(43. 1)
ပင်း က သားရဲလူသား ပျို အယောက် ၂၀ ကို ခေါ်ဆောင် သွားမှာ ဖြစ်ပြီးတော့ ယန်မင်း ကလည်း ထိုနေရာမှာ ရှိနေခဲ့တယ်။
ခေါင်းဆောင် က ခေါ်တဲ့ စုဝေးပွဲတွေက လွဲလို့ သူတို့ နှစ်ယောက် က မခွဲခွာ ကြပါချေ။ အထူးသဖြင့် ဆုံးရှုံး သွားတဲ့ သားပေါက်လေး က အိမ်ကို ပြန်ရောက်လာတဲ အချိန်မှာတော့ သူတို့က ခွဲခွာ ဖို့ကို အတော်လေး တွန့်ဆုတ်နေခဲ့ လေတယ်။
ဟုတ်ပါတယ်။
သူက ဒီနေရာကို သူ့ရဲ့ အိမ်အဖြစ် သက်မှတ်ထား ပြီးသွားပြီ ပဲ ဖြစ်လေတယ်။ ယန်မင်း နဲ့ သားပေါက်လေး ရှိနေသရွေ့ လောင်းရှန်းရဲ့ ဘယ်နေရာမဆို သူ့ရဲ့ အိမ်ပဲ ဖြစ်ပြီးတော့ ဒီနေရာ က သူ့အိမ်ပဲ ဖြစ်လေတယ်။
ရှောင်ပိုင် က အမြဲတမ်း တိတ်ဆိတ်စွာ ပဲ နေခဲ့ပြီးတော့ ယန်မင်း က ဘယ်လောက်ပဲ စကားပြောနေပါစေ သူ့မှာ အဖြေမရှိခဲ့ပေ။
အင်းပေါ့လေ။
သူက ပြင်းပြင်းထန်ထန် ကြီးလည်း မငြင်းပယ် သလို လက်ခံတာ မျိုးလည်း မဟုတ်ခဲ့ပေ။ ယန်မင်းက ပြောနေသရွေ့ သူက မမြင်ချင်ယောင် ရော မကြားချင်ယောင် ရော ဟန်ဆောင် နေလိမ့်မယ်။
ယန်မင်းက သူ့အတွက် လျော်ထည်အဝတ်တစ်စုံ ချုပ်ပေးကာ အတော်ကြီးတဲ့ သားရေဝတ်စုံ နှစ်စုံကိုပါ ချုပ်ပေးခဲ့လေတယ်။ ရှောင်ပိုင်ရဲ့ ရုန်းကန်နိုင်မှု မရှိတာကို အခွင့်ကောင်း ယူပြီးတော့ သူမက ရှောင်ပိုင်ရဲ့ ခြေထောက်အတိုင်းကို ယူကာ သားရေဘွတ်ဖိနပ် တစ်ရံ ကိုလည်း လုပ်ပေး ခဲ့ပါ သေးတယ်။
ရှောင်ပိုင် က ဘာမှ မပြောပဲ တိတ်တိတ်လေး နေနေသေးသရွေ့ သူ ကမငြင်းဆန်တာ ဖြစ်လို့ ယန်မင်းဟာ သူမ စိတ်တိုင်းကျ လုပ်ပေးခဲ့လေတယ်။ ရှောင်ပိုင်နဲ့ ယန်မင်း တို့ကြားမှာ ထူးဆန်းတဲ့ ဆက်သွယ်ချက် ရှိလေတယ်။ ရှောင်ပိုင်က ဘာမှမပြောစရာ မလိုပေ။ သူက ဘာလိုချင်တာလဲ ဆိုတာကို သူ့ရဲ့ ကိုယ်လှုပ်ရှားမှုနဲ့ အမူအရာမဲ့နေတဲ့ မျက်နှာကို ကြည့်ကာ သူမဖော်ပြ ပဲ ယန်မင်း က နားလည်ပြီး တိတ်တဆိတ်နဲ့ လုပ်ပေးလေတယ်။
ဒီသားပေါက်လေး က အတော်များများ အရာရာတိုင်း ကို နားလည်မှန်း ယန်မင်း သဘောပေါက်သွားခဲ့တယ်။ အရင်ရက်တွေမှာ သူ့ကို ဂရုစိုက်တဲ့ လူ၂ ယောက်ရှိတဲ့ ထဲမှ တစ်ယောက်က သူ့အဖေ ဖြစ်ပြီးတော့ အခုက အမေ ပဲ ဖြစ်တယ် ဆိုတာကိုပေါ့။ သူက အကုန်လုံးကို သိပေမယ့် ဘာကိုမှ မပြောခဲ့ပါပေ။
ရှောင်ပိုင်က တိတ်ဆိတ်မှု ကိုအသုံးပြုပြီးတော့ တိတ်ဆိတ်စွာနဲ့ ဖိအားပေးကာ ယန်မင်းရဲ့ နှလုံးသားကို ညှင်းပန်းနေခဲ့တယ်။ သူမက သူ့ကို ပျိုးထောင်ပေး ခဲ့တဲ့ မိဘတွေ အကြောင်း ကို မေးချင်လေလေ သူ့ရဲ့ ခုခံမှုက ပိုပြီးတော့ သိသာ ထင်ရှားလာလေလေ ပါပဲ။ သူက မျက်လုံးတွေကို မှိတ်ထားပြီး အိပ်ပျော်ဟန်ဆောင်ကာ တစ်နေကုန် မှိတ်ထားခဲ့တယ်။
ယန်မင်း ကလည်း တစ်နေကုန် စိတ်မသက်မသာ ဖြစ်ခဲ့ ရတယ်။ ဒါပေမယ့် သူတို့လို မိဘတွေက သူ့အပေါ် မကောင်း ခဲ့တာပဲလေ။
ချီဟန်က သူ့မျက်လုံးထဲ မှာတွေ့ နေရပေမယ့် ဘာမှ မလုပ်နိုင်ပါပေ။ ကိုယ်တိုင် ပါဝင်တဲ့ လူပုဂ္ဂိုလ် တွေကလွဲရင် တစ်ခြားဘယ်သူ ကမှ ခံစားချက်တွေ အကြောင်း ဝင်ပြောလို့ မရဘူးလေ။
၂ ရက်ကြာပြီးတဲ့နောက် တုံ နဲ့ ချီဟန် တို့က စိုးရိမ် စိတ်ပူစွာနဲ့ စောင့်စား နေတုံး ကျဲနဲ့အတူ ထွက်သွားတဲ့ မျိုးနွယ်စု သားတွေက ဒဏ်ရာတွေနဲ့ အတူ ပြန်လာခဲ့ကြလေတယ်။ ကျဲ က သူနဲ့ အတူ သားရဲလူသား ၁၂ ယောက်ကို ခေါ်သွားခဲ့တာ ဖြစ်ပြီး ၁၂ ယောက်လုံး ပြန်ပါလာတာကြောင့် ဒါက ကောင်းမွန်တာပဲ ဖြစ်လို့ သူတို့ပျော်ရွှင် သင့်လေတယ်။
ဒီလူတွေက သိသိသာသာပဲ ပင်ပန်းနေကြတယ်။ ပင်းတို့ရဲ့ လင်းယုန် အုပ်စုနဲ့ မတူပေ။ သူတို့က လမ်းတစ်လျောက်လုံး ပြေးလာပြီး လမ်းလျောက် လာခဲ့ရတာလေ။ ကျဲ က အခြေအနေအကြောင်း အရာကို တင်ပြဖို့ နေခဲ့ပြီးတော့ ကျန်တဲ့ လူတွေကို ပြန်သွားပြီး နားခိုင်းလိုက်တယ်။
ကျဲ က သူ့ရဲ့ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးကို ပွတ်ကာ သူ့ကိုယ်သူ အားပေးလိုက်တယ်။ နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်ခဲ့ပြီပဲ။ အများကြီး သက်တောင့် သက်သာ ရှိသွားခဲ့ပြီ။ အဲ့အချိန်မှာပဲ သူရဲ့ ခေါင်းတစ်ခု လုံးက တဝီဝီ မြည်နေပြီးတော့ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံတော့က တိုက်ခိုက်နေကြတယ်။ အမြန်ပြန်လာနိုင်ရစေ ဖို့အတွက် လမ်းပေါ်မှာ သူတို့က လုံးဝကို မရပ်မနားပဲ အသားကုန် ၂ရက်တိတိ ပြေးလာခဲ့ရတယ်လေတယ်။
'' ဟော်ယွမ် မျိုးနွယ်နဲ့ ပိုလီဟွန်း မျိူးနွယ် တို့က မျိုးနွယ်စု အသေးလေးတွေ ဖြစ်ပြီးတော့ လူဦးရေ ၂၀၀ ကျော်လောက်ပဲ ရှိတယ်။ သူတို့က ကျားဖြူ မျိုးနွယ်ကို မတိုက်ခိုက်ရဲ ပေမယ့် ကျားဖြူမျိုးနွယ် ကို လည်း မနာခံလိုဘူး။ ထိုမျိုးနွယ်စု အသေးလေးတွေက ဆောင်းတွင်းအတွက် ဂျိုရှည်အကောင် ၅၀၀ ကိုပဲ စုဆောင်း နိုင်ခဲ့တယ်။ ပေးလိုက်ရရင်တော့ သူတို့ဘာသာတောင်မှပဲ ငတ်ပြတ်သေတော့မှာ။ အရင်တုံးက ရိတ်သိမ်းရာသီ မတိုင်ခင် မူလနေရာကနေ ထွက်သွားဖို့ အစီအစဥ် ချခဲ့တာ ဖြစ်ပြီးတော့ အခု ငါတို့က ကျားဖြူမျိုးနွယ်ကို တိုက်မယ်လည်း သိရော သူတို့က နေရာမှာပဲ နေပြီး ငါတို့နဲ့ အမြဲအဆက်အသွယ် ရအောင် နေခဲ့တယ်လေ''
'' ပိုင်လီ မျိုးနွယ်နဲ့ တာ့ဖန်း မျိုးနွယ် က အလယ်အလတ် မျိုးနွယ်တွေလေ။ သူတို့ က အယောက် ၄၀၀ ကျော် ရှိပြီးတော့ ဂျိုရှည်သားရဲ၅၀၀ ကျော်ကို လွဲပေးခဲ့တယ်။ ကျန်တဲ့ ဂျိုရှည်ကောင် တွေနဲ့ ဆောင်းရာသီ ဖြတ်သန်းလို့ ရတယ်။ သူတို့က ကျားဖြူမျိုးနွယ်ကို မတိုက်လိုဘူး။ ဒါကြောင့် ငါလည်း သူတို့ကို မဆက်သွယ် နေတော့ဘူး ''
'' လင်းယန် မျိုးနွယ်ကတော့ အလွတ်ကြီးပဲ ကျန်တော့တယ်။ ဘယ်သူမှ မရှိတော့ဘူး။ ရောဂါတစ်ချို့ကြောင့် သေသွားကြတာ မဟုတ်ရင် အဝေးဆီ ပြောင်းရွေ့သွားတာပဲ ဖြစ်ရမယ်။ ''
ထိုအချိန်မှာပဲ ကျဲက သက်ပြင်းချ လိုက်တယ်။
သားရဲလူသား တွေအတွက် အသက်ရှင်ဖို့ ဆိုတာက တကယ်မလွယ်ပေ။
ထိုနေရာမှာ မျိုးနွယ်စု အသေးလေးတွေ အများကြီး ရှိခဲ့ဘူးတယ်။ ပထမနှစ် တုံးကတော့ သူတို့သွားရင် ထိုမျိုးနွယ်စု အသေးလေးတွေ ရှိကြပေမယ့် ဒုတိယ နှစ်ကြတော့ အကုန်ပျောက်ကွယ် ကြ ကုန်တယ်။
တစ်ချို့က ဆောင်းရာသီမှာ အသက်ဆက် မရှင်နိုင်ခဲ့ဘူး။ နွေဦးရောက်လာပြန်တော့လည်း တောရိုင်းကောင်တွေ ရဲ့ တိုက်ခိုက်မှု ကိုခံရပြီးတော့ သေကျေရပြန်တယ်။
လင်းယန် မျိုးနွယ်က အဲ့ထက်ဆိုးတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ခဲ့ရမှာ ကိုပဲ ကြောက်တယ်။
'' မူလ ကျောက်တုံး မျိုးနွယ်နဲ့ ဆန်းယွင် မျိုးနွယ်က ဆက်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့မျိုးနွယ်စု နှစ်ခုလုံးကို စုဝေးပွဲမှာ ငါတွေ့ခဲ့ ဘူးတယ်။ သူတို့က တစ်ယောက် ကို တစ်ယောက် အချင်းချင်း အထင်သေးနေခဲ့တာ။ သူတို့မျိုးနွယ်စု အချင်းချင်း အကြိမ်ရေ အနည်းငယ်လောက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြတယ်။ ငါနားမလည်တာ က ဘာလို့များ သူတို့က ဒီကိစ္စကို သဘောတူလိုက် ရတာလဲ ''
''သူတို့က အမျိူးသမီးတွေနဲ့ ဂျိုရှည်ကောင် တွေလွဲပေးခိုင်းတာ တောင် သဘောတူတယ်ပေါ့?''
တုံ နဲ့ လန် တို့နှစ်ယောက် လုံး မယုံကြည်နိုင် ဖြစ်သွားတယ်။ ထို မျိုးနွယ်တွေက သေးငယ်တဲ့ မျိုးနွယ် တွေ မဟုတ်ပေ။ စုဝေးပွဲမှာတောင် အတော်လေး ကျော်ကြားတဲ့ မျိုးနွယ်တွေပဲ ဖြစ်လေတယ်။
သူတို့ကို ကြည့်ရတာ တိုက်ခိုက်မှုမှာ သန်မာ မလိုလို ရှိပေမယ့် ကျူးကျော်သူတွေကိုတောင် ပြန်မခုခံခဲ့ဘူးပေါ့။
အရမ်းကို ထူးဆန်းပြီးတော့ စိတ်ပျက်စရာ ကောင်းလေတယ်။
'' ငါက မူရင်းကျောက်တုံး မျိုးနွယ်ရဲ့ ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမက ပေးဖို့ သဘောတူတာကို မြင်ခဲ့ရတယ်။ အခုဆို ရိတ်သိမ်းရာသီ ရောက်တာနဲ့ ပေးဖို့ အမျိုးသမီး နှစ်ယောက်ကို ဖယ်ထားပြီး တဲထဲမှာ သီးသန့်ဖယ်ထားတယ်''
'' အဲ့အမျိုးသမီး ၂ယောက်ရဲ့ အဖေနဲ့အမေတွေက ဘယ်လိုများ သဘောတူနိုင်ကြတာလဲ? ''
...........
I back! ❤