တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

Von Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... Mehr

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (33)

2.4K 389 7
Von Kyiphyuswe

(33)

လန် က ပါးစပ်ဖွင့်လိုက် ပေမယ့် ဘာစကားမှ ပြောမထွက် ခဲ့ပါပေ။ သူက မယ်ဂျစ်စတစ်ကို ကြည့်ကာ ခေါင်းကိုငုံ့လိုက်ပြီး ပုခုံးကို တစ်ချက် တွန့်ကာ အနွေးကုတင်အစွန်းပေါ် တက်ထိုင်လိုက်တယ်။ ထိုစာကြောင်းက ကြည့်ရတာတော့ သူ့နောက်ကျောမှာ ဖိထားတဲ့ တာဝန်ဆိုတဲ့ ကျောက်တုံးကြီးကို ပိုလို့တောင် လေးလံသွားစေ သလိုပဲ။

သူ့ရဲ့ ခေါင်းထိပ်က ငှက်မွှေးလေး ဟာလည်း သူခေါင်းငုံ့လိုက်တဲ့ အချိန်မှာ အောက်ကို ငိုက်ကျ သွားတာကြောင့် မယ်ဂျစ်စတစ်ရဲ့ မျက်လုံးထဲမှာတော့ သူ့ရဲ့ ပုံစံက ညိုးငယ်ပြီး အထီးကျန်နေတာနဲ့ တူနေလေတယ်။

သူမ အခု ချလိုက်မိတဲ့ ဆုံးဖြတ်ချက် ဟာ လန်ရဲ့အမူအရာ ကို ကြည့်ပြီးတော့ အနည်းငယ် တုန်လှုပ်သွားတယ်။

မယ်ဂျစ်စတစ်က ဘာမှ ထပ်မပြောတော့ပေ။ သူက သူမရဲ့ လက်တွဲဖော်လေ။ သူတို့ လင်းယုန် မျိုးနွယ်က ဝေဟင်မှာ ပျံဝဲ ကြတာလေ။

သူက ဘယ်လိုလုပ် သူ့ရဲ့ အတောင်ပံတွေ ကို ထိန်းချုပ်လိုက်ရမှာလဲ?

သူ့အပေါ် သူမနဲ့ သားပေါက်လေး က ဝန်ထုတ်ဝန်ပိုး များ ဖြစ်နေပြီလား?

သူတို့ အတူတူ စတင်ပြီး နေခဲ့တဲ့ အချိန်အကြောင်းကို ပြန်တွေး ကြည့်ရရင် လန်က သူမကို သူ့နောက်ကျော ပေါ်တင်ပြီးတော့ နေ့တိုင်းပဲ လေထဲမှာ လေဟုန်စီး ဝဲပျံ နေခဲ့တာ။ အဲ့အချိန်တုံးက သူ့မိဘတွေ လည်း ရှိသေးတာ မလို့ သူမတို့ ဆောင်းရာသီက လွဲလို့ ကျန်တဲ့ အချိန်တွေမှာ ပြေလျော့စွာနဲ့ သက်တောင့်သက်သာ နေခဲ့ရတယ်လေ။

ကောင်းကင်ကြီးက ပြာလဲ့ နေပြီးတော့ရေပြင်ကျယ် ကလည်း သိပ်ကို လှပနေခဲ့တယ်။ ကောင်းကင် ကနေ ကြည့်မယ်ဆိုရင် မိကျောင်းသားရဲ တွေက သေးသေးလေးရယ်။ လင်းယုန်မျိုးနွယ်စု ဟာ သားရဲနတ်ဘုရား ကောင်းချီး အပေးခံ ရဆုံးပဲ!

ဒါပေမယ့် အဲ့တာတွေက ဘယ်အချိန် ကနေ စတင်ပြီးတော့ ပြောင်းလဲ သွားတာလဲ?

ဖြစ်နိုင်တာ ကတော့ လန်ရဲ့ မိဘတွေ တစ်ယောက်ပြီး တစ်ယောက် သေသွားပြီးနောက် လန်က ခေါင်းဆောင် ဖြစ်လာတာ ကနေ စတာပဲ ။ သူက အရမ်းကောင်း တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီးတော့ မယ်ဂျစ်စတစ်က လည်း သူ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ အမြဲထောက်ပံ့ပေး တယ်။ ဆောင်းတွင်း တိုင်းဟာ သူမအတွက်တော့ အိမ်မက်ဆိုး တွေပါပဲ။

မျိုးနွယ်အတွက် ပေးထားတဲ့ အစားအစာတွေ အကုန်လုံးကို အဲ့အချိန်မှာ မျိုးနွယ်စု သားတွေက အကုန်ပြန်ယူ စားကြတယ်လေ။

သူမ ဘာရခဲ့သလဲ?

ဘာမှ မရခဲ့တဲ့ အပြင် သူမရဲ့ သားပေါက်လေး ကလည်း သေသွား ရတယ်။ သူမရဲ့ ကိုယ်ကလည်း ပိုပြီး ဆိုးဝါးလာခဲ့တယ်။ အဆုံးမှာတော့ သူမတို့ နေထိုင်တဲ့ ဂူတောင်မှ ပြိုကျသွား ခဲ့ရတယ်။

သဘာဝ တရားကြီးက ပြောင်းလဲ သွားပေမယ့် မပြောင်းလဲတာက သားရဲလူသားတွေပဲ။ ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံး သလဲ ဆိုတာကို မြင်နိုင်နေပြီ မဟုတ်လား?

ကလေးမလေး ကတော့ နို့စို့ပြီး အိပ်ပျော်သွားပါပြီ။ ဒီအချိန်မှာ အစားအသောက်က ဖူလုံသေးတာမို့ နို့ရည်ကလည်း ထွက်နေဆဲပါ။ ကလေးမလေး က ဖြူဖွေးပြီး ဝတုတ်လာခဲ့တယ်။ သူမက ကလေးမလေး ကို ကြည့်မိတဲ့ အချိန်တိုင်း အရမ်းကို သနားပြီးတော့ ချစ်စရာ ကောင်းတယ်လို့ မြင်မိတယ်။

မယ်ဂျစ်စတစ်က သူမရဲ့ ပါးစပ်နားထိ ကျလာတဲ့ မျက်ရည်တွေကို မသိလိုက်ပဲ သုတ်လိုက်မိတယ်။ သူမက တိတ်ဆိတ်နေတဲ့ လန်ကို တွေ့တော့ စကားပြောတာ ကို ရပ်လိုက် ပြီပဲ ဖြစ်လေတယ်။ သူမနဲ့ လန်ဟာ ပေါင်းသင်းလာတာ နှစ်ပေါင်း များစွာ ရှိနေပြီဖြစ်လို့ တစ်ယောက်ကို တစ်ယောက် မပြောပြ ပဲနဲ့တောင် သိလာပါပြီ။ ဒါကြောင့်လဲ ထိုစကား တစ်ခွန်း ထဲက လုံလောက် တယ် ဆိုတာ သူမသိပါတယ်။

မယ်ဂျစ်စတစ်က အရမ်းကို ထက်မြတ်ပြီး ခံစားလွယ်တဲ့ အမျိူးသမီးပါ။ သူမဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်မှ အပ ဒီလောက်ကောင်းတဲ့ ဘဝမျိုး နှစ်ပေါင်းများစွာ တစ်ခါမှ မနေခဲ့ဘူးပေ။ ဒီချောင်ယွမ် မျိုးနွယ်စုထဲက အမတွေ သာမက သားရဲတစ်ဝက် အများစုတောင်မှ လှပတဲ့ အဝတ်အစားတွေနဲ့ လက်ဝတ် အဆင်တန်ဆာ တွေ ဆင်မြန်း ထားကြလေတယ်။ လန်ဟာ သူမအတွက် အဲ့တာတွေကို ဘယ်တော့မှ မလဲလှယ် ပေးခဲ့ပါဘူး။

သူကတော့ သူမက မလိုချင်ဘူး လို့ ထင်ခဲ့တာ။ ဒါပေမယ့် လူတိုင်းနဲ့ အတူ ရှိချိန်မှာ မယ်ဂျစ်စတစ်ရဲ့ အားကျ တဲ့ အကြည့်တွေကို သူမမြင်ပဲ မနေပေ။ ဒါကြောင့် သူမက ဘယ်တော့မှ ထုတ်မပြောပေမယ့် လန်ရဲ့ နှလုံးသားထဲမှာတော့ မယ်ဂျစ်စတစ် အပေါ် အပြစ်ရှိစိတ်ကို ခံစားခဲ့ ရပါတယ်။

သူက မတက်နိုင်ပဲ တွေးနေမိတယ်။

သူက ကောင်းမွန်တဲ့ အခွင့်အရေးကို ခုခံပြီး ကိုယ်ပိုင် မျိုးနွယ်ကို ဖော်ဆောင် ရတဲ့ ရည်ရွယ် ချက်က ဘာအတွက် ကြောင့် များလဲ ဆိုတာကိုပေါ့?

အဲ့တာက သူတို့ လင်းယုန်တွေ နယ်မြေချဲ့ ထွင်ခြင်လို့လား?

သူတို့ လင်းယုန်တွေ လူဦးရေ တိုးပွား လာလို့လား?

ဒါမှမဟုတ် သူကပဲ ခေါင်းဆောင် အနေနဲ့ မတက်နိုင်တာကို ထင်ယောင် ထင်မှား ဖြစ်နေတာလား?

တကယ်လို့ အဲ့တာက ပထမ အချက်ကြောင့်သာ ဆိုရင် သူက သူ့အဖေကို သူဟာ လူကြောက် မဟုတ်ပါဘူး ဆိုတာကို သက်သေ ပြချင်လို့ပဲလေ။ ဒါပေမယ့် သူ့အဖေ က ကမ္ဘာပေါ်မှာ မရှိတော့တာ ကြာခဲ့ပြီလေ။ ပြီးတော့ သိသိသာသာပဲ သူကျရှုံးခဲ့တယ်လေ။

ဒုတိယ အချက် ဖြစ်ချင်တယ် ဆိုရင်တော့ ချောင်ယွမ်မျိုးနွယ်ကို ဝင်လိုက်တာက အကောင်းဆုံး နည်းလမ်းပဲလေ။

တကယ်လို့ တတိယ အကြောင်းပြချက် ကြောင့်ဆိုလို့ရင် အမှန်မှာ မျိုးနွယ်ရဲ့ ခေါင်းဆောင် နာမည်က ဘယ်သူလဲ ဆိုတာ အရေးကြီးလို့လား?

ဒါက အရေးမကြီး ဘူးလေ။

အသက်ရှင်သန် ဖို့နဲ့ ကြုံတွေ့ လာရပြီ ဆိုရင် လူတိုင်းက ဘာမှ အရေးမပါကြတော့ဘူးလေ။

မယ်ဂျစ်စတစ်ရဲ့ သဘောထားနဲ့ အားနည်းတဲ့ သားပေါက်လေး တွေက လန်ရဲ့ ဆုံးဖြတ်ချက်ကို ချနိုင်အောင် အထူးမြှင့်တင် ပေးခဲ့တယ်။

မယ်ဂျစ်စတစ်တောင် တွေးမိသေးတာကို လန် ကရော ဘာလို့ မတွေးမိပဲ နေရမှာလဲ။ လန်က ချောင်ယွမ် မျိုးနွယ်ထဲ ကို ဝင်ဖို့ရာအတွက် ဆက် ပြီးတော့ တုံ့ဆိုင်း မနေတော့ပါပေ။ အခုအပြင်မှာ နှင်းတွေ ကျပြီးတော့ အမဲလိုက်တာလည်း ရပ်သွားပြီ ပဲ ဖြစ်လေတယ်။ ဒါကြောင့် အခုမှ သွားပြောရင် အတော်နောက်ကျ နေပြီလို့ ပြောလို့ ရတယ်။ ဒါကြောင့် တုံ့ဆိုင်း ခဲ့တဲ့ အတွက် စိတ်အနှောက်အယှက် ဖြစ်မိကာ တစ်ကိုယ်ကောင်း စိတ်ပဲ ရှိခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တင်နေ မိတော့တယ်။

လန် က ညတွင်းချင်းပဲ သူ့မျိုးနွယ်တွေကို စုစည်းလိုက်တယ်။ ချောင်ယွမ်မျိုးနွယ်ရဲ့ သန်မာမှုတွေကို လင်းယုန်သားရဲ လူသားတွေ အကုန်မြင်ပြီး သွားပါပြီ။

သူတို့ ဒီနေရာကို စရောက်တဲ့ အချိန်တုံးက ဂုဏ်ယူနေခဲ့တာ နဲ့ ယှဥ်ရင် အခုချိန်မှာ သူတို့က ချောင်ယွမ် မျိုးနွယ်စု နဲ့တောင် နှိုင်းယှဥ်လို့ မရပါပေ။ လူတိုင်းက လန်ရဲ့ ရည်ရွယ်ချက်ကို ကန့်ကွက်မှု မရှိပဲ အကုန် သဘောတူကြလေတယ်။

လန် က တုံ ရဲ့ အိမ်ဆီကို လမ်းလျောက် သွားခဲ့တဲ့ အချိန်မှာတော့ တုံ့ဆိုင်း နေခဲ့တယ်။ သူ့မှာ တကယ်ကြီးပဲ ဝင်သွားဖို့ မျက်နှာမရှိတော့ပေ။ အိမ်ရဲ့ ဘေးပတ်လည်မှာ အချိန်ကြာအောင် လျောက်သွားပြီးတဲ့နောက် တုံက တံခါးကို ဖွင့်လာခဲ့တယ်။ သူက အိမ်ပြင်က ခြေသံတွေကို အချိန် အကြာကြီး ကတည်းက ကြားနေခဲ့ရတာ ပဲ ဖြစ်လေတယ်။

'' လန် မင်းလား?အထဲကိုလာလေ!''

'' ဟေး အို...ကောင်းပြီ ''

လန် က တုံ ရဲ့ အိမ်ထဲကို လိုက်ဝင်သွားတဲ့ အချိန် ထိုထဲမှာ ချန်၊ လု ၊ ကျဲ တို့ ရှိနေတာ ကိုလည်း တွေ့လိုက်ရတယ်။ ရာသီဥတု ကို ကြည့်ရတာ နောက် ၂ ရက်အတွင်း နှင်းကျ တော့မှာပဲ ဖြစ်လေတယ်။ ဒါကြောင့် တုံနဲ့ ချီဟန်တို့က နောက်နှစ်ရက်အတွင်း ငါးမျှားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး နေကြတာ ပဲ ဖြစ်လေတယ်။

လန် အထဲကို ဝင်လာတဲ့ အချိန် သူ့ရဲ့ တွန့်ဆုတ်မှုနဲ့ အရှက်ရနေမှုကို မြင်ပြီးတော့ ဘာရည်ရွယ်ချက် နဲ့လာသလဲ ဆိုတာကို ချီဟန် သဘောပေါက်လေတယ်။ ပြီးတော့ ချီဟန်က ပြုံးကာ သူ့ကို အရင်ဆုံး နေရာထိုင်ခင်း ပေးဖို့ လုပ်ခဲ့တယ်။

'' လာလေ၊ လာပြီးတော့ ဒီမှာ ထိုင်လေ။ ငါတို့က နောက်နှစ်ရက်အတွင်းမှာ ငါးဖမ်းဖို့ ဆွေးနွေးနေကြတာလေ။ မင်းလည်း ငါတို့နဲ့ အတူ လာပူးပေါင်းလေ''

'' ဟမ်း ''

လန် က စိတ်သက်သာ ရာ ရသွားလေတယ်။ ဒီလောက် လူတွေ အများကြီးရှေ့မှာ သူ့ရဲ့ ရည်ရွယ်ချက် ကို ရှင်းရှင်းလင်းလင်း ချပြ ရမယ် ဆိုရင် သူတော့ မပြောနိုင်မှာပဲ စိုးရိမ်မိတယ်။

'' ငါတို့ အိမ်ဆောက်တဲ့ အချိန်မှာ မြေသားတွေ တူးကြတယ်လေ။ အဲ့တုံးက တောင်ဘက်မှာ ကျန်နေခဲ့ တဲ့ အပေါက် တွေက မိုးရာသီအတွင်း ရေတွေနဲ့ ပြည့်သွားပြီလေ။ ငါတို့ ဖမ်းမိတဲ့ ငါးတွေကို အဲ့ထဲကို လုံးဝ ထည့်လို့ ရတယ်။ နောက်နှစ်ဆိုရင် ငါတို့ ဆောင်းရာသီ အထိ စောင့်စရာ မလိုပဲ ငါးစားလို့ရပြီ။ မင်းတို့တွေရော ဘယ်လိုထင်လဲ?''

အတိတ်မှာ တုံးက ငါးဖမ်းတာက သားရဲ လူသားတွေက ကိုယ်တိုင် ဖမ်းရပြီးတော့ မျိုးနွယ်ကိုလည်း လက်လွဲ ပေးစရာ မလိုပေ။ ဘာလို့လဲ ဆိုတော့ သားရဲ လူသား အများစုက ငါးကို မကြိုက်တာ မလို့ ခေါင်းဆောင် ကလည်း ငါးကို မသိမ်းတော့တာ ပဲ ဖြစ်လေတယ်။

ဒီနှစ် အစာရေစာ အတွက်က လုံလောက်တာ ထက်ကို ပိုပြီးတော့ ဖူလုံနေပြီပဲ ဖြစ်လေတယ်။ တကယ်လို့ ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမ က ပြောလို့မဟုတ်ရင် သူတို့က ဒီနှစ် ငါးတောင် မဖမ်းကြတော့မှာပဲ ဖြစ်တယ်။

( အမယ် ကောင်းစားနာ)

'' အဆင်ပြေတယ်။ ငါ့ရဲ့ ဝေစုတွေ အကုန်လုံးကို အဲ့ထဲထည့်လဲ ကိစ္စမရှိဘူး။ ငါနဲ့ မေ့လျန် တို့က ငါးမကြိုက်ဘူးလေ ''

'' ချင်းရှီနဲ့ ငါကလည်း ငါးမကြိုက်ဘူး။ အဲ့တော့ ငါ့ရဲ့ ဝေစုကိုလည်း အကုန်ယူလို့ ရတယ်''

ကျဲနဲ့ သူ့လူတွေ ကလည်း ငါးမကြိုက်ပေ။ ဒါပေမယ့် သူတို့က တာဝန်ခံ လု ထက်ပိုပြီးတော့ အစားကို နှစ်သက် တန်ဖိုးထားကြတယ်။ သူတို့က ဆောင်းရာသီ မတိုင်ခင် ဂျိုရှည်ကောင် တွေ အများကြီးကို မဖမ်းနိုင်ကြပေ။ ဒါကြောင့် တစ်ခြား မျိူးနွယ်စုတွေနဲ့ ယှဥ်ရင် သူတို့က ငါးကိုပဲ အများဆုံး စားကြရတယ်။ ဒီနှစ်အတွက် အစာက လုံလောက် နေပြီ ဆိုပေမယ့်လည်း သူတို့က တွန့်ဆုတ်ဆဲပါ။

'' ငါတို့...ငါတို့က ငါးစားတယ်...''

'' ဒါဆို မင်းတို့က ငါးကို ဖမ်းကြလေ။ မျိုးနွယ်စုက မိကျောင်းအသားနဲ့ ဂျိုရှည်အသားတွေ သုံးပြီး မင်းတို့ နဲ့လဲမယ်လေ''

'' အာ... ကောင်းတယ်။ ကောင်းတယ်''

ကျဲက အရမ်းပဲ ပျော်သွားလေတယ်။

'' မင်း ငါးယူလာတာနဲ့ အမျှ ထိုဟာနဲ့ မိကျောင်း ၊ ဂျိုရှည်တို့ရဲ့ အသားတွေနဲ့ လဲလှယ်လို့ ရတယ် ''

ချီဟန်က လန်ကို လေးလေးနက်နက် ကြည့်လိုက်ပေမယ့် လန်က ဘာမှ ဝင်မမေးပေ။

'' ကောင်းပါပြီ''

ရေနေ သတ္တဝါရဲ့ အသားက သားရဲလူသား အငယ်လေး တွေရဲ့ ကြီးထွားမှုနှုန်း တိုးစေ သလို တက်ကြွဆဲ ဆယ်ကျော်သက် လူပျိုပေါက် တွေအတွက်လည်း အရေးကြီးတဲ့ အစားအစာ ပဲ ဖြစ်လေတယ်။

ပြီးခဲ့တဲ့ မနှစ်က ဆောင်းတွင်းနောက်မှာတော့ တုံ က အရပ်ပိုရှည်လာပြီးတော့ ထွားလာကာ ပိုပြီးတော့လည်း အများကြီး သန်မာလာခဲ့တယ်။ ယောင် လောက်နီးပါးကို ရှိလာခဲ့တာ။ ချီဟန်က ယောင် အကြောင်းကို တွေးမိတော့ သူက မသိလိုက်ပဲ သက်ပြင်းချလိုက်လေတယ်။

'' ယောင်နဲ့ ဂျိုအန်း တို့က ပြန်မလာ လောက်တော့ ဘူး ထင်ပါရဲ့ ''

ထိုစကားတွေကို ကြားရတဲ့ အခိုက်အတန့်မှာ လု က မလွယ်ကူမှုလေး ကို ခံစားလိုက်ရတယ်။ ချန်နဲ့ သူက သူတို့မိဘတွေနဲ့ လက်တွဲဖော်တွေရဲ့ မိဘတွေကို ခေါ်ဖို့ ရက်အနည်းငယ် တုံးက ပြန်သွား ရာက​နေတောင် ပြန်ရောက်နေပါပြီ။ ထုတ်မပြောပေမယ့် ယောင် က ပြန်မလာ ဘူး ဆိုတာကို သူတို့ စိတ်ထဲမှာ သိနေခဲ့တာပဲလေ ။

လု က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေပြီး ပြောသင့်လား မပြောသင့်လား တွေဝေနေပြီးတော့မှ ပြောလေတယ်။

'' မျိုးနွယ်စု စုန်းမ ။ ယောင် က လာတော့မှာ မဟုတ်ဘူး။  သူက.... ''

ချန် က လက်ထုတ်ပြီး သူ့ကို တိတ်တိတ်လေး ဆိတ်စွဲလိုက်တယ်။ ဒါကို ချီဟန် မြင်တော့ သူက တစ်ခုခု ဖြစ်သွားပြီ ဆိုတာကို သိလိုက်ရတယ်။

လုက သူ့ပါးစပ်ကို ဆက်ဖွင့်ဆဲပဲ။

'' ငါတို့ပြန်လာတဲ့ အချိန်မှာ ယောင်က လူတိုင်းကို အိမ်တစ်လုံး ဆောက်ဖို့ ပြနေခဲ့တာ ''

'' ခေါင်းဆောင်က ငါ့ကို အနွေးကုတင် ဘယ်လိုဆောက် ရတာလဲ ဆိုတာမေးပေမယ့် ငါကတော့ မသိဘူးလို့ ဖြေခဲ့တယ်''

ဒါပေါ့ အနွေးကုတင် ဖွင့်ဖို့ ယောင် က ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ မျိူးနွယ်စုထဲက လူတွေ အိမ်ဆောက်နေ ကြချိန်မှာ ယောင်နဲ့ ငယ်ရွယ်တဲ့ သားရဲလူသား တွေဟာ မျိုးနွယ်စု စားဖို့ အမဲလိုက်နေရတာလေ။ သားရဲတစ်ဝက်တွေ ကလည်း အစာစုဆောင်းပြီး စိုက်ပျိုးနေခဲ့ ရတာ။ ဒါကြောင့် အပြင်မှာရောက်နေတဲ့ ယောင် က ဘာမှ သိပ်ပြီးတော့မမြင် ခဲ့ဘူးလေ။

ဂျိုအန်းက အသားကင်တဲ့ နေရာမှာ လုပ်ခဲ့တဲ့အတွက် သူတို့ဘာတွေ လိုအပ်သလဲ ဆိုတာကို အများတော့ သိလေတယ်။ ဒါပေမယ့် ဒါလေးတွေ သိရုံနဲ့ အိမ်တစ်အိမ် ဆောက်ဖို့ လုံးဝ မဖြစ်နိုင်ပေ။ အထူးသဖြင့် အနွေးကုတင် တည်ဆောက် တာကိုပေါ့။ သူတို့ဘာမှ မလုပ်ပဲနဲ့ ဘာမှ ကို မလုပ်တက်ကြမှာ အမှန်ပဲ။

ဒါပြီးတော့ လု က ချီဟန်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်လိုက်တယ်။ သူတို့က ယောင်နဲ့ ကောင်းတဲ့ ဆက်ဆံရေး ရှိကြတယ်။ ယောင် ဟာ အမဲလိုက်စွမ်းရည်မှာ အမြင့်စားဖြစ်ပြီး လူတိုင်းကို အမြဲတိုင်း စောင့်ရှောက်ပေးတယ်။ ဒါပေမယ့် သူတို့က တစ်မျိုးနွယ်စု သားတွေ မဟုတ်ကြတော့ဘူးလေ။ ဒါပေမယ့် လု ကတော့ သူတို့ကို နှစ်ဖက်စလုံး မျက်နှာပျက်ရမှာတော့ မလိုချင်ပေ။

ချီဟန်နဲ့ တုံ တို့က အနည်းငယ် ရှုပ်ထွေး သွားတယ်။ တုံ က ယောင် ကို ညီအကိုကောင်း အဖြစ်အမြဲ သက်မှတ်ခဲ့တာ။ တုံ က ချီဟန်ကို ကြည့်သလို ချီဟန်ကလည်း တုံ ကို ကြည့်နေခဲ့တယ်။

သားရဲလောက မှာ မင်းတို့ ပိုင်တာက မင်းတို့ရဲ့ ဟာပဲ။ တစ်ခြားမျိုးနွယ်စုကို သင်ပေးဖို့ အကြောင်း တစ်စက်မှ မရှိပေ။ ခွင့်ပြုခြင်း လည်း မရှိပါပေ။ လက်မှုပညာ ပဲ ဖြစ်စေ ၊ ဖန်တီးမှုပဲ ဖြစ်စေပေါ့။ ဥပမာပေး ရရင် လျော်ထည် ရက်သလိုလေ။ နည်းပညာ လဲလှယ်ပြီးတော့ သင်ယူခွင့်တော့ ရှိပါတယ်။ ဒါပေမယ့် ဘာမှမလဲလှယ်ပဲ သူများ တီထွင်မှုကို ခိုးယူ ရဲရင် ဒါဟာ အရှက်မဲ့တာ ပါပဲ။

ချင်းယန် မျိုးနွယ်စုက ခေါင်းဆောင်နဲ့ စုန်းမ အကြောင်း တွေးမိတိုင်း ချီဟန် က တစ်ခဏ စိတ်ထဲမှာ ကသောင်းကနင်း ဖြစ်သွားရတယ်။ သူကိုယ်တိုင် သင်ပေးခဲ့တဲ့ ဟာဆိုရင် သူ့မှာ ကန့်ကွက်စရာမရှိပေ။ အခုမှ ဒေါသ ထွက်နေတော့ ဘာမှအသုံးမဝင်ပေ။

ဘယ်သူကများ မပြင်ဆင်ထားပဲ နေလို့လဲ?

ကြည့်ရတာတော့ ဒီလို ကိစ္စကို အနာဂတ်မှာ ပိုပြီး သတိထားတာ ကောင်းမယ် ထင်တယ်။

တုံ ကလည်း အနည်းငယ် စိတ်အနှောက် အယှက်ဖြစ်နေတယ်။ ဒါတွေ အကုန်လုံးက ချီဟန် သင်ပေးတာလေ။ နည်းလမ်းကျကျ ပြောရရင် ချီဟန်ပဲ ပိုင်သင့်တာလေ။  ဒါပေမယ့် ယောင် ၊ ယောင်က သူ့အကို လိုသဘောထားခဲ့တာ ဆိုတော့ သူ့ပါးစပ်ကို ဖွင့်လိုက်တယ်။

'' ချီဟန် ၊ သူလေ... သူ တက်နိုင်လို့ တကယ်လို့ အိမ်ဆောက် နိုင်ရင် ဆောက်ခွင့် ပေးလိုက်ပါ.... ''

'' ငါ သိတယ်။ သူက မင်းရဲ့ ဘဝကို တစ်ခါကယ်ဘူးတယ်၊ မင်းကို မကြာခဏ ဂရုစိုက်ဘူးတယ်၊ ဖုံးကွယ်လိုက်တော့! ''

ချီဟန်က သိပ်ပြီးတော့ ကပ်တွက် ချင်မနေတော့ပေ။ ဒါပြင် သူတို့က အိမ်တစ်လုံး ပြည့်စုံအောင် ဆောက်နိုင်မှာ မဟုတ်ဘူး။

သူ အခုလို သတ္တိရှိရှိ လုပ်လိုက်တာက သူဟာ ချောင်ယွမ်မျိုးနွယ်နဲ့ သူ့ကြားက မျှချေကို ဖျတ် ဆီးလိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်။

ချီဟန်က အမြင်မကျယ်ခဲ့တဲ့ သူ့ကိုယ်သူပဲ ဆူပူလိုက်တယ်။

ထိုအကြောင်းကို တုံ က ဘာမှ မပြောတော့မှ လုလည်း အနည်းငယ် စိတ်သက်သာ ရာ ရသွားသလို ခံစားမိတယ်။

( ရှင်တို့တော့ မသိပေမယ့် ကျွန်မတော့ စိတ်ခုမိပါတယ်)

..........................................

Weiterlesen

Das wird dir gefallen

5.4K 258 11
Not my own novel. Fan translation only 🔺 ခွင့်ပြုချက်မယူထားပါ 🔺 Credit for owner and English translator
406K 13.2K 17
My priority /property/privacy
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
816K 100K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...