[Unicode]
'မိုက်လိုက်တဲ့ ငါ့ရဲ့ချောင်'
သူတို့တွေ ဆိုဖာမှတစ်ဆင့်ကုတင်ပေါ်အထိ ခရီးဆက်လိုက်ကြပြီး ဝမ်ချောင်လည်း အစောပိုင်းကခံစားခဲ့ရသည့်စိတ်လှုပ်ရှားမှုများ ကျော်လွန်သွားနိုင်ခဲ့ချိန် အရာအားလုံးက အိပ်မက်တစ်ခုလို ထပ်ခံစားလိုက်ရတော့သည်။
သေချာသလောက် ကလေးဆိုတာ မွေးထုတ်ပေးလို့မရသလို သူကိုယ်တိုင်ကလည်း ကလေးချစ်လှတာမဟုတ်။ သူ့အနေနှင့် ရှောင်ရှဲ့စိတ်ပျော်သွားအောင် နားထောင်ကောင်းမည့်စကားအချို့ကို ရွေးချယ်ပြောလိုက်ခြင်းသာ။
သူက အပြာရောင်အိမ်သာထိုင်ခုံကို သဘောကျတာမို့ ရှောင်ရှဲ့က သူသဘောကျတာကိုရွေးပြောပေးလာချိန် သူကလည်း ရှောင်ရှဲ့သဘောကျတာကို ပြန်ရွေးပြောလိုက်ခြင်းဖြစ်ပြီး ရှောင်ရှဲ့က ကလေးများကို သဘောကျလှသည်။
အရင်နှစ်က သူတို့ လူထုအလှူဒါနအသင်းအတွက် ဖျော်ဖြေပေးရချိန် စင်အနောက်၌ သူတို့နည်းတူ လာရောက်ဖျော်ဖြေရသည့်ကလေးအုပ်စုကို တွေ့ခဲ့ဖူးသည်။ အကုန်လုံးက ၆ နှစ်၊ ၇ နှစ်သားလေးများဖြစ်ကြပြီး အတော်လေးလည်း ဆူညံလှတာမို့ သူ့မှာ အရမ်းစိတ်ရှုပ်လို့ အနားကပ်မလာအောင် အေးစက်စက်မျက်နှာထားဖြင့် နေနေရသည်။ သို့သော် ရှောင်ရှဲ့ကတော့ ထိုသို့မဟုတ်။ ကလေးတိုင်း သူ့ကိုတွယ်တက်ပြီး ကျိကျိကျာကျာအသံဖြင့် 'ကောကော' ဟုတောင် ခေါ်နေကြသေးသည်။ ထိုအဖြစ်က ဝမ်ချောင့်ကို ခေါင်းကိုက်သွားစေပြီး တစ်ယောက်ချင်းဆီ ဂုတ်ကဆွဲ၍လွှတ်ပစ်ချင်မိသည်အထိ။ ဒီအရွယ်ကလေးတွေက ဘာများ အဓိပ္ပါယ်ရှိရှိပြောတတ်ဦးမှာလဲ။ သို့ပေမယ့် ရှောင်ရှဲ့ကတော့ ဘေးမှနေ သူတို့ပြောသမျှကို 'ဟုတ်လား'၊ 'တကယ်ကြီးပဲ'၊ 'မင်းတို့လေးတွေအရမ်းတော်တာပဲ' နှင့် သံယောင်လိုက်ပေးနေတတ်ပြီး သောက်ကျိုးနည်းအောင် စိတ်ရှည်လွန်းလှသည်။
စိတ်ရှည်လွန်းရုံတင် မဟုတ်၊ ကလေးတွေကိုလည်း တကယ်အများကြီးသဘောကျပုံပင်။
သူ မေးလိုက်သည်။ "မင်း တကယ် ငါနဲ့တစ်ဘဝလုံး အတူကုန်ဆုံးသွားချင်တာလား။"
ရှဲ့ကျူရှင်းမှာ တစ်ကြိမ်ပြောပြီးသွားပြီမို့ နောက်တစ်ကြိမ် ထပ်ပြောရမှာရှက်နေတော့သည်။ "မင်းက မကုန်ဆုံးချင်ဘူးလား။"
ဝမ်ချောင့်ခြေထောက်များက သူ့ခါးတစ်ဝိုက်သွယ်ယှက်ထားရင်း ရယ်သွားသည်။ "ဘယ်သူက မကုန်ဆုံးချင်လို့လဲ။"
ရှဲ့ကျူရှင်း ပြန်ပြောသည်။ "အဲ့ဒါများ မင်းမေးနေသေးတယ်။"
ဝမ်ချောင် နှစ်ကြိမ်မျှ အသံထွက်ညည်းညူနေရင်းမှ ရုတ်တရက်ပြောလာသည်။ "နောက်ကျရင် အငှားကိုယ်ဝန်နဲ့ ကလေးယူမှာလား။"
ရှဲ့ကျူရှင်း ကြောင်အသွားရသည်။ "ဘာကလေးလဲ။"
ဝမ်ချောင် ပြန်ပြောသည်။ "ငါက ကလေးမွေးပေးနိုင်တာမှ မဟုတ်တာ။ မင်း ကလေးမလိုချင်ဘူးလား။"
ရှဲ့ကျူရှင်း တန့်သွားပြီး သူ့ကို ထူးထူးဆန်းဆန်းမျက်နှာအမူအရာဖြင့် ကြည့်လာတော့သည်။
သူ ခေါင်းအုံးပေါ် လက်တင်ထားရင်း ဂရုမထားသလိုပြောလိုက်သည်။ "တစ်ဘဝလုံး ငါတို့နှစ်ယောက်တည်း နေသွားတာလည်းကောင်းပေမယ့် ကလေးတစ်ယောက် ထပ်ပေါင်းထည့်မယ်ဆိုလည်း ထူးပြီးပြောင်းသွားတာမျိုးမှ မရှိတာ။ အရင်ကြိုပြောထားမယ်။ ငါ့ကိုတော့ ထိန်းခိုင်းဖို့မတွေးထားနဲ့။ ငါ့ဘာသာငါတောင် မထိန်းနိုင်သေးတာ၊ ငါ့လက်ထဲ အဲ့ကလေး လာအပ်ထားရင် နှစ်မိနစ်အတွင်း သေသွားလောက်တယ်။"
ရှဲ့ကျူရှင်း : "..."
ဝမ်ချောင် 'အင်းကနဲ' ညည်းရင်း လောဆော်လာသည်။ "မရပ်နေနဲ့လေ။ မင်းလှုပ်စမ်းပါ။"
ရှဲ့ကျူရှင်း ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။
ဝမ်ချောင် နေရကောင်းလာချိန် နားရှက်ဖွယ်စကားများကို တစ်ဖန်ထပ်လို့ အမျိုးစုံအောင် အော်ညည်းတော့သည်။
ရှဲ့ကျူရှင်း သူ့လက်တစ်ဖက်ဖြင့် ဝမ်ချောင့်ပါးစပ်ကို ဖိအုပ်ထားလိုက်သည်။
ဝမ်ချောင် အသံမထွက်နိုင်တော့တာမို့ အပြင်းအထန်မျက်တောင်ခတ်ရင်းတွေးနေမိသည်။ 'ရှောင်ရှဲ့ဘာလုပ်မလို့လဲ။'
ရှဲ့ကျူရှင်း သူ့အနားတိုးကပ်လာပြီး နဖူးထက်တွင် အနမ်းခြွေလျက် ထို့နောက်မှာတော့ သူ့မျက်ခွံများနှင့် နှာတံ၊ ထို့နောက်တွင် သူ့လက်ဖယ်၍ နှုတ်ခမ်းထက် ညင်ညင်သာသာလေး နမ်းရှိုက်လာတော့သည်။
ဝမ်ချောင် ဘာလို့ရယ်မသိပေမယ့် ခံစားရမဆိုးလှတာမို့ ရှဲ့ကျူရှင်းလည်ပင်းကို ပြန်သိုင်းဖက်ထားပေးလိုက်သည်။
ရှဲ့ကျူရှင်း သူ့မျက်နှာနှင့် လည်ပင်းတစ်ဝိုက်ကို ညင်ညင်သာသာလေး တစ်လှည့်ဆီအနမ်းခြွေနေရင်း သူ့မျက်နှာမှ နားရွက်ရှိရာသို့ ပြောင်းရွေ့လျက် နားအတွင်းလေမှုတ်ထည့်ပေးလာသည်။
ဝမ်ချောင့်တစ်ကိုယ်လုံး ယားကျိလာတာမို့ မနေနိုင်တော့ဘဲ တဟားဟားထရယ်တော့သည်။
ရှဲ့ကျူရှင်း သူ့နားရွက်အနားဖိကပ်ထားရင်း တစ်စုံတစ်ခုကို အသံတိုးတိုးဖြင့်ပြောလာသည်။
သူ့ရယ်သံက ချက်ချင်းဆိုသလို တိုးတိတ်သွားပြီး ကြားလိုက်ပေမယ့် ရှင်းရှင်းလင်းလင်းမကြားလိုက်ရသလို၊ နားကြားလွဲသွားသလိုခံစားချက်ဖြင့် မေးလိုက်တော့သည်။ "မင်း ဘာပြောလိုက်တာလဲ။"
ရှဲ့ကျူရှင်းနှုတ်ခမ်းက သူ့နားရွက်နှင့်ထိကပ်နေသေးပေမယ့် စကားမပြောလာ။
သူ တုန့်ဆိုင်းဆိုင်းနှင့်မေးလိုက်သည်။ "မင်း ငါ့ကိုချစ်တယ်ဆိုပြီး ပြောလိုက်တာလား။"
ရှဲ့ကျူရှင်း စကားပြန်မပြောဘဲ သတိပေးခြင်းမရှိ၊ ရုတ်တရက်အရှိန်တင်လာရာ ရထားလေးမှ ကျည်ဆန်ရထားအသွင်ပြောင်းသွားတော့သည်။
တစ်မိနစ်အတွင်း ဝမ်ချောင့်လည်ပင်းက အနောက်သို့ ကော့ထိုးသွားပြီး ဝေဝါးနေသည့်မျက်ဝန်းများဖြင့် ရင်ဘတ်ကလည်း မြင့်ချည်နိမ့်ချည်လှုပ်ရှားနေလေသည်။
ရှဲ့ကျူရှင်း တစ်ဖန်ပြန်ရပ်၍ သူ့လည်စလုတ်ကို ကိုက်ထားရင်း တိုးဖွဖွပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါပြောလိုက်တယ်။"
ဝမ်ချောင် : "...ဟေးဟေး"
မယုံနိုင်ဖွယ်ရာပဲ။
ဒီနေ့ကျမှ ရှောင်ရှဲ့ ဘယ်လိုဖြစ်ပြီး အရမ်းဖလစ်တတ်နေရတာလဲ။
ရှဲ့ကျူရှင်း သူ့ကိုမေးလာသည်။ "မင်းရော?"
စားပြီးနားမလည်လုပ်ချင်တဲ့ဝမ်ချောင်က မသိသလိုပြန်မေးလိုက်သည်။ "ငါက ဘာလဲ။"
ရှဲ့ကျူရှင်း ဆက်မမေးတော့။
ဝမ်ချောင်မှာ ပြောချင်လွန်းနေတာမို့ မကျေမနပ်နှင့်ပြောလိုက်သည်။ "မင်း ငါ့ကို နောက်ထပ်တစ်ကြိမ်လောက် ထပ်မေးလိုက်လို့မရဘူးလား။"
ရှဲ့ကျူရှင်း ပြုံးသွားသည်။ "မင်းကို ဘာမေးရမှာလဲ။"
ဝမ်ချောင် ယုံကြည်ချက်ရှိရှိပြောလာသည်။ "ငါ မင်းကိုချစ်လားလို့မေးလေကွာ။"
ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "မမေးလည်း ငါသိပြီးသားပဲ။"
သူ သေချာပေါက်သိထားပြီးဖြစ်သည်။
ဝမ်ချောင့်အချစ်ကိုခံရသည့်လူတိုင်း သိကြမည်သာ။ 'အချစ်' ဆိုသည့်စကားလုံးက သူ့မျက်နှာပေါ်တွင် ရေးထားသလို၊ fan တွေ ကိုင်သည့် lightstick ထက်တောင် လင်းလက်နေတာမို့ ဘယ်လိုလုပ်မသိဘဲနေရပါလိမ့်။
ဝမ်ချောင် နည်းနည်းပူပန်သွားရသည်၊ ရှောင်ရှဲ့မမေးဘဲ သူဘယ်လိုပြောရပါ့။
သူ ရှဲ့ကျူရှင်းမေးဖို့ ထပ်လောလိုက်သည်။ "မမေးဘဲ မင်းဘယ်လိုသိမှာလဲ။ ဘာမှလည်းမသိဘဲ သိချင်ယောင်ဆောင်ချင်သေးတယ်။ မင်း မြန်မြန်ငါ့လာမေးစမ်းပါ။"
ရှဲ့ကျူရှင်း ရယ်လျက်မေးလာသည်။ "ဒါဆို မင်းငါ့ကိုချစ်လား။"
သူလည်း ဝမ်ချောင်ကိုယ်တိုင် ထုတ်ပြောလာတာကို ကြားချင်မိသည်သာ။
ဝမ်ချောင် ပြုံးလျက် မြောက်ကြွကြွဖြစ်ပြီး တစ်ချိန်တည်းတွင်ရှက်နေသည့်မျက်နှာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။ "ရှောင်ရှဲ့၊ ပါ့ပါးအိုက်နီ"
ရှဲ့ကျူရှင်း : "..." အရမ်းပျော်သွားတယ်ဆိုပေမယ့် ဒါက ဘယ်လိုတောင် အကျိုးနည်းတဲ့ဝါစဉ်ကြီးလဲ။
ရေသွားချိုးပြီး အိပ်ရာဝင်လာချိန် ဝမ်ချောင်က သူ့ဘေးတွင် လူးလှိမ့်နေတော့သည်။
ရှဲ့ကျူရှင်းလည်း မအိပ်ချင်သေးသည့်အပြင် သူနှင့်လည်း စကားအနည်းငယ်ပြောချင်သေးတာမို့ မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ။"
ဝမ်ချောင် သူ့အနားတိုးလာပြီး သူ့ဘေးတွင် လှဲချလျက် စိတ်လှုပ်ရှားတကြီးပြောလာသည်။ "ငါ ငါတို့ရဲ့ဒုတိယမြောက် album အကြောင်းတွေးနေတာ။"
ရှဲ့ကျူရှင်း : "..." 'ရုတ်တရက်ကြီး အလေးအနက်ဖြစ်လာတာက ပြဿနာရှာတော့မယ့်ပုံစံအတိုင်းပဲ။'
ဝမ်ချောင် သံစဉ်တစ်ခု ညည်းဆိုလာသည်။
ရှဲ့ကျူရှင်း နားထောင်ကြည့်ရာ သူ ကုမ္ပဏီတွင် ကြားခဲ့သည့်သံစဉ်များအထဲ လူတိုင်း အကောင်းဆုံးဟုတွေးခဲ့သည့်တစ်ခုဖြစ်နေသည်။
ဝမ်ချောင် ပြုံးဖြီးဖြီးနှင့်ပြောလာသည်။ "ဒါလေ။ သီချင်းစာသားတွေက တော်တော်လေးဆိုးတယ်။ သံစဉ်ကတော့ အဆင်ပြေနေတုန်းပဲ။ စာသားပြန်ပြင်ရေးပြီး hip-hop အသံပိုင်းပေါင်းထည့်လိုက်ရင် နားထောင်ကောင်းပြီး ခပ်မြူးမြူးလေးဖြစ်သွားမှာ။"
ရှဲ့ကျူရှင်း အံ့ဩသွားရသည်။ "မင်း သီချင်းရေးတတ်သေးတယ်ပေါ့?"
ဝမ်ချောင် ပြောလာသည်။ "သီချင်းရေးတာများ ဘာဆန်းလဲ။ ငါ ကောလိပ်စတက်တုန်းက band ထဲတောင် ပါဖူးသေးတယ်။ နောက်ပိုင်း ငါ အဲ့လူတွေနဲ့ အဆင်မပြေလို့ နားလိုက်တာ။"
ရှဲ့ကျူရှင်း : "..." 'မိုက်လိုက်တဲ့ ငါ့ရဲ့ချောင်'
ဝမ်ချောင် ပြောရင်း အိပ်ချင်စိတ်ပြေသွားပြီး ဖုန်းကိုလှမ်းထိ၍ တက်ကြွမှုအပြည့်ဖြင့် garageband app ကိုဖွင့်၍ အချိန်အတော်ကြာအောင် တီးကြည့်နေတော့သည်။
ရှဲ့ကျူရှင်းလည်း အတော်ကြီးလို့ပြောမရပေမယ့် နားထောင်ကြည့်ရုံနှင့် တစ်ဖက်သူက တကယ်လုပ်တတ်သည့်အပြင် အရမ်းလည်းတော်မှန်းပြောနိုင်နေသည်။
မနက်ခင်းလေ့ကျင်ခန်းလုပ်သလို ကပြီး စာသားလည်းမမှတ်မိဘဲ သီချင်းဆိုလို့ အဖွဲ့သားများအနောက်တွင်နေ၍ အပျင်းတစ်နေတတ်သည့်ခေါင်းဆောင်က ဂီတပိုင်းတွင်ပါရမီပါလိမ့်မည်ဟု ဘယ်သူက ထင်ထားပါလိမ့်မလဲ။
KittyKitling
T/N : Good Night
_____///_____
[Zawgyi]
'မိုက္လိုက္တဲ့ ငါ့ရဲ့ေခ်ာင္'
သူတို႔ေတြ ဆိုဖာမွတစ္ဆင့္ကုတင္ေပၚအထိ ခရီးဆက္လိုက္ၾကၿပီး ဝမ္ေခ်ာင္လည္း အေစာပိုင္းကခံစားခဲ့ရသည့္စိတ္လွုပ္ရွားမွုမ်ား ေက်ာ္လြန္သြားနိုင္ခဲ့ခ်ိန္ အရာအားလုံးက အိပ္မက္တစ္ခုလို ထပ္ခံစားလိုက္ရေတာ့သည္။
ေသခ်ာသေလာက္ ကေလးဆိုတာ ေမြးထုတ္ေပးလို႔မရသလို သူကိုယ္တိုင္ကလည္း ကေလးခ်စ္လွတာမဟုတ္။ သူ႔အေနႏွင့္ ေရွာင္ရွဲ႕စိတ္ေပ်ာ္သြားေအာင္ နားေထာင္ေကာင္းမည့္စကားအခ်ိဳ႕ကို ေရြးခ်ယ္ေျပာလိုက္ျခင္းသာ။
သူက အျပာေရာင္အိမ္သာထိုင္ခုံကို သေဘာက်တာမို႔ ေရွာင္ရွဲ႕က သူသေဘာက်တာကိုေရြးေျပာေပးလာခ်ိန္ သူကလည္း ေရွာင္ရွဲ႕သေဘာက်တာကို ျပန္ေရြးေျပာလိုက္ျခင္းျဖစ္ၿပီး ေရွာင္ရွဲ႕က ကေလးမ်ားကို သေဘာက်လွသည္။
အရင္ႏွစ္က သူတို႔ လူထုအလွူဒါနအသင္းအတြက္ ေဖ်ာ္ေျဖေပးရခ်ိန္ စင္အေနာက္၌ သူတို႔နည္းတူ လာေရာက္ေဖ်ာ္ေျဖရသည့္ကေလးအုပ္စုကို ေတြ႕ခဲ့ဖူးသည္။ အကုန္လုံးက ၆ ႏွစ္၊ ၇ ႏွစ္သားေလးမ်ားျဖစ္ၾကၿပီး အေတာ္ေလးလည္း ဆူညံလွတာမို႔ သူ႔မွာ အရမ္းစိတ္ရွုပ္လို႔ အနားကပ္မလာေအာင္ ေအးစက္စက္မ်က္ႏွာထားျဖင့္ ေနေနရသည္။ သို႔ေသာ္ ေရွာင္ရွဲ႕ကေတာ့ ထိုသို႔မဟုတ္။ ကေလးတိုင္း သူ႔ကိုတြယ္တက္ၿပီး က်ိက်ိက်ာက်ာအသံျဖင့္ 'ေကာေကာ' ဟုေတာင္ ေခၚေနၾကေသးသည္။ ထိုအျဖစ္က ဝမ္ေခ်ာင့္ကို ေခါင္းကိုက္သြားေစၿပီး တစ္ေယာက္ခ်င္းဆီ ဂုတ္ကဆြဲ၍လႊတ္ပစ္ခ်င္မိသည္အထိ။ ဒီအရြယ္ကေလးေတြက ဘာမ်ား အဓိပၸါယ္ရွိရွိေျပာတတ္ဦးမွာလဲ။ သို႔ေပမယ့္ ေရွာင္ရွဲ႕ကေတာ့ ေဘးမွေန သူတို႔ေျပာသမၽွကို 'ဟုတ္လား'၊ 'တကယ္ႀကီးပဲ'၊ 'မင္းတို႔ေလးေတြအရမ္းေတာ္တာပဲ' ႏွင့္ သံေယာင္လိုက္ေပးေနတတ္ၿပီး ေသာက္က်ိဳးနည္းေအာင္ စိတ္ရွည္လြန္းလွသည္။
စိတ္ရွည္လြန္း႐ုံတင္ မဟုတ္၊ ကေလးေတြကိုလည္း တကယ္အမ်ားႀကီးသေဘာက်ပုံပင္။
သူ ေမးလိုက္သည္။ "မင္း တကယ္ ငါနဲ႔တစ္ဘဝလုံး အတူကုန္ဆုံးသြားခ်င္တာလား။"
ရွဲ႕က်ဴရွင္းမွာ တစ္ႀကိမ္ေျပာၿပီးသြားၿပီမို႔ ေနာက္တစ္ႀကိမ္ ထပ္ေျပာရမွာရွက္ေနေတာ့သည္။ "မင္းက မကုန္ဆုံးခ်င္ဘူးလား။"
ဝမ္ေခ်ာင့္ေျခေထာက္မ်ားက သူ႔ခါးတစ္ဝိုက္သြယ္ယွက္ထားရင္း ရယ္သြားသည္။ "ဘယ္သူက မကုန္ဆုံးခ်င္လို႔လဲ။"
ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "အဲ့ဒါမ်ား မင္းေမးေနေသးတယ္။"
ဝမ္ေခ်ာင္ ႏွစ္ႀကိမ္မၽွ အသံထြက္ညည္းညဴေနရင္းမွ ႐ုတ္တရက္ေျပာလာသည္။ "ေနာက္က်ရင္ အငွားကိုယ္ဝန္နဲ႔ ကေလးယူမွာလား။"
ရွဲ႕က်ဴရွင္း ေၾကာင္အသြားရသည္။ "ဘာကေလးလဲ။"
ဝမ္ေခ်ာင္ ျပန္ေျပာသည္။ "ငါက ကေလးေမြးေပးနိုင္တာမွ မဟုတ္တာ။ မင္း ကေလးမလိုခ်င္ဘူးလား။"
ရွဲ႕က်ဴရွင္း တန႔္သြားၿပီး သူ႔ကို ထူးထူးဆန္းဆန္းမ်က္ႏွာအမူအရာျဖင့္ ၾကည့္လာေတာ့သည္။
သူ ေခါင္းအုံးေပၚ လက္တင္ထားရင္း ဂ႐ုမထားသလိုေျပာလိုက္သည္။ "တစ္ဘဝလုံး ငါတို႔ႏွစ္ေယာက္တည္း ေနသြားတာလည္းေကာင္းေပမယ့္ ကေလးတစ္ေယာက္ ထပ္ေပါင္းထည့္မယ္ဆိုလည္း ထူးၿပီးေျပာင္းသြားတာမ်ိဳးမွ မရွိတာ။ အရင္ႀကိဳေျပာထားမယ္။ ငါ့ကိုေတာ့ ထိန္းခိုင္းဖို႔မေတြးထားနဲ႔။ ငါ့ဘာသာငါေတာင္ မထိန္းနိုင္ေသးတာ၊ ငါ့လက္ထဲ အဲ့ကေလး လာအပ္ထားရင္ ႏွစ္မိနစ္အတြင္း ေသသြားေလာက္တယ္။"
ရွဲ႕က်ဴရွင္း : "..."
ဝမ္ေခ်ာင္ 'အင္းကနဲ' ညည္းရင္း ေလာေဆာ္လာသည္။ "မရပ္ေနနဲ႔ေလ။ မင္းလွုပ္စမ္းပါ။"
ရွဲ႕က်ဴရွင္း ျဖည္းျဖည္းခ်င္းလွုပ္ရွားလိုက္သည္။
ဝမ္ေခ်ာင္ ေနရေကာင္းလာခ်ိန္ နားရွက္ဖြယ္စကားမ်ားကို တစ္ဖန္ထပ္လို႔ အမ်ိဳးစုံေအာင္ ေအာ္ညည္းေတာ့သည္။
ရွဲ႕က်ဴရွင္း သူ႔လက္တစ္ဖက္ျဖင့္ ဝမ္ေခ်ာင့္ပါးစပ္ကို ဖိအုပ္ထားလိုက္သည္။
ဝမ္ေခ်ာင္ အသံမထြက္နိုင္ေတာ့တာမို႔ အျပင္းအထန္မ်က္ေတာင္ခတ္ရင္းေတြးေနမိသည္။ 'ေရွာင္ရွဲ႕ဘာလုပ္မလို႔လဲ။'
ရွဲ႕က်ဴရွင္း သူ႔အနားတိုးကပ္လာၿပီး နဖူးထက္တြင္ အနမ္းေႁခြလ်က္ ထို႔ေနာက္မွာေတာ့ သူ႔မ်က္ခြံမ်ားႏွင့္ ႏွာတံ၊ ထို႔ေနာက္တြင္ သူ႔လက္ဖယ္၍ ႏွုတ္ခမ္းထက္ ညင္ညင္သာသာေလး နမ္းရွိုက္လာေတာ့သည္။
ဝမ္ေခ်ာင္ ဘာလို႔ရယ္မသိေပမယ့္ ခံစားရမဆိုးလွတာမို႔ ရွဲ႕က်ဴရွင္းလည္ပင္းကို ျပန္သိုင္းဖက္ထားေပးလိုက္သည္။
ရွဲ႕က်ဴရွင္း သူ႔မ်က္ႏွာႏွင့္ လည္ပင္းတစ္ဝိုက္ကို ညင္ညင္သာသာေလး တစ္လွည့္ဆီအနမ္းေႁခြေနရင္း သူ႔မ်က္ႏွာမွ နားရြက္ရွိရာသို႔ ေျပာင္းေရြ႕လ်က္ နားအတြင္းေလမွုတ္ထည့္ေပးလာသည္။
ဝမ္ေခ်ာင့္တစ္ကိုယ္လုံး ယားက်ိလာတာမို႔ မေနနိုင္ေတာ့ဘဲ တဟားဟားထရယ္ေတာ့သည္။
ရွဲ႕က်ဴရွင္း သူ႔နားရြက္အနားဖိကပ္ထားရင္း တစ္စုံတစ္ခုကို အသံတိုးတိုးျဖင့္ေျပာလာသည္။
သူ႔ရယ္သံက ခ်က္ခ်င္းဆိုသလို တိုးတိတ္သြားၿပီး ၾကားလိုက္ေပမယ့္ ရွင္းရွင္းလင္းလင္းမၾကားလိုက္ရသလို၊ နားၾကားလြဲသြားသလိုခံစားခ်က္ျဖင့္ ေမးလိုက္ေတာ့သည္။ "မင္း ဘာေျပာလိုက္တာလဲ။"
ရွဲ႕က်ဴရွင္းႏွုတ္ခမ္းက သူ႔နားရြက္ႏွင့္ထိကပ္ေနေသးေပမယ့္ စကားမေျပာလာ။
သူ တုန႔္ဆိုင္းဆိုင္းႏွင့္ေမးလိုက္သည္။ "မင္း ငါ့ကိုခ်စ္တယ္ဆိုၿပီး ေျပာလိုက္တာလား။"
ရွဲ႕က်ဴရွင္း စကားျပန္မေျပာဘဲ သတိေပးျခင္းမရွိ၊ ႐ုတ္တရက္အရွိန္တင္လာရာ ရထားေလးမွ က်ည္ဆန္ရထားအသြင္ေျပာင္းသြားေတာ့သည္။
တစ္မိနစ္အတြင္း ဝမ္ေခ်ာင့္လည္ပင္းက အေနာက္သို႔ ေကာ့ထိုးသြားၿပီး ေဝဝါးေနသည့္မ်က္ဝန္းမ်ားျဖင့္ ရင္ဘတ္ကလည္း ျမင့္ခ်ည္နိမ့္ခ်ည္လွုပ္ရွားေနေလသည္။
ရွဲ႕က်ဴရွင္း တစ္ဖန္ျပန္ရပ္၍ သူ႔လည္စလုတ္ကို ကိုက္ထားရင္း တိုးဖြဖြျပန္ေျပာလိုက္သည္။ "ဟုတ္တယ္၊ ငါေျပာလိုက္တယ္။"
ဝမ္ေခ်ာင္ : "...ေဟးေဟး"
မယုံနိုင္ဖြယ္ရာပဲ။
ဒီေန႔က်မွ ေရွာင္ရွဲ႕ ဘယ္လိုျဖစ္ၿပီး အရမ္းဖလစ္တတ္ေနရတာလဲ။
ရွဲ႕က်ဴရွင္း သူ႔ကိုေမးလာသည္။ "မင္းေရာ?"
စားၿပီးနားမလည္လုပ္ခ်င္တဲ့ဝမ္ေခ်ာင္က မသိသလိုျပန္ေမးလိုက္သည္။ "ငါက ဘာလဲ။"
ရွဲ႕က်ဴရွင္း ဆက္မေမးေတာ့။
ဝမ္ေခ်ာင္မွာ ေျပာခ်င္လြန္းေနတာမို႔ မေက်မနပ္ႏွင့္ေျပာလိုက္သည္။ "မင္း ငါ့ကို ေနာက္ထပ္တစ္ႀကိမ္ေလာက္ ထပ္ေမးလိုက္လို႔မရဘူးလား။"
ရွဲ႕က်ဴရွင္း ျပဳံးသြားသည္။ "မင္းကို ဘာေမးရမွာလဲ။"
ဝမ္ေခ်ာင္ ယုံၾကည္ခ်က္ရွိရွိေျပာလာသည္။ "ငါ မင္းကိုခ်စ္လားလို႔ေမးေလကြာ။"
ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "မေမးလည္း ငါသိၿပီးသားပဲ။"
သူ ေသခ်ာေပါက္သိထားၿပီးျဖစ္သည္။
ဝမ္ေခ်ာင့္အခ်စ္ကိုခံရသည့္လူတိုင္း သိၾကမည္သာ။ 'အခ်စ္' ဆိုသည့္စကားလုံးက သူ႔မ်က္ႏွာေပၚတြင္ ေရးထားသလို၊ fan ေတြ ကိုင္သည့္ lightstick ထက္ေတာင္ လင္းလက္ေနတာမို႔ ဘယ္လိုလုပ္မသိဘဲေနရပါလိမ့္။
ဝမ္ေခ်ာင္ နည္းနည္းပူပန္သြားရသည္၊ ေရွာင္ရွဲ႕မေမးဘဲ သူဘယ္လိုေျပာရပါ့။
သူ ရွဲ႕က်ဴရွင္းေမးဖို႔ ထပ္ေလာလိုက္သည္။ "မေမးဘဲ မင္းဘယ္လိုသိမွာလဲ။ ဘာမွလည္းမသိဘဲ သိခ်င္ေယာင္ေဆာင္ခ်င္ေသးတယ္။ မင္း ျမန္ျမန္ငါ့လာေမးစမ္းပါ။"
ရွဲ႕က်ဴရွင္း ရယ္လ်က္ေမးလာသည္။ "ဒါဆို မင္းငါ့ကိုခ်စ္လား။"
သူလည္း ဝမ္ေခ်ာင္ကိုယ္တိုင္ ထုတ္ေျပာလာတာကို ၾကားခ်င္မိသည္သာ။
ဝမ္ေခ်ာင္ ျပဳံးလ်က္ ေျမာက္ႂကြႂကြျဖစ္ၿပီး တစ္ခ်ိန္တည္းတြင္ရွက္ေနသည့္မ်က္ႏွာျဖင့္ ခပ္တိုးတိုးေျပာလိုက္သည္။ "ေရွာင္ရွဲ႕၊ ပါ့ပါးအိုက္နီ"
ရွဲ႕က်ဴရွင္း : "..." အရမ္းေပ်ာ္သြားတယ္ဆိုေပမယ့္ ဒါက ဘယ္လိုေတာင္ အက်ိဳးနည္းတဲ့ဝါစဥ္ႀကီးလဲ။
ေရသြားခ်ိဳးၿပီး အိပ္ရာဝင္လာခ်ိန္ ဝမ္ေခ်ာင္က သူ႔ေဘးတြင္ လူးလွိမ့္ေနေတာ့သည္။
ရွဲ႕က်ဴရွင္းလည္း မအိပ္ခ်င္ေသးသည့္အျပင္ သူႏွင့္လည္း စကားအနည္းငယ္ေျပာခ်င္ေသးတာမို႔ ေမးလိုက္သည္။ "မင္းဘာလုပ္ေနတာလဲ။"
ဝမ္ေခ်ာင္ သူ႔အနားတိုးလာၿပီး သူ႔ေဘးတြင္ လွဲခ်လ်က္ စိတ္လွုပ္ရွားတႀကီးေျပာလာသည္။ "ငါ ငါတို႔ရဲ့ဒုတိယေျမာက္ album အေၾကာင္းေတြးေနတာ။"
ရွဲ႕က်ဴရွင္း : "..." '႐ုတ္တရက္ႀကီး အေလးအနက္ျဖစ္လာတာက ျပႆနာရွာေတာ့မယ့္ပုံစံအတိုင္းပဲ။'
ဝမ္ေခ်ာင္ သံစဥ္တစ္ခု ညည္းဆိုလာသည္။
ရွဲ႕က်ဴရွင္း နားေထာင္ၾကည့္ရာ သူ ကုမၸဏီတြင္ ၾကားခဲ့သည့္သံစဥ္မ်ားအထဲ လူတိုင္း အေကာင္းဆုံးဟုေတြးခဲ့သည့္တစ္ခုျဖစ္ေနသည္။
ဝမ္ေခ်ာင္ ျပဳံးၿဖီးၿဖီးႏွင့္ေျပာလာသည္။ "ဒါေလ။ သီခ်င္းစာသားေတြက ေတာ္ေတာ္ေလးဆိုးတယ္။ သံစဥ္ကေတာ့ အဆင္ေျပေနတုန္းပဲ။ စာသားျပန္ျပင္ေရးၿပီး hip-hop အသံပိုင္းေပါင္းထည့္လိုက္ရင္ နားေထာင္ေကာင္းၿပီး ခပ္ျမဴးျမဴးေလးျဖစ္သြားမွာ။"
ရွဲ႕က်ဴရွင္း အံ့ဩသြားရသည္။ "မင္း သီခ်င္းေရးတတ္ေသးတယ္ေပါ့?"
ဝမ္ေခ်ာင္ ေျပာလာသည္။ "သီခ်င္းေရးတာမ်ား ဘာဆန္းလဲ။ ငါ ေကာလိပ္စတက္တုန္းက band ထဲေတာင္ ပါဖူးေသးတယ္။ ေနာက္ပိုင္း ငါ အဲ့လူေတြနဲ႔ အဆင္မေျပလို႔ နားလိုက္တာ။"
ရွဲ႕က်ဴရွင္း : "..." 'မိုက္လိုက္တဲ့ ငါ့ရဲ့ေခ်ာင္'
ဝမ္ေခ်ာင္ ေျပာရင္း အိပ္ခ်င္စိတ္ေျပသြားၿပီး ဖုန္းကိုလွမ္းထိ၍ တက္ႂကြမွုအျပည့္ျဖင့္ garageband app ကိုဖြင့္၍ အခ်ိန္အေတာ္ၾကာေအာင္ တီးၾကည့္ေနေတာ့သည္။
ရွဲ႕က်ဴရွင္းလည္း အေတာ္ႀကီးလို႔ေျပာမရေပမယ့္ နားေထာင္ၾကည့္႐ုံႏွင့္ တစ္ဖက္သူက တကယ္လုပ္တတ္သည့္အျပင္ အရမ္းလည္းေတာ္မွန္းေျပာနိုင္ေနသည္။
မနက္ခင္းေလ့က်င္ခန္းလုပ္သလို ကၿပီး စာသားလည္းမမွတ္မိဘဲ သီခ်င္းဆိုလို႔ အဖြဲ႕သားမ်ားအေနာက္တြင္ေန၍ အပ်င္းတစ္ေနတတ္သည့္ေခါင္းေဆာင္က ဂီတပိုင္းတြင္ပါရမီပါလိမ့္မည္ဟု ဘယ္သူက ထင္ထားပါလိမ့္မလဲ။
KittyKitling
T/N : Good Night