တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

Autorstwa Kyiphyuswe

249K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... Więcej

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (25)

2.7K 453 14
Autorstwa Kyiphyuswe

(25)

လင်းယုန် ခေါင်းဆောင်ရဲ့ သဘောထားက ပိုပိုပြီးတော့ အားနာနေမှန်း  သိလာခဲ့တယ်။ တစ်ချက် ကြည့်ရုံနဲ့တင် သူတို့ လုပ်မိတာက အကြောင်းပြချက် မရှိပေမယ့် သူတို့အမှားလုပ်ထား မိပြီးတော့ သက်သေပြစရာ မရှိတော့ သူ့ခမျာ မသက်မသာ ခံစားနေရလေတယ်။

'' ရက်အနည်းငယ်လောက် အနားယူချင် လို့ ငှားတာက မမှားပါဘူး။ ဒါပေမယ့် အိမ်မှာ အိမ်ပိုင်ရှင် မရှိပဲ အိမ်ပိုင်တဲ့ သူကိုမပြောပဲ ဝင်နေတာ ကတော့ မှားတာပဲ''

တုံ က မျက်နှာထား တင်းတင်း နဲ့ပြောလိုက်တယ်။ ထိုအခါ လင်းယုန်ခေါင်းဆောင်က သူမှားသွားတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ကြီး သိသွားလေတယ်။ ဒါကြောင့် သူက စကားမပြောတော့ပေ။ ထိုချိန်ခဏမှာပဲ ပတ်ဝန်းကျင် က တိတ်ဆိတ် သွားပြီးတော့ လေထုကြီးက ကို့ယို့ကားယား ဖြစ်လာခဲတယ်။

ထိုအချိန်လေး မှာပဲ ထိုသားရဲလူသာစအနောက် ကနေ အမျိုးသမီး တစ်ယောက် ထွက်လာခဲ့တယ်။ သူမရဲ့ လက်ထဲမှာတော့ အဖြူရောင် ဥလေးကို သေချာ ဂရုတစိုက် ကိုင်လာခဲ့တယ်။ ချီဟန်သေချာ ကြည့်လိုက်တော့ ထိုဥလေးက မနက်ခင်း ထွက်ခါစ နေလုံးထက် အနည်းငယ်လောက် ပဲ ပိုသေးတာကို တွေ့လိုက်ရတယ်။

ထိုဥလေးက အခုချိန်ထိ ဥပျော့လေး ဖြစ်ဆဲ ဆိုတာကို သိနိုင်လေတယ်။ ပြီးတော့ တွန့်လှုပ်နေတဲ့ အပေါ်ယံ မျက်နှာပြင်လေး ကနေ အထဲက ကလေးလေး ကိုတောင် မြင်နေရတယ်။ ထိုဥလေးက ဘယ်အချိန်မဆို ကွဲ ကြေ သွားတော့မယ့် ဟန်ပဲ။

'' ဒါတွေ အကုန်လုံးက ကျွန်မ အမှားပါ။ ရှင်တို့ရဲ့ တဲတွေက အရမ်းကောင်းတော့ ကျွန်မ မတက်နိုင်ပဲ ကျွန်မရဲ့ လက်တွဲဖော်ကို ထိုထဲမှာ ကျွန်မကို ထားပေးဖို့ မထိန်းနိုင်ပဲ တောင်းဆို ခဲ့မိတာပါ ။ ကျွန်မရဲ့ ဥလေးတွေက အရမ်းကို ကျိုးပဲ့လွယ်သေးတယ်။ ဒါကြောင့် လေနဲ့ လှုပ်ရှားမှုတွေကို ခံနိုင်ရည် မရှိသေးဘူး။ ဒါ​ကြောင့်မလို့ ကျွန်မ လူတွေကို ဒေါသမထွက် ပါနဲ့။ ကျေးဇူးပြုပြီး တော့ ကျွန်မ တောင်းပန်ပါတယ်''

အားနည်းတဲ့ အမျိုးသမီးက ရှေ့ထွက်လာပြီး တင်းမာနေတဲ့ လေထုမှာ သူမ လုပ်ခဲ့တဲ့ အမှန်အတိုင်း ပြောပြလိုက်တော့ အကျိူးသက်ရောက် မှုက အရမ်းကို အသုံးဝင်ပါတယ်။ လူတိုင်းက ပါးလွှာတဲ့ ဥလေးကို ကြည့်ပြီးတော့ ဘယ်သူမှ မထိရဲကြပေ။ သူမရဲ့ အသံ ကလည်း အရမ်းကို ဟန်ဆောင်မှု ကင်းနေလေတယ်။

တုံက အဲ့လောက်ထိ ကောင်းတဲ့သူ မဟုတ်ပေ။ သူတို့ရဲ့ လုပ်ခဲ့တဲ့ ပြစ်မှု အတွက်ကိုတော့ သူဆက်ပြီး ကိုင်တွယ် ရအုံးမှာပဲလေ။

လင်းယုန် သားရဲလူသား တွေက တွေ့ရခက်တဲ့ သားရဲလူသား မျိူးနွယ်တွေ ပဲ ဖြစ်တယ်။ သူတို့တွေက မြင့်မားတဲ့ နှင်းတောင် ထိပ်မှာ နေကြ လေတယ်။ တောင်အောက်က သားရဲမျိုးနွယ်စု တွေနဲ့ လည်း အဆက်အသွယ် မရှိကြပါပေ။ ဒါ​ကြောင့် သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့ သူတွေဆိုပြီးတော့ အထင်ရောက်လေ့ ရှိကြတယ်။ အခုတော့ သူတို့က သူတို့အထင်သေးတဲ့ ကုန်းမြေ သားရဲ တွေရဲ့ ဖိနှိပ်ခြင်းကြောင့် အနည်းငယ် နှိမ့်ကျတယ်လို့ ခံစားရတယ်။

ဘေးနားက လူက ပြောလိုက်တယ်။

'' အရှင်မင်းကြီး...  ''

'' လန်.. ။ ဘာမှ လာ မပြောနဲ့။ ငါတို့ တကယ်ပဲ မှားယွင်းတာ တစ်ခုခု လုပ်ခဲ့ မိတယ် ''

အမှန်တော့ ခွင့်မလွှတ်ပေး နိုင်စရာ အကြောင်း မရှိပေ။ သူတို့က ဘာမှ မဖျ်က်ဆီး ထားရင် ဒါမှမဟုတ် သူတို့နေရာကို ခိုးဖို့ မလုပ်ထားရင်ပေါ့လေ။ ချီဟန်က အစောက စကား ပြောတဲ့ အမျိူးသမီးကို ကြည့်လိုက်တော့ သူမရဲ့ မျက်နှာက ပင်းရဲ့ အမျိုးသမီး ယန်မင်း လိုမျိုး ထူးဆန်းစွာ ဖြူဖျော့နေတာ ကိုတွေ့လိုက် ရတယ်။

'' သူတို့က ဆုံးရှုံးမှု ကြီးမားအောင် မလုပ်ခဲ့ပဲ အမှန်အတိုင်း ပြောပြီး အမှားကို ဝန်ခံခဲ့တယ်။ အဲ့ဆိုတော့ ငါတွေးမိတာက ဒီကိစ္စက ဒီလိုအမှန်ပဲ ဖြစ်မယ်လို့ ထင်တယ်။ ''

ချီဟန်က တုံ ကို ကပ်ပြောလိုက်တယ်။ ချီဟန်မှာ ဒီလင်းယုန်တွေ အတွက် ချစ်ခင်စိတ် မရှိပေ။ ပြီးတော့ သူတို့အရိုးတွေ ထဲကနေထိ စိတ်ကြီးဝင်မှု တွေ ကိုတောင် ခံစားမိလေတယ်။

လင်းယုန်တွေရဲ့ အမျိုးသမီးက ရပ်နေတာ မိနစ်အနည်းငယ်ပဲ ရှိနေသေးပေမယ့် သူမရဲ့ ခြေထောက်တွေက တုန်ခါ နေပြီးတော့ ပိုဖြူဖျော့လာကာ လူတိုင်းရဲ့ အကြည့်တွေ အောက်မှာ ပိုအားနည်းလာတယ်။

'' ဒါဆိုလည်း မေ့လိုက်တော့ ''

ဂျိူအန်းက ချီဟန် ပြောတာကို ကြားလိုက်ရတဲ့ အတွက် သူက လည်း သူ့ရပ်တည်ချက်ကို ပြလိုက်တယ်။ ပြီးတော့ တစ်ဖက်လူကို မသက်မသာ ဖြစ်စေရန် တင်းတင်းကျပ်ကျပ် ခဲထားတဲ့ သူ့လူကို ပုတ်လိုက်တယ်။

ယောင်က သူ့ဂျိုအန်းရဲ့ စကားကြောင့် သူ့ အစွယ်တွေ အောက်က လင်းယုန်က လွတ်ပေးလိုက်ပြီး ခေါင်းကို မျိုး နွယ်စုဘက် လှည့်လိုက်တယ်။ ဒါပေမယ့် သူက သားရဲပုံ အတိုင်းပဲ ရှိနေဆဲပဲ။

'' ကျေးဇူးတင်ပါတယ်!  ကျေးဇူးတင်ပါတယ်! ''

ဥလေးကို ကိုင်ထားတဲ့ အမျိုးသမီးက ခက်ခက်ခဲခဲ ပြန်လှည့်လိုက်တော့ သူမ ခမျာ အောက်ကို လဲကျလုနီးပါးပဲ။ သူမရဲ့ လက်တွဲဖော်က သူမကို ထိန်းလိုက်ပြီး ပွေ့ချီလိုက်တယ်။

'' ငါတို့ရဲ့ အိမ်အသစ်ကို မြန်မြန် ရှာကြစို့''

ဖျော့တော့နေတဲ့ အမျိုးသမီးက တီးတိုးပြောလိုကိတယ်။

ထိုအမျိူးသမီးကို ပွေ့ထားတဲ့ သူက လင်းယုန်ခေါင်းဆောင်ပဲ ဖြစ်ရမယ်။ ဘေးနားက လင်းယုန်တွေက သူ့ကို ကြည့်ကာ သူပေးလာမယ့် အမိန့်ကို စောင့်နေကြလေတယ်။

လင်းယုန်လူသားက လမ်းလျောက်ပြီး သွားလိုက်ချင်ပေမယ့် သူ့ရဲ့ ခြေထောက်တွေက မလှုပ်ခဲ့ပေ။ သူက ဒီနေရာမှာ နေချင်သေးတယ်။ ဒါပေမယ့် သူမှာ အရှက်မရှိဘူးလို့ ခံစားရတာကြောင်ံ့ သူ့တစ်ကိုယ်လုံး တောင့်ခဲ နေခဲ့တယ်။ သူ့လက်မောင်းထဲက အမျိူးသမီးထံမှ သွေးတွေ စီးကျလာတာ ကိုတွေ့တော့ လူတိုင်းက အံ့သြတုန်လှုပ်  ကြ ကုန်တယ်။

ပင်း က အရှေ့ကို ထွက်လာပြီး ပြောလိုက်တယ်။

'' ငါထင် တာ ကတော့ မင်းရဲ့ လက်တွဲဖော်က မင်းအိမ်အသစ် ရှာတာ ကို မစောင့်နိုင်လောက်တော့ဘူး။ တကယ်လို့ သူမရဲ့ ရောဂါကို မရပ်တန့် နိုင်ဘူးဆိုရင် ၂ ရက်အတွင်းမှာပဲ သူမသေတော့မှာ။ ဥထဲက ကလေးလေး က မကြာခင်မှာပဲ အကောင်ပေါက် လာတော့မှာ။ သူ့မိခင် သေသွားရင် ကလေးကို အစာကျွေးဖို့ ဒုက္ခ များသွားနိုင်တယ်။ ''

ထိုစကားတွေက စိတ်ကြီးဝင်နေတဲ့ လင်းယုန်သားရဲတွေကို လေးလံတဲ့ ကြောက်တုံးကြီးနဲ့ ထုချ လိုက်သလိုပဲ။ လင်းယုန်သားရဲ ခေါင်းဆောင်က သူ့လက်မောင်းထဲက အမျိုးသမီး ကို အောက်ကို ချပေးလိုက်ပြီးတော့ ခက်ခဲစွာ ခေါင်းငုံ့ပြီး အေးစက်နေတဲ့ အသံနဲ့ အသနားခံခဲ့တယ်။

'' ကျေးဇူးပြုပြီး မျိူးနွယ်စု စုန်းမ ။ ငါ့ရဲ့ အမျိူးသမီးကို ကယ်ပေးပါ။ သူ့ကို ကယ်ပေးနိုင်သရွေ့ ငါ့ဆီက ဘာမဆို တောင်းဆို နိုင်ပါတယ်။ ''

'' မဟုတ်ဘူး လန် ငါ့အတွက် ဒီလို လုပ်စရာ မလိုပါဘူး။ ငါ အဆင်ပြေပါတယ်။ ''

အမျိုးသမီးမှာ စိတ်သောက ရောက်စွာနဲ့ တစ်ခြားသူတွေ ကို ခေါင်းငုံ့ပြီး တောင်းဆိုနေတဲ့ သူမ မိတ်ဖက်ကို ကြည့်ကာ အမြန်တားလိုက်တယ်။

'' ငါက မျိူးနွယ်စု စုန်းမ မဟုတ်ပါဘူး။ မင်းမိန်းမရဲ့ ရောဂါက ငါ့မိန်းမရဲ့ ရောဂါနဲ့ တူနေလို့ပါ။ ဒါကြောင့်မလို့ ငါက အဲ့ရောဂါကို နားလည်နေတာ။ ဒါပေမယ့် သူမကို ကယ်နိုင်မလား ဆိုတာကတော့ ငါလည်း မသေချာဘူး ''

'' ဒါဆိုရင် သူမကို ကယ်ပေး ပါအုံး။ ကျေးဇူးပြုပြီး ။ ငါတို့ မျိုးနွယ်စုက စုန်းမက ရောဂါ ဖြစ်ပြီး သေသွားတာမလို့ပါ။ သူမကို ကယ်ပေးပါအုံး။ ''

အမျိုးသမီးရဲ့ ဖျောင့်ဖျ နေမှုကို မသိချင်ယောင် ဆောင်ထားကာ သူက တုန်ရီစွာ ဆက်ပြီး တောင်းဆိုလိုက်တယ်။

'' မင်းအမျိုးသမီးပဲ ဖြစ်စေ ကလေးလေးပဲ ဖြစ်စေ ခရီးဝေးသွားဖို့ အဆင်မပြေဘူး။ တကယ်လို့ မင်းတို့သာ ဒီမှာနေချင်ရင် ငါတို့ခေါင်းဆောင်ကို ပြောသင့်တယ် ''

ချီဟန်က ရေခဲလို မျက်နှာကို ကြည့်ပြီးတော့ မျိုးနွယ်စု ထဲမှာ အိမ်အလွတ်တွေ အများကြီး ရှိတယ်ဆိုတာ သတိရတော့ သူ့ရဲ့ စိတ်ထဲမှာ အမှောင်ဘက်ကို ပြောင်းသွားတယ်။ တကယ်လို့ သူသာ လင်းယုန် တစ်ချို့ကို ဆွဲထားနိုင်ခဲ့ရင် အနာဂတ်မှာ တစ်ခြားနေရာတွေကို မြန်မြန် သွားပြီး ရှာဖွေ ကြည့်လို့ရတာပေါ့။  ပင်းက သူတို့ မျိုးနွယ်မှာ အမြဲနေမယ့် သူမဟုတ်ပေမယ့် သူ့အတွက် တော့အကျိုးအမြတ် အနည်းငယ် ရအောင် လုပ်ဆောင် သင့်တယ်လေ။

'' ခေါင်းဆောင်.....  ''

သူတို့က လင်းယုန် ခေါင်းဆောင်ကို စိတ်ပူစွာ ခေါ်လိုက်တယ်။ သူတို့ မျိုးနွယ် က ထိခိုက်မှုကြောင့် မျိုးနွယ်စု စုန်းမ က သေသွားပေမယ့် မျိုးနွယ်သားတွေနဲ့ ခေါင်းဆောင်က ရှိနေဆဲပဲလေ။ တကယ်လို့ သူတို့ ခေါင်းဆောင်သာ တစ်​ခြား မျိုးနွယ်ရဲ့ ခေါင်းဆောင်ဆီမှာ နေထိုင်ဖို့ ခွင့်သွားတောင်း ခံ ရမယ်ဆိုရင် မျိုးနွယ်စုက အောက်ကျို့ပြီး ထိုမျိုးနွယ်စု ရဲ့ လက်အောက်ကို ဝင်ရမှာကို ပြောတာပဲ မဟုတ်လား။

ထိုသားရဲလူသားဟာ သွေးတွေ ဆက်တိုက်စီးကျ နေတဲ့ သူ့ရဲ့ ဖြူဖျော့နေကာ တုန်ရီနေတဲ့ အမျိုးသမီးကို တစ်လှည့် သူ့မျိုးနွယ်သားတွေကို တစ်လှည့်ကြည့် ပြီးတော့မှ သူက သေချာ ပြောလိုက်တယ်။

'' ငါက မင်းတို့ရဲ့ ခေါင်းဆောင် မဟုတ်တော့ဘူး။ မင်းတို့ ဘာသာပဲ ခေါင်းဆေူင် အသစ်ရွေးလိုက်ကြတော့။ ငါဒီမှာ နေခဲ့မှ ဖြစ်မယ် ''

'' ခေါင်းဆောင် မင်း ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။ ငါတို့ ကို မင်းဘာလို့ ထားခဲ့နိုင်တာလဲ ''

'' ငါတို့ကကောင်းကင်မှာ ကြီးစိုးတဲ့ သူတွေလေ။ ဘယ်လိုလုပ် ငါတို့က ကုန်းမြေမျိုးနွယ်စု မှာ နေထိုင်နိုင် မှာတဲ့လဲ''

'' မင်းတို့က ဆိုရာနဲ့ သူများတွေ လိုမျိုး နေထိုင်ချင်လို့လား ''

သူ့ရဲ့ အနောက်က လူတွေက တုန်လှုပ်နေကြတယ်။ ဒါပေမယ့် တစ်ချို့ သားရဲလူသားတွေကတော့ အကြောင်း တစ်စုံတစ်ရာကြောင့် ဒေါသတကြီး ပြောဆိုလာကြတယ်။

'' ဆိုရာက ငါတို့ရဲ့ များပြားလှတဲ့ လင်းယုန်တွေ ထဲက ခွန်အားကြီးတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဆိုတာကတော့ ငါတို့ ဝန်ခံပါတယ်။ အဲ့မတိုင်ခင် တုံးက ငါသူ့ကို အထင်သေးခဲ့တယ်။ ငါနဲ့သူ ခေါင်းဆောင်နေရာကို လုဖို့ ပြိုင်ပွဲ လုပ်ခဲ့တယ်။ ဒါပေမယ့် ငါက ကျရှုံးသွားပြီးတော့ ငါ့နောက်လိုက် လင်းယုန်တွေကို ခေါ်ပြီး သူတို့နဲ့ ဝေးရာကို သွားခဲ့တယ်။ ငါ့ရဲ့ ကျရှုံးမှုကို ငါဝန်ခံ ပါတယ်။ ဘာမှမရှိတဲ့ အုပ်စုကနေ လူအယောက် ၄၀ ထက်ပိုလာခဲ့တယ်။ ပြီးတော့ မင်းတို့လည်း မြင်ရဲ့သားပဲလေ။ ငါတို့ပဲ ကျန်တော့တယ်။ ငါက မင်းနဲ့  အဖေအတွက် အရမ်း အရှက်ရစရာ ပါပဲ ''

လင်းယုန်က စကားပြောနေတုံး အရမ်း ဝမ်းနည်းနေဟန်ပဲ။ တစ်ခြား လင်းယုန်တွေ ကလည်း ပိုပြီးတော့ ဝမ်းနည်းကာ ဒေါသ ထွက်လာကြတယ်။

ချီဟန်က အေးစက်စွာ လှောင်လိုက်တယ်။ သူတို့သာ ကောင်းကောင်း လာခဲ့မယ်ဆိုရင် တစ်ခြား သူတွေ ကလည်း ကောင်းကောင်း ကြိုဆိုမှာပါ။ ပြီးတော့ သူတို့က အနိုင်ကျင့်ပြီး နေချင်တယ် ဆိုရင်တော့ ချီဟန် က လက်ခံမခံ ဆိုတာ ကြည့်ဖို့လိုသေးတယ်လေ။

( နေလည်း နေချင်တယ် မာနကလည်း မချဘူး ဆိုတဲ့ အနေအထားပါ)

'' ငါတို့ အိမ်မှာ အခန်း တစ်ချိူ့ ရှိပါသေးတယ်။ အဲ့နေရာမှာ အရင်ဆုံး နေလိုက်ပေါ့။ တစ်ခြားပြော ရရင် မင်းက မင်းရဲ့ မိန်းမ ရောဂါကို ကုပြီး ကလေးကို ပျိုးထောင် နိုင်တာပေါ့။ ပြီးတော့ နောက်အကျိူး တစ်ခု ကလည်း မင်းတို့နေမယ့် နေရာ အသစ်ကို အေးချမ်းစွာ ရှာလို့ ရတာ ပေါ့လေ။ ''

ထိုစကားပြော ပြီးတာနဲ့ ချီဟန်က သူ့ကိုသူ မိတ်ဆက်လိုက်တယ်။ သူက ထိုနေရာကို မလိုချင်ပေမယ့် လူတိုင်းက ပေးထားပြီး သူနေရာအမှန်ကလည်း ထိုနေရာပဲလေ။

'' ငါက ဒီမျိုးနွယ်ရဲ့ မျိုးနွယ်စု စုန်းမပါ ''

ချီဟန်က အမြဲတမ်း အိပ်ပျော်နေတဲ့ ချန်ရှီး လေးကို ပွေ့ထားကာ ပြောလိုက်တယ်။ မျိုးနွယ်စု စုန်းမရဲ့ စကားက ခေါင်းဆောင် ပြောတဲ့ စကားနဲ့ ညီမျှတယ်လို့ ဒီက လူတွေ တွေးကြတယ်လေ။

ချီဟန်ရဲ့ သဘောထား ကြောင့် ဆန့်ကျင်ဘက်က ပြောဆို နေကြတဲ့ သားရဲလူသားတွေ အနည်းငယ် ရှက်သွားကြလေတယ်။

'' ဒါဆိုလည်းမင်းကို အရမ်း ကျေးဇူးတင်ပါတယ်။ ''

'' ဒါက ငါတို့ဘက်က မင်းကို လက်ခံပြီး မင်းမိန်းမကို ပြန်ကောင်းအောင် လုပ်ပေးရုံတင်ပါ။ မင်းက ငါတို့ကို ဘာပြန်ပေး နိုင်မှာလဲ?''

ချီဟန်ရဲ့ စကားက ပြောင်းလဲ သွားတယ်။ ကမ္ဘာပေါ်မှာ အလကား ရတဲ့ စားပွဲဆိုတာ မရှိဘူးလေ။

သားရဲ ကမ္ဘာမှာ တစ်ပါးသူကို ကူညီတာက ဘာဆုမှ မရပေမယ့် အကူညီခံရတဲ့ သားရဲလူသားက တစ်ဖက်သားကို တက်နိုင်တဲ့ နည်းလမ်းနဲ့ ပြန်ပေးဆပ်ရတယ်။ ဒါက စတွေ့တွေ့ချင်းမှာတင် ဘယ်လို ပြန်ပေးဆပ် မလဲ ဆိုတာ မေးခံရတဲ့ ပထမဆုံး အကြိမ်ပါပဲ။

တုံနဲ့ တစ်ခြား သူတွေက ချီဟန်ရဲ့ စကားကို ကြားတော့ အရမ်း အံ့သြ သွားပါတယ်။ ဒါပေမယ့် သူတို့က ဒီလိုမျိုး ပြန်လုပ် သင့်တယ်လို့ ခံစားမိတယ်လေ။

ပင်းက ချီဟန်ကို အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ ဒီကောင်ငယ်လေးက မလွယ်ကူဘူး ဆိုတာကို စူအသိအမှတ် ပြုမိတယ်။ ဒါပေမယ့် ထိုစကားကို လင်းယုန်သားရဲ ကြားတော့ သူက စိတ်သက်သာ ရာ ရသွားလေတယ်။

'' ကြီးမြတ်လှတဲ့ မျိုးနွယ်စု စုန်းမ သင်ဘာအလိုရှိပါသလဲ''

'' မင်းငါ့ကို  အပြင်လိုက်ပို့ရမယ် အချိန်က တစ်နှစ်ပဲ နေရမယ်။ တစ်နှစ်ဆိုတဲ့ အချိန်က မင်းတို့နေရာသစ်ကို ကောင်းကောင်း ရှာနိုင်သလို မင်း မိန်းမကို ပြန်ကောင်းအောင် ကုသပေးဖို့ လိုတဲ့ အချိန်ပဲလေ''

'' ခေါင်းဆောင်.. ''

တစ်ချို့ လင်းယုန်တွေက အနည်းငယ် စိုးရိမ်သွားကြတယ်။ ဒီမျိုးနွယ်စု စုန်းမရဲ့ တောင်းဆိုမှုက ခေါင်းဆောင် တစ်ယောက်ကို မထီမဲ့မြင်ပြုတာနဲ့ တူနေပေမယ့် ငြင်းဆိုဖို့ရာ သူ့မှာ အားအင်မရှိခဲ့ပေ။

'' ကောင်းပြီ''

လင်းယုန်သားရဲက ပြုံးလိုက်တယ်။ သူက တစ်ဘဝလုံး သူများရဲ့ စီးတော်ယဥ် ဖြစ်ပြီလို့ ထင်ပေမယ့် ဒါက တစ်နှစ်ထဲပဲ တဲ့လေ။ သူ့ရဲ့ မိန်းမနဲ့ သားပေါက်လေး အတွက် ဒီလောက်လေးပဲ ပေးဆပ်ရတာတော့ တန်ပါတယ်လေ။

'' ဒီလိုဆိုရင်တော့ ငါဒီ တစ်နှစ်မှာ စိတ်အေး လက်အေး ထားနိုင်ပြီပေါ့။ အခွင့်အရေးပေးတဲ့ ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမကို ကျေးဇူးတင်ပါတယ် ''

တစ်ဖက်လူက သူတို့လင်းယုန်ခေါင်းဆောင်ကို ​ကြီးကျယ်တာတွေ ပြန်မဆပ်ခိုင်းတာကြောင့် တိတ်တဆိတ်ပဲ သက်ပြင်းချလိုက်မိကြတယ်။

အလျင်စလိုဖြင့် အခုမှာတော့ သူတို့ရဲ့ မိသားစုတွေကို ပြောင်းရွေ့စရာ နေရာ မရှိခဲ့ပါချေ။

......................................
ဗုဒ္ဓဟူးနေ့ တိုင်း တစ်ပိုင်း တင်သည်!

Czytaj Dalej

To Też Polubisz

817K 101K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
5.4K 258 11
Not my own novel. Fan translation only 🔺 ခွင့်ပြုချက်မယူထားပါ 🔺 Credit for owner and English translator
142K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...