တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (41. 1)

2.2K 324 5
By Kyiphyuswe

(41. 1)

ချီဟန်က ကိုယ်ပိုင် မျိုးနွယ် တည်ထောင် ချင်တဲ့ ရည်ရွယ်ချက် က အစားအသောက် တွေအပြင် အဝတ်အထည်အတွက် ပါ မပူမပန်ရအောင် လုပ်ချင် ခဲ့တာပဲ ဖြစ်လေတယ်။ ပြီးတော့ စိုးရိမ်ပူပန်မှုမရှိပဲ ကိုယ့်မျိုးနွယ်ကိုယ် အရည်အချင်း ပြည့်ဝ စေချင်တာ ပဲ ဖြစ်လေတယ်။

စီးပွားရေး ကျောင်းသား တစ်​ယောက် အနေနဲ့ သူက သားရဲကမ္ဘာ ငွေကြေးစံနှုန်းတွေကို မြင့်တင်ပေးလို ပြီးတော့ ကူးသန်းရောင်းဝယ် ရေးနဲ့ ကုန်သွယ်မှု စင်တာ လည်း ထူထောင်ချင် နေခဲ့တယ်။ သူက မျိုးနွယ်စု တည်ထောင်ဖို့ နေရာရှာ တာတောင်မှ ပဲ မျိူးနွယ်စု တွေအများကြီး ရဲ့ ဆုံရာ အလယ်နေရာကို ရွေးချယ်ခဲ့တာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု လုပ်မယ်ဆိုရင် ငြိမ်းချမ်းမှုကို အခြေခံ ပြီးမှ လုပ်လို့ ရမှာပဲ ဖြစ်တယ်။ တကယ်လို့ ကောင်းမွန်တဲ့ ဘဝသာ မရှိရင် ဖြစ်ချင်တဲ့ အိမ်မက်တွေ ဆိုတာက ဟာသ စကားတွေပဲ ဖြစ်သွားလိမ့်မယ်။

အခု သူတို့ ရင်ဆိုင် နေရတဲ့ ပြဿနာ က ကြီးနိုင်ငယ်ညှင်းမှု တွေသာ မကပဲနဲ့ သားရဲလောကမှာ ညစ်ပတ်တဲ့ စိတ်ရှိသူနဲ့ ကြုံ တွေ့ နေရတာပဲ ဖြစ်လေတယ်။

သူ့ကိုယ်သူ စိတ်ကြီးဝင် သထက် ဝင်ပြီးတော့ ထို ကျားဖြူခေါင်းဆောင်ရဲ့ အေးစက်ပြီးတော့ လောဘ ကြီးတဲ့ မျက်လုံးတွေကို လျစ်လျူရှု ခဲ့ မိတာအား ချက်ချင်းပဲ ပြန်ပြီး နောင်တ ရလာလေတယ်။

စုဝေးပွဲမှာ တစ်ခဏသာ ဆုံခဲ့ရတဲ့ မျက်လုံးအကြည့်တွေ ပိုင်တဲ့ ထိုလူဟာ သူ့ရဲ့ ကိုယ်ပိုင်နေရာနဲ့ တင် စိတ်ကျေနပ်မှု မရှိတဲ့ သူဖြစ်မှန်း သိသာလေတယ်။ သူ့ရဲ့ မျက်လုံးတွေက သူ့ရဲ့ အလိုလောဘ တွေကို  ဖော်ပြနေခဲ့တယ်လေ။

အခုမှ စပြီးတော့ အစီအစဥ် ချဖို့ နောက်မကျ သေးဖို့ပဲ မျှော်လင့်မိတယ်။

တကယ်လို့ သူတို့သာ စစ်ပွဲကို တစ်ကယ် စတင်တော့မယ် ဆိုရင် ကြိုပြီး ပြင်ဆင်ထား ဖို့ လိုအပ်လေတယ်။

မျိုးနွယ်စုမှာ နံရံမဆောက်ထားလေဘူး။ ချီဟန်က အစကတည်းက နေရာထပ်ပြီး ချဲ့ထွင်မယ့် အတွက် ရည်ရွယ်ချက် ရှိရှိ ထားခဲ့တာ ဖြစ်ပြီးတော့ အခုမှ နံရံဆောက်မယ် ဆိုရင် အရမ်းနောက်ကျ သွားပြီပဲ ဖြစ်လေတယ်။

ချီဟန်က အိမ်ရဲ့ ပတ်ပတ်လည်ကို ခေါင်းကိုက်စွာ ကြည့်နေခဲ့လေတယ်။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်း က သူဟာ ချန်ရှီးလေး ကို ဂရုမစိုက် နိုင်ခဲ့တာ ပဲ ဖြစ်လေတယ်။ သူက ချန်ရှီးလေးကို အဒေါ် ဝေ့ဆီယာ နဲ့ အဒေါ် တုံးဟွား ဆီကို ပို့ထားခဲ့တာ ပဲ ဖြစ်လေတယ်။

ကျားဖြူ မျိုးနွယ်မှာ ပျံသန်းနိုင်တဲ့ သားရဲလူသားတွေ ဒါဇင်နဲ့ ချီပြီးတော့ ရှိလေတယ်။ ​မြေပြင် ခုခံကာကွယ်ရေး က လုံးဝကို အသုံးမဝင်ဘူး။ အကောင်းဆုံး ကာကွယ်ရေးက တိုက်ခိုက်တာပဲ ဖြစ်တယ်။

'' ပင်း မင်းက ဒီလောက် မျိုးနွယ်တွေ အများကြီးကို ​ဖြတ်သန်း သွားဘူးတော့ သူတို့က လက်နက်တစ်ခု သုံးတာ တွေ့ဘူးလား ''

'' လက်နက် တစ်ခု အဲ့တာက ဘာလဲ? ''

'' အဲ့တာက ဒီလိုလေ။ မင်းတို့က အမဲလိုက်တဲ့ အခါ သားရဲပုံစံကို ပြောင်းတာမျိုး မလုပ်ပဲနဲ့ လူသားပုံစံနဲ့ ကိုင်ဆောင်တဲ့ ဟာကို ပြောနေတာလေ''

ပင်း က တစ်ခဏ လောက်တော့ တွေးလိုက်တယ်။

'' ကျန်းမာသန်စွမ်းတဲ့ သားရဲလူသားတွေက အဲ့လိုအကူပစ္စည်းမျိုး တွေ သုံးတာတော့ လုံးဝ မတွေ့ဘူးဘူး။ ဒါပေမယ့် တစ်ချို့ မသန်မစွမ်း သားရဲလူသားတွေ တော့ သုံးတာ တွေ့ဘူးတယ်။ အဲ့တာက ကျောက်တုံးနဲ့ နှင်းဖြူယုန်ကို အမဲလိုက်ခဲ့တာ။ အဲ့ကျောက်တုံးကို မှန်အောင် ပြစ်နိုင်နေသရွေ့ အပြေးမြန်တဲ့ နှင်းဖြူယုန်တောင် ပြေးမလွတ်တော့ဘူး ''

ပင်းရဲ့ မျက်လုံးထဲမှာ အတိတ်ကို ပြန်လွမ်းဆွတ်နေတဲ့ ဟန်တွေ ပေါ်နေခဲ့တယ်။ လီက အဲ့အချိန်တုံး က အရမ်းကို ငယ်သေးပြီးတော့ သူကလည်း အရွယ်ရောက်ပြီး ဆောင်းနှစ်ခု ကိုပဲ ဖြတ်ကျော် ရသေးတယ်။  ပြီးတော့ သူ့ရဲ့  သန်စွမ်းမှု မရှိတဲ့ အတွက် သူနဲ့ အတူအဖော် လုပ်ပြီးတော့ အမဲလိုက်ချင်တဲ့ သူ ရှိမှာ မဟုတ်ဘူး ဆိုတာကို မသိခဲ့လေဘူး။

နောက်ဆုံး ဆောင်းရာသီ မတိုင်ခင် မှာ  မျိုးနွယ်စု က သူ့ကို အသားတွေ ပေးသလား မပေးဘူးလား ဆိုတာတောင် မတွေးနိုင်တော့ပဲ စားသောက်ဖို့ရာ တစ်ယောက်ထဲ နေ့တိုင်း အမဲလိုက်ခဲ့ရတယ်။ သူ့မှာ နှင်းယုန်သားရေ တွေ အများကြီး စုဆောင်းမိကာ သူက ပင်းနဲ့ လယ်လှယ်ခဲ့တယ်လေ။ သူ့ဆီက နှင်းယုန်အရေခွံတွေက အရမ်းကို အကောင်းအတိုင်း ကျန်နေခဲ့တယ်။

'' ကျောက်တုံးတွေနဲ့ အမဲလိုက်တာ..... ''

ချီဟန်ရဲ့ စိတ်ကူးထဲမှာ အကြံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ကျောက်ခေတ်ရဲ့ အလယ်ပိုင်း လောက်မှာ အမဲလိုက်ဖို့ လက်နက်အဖြစ် လူတွေက ကျောက်တုံး တွေကို အသုံးပြုခဲ့ကြတယ်။ ကျောက်ခေတ်နှောင်း ယဥ်ကျေးမှုတွေ တိုးတက်လာတဲ့ အချိန်ကို မပြောနဲ့အုံး အဲ့အချိန်မှာတောင် မှ သူတို့က ကျောက်တုံးကို လက်နက်အဖြစ် သုံးနေဆဲပဲလေ!

'' လီ ကို ငါ့ဆီကို ခေါ်လာပေးပါ။ သူသုံးတဲ့ လက်နက်ကို သိချင်တယ်''

'' ကောင်းပြီ ''

ချီဟန်က ထို မသန်မစွမ်း သားရဲလူသားငယ် အပေါ်မှာ အမြင်ကောင်း တစ်ချို့ ရှိလေတယ်။ သူက အရမ်း ဉာဏ်ကောင်းပြီးတော့ စကားတွေ အများကြီး မပြောပေ။

သူက မီးခိုးခေါင်းတိုင် ပါတဲ့ အိမ်ကို ဆောက်တဲ့ အချိန်မှာတော့ ထိုကောင်လေးက ပထမဆုံး သင်ယူခဲ့တာ ပဲ ဖြစ်လေတယ်။ သူက ဇွဲလုံလတွေ ရှိပြီးတော့ လေးနက်မှု ထားကာ  အောင်မြင်နိုင်တဲ့ အလားအလာ အရမ်းမြင့်တဲ့ အရည်အချင်း ရှိသူ ဖြစ်လေတယ်။

လီ က အထဲကို ဝင်လာပြီးတော့ ချီဟန်နဲ့ တုံ ကို အရင်ဆုံး အရိုအသေ ပြုလိုက်တယ်။

'' မျိုးနွယ်စု စုန်းမ ကျွန်တော့်ကို ခေါ်တယ်ဆို ''

သူ့ကို ကြည့်ရတာ အမျိူးသမီးတွေနဲ့ သားရဲ တစ်ဝက်တွေကို တစ်ခါမှ စကား မပြောဘူးတဲ့ ပုံပဲ ဖြစ်လေတယ်။ သားရဲလူသားလေး က ခေါင်းကို ငုံ့ထားကာ ချီဟန်ကို မကြည့်ရဲပေ။ ပြီးတော့ အခုလို စကားလေး တစ်ခွန်း နှစ်ခွန်း ပြောပြီးတဲ့နောက် ရှက်သွေးဖြာလာပြန်တယ်။

'' ဟုတ်တယ်။ ငါက မင်းလာဖို့ ခေါ်လိုက်ရတာပဲ ဖြစ်တယ်။ မင်းက နှင်းယုန်တွေကို ကျောက်တုံးနဲ့ ထုရိုက်ပြီး ဖမ်းတယ်ဆို''

'' ဟုတ်ပါတယ် ''

'' မင်းဘယ်လိုလုပ် ဖမ်းတာလဲ''

'' သေးသွယ်တဲ့ ကျောက်တုံး တွေကို ရွေးပြီးတော့ တစ်ဖက်ကို ချွန်အောင် လုပ်လိုက်တယ်။ ယုန်ရဲ့ မျက်လုံးကို သေချာချိန်ပြီးတော့ ရိုက်ချလိုက်။ ပြီးရင် နှင်းဖြူယုန် က ချက်ချင်း သေသွားရော။ ဒါကြောင့် ယုန်က အထိအခိုက်မရှိ သေသွားရတော့ အရေခွံ ကောင်းကောင်း ရပြီးတော့ အသားတွေ အများကြီးနဲ့ လဲလှယ်လို့ ရသွားတာလေ။ ''

သူက ခေါင်းလေးကို ကိုင်ကာ သူလုပ်ခဲ့သမျှ အကုန်လုံး ကို အစအဆုံး ပြန်ပြောပြနေခဲ့တယ်။

'' ငါ မင်းကို တစ်စုံတစ်ခု လုပ်ခိုင်းစရာ ရှိတယ် ''

ချီဟန်က တန့်သွားပြီးတော့မှ ဆက်ပြောလိုက်တယ်။

'' မင်းတို့တွေက မင်းတို့အရပ်လောက် ရှိတဲ့ သစ်သားချောင်းတွေကို အချောသပ်ပေး ရုံပဲ။ ပြီးတော့ အဲ့တာတွေကို ငါတို့ခေါင်မိုးတွေ ပေါ်မှာ ထောင်ထား ရုံပဲ။ ထူပြီးတော့ ဝိုင်းလေလေ ကောင်းလေလေပဲ''

ချီဟန်က အထူကို သူ့ရဲ့ လက်နဲ့ ပုံဖော်ပြ သနေခဲ့တယ်။

'' တုတ်ချောင်းရဲ့ အရှေ့မှာ ဒီလောက် အရွယ်အစားရှိတဲ့ ကျောက်တုံးတွေကို တပ်ဆင်ထားလိုက်''

ချီဟန်က သားရေစပေါ်မှာ စိန်တုံးလို ပုံမျိုး ဆွဲ ပြီးတော့ ဘယ်လို တပ်ရမလဲ ဆိုတာပါ ဆွဲ ပြလေတယ်။

'' ကောင်းပြီ ''

'' ဒါက အမဲလိုက် တဲ့ လက်နက်ပဲ။ တကယ်လို့ မင်း အဲ့တာ ကို လုပ်ပြီးသွားရင် အလုပ်ဖြစ်သလား မဖြစ်ဘူးလား ဆိုတာကို ဂျိုရှည်သားရဲ ကို ဖမ်းပြီး အသုံးပြုကြည့်လိုက်''

'' ကောင်းပြီ ''

လီ က လက်နက်တစ်ခုကို ဘယ်လို သုံးရမလဲ ဆိုတာ မသိပေ။ သူ့အတွေးထဲမှာတော့  ကျောက်တုံးတွေက နေရာတိုင်းမှာ အများကြီး ရှိနေတာ ပဲလို့ တွေးနေမိခဲ့တယ်လေ။ ဒါပေါ့ လွယ်ကူစွာ အသုံးပြုလို့ ရတဲ့ ကျောက်တုံးတွေကတော့ မများဘူးလေ။ သူက ထို ကဲ့သို့ ကျောက်တုံး တွေတစ်ချို့ကို ကောက်လာခဲ့ကာ ထိုထဲက ၂ခု   ချီဟန် ဆွဲ ပြတဲ့ ပုံနဲ့ အတော်လေးကို တူနေလေတယ်။

ထိုကျောက်တုံးတွေက ပွတ်တိုက်ပြီးတဲ့နောက် အရွယ်အစား တူတဲ့ ထင်းချောင်းတွေကို ရှာဖွေခဲ့ပြီးတော့ ပြုပြင်ခဲ့ကာ ကျောက်တုံးတွေနဲ့ တွဲချည်လိုက်လေတယ်။

သူ့လက်ထဲက လက်နက်ရဲ့ အလေးချိန်ကို ချိန်ဆ ကြည့်ကာ ဒီလောက်ကြီးတဲ့ လက်နက်ကို ကိုင်တွယ်ဖို့က တကယ်မလွယ်ပေ။ ဒါကြီးကို သုံးပြီးတော့ ဂျိုရှည်ကောင်ကို အမဲလိုက်ဖို့ မျိုးနွယ်စု စုန်းမက သူ့ကို တောင်းဆို ခဲ့တယ်လေ!

လီ က သူ့ရဲ့ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်း လိုက်တယ်။ သူက လွန်ခဲ့တဲ့ သုံးနှစ်လုံး ဂျိုရှည်ကောင်တွေ ကို မဖမ်းနိုင်ခဲ့ ဘူးလေ။ ပြီးတော့ အဲ့ဟာတွေက အရမ်းကို သတိရှိပြီးတော့ ပြေးတာလည်း အရမ်းမြန်တယ်။

......................................................

မနေ့က မတင်လိုက် လို့ တစ်ပိုင်း တင်သည်

Continue Reading

You'll Also Like

75.5K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
142K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
406K 13.2K 17
My priority /property/privacy