(37. 2)
'' အမေ မင်းကို ပြောနေတယ်လေ။ ဘာလို့ ထပ်ပြီးတော့ သေးပေါက်ချရတာလဲ။ မင်းဒါကို လုပ်ချင်ရင် ပြောဖို့လိုအပ်တယ် ဆိုတာကို မသိတာလား။ အဲ့လိုမှ မဟုတ်ရင် ရှက်စရာကြီး ဖြစ်နေတော့မှာပေါ့။ အမေ က မင်းကို ဒီတစ်ခါ တော့ ထပ်ပြီး ခွင့်လွှတ်ပေးလိုက်မယ်''
ချီဟန်က အလေးအနက် ထား သလို ဟန်ဆောင် ကာ ပြောလိုက်တယ်။
'' အိုကွယ်။ သူမလေး ကို မင်းက ဘာလို့ ဒီလောက်ထိ ခြောက်လန့် နေရတာလဲ။ သူမလေးက အခုမှ အငယ်လေး ရှိသေးတာလေ။ သူမမထိန်းနိုင် ဘူးဆိုတာ ဘယ်လိုလုပ် တက်နိုင်မှာတဲ့လဲ''
'' ဟုတ်တယ် ။ မင်း အရမ်းကြီး တင်းကြပ် မနေပါနဲ့''
အဒေါ်ကြီး ၂ ယောက်က သူ့ရဲ့ စကားတွေကို ကြားတာနဲ့ ချက်ချင်းပဲ ကလေးလေး ကို အကာအကွယ်ပေး လာကြလေရော။ ဒီအချိန်မှာပဲ ကလေးမလေး က ချက်ချင်းပဲ ပါးစပ်လေး ရှုံ့ကာ စတင်ငိုယိုတော့တယ်။ ဒါပေမယ့် သူမရဲ့ မျက်လုံးလေး ကတော့ ချီဟန်ကိုပဲ အချိန်တိုင်း ခိုးကြည့် နေခဲ့တယ်လေ။
အဲ့အချိန်မှာတော့ ချီဟန်က စကားဆက်မပြောတော့ပဲ ရပ်လိုက်လေတယ်။ ပထမ အနေနဲ့ သူ စကားတွေ အများကြီး ဆက်ပြောလို့ မကောင်းတော့ဘူးလေ။ ဒုတိယ အနေနဲ့ ထိုအသက်အရွယ်လေး ကို သူက ထိန်းချုပ် နိုင်မလား ဆိုတာကိုလည်း သူသေချာမသိ သေးပေ။
ဖြစ်နိုင်တာကတော့ သူမလေး က မေ့ချင်ယောင် ဆောင်နေတာပဲ ဖြစ်ရမယ်။ သူမလေးက တစ်ချို့ ရိုးရှင်းတဲ့ စကားတစ်ချို့ကို ပြောတက်သေးတယ်လေ။ ဥပမာ သူမ အစားစားချင် နေတဲ့ အချိန်မျိုးမှာပေါ့။
ဆောင်းတွင်း ပြီးသွားတဲ့ အချိန်မှာ သားရဲလူသားတွေရော၊ အမျိုးသမီးတွေက ဖြူဖွေး ဝတုတ်စွာနဲ့ ပျိုးထောင်ခံထား ရလေတယ်။
အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက် တွေက ဆောင်းတွင်းမှာ လုံးဝကို အိမ်အပြင် မထွက်ခဲ့ကြဘူးလေ။ ချီဟန်က သူတို့ကို ပြန်မြင် ရတဲ့ အချိန်မှာ တစ်ချို့ကို အနည်းငယ် မမှတ်မိ ပေမယ့် တစ်ချို့ကိုတော့ လုံးဝကို မမှတ်မိ ခဲ့ပါချေ။
ထိုလူတွေ အကုန်လုံးက ဝဖြိုးလာ ခဲ့ပေမယ့် တစ်နေ့မှာ အစာ ၃ နပ်စားတဲ့ ချီဟန်ကတော့ လုံးဝကို အလေးချိန် တက်မလာခဲ့ပေ။ တုံ က ချီဟန် ကို ကြည့်ကာ သူ့ကိုယ်သူ အရှက်ရနေခဲ့တယ်။
သူလေး က ဘာလို့ အခုထိ ဝမလာ ရသေးတာလဲ?
ဂျိုရှည်အသား ကို စားရတာ အတော်လေး စိတ်အနှောင်ယှက် ဖြစ်တာလား?
နွေဦးရာသီမှာ ခြေတို အကောင်လေး တွေကို ချီဟန်စားဖို့ သူဖမ်း ပေးရမယ်။
ခြေတို အကောင်လေး ရဲ့ အသားက အနည်းငယ် ပိုနူးညံ့ပြီးတော့ အနည်းငယ်လည်း ပိုမွှေးတယ်လေ။
ရေခဲနဲ့ နှင်းတွေက အရည်တွေ စတင်ပျော်ကျ နေခဲ့တယ်။ မိကျောင်းတွေ ကလည်း မြစ်ရေစီးကြောင်း တစ်လျောက် ပြန်လာခဲ့ ကြပြီးတော့ ငှက်အုပ်စုလိုက် ကလည်း ကောင်းကင် ယံကနေ ပြန်လာခဲ့တယ်။ သားကောင် အကြီးကြီးတွေ ကလည်း အုပ်စုလိုက် တောင်ပိုင်းကနေ အအေးလွတ်အောင် ပြန်ပြေးလာကြတယ်။ အဲ့အထဲမှာ ဂျိုရှည်ကောင် တွေလည်း ပြန်ပါလာတာ ပေါ့လေ။
မျိုးနွယ်ထဲက လူတွေက အိမ်တွေထဲ မှာ နေနိုင်နေပြီ ဖြစ်တာကြောင့် သူတို့ရဲ့ လုံခြုံရေး ကလည်း ပိုပြီးတော့တောင် အာမခံ ချက် ရှိလာပြီ ပဲဖြစ်တယ်။ သူတို့က ချီယန် မျိုးနွယ် စုမှာတုံး ကလိုမျိုး ကင်းလှည့်မှု ကြီးကြီးမားမား လုပ်စရာ မလိုပါချေ။ ညနေခင်း မှာတော့ တုံ က သားရဲလူသားတွေကို ဖမ်းထားခံ ရတဲ့ ဂျိုရှည်ကောင်တွေအား တူးထားတဲ့ ဂူထဲကို မောင်းသွင်း ခိုင်းခဲ့လေတယ်။ ပြီးတော့ အပေါက်ဝ ကို ကြီးမားတဲ့ ကျောက်တုံးကြီးတွေ နဲ့ ပိတ်ခိုင်း ထားလေတယ်။ တောရိုင်းအကောင်ကြီး တွေရဲ့ စားခြင်းကို ခံလိုက်ရမှာ စိုးတဲ့ အတွက်ကြောင့်ပဲ ဖြစ်လေတယ်။
ညအချိန်မှာ ဆိုရင် သားရဲလူသား အနည်းငယ်ဆီကိုသာ ရွေးချယ်ပြီးတော့ သစ်ပင်တွေ ပေါ်တက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှိရာဆီကို စောင့်ကြည့် ကင်းလှည့် ခိုင်းလေတယ်။ ပြီးတော့ အိမ်တစ်အိမ်ဆီ ရှေ့မှာ ကျောက်တုံးနဲ့ ဝိုင်းထားတဲ့ မီးပုံ တစ်ခုဆီ ရှိပြီး ထင်းတွေက မနက်အစောရောက်သည် အထိ တိုင်အောင် လောင်ကျွမ်း နေခဲ့တယ်။ ဒါကြောင့် ဘယ်တော့ရိုင်း ကောင်ကမှ အိမ်နားကို မကပ်ရဲပါပေ။
သားရဲလူသားတွေက ချောင်ယွမ်မျိုးနွယ်စု မှာအကောင်းဆုံး ဆောင်းရာသီကို ဖြတ်သန်းပြီးတဲ့နောက် အသေအပျောက်မရှိတဲ့ နွေရာသီကိုပါ မမျှော်လင့်ပဲ အကောင်းဆုံး ခံစားခဲ့ ရတယ်လေ။ မျိုးနွယ်စု အပေါ်မှာထားတဲ့ သူတို့ရဲ့ သစ္စာ ရှိမှုက ပိုပြီးတော့တောင် တဖြေးဖြေး နဲ့ တိုးလာခဲ့လေတယ်။
နွေရာသီ ရောက်နေပြီ ဖြစ်ပြီးတော့ အရာအားလုံးကလည်း ပြန်လည်ကောင်းမွန်လာကြ ပါပြီ။ ချီဟန်က နောက်ဆုံး ခြောက်သွေ့ရာသီ တုံးက စုဝေးပွဲမှာ လဲလှယ်ခဲ့တဲ့ ပေါင်မုန့်ပင် အစေ့တွေကို ထုတ်ယူခဲ့လေတယ်။ ပြီးတော့ အဲ့တာ တွေကို ရွံမြေအပျော့ ရှိတဲ့ မြစ်ကမ်းနားမှာ စိုက် ခဲ့ လေတယ်။ ချီဟန်က စုဝေးပွဲမှာ လဲလှယ် ကတည်းကထို ပေါင်မုန့်သစ်ပင်ရဲ့ အလေ့အကျင့် တွေကို မေးမြန်းခဲ့ ပြီးသားပဲ ဖြစ်လေတယ်။
ရေများတဲ့ မြေကို ကြိုက်တယ်ဆိုတဲ့ အတွက်ကြောင့် မြစ်ဘေးက နေရာမှာ စိုက်တာဟာ အကောင်းဆုံး ပဲ ဖြစ်လေတယ်။
သူတို့တွေက ပြောင်းဖူး ပင်လိုမျိူး အစေ့ကို စိုက်တဲ့အချိန်မှာ ကွင်းပြင်ကျယ် ကြီးထဲ အတန်းလိုက် ခွဲခြားပြီး စိုက်ပျိုး ရတယ်။ ပြီးတော့ အညှောင့်ပေါက် မလာခင်အထိ မနက်အစောနဲ့ ညနေခင်း တွေမှာ ရေအနည်းငယ်ဆီ လောင်းပေး ရလေတယ်။
မနှစ်က ရိတ်သိမ်းရာသီမှာ ချီဟန်က ခရမ်းရောင် အမြစ်တွေကို မျိုးနွယ်စု ထဲမှာ ရှိတဲ့ လူတိုင်းအား မျှဝေခဲ့လေတယ်။ သူက လူတိုင်းကို စိုက်ပျိုးခြင်းရဲ့ အကျိုးဆက်ကို သိရှိအောင် ပြသ ခဲ့ကြလေတယ်။ ပြီးတော့ မိသားစု တစ်ခု စီအတွက် မစိုက်ပျိုး ရသေးတဲ့ အကွက် တစ်ခု စီကို ပေးခဲ့လေတယ်။
ဒီနှစ်မှာ တော့ သားရဲလူသား တွေက ချီဟန်ရဲ့ အမိန့်ကိုတောင် မစောင့်တော့ပဲ တောရိုင်း ခရမ်းရောင် အမြစ်တွေကို သဲ ကြီးမဲကြီး တူးကာ ပြောင်းရွေ့ စိုက်ပျိုးကြလေတယ်။ လူတိုင်းက စိုက်ပျိုးခြင်း ရဲ့ ရလဒ်တွေ ကိုသိကြလေတယ်။ သူတို့အတွက် တစ်ကြိမ်ပဲ လုပ်ရပြီးတော့ အကုန်လုံး အတွက် အကောင်း တွေ ပဲ ရတယ်လေ။
မင်းတို့က ပြောင်းရွေ့ စိုက်ပြီးတော့ ရိတ်သိမ်းတဲ့ အခါ အစေ့အတွက် အနည်းငယ်လောက် ချန်ထားပေး လိုက်တာနဲ့တင် အဆင်ပြေနေပြီလေ။
ဒါဆိုရင် မင်း ဒုတိယ နှစ်မှာ ထပ်ပြီးတော့ စိုက်စရာ မလိုတော့ဘူးလေ။ သူတို့ဘာသာ ပဲ သူတို့ကြီးထွား လာကြလိမ့်မယ်လေ။
ဆောင်းရာသီ ပြီးသွားပြီးတဲ့နောက် အမျိူးသမီး ၇ ယောက်မှာ သားပေါက် လေးတွေ ရှိနေပြီးတော့ လုရဲ့ သားရဲတစ်ဝက်လေး မှာလည်း သားပေါက်လေး တွေ ရနေပြီ ပဲ ဖြစ်လေတယ်။ ဒါကြောင့် တစ်ခြား သူတွေက လု ကို အရမ်း မနာလို အားကျ နေခဲ့ ပါတယ်။ အထူးသဖြင့် သူနဲ့ အသက်တူ တဲ့ ချန် ပေါ့လေ။
တုံ က ချီဟန်ကို ပိုလို့တောင် စိတ်အား ထက်သန်စွာ ကြည့်လိုက်တယ်။ ချီဟန် အတွက်ကတော့ တုံက အခုလေးမှ အရွယ်ရောက် လာခဲ့တာ ဖြစ်ပြီးတော့ ကလေးပဲ ရှိသေးတာလို့ထင် နေလေရဲ့။ ချီဟန်အမြင်မှာတော့ တုံ က ဒီလိုကိစ္စတွေ မလုပ်သင့် သေးဘူးလို့ပဲ မြင်လေတယ်။
ဒါပေါ့ ဒီနှစ်ရဲ့ ရိတ်သိမ်း ရာသီကြတော့မှ ဒီကိစ္စကို လုပ်ခွင့် ပြုနိုင် မှာပဲ ဖြစ်တယ်။ ချီဟန်က ထိုအကြောင်းကို တုံနဲ့ သေချာဆွေးနွေးခဲ့တယ်လေ။ ပြောရရင်တော့ ချီဟန်ရဲ့ အမိန့်ပါပဲ။ ဒါကပဲ တုံ ကို ဝမ်းနည်းမှု ဖြစ်စေခဲ့တယ်လေ။
သားရဲလူသား တွေက ဆယ်ရက်လောက် အလုပ်ရှုပ်ပြီးတဲ့ အချိန်မှာတော့ အရင်က မျိုးနွယ်စုကို ကြီးကြပ်ပေးသူဟောင်း ယောင် က ပြန်ရောက်လာခဲ့ တယ်။
ယောင် က ရှက်ရွံစွာနဲ့ပဲ သူ့ကျောပေါမှာ ဒဏ်ရာ ရနေတဲ့ သားရဲလူသားကို ကျောပိုးလာခဲ့တယ်။ ယောင်က မျိုးနွယ်စု အပြင်မှာ ရင်းနှီးနေတဲ့ လူတွေကို မတွေ့ခဲ့ ရပါချေ။ သူလည်း အထဲကို လျောက်လာတဲ့ အချိန်မှာတော့ ရွံ့စေး ခေါင်းဆောင် ကျဲရဲ့ တားခြင်းကို ခံလိုက်ရတယ်။
'' ဒါက ချောင်ယွမ် မျိုးနွယ်ပဲ။ မင်း စိတ်ရှိတိုင်း ဝင်ထွက် လို့ မရနိုင်ဘူး။ မင်းက ဘယ်သူလည်း? ''
ယောင်က အရမ်းကို အရှက် ရသွားတယ်။ သူက ဒီမျိုးနွယ်နဲ့ ရင်းနှီးတဲ့ သူပါ။ သူက ဒီမျိူးနွယ် တည်တောင်တုံး က ပါဝင်ခဲ့ပေမယ့် သူက ဒီမျိူးနွယ် က သားရဲလူသား တစ်ယောက် မဟုတ်ခဲ့ပါပေ။
ထိုအချိန်မှာ သူ့ရဲ့ နှလုံးသားက အတော်လေး မသက်မသာ ဖြစ်သွားလေတယ်။ သူက ချီယန် မျိုးနွယ်စုမှာ ဆောင်းရာသီကို နေဖို့ အတင်းဖိအားပေး ခံခဲ့ရတယ်။
မသက်မသာ ဖြစ်ခဲ့ရတယ်။
'' ကျေးဇူးပြုပြီး ငါ့အကြောင်း ကို ခေါင်းဆောင်နဲ့ မျိုးနွယ် စု စုန်းမဆီ သတင်းပို့ပေးပါ။ ငါက ရဲရင့်တဲ့ သားရဲလူသား တစ်ယောက်ပါ ''
.............................................................