(34. 2)
အခု ချိန်မှာတော့ လူတိုင်းက မျိုးနွယ်စု ဝင်တွေ ဖြစ်နေကြပြီ ပဲ ဖြစ်လေတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှု အတွက် စီစဥ်ပေးရအုံးမှာ ပဲ ဖြစ်တယ်။ သူက လန်ကို လင်းယုန် မျိုးနွယ်စုနဲ့ အမျိုးသမီးမျိုးနွယ်စု က လာတဲ့ သူတွေကို အုပ်ချုပ်ဖို့ ပြောခဲ့လေတယ်။ မူလ မျိုးနွယ်ထဲမှာ ရွံ့စေး မျိုးနွယ်က လူတွေ အများကြီး ရောက်လာခဲ့တယ်။ ဒါကြောင့် ထို ရွံ့စေး မျိုးနွယ်ကို ၂စု ညီမျှစွာ ခွဲ ပြီးတော့ တစ်ခုကို ကျဲ က စီမံရမှာ ဖြစ်ပြီး ကျန် တစ်ခုကို ချန် က စီမံ ရမှာ ပဲ ဖြစ်လေတယ်။ မျိုးနွယ်စုထဲက ရှိသမျှ လူအိုတွေနဲ့ မသန်မစွမ်းတွေ အကုန်လုံးကိုတော့ လု ရသွားလေတယ်။
ညနေခင်း မှာတော့ လန် က သူ့ရဲ့ အမျိုးသမီးနဲ့ သားပေါက်လေးကို ခေါ်ကာ ချီဟန် ဆီကို ဥ တစ်ချို့ လာပို့ပေးခဲ့လေတယ်။ တိုက်ကွန်းခ် တိုက်ကြီး ထဲက သစ်ပင်တွေက အတော်ကို မြင့်လေတယ်။ မြေပြင် သားရဲလူသား တွေအတွက် ငှက်ဥ တစ်ချို့ ရဖို့ဆိုတာက လုံးဝကို မလွယ်ကူ ပါပေ။ လင်းယုန်သားရဲလူသား တွေက တောင်ပံတွေ ရှိတဲ့ အတွက်ကြောင့် ငှက်ဥ ရဖို့က အများကြီး ပိုလွယ်ကူလေတယ်။
ရှေ့ ၂ ရက် က လင်းယုန် သားရဲလူသားတွေ ငါးအများကြီး ဖမ်းပေးခဲ့တာဖြစ်လို့ ချီဟန်က ဂျိူရှည်အသားနဲ့ မိကျောင်း အသားတွေ ကို ပုံမှန်ထက် ၂ဆ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီနှစ် သူ့တို့ရဲ့ ဆောင်းအတွက် စုဆောင်းထားတဲ့ အစာက အရမ်းနည်းတာကို သူတွေ့ခဲ့တယ်လေ။
လန် နဲ့ မေ့ချီ ( မယ်ဂျစ်စတစ်) တို့က ချောင်ယွမ် မျိုးနွယ်စုကို ဝင်ခွင့် ရတာ ပျော်ရွှင်မိကြောင်း သေချာစွာ ပြောပြ ကြလေတယ်။ လင်းယုန်သားရဲ လူသားတွေက ဝေဟင်မှာ ပျံဝဲနိုင်တာကြောင့် မျိုးနွယ်စုရဲ့ မျက်လုံး ဖြစ်လာနိုင်လေတယ်။
အခုက ချန်ရှီးလေး အတွက် ဖြည့်စွက် စာတွေ ကျွေးရမယ့် အချိန်ရောက်နေပြီ ပဲ ဖြစ်တယ်။ ဒါကြောင့် ထိုဥ တွေက ကလေးမလေး အတွက် အားဖြည့်စာ အဖြစ် ပြောင်းလဲ သွားပြီ ပဲဖြစ်လေတယ်။ ဥတွေက ကုလားအုတ် ဥ အရွယ်အစား ရှိပါတယ်။ ထိုဥ တစ်လုံးဆိုရင် သားပေါက်လေး တစ်ယောက် အတွက် တစ်နေကုန် စားလို့ ရပါတယ်။
သားရဲလူသား အများစုက ငါးကို မကြိုက်ကြ ဘူးလို့ပြောကြတယ်။ ချီဟန်က ကန်ထဲ မထည့်တဲ့ ငါးတွေကို သေချာ ခွဲခြမ်းထားပြီး မျိုးနွယ်စု တစ်ခုလုံး တစ်နပ်စားဖို့ရာ ချက်ပေးဖို့ အစီအစဥ် ရှိပြီးသားပါ။ ဒါမှ ငါးတွေက အရသာ ရှိတယ်ဆိုတာကို သူတို့ သိကြမှာပဲ ဖြစ်လေတယ်။
ချီဟန်က လူတိုင်းကို စုစည်းပြီးတော့ မြေအိုးတစ်ချို့ ပါယူလာခိုင်းကာ မီးဖိုတွေ အများကြီး မွှေးခိုင်းခဲ့လေတယ်။ တစ်ချိန်ထဲမှာပဲ ချင်းရှီ၊ မေ့လျန် နဲ့ ရွှမ် တို့အပြင် တစ်ခြား အမျိူးသမီးတွေ ကိုလည်း ဂျိုရှည်ကောင်ရဲ့ အဆီတွေကို မြေအိုးထဲ ထည့်ကာ သားကောင်အဆီ ဘယ်လိုထုတ် ရသလဲ ဆိုတာကို သင်ပြ ပေးခဲ့လေတယ်။
နောက်တော့ သားရဲလူသားထီး တွေကိုတော့ ငါးခေါင်း ၊ အမြီးနဲ့ အလယ်ကျောရိုး မကြီးကို ဖယ်ခိုင်းလေတယ်။ ပြီးတော့ ကျန်နေတဲ့ အသားပိုင်းမှာ ရှိတဲ့ ငါးရိုးအသေးတွေကိုတော့ အရိုးဓားနဲ့ ကလော်ထုတ်ခိုင်း လေတယ်။ ပြီးတော့ နုတ်နုတ် စဥ်းခိုင်းလေတယ်။
ချီဟန်က သူကိုယ်တိုင်ပဲ ထိုငါးအသားစဥ်းကော ထဲကို ဆားတွေနဲ့ ပင်းဆီက ရခဲ့တဲ့ ငရုပ်ကောင်းလို ပစ္စည်းကို ခွဲထည့်ကာ ရောမွှေလိုက်တယ်။ နောက်တော့ မှာထားတဲ့ အိုးပြားထဲ ဆီထည့်ကာ ငါးအသားလုံး စကြော်တော့တယ်။
သင်းပျံလှတဲ့ အသားလုံးကြော် ရနံ့က အိုးပြားပေါ် ကနေ စတင်ထွက်လာတော့ ချီဟန်က ခေါင်းမာမှုမရှိပဲ တံတွေးတွေ မျိုချကာ အသားလုံးတွေကို ဆီထဲ အနည်းငယ် ထပ်ဖိ လိုက်တယ်။ ငါးအသားလုံးက အတွင်းကော အပြင်ပါ နူးညံ့နေလေတယ်။ ပင်း နဲ့ လန် တောင်မှပဲ မနေနိုင်တော့ပဲ အရှေ့ကို တိုးကာ အနည်းငယ်လောက် ကြည့်မိကြ လေတယ်။
တုံက အသားကြော် တစ်ချို့ စားဘူးပေမယ့် ငါးအသားလုံး ကြော် ကတော့ တစ်ခါမှ မစားဘူးသေးပေ။ ဒါကြောင့် သူ့ရဲ့ အဆင့်အတန်းကို အသုံးချကာ ချီဟန်ရဲ့ ဘေးနားမှာ အေးဆေးစွာ ရပ်နေခဲ့တယ်။
ငါကသာ အရင်ဆုံး စားရမယ့်သူကွ!
ချီဟန် ခမျာ အိုးတွေ အများကြီးနဲ့ ငါးအသားလုံးတွေ အများကြီး ကြော်နေပေမယ့် အသားကြော်တဲ့ အရှိန်က လူတိုင်း စားတဲ့ အရှိန်ကို လုံးဝမမှီ ပါပေ။
ချီဟန် ခမျာ မှောင်လာတဲ့ အချိန်ထိ ငါးအသားလုံး ကြော်ပေး ခဲ့ပေမယ့် လူတိုင်းက ထပ်စားချင်နေဆဲပါပဲ။ ချီဟန်က ခါးကို ဆန့်ပြီး ဖြောင့်တန်းလိုက်တယ်။ သူ့မှာ ကြော်ရတာ တစ်ဝက်လောက် ကျက်ပြီ ဆိုတာနဲ့တင် ထိုလူတွေက အကုန်စားပြီး သွားကြပြန်ပြီလေ။ တစ်ဝက်ပဲ ကျက်တဲ့ အသားလုံးက ပိုလို့တောင် နူးညံ့နေပြီးတော့ သူတို့ရဲ့ စားလိုစိတ်ကို ပိုပြီး ကျေနပ်သွားစေတယ်လေ။
( ကြော်လိုက် မပြီးသေးခင် ကုန်လိုက်မလို့ တစ်ဝက်ကျက်ရင် ချပေးလိုက်တယ်ထင်တယ်)
လူတိုင်း က ဒါတွေ အကုန်လုံး ကို စားပြီးသွားကြလေတယ်။ အရင်က လုံးဝ မစားချင် ပါဘူး ဆိုတဲ့ငါး ကို အခုတော့ ကြိုက်သွားကြ ပြီပဲ ဖြစ်လေတယ်။ ပြီးတော့ လုံးဝ ကို အရမ်း အရသာ ရှိမှန်းလည်း သိသွားကြပြီ ပဲ ဖြစ်လေတယ်။
သူတို့က ကန်ထဲမှာ ထည့်ပြီး မွေးထားတဲ့ ငါးတွေ အကြောင်းကို တွေးမိသွားတော့ မနက်ဖြန် ထိုဟာတွေကို ယူပြီး အခုလို စားချင်နေသေးတယ်။
'' မျိုးနွယ်စု စုန်းမ၊ ဒါတွေက အရသာ အရမ်းရှိတယ်။ ငါတို့ ဘယ်အချိန်မှာ ထပ် စားလို့ ရမလဲ?''
မယ်ဂျစ်စတစ်ရဲ့ ပါးစပ်တစ်ခုလုံး အဆီတွေ ပြည့်နေပြီးတော့ မျက်လုံးတွေကလည်း တောက်ပနေခဲ့တယ်။ အစက သူမက သားပေါက်လေးက်ို ခေါ်ကာ ပြန်မယ်လို့ လုပ်ခဲ့တယ်။ ဒါပေမယ့် စား ပြီးတာနဲ့ သူမရဲ့ ခြေထောက်က လှုပ်ရှားလို့ကို မရတော့ပါပေ။
'' ငါတို့ အနာဂတ်မှာ မကြာခဏ စားနိုင်တော့မှာပါ။ ငါတို့ရဲ့ ကန်ထဲမှာ ငါးတွေ အများကြီး ထည့်ထားပြီးသားပါ။ နောက်နွေရာသီ ရေခဲတွေ ပျော်သွားတဲ့ အချိန်ကြရင် ငါတို့ ပြန်စားလို့ရပြီပဲ''
မယ်ဂျစ်စတစ် က ကျန်နေသေးတဲ့ ငါး အသားလုံး တွေကို ကြည့်ကာ နှုတ်ခမ်းဆူလိုက်တယ်။
လန် က စိတ်အခြေနေ ကောင်းနေတဲ့ သူ့အမျိုးသမီးကို ကြည့်လိုက်တယ်။ သူမဟာ ခေါင်းဆောင်ရဲ့ ကတော် ဖြစ်လာပြီး ကတည်းက အမြဲတမ်း ကျက်သရေ ရှိစွာ နေခဲ့ ပြီးတော့ ဒီလိုမျိုး ကလေးဆန်တဲ့ အမူအရာ မျိုးမပြတော့ပါချေ။
အခုတော့ လန် ခမျာ သူမ ငယ်ရွယ်စဥ် က အချိန်တွေကို ပြန်ပြီး သတိရသွား ပါပြီ။
ချီဟန်ကတော့ ကျန်နေသေးတဲ့ ငါးအသားလုံးတွေကို ကြည့်ကာ စားနေခဲ့လေတယ်။
'' မယ်ဂျစ်စတစ်ရဲ့ ကိုယ်က အပြည့်အဝ မကောင်းသေးဘူးလေ။ သူမကို အိမ်ပြန်ခေါ်သွား ပေးလိုက်ပါ။ ငါးအသားလုံးက သူမရဲ့ ကိုယ်အတွက် ကောင်းတယ်။ အခု စားလို့မကုန်ရင် အိမ်ထဲမှာ မသိမ်းထားနဲ့ အဲ့တာတွေက ပုပ်သိုးလွယ်တယ်''
'' ကျေးဇူးတင်ပါတယ်။ မျိုးနွယ်စု စုန်းမ''
လန် နဲ့ မယ်ဂျစ်စတစ်က ငါးအသားလုံးထည့်ထားတဲ့ ခွက်လေးတစ်ခုကို ကိုင်ကာ ပျော်ရွှင်စွာနဲ့ အိမ်ကို ပြန်သွားလေတယ်။
'' အဟမ်း အမှန်တော့ အိမ်က ယန်မင်း ကလည်း အဲ့လောက် ထိနေပြန်မကောင်း သေးဘူးလေ!''
ပင်းက ကျန်နေသေးတဲ့ ငါးအသားလုံးတွေကို ကြည့်ကာ တောင့်တောင့်ကြီး ပြောလိုက်တယ်။ ယန်မင်းကတော့ သူ့ဘေးမှာ ရှိနေလေတယ်။ သူမက သူ့ရဲ့ လက်မောင်းကို အသာဆွဲစိတ်ကာ ရှက်သွေးဖြာ သွားလေတယ်။
တုံ ကြည့်လိုက်တော့ ငါးအသားလုံး ၂အိုးကျန်သေး ပေမယ့် လု က အိုးတစ်လုံးကို ဖက်ထားကာ ငါးအသားလုံးတွေကို ငေးကြည့်နေခဲ့တယ်။ သူ့ရဲ့ သားရဲတစ်ဝက် လေးက အခုချိန်ထိ စားလို့တောင် မဝသေးဘူးလေ။ သူတစ်ခုခုပြောပြီးတော့ အိုးတစ်ခုကို သိမ်းထားမှ ဖြစ်မယ်။
'' ဒါဆိုလည်း ယန်မင်းအတွက် တစ်အိုးပေးလိုက်မယ်။ ကျန်တဲ့ တစ်အိုးကိုတော့ ငါပဲ အိမ်ယူသွားလိုက်မယ်။ အပြင်ဘက်မှာက အတော်အေးနေပြီ။ အဟမ်း အိမ်ပြန်ပြီး စားကြစို့''
''ကောင်းပြီ''
............................................
အခု ရောက် တဲ့ ကနေ အပြီးထိ ဝင်ချင်ရင် 3450 ပါ။ gp 2(750) 3(1350) 4(1350) လည်း ခွဲ ဝင်လို့ ရပါတယ်