(14)
နှစ်လ ကြာပြီးတော့ ဟုန်ယွင်က စောဒက တက်လာတယ်။ သူနဲ့ လျန်ရဲ့ အရပ်က မပြောင်းလဲ သွားပေမယ့် တုံ ရဲ့ အရပ်ကတော့ အရင်ကထက် ပိုပြီးတော့ ရှည်လာလို့ပဲ ဖြစ်လေတယ်။ တုံ က အခုဆို အရွယ်ရောက် သားရဲထီးရဲ့ ပုံစံကို ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ။
ချီဟန်ကလည်း ထပ်ပြီးတော့ ထွားမလာခဲ့တော့ပေ။ ဒါကြောင့် တုံ အတွက် တွန့်ဆုတ်စွာနဲ့ အဝတ် ၂ စုံကို ထပ်ပြီးတော့ ချုပ်ပေး ရပြန်တယ်။ ဒီရှည်လျား လှတဲ့ ဆောင်း အပြီးလောက် ကျရင်တော့ ချီဟန်ရဲ့ အဝတ်ချုပ် စကေးတွေက အတော်လေးကို ကောင်းမွန်နေတော့မှာပဲ။
ရှည်လျား လှတဲ့ ဆောင်းရာသီကလည်း ပြီးဆုံးချိန် ကို ရောက်ရှိလို့ လာပြီးတော့ နှင်းတွေနဲ့ ရေခဲတွေ ကလည်း စတင်ပြီး အရည်ပျော်စ ပြုလာခဲ့ ပါပြီ။ ပြီးတော့ ငှက်တွေနဲ့ သားကောင်တွေ ကလည်း တောင်ပိုင်းမှာ ဆောင်းဦး စနေပြီ ဖြစ်တာကြောင့် အနွေးဓာတ် ရမယ့် မြောက်ပိုင်းကို ပြန်လည် ပြောင်းရွေ့ လာပြီ ပဲ ဖြစ်တယ်။ ထိုထဲမှာ အကောင်ကြီးတွေ လည်း ပါလာတာ ပေါ့လေ။
ခေါင်းဆောင် က သားရဲလူသား မိသားစုတွေကို ဆင့်ခေါ်ကာ ဘယ်လိုမျိုး ကင်းလှည့်ရမယ်၊ ဘယ်လို အုပ်စုဖွဲ့အမဲလိုက်ရမယ် ဆိုတာကို ခန့်ခွဲပေးခဲ့တယ်။ သူတို့ရဲ့ သိုလှောင်ရုံထဲမှာ မိကျောင်းရဲ့ အသား တွေ ရှိသေးပေမယ့် မလုံလောက် တော့ပါချေ။ ရာသီဥတုက မကြာခင် ပိုပြီးတော့ ပူနွေး လာပြီ ဆိုပေမယ့် သိုလှောင် ခန်းထဲက ဟာတွေက နှင်းတွေ အကုန်အရည်မပျော်ခင် ကုန်တော့မှာ ပဲ ဖြစ်လေတယ်။ အမဲ ထပ်လိုက် မလား။ မဟုတ်ရင်တော့ အစားလျော့စား ရတော့မှာပဲ ဖြစ်လေတယ်။
ဆောင်းရာသီမှာ အစာကို ဝလင်စွာ လုံလောက်အောင် စားနိုင်တာ က ရှားပါးတဲ့ အတွက်ကြောင့် အားအင်တွေ မရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင် လုံလောက်အောင် စားရတာ မလို့ မျိုးနွယ်စု ထဲက သားရဲထီးတွေ အတော်များများက ကြီးထွား သန်မာ လာကြလေတယ်။
တုံ လိုမျိုး လူပျိုပေါက် သားရဲထီးလေးတွေ ရဲ့ ကြီးထွားချိန်လည်း ဖြစ်လို့ အခုနှစ်ဆောင်းမှာ သူတို့တွေရဲ့ ခွန်အားနဲ့ သန်မာမှုက သိသိသာသာ အများကြီး ပြောင်းလဲ သွားလေတယ်။
ခေါင်းဆောင် က တုံ ကို မြင်လိုက် ရတဲ့ အချိန်တုံး ကဆို အရမ်းကို တုန်လှုပ်သွားခဲ့တာ။ သူက တုံ အဖေ ကို ပြန်တွေ့ပြီ လို့တောင် ထင်သွားတာ။ အခု လက်ရှိ တုံ ရဲ့ တည်ဆောက်ပုံက အရွယ်ရောက် သားရဲထီး တစ်ယောက်နဲ့ တောင် ပုံပန်းသွင်ပြင် တူနေပြီပဲ ဖြစ်လေတယ်။ ကြီးထွား ဖွံ့ဖြိုး လာပြီးတဲ့နောက်မှာ သူ့ရဲ့ ကလေးဆန်တဲ့ မျက်နှာလေးမှာ ဇွဲလုံ့လ ရှိမှုတွေ နဲ့ ပြည့်နေပြီးတော့ သူ့ရဲ့ အရှိန်အဟုန်ကလည်း ချွန်ထက်နေခဲ့တယ်။
ခေါင်းဆောင်ရဲ့ နှလုံးခုန် နှုန်းတွေက အရမ်း ပြင်းထန်လာပြီးတော့ မျက်လုံးတွေက ကျဥ်းမြောင်း သွားလေတယ်။
ဒီလူကို ဖယ်ရှားရမယ်။
မဟုတ်လို့ ကတော့ စည်းမျဥ်းဟောင်း အတိုင်း လိုက်နာ ရလိမ့်မှာ။
အရင်ခေါင်းဆောင် ဟောင်းရဲ့ သားက မျိုးနွယ်စုရဲ့ ခေါင်းဆောင် နေရာကို မဆက်ခံ ရရင် သူ့ဘာသာသူ မျိုးနွယ်စု ထဲက ခွဲထွက်ပြီးတော့ မျိုးနွယ်စု အသစ် တည်ထောင်လို့ ရတယ်လေ။
လိန်အန်း ( တုံ အဖေ) ငါ့ကို ရက်စက်လို့ အပြစ် မတင်ပါနဲ့ကွာ ။
ချင်းယွမ် မျိုးနွယ်စုက လူဦးရေ ၃၀၀ ကျော်လေးပဲ ရှိတဲ့ အလယ်အလတ် မျိုးနွယ်စု တစ်ခုပါ။ အဲ့ထဲမှာ သားရဲလူသားအိုတွေ ၊ သားရဲလူသားကလေး တွေနဲ့ သားရဲအမ ၊ တစ်ဝက်တွေ ကို ထည့်မတွက် ထားပါဘူး။
အဲ့ထဲက လူငယ် တစ်ရာက အမဲလိုက် ရပြီးတော့ ကျန်နှစ်ရာထဲက တစ်ရာက နေ့ပိုင်း ကင်းလှည့် ရပြီးတော့ နောက်ဆုံး တစ်ရာက ညပိုင်း ကင်းလှည့်ရလေတယ်။
နေ့ပိုင်း စောင့်ရတဲ့ သူတွေက သားရဲကောင်ကြီးတွေ မျိုးနွယ်စုထဲ ဝင်မလာဖို့ ကာကွယ်ရပြီးတော့ ညပိုင်း အစောင့်တွေ ကတော့ သားရဲတွေ ခိုးပြီး မဝင်အောင် စောင့်ကြပ် ရလေတယ်။
ခေါင်းဆောင်က မသိပဲ လုပ်လိုက်တာလား ဒါမှမဟုတ် တမင်လုပ်တာပဲလား ဆိုတာတော့ ချီဟန် မသိပေ။ ဒါပေမယ့် ခေါင်းဆောင်က သူ့ရဲ့ အသုံးမကျတဲ့ သား၂ ယောက်နဲ့ စုန့် ကို တုံ ပါတဲ့ အစောင့်အဖွဲ့ထဲ ချခဲ့တယ်လေ။
တုံ ရဲ့ မျက်နှာ ကတော့ ဆောင်းရာသီ လို အေးစက်နေခဲ့လေပြီ။ သူ့စိတ်ထဲမှာ စုန့်က ချီဟန်ကို အနိုင်ကျင့် ဖို့ လုပ်ခဲ့တာက စိတ်ထဲ ရှိနေဆဲပါ။ ပြီးတော့ သူတို့နဲ့ အတူ တာဝန်ချခံ ရမှန်းလည်း သိရော သူတို့နဲ့ မပူးပေါင်းပဲ ကင်းလှည့်တဲ့ အချိန်မှာ ထိုသူတွေနဲ့ဝေးရာ မှာ နေခဲ့တယ်။
ချီဟန်က ခေါင်းဆောင် တစ်ယောက် အဲ့လို ခွဲ ခြားပေးတာ ကို ကြည့်ပြီးတော့ ပထမဆုံး အနေနဲ့ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်လာခဲ့တယ်။ သူက ဟုန်ယွင် ဆီကနေ တုံနဲ့ ခေါင်းဆောင် ကြားက ပြဿနာဟောင်းတွေ ကို သိပြီသား ဖြစ်လေတယ်။
ချီဟန်က ခေါင်းဆောင် တစ်ယောက် တုံ ကို အညှိုးထား မှာကို ကြောက်မိတယ်။ တုံ ကင်းလှည့်ရမယ့် အချိန်ရောက်တိုင်း ညအချိန် ပဲ ဖြစ်နေတာကြောင့် တုံ လုံးဝ မနားရပါချေ။ ပြီးတော့ အချိန်တိုင်းမှာ တုံ က တစ်ခြားသူတွေ ထက် ပိုကောင်းအောင် လုပ်လေတယ်။ သူက အမြဲတမ်း မျိူးနွယ်စု ထဲကို နောက်ကျမှ ပြန်ရောက်လာတာ မလို့ မိန်းမယူပြီးတာတောင် အနားမရှိနိုင်တဲ့ သားရဲထီးတစ်ကောင် ဖြစ်လာလေတယ်။ ဒါကြောင့် သူ့ရဲ့ မျက်နှာက ကျောက်တုံးလို မာတင်းနေကာ တွေ့တဲ့ လူတိုင်း ဂရုတစိုက်နဲ့ ရှောင်ရလေတယ်။ ဒါပေမယ့် ရက်အနည်းငယ် ကြာတော့ တုံ အတော်လေး ပင်ပန်းနေခဲ့ပြီ။
ချီဟန်က တုံ ကို ခေါ်ကာ မျိုးနွယ်စုထဲ ကနေသာ ထွက်သွား လိုက်ချင်တော့တယ်။ ဒါပေမယ့် တုံ က ကောင်းကောင်း သဘောတူမလား ဆိုတာ ကိုတော့ မသိပါပေ။
ဒီနေရာက သူကြီးပြင်းခဲ့တဲ့ မျိုးနွယ်စု ပဲလေ!
ထိုနေရာမှာ တစ်ခုခု မှားယွင်းနေဆဲပဲ။ အဲ့နေ့ညမှာ မျိူးနွယ်စု ထဲကို အစွယ်ရှည်ကျားကြီး က ချိုးဖောက်ဖို့ ကြိုးစားခဲ့တာကို တုံ က ရှာတွေ့ ခဲ့တာတဲ့လေ။ တုံ က အစွယ်ရှည် ကျားနဲ့တိုက်နေတုံး မျိုးနွယ်စုဆီ အချက်လှမ်းပြ ခဲ့ပေမယ့် စုန့်တို့က အဲ့နေရာကို ရောက်မလာခဲ့ပါဘူး။ ဘယ်သားရဲထီး မဆို အစွယ်ရှည်ကျားကို တစ်ကောင်ထဲ ရင်မဆိုင်နိုင်ပါပေ။
အဆုံးမှာတော့ သူတို့က သားရဲလူသားတွေလေ တကယ့် သားရဲရိုင်းတွေမှ မဟုတ်ကြပဲကိုး။ ညအချိန်မှာ ဆိုရင် သားရဲလူသားတွရဲ့ အမြင်အာရုံက တကယ့်သားရဲ တွေရဲ့ အမြင်ထက် ပိုပြီး နိမ့်ကျလေတယ်။ အစွယ်ရှည်ကျား ဆိုတာက ထိုတိုက်ကြီးရဲ့ ဘုရင်လိုပဲလေ။ ပြီးတော့ သူ့ကို ရင်ဆိုင်ပြီး စိန်ခေါ်ရဲတဲ့ သတ္တဝါ ဆိုတာ မရှိပေ။
သူ သွားလိုတဲ့ နေရာကို ပိတ်တဲ့ သူမှန်သမျှ အစွယ်ရှည် ကျားက ဒေါသထွက်ပြီး အသေသတ်မှာပါ။ သူ့ရှေ့မှာ ဘာသတ္တဝါပဲ ရှိနေပါစေ အပြတ်ဖြုတ်မယ့် သားရဲ မျိုးပါပေ။
ဆေဘာဓားလို ထက်မြိ လှတဲ့ အစွယ်ရှည် နှစ်ချောင်းက သူတို့ သားကောင် ကိုတိုက်ခိုက်တဲ့ အခါ သက်ရောက်မှု အများဆုံး ပေးနိုင်တဲ့ နေရာပဲ ဖြစ်လေတယ်။
ကျားသစ်သားရဲနဲ့ အစွယ်ရှည် ကျားသားရဲ က ကိုယ်အရွယ်အစားတောင် မျှတ နေတာ မဟုတ်ပါဘူး။ တုံ က သူ့ရဲ့ ပေါ့ပါးတဲ့ အရည်အသွေးအပေါ် ကိုပဲ အားကိုးရပြီးတော့ အစွယ်ရှည်ကျားကို အာရုံ ရှုပ်ထွေးအောင်ပဲ လုပ်နိုင်ကာ သူ့ရဲ့ လူတွေကို ပြန်ပြီး သတင်းပေးခိုင်းလိုက်တယ်။ သူတို့လည်း သတင်းပေးလိုက်ရော သားရဲငယ်လေး တွေနဲ့ သားရဲ အမတွေက အရမ်းကို ကြောက်လန့် သွားကြတယ်။
တုံ ရဲ့ တိမ်းရှောင်မှုက ကိုယ်ပေါ်မှာ ဒဏ်ရာ ရတာတွေကို တစ်ဖြေးဖြေး လျော့ချ နိုင်ပေမယ့် အစွယ်ရှည်ကျားက သွေးနံရတာနဲ့ ပိုပြီး တော့ စိတ်လှုပ်ရှားလာခဲ့တယ်လေ။
'' တုံ ရှောင်လိုက် ''
ယောင်က ကြားပြီးချင်းချင်း အမြန်ပြေးလာပြီးတော့ တုံကို ကူညီပေးခဲ့တယ်။ တုံ ရဲ့ ကိုယ်က သွေးတွေနဲ့ ဖုံးနေကာ သားရဲထီးတစ်ကောင်ထဲ အစွယ်ရှည်ကျားနဲ့ တိုက်နေတာ ကိုတွေ့တော့ သူက ဟိန်းသံပေးကာ အမြန်ပြေးသွားလေတယ်။ သူက တိုက်ပွဲ အလယ်က တုံ ကို ဆွဲထုတ်ချင်ပေမယ့် အတော်လေးကို နောက်ကျ သွားပြီပဲ ဖြစ်လေတယ်။
အစာကို တွေ့သွားတဲ့ အစွယ်ရှည်ကျားက တုံ ရဲ့ နောက်ခြေကို ကိုက်လိုက်လေတယ်။ တုံ က ရှေ့ခြေနဲ့ ကန်လိုက်ပေမယ့် အရိုးကျိုးသံ ကိုပဲ ကြားလိုက်ရလေတယ်။ ပြီးတော့ နာကျင်မှုကြောင့် အော်လိုက်တဲ့ အသံကိုရောပေါ့။
အစွယ်ရှည် ကျားက တုံ ကို ကိုက်နေတာလည်း မြင်ရော ယောင်က ပါးစပ်ကို ဟကာ အစွယ်ရှည်ကျား လည်ပင်းဆီပြေးဝင်လိုက်ပြီးတော့ ကိုက်ချလိုက်တယ်။ မသိစိတ် ကနေ အန္တရယ်ကို ခံစားမိတာကြောင့် ကျားကြီးက ကိုက်ထားတာကို လွှတ်ကာ အနောက်ကို ခုန်ပြီး ဆုတ်သွားလေတယ်။
တကယ်လို့ အစွယ်ရှည်ကျားသာ မကြောက်မရွံပဲ တုံကို ကိုက်ခဲ့ရင် အခုလောက်ဆို တုံ ရဲ့ ခြေထောက် လုံးဝ ပျက်သွားမှာပဲ ဖြစ်လေတယ်။ ဒီအချိန်မှာတော့ တစ်ခြားသားရဲထီးတွေလည်း ရောက်လာကာ ပျောက်နေတဲ့ စုန့်တို့လည်း ပေါ်လာခဲ့ကြတယ်။
ယောင်က အစွယ်ရှည်ကျားကို တစ်ခြား သားရဲထီးတွေ လက်ထဲကို လွဲပေးလိုက်ပြီးတော့ သူကတော့ လူပုံပြောင်းကာ တုံ ကို ကောက်ကိုင်ပြီးတော့ မျိုးနွယ်စု ဆီကို ပြန်လေတယ်။ အစွယ်ရှည်ကျားက သဘာဝ တရားရဲ့ ဆိုးယုတ်မှု ပြယုဂ်ပဲလေ။
ယောင်က တုံကိုပွေ့ကာ မျိူးနွယ်စုထဲက မျိုးနွယ်စုစုန်းမ ရဲ့တဲ ဆီပြေးကာ အကွာအဝေး တစ်ခု ကနေ တောင် အော်လာခဲ့လေတယ်။
'' မျိူးနွယ်စု စုန်းမ ၊ မျိုးနွယ်စု စုန်းမ ဒဏ်ရာ ရလာတဲ့သူ ရှိတယ် ကျေးဇူးပြုပြီး ကူညီပါအုံး ''
ထို တစ်ခဏ အတွင်းမှာပဲ တဲ ထဲက မီးအလင်းရောင် ထွန်းညှိလိုက်တယ်။ အသံ မကြားခင် တစ်မိနစ်ထက်ကျော်တဲ့ အချိန်တွေကို ယောင်က သတ္တိရှိစွာ စောင့်ဆိုင်း နေခဲ့တယ်။
'' အထဲကို ခေါ်လာပါ ''
ဟုန်ယွင်က လျန်ချင်း ( လျန်) ဆီကနေ သတင်းကြားရတဲ့ အချိန် သူက ချီဟန်ကို ဆွဲခေါ်ကာ မျိူးနွယ်စု စုန်းမ တဲ ဆီကို အမြန်ပြေး ခဲ့လေတယ်။
ချီဟန်က အနည်းငယ် အိပ်ချင်ပြီး ရှုပ်ထွေးနေပေမယ့် အပြင်ဘက်က လေအေးတွေနဲ့ ထိတွေ့လိုက်ရချိန်တော့ လုံးဝ ကို နိုးသွားခဲ့လေတယ်။
'' ဘာတွေ ဖြစ်နေတာလဲ ?? တုံ မှာ တစ်ခုခု ဖြစ်သွားတာလား??''
ချီဟန်ရဲ့ နှလုံးသားက အထက်အောက် အမြန်လှုပ်ရှားနေကာ တုံ ဘာမှ မဖြစ်ပါစေနဲ့လို့ စိတ်ထဲမှာ ကြိတ်ပြီး စုတောင်း နေမိတယ်။
ဟုန်ယွင်က အရေးပေါ် အခြေအနေ ဆိုတာက လွဲလို့ တစ်ခြား အကြောင်းတွေကို မသိပေ။ သူ့ရဲ့ လျန် ပြောခဲ့တာက တုံ က ဒဏ်ရာ ရပြီးတော့ ယောင်က မျိုးနွယ်စု စုန်းမဆီကို ခေါ်သွားပေးနေတာ တဲ့လေ။ ဒါကြောင့် သူက ချီဟန်ကို ဆွဲကာ ထိုနေရာကို အမြန်သွားတာပဲ တက်နိုင်လေတယ်။
ချီဟန်က စုန်းမရဲ့ တဲထဲကို ပြေးဝင်သွားချိန်မှာတော့ တုံ ရဲ့ တစ်ကိုယ်လုံး သွေးတွေ ဖုံးနေတာကို တွေ့ပြီးတော့ သူ့ရဲ့ အသက်ရှုသံတွေက လေးလံ သွားကာ သူ့စိတ်ထဲမှာ အော်ဟစ်လုနီးပါးပဲ။
'' တုံ... တုံ ထပါအုံး။ ငါပြောတာကို ကြားရလား? ငါက ချီဟန်လေ? ? ဘာတွေ ဖြစ်သွားရတာလဲ ? မင်းအဆင်မပြေဘူး မလား?? ''
တုံ ဟာ မောပန်းနေပေမယ့် ချီဟန်ရဲ့ ခေါ်သံကို ကြားနေရဆဲပါ။ သူက မျက်လုံးဖွင့်ချင်ပေမယ့် ဘယ်လောက်ပဲ ရုန်းကန်နေပါစေ မျက်လုံး မဖွင့်နိုင်ခဲ့ပေ။
အစွယ်ရှည်ကျား ရဲ့ သွားရာတွေက အတော်လေးကို နက်ရှိုင်းပြီးတော့ အထူးသဖြင့် နောက်ကျောနဲ့ ခြေထောက်မှာဆို ကောင်းတဲ့နေရာကို မရှိတော့ပေ။ စုန်းမက သူ့အတွက် ဆေးပင် အနည်းငယ်ကိုသာ သုံးပေးလေတယ်။ နက်ရှိုင်းတဲ့ ဒဏ်ရာတွေကို ဆေးမထည့်ပေးတာကြောင့် အနာတွေက ပိုကြီးလာကာ သွေးတွေလဲ ထွက်နေဆဲပဲ။
သူ့ရဲ့ခေါင်းကို ယောင်ဘက်ကို လှည့်ကာ ပြောလိုက်တယ်။
'' ဒါအကုန်ပဲ။ သူ့ကို ပြန်ခေါ်သွားပြီး စောင့်ရှောက်တော့။ တကယ်လို့ နတ်ဘုရားက သူ့ကိုပြန်ခေါ်သွားရင်လည်း ဒါက သူ့အတွက် ကောင်းချီးပဲ။ သူ့ရဲ့ ခြေထောက်က လည်း ကျိူးသွားပြီမလို့ အသုံးမဝင်တော့ဘူး ''
ထိုစကားကို ကြားတော့ ချီဟန်က စုန်းမကို ခါးသီးစွာနဲ့ ကြည့်လိုက်တယ်။
ဒီအိုကြီး အိုမက တုံရဲ့ အသက်ကို လိုချင်နေတာပဲ!
စုန်းမ ကလည်း ချီဟန်ကို အနည်းငယ် ဂုဏ်ယူမှုနဲ့ အကြောက်တရား မရှိတဲ့ ဝင့်ကြွားမှုနဲ့ ပြန်ကြည့်လိုက်တယ်။ မျိုးနွယ်စု စုန်းမရဲ့ သတ္တိရှိစွာ စိန်ခေါ်တဲ့ အကြည့်ကြောင့် သူဟာ တုံ ကို အရင်ဆုံး ပြန်ခေါ် သွားဖို့ပဲ တက်နိုင်ခဲ့လေတယ်။ ချီဟန်က မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။
'' မျိုးနွယ်စု စုန်းမ ။ တုံ က အခုချိန်ထိ သွေးတွေ ထွက်နေဆဲပဲ။ ကုသနိုင်တဲ့ ဆေးပင်တွေ ပိုပြီး တော့ ကျွန်တော့်ကို ပေးပါ ''
လူကြီး လူကောင်းတစ်ယောက် အတွက် လက်စားချေဖို့ ဆယ်နှစ်လောက် စောင့်တာက ပြဿနာ မဟုတ်ပါပေ။ အခုချိန်မှာ တုံ ရဲ့ အသက်ကို ကယ်နိုင်ဖို့က ပိုပြီးတော့ အရေးကြီးတယ်လေ။
ဒီလောက် အရိုးထိ နက်တဲ့ ဒဏ်ရာတွေကို သာမန်ဆေးပင်တွေက ကုသလို့မရမှန်း မျိုးနွယ်စု စုန်းမက သိတဲ့ အတွက်ကြောင့် ဖောဖောသီသီပဲ ပေးလိုက်တယ်။
'' ဒီသားရေ အိတ်ထဲက ဟာတွေ အကုန်ယူလိုက် ''
သူက ပြောကာ ချီဟန်ကို သားရေ အိတ်လေး ကမ်းပေးလိုက်တယ်။
'' ကျေးဇူးတင်ပါတယ် မျိုး နွယ် စု စုန်း မ''
ချီဟန်က မျက်လွှာချပြီးတော့ လှမ်းယူလိုက်တယ်။ သူက ထကာ တဲထဲက နေ အမြန်ထွက်သွားတော့တယ်။ ရွမ်တုံ ကိုတော့ သူ့သူငယ်ချင်းတွေက လိုက်ပို့ကြလေတယ်။
ချီဟန်ရဲ့ စိတ်ထဲမှာ မျိုးနွယ်စု စုန်းမရဲ့ မိသားစုနဲ့ ခေါင်းဆောင်ရဲ့ မိသားစု ကို မြေမြုပ် သဂြိုလ် ပစ်မယ်လို့ ကြိမ်းဝါးခဲ့လေတယ်။
.....
( မုဆိုး ဇနီးသည် ကို ၂၀၀၀ နဲ့ ဝယ်လို့ရပြီနော်)