(18)
အောက်ခံ တူးပြီးသွားတဲ့နောက် ချီဟန်က သားရဲလူသားတွေကို ထိုတူးထားတဲ့နေရာမှာ ကျောက်ခဲပြားတွေကို အပေါ်ထိ အဆင့်အဆင့် စဥ် သွားဖို့ကို ညွှန်ကြားနေခဲ့လေတယ်။
ထိုအမြင့်က မြေပြင်ကတော့ ၁.၅ မီတာ မြင့်ပြီးတော့ မြေကြီးအောက်ခြေ ပိုင်းကို မြေပြန်ဖို့ကာ သေချာဖိထားလိုက််တယ်။ အမှန်တကယ်တော့ ကျောက်တုံးတွေကို စဥ်တယ် ဆိုပေမယ့် ကြားနေရာလွတ်တွေကို အစေးကပ်ဘိလပ်မြေနဲ့ လိုက်ဖာခဲ့သေးတယ်လေ။
အိမ်တစ်အိမ်ရဲ့ အပြင်ပန်း ပုံစံ ကတော့ အကောင်အထည် ပေါ်လာပြီပဲ ဖြစ်လေတယ်။
ချီဟန်က လူတိုင်းရဲ့ တာဝန်တွေကို သေချာ လိုက်စစ်ဆေး ပြီးတဲ့နောက် မြေတူးတဲ့ အုပ်စုကို အကြီးမားဆုံး အုတ်ခဲရိုက် ပုံစံခွက်တွေ အများကြီး လုပ်ပေး နိုင်မလားလို့ မေးခဲ့လေတယ်။
ကြီးမားတဲ့ သားရဲလူသားတွေရဲ့ စွမ်းအား နဲ့ အုပ်စုလိုက် လုပ်ကြတာကြောင့် အိမ်ခေါင်မိုး မပါတဲ့ အိမ်တစ်အိမ်ကို တစ်နေ့ထဲ ဆောက်လို့ ပြီးသွားလေတယ်။
အိမ်ထဲမှာတော့ အိပ်ခန်း၊ သိုလှောင်ခန်းနဲ့ ဧည့်ခန်းထဲမှာ မီးဖို ထားထားလေတယ်။
မီးဖိုရဲ့ မီးခိုးခေါင်းတိုင်က အိပ်ခန်းထဲက အနွေးကုတင်အောက် ကနေ ဖြတ်သန်းသွားဖို့ ပိုက်လုံးလိုမျိူး လုပ်ခဲ့တယ်။ ကြီးမားတဲ့ သားရဲလူသားတွေ ရဲ့ အရပ်အမြင့်ကြောင့် ပထမထပ်က ၄ မီတာ မြင့်လေတယ်။ ပြီးတော့ အခန်းတစ်ခု ဆီက ၈၀ စတုရန်း မီတာ ကျယ်ပြီးတော့ အစောက အပြည့်အစုံ ၃ခုပါတဲ့ တစ်အိမ်ခန်းတစ်ခု ဆိုရင် စတုရန်းမီတာ ၂၀၀ ထက်တောင် ကျော်နေသေးတယ်။
ချီဟန်က သူ့အဖိုးအိမ်တုံးက အနွေးကုတင် ဆောက်တဲ့ အချိန်မှာ ရှိနေခဲ့ပေမယ့် သူက ဂရုတစိုက် မလေ့လာခဲ့မိပေ။မီးခိုးခေါင်းတိုင် ရဲ့ အပေါက်က အမြဲတမ်း မီးခိုးတလူလူ ထွက်နေတာ ပဲ မှတ်မိတော့တယ်။
ဒါကြောင့် သူအကြိမ်ပေါင်း များစွာ စမ်းသပ်ပြီးတဲ့ နောက်မှာတော့ မီးခိုးငွေ့တွေနဲ့ မွှန်မနေတော့ပဲ ဘယ််လိုမျိုး အနွေးကုတင်ကို နွေးထွေးစေရမယ်ဆိုတာ ရှာတွေ့သွားခဲ့တယ်။ သူက အနွေးကုတင် အောက်ကို တံခါးလေးလို ဖွင့်လိုက်ပြီးတော့ ထင်းမီးအနည်းငယ် အပူပေးရုံနဲ့ အနွေးကုတင်က ပိုနွေးလာမှာပဲ ဖြစ်လေတော့တယ်။
သားရဲ လူသားတွေက နွေးနေတဲ့ အနွေးကုတင်ကို ထိကြည့်ကြပြီးတော့ သူတို့ကိုယ်သူတို့ မထိန်းနိုင်ပဲ ထိုအပေါ်မှာ ခဏလောက် လှဲ ကြည့်မိကြတယ်။ ထိုခံစားချက်က မီးဖိုဘေးမှာ သားရေစ ပတ်ပြီး အိပ်ရတာထက််ကို ပိုကောင်းလေတယ်။
ချီဟန်က လျှို့ဝှက်စွာနဲ့ ထိုအစေးတွေက မီးနဲ့တွေ့ရင် ပျော်ကျသွားမလား ဒါမှမဟုတ် မီးကူးလောက်လား ဆိုတာကို စမ်းကြည့်ခဲ့တယ်။ အစက သူစိုးရိမ်နေပေမယ့် နောက်တော့ အကောင်းဆုံး ဖြစ်သွားလေတယ်။
လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်။ အိမ်က အမိုးမမိုး ရသေးဘူး ဆိုပေမယ့် အမြင့်နဲ့ ကြီးမားလှတဲ့ အတွင်းပိုင်း ဧရိယာ ကြီးကတော့ တဲထက် ပိုကောင်းလေတယ်။ ပြီးတော့ မာကျောတဲ့ ကျောက်သား နံရံတွေ ကြောင့်လည်း စိတ်သက်သာရာ ရစေတယ်။ ထိုနေရာမှာ အစွယ်ရှည်ကျား ရောက်နေရင်တောင်မှ အမတွေ၊ သားရဲတစ်ဝက် တွေနဲ့ တစ်ခြားသူတွေရဲ့ လုံခြုံရေး ကိုတောင်မှ အာမခံ ပေးလို့ ရနေပြီပဲ ဖြစ်လေတယ်။
ချီဟန်ကတော့ အရမ်းပျော်နေခဲ့ပါတယ်။ ဒါက သူလိုချင်တာနဲ့ အရမ်းကြီး ဝေးကွာနေပေမယ့်လည်း ဒီလိုအဆောက်အဦးကြီး ဆောက်နိုင်ကတည်းက ကောင်းမွန်တဲ့ လက္ခဏာ ပဲလို့ ယူဆလေတယ်!
သူက လူတစ်ချို့ကို သစ်သားတွေကို ပြန်ပြုပြင်ဖို့ ညွှန်ကြားလိုက်ပြီးတော့ ခေါင်းမိုးအခုံး ယှက်ဖို့ ပြောပြခဲ့တယ်။ထိုသစ်သားတွေ ကိုလည်း ကိုင်လိုက်တာနဲ့ တောင့်တင်းအောင် အစေးတွေနဲ့ ကပ်ထားပေး ခဲ့သေးတယ်။ ဒါက မိုးရေတွေနဲ့ ပိုးမွှားကောင်တွေ ဝင်မလာစေနိုင်တော့ဘူး။ ပြီးတော့ နှစ်ပေါင်းများစွာလည်း အသုံးခံ နိုင်မှာပဲ ဖြစ်လေတယ်။ ပြီးတော့ ဖန်တုံး တွေကို နံရံတွေရဲ့ အပေါ်မှာ အစေးတွေနဲ့ သေချာ စီကပ်ထားတာ ကြောင့် အိမ်ထဲမှာ အလင်းရောင် ရတဲ့အပြင် ၊ အထဲကို မမြင်နိုင် သလို မိုးရေတွေ ဝင်လာခြင်းကနေလည်း ကာကွယ်ပေး ထားလေတယ်။
လူတိုင်းက သူတို့ရှေ့မှာ အတူတူ ဆောက်ထားတဲ့ အိမ်ကို ကြည့်ကာ အထဲပိုင်းထိ ဖြစ်ညှစ်ပြီးတော့ ဝင်ကြည့်ကြ ကာ အရမ်းကို ပျော်ရွှင် ချီးမြောက်ကြလေတယ်။
သားရဲလူသား အများကြီးက ထိုညမှာ ထွက်သွားဖို့ ငြင်းဆိုကြလေတယ်။ တစ်ချို့က ကြမ်းပြင်ပေါ်မှာ အိပ်ကာ တစ်ချို့က အနွေးကုတင်ပေါ်မှာ ဝင်အိပ်ကြတယ်။ သူတို့ရဲ့ အိမ်လေးက တံခါးမရှိ အတား မရှိသေးတာကိုတောင် မမှု ကြပါဘူး။ ဒီလိုနဲ့ပဲ အိမ်လေးက လူတွေနဲ့ ပြည့်သွားလေတယ်။
( ငါယိုး 🤣🤣🤣🤣)
နောက်တစ်နေ့မှာတော့ သူတို့က ချီဟန်ရဲ့ အမိန့်ကိုတောင် မစောင့်ပဲ တက်ကြွနေတဲ့ ကလေးတွေလို သူတို့ရဲ့ တာဝန်တွေကို စတင်ပြီးတော့ ဆောင်ရွက် ကြတော့တယ်။ အိမ်တွေဆောက်တဲ့ လုပ်ငန်းကြီးပေါ့လေ။ အတွဲတစ်တွဲစီနဲ့ တစ်ကိုယ်တည်း သမားတွေက အကုန်လူခွဲ ရတာကြောင့် အိမ်ပေါင်း ၄၀ ထက် ကျော်အောင် ကို ချီဟန်ရဲ့ ညွှန်ကြားမှု အောက်မှာပဲ ဆောက်ခဲ့ကြလေတယ်။
ခရမ်းရောင် အမြစ်တွေ ပြောင်းစိုက် ပြီးပါပြီ ဆိုကတည်းက ချွီဟာ နေ့တိုင်း နီးပါး ယာကွက်တွေကို သွားကြည့်မိတယ်။ သူက ဒီနေရာမှာ တကယ်ကြီး နေချင်မိသွားပြီ။ အစနှစ်ရက်ကတော့ အမှောင်ထဲကနေ လျှို့ဝှက်စွာနဲ့ ပြန်ချင်စိတ် ဖြစ်မိပေမယ်လည်းပေါ့။ အခုတော့ သူနဲ့ ယောင်ဟာ လည်း တစ်ကယ် ကို ဆုံးဖြတ်ကြရတော့မယ်။
( ဂျိူအန်း = ချွီ)
အိမ်မှာ နေပြီးတဲ့နောက် ဒုတိယ ရက်မှာတင် ဂျိုအန်း ကလည်း လုံးဝမှကို ထိုနေရာကနေ မခွာချင်တော့ဘူးလို့ ပြောလာခဲ့တယ်။ သူက ဒီနေရာကို အဖေနဲ့ အမေတို့ကို ခေါ်ပြီးတော့ အတူတူ နေနိုင်တယ်လို့ ပြောလာခဲ့တယ်။
ယောင်ရဲ့ နှလုံးသားက အရမ်းကို ရုန်းကန် ခဲ့ရတယ်။ သူက တုံရဲ့ မျိုးနွယ်မှာပဲ ကပ်နေချင်ပေမယ့် သူက ကျားမျိုးနွယ်က လူလေ။ သူ့မိဘတွေ ကလည်း ချီယန် မျိုးနွယ်စု မှာ နေရတဲ့ အဆင့်အတန်း ကလည်း မြင့်မားလေတယ်။
သူတို့က မူရင်းမျိုးနွယ်စုက ခေါင်းဆောင်နဲ့ မျိုးနွယ်စု စုန်းမဆီကနေ ထွက်လာဖို့ ဆိုတာကတော့ လုံးဝကို မလွယ်ကူပါချေ။ ချောင်ယွမ် ( QD) တို့ရဲ့ မျိုးနွယ်စုက မူရင်း ခေါင်းဆောင်ရဲ့ သားဖြစ်ခဲ့ ပေမယ့် သူတို့က အခုခေါင်းဆောင် ရှန်နဲ့ပဲ အနေနီးခဲ့တာလေ။ တကယ်လို့ ဒီအသက်ရွယ်ရောက်မှ ထွက်သွားတယ်ဆို ဒါဟာ ရှန်ကို သစ္စာဖောက်လိုက်တာနဲ့ အတူတူ ပဲလေ။
ဂျိုအန်းက အရမ်းကို ဒေါသထွက်သွားခဲ့တယ်။ ဒါကြောင့် သူက ယောင်ကို အဲ့ ၂ ရက်အတွင်းမှာ အနားတောင် အကပ်မခံတော့ပေ။ သူက လည်း တစ်ခြား သားရဲတစ်ဝက်တွေနဲ့ အတူတူ ပါပဲ။
ဒီလောက် လုံခြုံပြီး သက်တောင့် သက်သာ ရှိတဲ့ မျိုးနွယ်စု ကနေ ဘယ်သူကများ ထွက်သွား ချင်နေလို့လဲ? ?
(အဲ့အကွက်က အသုံးဝင်တယ်နော် 🤣)
ဂျိုအန်း တွေးထားတာက သူ့မိဘတွေကိုပဲ ဒီနေရာကို ခေါ်လာယုံတင် မကဘူး သူ့ညီငယ်လေးကိုပါ ဒီနေရာကို တစ်ချက်လောက် ကြည့်ဖို့ ခေါ်သွားမယ်လို့လေ။
သဘာဝ ကျကျ စဥ်းစား ကြည့်ရင် ဒီနေရာကမှ နေထိုင်ဖို့ အကောင်းဆုံး နေရာမဟုတ်လား။
ပြီးတော့ ချီဟန်ကလည်း သူ့မျိူးနွယ်ထဲကို ဝင်သမျှ လူတိုင်းကို အိမ်ဆောက် ပေးမှာက သေချာနေတာပဲကို ။ သူက ဘာလို့ သူ့မိဘနဲ့ ညီလေးကို မျိုးနွယ်စုဝင် အဖြစ် မခေါ်လာရမှာလဲ။
( အိမ်နဲ့ ငွေ သာရှိရင် လက်တွဲဖော်က အဲ့လောက် အသုံးမဝင်ဘူးရယ်😶😐😋)
'' ငါနေရလိမ့်မယ်။ ဆောင်းရာသီ ကပ်လာရင် ငါ့မိဘတွေကို ဒီနေရာမှာ နေဖို့ သွားခေါ်လာမှာလေ။ ပြန်ချင်ရင် မင်းဘာသာ မင်းပြန်လိုက်! ''
'' မင်းက ကိုယ့်ရဲ့ သားရဲမိတ်ဖက်လေ။ မင်းက ကိုယ့်ဆီကနေ ခွဲထွက်ဖို့ ဘယ်လိုတောင် ပြောရက်ရတာလဲကွာ? ?''
'' မင်း ငါ့အကြောင်းတွေးပြီး ငါ့ကို တွေ့ချင်ရင် ဒီကိုလာပေါ့။ ငါ့ကို ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်တာမှ ပဲကို။ အဲ့တာကို ဘာတွေ ဖြစ်ပျက်နေတာလဲ? ''
'' မင်း ဘယ်လိုတွေ ပြောနေရတာ လဲကွာ။ ကိုယ့်မိဘတွေ ဆီမှာလည်း ကိုယ်တစ်ယောက်ပဲ ရှိလို့ပါ။ ကိုယ်သူတို့ကို ထားခဲ့လို့ မရဘူး။ ''
'' ငါတို့ သူတို့ကို ဒီနေရာ ခေါ်လာလို့ရတယ်လေ။ ဒါ့အပြင် ဘယ်သားရဲမိဘတွေက သူတို့ သားပေါက်လေးတွေကို လုံလုံခြုံခြုံနဲ့ သက်တောင့် သက်သာ မရှိစေချင်မှာတဲ့လဲ? ''
'' မင်း နားမလည်ပါဘူး။ ခေါင်းဆောင် ရှန်က ကိုယ့်မိဘတွေကို အမြဲတမ်း လေးစားမှု ပေးခဲ့တာ။ သူတို့က မျိူးရိုးစဥ်ဆက် ချီယွမ် မျိူးနွယ်မှာ နေခဲ့တာ ပြီးတော့ ထွက်လာရုံနဲ့တင် မပြီးဘူး ''
'' တုံ က အရင်ခေါင်းဆောင် ရဲ့သားပဲလေ။ ဒါကြောင့် ခေါင်းဆောင်ရှန်က တုံ ကို မျိုးနွယ်စု တည်ခွင့်ပေးတာပေါ့။ မျိုးနွယ်စုက အတူတူ ပဲ နေရာပဲ ပြောင်းသွားတာပဲလေ။ ''
ဂျိူအန်းက ယောင်ရဲ့ မိဘတွေ ထွက်လာဖို့က အရမ်းခက်တယ်ဆိုတာကို နားလည်ပါတယ်။ ပြီးတော့ ယောင် ကို တစ်ယောက်ထဲ တစ်ကယ်ကြီးလည်း ပြန်မသွားစေချင် ပါဘူး။ ဂျိုအန်းက အသံကို နှိမ့်ကာ အထီးကျန်နေတဲ့ အမူအရာလေးနဲ့ ပြောလိုက်တယ်။
'' ငါတို့က မကြာခဏ အဲ့ကို သွားလည် လို့ရနေတာ ပဲကို ''
ထိုပြဿနာမှာ နှစ်ယောက်သားက သဘော တူညီမှု တစ်ခုတောင် မရခဲ့ ကြပေ။ ရက်အနည်းငယ် ကြာတော့ ချီဟန်က သူတို့ ကြားထဲက ခံစားချက်တွေ မှားယွင်းနေတာကို သတိထား မိသွားလေတယ်။ ပြီးတော့ ချီရှီ အန်တီကို သီးသန့်မေးပြီးတော့မှ ပဲ ဘာတွေ ဖြစ်သွားလဲ ဆိုတာကို နားလည် သွားတော့တယ်။
အဲ့နေ့ နေ့လည်ခင်း အစာစားကြတဲ့ အခါ ဟုန်ယွင်က ပျို့အန်လေတယ်။ ချီဟန်ကတော့ အရမ်းကို စိတ်ပူသွားလေတယ်။ သူတို့ မျိုးနွယ်စု ထဲမှာ အခုထိ မျိုးနွယ်စု စုန်းမ မရှိသေးဘူးလေ။ တကယ်လို့ သူဖျားရင် ကိုင်တွယ်ရတာ ခက်ခဲသွားလိမ့်မယ်။
'' ဟုန်ယွင် ၊ မင်းဘာဖြစ်တာလဲ ။ ဘာများ အစားမှားလို့လဲ? ''
ချီဟန်က စိတ်ပူစွာနဲ့ မေးလာလေတယ်။
ဟုန်ယွင်က ရှက်သွေးဖြာကာ ပြောလိုက် တယ်။
'' ငါက ဘာကိုမှ အစားမမှား ပါဘူး။ ငါက အသားကို မစားချင်ယုံပါ။ အဲ့တာက အရမ်းအော်ဂလီဆန် နေတယ် ''
'' ဒါဆို မင်း ဘာစားချင်လဲ? အသီးတွေ စားမလား? တောထဲမှာ အများကြီး ရှိတယ်။ ငါလူလွတ်ပြီးတော့ ခူးခိုင်းလိုက်မယ်''
'' တစ်ခြားသူတွေကို အနှောင့်အယှက် မပေးပါနဲ့။ လျန်က ငါ့အတွက် ခူးလာပါလိမ့်မယ်။ အဲ့အကြောင်းကို အများကြီး တွေးမနေပါနဲ့။ ''
ဟုန်ယွင်ရဲ့ မျက်နှာက နီရဲသွားကာ ချီဟန်ကို အဝေးကို ရောက်အောင် တွန်းလိုက်တယ်။
ချီဟန်က ပိုလို့တောင် စိတ်ပူသွားတယ်။ ဒီနေရာမှာ အဖျားကျဆေးတွေ ဘာတွေ မရှိဘူးလေ။ ဒါက အတော့်ကို ကြောက်စရာ ကောင်း လိမ့်မယ်။
'' မင်း ဒီရက်ပိုင်းတွေ အတွင်းမှာ ဘယ်လို ခံစားရသေးလဲ..... ''
ချီဟန် ပြောလို့ မပြီးသေးခင် အဒေါ် ချီရှီက ကပ်နေတဲ့ ချီဟန်ကို ဆွဲခွာကာ အပြုံးလေးနဲ့ ပြောလာတယ်။
'' တုံးအ လိုက်တဲ့ ကောင်လေး ။ ဟုန်ယွင် က ကိုယ်ဝန် ရှိနေတာ!''
( ရင်ထဲမှာ ပျော်နေတာ ကိုယ့်ကလေးလဲ ဟုတ်ပဲနဲ့ ငါကတော့လေ 😳)
ချွီနဲ့ တစ်ခြား သားရဲတစ်ဝက်တွေက အမြန်ပဲ ချဥ်းကပ် လာကြတယ်။
'' အဲ့ဒါကို မကြာခင် တုံးက သိခဲ့တာမလား။ ဘာလို့မင်းက မပြောပြရတာလဲ။ သာမန်အချိန်တွေ ထက်ပိုပြီး အနားယူသင့်တာကို မင်းမသိဘူးလား ''
'' ငါက ဘယ်လိုလုပ် အဲ့လောက် တစ်ကိုယ်ကောင်းဆန် လို့ရမလဲ။ ငါထင်တာက ကိုယ်ဝန်ရှိနေတဲ့ တစ်ခြား သားရဲတစ်ဝက်တွေ ဆိုလည်း အလုပ်လုပ် ကြသလား လို့ပါ။ ''
'' လူတိုင်းမှာ အဖေနဲ့ ဖေဖေ တို့ ရှိကြတာပဲ။ မင်းကျတော့မတူဘူးလေ။ ဘာလုပ်များ တုံးအပြီး အလုပ်လုပ်နေရတာလဲ? ''
ချွီနဲ့ တစ်ခြား သားရဲတစ်ဝက်တွေက ဟုန်ယွင်ရဲ့ ဗိုက်ကို မနာလိုစွာ အသာလေး ထိကြည့်ကြလေတယ်။
'' လျန် က ဝံပုလွေ သားရဲလူသားလေ။ ဟုန်ယွင် ကတော့ ကလေးတစ်ယောက်ထက် ပိုမွေးလာမှာပဲ! ''
ဟုန်ယွင်တစ်ယောက် လူတိုင်းက ဝိုင်းပျော်နေကြတော့ သူ့လည်ပင်း အထိပါ နီရဲလာတယ်။
ယောင်နဲ့ တစ်ခြား သားရဲထီးတွေ ကတော့ လျန်ရဲ့ ပုခုံးကို တစ်ချက်စီ ပုတ်ပေးကြလေတယ်။
'' ကောင်းပြီ။ ကောင်လေးရေ၊ ဒီနှစ် မိတ်ဖက် ပွဲထဲက ကောင်တွေ ကြားမှာ မင်းက ထိပ်ဆုံး ဗိုလ်ဆွဲ သွားတာပဲကွ''
လျန်က သားရဲထီးတွေ ကြားမှာ ရပ်ကာ အပြုံးကြီး ပြုံးနေမိတယ်။ သူက အရင်တုံးက ဒီလောက် အာရုံအစိုက် မခံခဲ့ရပေ။
'' မင်းရဲ့ သားပေါက်လေးတွေက ဒီလောက် နွေးထွေးပြီး လုံခြုံကာ သက်တောင့် သက်သာရှိတဲ့ အိမ်မှာ အနာဂတ်ကျရင် နေနိုင်တော့မယ်။ ဒါက သူတို့လေးတွေက အချိန်မှန်ကို ရောက်လာ ကြတာပဲ! ''
ဂျိူအန်းက သက်ပြင်းချကာ ထပ်ပြီးတော့ ရှက်သွားတဲ့ ယောင်ကို ဖြေညှင်းစွာ ကြည့်လိုက်တယ်။
ချီဟန်ကတော့ ယောကျာ်းတစ်ယောက်က ဗိုက်ကြီးနေတာကို သိလိုက်ရပြီး အခုချိန်ထိ အသိပြန်မဝင်လာသေးပေ။ မူနားနား က ပြောလိုက်တယ်။
'' ဒါဆို ဟုန်ယွင်က အနားယူသင့်တယ်။ သူက ကိုယ်ဝန်ကြီးနဲ့ကို သူက ဘယ်လိုလုပ် အလုပ်လုပ်ခိုင်းရမလဲ ကောင်းကောင်း အနားယူ သင့်တယ်။ ''
'' မဟုတ်ဘူး။ မဟုတ်ဘူး။ ငါတက်နိုင်သမျှ ကို ငါလုပ်ချင်တယ်။ ငါ အတင်းတွန်းအားပေးပြီး မလုပ်ပါဘူး။ ဒါက ငါတို့ရဲ့ မျိုးနွယ် ပြီးတော့ ငါတို့ရဲ့ အိမ်ပဲလေ။ ငါဘာမှ မလုပ်ရတာမျိုးတော့ လက်မခံနိုင်ဘူးနော် ''
'' ဟုတ်တယ်! ဒါက ငါတို့မျိုးနွယ် ပြီးတော့ ငါတို့ အိမ်ပဲ!''
ငယ်ရွယ်တဲ့ စုံတွဲ နှစ်တွဲ ဖြစ်တဲ့ လုစုံတွဲနဲ့ ချန် စုံတွဲ တို့ကတော့ အငြင်းပွားတာ ဒါမှမဟုတ် ရန်ဖြစ်တာတွေ မရှိပေ။ သူတို့က ဆောင်းရာသီ ရောက်ရင် နှစ်ဖက်မိဘတွေကို ခေါ်ပြီးနေခိုင်းဖို့ အိမ်တွေတောင် ပြင်ပြီး သွားကြလေပြီ။ ပြီးတာနဲ့ ဆောင်းဝင်ရင် မိဘတွေကို နေဖို့ ခေါ်မယ်။ သူတို့ရဲ့ မွေးလာမယ့် သားပေါက်လေးတွေလည်း ဒီမှာပဲ နေရမယ်လို့ စီစဥ်ထားတယ်။
ဒီလောက် လုံခြုံ နွေးထွေးတဲ့ နေရာမှာလေ။ ငယ်ရွယ်တဲ့ စုံတွဲတွေက အချင်းချင်း လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ပျော်ရွှင်နေမိတယ်။ သူတို့ရဲ့ ဘဝတွေက အရင်ကထက် ပိုပြီး ကောင်းမွန်လာပြီလေ။
အိမ်တစ်လုံးက ငယ်ရွယ်တဲ့သားရဲ သားရဲ စုံတွဲတွေရဲ့ နှလုံးသားတွေကို ဝယ်ယူနိုင်သွားတယ်။
ချီဟန်က အရမ်းကို ဂုဏ်ယူနေလေတယ်။
အိမ်မှာ နေပြီးတဲ့ ဘယ်သူမဆို တဲနဲ့ ပြန်နေချင်ပါ့မလဲ? ?
တုံ က သူ့ရဲ့ သားရဲ မိတ်ဖက် အသေးလေးကို ခိုးကြည့်လိုက်တော့ သူလေးက အရမ်းတွေ ဂုဏ်ယူနေတာကို တွေ့သွားလေတယ်။
ဒါက အရမ်းချစ်ဖို့ ကောင်းတာပဲ။
ဒီတစ်ကြိမ် ဆောင်းကို ကျော်တာနဲ့ သူလည်း အရွယ်ရောက် ပြီပဲ ဖြစ်လေတယ်။ သူကတော့ အချိန်တွေကို မြန်မြန် ကျော်ချချင်နေခဲ့တယ်။ သူလည်း ကိုယ်ပိုင် သားပေါက်လေးတွေ လိုချင်နေပြီလေ။
မိုးရာသီ အဆုံးမှာတော့ လူတိုင်းက သားကောင်တွေကို စတင် စုဆောင်း ကြတော့တယ်။ ဒီတစ်ကြိမ်မှာတော့ သားကောင်တွေ အသုံးချတာက ပြောင်းလဲ သွားခဲ့ပြီ။
အခြေခံအားဖြင့် ဂျိုရှည်တွေကို မသတ်ပဲနဲ့ ခြေတစ်ချောင်းပဲ ချိူးထားတာကြောင့် သူတို့တွေ ထွက်မပြေး နိုင်ကြတော့ပေ။
ငွေကြေးကို အသုံးပြုခြင်းအကြောင်း မရှိတာကြောင့် အစာနဲ့ ဘယ်ဟာကိုမဆို လဲလှယ်လို့ရတယ် ဆိုတာ သိကြလေတယ်။ လူတိုင်းရဲ့ စိတ်မှာ မျှော်လင့်ချက်တွေနဲ့ ပြည့်ဝ နေပြီးတော့ မိုးရာသီကလည်း ရပ်စဲသွားကာ ခြောက်သွေ့ ရာသီ ရောက်လာခဲ့ ပြန်တယ်။
ပြီးသွားတဲ့ မိုးရာသီက မိုးတွင်းစတော့မယ်ဆိုတဲ့ အစပိုင်းလေးပဲ ဖြစ်လေတယ်။ ကျဆုံးတဲ့ လူတွေက အပျော်သဘောနဲ့ ဝင်ပါလာကြလေတယ်။ မျိုးနွယ်စု ထဲမှာ သူခိုးမရှိတာကြောင့် အိမ်ထဲက ပစ္စည်းတွေ လျောက်ပစ်ရင်တောင်မှ စိုးရိမ်စရာ မရှိပေ။
ဟုတ်ပါတယ်။ ချီဟန်က ဒီနေရာကို သူ့အိမ်လို့ မှတ်ယူပြီးသွားပါပြီ။ သူက ဒီအိမ်လေး ရဖို့ အလုပ်တွေ ခက်ခဲစွာ လုပ်ခဲ့ရတယ်။
အဖိုး ၊ အဖွား ၊ အဖေနဲ့ အမေ ... သားကောင်းစား နေပြီဆိုတာ မြင်ကြရဲ့လား။
သားတစ်ကယ် ကောင်းကောင်း နေရပါတယ်။
ထို မိုးဦး စဲချိန်မှာ သူတို့အတွက် လုပ်စရာတွေ အများကြီး ရှိနေဆဲ ဖြစ်လေတယ်။
မျိုးနွယ်စုကတော့ အိုးတွေအတွက် အပြေးအလွှား သွားပေမယ့် ချီဟန်ကတော့ အရည်အချင်း အတွက် အပြေးအလွှား သွားလေတယ်။ ဒီနေရာမှာ နွေရာသီ ဖြစ်ရင်တောင်မှပဲ မိုးကတော့ မကြာခဏ ရွာတက်လေတယ်။ ဒါကြောင့် သားရေအဝတ်တွေက စိုစွတ်ပြီး ချောကျိတယ်လို့ ထင်မိတာ ကြောင့် သူက ချည်ထည် အဝတ်လုပ်နိုင်မယ့် သူတွေနဲ့ အိုးလုပ်နိုင်တဲ့ သူတွေကို ရှာလိုခဲ့တယ်။ တကယ်လို့ မျိူးနွယ်စု အတွက် စုန်းမ တစ်ယောက် လောက် ပြန်ယူလာနိုင် ခဲ့ရင် အကောင်းဆုံးပေါ့လေ။
ချီဟန်က တုံကို ဆွဲကာ လူအုပ်ထဲမှာ လျော်ထည် အဝတ်တွေကို သေချာလေး လိုက်ကြည့်နေခဲ့တယ်။ ဘေးနားက အံ့သြနေတဲ့ အကြည့်တွေကို သူကတော့ လျစ်လျူရှုထားခဲ့လေတယ်။
ထိုတွေ့စုံဖလှယ်ပွဲကို သားရဲတစ်ဝက်လေးတွေ လာကြကာ အရပ်အမောင်း တူကြပေမယ့် ချီဟန်ကတော့ ထိုထဲမှာ အသားအဖွေးဆုံး ဖြစ်နေခဲ့တယ်။
ထိုကဲ့သို့ အသားဖွေးဖွေး လေးနဲ့ အနက်ရောင် မျက်ဆံတွေက တွေ့ရဖို့ အတော့်ကို ရှားပါးခဲယဥ်းလေတယ်။
ထပ်ပေါင်းပြောရရင် သူက လျောက်ပတ်ကြည့် ရတာ အရမ်းကိုစိတ်လှုပ်ရှား နေတာကြောင့် မျက်လုံးလေးတွေက အရောင်တောက်ကာ မျက်နှာပေါ်မှာလည်း အပြုံးလေး ရှိနေခဲ့တယ်။ သူ့ရဲ့ သာယာတဲ့ အမူအရာလေးနဲ့ နှုးညံလှတဲ့ မျက်နှာလေးကြောင့် ဘေးကနေ ဖြတ်သန်းသွား တဲ့လူတွေ မှန်သမျှ သူ့ကို မငေးပဲ မနေနိုင်ပါပေ။
ထို အခြေအနေကို မြင်တော့ တုံ ရဲ့ ဒေါသတွေက ထွက်လာခဲ့တယ်။ သူ့ရဲ့ သားရဲတစ်ဝက်လေးကို တစ်ခြား သားရဲထီးတွေက ဒီလိုမျိူး ကြည့်တာတွေကို လုံးဝ မကြိုက်ပါပေ။ ချီဟန်ကို ဆွဲဆောင်လိုတဲ့ အကြည့်တွေနဲ့ သားရဲထီး တစ်ယောက်က ကြည့်ရင် ဘေးနားက ဖြတ်သွားတာနဲ့ တုံ က ဒေါသထွက်နေတဲ့ အမူအရာနဲ့ စူးရဲစွာ ကြည့်ပလိုက်လေ့ ရှိတယ်။
အကြည့် တစ်ချက်နဲ့တင် တစ်ဖက်လူက မှားယွင်း နေမှန်းကို သိသွားတဲ့ အခါမှာတော့ မနာလိုတဲ့ အမူအရာနဲ့ သူ့ခေါင်းကိုသာ ငုံ့ထားလိုက် ရတော့တယ်။
.......................