တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (49. 1)

1.4K 200 4
By Kyiphyuswe

(49. 1)

ချီဟန်က သူ့အဝတ်အစား တွေကို တင်းကြပ်စွာ ပတ်ထားပြီးတော့ သူ့ကျောပေါ်ကို လေးနဲ့ မြား သယ်ဆောင်လိုက်ပြီး ယန်မင်းအား သူ့ရဲ့ ကျောက်ဖူးလှံတံ ထဲက တစ်ခုကို ပေးလိုက်လေတယ်။ ပြီးတော် နှစ်ယောက်သား ထွက်လာခဲ့ ကြတယ်။

'' မင်းတို့ နှစ်ယောက် အတွက် ဒီတောင်တန်းကြီးပေါ်က တောကို ဖြတ်ဖို့ဆိုတာ အန္တရာယ်များပြီး မလွယ်ကူဘူးနော်။ အဲ့တောင်ပေါ်မှာ တောရိုင်းကောင်တွေအများကြီး ရှိတယ် ''

သားရဲတစ်ဝက်နဲ့ အမျိုးသမီးတွေက အမဲလိုက်တဲ့ အတွေ့အကြုံ မရှိတာကြောင့် သန်မာမှု ကင်းမဲ့လေတယ်။ သားရဲလူသားတွေ က သူတို့ကို ပိတ်လှောင်ထားချိန် မှာတောင်မှပဲ သူတို့က မလွတ်မြောက် နိုင်ခဲ့ပေ။ မို က သူ့အမေ ကို ထိုင်ခိုင်းလိုက်ပြီးတော့ ယန် ကို ပြောလိုက်တယ်။

'' ယန် ၊ မင်းနေခဲ့။ ပြီးတော့ ငါက သူတို့ကို အပြင်ဆီ ခေါ်သွား လိုက်မယ်။ ''

ကျားဖြူမျိုးနွယ်က နေ ကမ္ဘာနှစ်ခြမ်းကွဲ ရလောက်အောင် ကျယ်တဲ့ ဟိန်း သံကြီးက အဝေးကနေကြား နေရလေတယ်။ ​မိုက ပြန်သွားချင်နေပြီးတော့ သူ့ရဲ့ ကြီးပြင်းလာရာ ဖြစ်တဲ့ ကျားဖြူ မျိုးနွယ် ကို ပြန်သွား ကြည့်လိုခဲ့တယ်။

သူက အဲ့နားကို သွားပြီးတော့ ကြည့်လိုကာ ဘာတွေ ဖြစ်သွားပြီ လဲဆိုတာကို သိလိုခဲ့တယ်။ မာနရှိတဲ့ ယောကျာ်း တစ်ယောက် အနေနဲ့ သူ့ကိုယ်သူ ဒီနေရာမှာပဲ ပုန်းနေခွင့်မပြုခဲ့ပေ။

အပြင်ဘက် က အသံကို လည်း ကြားလိုက်ရရော ယန်ရဲ့ နှလုံးသားက အရမ်းမြန်မြန်ခုန် သွားပြီးတော့ သွေးတွေ ကလည်း ဆောင့်တက် သွားလေတယ်။ သူလည်း ပြန်ပြီးတော့ ဘာတွေ ဖြစ်သွားပြီ လဲ ဆိုတာကို သိချင်နေခဲ့တယ်။ ဒီလို ကိစ္စမျိုး ဆိုတာက အရင်တုံးက တစ်ခါမှ မဖြစ်ဘူး ခဲ့ပေ။

ဒါပေမယ့် ယွမ်ယွမ် ၊ သူ့အမေနဲ့ သူ့အမ တို့က သူ့ကို ဒီနေရာမှာပဲ နေဖို့ ဆွဲထားခဲ့တယ်လေ။ တစ်ဖက်မှာ သူကြိုက်တဲ့ အမျိူးသမီးနဲ့ သူ့ဆွေမျိုးတွေ ၊ တစ်ဖက်မှာ ကျတော့ နှစ်ပေါင်းရာချီကြာရင်တောင်မှ ထပ်မတွေ့နိုင် တော့မယ့် မြင်ကွင်း ။ ယန် က တစ်ခဏတော့ တုံ့ဆိုင်းနေခဲ့တယ်။

နှိပ်စက်ခံ ထားရတဲ့ အမျိုးသမီးတွေနဲ့ သားရဲ တစ်ဝက်တွေကို မြင်ရတဲ့ အချိန်မှာ ယန်က အရင်တုံးက မြွေမဲကောင်အတွက် အလုပ်လုပ်ပေး ခဲ့တာကို တွေးကြည့်မိပြီးတော့ အပြစ်ရှိသလို ခံစား ရလေတယ်။

ဒီနေရာတစ်ခုလုံး မှာ အမျိူးသမီးတွေနဲ့ သားရဲတစ်ဝက်တွေ ပဲ ရှိလေတယ်။ တကယ်လို့ တောင်ပေါ်မှာ တောရိုင်းကောင်တွေ အများကြီး ရှိရင်တောင် မှ သူတို့က ဂူထဲမှာ နေသရွေ့ လုံခြုံပေမယ့် ထိုတောကောင်တွေသာ လာခဲ့မယ် ဆိုရင် သူတို့ရဲ့ လုံခြုံရေးကို အာမ မခံနိုင်တော့ပေ။ ပြီးတော့ ဆုံးဖြတ်ချက် တစ်ခုကို ခက်ခဲစွာ ချလိုက်တယ်။

'' ကောင်းပြီ။ သွားတော့ ပြီးရင် မင်းပြန်လာတဲ့ အခါ ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာ ငါ့ကို ပြန်ပြောပြပါ''

'' ကောင်းပြီ ''

ကျားဖြူမျိုးနွယ်ကို  အဝေးတစ်နေရာမှ လှမ်းကြည့်တဲ့ အခါ ချီဟန်က အဲ့ကောင်းကင်ပေါ်မှာ လင်းယုန်လူသား တွေ အများကြီး ရှိနေတာ ကို တွေ့လိုက်ရလေတယ်။ ထိုကြားထဲမှာမှ မဲနက်နေတဲ့ ပုံရိပ်က ပိုလို့တောင် သိသာထင်ရှား နေလေတယ်။

ထိုဟာကြီးရဲ့ သားရဲ ပုံစံက ကုန်းမြေသားရဲလူသား ရဲ့ သားရဲပုံစံ ထက် နှစ် ဆလောက်ကို ကြီးနေခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ အတောင်တွေက လင်းယုန်လူသားတွေရဲ့ အတောင်ထက်တောင် ပိုကြီး နေခဲ့တယ်။

ချီဟန် က သူ့လက်ထဲက လေးကို တင်းတင်း ဆုပ်ကိုင်ကာ အရမ်းစိုးရိမ်နေတယ်လို့ ခံစားနေရလေတယ်။

ထိုကဲ့သို့ ကောင်းကင် တိုက်ပွဲက မြေပြင်တိုက်ပွဲ ထက်အများကြီး အများကြီး ပိုပြီးတော့ ခက်ခဲလေတယ်။

ချောင်ယွမ်ရယ်၊ ကျားဖြူထဲက လူတွေရယ်နဲ့ တစ်ခြား မျိုးနွယ်စု နှစ်ခု က ပို့ပေးတဲ့ လူတွေ အကုန်ပေါင်းမှ ဝေဟင်မှာ ပျံနိုင်တဲ့ သူတွေက စုစုပေါင်း ဆယ်ယောက် လောက်သာ ရှိလေတယ်။ သူတို့တွေရဲ့ အရည်အတွက် က အရမ်းကို နည်းလေတယ်။ ဒါပေမယ့် မြွေမဲဘက်က ဝေဟင် သားရဲလူသားတွေ ကတော့ အနည်းဆုံး ရာချီလေတယ်။

သူတို့ သုံးယောက် က ပိုပြီးတော့ နီးကပ်လာလေလေ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရလာလေလေပဲ ဖြစ်လေတယ်။ တုံ က လင်းယုန် သားရဲလူသား ရဲ့သားရဲပုံပေါ်မှာ လူပုံနဲ့ ရပ်နေပြီးတော့ တစ်ခြားဘက် က လင်းယုန်သားရဲလူသားတွေ ကို မြားတွေနဲ့ ပစ်ချနေလေတယ်။ လန် ကလည်း လေးနဲ့ မြားကို ကိုင်ပြီးတော့ ပစ်ချနေခဲ့တယ်။

တုံ ဘေးက မျိုးနွယ်စုက လူတွေ ကတော့ အခုမှ လေးနဲ့ မြားတို့ရဲ့ ကောင်းကျိူးကို သိသွား ကြတော့တယ်။

ထိုမြွေမဲ ကောင်ကို တော့ လင်းယုန်သားရဲလူသား တွေ အကုန်လုံး က ဝိုင်ရံပေးထားပေမယ့် တုံနဲ့ လန်ရဲ့ လက်ထဲ က လက်နက်တွေကို ကြောက်တဲ့ အတွက်ကြောင့် ရှေ့ဆက် မတိုးရဲပေ။ ပြီးတော့ အခုလက်ရှိ အခြေအနေမှာတောင် မှပဲ သူတို့က အသာစီးမရနေပါချေ။

မြေပြင်ရဲ့ အခြေနေမှာဆို သူတို့က ပိုလို့တောင် အဆင်မပြေနေပေ။ လက်နက်တွေနဲ့ ဦးစွာတိုက်ခိုက်တဲ့ အတွက် သူတို့မှာ မတက်နိုင်ပေ။

မြေပြင်အခြေအနေမှာတော့ ချောင်ယွမ်မျိူးနွယ်ဆီ သူတို့ ကျသွားပြီ ဖြစ်တာကြောင့် လေထဲမှာ ပျံဝဲနေတဲ့ လူတွေက စိတ်ပူစွာနဲ့ ကြည့်နေခဲ့တယ်။ ဒါပေမယ့် သူတို့လည်း သွားမကူ နိုင်ပေ။

မြွေမဲကောင်က သူ့လင်းယုန်သားရဲလူသား တွေကို တုံ က အများကြီး ပိုပိုပြီး ပစ်ချ လာနိုင်တာ ကို တွေ့တဲ့ အချိန်မှာတော့ သူ့ရဲ့ နှလုံးသား ထဲ ကနေ စပြီးတော့ ဒေါသ ထွက်လာခဲ့လေတယ်။ ထိုကောင်ကြီးက သူ့ရဲ့ ကြီးမားတဲ့ ကိုယ်ကြီးကို မျက်တောင် တစ်ခက်အတွင်း မြားတွေရဲ့လားရာ က​နေ ကပ်သီးလေး ဆီ ရှောင်တိမ်းကာ  လန် နဲ့ တစ်ခြား အစောင့်တွေဆီ စိတ်ကြီးဝင်စွာ အတင်းအကြမ်းလာခဲ့လေတယ်။

ပြီးတော့ အလယ်ထဲက လင်းယုန်သားရဲလူသား ၃ ယောက်ကို ကန်ထုတ်လိုက်တယ်။ ဖြစ်ချင်တော့ အဲ့ကန်ခံလိုက်ရတဲ့ ထဲက တစ်ယောက် က တုံရဲ့ အောက်က လင်းယုန်လူသား လည်း ပါနေခဲ့လေတယ်။

'' တုံ......  ''

ချီဟန်က အရမ်းလန့်သွားပြီး ထိုနေရာကို အမြန်ရောက်အောင် သွားနေခဲ့တယ်။ အဲ့နေရာကို အမြန်ရောက်ပြီးတော့ တုံ ကို ကူညီပေး ချင်နေခဲ့တယ်။ အကွာအဝေး တစ်ခုရောက်တော့ မြေပြင်ပေါ်က ကျားဖြူအကြီးကြီးက လေထဲကို ရုတ်တရက် ခုန်တက် လာကာ တုံကို ဖမ်းလိုက်တယ် ဆိုတာကို ချီဟန် မြင်လိုက်ရတယ်။ 

'' အဖြူရောင်ကျားကြီး! ''

ချီဟန်နဲ့ မို တို့က အချင်းချင်း ကြည့်နေကြ ပြီးတော့ တုန်လှုပ်နေခဲ့ ကြတယ်။ ထိုကျားဖြူကြီးက ပုံမှန်သားရဲ တွေထက် တစ်ဝက်လောက် ပိုပြီးလေတယ်။ မြွေမဲနဲ့ ယှဥ်ရင် အတော်လေး သေးငယ်သေးတယ်ဆို ပေမယ့် ပုံမှန်သားရဲလူသားတွေကို ရိုက်ဖို့ကတော့ အလွယ်လေးပေ။ သူ့မှာ မြွေမဲကို တိုက်ခိုက်ဖို့ စွမ်းအား အပြည့်အဝ ရှိလေတယ်။

'' အဲ့တာ က ပင်းလား? ''

'' ဟုတ်တယ် အဲ့တာက ပင်းပဲ ''

ယန်မင်း က ချီဟန်ရဲ့ ခြေလှမ်းတွေ နောက်ကို အမှီလိုက်ရင်းနဲ့ အမောတကော ဖြစ်နေကာ လေသံလေးနဲ့ ပြန်ဖြေပေး လိုက်လေတယ်။

သူမက ပင်းကို ချစ်မိသွားတဲ့ အချိန်မှာ သူက ကိုယ့်သားရဲပုံကိုတောင် မပြောင်းနိုင်သေးတဲ့ မသန်မစွမ်း သားရဲလူသား လေးပါ။ ဒါပေမယ့် သူ့မှာ တိမ်မြုပ်နေတဲ့ ခွန်အားတွေ ရှိနေမယ်လို့ သူမ ယုံကြည်ပေးခဲ့တယ်။ အခုတော့ အရမ်းထူးချွန် ပြောင်မြောက် လှတဲ့ သူမချစ်ရတဲ့ သူရဲ့ သားရဲပုံစံကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူမရဲ့ စိတ်နှလုံးသား ထဲမှာ ဂုဏ်ယူမှု လိုင်းလုံးကြီးက ဝေ့တက် လာခဲ့တယ်။

'' ကြည့်ရတာတော့ သူက ရုန်ချီစီရဲ့  မျိုးရိုးကနေ ဆင်းသက်လာတဲ့ သူပဲ ဖြစ်ရမယ်။ သွားကြစို့ ။ ငါက အဲ့ကောင်မျိုးနွယ်ရဲ့ ကလေးတွေက ဘယ်လောက်ထိ ကောင်းလဲ ဆိုတာ သိချင်တယ်''

မြွေမဲ ရဲ့ အသံက အတော်လေးကို ကျယ်လောင် နေခဲ့ပါတယ်။ ပြီးတော့ အဝေးနေရာမှာ ရှိနေတဲ့ ချီဟန် တောင်မှပဲ သူ့ရဲ့ အသံကို ကြားနေရတယ်။ ပြီးတော့ မြွေမဲကောင် က အောက်ကို ထိုးဆင်းသွားပြီးတော့ ကျားဖြူ ဆီ တစ်ဟုန်ထိုး ပြေးသွားတော့တယ်။

ချီဟန်က သူ့ရဲ့ ခြေလှမ်းတွေကို တိုးမြှင့်ဖို့ လုပ်လိုက်ပေမယ့် ယန်မင်းကို ကြည့်ရတာ အသက်မရှု နိုင်တော့ဟန် ပေါ်နေလေတယ်။

သူမက အချိန်အတော်ကြာတဲ့ အထိ လေ့ကျင့် ခန်း ပြင်းပြင်း ထန်ထန်တွေ မလုပ်ခဲ့တာ ကြာပြီလေ။ ပြီးတော့ သူမလုပ်သမျှ လေ့ကျင့်ခန်းထဲက အကြီးဆုံး ကတော့ မျိုးနွယ်စု ထဲမှာ လမ်းလျောက်တာပါပဲ။

ချီဟန်က သူမရဲ့ ရင်ဘက်ကို ဆုပ်ကိုင်ကာ ဖြူဖျော့နေတာ ကိုတွေ့လိုက် ရတော့ သူမကို အမြန်ကြီး ခေါ်သွားလို့ မရတော့ဘူး ဆိုတာ နားလည်သွား လေတယ်။

'' မို မင်းက သားရဲပုံပြောင်း ပြီးတော့ သူမကို ကျောမှာ တင်ပြီး သယ်ပါ။ ငါကတော့ ပြေးလိုက်မယ် ''

'' မင်းအတွက် ဘယ်လို လုပ်မလဲ။ မင်းတစ်ယောက်ထဲ ကျန်ခဲ့ရမှာက အရမ်း အန္တရာယ်များတယ်။ ''

ယန်မင်းက အခုချိန်မှာ သူမဟာ ချီဟန်ကို နှောင့်နှေးအောင် ဆွဲချ မိမှန်း သိနေပေမယ့် သူ့တစ်ယောက်ထဲ လွတ်လိုက်ဖို့ကလည်း အန္တရာယ် အရမ်းကို များလေတယ်။

'' စိတ်မပူပါနဲ့။ ငါ့မှာ လေးနဲ့ မြား အပြင် အရိုးဓား တွေ လည်း ရှိပါသေးတယ်။ အခုက မျိုးနွယ်စုနဲ့ အရမ်းနီးကပ်နေပြီ မလို့ တောရိုင်းကောင်တွေ ရှိတော့မှာ မဟုတ်ပါဘူး။ ငါပိုပြီး သေချာ ဂရုစိုက်ပါ့မယ်။ အရင်ဆုံး သွားပြီးတော့ ပုန်းခိုဖို့ သိပ်သည်းတဲ့ သစ်ပင်တွေကို သွားရှာပါ။ လူတွေက မင်းတို့ကို ရှာမတွေ့စေနဲ့။ မင်းတို့အပြင်ထွက်သွားရင် သူတို့ရဲ့ စိုးရိမ်စိတ် ကိုပဲ ပိုတိုးလာစေ လိမ့်မယ်''

'' ငါသိပြီ ''

အစကတော့ ယန်မင်းဟာ မိုနဲ့ အရင်သွားလိုက်ရမှာကို စိတ်ထဲ သဘောမကျ ပေမယ့် သူမက ချီဟန်ကို ဒီ့ထက် ပိုပြီးတော့ မဆွဲချ ချင်တော့ပေ။ ချီဟန်က မျိုးနွယ်စုထဲမှာ နေ့တိုင်း မြားရေးလေ့ကျင့်နေတာကို  သူမ အမြဲတမ်း တွေ့ဘူးတယ်။ သူက ငှက်အကြီးကြီး တွေနဲ့ ခွေးအ လို ကောင်တွေကို တောင် ပစ်နိုင်မှတော့ တကယ်ပြဿနာ မရှိနိုင်ပေ။

'' ငါ သူမကို ပုန်းမယ့် နေရာ ထားပြီးတာနဲ့ မင်းကို လာခေါ်မယ် ''

'' ကောင်းပြီ။ ဂရုစိုက်ပါ ''

'' အင်း ''

ကျားဖြူမျိုးနွယ်ရဲ့ နယ်စပ်မျဥ်းနား ကပ်လာတဲ့ အချိန် ချီဟန်က လျှို့ဝှက်စွာ ချဥ်းကပ်လာ ရင်းနဲ့ အခြေအနေအမျိုးမျိုးကို သေချာအာရုံစိုက်ထားလေတယ်။

သူက လူတိုင်းကို လေးနဲ့မြား တက်ပေးလိုက်သင့်တာ။ တကယ်လို့ ကျောက်လှံတံ တွေက ပစ်ပြီး သွားရင် ပြန်ယူရတာ ခက်ခဲတယ်။ ကောင်းကင်မှာ ပျံနေတဲ့ သူတွေဆို ကောက်ဖို့က ပိုတောင် မဖြစ်နိုင်ပေ။ မြားက ချိန်ရတာ လည်း လွယ်ကူပြီးတော့ ကျောက်လှံလောက် ဝေးဝေးမပြေးပေမယ့် လို့ပေါ့လေ။

...........................................................

[ အခုမှ wattpad book ​ထဲ ပြန်ဝင်လို့ ရတယ် sorry ပါ ကလေးတို့ရေ]

Continue Reading

You'll Also Like

405K 13.1K 17
My priority /property/privacy
14.4K 2.3K 9
Started date:2/6/2023 End date: ????? Genres: Historical, Harem,BL own creation
141K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke