တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

Bởi Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... Xem Thêm

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း(32)

2.6K 415 18
Bởi Kyiphyuswe

(32)

အိမ်ဆောက်ရတဲ့ တာဝန်ကို လက်လွဲ ယူရတဲ့ သူတွေက တုံနဲ့ ချီဟန်တို့နဲ့ အစကတည်းက အတူတူ ပါလာတဲ့ သားရဲလူသား အိုတွေနဲ့ မသန်မစွမ်း သားရဲလူသား တွေပါပဲ။ အရင်က အိမ်တွေ ကိုလည်း သူတို့ က ပါဝင် ဆောက်ခဲ့ ဘူးတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့တွေက တကယ့်ကို ကျွမ်းကျင်တဲ့ အလုပ်သမားတွေ ဖြစ်နေကြပါပြီ။

ဂျိုရှည်သားရဲ တွေကို အမဲလိုက်တဲ့ အလုပ်တွေ ကတော့ သားရဲလူသားပျို တွေနဲ့ လင်းယုန်လူသား တွေကိုပဲ ပေးအပ်ထားလေတယ်။ ဒုတိယ တစ်​ယောက် အမဲလိုက်ခြင်း မှာတော့ ဂျိုရှည်ကောင် အုပ်စု အသေးတွေ ကိုပဲ ပစ်မှတ် ထားခဲ့လေတယ်။ တောင်ကြား ထဲက ဂျိုရှည်ကောင် အရည်အတွက် ကအကန့်အသက် ရှိတယ်လေ။ ဂျိုရှည်သားကောင်တွေ ပြည့်လုနီးပါး တောင်မှ ဖြစ်နေခဲ့တယ်လေ။

အမျိုးသမီးတွေနဲ့ သားရဲတစ်ဝက်တွေရဲ့ အဓိက လုပ်ဆောင်မှုကတော့ ခရမ်းရောင် အမြစ်တွေ တူးတာ ပဲ ဖြစ်လေတယ်။  ခရမ်းရောင် အမြစ်တွေကို စိုက်ပျိုးထားတဲ့ နေရာက ကျယ်ဝန်း သိပ်သည်းတဲ့ အတွက်ကြောင့် အရင်တုံးကလို ကြမ်းတမ်း တဲ့ တောတောင်တွေ ထဲ သွားတူးစရာ မလိုတော့ပဲ လုံလုံ ခြုံခြုံ အေးဆေးစွာ တူးနိုင်ပြီ ပဲ ဖြစ်လေတယ်။

တစ်ခြား မျိုးနွယ်စုက အမ တွေနဲ့ယှဥ်ရင် အမျိုးသမီး မျိုးနွယ်စုက အမတွေက မောက်မာ သက်သာ စရာမရှိခဲ့ပေ။ သူတို့ ရဲ့ မျိုးနွယ်တွင်းမှာ သားရဲတစ်ဝက် တွေ မရှိတာမို့ အမတွေ ကိုယ်တိုင်ပဲ ခရမ်းရောင် အမြစ်တွေကို တူးရလေ့ ရှိပါတယ်။ အခုချိန် မှာတော့ သူတို့ခမျာ ခရမ်းရောင် အမြစ်ရဖို့ ပတ်ပြေး နေစရာ မလိုတော့တဲ့ အတွက်ကြောင့် ပျော်ရွှင်စွာနဲ့ တူးနေကြလေတယ်။

လူတိုင်းက သူတို့ လုပ်ရမယ့် တာဝန်တွေကို ကျေကျေနပ်နပ်ကြီး ထမ်းဆောင်နေခဲ့ ကြတယ်။ ဆောင်းမဝင်ခင် တစ်လ အလိုမှာ ချောင်ယွမ် မျိုးနွယ်က လူတွေဟာ အစီတကျ အမိန့်ပေးအပ်မှု အောက်မှာပဲ လိုအပ်တာတွေကို ပြင်ဆင် ပြီးသွားပြီ ပဲ ဖြစ်လေတယ်။

အိမ်ဆောက်နေဆဲ လုပ်ငန်းက လွဲလို့ ရိတ်သိမ်း ရာသီ တစ်ဝက်ကနေ စလုပ်ရတဲ့ ပြင်ဆင်မှု တွေ အကုန်လုံး အပြီး သပ်ခဲ့ ပြီပဲ ဖြစ်လေတယ်။

ထိုအချိန်မှာပဲ အမျိုးသမီး မျိုးနွယ်စုက အာဖူ အဒေါ် ဦးဆောင်ပြီး သားရဲလူသားတွေနဲ့ အမျိုးသမီးတွေ က တုံနဲ့ ချီဟန်တို့ ဆီကို လာခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် ကတော့ ရှင်းပါတယ်။ သူတို့ က ဒီမှာ ရှိတဲ့ သူတို့မူလ လူတွေကို ပြန်သွားတာနဲ့ ခေါ်သွားချင်တာပဲ ဖြစ်လေတယ်။

ဒါပေါ့ ချီဟန်က သူ့မျိုးနွယ်စု အတွက် ဆောင်းတွင်းမှာ စားနိုင်ဖို့ ရိတ်က္ခာ အလုံလောက် စုဆောင်းပြီး ဖြစ်တာကြောင့် တစ်ခြား သားရဲလူသား ရာကျော် လာလည်း သူကတော့ လုံးဝကို ကြောက်လန့်ခြင်းမရှိ ပါချေ။

ဆောင်းရာသီ စတင်ပြီး ဆယ်ရက် အကြာမှာ သားရဲလူသား ၂ ယောက် ကနေ ၃ ယောက် အထိ အုပ်စု ဖွဲ့ ပြီးတော့ မိကျောင်းဖမ်းပွဲ စတင်ခဲ့လေတယ်။ ပင်း ခမျာ ထို သားရဲလူသား အိုတွေက မိကျောင်းကောင် ကို အေးအေးဆေးဆေး လွယ်ကူစွာ ပြန်ဖမ်း လာတာကိုပဲ ကြည့်နေခဲ့ ရတယ်။

သူ့ခမျာ အရင်က လောက ကြီးပေါ်မြင်တဲ့ အမြင်တွေ ကိုတောင် သံသယ ဖြစ်လာခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ တာက အနည်းငယ် ပိုကောင်း တယ် ဆိုပေမယ့်လည်း ထက်မြတ်တဲ့ အတွေး ရှိတာကသာ အကောင်း ဆုံး ဆိုတာကို သူ့စိတ် ထဲမှာ ရှင်းရှင်း လင်းလင်း သိနေခဲ့တယ်လေ။

ပင်းတစ်ယောက် သူ့ရဲ့ အရင်နေ့ရက်တွေက အရမ်းကို အောင်မြင်ခဲ့တာ ပဲလို့ပေါ့လေ။ သူ့ခြေထောက်ကို သူမမှီခိုနိုင်တော့ပေမယ့် သူရအောင် ရှင်သန် နိုင်ခဲ့တယ်။ အခုတော့ ပင်းက ချီဟန်ကို အံ့သြတကြီး နဲ့ မကြာခဏ ငေးမောကြည့်နေ မိတယ်။

သူက ဘယ်လိုမျိုးနွယ် က​နေ ရောက်လာတဲ့ သားရဲတစ်ဝက် ပါလိမ့်?

ဒီလိုမျိုး ဘယ်သားရဲလူသားကို မဆို ဖိအားပေးနိုင်တဲ့ ဉာဏ်ပညာက တကယ်ပဲ သူ့အရင် မျိုးနွယ်စုရဲ့ အသိပညာတွေ ပဲ ဖြစ်ရမယ်။

ကျူးကျော်ခံခဲ့ ရတာလား?

ဒါကြောင့် သူတို့ပြောင်းရင် သူ့ကို ကျန်နေခဲ့တာလား?

တကယ်လို့ အဲ့လောက် အင်အားကြီးတဲ့ မျိုးနွယ်စု ရှိခဲ့တယ် ဆိုရင် ဘာလို့များ သူ တောင်ကနေ မြောက်အထိ လှည့်လည် သွားလာတုံး က မတွေ့ခဲ့ဘူးတာလဲ? ?

ပင်း က အရမ်းကို ပဲ စိတ်ရှုပ်ထွေး နေခဲ့တယ်။ သူဟာ သူ့ကိုယ်သူ အသန်မာဆုံး  သားရဲလူသား တွေထဲက တစ်ယောက် လို့ မှတ်ယူခဲ့တာ။ ချီဟန်နဲ့ မတွေ့ခင်အထိ သူက ဒီလောက် ထက်မြတ်တဲ့ သားရဲလူသားကော သားရဲ တစ်ဝက်ကိုရော မတွေ့ခဲ့ ဘူးပါပေ။

သူက များ အို နေပြီ မလို့  လား? ?

မဖြစ်နိုင်တာ! !

မဟုတ်သေးပါဘူး။ သူက အခုမှ ရင့်ကျက်တဲ့ အရွယ်ပဲ ရှိနေသေးတယ်လေ။

ပင်း က သူဟာ ချီဟန်လောက် မထက်မြတ်ဘူး ဆိုတာကိုတကယ်ကြီး ဝန်ခံ အရှုံးမပေး လိုပေ!

ဒါပေမယ့် ထိုမာနစိတ်လေးက ရွံ့စေး မျိုးနွယ် ကို ချီဟန်က ချောင်ယွမ် မျိုးနွယ်အတွက် ဆိုပြီးတော့ မှာထားတာတွေ လာမပို့ခင် အချိန်ထိ ၂ ရက်လောက်ပဲ ခံလိုက်ရှာပါတယ်။

ရွံစေး မျိုးနွယ် ခေါင်းဆောင် ကျဲ ဟာ ချောင်ယွမ် မျိုးနွယ်စု ဆီ ခြောက်သွေ့ရာသီ ၂ခု အတွင်း လိုက်သွားရတဲ့ သူ့မျိုးနွယ်စု သားတွေ ပြောတာ ကိုကြားပြီး ဖြစ်လေတယ်။

ချောင်ယွမ် မျိုးနွယ်ရဲ့ တဲတွေက တစ်ခြား မျိုးနွယ်ရဲ့ တဲတွေ ထက် ပိုကောင်း သတဲ့။ အဲ့တာက ခါတိုင်းထက်တောင် ပိုကောင်းပါတယ် တဲ့လေ။ ပြီးတော့ ချောင်ယွမ် မျိုးနွယ်စု ထဲမှာ တဲအလွတ်တွေ အများကြီး ကျန်သေးတယ်တဲ့။

သူအဲ့ အချိန်တုံးက အဲ့အကြောင်းကို သေချာ ဂရုမစိုက်မိပေ။ အခုကြည့်ရတာတော့ သူတို့က မလိမ်ခဲ့သလို သေချာလည်း ရှင်းအောင် မဖော်ပြ ခဲ့ဟန်ပဲ။

စုဝေးပွဲ အတွင်းမှာ သူက ချောင်ယွမ် မျိုးနွယ်စုကို တိတ်တိတ်လေး ထောက်လှမ်းကြည့်သေးတယ်။ အဲ့တုံးက စျေးဝယ် ထွက်တဲ့ သူတွေက တကယ်ကြီး အငယ်လေးတွေပဲ ရှိသေးတယ် လေ။

မျိုးနွယ်စု ဝင်တွေ နည်းသေးတာမလို့ သေချာပေါက် မျိုးနွယ်စုဝင် အသစ်တွေကို လက်ခံမှာပဲ။ သူတို့က အားနည်းနေရင် ပိုတောင် လွယ်ကူသေးတယ် မဟုတ်လား။

ဒါကြောင့် ဒီတစ်ကြိမ်မှာ သူက မျိူးနွယ်ထဲက ရှိသမျှ သားရဲလူသားတွေ ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အကုန်လုံးကို ခေါ်ချ လာပြီးတော့ ချောင်ယွမ်ထဲကို ဝင်လို့ ရမလား လို့ လာမေးချင်တာပဲ ဖြစ်လေတယ်။

အခုချိန်မှာ သူက အဝါရောင် အသားအရည် ရှိပြီး ကြမ်းတမ်းတဲ့ အဝတ်အစားတွေကို ဝတ်ထားတဲ့ လူအုပ်ကို ဦးဆောင် လာပြီးတော့ တိရိစ္ဆာန် သားရေ ဝတ်ထားတဲ့ ကျန်းမာနေတဲ့ သားရဲလူသား အုပ်စုရှေ့မှာ မတ်တပ်ရပ်နေခဲ့တယ်။ ခေါင်းဆောင် တစ်ယောက် ဖြစ်နေပေမယ့် သူ့ခမျာ စိတ်ထဲကနေ အကြောက်တရားခံစား ချက်တွေ မြင့်တက် လာခဲ့တယ်လေ။

ချီဟန်ဟာ ထို သားရဲလူသား အုပ်ထဲမှာ အရွယ်ရောက် သားရဲလူသားတွေသာ အိုးခွက် ပန်းကန်တွေ ကို သယ်ဆောင် ထားရုံသာ မက သားရဲလူသား အသေးလေး တွေပါ ပါတယ်ဆို တာကို တွေ့လိုက်ရတယ်။ ထိုနေရာမှာ သားရဲတစ်ဝက် တစ်ယောက်စီ တိုင်းရဲ့ လက်ထဲမှာ ကလေးသေးသေးလေး ၂ ယောက်ဆီ ပွေ့ထားတာ ကိုပါ တွေ့ခဲ့ရတယ်။

ရွံစေး ​မျိုးနွယ်ရဲ့ စိတ်အား ထက်သန် နေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတော့ ချီဟန်က ထိုရွံ့စေး မျိုးနွယ်ရဲ့ ရည်ရွယ်ချက် ကို သဘောပေါက် သွားပြီးတော့ တိတ်တိတ်လေး ပျော်နေခဲ့တယ်။

'' မင်းတို့ကို အမှာစာ တင်ထားတဲ့ မြေအိုးတွေ အတွက် ဂျိုရှည်ကောင် တွေကို ငါပြင်ဆင်ထားပြီးတာ ကြာပါပြီ။ ဒါပေမယ့် သူတို့တွေက အသက်ရှင်နေတုံးပဲလေ။ မင်းတို့ ပြန်ခေါ်သွားနိုင်မှာ မဟုတ်လောက်ဘူး ''

'' အသက်ရှင်နေသေးတယ်? ''

ကျဲက ဂျိုရှည်ကောင်တွေ ဘာလို့ အသက်ရှင်လျက် ကျန်နေသေးလဲ ဆိုတာကို သိပ်ပြီး နားမလည် ခဲ့ပေ။

သူတို့က ထိုကောင်တွေကို သတ်ပြီး အသားကင်လုပ်၊ ဒါမှမဟုတ် တာရှည်ခံအောင် လုပ်ပြီး သိုလှောင်ခန်း ထဲမှာ သိမ်းထား သင့်တာ မဟုတ်လား?

'' ဟုတ်တယ် ။ အသက်ရှင်နေတုံးပဲ။ သွားကြစို့ ။ ငါတို့ဆီမှာ ဧည့်သည်တွေ အတွက် ပြင်ထားတဲ့ အိမ်တစ်ချို့ ရှိတယ်။ မင်းတို့ အဲ့မှာ ရက်အနည်းငယ် နေလို့ ရပါတယ်။ တကယ်လို့ မင်းတို့သာ ဂျိူရှည်တွေကို သတ်ပြီး အသားအဖြစ် ပြောင်းကာ ပြန်ယူသွားချင်ရင် လည်း ရတယ်နော် ''

ချီဟန်က ရွံစေး မျိုးနွယ် ခေါင်းဆောင်ရဲ့ အလိုအတိုင်း လိုက်မပြောပေးခဲ့ပေ။ သူက ဒါဟာ စီးပွားရေး လုပ်တာ မဟုတ်ပဲ သူတို့ကို သူ အမိဖမ်း ထားတာဆိုတာကို မပြောချင်ပေ။ ထိုလူ ကိုယ်တိုင်က ပြောမှ သူက စဥ်းစား ပေးမှာ ပဲ ဖြစ်လေတယ်။

'' ဒါဆိုလည်း ဒီနေရာမှာ အရင်ဆုံး နေလိုက်ကြလေ! ''

ရွံ့စေး ခေါင်းဆောင် ကျဲက စကားပြောဖို့ရာ အနည်းငယ် ရှက်ရွံနေမိတယ်။ တကယ်လို့ သူသာ ဒီမှာ အရင်ဆုံး နေခဲ့မယ် ဆိုရင် သူ့ရဲ့ လိုအပ်ချက်ကို ဖော်ပြနိုင်မယ့် အခွင့်အရေး ရလာနိုင်တယ်လေ။

ချောင်ယွမ် မျိုးနွယ်က သူတွေက စုဝေးပွဲ ထက်ကို ပိုပြီး များနေတာ ကို တွေ့လိုက်ရတယ်။ ဒါကြောင့် ကျဲ ဟာ ချောင်ယွမ် ရဲ့ ခေါင်းဆောင်နဲ့မျိုးနွယ်စု စုန်းမ တို့က သူတို့ကို မျိုးနွယ်ထဲ အဝင်ခံ ချင် ပါ့မလား ဆိုတာ မသေချာပေ။ သူက ထိုမျိုးနွယ်စုကို ရှက်ရွံ့စွာနဲ့ ပြန်ကြည့် လိုက်မိတယ်။

စုစည်းတည်ဆောက် ထားတာက အရမ်း သန်မာတာပဲ။

ဟူး.... ဟူး! !

''ဒါဆို.... မျိုးနွယ်စု ခေါင်းဆောင် နဲ့ စုန်းမ ကို ကျေးဇူးတင်ပါတယ် ''

'' ရပါတယ် ရွံစေး ခေါင်းဆောင်ရယ် ''

'' ငါ့ကို ခေါင်းဆောင် လို့ မခေါ်ပါနဲ့တော့။ ငါတို့ မျိုးနွယ်စုက စုန်းမ လည်း မရှိတော့လို့ ဆက်ပြီး မျိုးနွယ်စု တည်ရှိဖို့ မဖြစ်နိုင်တော့ ပါဘူး။ ငါ့ကို ကျဲ လို့သာ ခေါ်ပါ ''

ချီဟန်က တစ်ဖက်လူရဲ့ အထီးကျန်နေတဲ့ အမူအရာကို ကြည့်ကာ ထိုလူ့နောက်က ရပ်နေကြတဲ့ မျိုးနွယ်စု သားတွေကို လှမ်းကြည့်လိုက်တယ်။

အင်း... ဒီချိန်မှာ သူတို့တွေကို လက်မခံပဲ ငြင်းပယ်လိုက်တာ က အတော်လေး ရိုင်းပြတယ် ဆိုတာကို တွေးမိလေတယ်။

'' အမှန်တိုင်း ပြောရရင် ငါတို့ မျိုးနွယ်ထဲက အိမ်တွေက အလွတ်တွေ ရှိသေးတယ်လေ။ ဒီတော့ မင်းတို့ရမယ့် ဂျိုရှည်သားကောင် တွေကို ပိုကြီးလာအောင် တောင်ကြားထဲမှာ ပျိူးထောင်ပြီး ဒီမှာပဲ ဆောင်းရာသီကုန် ဆုံးလည်း အဆင်ပြေ ပါတယ် ''

ချီဟန်က တစ်ဖက် ကို အရင်ဆုံး သံလွင်ခက် ပစ်ပေး လိုက်ခြင်းပင် ဖြစ်လေတယ်။

ကျဲ မှာ သိသိသာသာကြီး ပြောစရာ တစ်စုံတစ်ခု ရှိပေမယ့် သူက အကြိမ်ပေါင်း များစွာ ပါးစပ်ဖွင့်ခဲ့ သော်လည်း ဘာစကားမှ ထွက်မလာခဲ့ပေ။ သူပြောလိုက် သင့်လား မသင့်ဘူး လား ဆိုတာကို သူမသေချာ ဆဲပဲ ။

ချီဟန်က သူ့အစား စိတ်ရှုပ်လာတယ်။ ထိုရွံစေး က လူက သူ့ဆီ အမှာစာ တင်တုံး ကထက်တောင်မှ တုံ့ဆိုင်း နေသေးတယ်။ ချီဟန်က တိတ်တဆိတ်ပဲ သက်ပြင်း ချလိုက်တယ်။ ထိုရွံစေး အကြီးအကဲက တကယ်ကြီးပဲ ဆုံးဖြတချက် မချနိုင်ဘူး။ သူက လန် ထက်တောင် ပိုဆိုး နေသေးတယ်။

'' မင်းတို့မျိုးနွယ်က မျိုးနွယ်စု စုန်းမမရှိတော့ဘူး ဆိုမှတော့ ဘာလို့ ငါတို့ မျိုးနွယ်ဆီကို မပူးပေါင်းလဲ? ''

'' ဟမ်..  ကောင်းတာပေါ့ ''

ချီဟန်ရော ကျဲပါ စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်း ချလိုက်ကြတယ်။ ထိုလူရဲ့ အနောက်က သူတွေကတော့ အချင်းချင်း ကြည့်ကာ သူတို့မျက်နှာ ပေါ်က အပျော်တွေက ထင်ရှားလာခဲ့တယ်။ ချီဟန်ရဲ့ မျက်နှာပေါ် မှာလည်း သူတို့ရဲ့ အပျော်တွေ ရောင်ပြန်ဟပ်ခဲ့တယ်။ အနာဂတ်မှာ ဒီလူတွေက သူ့မျိုးနွယ်ထဲက လူတွေ ဖြစ်လာလိမ့်မယ်။ ထိုလူကဲ့သို့ သူကို ပြောစရာ ရှိရင် အခုလိုပဲ တိုက်ရိုက် ပြောတာ ပိုကောင်း လိမ့်မယ်။

ယောင်နဲ့ ဂျိုအန်း တို့ကတော့ ရိတ်သိမ်း ရာသီ ကတည်းက ထွက်သွားတာ စုပေါင်း ငါးဖမ်း တဲ့ အချိန်ထိ ရောက်မလာခဲ့ပေ။ တုံ က အတော်လေး စိတ်ပျက် သွားခဲ့တယ်။ ယောင် ဆိုတာက သူ့ရဲ့ အကိုကြီး တစ်ယောက် လို သတ်မှတ် ထားတာလေ။ လွန်ခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ ဆောင်းတွင်းတွေ တုံးက ယောင်ဟာ သူ့ကို တိတ်တိတ်လေး ထောက် ပံ့ ပေးခဲ့တာ ပဲ ဖြစ်လေတယ်။

ပင်းရဲ့ ​ခြေထောက် တွေက ကောင်းကောင်း ကုသ လို့ ပြီးပါပြီ။

အမြဲတမ်း ကြမ်းတမ်းတာ တွေ လုပ်နေရတဲ့ သားရဲလူသားထီး တွေက အေးနေတဲ့ ညမှာ နွေးထွေးလွန်းတဲ့ အုတ်ကုတင် ပေါ်မှာ သူတို့ရဲ့ လက်တွဲဖော် လေးကို ဖက်ထားရတာ အတော်လေး သဘောကျနေခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း အရမ်း ပင်ပန်းခဲ့ရတာမို့ ဒီလိုလေးတော့ သူတို့ တကယ်ကြီး နေချင်မိတဲ့ အခိုက်အတန့် လေး ပါပဲ။

လန် နဲ့ လင်းယုန် သားရဲ လူသားတွေ ဘဝ ကတော့ အဲ့လောက်ထိ မကောင်းပေ။ သူတို့က ချောင်ယွမ် မျိုးနွယ်စု ဝင်တွေ မဟုတ်တာကြောင့် သူတို့ အစာကို သူတို့ဘာသာ ပြင်ဆင် ရလေတယ်။

သူတို့ က အမဲလိုက်ရာမှာ ပါဝင်ပေးခဲ့တာကြောင့် ချီဟန်က သူတို့ ရသင့်တဲ့ ဝေစုကို ပေးခဲ့ပေမယ့် သူတို့က ဆောင်းရာသီမှာလည်း စားရအုံးမယ်လေ။

တောင်ကြားထဲက ဂျိုရှည်ကောင် တွေ အပြင် ထောင်ချောက်ထဲက မိကျောင်း တွေကိုပါ မြင်လိုက်ရတော့ ချောင်ယွမ်မျိုးနွယ်စု မှ တက်နိုင်စွမ်းတွေက လန် ရဲ့ မာန တရားကို တ​ဖြေးဖြေး ဦးချိုး လာနိုင် ခဲ့တယ်။ ပြီးတော့ လန် က အခုချိန် မှာ အနည်းငယ် ရှက်ရွံ့ နေပြီပဲ ဖြစ်လေတယ်။ အခုလိုမျိုး နွေးထွေးတဲ့ အုတ်ကုတင်ပေါ် အိပ်ပြီးမှတော့ ဘယ်သူက အေးစက်နေတဲ့ ဂူထဲမှာ အိပ်ချင်နေမှာလဲ။

သူတို့က အခုချိန်မှာ အပြင်လူ ဖြစ်တဲ့ အတွက် ချီဟန်က သူတို့ကို မိကျောင်း ဖမ်းနည်း မသင်ပေးပေ။ ဒါပေမယ့် လန် က လေထဲက​နေ ပုံဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ တကယ်လို့ အဲ့နေရာမှာသာ လင်းယုန်သားရဲတွေ နဲ့ အစားထိုးမယ် ဆိုရင် တစ်ခြားလူတွေလို အောင်မြင် မယ်လို့ မပြောနိုင် ပေ။

လန် က အရမ်းကို သတ္တိ နည်းလေတယ်။ ဒါက ခေါင်းဆောင် ဖြစ်တဲ့ သူတစ်ယောက်ထဲ မဟုတ်ပဲ တစ်မျိုးနွယ် လုံးလည်း အတူတူ ပဲ ဖြစ်လေတယ်။ ချောင်ယွမ် မျိုးနွယ်စုက မြင့်တက် လာတဲ့ နေမင်းကြီး ဆိုရင် သူတို့ကတော့ သေဆုံးတော့မယ့် မီးစာနဲ့တောင် တူနေခဲ့တယ်။

သူက တကယ်ကောင်းမွန် တဲ့ ခေါင်းဆောင်ရော ဟုတ်ရဲ့လား?

လန် က သူ့ကိုယ်သူ ယုံကြည်မှုကို နက်နက်ရှိုင်းရှိုင်း မေးခွန်း ထုတ်လာမိတယ်။ တကယ်လို့ သူသာ ရွံစေး ခေါင်းဆောင် လို ငထုံ ဖြစ်ပြီး သတ္တိမရှိသူ ဆိုလို့ကတော့ တစ်ခြားမျိုးနွယ်ရဲ့ လက်အောက်ကို ဝင်တာက ကိစ္စမရှိပေမယ့် သူက ပုံမှန်သားရဲတွေ ထက် ပိုထက်မြတ်ပြီးတော့ ရဲရင့်တဲ့ သားရဲလူသား တစ်ယောက်လေ။

အဲ့လို သူများလက်အောက် ဝင်တာက သူ့အတွက် ဘယ်လိုလုပ် အဆင်ပြေ နိုင်ပါ့မလဲ? !?

( အဲ့တာဆို ထွက်သွားလေ ငလူးပဲ)

လန်ရဲ့ သားပေါက်လေးက ပေါက်ဖွားလာပြီးတော့ ကျန်းမာတဲ့ သမီးလေး ပဲ ဖြစ်လေတယ်။ ခေါင်းဆောင်ကတော် က ထိုကောင်မလေး ကို ပွေ့ထားပြီးတော့ မနှစ်က ဆောင်းတွင်းမှာ အစာကျွေးစရာ မရှိလို့ သေသွားတဲ့ သားပေါက်လေး အကြောင်း တွေးမိလေတယ်။

အဲ့အချိန်တုံးက အခုလောက်ထိ စားစရာ မရှိရင်တောင်မှ အနွေးဓာတ်လေး ကသာ ခုခံပေးနိုင်ခဲ့ရင် ထိုကလေးလေး က သေသွားမှာ မဟုတ်ပေ။ ထိုကလေးလေး က အမေ လို့ မခေါ်နိုင်ခင် သေသွားရတဲ့ သားရဲလူသား ငယ်လေးပါ။ ထိုကောင်လေးက လန်အတွက်ရော သူမအတွက်ပါ ပထမဆုံး ကလေးလေး ဖြစ်ပြီးတော့ သူမပါ ထိုကလေးလေးနဲ့ အတူ​တူ လိုက်သွားချင်မိ ( သေ) တယ်။

အခု သူမလက်ထဲက ကောင်မလေး ကတော့ တိတ်တိတ်လေး နို့သောက်နေလေရဲ့။ သူမလေးက အရမ်းကို ကောင်းတဲ့ ကလေးမလေးပါ။

ခေါင်းဆောင် ကတော် ကလည်း ကောင်းမွန်တဲ့ အမျိုးသမီးပါပဲ။ သူမက သူမရဲ့ သားရဲထီးကို အရမ်းချစ်ပါတယ်။ ဒါကြောင့် သူအရှက်ရစေဖို့ သူမ တွန်းအား ပေးမှာ မဟုတ်ပါဘူး။ သူမ မျက်လုံးထဲမှာ လန် က ရုန်းကန်နေရဟန် ပေါ်တဲ့ အချိန်မှာ သူမက လန် တစ်ယောက် လမ်းမှားကို မရွေးစေ လိုဘူး။ ဘာလို့လဲ ဆိုတော့ သားပေါက်လေး အသက်ရှင်ဖို့က အရေးအကြီး ဆုံးပဲလေ။

သူတို့ မျိုးနွယ်ထဲက လူတွေက နည်းသထက် နည်းလာတယ်။ တကယ်လို့ သူတို့သာ ကုန်းမြေ သားရဲတွေနဲ့ မပူးပေါင်းရင် ကျန်နေတဲ့ လူနည်းနည်းလေးနဲ့ သူတို့ ဘယ်လိုလုပ် နိုင်ကြမှာတဲ့လဲ?

သူတို့ဆီမှာလည်း လူတွေက နည်းသထပ် နည်းလာတော့ သူတို့မျိုးနွယ်ရဲ့ အနာဂတ် ဆိုတာကြီးက ဘယ်နေရာမှာတဲ့လဲ?

မယ်ဂျစ်စတစ် က အရမ်းကို ထက်မြတ်တဲ့ မိန်းမသားပါ။ သူမက ဘယ်တော့မှ မငိုခဲ့ပေ။ တကယ်လို့ သူမလိုချင်တာ ရှိရင် တစ်ခြားလူတွေရဲ့ အားအနည်းဆုံး အပိုင်းကို ရအောင် ဆုတ်ကိုင်နိုင်စွမ်း ရှိပါတယ်။ တိတ်တိတ်လေး သေချာ ဆုံးဖြတ်ချက် ချပြီးတဲ့နောက် သူမရဲ့ အမျိုးသားကို ရအောင် ချော့မော့ပြီး သူမစိတ်ထဲ ရှိတာတွေ ပြောတော့တယ်။

'' လန် ၊ ငါတို့ ရွှယ်ယွမ် မျိုးနွယ်စုက အနာဂတ်မှာ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင် သလဲ လို့ရှင်ထင်လဲဟင် ?  ''

( အိပ်ယာဝင် လင်မယားကြား က စကားဆိုတာက အရင့်အရင့် ကတည်းက ရှိခဲ့တာပါပေါ့ကွယ် )

....... .......................   ...............    .

နှစ်ပိုင်း တင်ပေး ပြီးပြီနော်။ ထပ်တင်ပေးလို့ ၊ နောက်တစ်ပိုင်းတို့ ပြောရင် mute မှာ 😀❤

Đọc tiếp

Bạn Cũng Sẽ Thích

817K 101K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
142K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
138K 11.4K 138
Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yaoi, Harem, Xuanhuan Chapters 113 (+3 extr...