Bi De • Pan Yu Xin De Rui la...

Bởi callme__kitty

184K 27.1K 4.4K

It's just a translation work. It doesn't belong to me. Peter Pan and Cinderella [彼得·潘与辛德瑞拉] Author: 徐徐图之 Tota... Xem Thêm

Synopsis
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
52
53
54
55
爱情是个什么鬼东西
56
57
58
59
60
61
62
63
64
65
66

51

1.9K 347 33
Bởi callme__kitty

[Unicode]

'ခေတ္တခဏ နှုတ်ဆက်ခွဲခွါခြင်း'

သူတို့ ဒီနေ့ရိုက်ကူးရသည့်အစီအစဉ်က ဒေသခံ TV station ရဲ့ variety show တစ်ခုဖြစ်သည်။

ချန်းယောင့်က ဒေသခံတစ်ယောက်ဖြစ်ပြီး ဒီ program အကြောင်းကို အရင်ကတည်းက ပြောပြထားဖူးတာမို့ သူ့အဖွဲ့သားများအနေနှင့် အနည်းနှင့်အများတော့ နိုင်ငံအတွင်း နာမည်သိပ်မကြီးလှသည့်ဒီအစီအစဉ်ကို ကြည့်ဖူးကြပြီး host နှင့်ရော ရိုက်ကူးရေးပုံစံများကိုပါ ရင်းနှီးနေတာမို့ ဒီရိုက်ကူးရေးတွင် ပါဝင်ဖို့အခွင့်အရေးရလာတာကတောင် သူတို့ကို စိတ်လှုပ်ရှားစေတော့သည်။

အစီအစဉ်ရိုက်ကူးရေးတစ်ဝက်ရောက်နေချိန်တွင် မထင်မှတ်ထားသည့်အနှောင့်အယှက်များ ဖြစ်ပေါ်လာခဲ့သည်။ နောက်ထပ် guest တစ်ယောက် — ချန်မျိုးရိုးရှိသည့် အသက် ၃၀ ဝန်းကျင်ရှိလှတဲ့သရုပ်ဆောင်တစ်ဦးလည်း အစီအစဉ်တွင် ပါဝင်နေသည်။ သူက မျိုးချစ်ရေးဇာတ်ကားတစ်ခုတွင် ဝင်သရုပ်ဆောင်ရင်း လတ်တလောမှ နာမည်ကြီးလာသည့်သရုပ်ဆောင်လည်းဖြစ်သည်။ IceDream အဖွဲ့ဝင်များလည်း သူနှင့် ပထမဆုံးတွေ့ဖူးတာမို့ တရိုတသေနှင့် 'ချန်လောင်ရှီး' ဟု သုံးနှုန်းခေါ်ဝေါ်ကြ၏။

အစပိုင်းမှာတော့ ရိုက်ကူးရေးက ချောချောမွေ့မွေ့ရှိလှသည်။ ရိုက်ကူးရေးအလယ်ပိုင်းလောက် ရောက်လာချိန်တွင်မှ host ဖြစ်သူက နိုင်ငံအတွင်း သက်ဆိုင်ရာပြည်နယ်များရဲ့ နှစ်ကူးကြိုဆိုမှုဓလေ့ထုံးတမ်းများအကြောင်း စတင်ပြောလာတော့သည်။ ဒီအစီအစဉ်က နှစ်ကူးမတိုင်ခင် တစ်ပတ်အလိုတွင် ထုတ်လွှင့်ပြသမှာဖြစ်တာမို့ သူတို့ဆွေးနွေးပွဲက အတော်လေးလည်း ကိုက်ညီမှုရှိလှသည်။ ထို 'ချန်လောင်ရှီး' ဆိုသူကလည်း စကားဝိုင်းထဲ ဝင်ပါလာပြီး သူ့ရဲ့ရုတ်တရက်ပြောလာသည့်မှတ်ချက်က ရုတ်ချည်းဆန်ဆန် စကားလမ်းကြောင်းကို ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။ "အလယ်ပိုင်းဒေသကလူတွေက နက်ရှိုင်းတဲ့ဓလေ့ထုံးတမ်းတွေနဲ့ သန့်ရှင်းမွန်မြတ်နေပေမယ့် အဲ့ဒါတွေကို ဟဲ့နန်ဒေသပိုင်းကလူတွေ ဖျက်ဆီးပစ်လိုက်ကြတယ်။ ဟဲ့နန်လူမျိုးတွေက ယဉ်ကျေးမှုဆိုတာတောင် မရှိတဲ့လူတွေပဲ။"

IceDream အဖွဲ့သားတိုင်း လော့ယန်မြို့၊ ဟဲ့နန်ဒေသမှလာသည့် ရှဲ့ကျူရှင်းကို ဝိုင်းကြည့်မိတော့သည်။ ရှဲ့ကျူရှင်းလည်း အားကိုးရာမဲ့သည့်အပြုံးတစ်ခု ပြုံးပြလိုက်ရသည်။ သူ ပညာရေးအတွက်နှင့် သူ့မွေးရပ်ဒေသကို စွန့်ခွါလာတာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်ပြီး ပေ့ကျင်းတွင်နေလာသည့်ကာလအတွင်း လူပေါင်းစုံရဲ့ သူ့မွေးရပ်မြေကို အခြေခံပြီး ခွဲခြားဆက်ဆံမှုမျိုးလုပ်တာကို အများကြီးမြင်ဖူး၊ ကြုံဖူးပြီးသားပင်။

သူတို့ခေါင်းဆောင်မျက်နှာထက်တွင်တော့ 'ဒေါသ' များက အထင်းသားပေါ်နေလေသည်။

အချို့သောမှတ်ချက်တွေက ဖန်သားထက်တွင် ပေါ်လာဖို့ မသင့်တော်လှ။ သို့နှင့် host ဖြစ်သူလည်း ထိုစကားလမ်းကြောင်းကို မဆက်တော့ဘဲ အခြားခေါင်းစဉ်တစ်ခု လွှဲပြောင်းဖို့လုပ်တော့သည်။ "နှစ်သစ်ကူးဆိုတာ အများဆုံးကျင်းပကြတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး ငါတို့နိုင်ငံရဲ့ဒေသအသီးသီးက ဓလေ့ထုံးတမ်းတွေကလည်း အများကြီးရှိ ..."

"ကျွန်တော်ပြောပါဦးမယ်၊ ချန်လောင်ရှီး။ ခင်ဗျားက ဘယ်ကလဲ။" IceDream ခေါင်းဆောင် Leo Wang တစ်ယောက် သူ့အဖွဲ့သားများချုပ်ထားမှုကို လှုပ်ခါချရင်း အရှေ့သို့တစ်လှမ်းလှမ်း၍ အခန်းထဲရှိ တစ်ဖက်ကလူကို ခနဲ့သလိုအသံဖြင့်မေးလိုက်သည်။

ထို့နောက် ချန်လောင်ရှီးမှ ပြန်ဖြေလာသည်။ "ငါက သုန့်ပေက။" (အရှေ့မြောက်ပိုင်းသား)

ဝမ်ချောင် အစောပိုင်းကတည်းက သူ့သုန့်ပေလေသံကို ဖမ်းမိနေခဲ့တာဖြစ်သည်။ "ကျွန်တော်ကြားတာတော့ သုန့်ပေလူမျိုးတွေက လူ့ကျင့်ဝတ်ကို မသိကြဘူး။ ထူးပြီးတော်နေတာမျိုးလည်း မရှိဘူး၊ သူများထက် ပိုကောင်းနေတာဆိုလို့ အတင်းတုတ်နိုင်တဲ့စွမ်းရည်ပဲရှိတယ်တဲ့။"

ချန်မျိုးရိုးရှိသည့်သရုပ်ဆောင်ဖြစ်သူမှာ သူ့သုန့်ပေလေသံကို ကြားလိုက်ရပေမယ့် ခဏမျှကြောင်အသွားပြီး သူနှင့်ဒေသတူသုန့်ပေကောင်လေး ဘာပြောသွားတယ်ဆိုတာကို သိပ်နားမလည်လိုက်။

Host ဖြစ်သူလည်း နားမကြားသလိုဟန်ဆောင်ရင်း ဆက်ပြောတော့သည်။ "ဒါဆို ငါတို့တွေ နိုင်ငံတွင်း နွေဦးပွဲတော်ကို ဘယ်လိုကျင်းပကြသလဲဆိုတာ ဆက်ကြည့်ကြရအောင်။"

ကြည့်ရူသူမြင်ကွင်းကို ပိတ်မနေစေရန် guest ဖြစ်သူများက စင်ရဲ့ တစ်ဖက်ဆီတွင် သီးခြားရပ်နေပေးရသည်။

ကြိုတင်ရိုက်ကူးထားပြီးဖြစ်သည့် မြူးကြွပျော်ရွှင်ဖွယ်နွေဦးပွဲတော်ဗီဒီရိုလေးက မျက်နှာပြင်ထက်တွင် ထုတ်လွှင့်ပြသလာတော့သည်။

ရိုက်ကူးရေးဒါရိုက်တာက video လွှင့်နေချိန်အတွင်း guest များရဲ့မိုက်ကို ပိတ်ထားလိုက်သည်။

စင်အောက်မှကြည့်နေသည့် fan များမှာ Leo Wang တစ်ယောက် Tomas Xie ကို ခပ်ထန်ထန်မျက်နှာနှင့် စိတ်မရှည်သလိုစကားပြောနေပုံကိုသာ မြင်နေရပြီး စကားအကြောင်းအရင်းကို လုံးဝမကြားရ။

ဝမ်ချောင် မကျေမနပ်ပြောလာသည်။ "မင်း ခုနတုန်းက ဘာလို့ငါ့ကိုဆွဲထားတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို ဖျောင်းဖျရတော့သည်။ "ပြဿနာမရှာနေနဲ့။ ဒီမှာလူတွေအများကြီးရှိနေတယ်။"

ဝမ်ချောင် ပြန်ပြောသည်။ "ဒီလူအုပ်ကြီးသာ ရှိမနေရင် ငါ စင်ပေါ်မှာတင် သူနဲ့ထချတယ်။ ဟဲ့နန်ကလူတွေက ယဉ်ကျေးမှုမရှိဘူးဆိုတာ ဘာသဘောလဲ။ သုန့်ပေကလူတွေကမှ သောက်ကျိုးနည်းအောင် ဆိုးဝါးနေတဲ့လူ့ကျင့်ဝတ်တွေရှိတာ။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် တိုးတိုးဆက်ပြောသည်။ "အဲ့လိုလူက ကွန်မြူနစ်စပိုင်နေရာမှာ ဝင်သရုပ်ဆောင်ထားတယ်? ငါတို့လူမျိုးတွေအတွက် မျက်နှာပျက်စရာပဲ။"

ရှဲ့ကျူရှင်း video ပြီးခါနီးဖြစ်နေတာကိုကြည့်ရင်း ခပ်တိုးတိုးပြန်ပြောလိုက်သည်။ "တော်ပြီ။ အဲ့အကြောင်း ဆက်မပြောနဲ့တော့။"

ဝမ်ချောင် စကားနည်းနည်းဆက်ပြောချင်သေးပေမယ့် video ပြီးသွားတာနှင့် ရှဲ့ကျူရှင်းက သူ့ကို stage စင်အလယ်ကို တွန်းပို့လိုက်တော့သည်။ ဖြစ်ချင်တော့ ကြမ်းပြင်ပေါ်တွင် ဝါယာကြိုးရှိနေပြီး သူတို့နှစ်ယောက်လုံး သတိမမူမိခဲ့။ ဝမ်ချောင်မှာ ထိုဝါယာကြိုးကြောင့် အရှေ့သို့ မျက်နှာနှင့်အပ်ကျတော့မလိုဖြစ်သွားရပြီး ကျိကျဲပခုံးကို လှမ်းကိုင်၍ အရှိန်ပြန်ထိန်းပြီးတာနှင့် ရှဲ့ကျူရှင်းကို စူးကနဲပြန်လှည့်ကြည့်လိုက်တော့သည်။

ထိုအပိုင်းလေးက fan ရိုက်ကူးထားတဲ့ video အပိုင်းတိုလေးအဖြစ် လိုင်းပေါ်သို့ပျံ့သွားခဲ့ပြီး ထိုမြင်ကွင်းကို သူတို့၏သက်ဆိုင်ရာစိတ်ကူးယဉ်အတွေးများဖြင့် ပုံဖော်ရင်း ဝမ်မိသားစုနှင့် ရှဲ့မိသားစုတို့ တစ်ဖန်ရန်သတ်ကြပြန်သည်။

မြင်းကောင်ဝမ်က ငါတို့ရထားလေးကို လူမြင်ကွင်းမှာ စော်ကားနေတယ်! ငါတို့ရှဲ့ကျူရှင်းသာ စိတ်ကောင်းနှလုံးကောင်းမရှိရင်တော့ဖြင့်!

ကြာပန်းဖြူရှဲ့က ငါတို့ခေါင်းဆောင်ကို တမင်တွန်းလိုက်တာ! လူတွေပြောသလို သူက တကယ်ကြာပန်းဖြူလွန်းတာပဲ!

ရိုက်ကူးရေးရဲ့ဒုတိယပိုင်းတစ်ခုလုံး IceDream အဖွဲ့သားတိုင်း ချန်မျိုးရိုးရှိသည့်သရုပ်ဆောင်ဖြစ်သူနှင့် လုံးဝအဆက်အဆံမရှိနေ။

သရုပ်ဆောင်လည်း တစ်ခုခုမှားနေမှန်း သတိထားမိသွားပုံပေါ်လှသည်။ နားချိန်တွင် လူအချို့ရဲ့နောက်ခံရာဇဝင်များအကြောင်း Baidu တွင် သွားရှာကြည့်တော့သည်။

show အတွက် ရိုက်ကူးရေးပြီးတာနှင့် လူတိုင်း ထွက်ခွါတော့မည့်အချိန်တွင် သူက အထူးတလှယ် အနားသို့ရောက်လာပြီး ရှဲ့ကျူရှင်းကို စိတ်ရင်းဖြင့်တောင်းပန်လာခဲ့သည်။

အစကတည်းကလည်း ကိစ္စကြီးမဟုတ်နေတာမို့ သူတို့လည်း ခွင့်လွှတ်ပေးလိုက်ကြသည်။

သရုပ်ဆောင်ချန်က ဝမ်ချောင်ကို မေးလာသည်။ "မင်းလည်း သုန့်ပေကပဲလား။"

ဝမ်ချောင်လည်း သူ တောင်းပန်ပြီး ရှဲ့ကျူရှင်းနှင့်ပါ တရင်းတနှီးဖြစ်နေပြီးမှန်း မြင်နေရတာမို့ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော့်ယဉ်ကျေးမှုအဆင့်က အတော်လေးနိမ့်တယ်။ ခင်ဗျားလိုမျိုးဖြစ်နေမယ်လို့ မတွေးထားနဲ့။"

သရုပ်ဆောင်ချန်လည်း ဝမ်ချောင်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဟု တွေးမိ၍ဖြစ်နိုင်သည်၊ သူက ပြုံး၍ နောက်ပိုင်းအချိန်ရလျှင် ထမင်းအတူစားဖို့ဖိတ်ပြီး နှုတ်ဆက်ပြန်သွားတော့သည်။ သူတို့ခြောက်ယောက်လည်း ညနေလေယာဉ်နှင့် ပေ့ကျင်းကို ပြန်ရမှာမို့ TV station မှထွက်တာနှင့် လေဆိပ်ကို တန်းသွားလိုက်ကြသည်။

လေယာဉ်ပေါ်မတက်ခင် ရှဲ့ကျူရှင်း သူ့ခရီးဆောင်အိတ်ထဲမှ ဂျာကင်ကို ကြိုထုတ်ထားလေသည်။ သူတို့သွားမည့်ပေ့ကျင်းကို ရောက်သည့်အချိန် အတော်လေးအေးနေမှာမို့ အဖွဲ့သားများလည်း များများစားစားမတွေးနေခဲ့။

လေယာဉ်အရှိန်တည်ငြိမ်သွားချိန်တွင် ရှဲ့ကျူရှင်းက ဝမ်ချောင့်ကို စကားအချို့ ခပ်တိုးတိုးပြောလာပြီး ဝမ်ချောင်က သူ့ထိုင်ခုံခါးပတ်ကို ဆွဲဖြုတ်၍ အနည်းငယ်မျှ မတ်တပ်ထရပ်လိုက်သည်။ ရှဲ့ကျူရှင်းက သူ့ဂျာကင်ကို ခေါက်၍ ထိုင်ခုံအောက်တွင် ထားပေးပြီးမှ ဝမ်ချောင်လည်း တစ်ဖန်ပြန်ထိုင်လေသည်။ ထို့နောက် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးသွားကြတော့သည်။

သူတို့ဘေးတွင်ထိုင်နေရသည့်အဖွဲ့သားများကတော့ လေယာဉ်ပေါ်ရှိမဂ္ဂဇင်းကို ဟိုလှန်ဒီလှန်လုပ်နေသလိုနှင့် 'ခွေးစာ'များကို တိတ်တဆိတ်မြိုနေရလေသည်။

နှစ်ကူးပြီးတာနှင့် IceDream အဖွဲ့သားများအတွက် အေးအေးလူလူအနေရဆုံးအချိန်ကာလတစ်ခု ရရှိလာတော့သည်။ နွေဦးပွဲတော်က မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပြီး ထိုအချိန်မတိုင်ခင်အထိ အရင်ကလောက် တက်ရောက်စရာပွဲများ မရှိနေ။ သူတို့ကုမ္ပဏီမှ သူတို့ကို သက်ဆိုင်ရာသင်တန်းများဖြင့် စကေးတိုးမြှင့်စေပြီး နောက်နှစ်အတွက် album သစ်မထွက်ခင် ကိုယ့်ကိုယ်ကို ပြင်ဆင်ထားစေသည်။

သူတို့ကြားထဲ အလုပ်ရှုပ်ဖို့လိုအပ်နေသေးသူမှာ ရှဲ့ကျူရှင်းတစ်ယောက်တည်းသာ။ ဇာတ်ကားအတွင်း ဇာတ်ဆောင်ငယ်လေးအဖြစ် ပါဝင်ခဲ့ပေမယ့်လည်း နာမည်ကြီးသရုပ်ဆောင်များလည်း ပါဝင်မနေသည့်ဇာတ်ကားဖြစ်တာမို့ သူ့ကျော်ကြားမှုက ထိုနှစ်အတွင်း ရုတ်တရက်ထိုးတက်သွားတော့သည်။ ရုပ်ရှင်ရိုက်ကူးရေး studio မှ သူ့ပါဝင်မှုအကြောင်း ထုတ်ဖော်လိုက်တာနှင့် သူ့ fan များက ဒီဇာတ်ကားအတွက် အဓိကထောက်ပံ့ပေးနေသူများဖြစ်လာကြသည်။ 'လက်ထဲရှိနေတာကို အကျိုးရှိအောင်အသုံးချ' ဆိုတဲ့စကားအတိုင်း သူတို့အနေနှင့် သူ့ကို ဇာတ်ကွက်ထပ်ထည့်ပေးလို့မရပေမယ့် အခြားနည်းသုံး၍ ပြန်ဖာထေးပေးတော့သည်။ ဇာတ်ကားရဲ့နောက်ခံတေးသီချင်းအား သူ့ကို ပေးဆိုခဲ့ပြီး ဇာတ်ကားကို ကြေငြာဆင်းရန် variety show များ သွားရချိန်မှာလည်း အကုန်လုံးက သူ့အချိန်စာရင်း အားမအားကိုပါ လာရောက်မေးမြန်းကြတော့သည်။

အဖွဲ့သားတိုင်း အတန်းတက်လိုက်၊ အနားယူလိုက် လုပ်နေပေမယ့် သူကတော့ နွေဦးပွဲတော်မတိုင်ခင် အရင်လကထက် ပိုလို့တောင် တက်စရာပွဲလမ်းများရှိနေသည်။ သူက IceDream ရဲ့ အကျော်ကြားဆုံး member တစ်ယောက်ဖြစ်နှင့်ပြီးသားဖြစ်ရာ ဇာတ်ကားထွက်လာသည်နှင့် ဒုံးပျံပေါ် တက်စီးလိုက်သည့်အလား၊ သူ့ကျော်ကြားမှုက လူတိုင်းနှင့်ဝေးရာသို့ ခုန်တက်သွားတော့သည်။ ကျန်သည့်အရာများကို မဆိုထားနှင့်၊ Weibo တွင်တောင် သူ့ fan အရေအတွက် 4M ကျော်နေပြီဖြစ်ပြီး သူတို့အားလုံးထဲတွင် fan အနည်းဆုံးကတော့ ကောင်းစီ့ယွမ်ဖြစ်၍ 700k မျှသာရှိလေသည်။

သူကတော့ လူတိုင်းအပေါ် ကောင်းကောင်းဆက်ဆံပေးရင်း သူတို့အပြင်ထွက်စားတိုင်း အလုအယက် ငွေရှင်းပေးဆဲ။ သူက အရင်အတိုင်း ပြောင်းလဲခြင်းမရှိ၊ အဖွဲ့ရဲ့အစ်ကိုကြီးနေရာတွင်ရှိနေပြီး သူ့ညီလေးများကို သူ့ဘက်မှ စပြီးကူညီပေးလေ့ရှိသည်။ သူတို့တွေ အခက်အခဲ သို့မဟုတ် ပူပန်စရာများရှိလာတိုင်း သူက ကူညီပေးဖို့နှင့် နားထောင်ပေးဖို့ကို စိတ်အားထက်သန်နေတတ်သည်။

သူတို့အဖွဲ့က အတော်လေးပနံသင့်နေသည်။ လေ့ကျင့်ရေးကာလပိုင်းအတွင်း ဝမ်ချောင်နှင့် ကျိကျဲအကြား စကားများခဲ့ဖူးပေမယ့် အခုတော့ သူတို့လည်း ပိုသင့်မြတ်လာခဲ့ကြပြီ။ တစ်ဖက်လူကို မနာလိုစိတ်ဖြင့် စကားနာထိုးတတ်တဲ့ကောင်းစီ့ယွမ်လည်း အများကြီးရင့်ကျက်လာခဲ့ပြီ။ အနည်းဆုံးတော့ မနာလိုမှုနှင့် ဖားယားချင်မှုတို့က သူ့မျက်နှာပေါ်တွင် မပေါ်လာတော့။

သို့ပေမယ့် အပေါ်ယံပနံသင့်နေမှုက မမြင်ကွယ်ရာတွင်ဖြစ်နေသမျှကို မတားဆီးနိုင်။

ရှဲ့ကျူရှင်း ထိုအကြောင်းကို သေသေချာချာနားလည်နေပြီး သူတို့အဖွဲ့က အနှေးနှင့်အမြန် အဖွဲ့ကွဲတော့မည်ဆိုတာလည်း သိထားသည်။ အိုင်ဒေါများ နေထိုင်နေရသည့်ပတ်ဝန်းကျင်အခြေအနေအရဆိုလျှင် ဘယ်သူကမှ အဖွဲ့တစ်ခုတည်းတွင် အကြာကြီးမပိတ်မိနေချင်။

ဝမ်ချောင်ကတော့ ထိုသို့မဟုတ်။ သူက အဝေးကြီးကြိုစဉ်းစားနိုင်သူ မဟုတ်နေ။ သူက သူ့အရှေ့တည့်တည့်တွင်ဖြစ်ပျက်နေသည်များကိုသာ ကြည့်ရှုလေ့ရှိသည်။

ရှဲ့ကျူရှင်း အောင်မြင်လာလေ သူက ပိုဂုဏ်ယူရလေဖြစ်နေသည် — 'ဒါက ငါ့ရည်းစားလေ၊ သူက တော်လွန်းတယ်မလား။'

ရှဲ့ကျူရှင်း weibo ပေါ်တွင် ဇာတ်ကားနှင့်ပတ်သတ်၍ ပရိုမိုရှင်းဆင်းသည့် post တင်ချိန်တွင် သူကလည်း ချက်ချင်းပြန် share ပြီး ဒီဇာတ်ကားက ဘယ်လောက်ကောင်းကြောင်း ချီးကျူးပေးတော့သည်။

သို့ပေမယ့် စကားလုံးများက အတော်လေးထူးဆန်းလှသည်။ သူ့အတွက်တော့ သူက ရှဲ့ကျူရှင်းကို ကူပြီးကြော်ငြာပေးနေသည်ဆိုပေမယ့် သူ့ fan တွေကတော့ ထို weibo post ကိုကြည့်ပြီး တစ်ဖက်သူကို ရွဲ့နေတာဟု ထင်မြင်သွားကြသည်။ ပြောရပါက ဒီဇာတ်ကားအတွက် သူပါဝင်သရုပ်ဆောင်မည့်ဇာတ်ကောင်ကို ရှဲ့ကျူရှင်းက ဖြတ်လုသွားခဲ့တာမို့ တစ်ယောက်ပြီးတစ်ယောက် 'ကြာပန်းဖြူရှဲ့'ဟု comment ထဲ ပုတ်ခတ်ပြောဆိုရင်း ဇာတ်ကားကြည့်ဖို့ပါ ငြင်းဆန်ကြလေသည်။

သူလည်း အလွန်ဒေါသထွက်ရသည်။ သူ့မှာ ဘယ်လို fan မျိုးတွေရှိနေတာလဲ!

အလုပ်ရှုပ်များအကြား နွေဦးပွဲတော်ရောက်ရှိလာခဲ့ပြီ။

ထုံးစံအတိုင်း ဝမ်ချောင့်မိဘများက သူ့သားများဖြင့် ပွဲတော်ဆင်နွဲရန် ပေ့ကျင်းသို့ရောက်လာကြမှာဖြစ်သည်။

ရှဲ့ကျူရှင်းကလည်း လော့ယန်ကို ပြန်သွားဖို့လိုနေသည်။ သူ ပွဲဦးထွက်ပြီးကတည်းက အိမ်မပြန်ဖြစ်သေး။

သူ မပြန်ခင်တစ်ရက်အလိုတွင် သူတို့နှစ်ယောက် အပြင်ထွက်ထမင်းစားကြပြီး ရှဲ့ကျူရှင်းပါဝင်သရုပ်ဆောင်ထားသည့်ဇာတ်လမ်းကို ကြည့်ရှုပြီးနောက် နှစ်ယောက်သား Shin Kong သို့သွား၍ Versace မှ ကြိုတင်မှာယူထားသည့် ဂျာကင်နှစ်ထည်ကို သွားယူလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ဂျာကင်က series တစ်ခုတည်းကဖြစ်ပြီး အရောင်အားဖြင့် စစ်တပ်စိမ်းရောင်ဖြစ်နေသည်။ ဝမ်ချောင်က သူ့အတွက်သူ ခါးတိုတစ်ထည်မှာယူခဲ့ပြီး ရှဲ့ကျူရှင်းအတွက်တော့ အရှည်တစ်ထည်မှာယူထားခဲ့သည်။

အင်္ကျီသွားယူချိန် ဝမ်ချောင် ဆိုင်ရှိအရောင်းဝန်ထမ်းမလေးကို အနည်းငယ်မျှသွားစနောက်တော့သည်။ သူက အရမ်းကိုလှပလွန်းသည်။ ရှဲ့ကျူရှင်းတစ်ယောက် ဘေးမှ သူ့ကို မျက်နှာတည်ဖြင့်ကြည့်နေရင်း စကားလည်းမပြောတော့သလို အင်္ကျီကိုတောင် စမ်းမဝတ်ကြည့်တော့။

ထိုအဖြစ်ကို သတိထားမိတာနှင့် ဝမ်ချောင်က တစ်ဖက်သူကို ပိုလိုစနောက်တော့သည်။ သူ့အသားအရေက ဘယ်လောက်ကောင်းကြောင်း၊ ကောက်ကြောင်း ဘယ်လောက်လှကြောင်း စသဖြင့်ချီးကျူးလွန်းနေတာ အရောင်းဝန်ထမ်းလေးမှာ သူ့အပြောများအကြား မျက်နှာနီရဲသွားရသည်။

အင်္ကျီများယူပြီး အိမ်ပြန်ရောက်ချိန် အိမ်တံခါးဖွင့်လို့ အထဲရောက်တာနှင့် သူတို့စတင်စကားများကြတော့သည်။ တစ်ယောက်တစ်လှည့် စကားလုံးများဖြင့်ရန်သတ်နေရင်း ဝမ်ချောင် တစ်ဖန်ထပ်လို့ ရှဲ့ကျူရှင်းကို အနိုင်မပိုင်းနိုင်ခဲ့။ ထို့ကြောင့် သူ့မှာ တစ်ဖက်သူရဲ့ပေါင်ပေါ်လှဲနေရင်း အရိုက်ခံရပြန်ရာ ငိုဟန်ဆောင်ရင်း တစ်ချိန်ထဲမှာပဲ ရင်ထဲ၌ ပြုံးရယ်နေတော့သည်။

တင်ပါးရိုက်ခြင်းပြီးတာနှင့် တိုက်ခိုက်ရေးကိစ္စ စတင်တော့သည်။ တစ်ချီပြီးတစ်ချီလုပ်နေရင်း နောက်ဆုံးပြီးဆုံးချိန်တွင် ညသန်းခေါင်ဖြစ်နေခဲ့ပြီ။ သူတို့နှစ်ယောက် အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် တန်းမအိပ်ကြသေး၊ အချင်းချင်းထွေးဖက်ထားရင်း စကားစမြည်ပြောကြလေသည်။

ဝမ်ချောင်ကချည်း တရစပ်ပြောနေပြီး ရှဲ့ကျူရှင်းက ဘေးမှ တိတ်တဆိတ်လေး နားထောင်နေခဲ့သည်။ သူ့အမေရဲ့ဂေါ်ဖီချဉ်ဖက်ထုပ်က စားလို့ကောင်းကြောင်း၊ သူ့တာ့ကောဆို နှစ်ပွဲစားနိုင်ကြောင်း၊ သူ့အဖေလည်း တစ်ပွဲခွဲစားနိုင်ကြောင်း၊ သူကိုယ်တိုင်က တစ်ပွဲစားနိုင်ပြီး အာ့ကောကတော့ သိပ်မစားနိုင်ဘဲ ဆယ်ခုကျော်ကျော်မျှသာ စားလေ့ရှိကြောင်း အစသဖြင့်ပြောပြလာသည်။ သူ့အာ့ကောက ကျန်းမာရေးကိုအထူးဂရုစိုက်သူဖြစ်ပြီး အစားအသောက်ပိုင်းတွင် လိုတာထက်ပိုစားလေ့မရှိ။ သူက အပြင်စာများကို မသန့်ရှင်းဟုတွေးထားပေမယ့် သူကိုယ်တိုင်လည်း မချက်ပြုတ်တတ်။ ထို့ကြောင့် သူက သူ့မျက်နှာအားကိုးနှင့် ဆေးရုံကန်တင်းရှိစားဖိုမှုးများကို သူ့အတွက် အထူးဟင်းချက်ပွဲများပြုလုပ်ပေးစေသည်။ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။

တစ်ခုပြီးတစ်ခုပြောရင်းနှင့် မိုးသောက်ချိန်ကို ရောက်လာတော့သည်။

ဆောင်းရာသီ၏အုံ့မှိုင်းမှိုင်းအလင်းရောင်လေးက လိုက်ကာကိုဖြတ်၍ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ဆယ်နာရီအတိတွင် လေယာဉ်ထွက်ခွါမှာမို့ ရှဲ့ကျူရှင်းပြောလိုက်သည်။ "ငါ သွားရတော့မယ်။ မင်း ခဏအိပ်နေလိုက်ဦး။"

အရင်က ဝမ်ချောင် တရုတ်နှစ်သစ်ကူးကို တကယ်သဘောကျခဲ့ပေမယ့် ဒီနှစ်မှာတော့ သူ လုံးဝသဘောမကျနေ။ သူ သက်ပြင်းချရင်းပြောလာသည်။ "ဘာလို့နှစ်ကူးပွဲတော်ဆင်နွှဲနေရတာလဲ။ သောက်ကျိုးနည်းစိတ်ရှုပ်ဖို့ကောင်းလိုက်တာ။"

ရှဲ့ကျူရှင်းလည်း ထွက်ခွါဖို့ အင်တင်တင်ဖြစ်နေပေမယ့် ပြုံးရင်းပြောလိုက်သည်။ "ဟုတ်ပြီ~ ငါ နှစ်ကူးပြီး ခုနှစ်ရက်မြောက်နေ့ကျ ပြန်လာခဲ့မယ်။"

ဝမ်ချောင် ဗလုံးဗထွေးပြန်ပြောလာသည်။ "အင်း"

ထို့နောက်မှာတော့ သူတို့နှစ်ယောက် အနမ်းရှည်တစ်ခုကို စတင်ဖန်တီးလိုက်ကြသည်။

အနမ်းပြီးဆုံးသွားချိန်မှာတော့ ဝမ်ချောင် ပြုံးစိစိနှင့် စောင်အောက်သို့ တွားသွားဝင်ရောက်သွားလေသည်။

ရှဲ့ကျူရှင်း : "!!!"

လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သူတို့ ဆံပင်အတူညှပ်ထားတာဖြစ်ပြီး ဝမ်ချောင့်ခေါင်းအနောက်ရှိဆံပင်က အတိုလေးများဖြစ်နေသည်။ ရှဲ့ကျူရှင်းမှာ သူ့လက်ကို ထိုအပေါ်သို့ဖိချလိုက်တာနှင့် သူ့လက်ဖဝါးတစ်ခုလုံး ယားကျိသွားရသည်။

လေယာဉ်လွတ်သွားတော့မတတ်ဖြစ်ခဲ့ရလေသည်။

ဝမ်ချောင်က သူ့ကိုလေဆိပ်ထိ လိုက်မပို့။ ရှဲ့ကျူရှင်း လေယာဉ်ပေါ်မတက်ခင် ဖုန်းပိတ်ရန်လုပ်ချိန်မှာပဲ ဝမ်ချောင့်ထံမှ စာတစ်စောင်ရရှိလာတော့သည်။ "မင်းပြန်လာပြီး ငါ့ကိုလာစားမှာကို စောင့်နေမယ်။"

KittyKitling

T/N : Happy New Year ~

ရှက်ရှက်နဲ့ဝန်ခံရရင် ပီတာပန်ကို 2022 မှာ အပြတ်ဖြတ်ခဲ့မယ်ဆိုပြီး အစီအစဉ်ဆွဲထားခဲ့ပေမယ့် 2023 အထိ ဆွဲခေါ်သွားခဲ့ရပါတယ် TT

နောက်နှစ်မှာတော့ အချိန်မဆွဲပဲ update မှန်ပေးပါ့မယ်၊ ဒီတစ်နှစ်လုံး အနားမှာရှိနေပေးတဲ့လူတိုင်းကို တကယ်အများကြီးကျေးဇူးတင်ပြီး ချစ်ရပါတယ်လို့ ><❤️

_____///_____

[Zawgyi]

'ေခတၱခဏ ႏွုတ္ဆက္ခြဲခြါျခင္း'

သူတို႔ ဒီေန႔ရိုက္ကူးရသည့္အစီအစဥ္က ေဒသခံ TV station ရဲ့ variety show တစ္ခုျဖစ္သည္။

ခ်န္းေယာင့္က ေဒသခံတစ္ေယာက္ျဖစ္ၿပီး ဒီ program အေၾကာင္းကို အရင္ကတည္းက ေျပာျပထားဖူးတာမို႔ သူ႔အဖြဲ႕သားမ်ားအေနႏွင့္ အနည္းႏွင့္အမ်ားေတာ့ နိုင္ငံအတြင္း နာမည္သိပ္မႀကီးလွသည့္ဒီအစီအစဥ္ကို ၾကည့္ဖူးၾကၿပီး host ႏွင့္ေရာ ရိုက္ကူးေရးပုံစံမ်ားကိုပါ ရင္းႏွီးေနတာမို႔ ဒီရိုက္ကူးေရးတြင္ ပါဝင္ဖို႔အခြင့္အေရးရလာတာကေတာင္ သူတို႔ကို စိတ္လွုပ္ရွားေစေတာ့သည္။

အစီအစဥ္ရိုက္ကူးေရးတစ္ဝက္ေရာက္ေနခ်ိန္တြင္ မထင္မွတ္ထားသည့္အေႏွာင့္အယွက္မ်ား ျဖစ္ေပၚလာခဲ့သည္။ ေနာက္ထပ္ guest တစ္ေယာက္ — ခ်န္မ်ိဳးရိုးရွိသည့္ အသက္ ၃၀ ဝန္းက်င္ရွိလွတဲ့သ႐ုပ္ေဆာင္တစ္ဦးလည္း အစီအစဥ္တြင္ ပါဝင္ေနသည္။ သူက မ်ိဳးခ်စ္ေရးဇာတ္ကားတစ္ခုတြင္ ဝင္သ႐ုပ္ေဆာင္ရင္း လတ္တေလာမွ နာမည္ႀကီးလာသည့္သ႐ုပ္ေဆာင္လည္းျဖစ္သည္။ IceDream အဖြဲ႕ဝင္မ်ားလည္း သူႏွင့္ ပထမဆုံးေတြ႕ဖူးတာမို႔ တရိုတေသႏွင့္ 'ခ်န္ေလာင္ရွီး' ဟု သုံးႏွုန္းေခၚေဝၚၾက၏။

အစပိုင္းမွာေတာ့ ရိုက္ကူးေရးက ေခ်ာေခ်ာေမြ႕ေမြ႕ရွိလွသည္။ ရိုက္ကူးေရးအလယ္ပိုင္းေလာက္ ေရာက္လာခ်ိန္တြင္မွ host ျဖစ္သူက နိုင္ငံအတြင္း သက္ဆိုင္ရာျပည္နယ္မ်ားရဲ့ ႏွစ္ကူးႀကိဳဆိုမွုဓေလ့ထုံးတမ္းမ်ားအေၾကာင္း စတင္ေျပာလာေတာ့သည္။ ဒီအစီအစဥ္က ႏွစ္ကူးမတိုင္ခင္ တစ္ပတ္အလိုတြင္ ထုတ္လႊင့္ျပသမွာျဖစ္တာမို႔ သူတို႔ေဆြးေႏြးပြဲက အေတာ္ေလးလည္း ကိုက္ညီမွုရွိလွသည္။ ထို 'ခ်န္ေလာင္ရွီး' ဆိုသူကလည္း စကားဝိုင္းထဲ ဝင္ပါလာၿပီး သူ႔ရဲ့႐ုတ္တရက္ေျပာလာသည့္မွတ္ခ်က္က ႐ုတ္ခ်ည္းဆန္ဆန္ စကားလမ္းေၾကာင္းကို ေျပာင္းျပန္လွန္ပစ္လိုက္ေတာ့သည္။ "အလယ္ပိုင္းေဒသကလူေတြက နက္ရွိုင္းတဲ့ဓေလ့ထုံးတမ္းေတြနဲ႔ သန့္ရွင္းမြန္ျမတ္ေနေပမယ့္ အဲ့ဒါေတြကို ဟဲ့နန္ေဒသပိုင္းကလူေတြ ဖ်က္ဆီးပစ္လိုက္ၾကတယ္။ ဟဲ့နန္လူမ်ိဳးေတြက ယဥ္ေက်းမွုဆိုတာေတာင္ မရွိတဲ့လူေတြပဲ။"

IceDream အဖြဲ႕သားတိုင္း ေလာ့ယန္ၿမိဳ႕၊ ဟဲ့နန္ေဒသမွလာသည့္ ရွဲ႕က်ဴရွင္းကို ဝိုင္းၾကည့္မိေတာ့သည္။ ရွဲ႕က်ဴရွင္းလည္း အားကိုးရာမဲ့သည့္အျပဳံးတစ္ခု ျပဳံးျပလိုက္ရသည္။ သူ ပညာေရးအတြက္ႏွင့္ သူ႔ေမြးရပ္ေဒသကို စြန့္ခြါလာတာ ႏွစ္ေပါင္းမ်ားစြာၾကာလွၿပီျဖစ္ၿပီး ေပ့က်င္းတြင္ေနလာသည့္ကာလအတြင္း လူေပါင္းစုံရဲ့ သူ႔ေမြးရပ္ေျမကို အေျခခံၿပီး ခြဲျခားဆက္ဆံမွုမ်ိဳးလုပ္တာကို အမ်ားႀကီးျမင္ဖူး၊ ၾကဳံဖူးၿပီးသားပင္။

သူတို႔ေခါင္းေဆာင္မ်က္ႏွာထက္တြင္ေတာ့ 'ေဒါသ' မ်ားက အထင္းသားေပၚေနေလသည္။

အခ်ိဳ႕ေသာမွတ္ခ်က္ေတြက ဖန္သားထက္တြင္ ေပၚလာဖို႔ မသင့္ေတာ္လွ။ သို႔ႏွင့္ host ျဖစ္သူလည္း ထိုစကားလမ္းေၾကာင္းကို မဆက္ေတာ့ဘဲ အျခားေခါင္းစဥ္တစ္ခု လႊဲေျပာင္းဖို႔လုပ္ေတာ့သည္။ "ႏွစ္သစ္ကူးဆိုတာ အမ်ားဆုံးက်င္းပၾကတဲ့ ရိုးရာပြဲေတာ္တစ္ခုျဖစ္ၿပီး ငါတို႔နိုင္ငံရဲ့ေဒသအသီးသီးက ဓေလ့ထုံးတမ္းေတြကလည္း အမ်ားႀကီးရွိ ..."

"ကၽြန္ေတာ္ေျပာပါဦးမယ္၊ ခ်န္ေလာင္ရွီး။ ခင္ဗ်ားက ဘယ္ကလဲ။" IceDream ေခါင္းေဆာင္ Leo Wang တစ္ေယာက္ သူ႔အဖြဲ႕သားမ်ားခ်ဳပ္ထားမွုကို လွုပ္ခါခ်ရင္း အေရွ႕သို႔တစ္လွမ္းလွမ္း၍ အခန္းထဲရွိ တစ္ဖက္ကလူကို ခနဲ႔သလိုအသံျဖင့္ေမးလိုက္သည္။

ထို႔ေနာက္ ခ်န္ေလာင္ရွီးမွ ျပန္ေျဖလာသည္။ "ငါက သုန့္ေပက။" (အေရွ႕ေျမာက္ပိုင္းသား)

ဝမ္ေခ်ာင္ အေစာပိုင္းကတည္းက သူ႔သုန့္ေပေလသံကို ဖမ္းမိေနခဲ့တာျဖစ္သည္။ "ကၽြန္ေတာ္ၾကားတာေတာ့ သုန့္ေပလူမ်ိဳးေတြက လူ႔က်င့္ဝတ္ကို မသိၾကဘူး။ ထူးၿပီးေတာ္ေနတာမ်ိဳးလည္း မရွိဘူး၊ သူမ်ားထက္ ပိုေကာင္းေနတာဆိုလို႔ အတင္းတုတ္နိုင္တဲ့စြမ္းရည္ပဲရွိတယ္တဲ့။"

ခ်န္မ်ိဳးရိုးရွိသည့္သ႐ုပ္ေဆာင္ျဖစ္သူမွာ သူ႔သုန့္ေပေလသံကို ၾကားလိုက္ရေပမယ့္ ခဏမၽွေၾကာင္အသြားၿပီး သူႏွင့္ေဒသတူသုန့္ေပေကာင္ေလး ဘာေျပာသြားတယ္ဆိုတာကို သိပ္နားမလည္လိုက္။

Host ျဖစ္သူလည္း နားမၾကားသလိုဟန္ေဆာင္ရင္း ဆက္ေျပာေတာ့သည္။ "ဒါဆို ငါတို႔ေတြ နိုင္ငံတြင္း ေႏြဦးပြဲေတာ္ကို ဘယ္လိုက်င္းပၾကသလဲဆိုတာ ဆက္ၾကည့္ၾကရေအာင္။"

ၾကည့္႐ူသူျမင္ကြင္းကို ပိတ္မေနေစရန္ guest ျဖစ္သူမ်ားက စင္ရဲ့ တစ္ဖက္ဆီတြင္ သီးျခားရပ္ေနေပးရသည္။

ႀကိဳတင္ရိုက္ကူးထားၿပီးျဖစ္သည့္ ျမဴးႂကြေပ်ာ္ရႊင္ဖြယ္ေႏြဦးပြဲေတာ္ဗီဒီရိုေလးက မ်က္ႏွာျပင္ထက္တြင္ ထုတ္လႊင့္ျပသလာေတာ့သည္။

ရိုက္ကူးေရးဒါရိုက္တာက video လႊင့္ေနခ်ိန္အတြင္း guest မ်ားရဲ့မိုက္ကို ပိတ္ထားလိုက္သည္။

စင္ေအာက္မွၾကည့္ေနသည့္ fan မ်ားမွာ Leo Wang တစ္ေယာက္ Tomas Xie ကို ခပ္ထန္ထန္မ်က္ႏွာႏွင့္ စိတ္မရွည္သလိုစကားေျပာေနပုံကိုသာ ျမင္ေနရၿပီး စကားအေၾကာင္းအရင္းကို လုံးဝမၾကားရ။

ဝမ္ေခ်ာင္ မေက်မနပ္ေျပာလာသည္။ "မင္း ခုနတုန္းက ဘာလို႔ငါ့ကိုဆြဲထားတာလဲ။"

ရွဲ႕က်ဴရွင္း သူ႔ကို ေဖ်ာင္းဖ်ရေတာ့သည္။ "ျပႆနာမရွာေနနဲ႔။ ဒီမွာလူေတြအမ်ားႀကီးရွိေနတယ္။"

ဝမ္ေခ်ာင္ ျပန္ေျပာသည္။ "ဒီလူအုပ္ႀကီးသာ ရွိမေနရင္ ငါ စင္ေပၚမွာတင္ သူနဲ႔ထခ်တယ္။ ဟဲ့နန္ကလူေတြက ယဥ္ေက်းမွုမရွိဘူးဆိုတာ ဘာသေဘာလဲ။ သုန့္ေပကလူေတြကမွ ေသာက္က်ိဳးနည္းေအာင္ ဆိုးဝါးေနတဲ့လူ႔က်င့္ဝတ္ေတြရွိတာ။"

ရွဲ႕က်ဴရွင္း : "..."

ဝမ္ေခ်ာင္ တိုးတိုးဆက္ေျပာသည္။ "အဲ့လိုလူက ကြန္ျမဴနစ္စပိုင္ေနရာမွာ ဝင္သ႐ုပ္ေဆာင္ထားတယ္? ငါတို႔လူမ်ိဳးေတြအတြက္ မ်က္ႏွာပ်က္စရာပဲ။"

ရွဲ႕က်ဴရွင္း video ၿပီးခါနီးျဖစ္ေနတာကိုၾကည့္ရင္း ခပ္တိုးတိုးျပန္ေျပာလိုက္သည္။ "ေတာ္ၿပီ။ အဲ့အေၾကာင္း ဆက္မေျပာနဲ႔ေတာ့။"

ဝမ္ေခ်ာင္ စကားနည္းနည္းဆက္ေျပာခ်င္ေသးေပမယ့္ video ၿပီးသြားတာႏွင့္ ရွဲ႕က်ဴရွင္းက သူ႔ကို stage စင္အလယ္ကို တြန္းပို႔လိုက္ေတာ့သည္။ ျဖစ္ခ်င္ေတာ့ ၾကမ္းျပင္ေပၚတြင္ ဝါယာႀကိဳးရွိေနၿပီး သူတို႔ႏွစ္ေယာက္လုံး သတိမမူမိခဲ့။ ဝမ္ေခ်ာင္မွာ ထိုဝါယာႀကိဳးေၾကာင့္ အေရွ႕သို႔ မ်က္ႏွာႏွင့္အပ္က်ေတာ့မလိုျဖစ္သြားရၿပီး က်ိက်ဲပခုံးကို လွမ္းကိုင္၍ အရွိန္ျပန္ထိန္းၿပီးတာႏွင့္ ရွဲ႕က်ဴရွင္းကို စူးကနဲျပန္လွည့္ၾကည့္လိုက္ေတာ့သည္။

ထိုအပိုင္းေလးက fan ရိုက္ကူးထားတဲ့ video အပိုင္းတိုေလးအျဖစ္ လိုင္းေပၚသို႔ပ်ံ႕သြားခဲ့ၿပီး ထိုျမင္ကြင္းကို သူတို႔၏သက္ဆိုင္ရာစိတ္ကူးယဥ္အေတြးမ်ားျဖင့္ ပုံေဖာ္ရင္း ဝမ္မိသားစုႏွင့္ ရွဲ႕မိသားစုတို႔ တစ္ဖန္ရန္သတ္ၾကျပန္သည္။

ျမင္းေကာင္ဝမ္က ငါတို႔ရထားေလးကို လူျမင္ကြင္းမွာ ေစာ္ကားေနတယ္! ငါတို႔ရွဲ႕က်ဴရွင္းသာ စိတ္ေကာင္းႏွလုံးေကာင္းမရွိရင္ေတာ့ျဖင့္!

ၾကာပန္းျဖဴရွဲ႕က ငါတို႔ေခါင္းေဆာင္ကို တမင္တြန္းလိုက္တာ! လူေတြေျပာသလို သူက တကယ္ၾကာပန္းျဖဴလြန္းတာပဲ!

ရိုက္ကူးေရးရဲ့ဒုတိယပိုင္းတစ္ခုလုံး IceDream အဖြဲ႕သားတိုင္း ခ်န္မ်ိဳးရိုးရွိသည့္သ႐ုပ္ေဆာင္ျဖစ္သူႏွင့္ လုံးဝအဆက္အဆံမရွိေန။

သ႐ုပ္ေဆာင္လည္း တစ္ခုခုမွားေနမွန္း သတိထားမိသြားပုံေပၚလွသည္။ နားခ်ိန္တြင္ လူအခ်ိဳ႕ရဲ့ေနာက္ခံရာဇဝင္မ်ားအေၾကာင္း Baidu တြင္ သြားရွာၾကည့္ေတာ့သည္။

show အတြက္ ရိုက္ကူးေရးၿပီးတာႏွင့္ လူတိုင္း ထြက္ခြါေတာ့မည့္အခ်ိန္တြင္ သူက အထူးတလွယ္ အနားသို႔ေရာက္လာၿပီး ရွဲ႕က်ဴရွင္းကို စိတ္ရင္းျဖင့္ေတာင္းပန္လာခဲ့သည္။

အစကတည္းကလည္း ကိစၥႀကီးမဟုတ္ေနတာမို႔ သူတို႔လည္း ခြင့္လႊတ္ေပးလိုက္ၾကသည္။

သ႐ုပ္ေဆာင္ခ်န္က ဝမ္ေခ်ာင္ကို ေမးလာသည္။ "မင္းလည္း သုန့္ေပကပဲလား။"

ဝမ္ေခ်ာင္လည္း သူ ေတာင္းပန္ၿပီး ရွဲ႕က်ဴရွင္းႏွင့္ပါ တရင္းတႏွီးျဖစ္ေနၿပီးမွန္း ျမင္ေနရတာမို႔ ျပန္ေျပာလိုက္သည္။ "ဟုတ္တယ္။ ကၽြန္ေတာ့္ယဥ္ေက်းမွုအဆင့္က အေတာ္ေလးနိမ့္တယ္။ ခင္ဗ်ားလိုမ်ိဳးျဖစ္ေနမယ္လို႔ မေတြးထားနဲ႔။"

သ႐ုပ္ေဆာင္ခ်န္လည္း ဝမ္ေခ်ာင္က ေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းတယ္ဟု ေတြးမိ၍ျဖစ္နိုင္သည္၊ သူက ျပဳံး၍ ေနာက္ပိုင္းအခ်ိန္ရလၽွင္ ထမင္းအတူစားဖို႔ဖိတ္ၿပီး ႏွုတ္ဆက္ျပန္သြားေတာ့သည္။ သူတို႔ေျခာက္ေယာက္လည္း ညေနေလယာဥ္ႏွင့္ ေပ့က်င္းကို ျပန္ရမွာမို႔ TV station မွထြက္တာႏွင့္ ေလဆိပ္ကို တန္းသြားလိုက္ၾကသည္။

ေလယာဥ္ေပၚမတက္ခင္ ရွဲ႕က်ဴရွင္း သူ႔ခရီးေဆာင္အိတ္ထဲမွ ဂ်ာကင္ကို ႀကိဳထုတ္ထားေလသည္။ သူတို႔သြားမည့္ေပ့က်င္းကို ေရာက္သည့္အခ်ိန္ အေတာ္ေလးေအးေနမွာမို႔ အဖြဲ႕သားမ်ားလည္း မ်ားမ်ားစားစားမေတြးေနခဲ့။

ေလယာဥ္အရွိန္တည္ၿငိမ္သြားခ်ိန္တြင္ ရွဲ႕က်ဴရွင္းက ဝမ္ေခ်ာင့္ကို စကားအခ်ိဳ႕ ခပ္တိုးတိုးေျပာလာၿပီး ဝမ္ေခ်ာင္က သူ႔ထိုင္ခုံခါးပတ္ကို ဆြဲျဖဳတ္၍ အနည္းငယ္မၽွ မတ္တပ္ထရပ္လိုက္သည္။ ရွဲ႕က်ဴရွင္းက သူ႔ဂ်ာကင္ကို ေခါက္၍ ထိုင္ခုံေအာက္တြင္ ထားေပးၿပီးမွ ဝမ္ေခ်ာင္လည္း တစ္ဖန္ျပန္ထိုင္ေလသည္။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္၍ ျပဳံးသြားၾကေတာ့သည္။

သူတို႔ေဘးတြင္ထိုင္ေနရသည့္အဖြဲ႕သားမ်ားကေတာ့ ေလယာဥ္ေပၚရွိမဂၢဇင္းကို ဟိုလွန္ဒီလွန္လုပ္ေနသလိုႏွင့္ 'ေခြးစာ'မ်ားကို တိတ္တဆိတ္ၿမိဳေနရေလသည္။

ႏွစ္ကူးၿပီးတာႏွင့္ IceDream အဖြဲ႕သားမ်ားအတြက္ ေအးေအးလူလူအေနရဆုံးအခ်ိန္ကာလတစ္ခု ရရွိလာေတာ့သည္။ ေႏြဦးပြဲေတာ္က မၾကာခင္ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး ထိုအခ်ိန္မတိုင္ခင္အထိ အရင္ကေလာက္ တက္ေရာက္စရာပြဲမ်ား မရွိေန။ သူတို႔ကုမၸဏီမွ သူတို႔ကို သက္ဆိုင္ရာသင္တန္းမ်ားျဖင့္ စေကးတိုးျမႇင့္ေစၿပီး ေနာက္ႏွစ္အတြက္ album သစ္မထြက္ခင္ ကိုယ့္ကိုယ္ကို ျပင္ဆင္ထားေစသည္။

သူတို႔ၾကားထဲ အလုပ္ရွုပ္ဖို႔လိုအပ္ေနေသးသူမွာ ရွဲ႕က်ဴရွင္းတစ္ေယာက္တည္းသာ။ ဇာတ္ကားအတြင္း ဇာတ္ေဆာင္ငယ္ေလးအျဖစ္ ပါဝင္ခဲ့ေပမယ့္လည္း နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားလည္း ပါဝင္မေနသည့္ဇာတ္ကားျဖစ္တာမို႔ သူ႔ေက်ာ္ၾကားမွုက ထိုႏွစ္အတြင္း ႐ုတ္တရက္ထိုးတက္သြားေတာ့သည္။ ႐ုပ္ရွင္ရိုက္ကူးေရး studio မွ သူ႔ပါဝင္မွုအေၾကာင္း ထုတ္ေဖာ္လိုက္တာႏွင့္ သူ႔ fan မ်ားက ဒီဇာတ္ကားအတြက္ အဓိကေထာက္ပံ့ေပးေနသူမ်ားျဖစ္လာၾကသည္။ 'လက္ထဲရွိေနတာကို အက်ိဳးရွိေအာင္အသုံးခ်' ဆိုတဲ့စကားအတိုင္း သူတို႔အေနႏွင့္ သူ႔ကို ဇာတ္ကြက္ထပ္ထည့္ေပးလို႔မရေပမယ့္ အျခားနည္းသုံး၍ ျပန္ဖာေထးေပးေတာ့သည္။ ဇာတ္ကားရဲ့ေနာက္ခံေတးသီခ်င္းအား သူ႔ကို ေပးဆိုခဲ့ၿပီး ဇာတ္ကားကို ေၾကျငာဆင္းရန္ variety show မ်ား သြားရခ်ိန္မွာလည္း အကုန္လုံးက သူ႔အခ်ိန္စာရင္း အားမအားကိုပါ လာေရာက္ေမးျမန္းၾကေတာ့သည္။

အဖြဲ႕သားတိုင္း အတန္းတက္လိုက္၊ အနားယူလိုက္ လုပ္ေနေပမယ့္ သူကေတာ့ ေႏြဦးပြဲေတာ္မတိုင္ခင္ အရင္လကထက္ ပိုလို႔ေတာင္ တက္စရာပြဲလမ္းမ်ားရွိေနသည္။ သူက IceDream ရဲ့ အေက်ာ္ၾကားဆုံး member တစ္ေယာက္ျဖစ္ႏွင့္ၿပီးသားျဖစ္ရာ ဇာတ္ကားထြက္လာသည္ႏွင့္ ဒုံးပ်ံေပၚ တက္စီးလိုက္သည့္အလား၊ သူ႔ေက်ာ္ၾကားမွုက လူတိုင္းႏွင့္ေဝးရာသို႔ ခုန္တက္သြားေတာ့သည္။ က်န္သည့္အရာမ်ားကို မဆိုထားႏွင့္၊ Weibo တြင္ေတာင္ သူ႔ fan အေရအတြက္ 4M ေက်ာ္ေနၿပီျဖစ္ၿပီး သူတို႔အားလုံးထဲတြင္ fan အနည္းဆုံးကေတာ့ ေကာင္းစီ့ယြမ္ျဖစ္၍ 700k မၽွသာရွိေလသည္။

သူကေတာ့ လူတိုင္းအေပၚ ေကာင္းေကာင္းဆက္ဆံေပးရင္း သူတို႔အျပင္ထြက္စားတိုင္း အလုအယက္ ေငြရွင္းေပးဆဲ။ သူက အရင္အတိုင္း ေျပာင္းလဲျခင္းမရွိ၊ အဖြဲ႕ရဲ့အစ္ကိုႀကီးေနရာတြင္ရွိေနၿပီး သူ႔ညီေလးမ်ားကို သူ႔ဘက္မွ စၿပီးကူညီေပးေလ့ရွိသည္။ သူတို႔ေတြ အခက္အခဲ သို႔မဟုတ္ ပူပန္စရာမ်ားရွိလာတိုင္း သူက ကူညီေပးဖို႔ႏွင့္ နားေထာင္ေပးဖို႔ကို စိတ္အားထက္သန္ေနတတ္သည္။

သူတို႔အဖြဲ႕က အေတာ္ေလးပနံသင့္ေနသည္။ ေလ့က်င့္ေရးကာလပိုင္းအတြင္း ဝမ္ေခ်ာင္ႏွင့္ က်ိက်ဲအၾကား စကားမ်ားခဲ့ဖူးေပမယ့္ အခုေတာ့ သူတို႔လည္း ပိုသင့္ျမတ္လာခဲ့ၾကၿပီ။ တစ္ဖက္လူကို မနာလိုစိတ္ျဖင့္ စကားနာထိုးတတ္တဲ့ေကာင္းစီ့ယြမ္လည္း အမ်ားႀကီးရင့္က်က္လာခဲ့ၿပီ။ အနည္းဆုံးေတာ့ မနာလိုမွုႏွင့္ ဖားယားခ်င္မွုတို႔က သူ႔မ်က္ႏွာေပၚတြင္ မေပၚလာေတာ့။

သို႔ေပမယ့္ အေပၚယံပနံသင့္ေနမွုက မျမင္ကြယ္ရာတြင္ျဖစ္ေနသမၽွကို မတားဆီးနိုင္။

ရွဲ႕က်ဴရွင္း ထိုအေၾကာင္းကို ေသေသခ်ာခ်ာနားလည္ေနၿပီး သူတို႔အဖြဲ႕က အေႏွးႏွင့္အျမန္ အဖြဲ႕ကြဲေတာ့မည္ဆိုတာလည္း သိထားသည္။ အိုင္ေဒါမ်ား ေနထိုင္ေနရသည့္ပတ္ဝန္းက်င္အေျခအေနအရဆိုလၽွင္ ဘယ္သူကမွ အဖြဲ႕တစ္ခုတည္းတြင္ အၾကာႀကီးမပိတ္မိေနခ်င္။

ဝမ္ေခ်ာင္ကေတာ့ ထိုသို႔မဟုတ္။ သူက အေဝးႀကီးႀကိဳစဥ္းစားနိုင္သူ မဟုတ္ေန။ သူက သူ႔အေရွ႕တည့္တည့္တြင္ျဖစ္ပ်က္ေနသည္မ်ားကိုသာ ၾကည့္ရွုေလ့ရွိသည္။

ရွဲ႕က်ဴရွင္း ေအာင္ျမင္လာေလ သူက ပိုဂုဏ္ယူရေလျဖစ္ေနသည္ — 'ဒါက ငါ့ရည္းစားေလ၊ သူက ေတာ္လြန္းတယ္မလား။'

ရွဲ႕က်ဴရွင္း weibo ေပၚတြင္ ဇာတ္ကားႏွင့္ပတ္သတ္၍ ပရိုမိုရွင္းဆင္းသည့္ post တင္ခ်ိန္တြင္ သူကလည္း ခ်က္ခ်င္းျပန္ share ၿပီး ဒီဇာတ္ကားက ဘယ္ေလာက္ေကာင္းေၾကာင္း ခ်ီးက်ဴးေပးေတာ့သည္။

သို႔ေပမယ့္ စကားလုံးမ်ားက အေတာ္ေလးထူးဆန္းလွသည္။ သူ႔အတြက္ေတာ့ သူက ရွဲ႕က်ဴရွင္းကို ကူၿပီးေၾကာ္ျငာေပးေနသည္ဆိုေပမယ့္ သူ႔ fan ေတြကေတာ့ ထို weibo post ကိုၾကည့္ၿပီး တစ္ဖက္သူကို ရြဲ႕ေနတာဟု ထင္ျမင္သြားၾကသည္။ ေျပာရပါက ဒီဇာတ္ကားအတြက္ သူပါဝင္သ႐ုပ္ေဆာင္မည့္ဇာတ္ေကာင္ကို ရွဲ႕က်ဴရွင္းက ျဖတ္လုသြားခဲ့တာမို႔ တစ္ေယာက္ၿပီးတစ္ေယာက္ 'ၾကာပန္းျဖဴရွဲ႕'ဟု comment ထဲ ပုတ္ခတ္ေျပာဆိုရင္း ဇာတ္ကားၾကည့္ဖို႔ပါ ျငင္းဆန္ၾကေလသည္။

သူလည္း အလြန္ေဒါသထြက္ရသည္။ သူ႔မွာ ဘယ္လို fan မ်ိဳးေတြရွိေနတာလဲ!

အလုပ္ရွုပ္မ်ားအၾကား ေႏြဦးပြဲေတာ္ေရာက္ရွိလာခဲ့ၿပီ။

ထုံးစံအတိုင္း ဝမ္ေခ်ာင့္မိဘမ်ားက သူ႔သားမ်ားျဖင့္ ပြဲေတာ္ဆင္ႏြဲရန္ ေပ့က်င္းသို႔ေရာက္လာၾကမွာျဖစ္သည္။

ရွဲ႕က်ဴရွင္းကလည္း ေလာ့ယန္ကို ျပန္သြားဖို႔လိုေနသည္။ သူ ပြဲဦးထြက္ၿပီးကတည္းက အိမ္မျပန္ျဖစ္ေသး။

သူ မျပန္ခင္တစ္ရက္အလိုတြင္ သူတို႔ႏွစ္ေယာက္ အျပင္ထြက္ထမင္းစားၾကၿပီး ရွဲ႕က်ဴရွင္းပါဝင္သ႐ုပ္ေဆာင္ထားသည့္ဇာတ္လမ္းကို ၾကည့္ရွုၿပီးေနာက္ ႏွစ္ေယာက္သား Shin Kong သို႔သြား၍ Versace မွ ႀကိဳတင္မွာယူထားသည့္ ဂ်ာကင္ႏွစ္ထည္ကို သြားယူလိုက္ၾကသည္။ သူတို႔ႏွစ္ေယာက္လုံး၏ဂ်ာကင္က series တစ္ခုတည္းကျဖစ္ၿပီး အေရာင္အားျဖင့္ စစ္တပ္စိမ္းေရာင္ျဖစ္ေနသည္။ ဝမ္ေခ်ာင္က သူ႔အတြက္သူ ခါးတိုတစ္ထည္မွာယူခဲ့ၿပီး ရွဲ႕က်ဴရွင္းအတြက္ေတာ့ အရွည္တစ္ထည္မွာယူထားခဲ့သည္။

အကၤ်ီသြားယူခ်ိန္ ဝမ္ေခ်ာင္ ဆိုင္ရွိအေရာင္းဝန္ထမ္းမေလးကို အနည္းငယ္မၽွသြားစေနာက္ေတာ့သည္။ သူက အရမ္းကိုလွပလြန္းသည္။ ရွဲ႕က်ဴရွင္းတစ္ေယာက္ ေဘးမွ သူ႔ကို မ်က္ႏွာတည္ျဖင့္ၾကည့္ေနရင္း စကားလည္းမေျပာေတာ့သလို အကၤ်ီကိုေတာင္ စမ္းမဝတ္ၾကည့္ေတာ့။

ထိုအျဖစ္ကို သတိထားမိတာႏွင့္ ဝမ္ေခ်ာင္က တစ္ဖက္သူကို ပိုလိုစေနာက္ေတာ့သည္။ သူ႔အသားအေရက ဘယ္ေလာက္ေကာင္းေၾကာင္း၊ ေကာက္ေၾကာင္း ဘယ္ေလာက္လွေၾကာင္း စသျဖင့္ခ်ီးက်ဴးလြန္းေနတာ အေရာင္းဝန္ထမ္းေလးမွာ သူ႔အေျပာမ်ားအၾကား မ်က္ႏွာနီရဲသြားရသည္။

အကၤ်ီမ်ားယူၿပီး အိမ္ျပန္ေရာက္ခ်ိန္ အိမ္တံခါးဖြင့္လို႔ အထဲေရာက္တာႏွင့္ သူတို႔စတင္စကားမ်ားၾကေတာ့သည္။ တစ္ေယာက္တစ္လွည့္ စကားလုံးမ်ားျဖင့္ရန္သတ္ေနရင္း ဝမ္ေခ်ာင္ တစ္ဖန္ထပ္လို႔ ရွဲ႕က်ဴရွင္းကို အနိုင္မပိုင္းနိုင္ခဲ့။ ထို႔ေၾကာင့္ သူ႔မွာ တစ္ဖက္သူရဲ့ေပါင္ေပၚလွဲေနရင္း အရိုက္ခံရျပန္ရာ ငိုဟန္ေဆာင္ရင္း တစ္ခ်ိန္ထဲမွာပဲ ရင္ထဲ၌ ျပဳံးရယ္ေနေတာ့သည္။

တင္ပါးရိုက္ျခင္းၿပီးတာႏွင့္ တိုက္ခိုက္ေရးကိစၥ စတင္ေတာ့သည္။ တစ္ခ်ီၿပီးတစ္ခ်ီလုပ္ေနရင္း ေနာက္ဆုံးၿပီးဆုံးခ်ိန္တြင္ ညသန္းေခါင္ျဖစ္ေနခဲ့ၿပီ။ သူတို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာတိုက္ခိုက္ၿပီးေနာက္ တန္းမအိပ္ၾကေသး၊ အခ်င္းခ်င္းေထြးဖက္ထားရင္း စကားစျမည္ေျပာၾကေလသည္။

ဝမ္ေခ်ာင္ကခ်ည္း တရစပ္ေျပာေနၿပီး ရွဲ႕က်ဴရွင္းက ေဘးမွ တိတ္တဆိတ္ေလး နားေထာင္ေနခဲ့သည္။ သူ႔အေမရဲ့ေဂၚဖီခ်ဥ္ဖက္ထုပ္က စားလို႔ေကာင္းေၾကာင္း၊ သူ႔တာ့ေကာဆို ႏွစ္ပြဲစားနိုင္ေၾကာင္း၊ သူ႔အေဖလည္း တစ္ပြဲခြဲစားနိုင္ေၾကာင္း၊ သူကိုယ္တိုင္က တစ္ပြဲစားနိုင္ၿပီး အာ့ေကာကေတာ့ သိပ္မစားနိုင္ဘဲ ဆယ္ခုေက်ာ္ေက်ာ္မၽွသာ စားေလ့ရွိေၾကာင္း အစသျဖင့္ေျပာျပလာသည္။ သူ႔အာ့ေကာက က်န္းမာေရးကိုအထူးဂ႐ုစိုက္သူျဖစ္ၿပီး အစားအေသာက္ပိုင္းတြင္ လိုတာထက္ပိုစားေလ့မရွိ။ သူက အျပင္စာမ်ားကို မသန့္ရွင္းဟုေတြးထားေပမယ့္ သူကိုယ္တိုင္လည္း မခ်က္ျပဳတ္တတ္။ ထို႔ေၾကာင့္ သူက သူ႔မ်က္ႏွာအားကိုးႏွင့္ ေဆး႐ုံကန္တင္းရွိစားဖိုမွုးမ်ားကို သူ႔အတြက္ အထူးဟင္းခ်က္ပြဲမ်ားျပဳလုပ္ေပးေစသည္။ ဘယ္ေလာက္ေတာင္ အရွက္မရွိလိုက္လဲ။

တစ္ခုၿပီးတစ္ခုေျပာရင္းႏွင့္ မိုးေသာက္ခ်ိန္ကို ေရာက္လာေတာ့သည္။

ေဆာင္းရာသီ၏အုံ႔မွိုင္းမွိုင္းအလင္းေရာင္ေလးက လိုက္ကာကိုျဖတ္၍ ထိုးေဖာက္ဝင္ေရာက္လာခဲ့သည္။

ဆယ္နာရီအတိတြင္ ေလယာဥ္ထြက္ခြါမွာမို႔ ရွဲ႕က်ဴရွင္းေျပာလိုက္သည္။ "ငါ သြားရေတာ့မယ္။ မင္း ခဏအိပ္ေနလိုက္ဦး။"

အရင္က ဝမ္ေခ်ာင္ တ႐ုတ္ႏွစ္သစ္ကူးကို တကယ္သေဘာက်ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ သူ လုံးဝသေဘာမက်ေန။ သူ သက္ျပင္းခ်ရင္းေျပာလာသည္။ "ဘာလို႔ႏွစ္ကူးပြဲေတာ္ဆင္ႏႊဲေနရတာလဲ။ ေသာက္က်ိဳးနည္းစိတ္ရွုပ္ဖို႔ေကာင္းလိုက္တာ။"

ရွဲ႕က်ဴရွင္းလည္း ထြက္ခြါဖို႔ အင္တင္တင္ျဖစ္ေနေပမယ့္ ျပဳံးရင္းေျပာလိုက္သည္။ "ဟုတ္ၿပီ~ ငါ ႏွစ္ကူးၿပီး ခုႏွစ္ရက္ေျမာက္ေန႔က် ျပန္လာခဲ့မယ္။"

ဝမ္ေခ်ာင္ ဗလုံးဗေထြးျပန္ေျပာလာသည္။ "အင္း"

ထို႔ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ အနမ္းရွည္တစ္ခုကို စတင္ဖန္တီးလိုက္ၾကသည္။

အနမ္းၿပီးဆုံးသြားခ်ိန္မွာေတာ့ ဝမ္ေခ်ာင္ ျပဳံးစိစိႏွင့္ ေစာင္ေအာက္သို႔ တြားသြားဝင္ေရာက္သြားေလသည္။

ရွဲ႕က်ဴရွင္း : "!!!"

လြန္ခဲ့တဲ့ရက္အနည္းငယ္ကမွ သူတို႔ ဆံပင္အတူညႇပ္ထားတာျဖစ္ၿပီး ဝမ္ေခ်ာင့္ေခါင္းအေနာက္ရွိဆံပင္က အတိုေလးမ်ားျဖစ္ေနသည္။ ရွဲ႕က်ဴရွင္းမွာ သူ႔လက္ကို ထိုအေပၚသို႔ဖိခ်လိုက္တာႏွင့္ သူ႔လက္ဖဝါးတစ္ခုလုံး ယားက်ိသြားရသည္။

ေလယာဥ္လြတ္သြားေတာ့မတတ္ျဖစ္ခဲ့ရေလသည္။

ဝမ္ေခ်ာင္က သူ႔ကိုေလဆိပ္ထိ လိုက္မပို႔။ ရွဲ႕က်ဴရွင္း ေလယာဥ္ေပၚမတက္ခင္ ဖုန္းပိတ္ရန္လုပ္ခ်ိန္မွာပဲ ဝမ္ေခ်ာင့္ထံမွ စာတစ္ေစာင္ရရွိလာေတာ့သည္။ "မင္းျပန္လာၿပီး ငါ့ကိုလာစားမွာကို ေစာင့္ေနမယ္။"

KittyKitling

T/N : Happy New Year ~

ရွက္ရွက္နဲ႔ဝန္ခံရရင္ ပီတာပန္ကို 2022 မွာ အျပတ္ျဖတ္ခဲ့မယ္ဆိုၿပီး အစီအစဥ္ဆြဲထားခဲ့ေပမယ့္ 2023 အထိ ဆြဲေခၚသြားခဲ့ရပါတယ္ TT

ေနာက္ႏွစ္မွာေတာ့ အခ်ိန္မဆြဲပဲ update မွန္ေပးပါ့မယ္၊ ဒီတစ္ႏွစ္လုံး အနားမွာရွိေနေပးတဲ့လူတိုင္းကို တကယ္အမ်ားႀကီးေက်းဇူးတင္ၿပီး ခ်စ္ရပါတယ္လို႔ ><❤️

Đọc tiếp

Bạn Cũng Sẽ Thích

1.6M 290K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2.8M 394K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
663K 39.2K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...