Bi De • Pan Yu Xin De Rui la...

By callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... More

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

53

1.6K 313 38
By callme__kitty

[Unicode]

'တီတီတာတာအချစ်စကားများ'

ရှဲ့ကျူရှင်း ဝမ်ကျင်းစီ့ယွမ်ကို ပြန်မသွားဘဲ ကိုယ့်တိုက်ခန်းကိုသာ ပြန်သွားလိုက်သည်။

သူ ကျောက်ကျင်းရိနှင့်အတူ အိမ်ငှားနေဆဲ,ဖြစ်ပေမယ့် အလုပ်များနေသည်ဟူသည့်ခေါင်းစဉ်ဖြင့် မကြာမကြာဆိုသလို ဝမ်ချောင့်နေရာမှာပဲနေဖြစ်နေသည်။

သူ အိမ်တစ်လုံးလောက်ဝယ်ဖို့စဉ်းစားနေမိပြီး နှစ်ကူးအိမ်ပြန်စဉ်ကလည်း သူ့မိဘများက ပေ့ကျင်းတွင် အိမ်ဝယ်ဖို့အစီအစဉ်ရှိလားနှင့် လိုအပ်ပါက စုဆောင်းထားသည့်အချို့ ထုတ်ပေးလို့ရကြောင်း ပြောလာခဲ့သည်။

ပွဲဦးထွက်ပြီး နှစ်ဝက်အကြာတွင် သူ ပမာဏတစ်ခုအထိတော့ စုဆောင်းမိထားပေမယ့် ပေ့ကျင်းတွင် အိမ်ဝယ်နိုင်ဖို့အတွက်တော့ အနည်းငယ်မျှကျပ်နေသေးသည်။

သူ့တစ်ယောက်တည်းအတွက်ဆိုရင်တော့ အိမ်အသေးတစ်လုံးလောက် ဝယ်လိုက်ခြင်းက ပြဿနာမဟုတ်လှ။

ပြဿနာက သူ ဘယ်လိုအိမ်မျိုးဝယ်မှ ဝမ်ချောင့်မျက်ဝန်းထဲ အဆင်ပြေနိုင်မလဲဆိုတာပင်။

ဝမ်ချောင် သူ့အစ်ကိုထံမှ ကြုံရာအိမ်တစ်လုံးတောင်းပြီးနေလျှင်တောင် ထိုအိမ်များက မီတာ ၂၀၀ ကျယ်သည့် နှစ်ထပ်တိုက်များဖြစ်သည်။ ဝမ်ချောင့်အိမ်ကလည်း အာ့ဟွမ်လမ်း အစွန်အဖျားနားတွင်ရှိပြီး ဗီလာနှင့် ခြံဝန်းပါဝင်သည့် ထိုခြံဝိုင်းက မီတာ ၁၀၀၀ ကျော်ကျယ်ဝန်းသည်။ သူ ဝမ်ချောင့်ကို နှစ်ကြိမ်မျှ အိမ်လိုက်ပို့ဖူးပြီး အထဲမဝင်ကြည့်ဖူးတာတောင် ခြံစည်းရိုးအပြင်ကနေ ဘယ်လောက်ထိဈေးကြီးမလဲ ပြောပြလို့ရနေသည်။

ထိုအချက်က သူ့ကို တုန့်ဆိုင်းစေ၏။

တရုတ်နှစ်ကူးပြီးသွားချိန် icedream ရဲ့ ဒုတိယမြောက် album ကလည်း အသေအချာပြင်ဆင်နေသည့်အဆင့်သို့ရောက်ရှိသွားပြီး သီချင်းထွက်လာမည့်အချိန်က နွေဦးနှင့်နွေအကူးအပြောင်းကာလဟု ခန့်မှန်းထားကြသည်။

အဖွဲ့သား ၆ ယောက်လည်း အစည်းအဝေးအတွက် ကုမ္ပဏီကို ရောက်လာခဲ့ကြပြီး အချင်းချင်းမတွေ့ကြတာ ရက်အနည်းငယ်မျှရှိနေပြီမို့ ဆူဆူညံညံစကားဖောင်ဖွဲ့နေကြတော့သည်။

ဝမ်ချောင်တစ်ယောက် ပုံမှန်နှင့်မတူ အရှက်သည်းနေပြီး ရှဲ့ကျူရှင်းကို အသံတိုးတိုးနှင့်မေးလာသည်။ "ဝေ့၊ ညကျလုပ်စရာရှိလား။"

ရှဲ့ကျူရှင်းလည်း သူ ဟိုကိစ္စအကြောင်းတွေးနေပြန်ပြီဟု ထင်လိုက်မိပြီး မသိချင်ယောင်ဆောင်၍ အလေးအနက်ပြန်မေးလိုက်သည်။ "ဘာလုပ်မလို့လဲ။"

ဝမ်ချောင် ချောင်းဟန့်၍ပြောလာသည်။ "မင်း ငါ့အိမ်ကို လိုက်လည်မလား။"

ရှဲ့ကျူရှင်း ကြောင်အသွားရသည်။ "မင်းအိမ်?"

ဝမ်ချောင် ရယ်၍ပြန်ပြောသည်။ "ငါတို့ဟာ့ကျိလုပ်တဲ့ဖက်ထုပ်ကို မင်းကိုပေးမြည်းခိုင်းမလို့။"

ရှဲ့ကျူရှင်း : "... ငါလုပ်စရာရှိတယ်။"

ဝမ်ချောင် အရယ်ရပ်သွားပြီးမေးလိုက်သည်။ "ဘာလုပ်စရာရှိတာလဲ။"

ရှဲ့ကျူရှင်းပြောလာသည်။ "အကကျောင်းက အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲရှိတယ်။" သူ့အတန်းဖော်တွေ သူ့ကိုခေါ်ထားပေမယ့် သူ ရအောင်လာခဲ့မည်ဟု ကတိပေးထားခြင်းတော့မရှိ။

ဝမ်ချောင် 'အို့' ဟု သံယောင်လိုက်ပြီး စကားဆက်မပြောတော့။

ရှောင်ရှဲ့တွင် ကျောင်းသားဟောင်းတွေ့ဆုံပွဲ တကယ်ရှိနေသလား သူ မသိပေမယ့် ရှောင်ရှဲ့ သူ့အိမ်မသွားချင်တာကိုတော့ တန်းပြောနိုင်နေသည်။

သွမ့်ယိခွန်း သူရွေးချယ်ထားသည့်သီချင်းများရဲ့ demo ကို နားထောင်စေပြီး သူတို့သဘောများကိုလည်း မေးမြန်းလာခဲ့သည်။

လူတိုင်း တလေးတနက်နားထောင်နေပေမယ့် ဝမ်ချောင်ကတော့ ခေါင်းငုံ့ထားလျက် အိပ်ပျော်နေတာလည်း မဟုတ်သလို အသေအချာလည်း လိုက်နားထောင်မနေ။

နားထောင်ပြီးနောက် ရှဲ့ကျူရှင်းနှင့် ကျန်အဖွဲ့သားတိုင်း ထိုသီချင်းများထဲကတစ်ပုဒ်ကို အကောင်းဆုံးလက်ရာအဖြစ် သဘောတူလာကြပေမယ့် ဝမ်ချောင်ကတော့ ဘာသဘောထားမှ မျှဝေလာခြင်းမရှိ။

"ငါလည်း ဒီသီချင်းရဲ့သံစဉ်ကို ကောင်းတယ်လို့တွေးထားတယ်။ ဒါပေမယ့် သီချင်းစာသားက နည်းနည်းအားပျော့လွန်းတယ်။ အကယ်၍များသာ ငါတို့ ဒီသီချင်းကို album ခေါင်းစဉ်အနေနဲ့သုံးမယ်ဆိုရင် စာသားတွေ ပြန်ပြောင်းဖို့လိုလိမ့်မယ်။" သွမ့်ယိခွန်း အချက်အလက်များကို လှန်လှောကြည့်ရင်းပြောလာသည်။ "သီချင်းရေးသူက ကုမ္ပဏီအောက်ထပ်က စတူဒီယိုမှာနေတဲ့တစ်ယောက်ပဲ။ ငါ သူနဲ့ အရင်စကားပြောကြည့်လိုက်ဦးမယ်။"

Album နှင့်ပတ်သတ်သည့်အကြောင်းများ ပြောပြီးနောက်မှာတော့ အစည်းအဝေးလည်း ပြီးဆုံးသွားခဲ့ပြီး သွမ့်ယိခွန်း ရှဲ့ကျူရှင်းတစ်ယောက်တည်းကိုသာ ဆက်နေရစ်စေသည်။

ဝမ်ချောင် ပျင်းတိပျင်းရွဲ့ထရပ်ပြီးနောက် ရှဲ့ကျူရှင်းကို အပြင်မှာ စောင့်နေမည်ဟု လက်ဟန်ပြလိုက်ရာ ရှဲ့ကျူရှင်းကလည်း ခေါင်းညိတ်ပြလာခဲ့သည်။

အဖွဲ့သားများ အပြင်ထွက်ပြီးတာနှင့် တံခါးပြန်ပိတ်ပေးသွားသည်။

သွမ့်ယိခွန်း ပြုံးလျက်ပြောလာသည်။ "အခုတလော မဆိုးဘူးပဲ။ စကားလည်းမများကြတော့ဘူး။"

ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "စကားများစရာကိစ္စလည်း သိပ်မရှိပါဘူး။" 

သွမ့်ယိခွန်း မျက်ခုံးပင့်လျက် ပြောလာသည်။ "မင်းတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့ကိစ္စကြီးကို ဘာလို့ ငါ့ကိုတစ်ခွန်းမပြောရတာလဲ။"

ရှဲ့ကျူရှင်း : "..." 'ဘယ်အဖွဲ့သားကများ ဒီလိုကိစ္စတွေအထိ ပြန်ပြောရတာကြိုက်နေတာလဲ။'

သွမ့်ယိခွန်း အပြုံးမမည်သည့်အပြုံးတစ်ခုဖြင့် ပြောလာသည်။ "ငါ သူ့အစ်ကို မပြောပြထားဘူး။ မင်းတို့ဘာသာမင်းတို့ ဂရုစိုက်ကြ။"

ရှဲ့ကျူရှင်းမှာ "ကျွန်တော်တို့ဂရုစိုက်ပါမယ်။" ဟုသာ ပြန်ပြောနိုင်တော့သည်။

သွမ့်ယိခွန်း လေးလေးနက်နက်ဆက်ပြောသည်။ "အလုပ်အကြောင်းပြောရအောင်။ တရုတ်နှစ်ကူးအတွက်ရိုက်ခဲ့တဲ့ဇာတ်ကားက ရလဒ်ကောင်းတွေရနေတယ်၊ မင်းသရုပ်ဆောင်တာကလည်း အတော်လေးကောင်းတော့ အခုက သံပူနေတုန်း ဝင်ရိုက်ပြီး သရုပ်ဆောင်တဲ့လမ်းဘက် ထိုးဖောက်ရမယ့်အချိန်ကောင်းပဲ။"

ရှဲ့ကျူရှင်းပြောလိုက်သည်။ "ဒါပေမယ့် ကျွန်တော် သရုပ်ဆောင်ပိုင်းကို တစ်ခါမှမလေ့လာဖူးဘူး။ ဧည့်သည်အနေနဲ့ သီချင်းဆိုပေးတာမျိုးက ရပေမယ့် တကယ့်ဇာတ်ကောင်တွေကို ကိုင်ဖို့ကျ ..."

သွမ့်ယိခွန်းပြောလာသည်။ "အဲ့တော့လည်း ဘာဖြစ်လဲ။ အခုနာမည်ကြီးနေတဲ့ မင်းသား၊ မင်းသမီး တော်တော်များများကလည်း အနုပညာကျောင်းပြီးတွေ မဟုတ်ဘူး။ နာမည်တစ်ခုရလာရင် ဝင်ရိုက်လို့ရမယ့်ဒရမ်မာတွေက သူ့အလိုလိုရောက်လာတာပဲ။ အဲ့တာကို အခွင့်ကောင်းယူပြီး သရုပ်ဆောင်ပိုင်းကို ဖြည်းဖြည်းချင်းလေ့ကျင့်ယူပေါ့။"

ရှဲ့ကျူရှင်း သူ့စကားနောက်က အဓိပ္ပါယ်ကို နားလည်လိုက်သည်။ "ကျွန်တော့်ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာမျိုးရှိလို့လား။"

ဒါက ရှေးခေတ်ဟာသကားမျိုးဖြစ်ပြီး အရင်နှစ်ကူးဒရမ်မာကို ရိုက်ကူးပေးခဲ့သည့်ကုမ္ပဏီကပဲ ရိုက်ကူးမှာဖြစ်သည်။ ဇာတ်ညွှန်းကတော့ မျိုးနွယ်ဆက်သုံးခု တစ်အိမ်ထဲ အတူနေရင်း ကြုံတွေ့လာရမည့် ပရမ်းပတာအဖြစ်အပျက်များနှင့် ဟာသများအကြောင်းဖြစ်ကာ အပိုင်းတစ်ပိုင်းချင်းဆီတွင်လည်း သီးသန့်ဇာတ်လမ်းတစ်ပုဒ်ရှိလေသည်။ ရိုက်ကူးရေးဝန်ထမ်းများဘက်မှ ရှဲ့ကျူရှင်းကို မြေးအကြီးဆုံးနေရာတွင် သရုပ်ဆောင်ရန် ဖိတ်ခေါ်လိုကြပြီး ဇာတ်ကောင်ပုံစံကတော့ ကမ္ဘာအနှံ့ကို ဓားသိုင်းလို့ခရီးထွက်ချင်နေသည့် သခင်လေးက သူ့မိသားစုရဲ့အကျပ်ကိုင်မှုများကြောင့် တရားစီရင်ရေးဝန်ထမ်းစာမေးပွဲကို ဝင်ပြိုင်နေရသည့်အကြောင်းဖြစ်လေသည်။ 

ဇာတ်လမ်းအသွားအလာက စိတ်ဝင်စားဖို့ကောင်းသလို သရုပ်ဆောင်အရည်အချင်း မြင့်မားဖို့လည်း မလိုလှ။

ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာဖြစ်သူက အနုပညာလောကထဲတွင် နာမည်ကြီးသူများဖြစ်ပြီး ပါဝင်မည့်သရုပ်ဆောင်များကလည်း အားကိုးအားထားရလောက်သည့်လူများပင်။

ရမည့်လခကလည်း အရမ်းကောင်းလွန်းသည်။

ရှဲ့ကျူရှင်း နည်းနည်းတော့စိတ်ပါချင်သွားသည်။ "ရိုက်ကူးရေးက Album အတွက် အသံသွင်းရမယ့်အချိန်နဲ့ တစ်ချိန်တည်းဖြစ်နေတယ်။ အချိန်တိုက်တာမျိုးဖြစ်လောက်လား။"

သွမ့်ယိခွန်းပြောလာသည်။ "ငါ မေးကြည့်ပြီးသွားပြီ။ ဒီဒရမ်မာက စုစုပေါင်း အပိုင်း ၄၀ ရှိပေမယ့် မင်းရဲ့ဇာတ်ကောင်က ပထမဆုံး ၁၆ ပိုင်းမှာပဲ ပေါ်လာမှာ။ အဲ့နောက်ပိုင်းတွေကျ သူက ကမ္ဘာအနှံ့ခရီးထွက်သွားမှာဆိုတော့ အချိန်က သေချာပေါက်ပြန်ညှိယူလို့ရတယ်။ ဒါပေမယ့် နှစ်ဘက်လုံးကို ဘက်ညီအောင်လုပ်ရမှာဆိုတော့ မင်းအတွက် နည်းနည်းလေးအလုပ်များလောက်တယ်။"

ရှဲ့ကျူရှင်း ပြုံး၍ပြန်ပြောလိုက်သည်။ "ကျွန်တော့်အတွက် မကြောက်ရဆုံးကိစ္စက အလုပ်များရတာပဲ။"

သွမ့်ယိခွန်းလည်း ရယ်သွားတော့သည်။ "ဒါဆို ငါ ဟိုဘက်ကို အကြောင်းပြန်လိုက်တော့မယ်။"

ဝမ်ချောင်က ရုံးခန်းတံခါးရှေ့တွင် မတ်တပ်ရပ်လျက် ဂိမ်းဆော့နေပြီး တံခါးဖွင့်သံကြားတာနှင့် မော့ကြည့်၍ပြောလိုက်သည်။ "ဘာတွေပြောနေတာလဲ၊ ဒီလောက်အကြာကြီး"

ရှဲ့ကျူရှင်း ပြန်ပြောလာသည်။ "သွားရင်းပြောရအောင်။"

ဝမ်ချောင် သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်ပြီး အခုနကကိစ္စကို ပြန်အစမဖော်ချင်တော့တာမို့ သူ့ဘက်မှစ၍ ရှဲ့ကျူရှင်းပခုံးကို လှမ်းဖက်လိုက်ရာ ရှဲ့ကျူရှင်းဘက်ကလည်း ရှောင်ဖယ်သွားခြင်းမရှိတာကြောင့် သူတို့နှစ်ယောက်သား ပခုံးချင်းယှဉ်လို့လျှောက်ထွက်သွားလိုက်ကြသည်။

ရုံးခန်းထဲမှထွက်လာသည့် သွမ့်ယိခွန်းကတော့ သူတို့နောက်ကျောပြင်ကို ကြည့်နေရင်း ရွှင်မြူးရိပ်များဖြင့် ခေါင်းတခါခါဖြစ်သွားတော့သည်။

"ဟာသကား? ယွမ်နန်ကို သွားရိုက်ရမယ်?" ထိုအကြောင်းကိုကြားသည်နှင့် ဝမ်ချောင်အော်ပြောလာသည်။ "မင်း ဇာတ်ကားရိုက်ချင်တယ်ဆိုလည်း ငါ ငါ့သာ့ကောကို ဒါရိုက်တာကြီးတွေ ဇာတ်ကားရိုက်ဖို့ရှိလား ကူရှာခိုင်းပြီး မင်းကိုထည့်ပေးဖို့ ပြောလိုက်မှာပေါ့။ ဇာတ်ကားနဲ့ယှဉ်ရင် ဒီလိုဒရမ်မာကားတွေက ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ။ ပြီးတော့ ဟာသကားတဲ့၊ ပိုတောင်အဓိပ္ပါယ်မရှိသေး။ ရိုက်မနေနဲ့။"

အစကတော့ ရှဲ့ကျူရှင်းမှာ သူ့အား ဒီသတင်းအကြောင်းပြောပြဖို့ အရမ်းပျော်ရွှင်နေခဲ့ပေမယ့် အခုတော့ ခေါင်းပေါ် ရေအေးများလောင်းချခံလိုက်ရသလို မသက်မသာခံစားလိုက်ရသည်။ "ငါ ခွန်း-ကောကို ပြောပြီးသွားပြီ။"

ဝမ်ချောင်က ဟာသကားများကို အထင်မကြီးသလို ယွမ်နန်ကိုသွားဖို့ကလည်း အရမ်းဝေးလွန်းတယ်ဟု ခံစားရတာမို့ ပြန်ပြောလိုက်သည်။ "အဝေးကြီးရောက်သေးတာမှ မဟုတ်တာ။ ပြန်လှည့်ပြီး မရိုက်တော့ဘူးလို့ သွားပြောလိုက်ပါလား။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် သူ့ဖုန်းကို ပြန်ဆွဲထုတ်ပြီးပြောလာသည်။ "မင်း ပြောဖို့အားနာနေတယ်ဆိုလည်း ငါပြောပေးမယ်လေ။"

ရှဲ့ကျူရှင်း သူ့ကိုတား၍ပြောလိုက်သည်။ "ရပြီ။ အကုန်သဘောတူပြီးသားကိစ္စကို ပြန်ဖျက်လို့မကောင်းဘူး။"

ဝမ်ချောင်ကတော့ သတိထားမိခြင်းမရှိ။ "လက်ထပ်ပြီးရင်တောင်မှ ကွာရှင်းလို့ရသေးတာပဲ! မကောင်းတဲ့ဒရမ်မာကို မင်းက ဘာလို့ပြန်မဖျက်နိုင်ရတာလဲ။"

ရှဲ့ကျူရှင်းပြောလာသည်။ "ဒါ ငါ့အလုပ်။ မင်း လိုက်ပြီးဝင်မစွက်ဖက်နဲ့။"

ဝမ်ချောင်မှာ 'မင်း၊ ငါ' အကန့်ခြားခံလိုက်ရတာကို ကြားသည်နှင့် ဒေါသတကြီးပြောတော့သည်။ "ဘယ်လိုလုပ်ပြီး မင်းအလုပ်ဖြစ်သွားရတာလဲ။ မင်းကို ဟိုဇာတ်ကားထဲထည့်ပေးဖို့ ငါ ငါ့သာ့ကောကို မပြောခဲ့ရင် ဘယ်ဒါရိုက်တာက မင်းလိုအကသမားကို ဇာတ်ကားရိုက်ဖို့လာရှာမှာလဲ။"

ရှဲ့ကျူရှင်း : "..." အခုတင် သွမ့်ယိခွန်းကို စကားများစရာကိစ္စမရှိပါဘူးပြောနေသေးတာ၊ တကယ်ကို ပါးချခံလိုက်ရသလိုပဲ။

သူ တကယ်လည်းစကားမများချင်တာမို့ ပါးစပ်ပိတ်ထားပြီး စကားဆက်ပြောမနေတော့။

ဝမ်ချောင်ကတော့ အရိပ်အကဲနားလည်ခြင်းလုံးဝမရှိဘဲ စိတ်ပိုင်းဖြတ်ပြီးသွားသလိုဆက်ပြောသည်။ "ရပြီ။ ဒီကားကို မရိုက်တော့ဘူးလို့ ခွန်း-ကောနဲ့ ပြောလိုက်။ Album ထုတ်ပြီးတာနဲ့ ငါ့သာ့ကောကို မင်းအတွက် နွေရာသီကျ ရုံတင်မယ့်ဇာတ်ကားတစ်ခုလောက် ရှာပေးဖို့ပြောပေးမယ်။ ost ဆိုမလား၊ ကိုယ်တိုင်ဝင်သရုပ်ဆောင်မလား၊ မင်းသဘောအတိုင်းသာ ရွေးလိုက်။ နွေရာသီပိတ်ရက်ဆိုတာ ဇာတ်ကားကြီးတွေ အပေါက်ဆုံးကာလပဲ။ ဘာမဟုတ်တဲ့ဇာတ်ကားမျိုးတောင် ရုံတင်ခံရတယ်။ ယွမ်နန်သွားပြီး ဟာသကားရိုက်နေတာထက်တော့ ပိုကောင်းတယ်မလား။"

ရှဲ့ကျူရှင်း ပြန်မဖြေ။

ဝမ်ချောင် သွားနေတာကိုရပ်၍ သူ့ကိုလှမ်းတွန်းပြီးပြောလာသည်။ "မင်း ဘာမှပြန်မပြောတာ ဘာသဘောလဲ။"

ရှဲ့ကျူရှင်း မျက်နှာထားတည်တည်ဖြင့်ပြန်ပြောသည်။ "မပြောချင်လို့၊ မရဘူးလား။"

ဝမ်ချောင် ဒေါသထွက်သွားတော့သည်။ "မင်းဘာလုပ်နေတာလဲ။ ငါက မင်းကောင်းဖို့အတွက်လုပ်ပေးနေတာ မဟုတ်ဘူးလား။ မင်းက ဘယ်သူ့ကို ဒီမျက်နှာထားနဲ့ လာကြည့်နေတာလဲ။"

သူတို့တွေ ကုမ္ပဏီမှာပဲရှိနေသေးပြီး လူတွေကလည်း အဝင်အထွက်ရှိနေတာမို့ ရှဲ့ကျူရှင်း ပြန်ပြောလိုက်သည်။ "မင်းအသံကို တိုးထား။ အပြင်ရောက်မှ ထပ်ပြောမယ်။"

ဝမ်ချောင် နေရာမှမရွေ့ဘဲ ပြန်တုန့်ပြန်လာသည်။ "မလုပ်နိုင်ပါဘူး! ငါက ရှက်ဖို့ကောင်းတဲ့ကိစ္စမျိုးလုပ်ထားတာလည်း မဟုတ်!"

ရှဲ့ကျူရှင်း သူ့ကို ထရိုက်ချင်သွားပေမယ့် သည်းခံရင်းပြောလိုက်သည်။ "ဒါဆိုလည်း မင်းတစ်ယောက်တည်း ဆက်နေခဲ့တော့။"

ရှဲ့ကျူရှင်း ထွက်သွားတော့သည်။

ဝမ်ချောင် အနောက်မှလိုက်မသွားဘဲ ဒေါသထွက်လွန်းတာမို့ အခိုးအငွေ့များပါ ထွက်လာတော့မည့်အလား။ ရှောင်ရှဲ့က အကောင်းအဆိုးကို တကယ်နားမလည်တာပဲ။ သူ့ကို ဒီလောက်စိတ်ရင်းနဲ့ကောင်းပေးနေတာတောင် ဘာများအသုံးဝင်လဲ။ ဖက်ထုပ်စားဖို့ အိမ်ခေါ်တာလည်းမလိုက်၊ အရင်းအမြစ်ကောင်းတွေ ရှာပေးတော့လည်းမကြိုက်။ 'မင်း၊ ငါ' အကန့်တောင် ခွဲလိုက်သေးသည်။ ဒါကို တွဲတယ်လို့ခေါ်တာလား? အိပ်ရာပေါ်တက်တဲ့အချိန်ပဲ တွဲတာနှင့်တူနေသည်။

ရှဲ့ကျူရှင်း အောက်ထပ်ဆင်းသွားပြီးနောက် တန်းမထွက်သွားသေး၊ ဓာတ်လှေကားအဝင်ပေါက်နားတွင် စောင့်နေသေးသည်။ စောင့်နေတာ အတော်ကြာသွားတာတောင်မှ ဝမ်ချောင်ဆင်းမလာသေးတာမို့ သူ့မှာ ဖုန်းပြန်ခေါ်ရတော့သည်။

ဝမ်ချောင်က အပေါ်ထပ်တွင် အိမ်သာသုံးရင်း ဂိမ်းဆော့နေပြီး အရေးကြီးတဲ့အချိန်ရောက်မှ ရှဲ့ကျူရှင်းဖုန်းဝင်လာတာမို့ သူဒေါသတကြီးဖြင့် နှစ်ခါမစဉ်းစားနေဘဲ ချပစ်လိုက်လေသည်။

ရှဲ့ကျူရှင်းလည်း သူ့ဖုန်းကို ချလိုက်ကြောင်းအသိပေးချက်ဝင်လာတာနှင့် ဖုန်းကိုပြန်ထည့်ပြီး ဒီတစ်ကြိမ်မှာတော့ တကယ်ထွက်သွားတော့သည်။

ဝမ်ချောင် ဖုန်းချပြီးမှ နောင်တရလာပြီး ဂိမ်းဆော့ဖို့လည်း စိတ်မပါတော့။ သူ ရှဲ့ကျူရှင်း ပြန်ခေါ်လာမှာကို စောင့်နေပေမယ့် သူ့ပေါင်တွေ ထုံကျဉ်လာချိန်မှာတောင် ဖုန်းဝင်လာခြင်းမရှိ။

သူ အိမ်သာထဲမှ ခွေခွေယိုင်ယိုင်ပြန်ထွက်လာပြီးနောက် အလွန်အမင်းစိတ်ပျက်သွားရသည်။

သူ့အနေနှင့် ရှောင်ရှဲ့ကို သူ့သာ့ကောက သူ့ယောက်ဖအပေါ်ဆက်ဆံသလို ကောင်းကောင်းဆက်ဆံပေးဖို့အထိ မမျှော်လင့်ထားပေမယ့် ဘာလို့ အမြဲ စကားများပြီးတိုင်း သူကချည်း သူ့အမှားကို အရင်ဝန်ခံနေရတာလဲ။ သူကပဲ အရှက်မရှိနေလို့လား။ ရှောင်ရှဲ့ ဘယ်လောက်ထိအလိုလိုက်ခံထားရလဲကြည့်လိုက်ဦး။

အလိုလိုက်မနေတော့ဘူး၊ ချစ်ချင်တဲ့သူသာချစ်။

သူ့မှာလည်း လုပ်စရာမရှိနေတာမို့ ဘားသွားလိုက်တော့သည်။

သူ အရင်ကသူငယ်ချင်းများနှင့် ပြန်တွေ့ပြီး စကားပြောလိုက်၊ သောက်လိုက်လုပ်နေသည်မှာ ည ၁၁ နာရီထိုးသွားသည်အထိ။

သူ ရီဝေဝေဖြစ်လာတော့သည်။ လအတော်ကြာအောင် အပြင်ထွက်မကစားခြင်းရဲ့ရလဒ်ကတော့ သူ့သောက်နိုင်စွမ်းကျသွားခြင်းပင်။

သူငယ်ချင်းများက နေရာပြောင်း၍ အခြားတစ်ခုကစားကြမယ်ဟုပြောလာချိန် ထိုအခြားအရာက ဘာကိုဆိုလိုမှန်းသိလိုက်ပြီး အကြောင်းရှာ၍ 'မသွားတော့ဘူး' ဟုပြောလိုက်တော့သည်။

သူ့အနေနှင့် သူ့ကိုယ်သူချုပ်တည်းနိုင်စွမ်းက မကောင်းမှန်းသိထားပြီးဖြစ်တာမို့ လက်လွန်မည့်ကိစ္စတစ်ခုခုလုပ်မိသွားမှာကို ကြောက်နေမိသည်။

သူ ရှောင်ရှဲ့ကိုလည်း အခြားသူများနှင့် အချိန်းအချက်မလုပ်တော့ဟု ကတိပေးထားသည်။

သူ့တစ်ကိုယ်လုံး အရက်နံ့များဖြင့် မွှန်ထူနေတာမို့ အိမ်မပြန်ရဲတော့ဘဲ အငှားကားခေါ်၍ ဝမ်ကျင်းစစ်ယွမ်ကိုသာ ပြန်လာခဲ့လိုက်သည်။

ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် တံခါးဖွင့်ဖို့ သော့ထုတ်လိုက်ချင်ပေမယ့် အိတ်ကပ်များထဲရှာကြည့်တာတောင် သော့ကို ရှာမတွေ့။

ဒီနေ့က တော်တော်လေးစိတ်ဓာတ်ကျဖို့ကောင်းနေတာပဲ။

သူ ဒေါသတကြီးနှင့် တံခါးကို ကန်ချလိုက်တော့သည်။

သူ့အရှေ့က တံခါးက ပွင့်ဟလာခဲ့သည်။

ရှဲ့ကျူရှင်း တံခါးအနောက်တွင်ရပ်နေရင်း မျက်မှောင်ကြုတ်ထားရင်းပြောလာသည်။ "ဘယ်သူနဲ့ အဲ့လောက်အများကြီးသောက်လာတာလဲ။"

ဝမ်ချောင် ခေါင်းတစ်ခုလုံးရီဝေဝေဖြစ်နေပေမယ့် အရက်မူးနေတာ မဟုတ်တာမို့ ရှဲ့ကျူရှင်း သူ့ကိုစောင့်နေမှန်းသိလိုက်ရတာနှင့် အနည်းငယ်မျှဂုဏ်ယူသွားပြီး အော်ပြောလိုက်သည်။ "ဘယ်သူက မင်းကို ငါ့အိမ်ထဲနေခိုင်းလဲ။"

ရှဲ့ကျူရှင်းမှာ အရက်နံ့ရကတည်းက စိတ်ပျက်နေပြီးဖြစ်တာမို့ ထိုစကားကိုကြားလိုက်တာနှင့် ပြန်ပြောလာသည်။ "ဟုတ်ပြီ။ ဒါဆိုငါပြန်မယ်။"

သူ အပြင်ထွက်သွားတော့မည့်အချိန်၌ ဝမ်ချောင် သူ့ကို အလျင်စလိုပြေးဖက်ထားပြီး ဒေါသတကြီးပြောတော့သည်။ "မင်း ငါ့ဆီကနေ မျက်နှာပြောင်နည်းလေး နည်းနည်းလောက်သင်ထားလို့မရဘူးလား။ မင်းမျက်နှာက ဘာကြီးမို့လို့လဲ။"

ရှဲ့ကျူရှင်း သူ့ကိုလျစ်လျူရှုထားပြီး မေးလိုက်သည်။ "ဘယ်သူနဲ့ သွားသောက်လာတာလဲ။"

ဝမ်ချောင် ပြောလာသည်။ "အကုန်ယောက်ျားလေးတွေချည်းပဲ!"

ရှဲ့ကျူရှင်း သူ့အနားကပ်လာပြီး အနံ့ခံကြည့်ရာ အရက်နံ့တစ်ခုတည်းသာရှိနေ၏။

ဝမ်ချောင် ချက်ချင်းဆိုသလိုပြုံးဖြီးသွားပြီး တစ်ဖက်လူ အနံ့ခံနိုင်အောင် သူ့ကော်လံကိုဆွဲချပြီးမေးလိုက်သည်။ "ဘာများအနံ့ခံမိသွားလဲ။"

ရှဲ့ကျူရှင်း တစ်ဖက်သူရဲ့ခါးပေါ် လက်တင်ထားပြီး အနားသို့ဆွဲခေါ်ကာ တံခါးပိတ်၍ ငေါက်ငမ်းလာသည်။ "အထန်လေး"

သူတို့နှစ်ယောက် နမ်းရှိုက်နေရင်း ရှဲ့ကျူရှင်း ဝမ်ချောင့်ကိုယ်ပေါ် အားဖြင့်ဖိထားလိုက်တော့သည်။

ဝမ်ချောင်ကလည်း ဒီလိုပုံစံမျိုးကို ကြိုက်နှစ်သက်တာမို့ ပျော်ပျော်ကြီး 'တအင်းအင်း'အသံများပြုလာခဲ့သည်။

လုံလုံလောက်လောက်နမ်းပြီးမှ သူတို့ ဆိုဖာပေါ်ထိုင်ချလိုက်ကြပြီး ရှဲ့ကျူရှင်းက သူ့အတွက် ရေနွေးတစ်ခွက်လောင်းထည့်ပေးလာသည်။

ဝမ်ချောင် မူးနောက်နောက်ဖြစ်နေတာမို့ ကျောမှီထိုင်ထားရင်းမေးလိုက်သည်။ "မင်း ယွမ်နန်မှာ ဇာတ်ကားသွားရိုက်မှာ ဘယ်လောက်ကြာမှာလဲ။"

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "လဝက်"

ဝမ်ချောင် တွေးကြည့်ကြည့်မိသည်၊ လဝက်လောက်ဆိုရင်တော့ သူတောင့်ခံနိုင်သေးတာမို့ ပြောလိုက်သည်။ "ဒါဆိုလည်းပြီးတာပဲ။"

ရှဲ့ကျူရှင်း နှုတ်ခမ်းတေ့တေ့စေ့ထားပြီး အတော်ကြာမှပြန်ပြောလာသည်။ "တကယ်တော့ ဒီတစ်ခေါက်ဇာတ်ကား ... ငါ ပေ့ကျင်းမှာ အိမ်ဝယ်ချင်တာ။ ဒီဇာတ်ကားရိုက်ပြီးတာနဲ့ ပိုက်ဆံပြည့်သွားပြီ။ ဒါပေမယ့် အိမ်ကတော့ သေးလောက်တယ်။ အခုလောလောဆယ်အတွက် စမှတ်လို့သဘောထားလိုက်ကြတာပေါ့။"

ဝမ်ချောင် ခါးမတ်မတ်ပြန်ထိုင်ရင်း မျက်ဝန်းဝိုင်းဝိုင်းများဖြင့် စိတ်လှုပ်ရှားစွာမေးလိုက်သည်။ "ဒါဆို မင်းဝယ်ပြီးသွားရင် ငါနဲ့အတူနေမှာလား။"

ရှဲ့ကျူရှင်း ပြန်ပြောသည်။ "မင်း မနေချင်ဘူးလား။"

ဝမ်ချောင် သေချာသလောက် အတူနေချင်ပေမယ့် ထပ်မေးလိုက်ပြန်သည်။ "ဒါဆို မင်း မိန်းမ,မယူတော့ဘူးလား။"

ရှဲ့ကျူရှင်းပြုံးလျက် အသံနိမ့်ချ၍ပြောလိုက်သည်။ "မင်းက ငါ့မိန်းမပဲမဟုတ်ဘူးလား။"

ဝမ်ချောင်မျက်နှာက ချက်ချင်းနီးပါး နီရဲတက်လာပြီး ဆန့်ကျင်ဘက်စကားများ ထုတ်ပြောတော့သည်။ "သွားစမ်းပါ။ ဒီပါ့ပါးကို အခွင့်ကောင်းလာမယူနဲ့။ ဒီပါ့ပါးမှာ ၁၈ စင်တီရှည်တဲ့စိန်ဓားကြီးရှိသေးတုန်းပဲ၊ အခုလောလောဆယ်ပဲ မင်းကို အပေါ်တက်ခိုင်းထားတာ။"

သူ မပြီးမဆုံးနိုင် ဆက်ပြောလို့ တစ်ကိုယ်တော်သွေးရင်း သူ့မျက်နှာလည်း ပိုပိုပြီးနီရဲလာတော့သည်။

ရှဲ့ကျူရှင်း ကြည့်ရင်းရယ်ချင်လာပြီး လှမ်းခေါ်လိုက်သည်။ "ရှောင်ချောင်"

ဝမ်ချောင် ပြောနေသမျှရပ်သွားပြီး သူ့မျက်ဝန်းများမှာ ပိုလို့ဝိုင်းကျယ်သွားရသည်။ ရှောင်ရှဲ့ အရင်က သူ့ကို တစ်ခါမှ ဒီလိုကြင်ကြင်နာနာမခေါ်ဖူး။

ရှဲ့ကျူရှင်း အခုထိ အရှက်သည်းနေဆဲ။ မပြောခင် ရှက်ရှက်နှင့် မျက်လွှာချထားပြီးမှ တစ်ဖန်မော့ကြည့်၍ ဝမ်ချောင့်မျက်ဝန်းများကို စိုက်ကြည့်လျက် ပြောလာသည်။ "ငါ တစ်သက်လုံး မင်းနဲ့တူတူ အိမ်သာအပြာလေးသုံးချင်တယ်။"

ဝမ်ချောင် : "..."

ရှောင်ရှဲ့အချစ်စကားလုံးတွေက သောက်ရမ်းချိုလွန်းတယ်။

သူလည်း ချိုချိုမြိန်မြိန်အချစ်စကားမျိုး ပြောချင်ပေမယ့် ပါးစပ်မှပြောမထွက်လာသည့်အပြင် တစ်နေရာကလည်း ထောင်မတ်နေပြီမို့ မတ်တပ်ထရပ်၍ အလျင်စလို အင်္ကျီချွတ်ချပြီး ဆိုဖာပေါ်လှဲချလျက် တင်ကော့ထားလို့ လောဆော်လိုက်သည်။ "မြန်မြန်လာ၊ မြန်မြန်လာ။ ပါ့ပါး မင်းအတွက် ကလေးမွေးပေးမယ်!"

KittyKitling

Author Note : အခုတလော ရာသီဥတုမကောင်းဘူး။ လူတိုင်းလည်း ကျန်းမာရေးဂရုစိုက်ကြပါ။ ကံဆိုးတဲ့ငါလေးကတော့ ဆေးစသောက်နေရပါပြီ။

Translator Note :

ဒီအတွဲ အရှက်မရှိချက်က ဘာသာပြန်ရင်း ထထအော်မိတဲ့အထိပါပဲ TT

အရင်က Kit ဒီဝတ္ထုကိုဖတ်တော့ အာသာ note တွေမြင်ရင် အရမ်းရယ်ချင်တာ၊ သူ့တစ်နေ့တာကို ခရီးသွားတာကစလို့ အိမ်ကို အမျိုးလာတဲ့ကိစ္စအထိ ရှယ်ရေးတာ။ ဘာသာပြန်ဖြစ်ရင် သေချာပေါက်ထည့်ပြန်ဦးမယ်လို့ တွေးထားတာကို site မှားယူနေမိတာ အာသာ note တွေ ကျန်ကျန်ခဲ့။ အခုမှပဲ ထည့်ပေးရတော့တယ် >< 

_____///_____

[Zawgyi]

'တီတီတာတာအခ်စ္စကားမ်ား'

ရွဲ႕က်ဴရွင္း ဝမ္က်င္းစီ့ယြမ္ကို ျပန္မသြားဘဲ ကိုယ့္တိုက္ခန္းကိုသာ ျပန္သြားလိုက္သည္။

သူ ေက်ာက္က်င္းရိႏွင့္အတူ အိမ္ငွားေနဆဲ,ျဖစ္ေပမယ့္ အလုပ္မ်ားေနသည္ဟူသည့္ေခါင္းစဥ္ျဖင့္ မၾကာမၾကာဆိုသလို ဝမ္ေခ်ာင့္ေနရာမွာပဲေနျဖစ္ေနသည္။

သူ အိမ္တစ္လုံးေလာက္ဝယ္ဖို႔စဥ္းစားေနမိၿပီး ႏွစ္ကူးအိမ္ျပန္စဥ္ကလည္း သူ႔မိဘမ်ားက ေပ့က်င္းတြင္ အိမ္ဝယ္ဖို႔အစီအစဥ္ရွိလားႏွင့္ လိုအပ္ပါက စုေဆာင္းထားသည့္အခ်ိဳ႕ ထုတ္ေပးလို႔ရေၾကာင္း ေျပာလာခဲ့သည္။

ပြဲဦးထြက္ၿပီး ႏွစ္ဝက္အၾကာတြင္ သူ ပမာဏတစ္ခုအထိေတာ့ စုေဆာင္းမိထားေပမယ့္ ေပ့က်င္းတြင္ အိမ္ဝယ္နိုင္ဖို႔အတြက္ေတာ့ အနည္းငယ္မၽွက်ပ္ေနေသးသည္။

သူ႔တစ္ေယာက္တည္းအတြက္ဆိုရင္ေတာ့ အိမ္အေသးတစ္လုံးေလာက္ ဝယ္လိုက္ျခင္းက ျပႆနာမဟုတ္လွ။

ျပႆနာက သူ ဘယ္လိုအိမ္မ်ိဳးဝယ္မွ ဝမ္ေခ်ာင့္မ်က္ဝန္းထဲ အဆင္ေျပနိုင္မလဲဆိုတာပင္။

ဝမ္ေခ်ာင္ သူ႔အစ္ကိုထံမွ ၾကဳံရာအိမ္တစ္လုံးေတာင္းၿပီးေနလၽွင္ေတာင္ ထိုအိမ္မ်ားက မီတာ ၂၀၀ က်ယ္သည့္ ႏွစ္ထပ္တိုက္မ်ားျဖစ္သည္။ ဝမ္ေခ်ာင့္အိမ္ကလည္း အာ့ဟြမ္လမ္း အစြန္အဖ်ားနားတြင္ရွိၿပီး ဗီလာႏွင့္ ၿခံဝန္းပါဝင္သည့္ ထိုၿခံဝိုင္းက မီတာ ၁၀၀၀ ေက်ာ္က်ယ္ဝန္းသည္။ သူ ဝမ္ေခ်ာင့္ကို ႏွစ္ႀကိမ္မၽွ အိမ္လိုက္ပို႔ဖူးၿပီး အထဲမဝင္ၾကည့္ဖူးတာေတာင္ ၿခံစည္းရိုးအျပင္ကေန ဘယ္ေလာက္ထိေဈးႀကီးမလဲ ေျပာျပလို႔ရေနသည္။

ထိုအခ်က္က သူ႔ကို တုန႔္ဆိုင္းေစ၏။

တ႐ုတ္ႏွစ္ကူးၿပီးသြားခ်ိန္ icedream ရဲ့ ဒုတိယေျမာက္ album ကလည္း အေသအခ်ာျပင္ဆင္ေနသည့္အဆင့္သို႔ေရာက္ရွိသြားၿပီး သီခ်င္းထြက္လာမည့္အခ်ိန္က ေႏြဦးႏွင့္ေႏြအကူးအေျပာင္းကာလဟု ခန႔္မွန္းထားၾကသည္။

အဖြဲ႕သား ၆ ေယာက္လည္း အစည္းအေဝးအတြက္ ကုမၸဏီကို ေရာက္လာခဲ့ၾကၿပီး အခ်င္းခ်င္းမေတြ႕ၾကတာ ရက္အနည္းငယ္မၽွရွိေနၿပီမို႔ ဆူဆူညံညံစကားေဖာင္ဖြဲ႕ေနၾကေတာ့သည္။

ဝမ္ေခ်ာင္တစ္ေယာက္ ပုံမွန္ႏွင့္မတူ အရွက္သည္းေနၿပီး ရွဲ႕က်ဴရွင္းကို အသံတိုးတိုးႏွင့္ေမးလာသည္။ "ေဝ့၊ ညက်လုပ္စရာရွိလား။"

ရွဲ႕က်ဴရွင္းလည္း သူ ဟိုကိစၥအေၾကာင္းေတြးေနျပန္ၿပီဟု ထင္လိုက္မိၿပီး မသိခ်င္ေယာင္ေဆာင္၍ အေလးအနက္ျပန္ေမးလိုက္သည္။ "ဘာလုပ္မလို႔လဲ။"

ဝမ္ေခ်ာင္ ေခ်ာင္းဟန႔္၍ေျပာလာသည္။ "မင္း ငါ့အိမ္ကို လိုက္လည္မလား။"

ရွဲ႕က်ဴရွင္း ေၾကာင္အသြားရသည္။ "မင္းအိမ္?"

ဝမ္ေခ်ာင္ ရယ္၍ျပန္ေျပာသည္။ "ငါတို႔ဟာ့က်ိလုပ္တဲ့ဖက္ထုပ္ကို မင္းကိုေပးျမည္းခိုင္းမလို႔။"

ရွဲ႕က်ဴရွင္း : "... ငါလုပ္စရာရွိတယ္။"

ဝမ္ေခ်ာင္ အရယ္ရပ္သြားၿပီးေမးလိုက္သည္။ "ဘာလုပ္စရာရွိတာလဲ။"

ရွဲ႕က်ဴရွင္းေျပာလာသည္။ "အကေက်ာင္းက အတန္းေဖာ္ေဟာင္းေတြ ေတြ႕ဆုံပြဲရွိတယ္။" သူ႔အတန္းေဖာ္ေတြ သူ႔ကိုေခၚထားေပမယ့္ သူ ရေအာင္လာခဲ့မည္ဟု ကတိေပးထားျခင္းေတာ့မရွိ။

ဝမ္ေခ်ာင္ 'အို႔' ဟု သံေယာင္လိုက္ၿပီး စကားဆက္မေျပာေတာ့။

ေရွာင္ရွဲ႕တြင္ ေက်ာင္းသားေဟာင္းေတြ႕ဆုံပြဲ တကယ္ရွိေနသလား သူ မသိေပမယ့္ ေရွာင္ရွဲ႕ သူ႔အိမ္မသြားခ်င္တာကိုေတာ့ တန္းေျပာနိုင္ေနသည္။

သြမ့္ယိခြန္း သူေရြးခ်ယ္ထားသည့္သီခ်င္းမ်ားရဲ့ demo ကို နားေထာင္ေစၿပီး သူတို႔သေဘာမ်ားကိုလည္း ေမးျမန္းလာခဲ့သည္။

လူတိုင္း တေလးတနက္နားေထာင္ေနေပမယ့္ ဝမ္ေခ်ာင္ကေတာ့ ေခါင္းငုံ႔ထားလ်က္ အိပ္ေပ်ာ္ေနတာလည္း မဟုတ္သလို အေသအခ်ာလည္း လိုက္နားေထာင္မေန။

နားေထာင္ၿပီးေနာက္ ရွဲ႕က်ဴရွင္းႏွင့္ က်န္အဖြဲ႕သားတိုင္း ထိုသီခ်င္းမ်ားထဲကတစ္ပုဒ္ကို အေကာင္းဆုံးလက္ရာအျဖစ္ သေဘာတူလာၾကေပမယ့္ ဝမ္ေခ်ာင္ကေတာ့ ဘာသေဘာထားမွ မၽွေဝလာျခင္းမရွိ။

"ငါလည္း ဒီသီခ်င္းရဲ့သံစဥ္ကို ေကာင္းတယ္လို႔ေတြးထားတယ္။ ဒါေပမယ့္ သီခ်င္းစာသားက နည္းနည္းအားေပ်ာ့လြန္းတယ္။ အကယ္၍မ်ားသာ ငါတို႔ ဒီသီခ်င္းကို album ေခါင္းစဥ္အေနနဲ႔သုံးမယ္ဆိုရင္ စာသားေတြ ျပန္ေျပာင္းဖို႔လိုလိမ့္မယ္။" သြမ့္ယိခြန္း အခ်က္အလက္မ်ားကို လွန္ေလွာၾကည့္ရင္းေျပာလာသည္။ "သီခ်င္းေရးသူက ကုမၸဏီေအာက္ထပ္က စတူဒီယိုမွာေနတဲ့တစ္ေယာက္ပဲ။ ငါ သူနဲ႔ အရင္စကားေျပာၾကည့္လိုက္ဦးမယ္။"

Album ႏွင့္ပတ္သတ္သည့္အေၾကာင္းမ်ား ေျပာၿပီးေနာက္မွာေတာ့ အစည္းအေဝးလည္း ၿပီးဆုံးသြားခဲ့ၿပီး သြမ့္ယိခြန္း ရွဲ႕က်ဴရွင္းတစ္ေယာက္တည္းကိုသာ ဆက္ေနရစ္ေစသည္။

ဝမ္ေခ်ာင္ ပ်င္းတိပ်င္းရြဲ႕ထရပ္ၿပီးေနာက္ ရွဲ႕က်ဴရွင္းကို အျပင္မွာ ေစာင့္ေနမည္ဟု လက္ဟန္ျပလိုက္ရာ ရွဲ႕က်ဴရွင္းကလည္း ေခါင္းညိတ္ျပလာခဲ့သည္။

အဖြဲ႕သားမ်ား အျပင္ထြက္ၿပီးတာႏွင့္ တံခါးျပန္ပိတ္ေပးသြားသည္။

သြမ့္ယိခြန္း ျပဳံးလ်က္ေျပာလာသည္။ "အခုတေလာ မဆိုးဘူးပဲ။ စကားလည္းမမ်ားၾကေတာ့ဘူး။"

ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "စကားမ်ားစရာကိစၥလည္း သိပ္မရွိပါဘူး။" 

သြမ့္ယိခြန္း မ်က္ခုံးပင့္လ်က္ ေျပာလာသည္။ "မင္းတို႔ႏွစ္ေယာက္တြဲေနတယ္ဆိုတဲ့ကိစၥႀကီးကို ဘာလို႔ ငါ့ကိုတစ္ခြန္းမေျပာရတာလဲ။"

ရွဲ႕က်ဴရွင္း : "..." 'ဘယ္အဖြဲ႕သားကမ်ား ဒီလိုကိစၥေတြအထိ ျပန္ေျပာရတာႀကိဳက္ေနတာလဲ။'

သြမ့္ယိခြန္း အျပဳံးမမည္သည့္အျပဳံးတစ္ခုျဖင့္ ေျပာလာသည္။ "ငါ သူ႔အစ္ကို မေျပာျပထားဘူး။ မင္းတို႔ဘာသာမင္းတို႔ ဂ႐ုစိုက္ၾက။"

ရွဲ႕က်ဴရွင္းမွာ "ကၽြန္ေတာ္တို႔ဂ႐ုစိုက္ပါမယ္။" ဟုသာ ျပန္ေျပာနိုင္ေတာ့သည္။

သြမ့္ယိခြန္း ေလးေလးနက္နက္ဆက္ေျပာသည္။ "အလုပ္အေၾကာင္းေျပာရေအာင္။ တ႐ုတ္ႏွစ္ကူးအတြက္ရိုက္ခဲ့တဲ့ဇာတ္ကားက ရလဒ္ေကာင္းေတြရေနတယ္၊ မင္းသ႐ုပ္ေဆာင္တာကလည္း အေတာ္ေလးေကာင္းေတာ့ အခုက သံပူေနတုန္း ဝင္ရိုက္ၿပီး သ႐ုပ္ေဆာင္တဲ့လမ္းဘက္ ထိုးေဖာက္ရမယ့္အခ်ိန္ေကာင္းပဲ။"

ရွဲ႕က်ဴရွင္းေျပာလိုက္သည္။ "ဒါေပမယ့္ ကၽြန္ေတာ္ သ႐ုပ္ေဆာင္ပိုင္းကို တစ္ခါမွမေလ့လာဖူးဘူး။ ဧည့္သည္အေနနဲ႔ သီခ်င္းဆိုေပးတာမ်ိဳးက ရေပမယ့္ တကယ့္ဇာတ္ေကာင္ေတြကို ကိုင္ဖို႔က် ..."

သြမ့္ယိခြန္းေျပာလာသည္။ "အဲ့ေတာ့လည္း ဘာျဖစ္လဲ။ အခုနာမည္ႀကီးေနတဲ့ မင္းသား၊ မင္းသမီး ေတာ္ေတာ္မ်ားမ်ားကလည္း အႏုပညာေက်ာင္းၿပီးေတြ မဟုတ္ဘူး။ နာမည္တစ္ခုရလာရင္ ဝင္ရိုက္လို႔ရမယ့္ဒရမ္မာေတြက သူ႔အလိုလိုေရာက္လာတာပဲ။ အဲ့တာကို အခြင့္ေကာင္းယူၿပီး သ႐ုပ္ေဆာင္ပိုင္းကို ျဖည္းျဖည္းခ်င္းေလ့က်င့္ယူေပါ့။"

ရွဲ႕က်ဴရွင္း သူ႔စကားေနာက္က အဓိပၸါယ္ကို နားလည္လိုက္သည္။ "ကၽြန္ေတာ့္ကို ဇာတ္ကားရိုက္ဖို႔ ကမ္းလွမ္းထားတာမ်ိဳးရွိလို႔လား။"

ဒါက ေရွးေခတ္ဟာသကားမ်ိဳးျဖစ္ၿပီး အရင္ႏွစ္ကူးဒရမ္မာကို ရိုက္ကူးေပးခဲ့သည့္ကုမၸဏီကပဲ ရိုက္ကူးမွာျဖစ္သည္။ ဇာတ္ညႊန္းကေတာ့ မ်ိဳးႏြယ္ဆက္သုံးခု တစ္အိမ္ထဲ အတူေနရင္း ၾကဳံေတြ႕လာရမည့္ ပရမ္းပတာအျဖစ္အပ်က္မ်ားႏွင့္ ဟာသမ်ားအေၾကာင္းျဖစ္ကာ အပိုင္းတစ္ပိုင္းခ်င္းဆီတြင္လည္း သီးသန႔္ဇာတ္လမ္းတစ္ပုဒ္ရွိေလသည္။ ရိုက္ကူးေရးဝန္ထမ္းမ်ားဘက္မွ ရွဲ႕က်ဴရွင္းကို ေျမးအႀကီးဆုံးေနရာတြင္ သ႐ုပ္ေဆာင္ရန္ ဖိတ္ေခၚလိုၾကၿပီး ဇာတ္ေကာင္ပုံစံကေတာ့ ကမၻာအႏွံ့ကို ဓားသိုင္းလို႔ခရီးထြက္ခ်င္ေနသည့္ သခင္ေလးက သူ႔မိသားစုရဲ့အက်ပ္ကိုင္မွုမ်ားေၾကာင့္ တရားစီရင္ေရးဝန္ထမ္းစာေမးပြဲကို ဝင္ၿပိဳင္ေနရသည့္အေၾကာင္းျဖစ္ေလသည္။ 

ဇာတ္လမ္းအသြားအလာက စိတ္ဝင္စားဖို႔ေကာင္းသလို သ႐ုပ္ေဆာင္အရည္အခ်င္း ျမင့္မားဖို႔လည္း မလိုလွ။

ဇာတ္ညႊန္းေရးသူႏွင့္ ဒါရိုက္တာျဖစ္သူက အႏုပညာေလာကထဲတြင္ နာမည္ႀကီးသူမ်ားျဖစ္ၿပီး ပါဝင္မည့္သ႐ုပ္ေဆာင္မ်ားကလည္း အားကိုးအားထားရေလာက္သည့္လူမ်ားပင္။

ရမည့္လခကလည္း အရမ္းေကာင္းလြန္းသည္။

ရွဲ႕က်ဴရွင္း နည္းနည္းေတာ့စိတ္ပါခ်င္သြားသည္။ "ရိုက္ကူးေရးက Album အတြက္ အသံသြင္းရမယ့္အခ်ိန္နဲ႔ တစ္ခ်ိန္တည္းျဖစ္ေနတယ္။ အခ်ိန္တိုက္တာမ်ိဳးျဖစ္ေလာက္လား။"

သြမ့္ယိခြန္းေျပာလာသည္။ "ငါ ေမးၾကည့္ၿပီးသြားၿပီ။ ဒီဒရမ္မာက စုစုေပါင္း အပိုင္း ၄၀ ရွိေပမယ့္ မင္းရဲ့ဇာတ္ေကာင္က ပထမဆုံး ၁၆ ပိုင္းမွာပဲ ေပၚလာမွာ။ အဲ့ေနာက္ပိုင္းေတြက် သူက ကမၻာအႏွံ့ခရီးထြက္သြားမွာဆိုေတာ့ အခ်ိန္က ေသခ်ာေပါက္ျပန္ညႇိယူလို႔ရတယ္။ ဒါေပမယ့္ ႏွစ္ဘက္လုံးကို ဘက္ညီေအာင္လုပ္ရမွာဆိုေတာ့ မင္းအတြက္ နည္းနည္းေလးအလုပ္မ်ားေလာက္တယ္။"

ရွဲ႕က်ဴရွင္း ျပဳံး၍ျပန္ေျပာလိုက္သည္။ "ကၽြန္ေတာ့္အတြက္ မေၾကာက္ရဆုံးကိစၥက အလုပ္မ်ားရတာပဲ။"

သြမ့္ယိခြန္းလည္း ရယ္သြားေတာ့သည္။ "ဒါဆို ငါ ဟိုဘက္ကို အေၾကာင္းျပန္လိုက္ေတာ့မယ္။"

ဝမ္ေခ်ာင္က ႐ုံးခန္းတံခါးေရွ႕တြင္ မတ္တပ္ရပ္လ်က္ ဂိမ္းေဆာ့ေနၿပီး တံခါးဖြင့္သံၾကားတာႏွင့္ ေမာ့ၾကည့္၍ေျပာလိုက္သည္။ "ဘာေတြေျပာေနတာလဲ၊ ဒီေလာက္အၾကာႀကီး"

ရွဲ႕က်ဴရွင္း ျပန္ေျပာလာသည္။ "သြားရင္းေျပာရေအာင္။"

ဝမ္ေခ်ာင္ သူ႔ဖုန္းကို အိတ္ကပ္ထဲ ျပန္ထိုးထည့္လိုက္ၿပီး အခုနကကိစၥကို ျပန္အစမေဖာ္ခ်င္ေတာ့တာမို႔ သူ႔ဘက္မွစ၍ ရွဲ႕က်ဴရွင္းပခုံးကို လွမ္းဖက္လိုက္ရာ ရွဲ႕က်ဴရွင္းဘက္ကလည္း ေရွာင္ဖယ္သြားျခင္းမရွိတာေၾကာင့္ သူတို႔ႏွစ္ေယာက္သား ပခုံးခ်င္းယွဥ္လို႔ေလၽွာက္ထြက္သြားလိုက္ၾကသည္။

႐ုံးခန္းထဲမွထြက္လာသည့္ သြမ့္ယိခြန္းကေတာ့ သူတို႔ေနာက္ေက်ာျပင္ကို ၾကည့္ေနရင္း ရႊင္ျမဴးရိပ္မ်ားျဖင့္ ေခါင္းတခါခါျဖစ္သြားေတာ့သည္။

"ဟာသကား? ယြမ္နန္ကို သြားရိုက္ရမယ္?" ထိုအေၾကာင္းကိုၾကားသည္ႏွင့္ ဝမ္ေခ်ာင္ေအာ္ေျပာလာသည္။ "မင္း ဇာတ္ကားရိုက္ခ်င္တယ္ဆိုလည္း ငါ ငါ့သာ့ေကာကို ဒါရိုက္တာႀကီးေတြ ဇာတ္ကားရိုက္ဖို႔ရွိလား ကူရွာခိုင္းၿပီး မင္းကိုထည့္ေပးဖို႔ ေျပာလိုက္မွာေပါ့။ ဇာတ္ကားနဲ႔ယွဥ္ရင္ ဒီလိုဒရမ္မာကားေတြက ဘယ္လိုလုပ္ေကာင္းနိုင္မွာလဲ။ ၿပီးေတာ့ ဟာသကားတဲ့၊ ပိုေတာင္အဓိပၸါယ္မရွိေသး။ ရိုက္မေနနဲ႔။"

အစကေတာ့ ရွဲ႕က်ဴရွင္းမွာ သူ႔အား ဒီသတင္းအေၾကာင္းေျပာျပဖို႔ အရမ္းေပ်ာ္ရႊင္ေနခဲ့ေပမယ့္ အခုေတာ့ ေခါင္းေပၚ ေရေအးမ်ားေလာင္းခ်ခံလိုက္ရသလို မသက္မသာခံစားလိုက္ရသည္။ "ငါ ခြန္း-ေကာကို ေျပာၿပီးသြားၿပီ။"

ဝမ္ေခ်ာင္က ဟာသကားမ်ားကို အထင္မႀကီးသလို ယြမ္နန္ကိုသြားဖို႔ကလည္း အရမ္းေဝးလြန္းတယ္ဟု ခံစားရတာမို႔ ျပန္ေျပာလိုက္သည္။ "အေဝးႀကီးေရာက္ေသးတာမွ မဟုတ္တာ။ ျပန္လွည့္ၿပီး မရိုက္ေတာ့ဘူးလို႔ သြားေျပာလိုက္ပါလား။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ သူ႔ဖုန္းကို ျပန္ဆြဲထုတ္ၿပီးေျပာလာသည္။ "မင္း ေျပာဖို႔အားနာေနတယ္ဆိုလည္း ငါေျပာေပးမယ္ေလ။"

ရွဲ႕က်ဴရွင္း သူ႔ကိုတား၍ေျပာလိုက္သည္။ "ရၿပီ။ အကုန္သေဘာတူၿပီးသားကိစၥကို ျပန္ဖ်က္လို႔မေကာင္းဘူး။"

ဝမ္ေခ်ာင္ကေတာ့ သတိထားမိျခင္းမရွိ။ "လက္ထပ္ၿပီးရင္ေတာင္မွ ကြာရွင္းလို႔ရေသးတာပဲ! မေကာင္းတဲ့ဒရမ္မာကို မင္းက ဘာလို႔ျပန္မဖ်က္နိုင္ရတာလဲ။"

ရွဲ႕က်ဴရွင္းေျပာလာသည္။ "ဒါ ငါ့အလုပ္။ မင္း လိုက္ၿပီးဝင္မစြက္ဖက္နဲ႔။"

ဝမ္ေခ်ာင္မွာ 'မင္း၊ ငါ' အကန႔္ျခားခံလိုက္ရတာကို ၾကားသည္ႏွင့္ ေဒါသတႀကီးေျပာေတာ့သည္။ "ဘယ္လိုလုပ္ၿပီး မင္းအလုပ္ျဖစ္သြားရတာလဲ။ မင္းကို ဟိုဇာတ္ကားထဲထည့္ေပးဖို႔ ငါ ငါ့သာ့ေကာကို မေျပာခဲ့ရင္ ဘယ္ဒါရိုက္တာက မင္းလိုအကသမားကို ဇာတ္ကားရိုက္ဖို႔လာရွာမွာလဲ။"

ရွဲ႕က်ဴရွင္း : "..." အခုတင္ သြမ့္ယိခြန္းကို စကားမ်ားစရာကိစၥမရွိပါဘူးေျပာေနေသးတာ၊ တကယ္ကို ပါးခ်ခံလိုက္ရသလိုပဲ။

သူ တကယ္လည္းစကားမမ်ားခ်င္တာမို႔ ပါးစပ္ပိတ္ထားၿပီး စကားဆက္ေျပာမေနေတာ့။

ဝမ္ေခ်ာင္ကေတာ့ အရိပ္အကဲနားလည္ျခင္းလုံးဝမရွိဘဲ စိတ္ပိုင္းျဖတ္ၿပီးသြားသလိုဆက္ေျပာသည္။ "ရၿပီ။ ဒီကားကို မရိုက္ေတာ့ဘူးလို႔ ခြန္း-ေကာနဲ႔ ေျပာလိုက္။ Album ထုတ္ၿပီးတာနဲ႔ ငါ့သာ့ေကာကို မင္းအတြက္ ေႏြရာသီက် ႐ုံတင္မယ့္ဇာတ္ကားတစ္ခုေလာက္ ရွာေပးဖို႔ေျပာေပးမယ္။ ost ဆိုမလား၊ ကိုယ္တိုင္ဝင္သ႐ုပ္ေဆာင္မလား၊ မင္းသေဘာအတိုင္းသာ ေရြးလိုက္။ ေႏြရာသီပိတ္ရက္ဆိုတာ ဇာတ္ကားႀကီးေတြ အေပါက္ဆုံးကာလပဲ။ ဘာမဟုတ္တဲ့ဇာတ္ကားမ်ိဳးေတာင္ ႐ုံတင္ခံရတယ္။ ယြမ္နန္သြားၿပီး ဟာသကားရိုက္ေနတာထက္ေတာ့ ပိုေကာင္းတယ္မလား။"

ရွဲ႕က်ဴရွင္း ျပန္မေျဖ။

ဝမ္ေခ်ာင္ သြားေနတာကိုရပ္၍ သူ႔ကိုလွမ္းတြန္းၿပီးေျပာလာသည္။ "မင္း ဘာမွျပန္မေျပာတာ ဘာသေဘာလဲ။"

ရွဲ႕က်ဴရွင္း မ်က္ႏွာထားတည္တည္ျဖင့္ျပန္ေျပာသည္။ "မေျပာခ်င္လို႔၊ မရဘူးလား။"

ဝမ္ေခ်ာင္ ေဒါသထြက္သြားေတာ့သည္။ "မင္းဘာလုပ္ေနတာလဲ။ ငါက မင္းေကာင္းဖို႔အတြက္လုပ္ေပးေနတာ မဟုတ္ဘူးလား။ မင္းက ဘယ္သူ႔ကို ဒီမ်က္ႏွာထားနဲ႔ လာၾကည့္ေနတာလဲ။"

သူတို႔ေတြ ကုမၸဏီမွာပဲရွိေနေသးၿပီး လူေတြကလည္း အဝင္အထြက္ရွိေနတာမို႔ ရွဲ႕က်ဴရွင္း ျပန္ေျပာလိုက္သည္။ "မင္းအသံကို တိုးထား။ အျပင္ေရာက္မွ ထပ္ေျပာမယ္။"

ဝမ္ေခ်ာင္ ေနရာမွမေရြ႕ဘဲ ျပန္တုန႔္ျပန္လာသည္။ "မလုပ္နိုင္ပါဘူး! ငါက ရွက္ဖို႔ေကာင္းတဲ့ကိစၥမ်ိဳးလုပ္ထားတာလည္း မဟုတ္!"

ရွဲ႕က်ဴရွင္း သူ႔ကို ထရိုက္ခ်င္သြားေပမယ့္ သည္းခံရင္းေျပာလိုက္သည္။ "ဒါဆိုလည္း မင္းတစ္ေယာက္တည္း ဆက္ေနခဲ့ေတာ့။"

ရွဲ႕က်ဴရွင္း ထြက္သြားေတာ့သည္။

ဝမ္ေခ်ာင္ အေနာက္မွလိုက္မသြားဘဲ ေဒါသထြက္လြန္းတာမို႔ အခိုးအေငြ႕မ်ားပါ ထြက္လာေတာ့မည့္အလား။ ေရွာင္ရွဲ႕က အေကာင္းအဆိုးကို တကယ္နားမလည္တာပဲ။ သူ႔ကို ဒီေလာက္စိတ္ရင္းနဲ႔ေကာင္းေပးေနတာေတာင္ ဘာမ်ားအသုံးဝင္လဲ။ ဖက္ထုပ္စားဖို႔ အိမ္ေခၚတာလည္းမလိုက္၊ အရင္းအျမစ္ေကာင္းေတြ ရွာေပးေတာ့လည္းမႀကိဳက္။ 'မင္း၊ ငါ' အကန႔္ေတာင္ ခြဲလိုက္ေသးသည္။ ဒါကို တြဲတယ္လို႔ေခၚတာလား? အိပ္ရာေပၚတက္တဲ့အခ်ိန္ပဲ တြဲတာႏွင့္တူေနသည္။

ရွဲ႕က်ဴရွင္း ေအာက္ထပ္ဆင္းသြားၿပီးေနာက္ တန္းမထြက္သြားေသး၊ ဓာတ္ေလွကားအဝင္ေပါက္နားတြင္ ေစာင့္ေနေသးသည္။ ေစာင့္ေနတာ အေတာ္ၾကာသြားတာေတာင္မွ ဝမ္ေခ်ာင္ဆင္းမလာေသးတာမို႔ သူ႔မွာ ဖုန္းျပန္ေခၚရေတာ့သည္။

ဝမ္ေခ်ာင္က အေပၚထပ္တြင္ အိမ္သာသုံးရင္း ဂိမ္းေဆာ့ေနၿပီး အေရးႀကီးတဲ့အခ်ိန္ေရာက္မွ ရွဲ႕က်ဴရွင္းဖုန္းဝင္လာတာမို႔ သူေဒါသတႀကီးျဖင့္ ႏွစ္ခါမစဥ္းစားေနဘဲ ခ်ပစ္လိုက္ေလသည္။

ရွဲ႕က်ဴရွင္းလည္း သူ႔ဖုန္းကို ခ်လိုက္ေၾကာင္းအသိေပးခ်က္ဝင္လာတာႏွင့္ ဖုန္းကိုျပန္ထည့္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ တကယ္ထြက္သြားေတာ့သည္။

ဝမ္ေခ်ာင္ ဖုန္းခ်ၿပီးမွ ေနာင္တရလာၿပီး ဂိမ္းေဆာ့ဖို႔လည္း စိတ္မပါေတာ့။ သူ ရွဲ႕က်ဴရွင္း ျပန္ေခၚလာမွာကို ေစာင့္ေနေပမယ့္ သူ႔ေပါင္ေတြ ထုံက်ဥ္လာခ်ိန္မွာေတာင္ ဖုန္းဝင္လာျခင္းမရွိ။

သူ အိမ္သာထဲမွ ေခြေခြယိုင္ယိုင္ျပန္ထြက္လာၿပီးေနာက္ အလြန္အမင္းစိတ္ပ်က္သြားရသည္။

သူ႔အေနႏွင့္ ေရွာင္ရွဲ႕ကို သူ႔သာ့ေကာက သူ႔ေယာက္ဖအေပၚဆက္ဆံသလို ေကာင္းေကာင္းဆက္ဆံေပးဖို႔အထိ မေမၽွာ္လင့္ထားေပမယ့္ ဘာလို႔ အျမဲ စကားမ်ားၿပီးတိုင္း သူကခ်ည္း သူ႔အမွားကို အရင္ဝန္ခံေနရတာလဲ။ သူကပဲ အရွက္မရွိေနလို႔လား။ ေရွာင္ရွဲ႕ ဘယ္ေလာက္ထိအလိုလိုက္ခံထားရလဲၾကည့္လိုက္ဦး။

အလိုလိုက္မေနေတာ့ဘူး၊ ခ်စ္ခ်င္တဲ့သူသာခ်စ္။

သူ႔မွာလည္း လုပ္စရာမရွိေနတာမို႔ ဘားသြားလိုက္ေတာ့သည္။

သူ အရင္ကသူငယ္ခ်င္းမ်ားႏွင့္ ျပန္ေတြ႕ၿပီး စကားေျပာလိုက္၊ ေသာက္လိုက္လုပ္ေနသည္မွာ ည ၁၁ နာရီထိုးသြားသည္အထိ။

သူ ရီေဝေဝျဖစ္လာေတာ့သည္။ လအေတာ္ၾကာေအာင္ အျပင္ထြက္မကစားျခင္းရဲ့ရလဒ္ကေတာ့ သူ႔ေသာက္နိုင္စြမ္းက်သြားျခင္းပင္။

သူငယ္ခ်င္းမ်ားက ေနရာေျပာင္း၍ အျခားတစ္ခုကစားၾကမယ္ဟုေျပာလာခ်ိန္ ထိုအျခားအရာက ဘာကိုဆိုလိုမွန္းသိလိုက္ၿပီး အေၾကာင္းရွာ၍ 'မသြားေတာ့ဘူး' ဟုေျပာလိုက္ေတာ့သည္။

သူ႔အေနႏွင့္ သူ႔ကိုယ္သူခ်ဳပ္တည္းနိုင္စြမ္းက မေကာင္းမွန္းသိထားၿပီးျဖစ္တာမို႔ လက္လြန္မည့္ကိစၥတစ္ခုခုလုပ္မိသြားမွာကို ေၾကာက္ေနမိသည္။

သူ ေရွာင္ရွဲ႕ကိုလည္း အျခားသူမ်ားႏွင့္ အခ်ိန္းအခ်က္မလုပ္ေတာ့ဟု ကတိေပးထားသည္။

သူ႔တစ္ကိုယ္လုံး အရက္နံ႔မ်ားျဖင့္ မႊန္ထူေနတာမို႔ အိမ္မျပန္ရဲေတာ့ဘဲ အငွားကားေခၚ၍ ဝမ္က်င္းစစ္ယြမ္ကိုသာ ျပန္လာခဲ့လိုက္သည္။

ဓာတ္ေလွကားထဲမွ ထြက္လာၿပီးေနာက္ တံခါးဖြင့္ဖို႔ ေသာ့ထုတ္လိုက္ခ်င္ေပမယ့္ အိတ္ကပ္မ်ားထဲရွာၾကည့္တာေတာင္ ေသာ့ကို ရွာမေတြ႕။

ဒီေန႔က ေတာ္ေတာ္ေလးစိတ္ဓာတ္က်ဖို႔ေကာင္းေနတာပဲ။

သူ ေဒါသတႀကီးႏွင့္ တံခါးကို ကန္ခ်လိုက္ေတာ့သည္။

သူ႔အေရွ႕က တံခါးက ပြင့္ဟလာခဲ့သည္။

ရွဲ႕က်ဴရွင္း တံခါးအေနာက္တြင္ရပ္ေနရင္း မ်က္ေမွာင္ၾကဳတ္ထားရင္းေျပာလာသည္။ "ဘယ္သူနဲ႔ အဲ့ေလာက္အမ်ားႀကီးေသာက္လာတာလဲ။"

ဝမ္ေခ်ာင္ ေခါင္းတစ္ခုလုံးရီေဝေဝျဖစ္ေနေပမယ့္ အရက္မူးေနတာ မဟုတ္တာမို႔ ရွဲ႕က်ဴရွင္း သူ႔ကိုေစာင့္ေနမွန္းသိလိုက္ရတာႏွင့္ အနည္းငယ္မၽွဂုဏ္ယူသြားၿပီး ေအာ္ေျပာလိုက္သည္။ "ဘယ္သူက မင္းကို ငါ့အိမ္ထဲေနခိုင္းလဲ။"

ရွဲ႕က်ဴရွင္းမွာ အရက္နံ႔ရကတည္းက စိတ္ပ်က္ေနၿပီးျဖစ္တာမို႔ ထိုစကားကိုၾကားလိုက္တာႏွင့္ ျပန္ေျပာလာသည္။ "ဟုတ္ၿပီ။ ဒါဆိုငါျပန္မယ္။"

သူ အျပင္ထြက္သြားေတာ့မည့္အခ်ိန္၌ ဝမ္ေခ်ာင္ သူ႔ကို အလ်င္စလိုေျပးဖက္ထားၿပီး ေဒါသတႀကီးေျပာေတာ့သည္။ "မင္း ငါ့ဆီကေန မ်က္ႏွာေျပာင္နည္းေလး နည္းနည္းေလာက္သင္ထားလို႔မရဘူးလား။ မင္းမ်က္ႏွာက ဘာႀကီးမို႔လို႔လဲ။"

ရွဲ႕က်ဴရွင္း သူ႔ကိုလ်စ္လ်ဴရွုထားၿပီး ေမးလိုက္သည္။ "ဘယ္သူနဲ႔ သြားေသာက္လာတာလဲ။"

ဝမ္ေခ်ာင္ ေျပာလာသည္။ "အကုန္ေယာက္်ားေလးေတြခ်ည္းပဲ!"

ရွဲ႕က်ဴရွင္း သူ႔အနားကပ္လာၿပီး အနံ႔ခံၾကည့္ရာ အရက္နံ႔တစ္ခုတည္းသာရွိေန၏။

ဝမ္ေခ်ာင္ ခ်က္ခ်င္းဆိုသလိုျပဳံးၿဖီးသြားၿပီး တစ္ဖက္လူ အနံ႔ခံနိုင္ေအာင္ သူ႔ေကာ္လံကိုဆြဲခ်ၿပီးေမးလိုက္သည္။ "ဘာမ်ားအနံ႔ခံမိသြားလဲ။"

ရွဲ႕က်ဴရွင္း တစ္ဖက္သူရဲ့ခါးေပၚ လက္တင္ထားၿပီး အနားသို႔ဆြဲေခၚကာ တံခါးပိတ္၍ ေငါက္ငမ္းလာသည္။ "အထန္ေလး"

သူတို႔ႏွစ္ေယာက္ နမ္းရွိုက္ေနရင္း ရွဲ႕က်ဴရွင္း ဝမ္ေခ်ာင့္ကိုယ္ေပၚ အားျဖင့္ဖိထားလိုက္ေတာ့သည္။

ဝမ္ေခ်ာင္ကလည္း ဒီလိုပုံစံမ်ိဳးကို ႀကိဳက္ႏွစ္သက္တာမို႔ ေပ်ာ္ေပ်ာ္ႀကီး 'တအင္းအင္း'အသံမ်ားျပဳလာခဲ့သည္။

လုံလုံေလာက္ေလာက္နမ္းၿပီးမွ သူတို႔ ဆိုဖာေပၚထိုင္ခ်လိုက္ၾကၿပီး ရွဲ႕က်ဴရွင္းက သူ႔အတြက္ ေရေႏြးတစ္ခြက္ေလာင္းထည့္ေပးလာသည္။

ဝမ္ေခ်ာင္ မူးေနာက္ေနာက္ျဖစ္ေနတာမို႔ ေက်ာမွီထိုင္ထားရင္းေမးလိုက္သည္။ "မင္း ယြမ္နန္မွာ ဇာတ္ကားသြားရိုက္မွာ ဘယ္ေလာက္ၾကာမွာလဲ။"

ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "လဝက္"

ဝမ္ေခ်ာင္ ေတြးၾကည့္ၾကည့္မိသည္၊ လဝက္ေလာက္ဆိုရင္ေတာ့ သူေတာင့္ခံနိုင္ေသးတာမို႔ ေျပာလိုက္သည္။ "ဒါဆိုလည္းၿပီးတာပဲ။"

ရွဲ႕က်ဴရွင္း ႏွုတ္ခမ္းေတ့ေတ့ေစ့ထားၿပီး အေတာ္ၾကာမွျပန္ေျပာလာသည္။ "တကယ္ေတာ့ ဒီတစ္ေခါက္ဇာတ္ကား ... ငါ ေပ့က်င္းမွာ အိမ္ဝယ္ခ်င္တာ။ ဒီဇာတ္ကားရိုက္ၿပီးတာနဲ႔ ပိုက္ဆံျပည့္သြားၿပီ။ ဒါေပမယ့္ အိမ္ကေတာ့ ေသးေလာက္တယ္။ အခုေလာေလာဆယ္အတြက္ စမွတ္လို႔သေဘာထားလိုက္ၾကတာေပါ့။"

ဝမ္ေခ်ာင္ ခါးမတ္မတ္ျပန္ထိုင္ရင္း မ်က္ဝန္းဝိုင္းဝိုင္းမ်ားျဖင့္ စိတ္လွုပ္ရွားစြာေမးလိုက္သည္။ "ဒါဆို မင္းဝယ္ၿပီးသြားရင္ ငါနဲ႔အတူေနမွာလား။"

ရွဲ႕က်ဴရွင္း ျပန္ေျပာသည္။ "မင္း မေနခ်င္ဘူးလား။"

ဝမ္ေခ်ာင္ ေသခ်ာသေလာက္ အတူေနခ်င္ေပမယ့္ ထပ္ေမးလိုက္ျပန္သည္။ "ဒါဆို မင္း မိန္းမ,မယူေတာ့ဘူးလား။"

ရွဲ႕က်ဴရွင္းျပဳံးလ်က္ အသံနိမ့္ခ်၍ေျပာလိုက္သည္။ "မင္းက ငါ့မိန္းမပဲမဟုတ္ဘူးလား။"

ဝမ္ေခ်ာင္မ်က္ႏွာက ခ်က္ခ်င္းနီးပါး နီရဲတက္လာၿပီး ဆန႔္က်င္ဘက္စကားမ်ား ထုတ္ေျပာေတာ့သည္။ "သြားစမ္းပါ။ ဒီပါ့ပါးကို အခြင့္ေကာင္းလာမယူနဲ႔။ ဒီပါ့ပါးမွာ ၁၈ စင္တီရွည္တဲ့စိန္ဓားႀကီးရွိေသးတုန္းပဲ၊ အခုေလာေလာဆယ္ပဲ မင္းကို အေပၚတက္ခိုင္းထားတာ။"

သူ မၿပီးမဆုံးနိုင္ ဆက္ေျပာလို႔ တစ္ကိုယ္ေတာ္ေသြးရင္း သူ႔မ်က္ႏွာလည္း ပိုပိုၿပီးနီရဲလာေတာ့သည္။

ရွဲ႕က်ဴရွင္း ၾကည့္ရင္းရယ္ခ်င္လာၿပီး လွမ္းေခၚလိုက္သည္။ "ေရွာင္ေခ်ာင္"

ဝမ္ေခ်ာင္ ေျပာေနသမၽွရပ္သြားၿပီး သူ႔မ်က္ဝန္းမ်ားမွာ ပိုလို႔ဝိုင္းက်ယ္သြားရသည္။ ေရွာင္ရွဲ႕ အရင္က သူ႔ကို တစ္ခါမွ ဒီလိုၾကင္ၾကင္နာနာမေခၚဖူး။

ရွဲ႕က်ဴရွင္း အခုထိ အရွက္သည္းေနဆဲ။ မေျပာခင္ ရွက္ရွက္ႏွင့္ မ်က္လႊာခ်ထားၿပီးမွ တစ္ဖန္ေမာ့ၾကည့္၍ ဝမ္ေခ်ာင့္မ်က္ဝန္းမ်ားကို စိုက္ၾကည့္လ်က္ ေျပာလာသည္။ "ငါ တစ္သက္လုံး မင္းနဲ႔တူတူ အိမ္သာအျပာေလးသုံးခ်င္တယ္။"

ဝမ္ေခ်ာင္ : "..."

ေရွာင္ရွဲ႕အခ်စ္စကားလုံးေတြက ေသာက္ရမ္းခ်ိဳလြန္းတယ္။

သူလည္း ခ်ိဳခ်ိဳၿမိန္ၿမိန္အခ်စ္စကားမ်ိဳး ေျပာခ်င္ေပမယ့္ ပါးစပ္မွေျပာမထြက္လာသည့္အျပင္ တစ္ေနရာကလည္း ေထာင္မတ္ေနၿပီမို႔ မတ္တပ္ထရပ္၍ အလ်င္စလို အကၤ်ီခၽြတ္ခ်ၿပီး ဆိုဖာေပၚလွဲခ်လ်က္ တင္ေကာ့ထားလို႔ ေလာေဆာ္လိုက္သည္။ "ျမန္ျမန္လာ၊ ျမန္ျမန္လာ။ ပါ့ပါး မင္းအတြက္ ကေလးေမြးေပးမယ္!"

KittyKitling

Author Note : အခုတေလာ ရာသီဥတုမေကာင္းဘူး။ လူတိုင္းလည္း က်န္းမာေရးဂ႐ုစိုက္ၾကပါ။ ကံဆိုးတဲ့ငါေလးကေတာ့ ေဆးစေသာက္ေနရပါၿပီ။

Translator Note :

ဒီအတြဲ အရွက္မရွိခ်က္က ဘာသာျပန္ရင္း ထထေအာ္မိတဲ့အထိပါပဲ TT

အရင္က Kit ဒီဝတၳဳကိုဖတ္ေတာ့ အာသာ note ေတြျမင္ရင္ အရမ္းရယ္ခ်င္တာ၊ သူ႔တစ္ေန႔တာကို ခရီးသြားတာကစလို႔ အိမ္ကို အမ်ိဳးလာတဲ့ကိစၥအထိ ရွယ္ေရးတာ။ ဘာသာျပန္ျဖစ္ရင္ ေသခ်ာေပါက္ထည့္ျပန္ဦးမယ္လို႔ ေတြးထားတာကို site မွားယူေနမိတာ အာသာ note ေတြ က်န္က်န္ခဲ့။ အခုမွပဲ ထည့္ေပးရေတာ့တယ္ >< 

Continue Reading

You'll Also Like

1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
205K 19K 54
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
662K 39.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...