တစ်ခြား ကမ္ဘာမှာ တောင်ယာလုပ်မ...

By Kyiphyuswe

248K 34.3K 626

အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွား... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4.1)
အပိုင်း (4. 2)
အပိုင်း (5.1)
အပိုင်း( 5. 2)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း 12
အပိုင်း (13.1)
အပိုင်း (13. 2)
အပိုင်း (14)
အပိုင်း (15)
အပိုင်း (16)
အပိုင်း (17.1)
အပိုင်း(17.2)
အပိုင်း (18)
အပိုင်း ( 19)
အပိုင်း ( 20)
အပိုင်း (21)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27. 1)
အပိုင်း (27. 2)
အပိုင်း (28.1)
အပိုင်း (28. 2)
အပိုင်း (29)
အပိုင်း (30)
အပိုင်း ( 31.1)
အပိုင်း (31. 2)
အပိုင်း(32)
အပိုင်း (33)
အပိုင်း (34.1)
အပိုင်း (34.2)
အပိုင်း (35.1)
အပိုင်း (35. 2)
အပိုင်း (36.1)
အပိုင်း (36. 2)
အပိုင်း (37.1)
အပိုင်း (37. 2)
အပိုင်း (38. 1).
အပိုင်း (38. 2)
အပိုင်း (39)
အပိုင်း (40.1)
အပိုင်း (40.2)
အပိုင်း (41. 1)
အပိုင်း (41.2)
အပိုင်း( 42. 1)
အပိုင်း (42. 2)
အပိုင်း (43. 1)
အပိုင်း (43.2)
အပိုင်း (44. 1)
အပိုင်း (44. 2)
အပိုင်း (45 .1)
အပိုင်း (45. 2)
အပိုင်း (46. 1)
အပိုင်း (46. 2)
အပိုင်း (47. 1)
အပိုင်း (47. 2)
အပိုင်း (48. 1)
အပိုင်း (48. 2)
အပိုင်း (49. 1)
အပိုင်း (49. 2)
အပိုင်း (50. 1)
အပိုင်း (50. 2)
အပိုင်း (51.1)
အပိုင်း (51. 2)
အပိုင်း (52. 1)
အပိုင်း (52. 2)
အပိုင်း (53. 1)
အပိုင်း (53. 2)
အပိုင်း (54. 1)
အပိုင်း (54. 2)
အပိုင်း (55)
အပိုင်း (56. 1)
အပိုင်း (56. 2)
အပိုင်း (57. 1)
အပိုင်း (57. 2)
အပိုင်း (58. 1)
အပိုင်း (58. 2)
အပိုင်း (59.1)
အပိုင်း ( 59. 2)
အပိုင်း (60. 1)
အပိုင်း (60.2)
အပိုင်း (61.1)
အပိုင်း (61.2)
အပိုင်း( 62. 1)
အပိုင်း (62. 2)
အပိုင်း (63. 1)
အပိုင်း (63. 2)
အပိုင်း (64. 1)
အပိုင်း (64. 2)
အပိုင်း (65. 1)
အပိုင်း (65. 2)
အပိုင်း (66.1)

အပိုင်း (22)

2.9K 462 7
By Kyiphyuswe

(22)

ချီဟန် တစ်ယောက် သူလိုချင်နေတဲ့ ပစ္စည်းတွေနဲ့ သူရှာဖွေနေတဲ့ အရည်အချင်း ရှိသူတွေ ကို သုံးရက်အတွင်းမှာပဲ အပြီး ရှာနိုင်ခဲ့တဲ့ အတွက်ကြောင့် အရမ်းကို စိတ်ကောင်း ဝင်နေခဲ့လေတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က သူတို့ မျိုးနွယ်စု ထဲက သားရဲတစ်ဝက်တွေနဲ့ သားရဲထီးတစ်ချို့က စုဝေး ပွဲက သူတို့တွေ့ ရသမျှကို ချီဟန်ဆီလာပြီးတော့ ပြောပြ ကြလေတယ်။ ထိုလူတွေထဲက အများဆုံး ပြောကြတာ က ​ကျားဖြူ မျိုးနွယ်စု အကြောင်းပဲ ဖြစ်လေတယ်။

ဂျိုအန်းက သူ့ရဲ့ ခါးလေးကို ပင့်ကာ လှုပ်လိုက်ရင် တချွင်ချွင် မြည်တဲ့ ခေါင်းလောင်းလေးတွေ ပါတဲ့ ကြိုးလေးကို ဝတ်ဆင် ထားပြီး ရက်အနည်းငယ်တုံးက မှုန်မှိုင်းနေတဲ့ စိတ်အခြေအနေတွေ ကွယ်ပျောက် သွားတာကို တွေ့ရလေတယ်။ ပြီးတော့ ခါးက ကြိုးလေးမှာ တန်ဆာဆင်ထားတဲ့ ကျောက်မျက်ရတနာလေးတွေက ညနေခင်းရဲ့ နေအလင်းပြန်မှု အောက်မှာ တလက်လက် တောက်ပ နေခဲ့တယ်။

'' ငါ့မှာလေ ဒါလေးတွေ ရဖို့ ကျားဖြူ မျိုးနွယ် ဆီမှာ ဂျိူရှည်ရဲ့ ခေါင်းသုံးလုံးနဲ့ လယ်လှဲခဲ့ရတာ။ ကျားဖြူမျိုးနွယ်က ငါတို့ဘေးနားက အသန်မာဆုံး မျိုးနွယ်ပဲလေ။ ငါကြားတာကတော့ ဒီလိုကျောက်တုံး မျိုးတွေက မြေကြီးရဲ့ ဟိုးအနက်ဆုံး အပိုင်းတွေမှာ ပဲတွေ့ရတာတဲ့။ သူတို့တွေ အဲ့တာကို ဘယ်လို တူးကြသလဲ ဆိုတာတော့ ငါလည်း မသိဘူး။ လာကြည့်အုံး''

ဂျိုအန်းက ယောင်ကို ရှက်ရွံစွာနဲ့ သူဝယ်ခဲ့တဲ့ ခါးကြိုးလေးရယ် ၊ လည်ဆွဲလေးရယ် ကို ထုတ်ပြနေတဲ့ အချိန်မှာ ယောင်ကတော့ သူ့ကို ငေးမောနေတဲ့ အတွက်ကြောင့် ဂျိုအန်းတစ်ယောက် ရှက်သွေးဖြာ သွားလေတယ်။ ကြည့်ရတာတော့ သူတို့ နှစ်ယောက် ပြန်ပြီး အဆင်ပြေ သွားပြီနဲ့ တူပါတယ်။

'' ဒီလို မျိုး အရာ သေးသေးလေး အတွက် ဂျိုရှည်ကောင် ခေါင်းသုံးလုံး ။ မင်းရဲ့ သတ္တိ ကတော့ အရမ်းကို အံမခန်းပဲ။ ငါ့မိသားစု ထဲက လူပြောတာတော့ အဲ့တာတွေက အသုံးမဝင် ဘူးတဲ့လေ။ သူက ငါ့အတွက်ဆိုပြီးတော့ ပိုင်ဟူ မျိုးနွယ်စု က​နေ အမွှေးရှည် ယုန်သားရေစ အနည်းငယ် ကို လဲပေးခဲ့တာလေ။ ငါကြားတာ ကတော့ ဒီအမွေးရှည် ယုန်ဖြူက နှင်းတောင်တွေ ပေါ်မှာနေတာတဲ့လေ။ သားမွေးတွေက နူးညံပြီးတော့ နွေးထွေးတယ် တဲ့။ ဆောင်းတွင်း အတွက် သားမွှေးအပေါ်ထည် လုပ်ဖို့ သင့်တော်တာပေါ့ ''

ထို မေ့လျန် ဆိုတဲ့ သားရဲတစ်ဝက်က သူ့ရဲ့ ကိုယ်ပိုင် သားရဲထီးကို တစ်ချက်ကြည့်ကာ ဝယ်ပေးတဲ့ ပစ္စည်းကို မကြိုက်တာလား ဒါမှမဟုတ် ကြွားဝါ လိုတာလား ဆိုတာကို မသိပဲ ပြောလိုက်တာကြောင့် လူတိုင်းက ထပ်ပြီးတော့ မနာလို အားကျသွားတော့တယ်။

( ငါ့လည်း မိတ်ကပ်လေး တို့ ဂိမ်းစကင်လေးတို့ ဝယ်ပေးမယ့် ရည်စားလေးတော့ လိုချင်ထှာ 😞)

ချီဟန်ကတော့ သူ့ရဲ့ မျက်နှာပေါ်မှာ သကြားတွေ ဖြူးထားသလိုကို ချိုနေခဲ့တယ်။ ကြည့်ရတာတော့ ရှေးခေတ် အချိန်တွေ ကတည်းက လက်တွဲဖော်( မိန်းမ) တွေကို ဒီလိုနည်းနဲ့ပဲ ချော့မော့ လာကြတာပေါ့လေ။

အဟွတ် အဟွတ်!

ချီဟန်က အမှန်တကယ့်ကို ယသားရဲ( သားရဲတစ်ဝက်) တွေကို ကမ္ဘာပေါ်က မိန်းမတွေနဲ့ ယှဥ်မိလိုက်တယ်။

'' ဟေး ၊ မျိုးနွယ်စု ခေါင်းဆောင် နဲ့ မျိုးနွယ်စု စုန်းမ ၊ ပြန်လာကြပြီလား ။ ဘာလို့ လက်ဗလာနဲ့လဲ ။ ဘာမှ ပြန်မလဲ လာကြဘူးလား ''

ယသားရဲ ချင်းဇီပြော အလှည့်ရောက့နေပေမယ့် အထဲကို ဝင်လာတဲ့ ချီဟန်နဲ့ တုံ ကို တွေ့လိုက်တာကြောင့် လှမ်းမေး လိုက်တာပဲ ဖြစ်လေတယ်။

တုံဟာ ယသားရဲတွေ ပြောတာကို ကြားပြီးပြီ ဖြစ်လို့ သူ့အနေနဲ့ အနည်းငယ် မသက်မသာဖြစ်သလို ခံစားနေရတယ်။ သူက ချီဟန်အတွက် ဘာကိုမှ မလဲပေးခဲ့ရဘူး။ ဒီအချိန်မှာပဲ သူက သူ့ရဲ့ ယသားရဲလေးကို လူရှေ့သူရှေ့မှာ အလိုမလိုက်နိုင်တဲ့ ဆိုးဝါးတဲ့ သားရဲထီးတစ်ကောင် ဖြစ်သွားလေပြီ။ သူက ရုတ်တရက်ပဲ ဖိအားအတော်များများ ကို ခံစားလိုက်ရတယ်။

'' ငါတို့ သွားတဲ့နေရာမှာတော့ စိတ်ဝင်စားစရာတွေ မတွေ့သေးဘူး။ စုဝေးပွဲကလည်း နောက် ရက်အနည်းငယ် ကြာအုံးမှာပဲလေ။ အဲ့ကျမှ စျေးဝယ်ထွက်ကြမလို့ ''

ချီဟန်က တုံဘက်ကနေ ပြီးတော့ ကာပြောပေးလိုက်တယ်။ သူ့အမျိုးသားက တကယ်ကြီးကို တုံးအရူးမိုက်တာ။ တကယ်လို့ ဂျိုရှည် သုံးခေါင်းနဲ့ အသုံးမဝင်တဲ့ ကျောက်တုံးတွေကို ပြေးလဲနေရင် ဘယ်လိုလုပ်မလဲ။ ခေတ်သစ်မှာ အရမ်းအဖိုးတန်တဲ့ ကျောက်မြတ်တွေက အခုတော့ ချီဟန်ရဲ့ မျက်လုံးထဲမှာ အသုံးမဝင်တာတွေ ပဲ ဖြစ်လေတယ်။

ဒါကြောင့် သားရဲလူသားထီးတွေ အမဲလိုက်ထားရတဲ့ ဂျိုရှည်ကောင်တွေကို အသုံးဝင်တဲ့ ဟာတွေ ကို ပဲလှဲစေချင်လေတယ်။

'' အဖြူရောင်ကျား မျိုးနွယ်ဆီကိုသွားလေ။ အဲ့မှာ မင်းလိုချင်တဲ့ ဟာတွေ ရှိလောက်တယ် ''

ဟုန်ယွင် ( အနီရောင်တိမ်) က ချီဟန်ကို ပြုံးပြီး ကြည့်လိုက်တယ်။ သူတို့အချင်းချင်း ပြုံးပြီး ကြည့်နေကြ ပြီးတော့မှ ချီဟန်က ဟုန်ယွင် ရဲ့ ဘေးနားမှာ ဂရုတစိုက်နဲ့ ဝင်ထိုင်လိုက်တယ်။

ချီဟန်က ဟုန်ယွင် မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာကို သိလိုက်ရပြီး ကတည်းက သူ့ကိုတွေ့တိုင်း ဗိုက်လေးကို မသိလိုက်ပဲ ကြည့်နေမိကာ ဟုန်ယွင်နဲ့လည်း အကွာအဝေး တစ်ခု သေချာ ခြားထားလေတယ်။

'' မင်းကော ဒီရက်တွေ ထဲမှာ ဘာတွေ လဲခဲ့သေးလဲ ''

'' ငါ့မှာ ဘာထူးဆန်းတာတွေမှ မလဲ ခဲ့ရပါဘူးကွာ။ အကုန်လုံးက ကလေးတွေ အတွက် အသုံးအဆောင်တွေ ပါပဲ''

သူက စကားပြောပြီးတာနဲ့ ရှက်သွေးဖြာ သွားတော့တယ်။ ဘာလို့များ သူတိူ့က အရမ်းတွေ ရှက်သွေးဖြာနေကြတာ လဲ ဆိုတာကို ချီဟန် မသိတော့ပေ။ လူတိုင်းက သူ ကိုယ်ဝန် ရှိနေတာကို အချိန်အတော် ကြာကြီး ကတည်းက သိနေပြီ ​ဖြစ်ပေမယ့် သူ့ဗိုက်လေး အကြောင်း ပြောတိုင်း ဟုန်ယွင် ကတော့ ရှက်သွေးဖြာ စမြဲပဲ။

အဒေါ်ချီရှီး ( အဒေါ်လို့သာ ပြောတာ ယသားရဲ) က ဟုန်ယွင် ဘာ တွေလဲ ခဲ့သလဲဆိုတာကို သိလေတယ်။ ထိုဟာတွေက နို့ထွက်အသီးတွေ ဖြစ်ပြီးတော့ ကလေးတွေ စားဖို့ပဲ ဖြစ်လေတယ်။ ယသားရဲတွေက နို့မထွက်တာကြောင့် သားပေါက်လေးတွေက နို့ထွက် အသီးကို သာစားကြရလေတယ်။

သားရဲလူသား ပေါက်စလေးတွေက ကြီးထွားတာ မြန်ပြီးတော့ သားပေါက်ပြီး တစ်လ ဒါမှမဟုတ် နှစ်လ အကြာမှာပဲ အသားကင်ကို စစားနိုင်ပြီ ပဲ ဖြစ်လေတယ်။

ပြောမှပဲ နို့ထွက် အသီးတွေက ထိုနေရာနဲ့ အရမ်းကို ဝေးကွာတဲ့ ပူပြင်းလှတဲ့ နေရာတွေမှာပဲ ပေါက်တာ ဖြစ်လေတယ်။ ဟုန်ယွင်က ရှက်နေတာကို တွေ့တော့ သူကပဲ စကားပြန်စ ပေးလိုက်တယ်။

'' မင်းတို့ အကုန်လုံးက ဒီနေရာမှာ အတူတူ အဖော်ပြုပြီး စုဝေးနေကြတာပဲ။ မင်းတို့နဲ့ အတူရှိရတာ ကောင်းချီးပါပဲ''

အတူ တကွ ရှိနေကြတယ် ဆိုတဲ့ စကားကို ကြားပြီးတော့ တစ်ချို့စုံတွဲ အနည်းငယ် ကတော့ ရှက်သွားကာ မသက်မသာ ဖြစ်သွားကြလေတယ်။

ကျားဖြူ မျိုးနွယ်က ထင်ရှားပြီး ကြီးမားတဲ့ မျိုးနွယ်စု ပဲ ဖြစ်လေတယ်။ ထိုမျိုးနွယ်စု ထဲမှာ ကျားသားရဲလူသား၊ ခြင်္သေ့ သားရဲလူသားတွေနဲ့ လင်းယုန် သားရဲ လူသား အနည်းငယ် တို့ဖြင့် ဖွဲ့စည်းထားတာပဲ ဖြစ်လေတယ်။

ထိုမျိုးနွယ် ကနေ နှစ်ရာပေါင်း များစွာ အထိသူရဲကောင်း တွေကိုမွေးထုတ်ခဲ့ပြီးတော့ ထိုကနေ ထွက်လာတဲ့ ကျားဖြူ သားရဲ ထီး သူရဲကောင်းတွေ ဆိုရင် သားရဲလူသားလောက မှာ ကမ္ဘာကို ကွဲကြေသွားစေတဲ့ အထိ ပြောင်းလဲမှုတွေ လုပ်နိုင်တယ် ဆိုပဲ။

ကျားဖြူ မျိုးနွယ်က အရမ်းကို စွမ်းအားကြီးတာမလို့ စားစရာတွေလည်း အများကြီးရှိလေတယ်။ ဒါကြောင့် နောက်ပိုင်း မျိုးဆက်တွေရဲ့ အသက်ရှင်နှုန်းတွေ ကလည်း အရမ်းကိုမြင့်မားလေတယ်။ ထို့အတွက်ကြောင့် သားရဲလူသားတွေက ထိုမျိုးနွယ်ထဲကို ဝင်လိုကြတယ်။ ဒါပေမယ့် ကျားဖြူ မျိုးနွယ်မှာ လူမဆန်တဲ့ စည်းမျဥ်းရှိလေတယ်။ အဲ့တာက အသုံးမဝင်တဲ့ သားရဲလူသားတွေကို ပျိုး​ထောင် မပေးတာပဲ ဖြစ်လေတယ်။ ပြီးတော့ မသန်စွမ်း သားရဲလူသားတွေနဲ့ သားရဲလူသား အိုတွေ အကုန်လုံးကို အဝေးဆီ မောင်းထုတ်ပစ်တာပဲ ဖြစ်လေတယ်။

အမျိုးသမီးတွေနဲ့ ယသားရဲ တွေ အများစုက ကျားဖြူမျိုးနွယ်ရဲ့ စျေးဆိုင် ရှေ့မှာပဲ ရပ်လေ့ ရှိကြတယ်။ သူတို့လဲလှယ်ကြတာက အစားအစာ တစ်ခုထဲတင် မဟုတ်ပါဘူး။ သူတို့မျိုးနွယ်က အစကတည်းက မမြင်ဘူး တဲ့ ပစ္စည်းတွေ ကိုလဲ လဲလှယ်ကြပါ သေးတယ်။

ချီဟန် ခမျာ ထိုနေရာကို ကြည့်ဖို့ တိုးဝှေ့ ဝင်နေရလေတယ်။ ကျားဖြူ မျိုးနွယ်ရဲ့ စျေးဆိုင်က မီတာ ၂၀ ၊ ၃၀ လောက်ကို ရှည်ပါတယ်။

အရာရာတိုင်းရဲ့ ထိပ်မှာ အညွှန်းလေးတွေ တပ်ပြီး ခွဲပေးထားပါတယ်။ ထိုထဲမှာ အစားအစာတွေ ၊ ကျောက်မျက်တွေ၊ ဆေးပင်တွေ၊ အရင်က မမြင်ဘူးတဲ့ အသီးတွေ အပြင် ပင်လယ်စာ တစ်ချို့တောင် ပါနေသေးတယ်!

ဒီနေရာမှာ ပင်လယ်စာ ရှိနေတယ်။

ဒါက သူတို့က ပင်လယ်နဲ့ နီးနေတယ်လို့ ဆိုလိုချင်တာ မလား?

ပင်လယ် ဆိုတာက သဘာဝ တရားကြီးမှ သူတို့ကို ပေးထားတဲ့ နောက်ထပ် ရတနာ သိုက်ကြီးပဲလေ။ ချီဟန်က ပြန့်ကျဲနေတဲ့ ပုလဲတွေ၊ ရေမှော်ပင်ကြီး ( ပင်လယ်ရေကျောက်ပင်) တွေ၊ ကြယ်ငါးတွေ ၊ ဂုံးကောင်တွေနဲ့ သေးငယ်တဲ့ အမဲရောင် ငမန်းလေးကို ကြည့်လိုက်တယ်။ အမျိုးသမီး မျိုးနွယ်စု ခေါင်းဆောင် လည်ပင်းမှာ ဝတ်ထားတဲ့ ပုလဲတွေက ဒီကနေ ဝယ်​တာပဲ ဖြစ်ရမယ်။

ကြီးမားတဲ့ တဲကြီးကို စျေးဆိုင်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ဆောက်ထားလေတယ်။ တဲ ကြီးရဲ့ ထိပ်ပိုင်းမှာတော့ အစွယ်ရှည်ကျားကြီးရဲ့ ခေါင်းကိုချိတ်ကာ ထိုကောင်ရဲ့ သားရေစ ကိုပါ တွဲထားလေတယ်။

ဒီလောက် အဖိုးတန်တဲ့ သားရေစ ကြီးကို လေနဲ့ နေကြား ထုတ်ထားလို့ ဘယ်သူကမှ မကန့်ကွက်ကြပေ။ ထိုဟာကြီးက မြင်ရတဲ့ လူတိုင်းကို အကြောက်တရားကို ပေးစွမ်းနိုင်နေတယ်လေ။

တဲရဲ့ အနိမ့်ပိုင်း ကတော့ ကျောက်တုံးတွေနဲ့ တည်ထားကာ အပေါ်ပိုင်းကတော့ သားရေစ နဲ့ပတ်ထားလေတယ်။ အဲ့တာက သုံးမီတာထက်ကို ပိုရှည်လေတယ်။ ဒါကြောင့် စုဝေးပွဲ လူအုပ်ကြီးထဲမှာဆို ထိုတဲက အတော့်ကို မြင့်မားစွာ ရှိနေခဲ့တယ်။

မျိုးနွယ်စုဝေးပွဲက ဆယ်ရက်သာ ကြာပေမယ့် ဒီလောက် ကြီးတဲ့ တဲ ကြီးကို ဆောက်နိုင်သေးတယ် ဆိုတာကတော့ ထိုထဲမှာ နေတဲ့ သူက သာမန်မဟုတ်ဘူး ဆိုတာ သိနိုင်လေတယ်။ ချီဟန် ခန့်မှန်း ရသလောက် ကတော့ အဲ့တာက ကျားဖြူမျိုးနွယ်ရဲ့ ခေါင်းဆောင် နေရာပဲ ဖြစ်လိမ့်မယ်။

ထိုလူတွေက အောက်ခံကို ကျောက်တုံးတွေ အသုံးပြုရမယ်မှန်း နားလည်တယ်ဆိုတော့ အိမ်တစ်လုံး ဆောက်ဖို့ဆိုတာကို မူရင်းနည်းနဲ့ နီးစပ်နေပြီ ပဲ ဖြစ်လေတယ်။ ချီဟန် တကယ်ကြီးကို သားရဲလူသားတွေရဲ့ ဉာဏ်ပညာ ကြီးမှုကြီးကို နားမလည်နိုင်တော့ပါ!

ချီဟန်က လျှို့ဝှက်စွာ သက်ပြင်းချနေတုံးမှာပဲ သားရေစက ပွင့်လာပြီး အထဲကနေ ကျက်သရေရှိတဲ့ မျက်နှာနဲ့ အမျိူးသမီးတစ်ယောက် ထွက်လာတာကို တွေ့ရလေတယ်။ ဒါပေမယ့် ထိုအမျိူးသမီး ဝတ်ထားတာက အတော်လေးကို ရင်းနှီးနေလေတယ်။ မနေ့က တွေ့ခဲ့တဲ့ အမျိူးသမီးခေါင်းဆောင် ဝတ်ထားတဲ့ အဝတ်တွေလိုမျိုးပဲ ဝတ်ဆင်ထားတာ ကိုတွေ့လိုက်ရတယ်။

နောက်တော့ အမျိုးသားတစ်ယောက် ထွက်လာတယ်။ သူက သာမန်သားရဲ လူသားတွေလောက်တောင် ကြွက်သားတွေ မရှိခဲ့ပါဘူး။ သူက ပြောမပြနိုင်အောင် ပိန်ပါးပေမယ့် အရပ်ကတော့ အတော်လေး ရှည်ပါတယ်။ သူ့ခေါင်းနဲ့ လည်ပင်းပေါ်က ရှုပ်ထွေးတဲ့ တန်ဆာ ဆင်မှုတွေကို ကြည့်ရတာ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ဟန်ပဲ။

ထိုလူက ကျားဖြူ မျိုးနွယ်ရဲ့ ခေါင်းဆောင် များဖြစ်နေမလား?

ထိုသားရဲလူသား ရဲ့ အသိက မြန်လေတယ်။ သူက ခေါင်းကိုလှည်လိုက်တဲ့အခါ စူးစမ်းလိုတဲ့ ချီဟန်ရဲ့ ကြည့်နေတဲ့ မျက်ဝန်းလေးတွေနဲ့ တိုက်ရိုက် တွေ့ဆုံ သွားတော့တယ်။ ထိုလူမှာ ရှည်လျားကျဥ်းမြောင်းတဲ့ မျက်ဝန်းတွေရှပြီးတော့ နှာခေါင်းက ပုံမှန်ထက် ပိုမြင့်လေတယ်။ ပြီးတော့ နှုတ်ခမ်းအပါးပဲ ရှိလေတယ်။ အကုန်လုံး ခြုံကြည့်ရရင် သူက ပုံမှန် သားရဲလူသားထီးတွေ ထက်ကို ပိုသေးလေတယ်။

သားရဲတစ်ဝက်လေး က သူ့ကို ကြည့်နေတာကို ပိန်ရှည်သားရဲထီး တွေ့လိုက်ရတော့ ထိုသူ့မျက်လုံးထဲက မဲမှောင်နေတာတွေက ထူးဆန်းတဲ့ လိင်ပိုင်းမြူဆွယ်မှုတွေ အဖြစ်ပြောင်းသွားတယ်။ ချီဟန်ခမျာ ထိုကဲ့သို့ ပြန်အကြည့် ခံလိုက်ရတာကြောင့် စိတ်ထဲမှာ အေးစက်သွား သလိုကို ခံစားလိုက်ရ တယ်။

သူက ဘာလို့ အဲ့လို တွေးမိမှန်း မသိတော့ပေ။ ဒါပေမယ့် အဲ့သားရဲထီး ဆီကနေ အဲ့လိုမျိုး စိုက်ကြည့် ခံလိုက်ရ ကတည်းက ထွက်သွားဖို့ မလွယ်ကူတော့ ဘူးဆိုတာကို ခံစားမိလေတယ်။

ချောင်ယွမ် မျိုးနွယ်စုက လူဦးရေ နည်းနေသေးပြီးတော့ အခြေခံ ကလည်း မတည်ငြိမ်သေးပါပေ။

ထိုလူရဲ့ အကြည့်တွေက တွန့်ဆုတ်သွားကာ အမျိူးသမီးမျိုးနွယ်ရဲ့ ခေါင်းဆောင် ကလည်း ကြည့်နေတာကို ချီဟန် ရိပ်ကနဲ မြင်လိုက်ရတာကြောင့် သူ့ရဲ့ ခေါင်းကို နှိမ့်ကာ တုံ ကို ဆွဲလိုက်ပြီးတော့ လူအုပ်ကြားထဲ ရောကာ အမြန်ပဲ ပုန်းကွယ်လိုက်တယ်။

မျက်လုံးချင်း စက္ကန့်အနည်းငယ် လောက်သာ ဆုံလိုက် ရပေမယ့် ထိုလူရဲ့ မျက်လုံးထဲက စိတ်ကြီးဝင်မှုတွေ ၊ သာမန်ထက်လွန်ကဲတဲ့ အထင်သေးခြင်းတွေနဲ့ ရမ္မက်တွေကို ချီဟန် တွေ့ခဲ့ရလေတယ်။ ချီဟန်က ထိုသားရဲလူသားရဲ့ အကြည့်တွေနဲ့တင် ကပ်ဆိုက်တဲ့ ကာလ ကိုတွေးမိနေပါပြီ။ ဘယ်သူကမှ ထိုအထင်သေး လိုအင်ကြီးတဲ့ သူနဲ့ ညှိနှိုင်း နိုင်မှာ မဟုတ်ပေ။ ထိုလူကဲ့သို့ သူတွေက အထက်ကနေ အုပ်ချုပ်ပြီး စိုးမိုးလိုစိတ်ပြင်းပြ တဲ့ သူတွေပဲ ဖြစ်လေတယ်။

ချီဟန်က လမ်းလျောက်နေတုံး ချောင်ယွမ် မျိုးနွယ်က လူတွေကို ဘယ်လိုမျိုး စုစည်း ရမလဲဆိုတာ ကိုတွေးနေမိလေတယ်။ ချောင်ယွမ်မျိုးနွယ်စုမှာ လူအနည်းငယ်ပဲ ရှိတာက အတော်လေး အပြစ်အနာဆာ ဖြစ်နေလေတယ်။

တုံ က သူ့ရဲ့ ရှောင်ယသားရဲ က အဝေးကို အမြန်ခေါ်သွားတော့ အနည်းငယ်လန့်သွားပေမယ့် ချီဟန်က သူ့ရဲ့ လက်ကိုဆွဲကာ အဝေးကိုသွားနေတော့ တုံတစ်ယောက် စိတ်သက်သာ ရာရသွားလေတယ်။

ထိုကျားဖြူ မျိုးနွယ်က အရမ်းကို အားကြီး လွန်းတယ်။ အားကြီးလွန်းလို့ သူ့ကိုယ်သူ အရှက်ရမိတယ်။ သူက ပိုကြိုးစားပြီးတော့ ပိုပြီး သန်မာလာအောင် လုပ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်။

သူ ပိုပြီး သန်မာ လာရမယ်!

.................... ................ .. . ............ . .......

Continue Reading

You'll Also Like

476K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
5.4K 258 11
Not my own novel. Fan translation only 🔺 ခွင့်ပြုချက်မယူထားပါ 🔺 Credit for owner and English translator
137K 11.4K 138
Title - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yaoi, Harem, Xuanhuan Chapters 113 (+3 extr...