ယံ ကနေ ထိပြီး တော့ စစ်ဆေး ကြည့်ရသလောက် ကတော့ အကုန် ကောင်းမွန် နေလေတယ်။

ချီဟန် က သူ့မ အတွင်း ဒဏ်ရာ ရသွားမှာ ကိုပဲ စိုးရိမ်နေခဲ့တာ။ ထို ဒဏ်ရာမျိုးက လှုပ်ရှားလို့ မရပေ။ ဒါပေမယ့် အဲ့ ဒဏ်ရာတွေက ပိုပြီးတော့ ပျောက်ကင်းလွယ်တယ်လေ။

ချီဟန်က လန် ကို ယန်မင်းနဲ့ ပင်း အား ကြည့်ထား စေဖို့ ညွှန်ကြား ပြီးတဲ့နောက် သူက ကျန်တဲ့ သားရဲလူသားတွေ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေး ပေးတော့တယ်။

ပုံမှန်အားဖြင့် ဒဏ်ရာက သွေးထွက်များ နေတဲ့ သူတွေကို အရင်ဆုံး ဦးစားပေး ကုသလိုက်ကာ နောက်ပိုင်းမှာတော့ အရိုးကျိုးသွားတဲ့ သားရဲလူသား တွေကို ကုသပေးတာပဲ ဖြစ်လေတယ်။ နောက်ဆုံးမှာတော့ သူက အရေပြားပြင်းပြင်ထန်ထန် ထိခိုက်ထား တဲ့ သားရဲလူသားတွေကို ကုသပေး တာပဲ ဖြစ်လေတယ်။

ကျဲက ချီဟန် ဘေးမှာ မီးတုတ်ကိုင် ပြီးတော့ လိုက်ပြ ရလေတယ်။ ချီဟန် ခမျာ တစ်ညလုံး ကုသပေး နေရပြီးတော့ နောက်တစ်နေ့ ရောက်တဲ့ အချိန်ထိကို အလုပ်ရှုပ်နေဆဲပဲ။ သူက အကြမ်းဖျင်း အရေးပေါ် ကုသမှုတွေ လုပ်ပေး ပြီးတော့ ဒဏ် ရာရထားတဲ့ သားရဲလူသားတွေ အကုန်လုံးကို ကုသပေးခဲ့တာ ပဲ ဖြစ်လေတယ်။

ကျားဖြူ မျိုးနွယ် ရဲ့ စုန်းမ ကလည်း အသက်ရှင်လိုက်ကြီး ရှိနေပြီးတော့ သူလည်း တစ်ညလုံး အလုပ်ရှုပ်နေခဲ့လေတယ်။ အဲ့ဘက်မှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိနေသလဲ ဆိုတာ ချီဟန် မသိခဲ့ပေ။ အစကတော့ ချီဟန်က ထိုလူတွေကို ကုသရာ သွားပြီး ကူညီပေးချင်ပေမယ့်လည်း ထိုလူတွေက သူတို့ရဲ့ ကိုယ်ကျိုး စီးပွားအတွက် တစ်ခြားသူ တွေရဲ့ ဘဝ ကို သေခြင်း ၊ ရှင်ခြင်း အား ဂရုမစိုက် ပဲ လျစ်လျူ ရှုပြီးတော့ မကောင်းဆိုးဝါး ရဲ့ နောက်ကို လိုက်ခဲ့ တာကိုပြန်တွေး မိသွားတယ်။

ကျားတစ်ကောင် ဖြစ်ဖို့ရာ အတွက် ချီဟန်က သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးချင်လေတယ်။

တကယ်လို့ မင်းသာ မသန်မစွမ်း သားရဲလူသား ဖြစ်ရင်တောင်မှ ဒါက ကိစ္စကြီး မဟုတ်ပေ။ အင်အားကြီးတဲ့ သူတွေ က တစ်ခြားသူတွေ ကို နေရာတိုင်းမှာ အနိုင်ကျင့်လို့ ရတယ်လို့ အမြဲတမ်း တွေးနေလို့ မရဘူး။

ပင်းက ညလယ်ကြီး တုံးက တစ်ကြိမ် နိုးလာသေးတယ်။ ဒါပေမယ့် ချီဟန်က သူ့ကို ဒီအတိုင်းလေး နေဖို့ပဲ ပြောခဲ့တာ။ သူ့ရဲ့ဒဏ်ရာက လှီးဖွင့်ပြီးတော့ အရိုးတွေကို ပြန်တွဲချည် ရမှာပဲ ဖြစ်တယ်။ ဒါက ကွင်းပြင် ကျယ်ကြီးထဲမှာ ခွဲစိတ်မှု လုပ်ဖို့ မသင့်တော်ပေ။ သူ့ကို ပြန်ပြီး သယ်သွားဖို့ရာ ခိုင်ခံတဲ့ လူနာထမ်းစင် လိုအပ်လေတယ်။

ပင်း က အဲ့နေရာမှာ လဲနေပြီးတော့ မလှုပ်ရှားပေ။ သူမေ့မလဲသွားခင် တုံး ကတည်း က ယန်မင်း က သူ့ဆီ ပြေးလာခဲ့တာကို သူမသိခဲ့သေးပေ။ တကယ်လို့ ယန်မင်းသာ သူ့ဘေးမှာ လှဲနေမှန်း ပင်းသိသွားလို့ ကတော့ သူလှဲနေနိုင်တော့မှာ မဟုတ်ပေ။

ယန်မင်းက အသက်ဖျော့ဖျော့လေး ရှုကာ အရိုးတွေ အကုန်လုံး က ကောင်းမွန်နေခဲ့တယ်။ တစ်ခြားကိုယ်တွင်း အစိတ်အပိုင်း ဒဏ်ရာ ရသွားတာ ဒါမှမဟုတ် ခေါင်းကို ဒဏ်ရာ ရသွားတာ ဖြစ်နိုင်လေတယ်။

တကယ်လို့ အတွင်းပိုင်း ထိခိုက်သွားတယ် ဆိုရင်တော့ သူမ ၃ ရက်ထက် ပိုပြီးတော့ အသက်မရှင် နိုင်မှာကို ချီဟန် စိုးရိမ် မိလေတယ်။ တကယ်လို့ ခေါင်းသာ ထိခိုက်သွားလို့ ကတော့ အဲ့တာက ပိုပြီးတော့ ကုသ ရ ခက်ခဲ လာတော့မှာ ပဲ ဖြစ်တယ်။

တစ်ညလုံး အချိန်တွေ အကြာကြီး  နားပြီးတဲ့ အချိန်မှာတော့ တစ်ချို့ သားရဲလူသား တွေက အားအနည်းငယ် ပြန်ပြည့်လာကာ ဒဏ်ရာရပြီး မလှုပ်ရှား နိုင်သူတွေ ကို သယ်ဆောင်ရတဲ့ လူနာထမ်းစင်တွေကို သယ်ကာ မျိုးနွယ် စုဆီကို ဖြေးဖြေးချင်း ပြန်ကြလေတယ်။

ကျင်း က တုံနဲ့ ချီဟန် တို့ရှေ့မှာ ရပ်လိုက်လေတယ်။ သူက ဘယ်လို လုပ်ရမလဲ မသိတော့ပေ။ သူက ကျားဖြူ မျိုးနွယ်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ မျိုးနွယ်က အခုချိန်ထိ ကျန်ရှိနေဆဲပဲလား ဆိုတာကိုတော့ သူမသိတော့ပေ။

'' ချောင်ယွမ် မျိုးနွယ်စု ခေါင်းဆောင်။ ကျွန်တော်တို့ကို ကူညီပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ''

'' ရပါတယ်။ ငါတို့ ဒီတိုက်ပွဲကို တိုက်ခဲ့တာက မင်းကြောင့်ပဲတော့ မဟုတ်ပါဘူး''

'' ငါတို့ ၊ ငါတို့ မျိုးနွယ်က ဖျက်ဆီး ခံလိုက်ရပြီ။ ငါတို့မှာ အမျိုးသမီး တစ်ချို့နဲ့ သားရဲတစ်ဝက် တစ်ချို့ ရှိနေသေးတယ်........  ''

'' အဲ့အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ က ပြန်လည်အားပြည့်ဖို့ လိုအပ်နေသေးတယ် ပြီးတော့ မင်းတို့ မျိုးနွယ် နေရာက နေဖို့ မသင့်တော် တော့ဘူး ဆိုတာကို ငါတို့နားလည်ပါတယ် ။ ဒါကတော့ မင်းတို့ ဘာသာပဲ မင်းဆုံးဖြတ်ပါ! တကယ်လို့ မင်းတို့က သာ မျိုးနွယ် စုပြန်တည် ဆောက်မယ်ဆိုရင် မျိုးနွယ်စု ပြန်တည်ပြီးမှ အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ကို ပြန်လာခေါ်ပေါ့။ တကယ်လို့ မင်းတို့သာ မျိုးနွယ်စု ပြန်မတည်တော့ဘူး ဆိုရင် ငါတို့ မျိုးနွယ်ထဲ ဝင်ဖို့ အချိန်တိုင်း မင်းတို့ကို ကြိုဆို နေမှာပါ ''

ကျင်း က ချောင်ယွမ် မျိုးနွယ်မှာ နေခဲ့ဘူးတဲ့ အတွက်ကြောင့် မျိုးနွယ်စုက သူ့ရဲ့ အာရုံကို ဆွဲထား နိုင် ခဲ့တယ်။ ဒါပေမယ့် ကျားဖြူမျိုးနွယ်ကနေ အောင်နိုင်သူ ပေါ်ထွက်လာပြီ ဆိုမှတော့ တစ်ခြားမျိုးနွယ်ထဲကို ဝင်မလား ဆိုတာကို သူဆုံးဖြတ်ပိုင်ခွင့် မရှိတော့ပေ။

'' ဒါဆို လည်းချောင်ယွမ် မျိုးနွယ်ရဲ့ ခေါင်းဆောင် နဲ့ စုန်းမကို ကျေးဇူးတင်ပါတယ်။ ငါတို့ ကျားဖြူမျိုးနွယ်က လူတိုင်း နှစ်သစ်ခြင်း မခံရတော့ဘူးလေ။ တကယ်လို့ မင်းတို့ တစ်ခုခု လိုချင်ရင် ပြောသာ ပြောလိုက်ပါ။ ပင်း နဲ့ ရှောင်ပိုင် က ငါတို့ရဲ့ အောင်နိုင်သူပါ။ သူတို့က ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန် တဲ့သူတွေလေ။ တစ်ချို့ ဆုံးဖြတ်ချက်တွေ ကတော့ သူတို့ ပြန်လာပြီး ချမှတ်ပေးမှ ရမှာ မလို့ ငါတို့က စောင့်ရအုံးမှာ''

'' ငါ နားလည်ပါတယ်။ ဒါဆိုလည်း ။ နှုတ်ဆက်ခဲ့ ပါတယ်။ ''

'' နှုတ်ဆက် ပါတယ် ''

ယွဲ့ နဲ့ ရွှမ်း တို့က လောင်ရှန်းပေါ်ကို သွားတဲ့ မြွေမဲ နဲ့ ရှောင်ပိုင်တို့ နောက်ကို အမြန်နှုန်း မြှင့်ကာ လိုက်သွားလေတယ်။ လေ က ပိုပြီး ပြင်းလာလေလေ နှင်းက ပိုပြီး အေးလာ လေလေ သူတို့က မပျံသန်း နိုင်တော့ပေ။

သူတို့တွေက သူတို့ရဲ့ တောင်ပံတွေကို သိမ်းကာ လေနဲ့ နှင်းထဲမှာ ပဲ လမ်းလျောက်ရလေတော့တယ်။ ပြီးတော့ သူတို့ အဝေးဆီ လွင့်သွားမှာ ကိုလည်း စိုးရိမ် ရလေတယ်။

ရှောင်ပိုင်က ​မြွေမဲနဲ့ ​ခြေလှမ်းအနည်းငယ် သာ ကွာဝေး ပေမယ့် အခုချိန်ထိ သူမဖမ်းနိုင်သေး ပါပေ။ မြွေမဲရဲ့ ဒဏ်ရာတွေက အေးခဲ နေပြီးတော့ သွေးတွေ လည်း ထပ်မကျတော့ပေ။

ယွဲ့ က တကယ်ကြီး လမ်းထပ် မလျောက်ချင်တော့ပေ။ တကယ်လို့ သူတို့ ထပ်ပြီးတော့ လမ်းလျောက်လို့ ကတော့ အေးခဲ ပြီးတော့ သေသွားရလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ခြေထောက် က သူမပိုင်တော့ဘူး လို့ထင်ရလေတယ်။

'' ရှောင်ပိုင် လိုက်နေတာ ရပ်လိုက် ပါတော့ သူက ထပ်ပြီးတော့ မရှင်နိုင်တော့ဘူး ''

'' ရှောင်ပိုင် ၊ မင်း က ရှောင်ပိုင်လား ။ မင်းက ပုံစံ ပြောင်းနိုင်ပြီပေါ့? ''

မြွေမဲ ရဲ့ မျက်လုံးတွေက တောက်ပ သွားလေတယ်။ ထိုကလေးက ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတဲ့ထဲမှာ သူလည်း အပါအဝင် တစ်ယောက် ဖြစ်လေတယ်။ သူက ရှောင်ပိုင်ရဲ့ အားနည်းချက်ကို ရှင်းရှင်းလင်းလင်း သိလေတယ်။ သူက ထပ်ပြီးတော့ မတက်တော့ပဲ ရပ်လိုက်လေတယ်။

တကယ်လို့ သူထပ်တက် မယ်ဆိုရင် သူအသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ နတ်ဘုရားအို ကြီးက ဒီနေရာမှာ ရှိချင်ရှိနေမှာ။ မြွေမဲ က ရပ်ကာ ရှောက်ပိုင်ရဲ့ လက်သည်းတွေနဲ့ နှင်းထိ ဖိခံထားခွင့် ပေးလိုက်လေတယ်။

''ရှောင်ပိုင် မင်းက ယု ဘယ်နေရာမှာလဲ ဆိုတာကို မသိချင်ဘူးလား? ''

'' သူက ဘယ်နေရာမှာ လဲ ဆိုတာ ငါသိတယ်။ မင်း သွားပြီး သေလိုက်တော့! ''

ရှောင်ပိုင် က စကားပြော ပြီးတာနဲ့ သူ့ရဲ့ ခွန်အားကို အသုံးပြုလိုက်တယ်။

'' ရှောင်...ရှောင်....  ရှောင်ပိုင် ငါပြောတာကို နားထောင်ပါအုံး ''

မြွေမဲ က သေခါနီးလုအထိ လူးလွန့်နေကာ အသက်ရှုကြပ်နေခဲ့တယ်။

'' သူ... သူ..... သူ ကို ကယ်ဆယ်လို့ ရတယ်''

'' မင်းပြောတာ အမှန်ပဲလား?''

ရှောင်ပိုင်က သူ့ရဲ့ ခွန်အားကို မြွေမဲပေါ် ကနေ အနည်းငယ်လျော့ လိုက်တယ်။

'' ဟုတ်တယ်။ ဒါက အမှန်တွေပဲ ''

​မြွေမဲ က ပါးစပ်ကို ဖွင့်ပြီး အသက်ပြင်းပြင်း ရှုလိုက်တယ်။

အရမ်းကောင်းတာပဲ!

သူမသေတော့ဘူး! !

ရှောင်ပိုင်ရဲ့ အကာအကွယ်အောက် မှာဆို သူ အခုချိန်မှာ သူ လုံခြုံ သွားတော့မယ်။

..........................................................

တင်ပြီးသမျှ နှုတ်ပြီး အပြီးထိ ၂၅၀၀ ပဲ ကျသင့်တော့မယ်နော်

Continue Reading

You'll Also Like

249K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
138K 11.4K 138
Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yaoi, Harem, Xuanhuan Chapters 113 (+3 extr...
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023